အပိုင်း ၅၀
Viewers 15k

Chapter 50


ကျွန်းပေါ်တွင်.....


ခဲ့ကျင်းယန်တစ်ယောက်အစောကြီးနှိုးနေပြီး သူ့ဘေးတွင် အိပ်မောကျနေသောကလေးမလေးကိုကြည့်ရင်း အလိုလိုပြုံးမိသွားသည်။ ထို့နောက် သူ့အပေါ်ဝတ်ကုတ်နှင့် ခြုံပေးလိုက်သည်။


အစီအစဥ်ရိုက်ကူးရေးအဖွဲ့က အလွန်တရာရက်စက်ပါသည်။ သူတို့ကို ဂွမ်းစောင်အပါးလေးတစ်ထည်ပင် ပေးမခြုံ။


သူတကယ်စိတ်တိုင်းမကျပါ။ အိပ်စရာနေရာအတွက် ရွက်ဖျင်တဲလေးတစ်ခုပေးလို့ရရဲ့သားနဲ့ ဂူထဲမှာပင် အိပ်စေသည်။ ဂူကကျယ်ကျယ်ဝန်းဝန်းရှိပြီး လူအတော်များများအိပ်စက်ရန် နေရာအလုံအလောက်ရှိသော်လည်း သူကျင့်သားမရသေးပေ။


ကလေးငယ်နိုးသွားမည်စိုးသောကြောင့် ခြေကိုအသာဖွကာ ဂူထဲမှ တိုးတိုးတိတ်တိတ်ထွက်လာလိုက်ပြီး မနက်စာအတွက် ကမ်းခြေသို့ငါးသွားမျှားရန် ရိုက်ကူးရေးအဖွဲ့က ပြင်ဆင်ပေးထားသော ပစ္စည်းကိရိယာများကိုယူလိုက်သည်။


သူညံ့သောကြောင့် အချိန်တစ်နာရီနီးပါးကုန်သွားသော်လည်း စိတ်ကူးထားသလို ငါးးကြီးကြီးတစ်ကောင်မှမရပဲ ဂဏန်းအသေးလေးနှစ်ကောင် ၊ ပုစွန်အသေးလေးငါးကောင်နှင့်ခရုအချို့သာရခဲ့သည်။


မနက်စာအတွက်စိတ်ပူနေသော ခဲ့ကျင်းယန်တစ်ယောက် အကြံကောင်းတစ်ခုကိုစဥ်းစားမိသွားသည်။ 


ထိုအကြံမှာအခြားမဟုတ်။ ဝန်ထမ်းများထံမှ ဓားပြတိုက်ရန်ဖြစ်သည်။


ရိုက်ကူးရေးအဖွဲ့က သူနှင့်ဆွေ့ဆွေ့အတွက် အစားအသောက်များမပြင်ဆင်ထားပေးသော်လည်း ဝန်ထမ်းများအတွက်မူ နှစ်ရက်စာလုံလုံလောက်လောက်စားသောက်နိုင်သည့်အပြင်ပိုလျှံနေအောင် ဆန်နှင့်ဟင်းသီးဟင်းရွက်များပြင်ထားပေးသည်။


"မစ္စတာခဲ့.....ဒီလိုမလုပ်သင့်ပါဘူး...ပတ်ပတ်လည်မှာ ကင်မရာတွေကြီးပဲနော်"။ ဝန်ထမ်းက အတည်ပေါက်နှင့်သူ့ကိုဖျောင်းဖျသည်။ 


ခဲ့ကျင်းယန်က အလွယ်တကူစည်းကမ်းမလိုက်နာတတ်မှန်းသူသိသော်လည်း ယခုကဲ့သို့ ကင်မရာရှေ့တွင် ဝန်ထမ်းများထံမှ အတင်းအဓမ္မလုယူရဲလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။


ခဲ့ကျင်းယန်က ပြောမရဆိုမရ အရေထူသောလူစားမျိုးဖြစ်သည်။ ရနိုင်မည့်အစားအသောက်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် မျက်နှာထားတည်တည်နှင့် ပြောလာပြန်သည်။


"ထားပါ.....ကျွန်တော်က လူကြီးမလို့ ကိစ္စမရှိပါဘူး....မနက်စာကို ဖြစ်သလို စားလိုက်လို့လည်းရတယ်....ဒါပေမဲ့ အသက်သုံးနှစ်အရွယ်လောက်လေးပဲ ရှိသေးတဲ့ ကလေးငယ်ငယ်လေးကို ခင်ဗျားမြင်လား.....ကလေးတစ်ယောက်က မနက်စာကို အဟာရမဖြစ်တဲ့တွေ့ကရာတွေ စားနေရမယ်ဆိုရင်ရော....ခင်ဗျားဒီတိုင်းပဲ ကြည့်နေနိုင်လား"။


ဝန်ထမ်း: "......" အကြောင်းပြချက်က ကောင်းလွန်းသောကြောင့် သူလည်းမငြင်းသာတော့ပေ။


သူနှင့်ကလေးငယ် မနက်စာစားရရေးအတွက် ခဲ့ကျင်းယန် ထိုဝန်ထမ်းနှင့် ဆယ်မိနစ်ခန့်မျှ ရင်းရင်းနှီးနှီးဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံးတွင် ကျေနပ်အားရစွာဖြင့် ပြန်လာခဲ့လိုက်သည်။


ရိုက်ကူးရေးဝန်ထမ်းက ဆန်တစ်အိတ်နှင့်သံအိုးတစ်လုံးကို လာချပေးသည်။ အစားအသောက်လာပေးသော်လည်း ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ရပေဦးမည်။


အရွယ်ရောက်လာပြီး ယခုအချိန်အထိ ခဲ့ကျင်းယန် ပထမဆုံးအကြိမ် ထမင်းဟင်းချက်ရမည့်အခြေအနေဆိုက်လာသည်။ ထင်းခြောက်များကိုကောက်ပြီး အရင်ဆုံးမီးမွှေးဖို့ပြင်လိုက်သည်။ မီးမွှေးဖို့ထင်းများကိုလည်း အရန်သင့်သုံးရအောင် ဝန်ထမ်းများထံမှ သွားယူလာခြင်းဖြစ်သည်။


အိုးသေးလေးထဲ ရေသန့်ဘူးတစ်ဝက်ခန့်ကို သူလောင်းထည့်လိုက်သည်။ ထို့နောက် ဆန်လက်တစ်ဆုပ်စာထည့်သည်။ ယနေ့မနက်ကမ်းခြေတွင် သူအပင်ပန်းခံပြီးဖမ်းလာခဲ့သော ပုစွန် ၊ ဂဏန်း ၊ ခရုအကောင်သေးလေးများအားလုံးကိုလည်း ဆေးကြောကာ သန့်စင်ပြီး အိုးထဲသို့ပစ်ထည့်လိုက်သည်။ ထိုအခါ စတူးအိုးလေးသဖွယ်ဖြစ်သွားတော့သည်။


ပင်လယ်စာ ဆန်ပြုတ်လုပ်စားရန် ထင်သလောက် မခက်ခဲချေ။ 


ချက်ပြုတ်ပြီး အားလုံးပြီးစီးသောအခါ ခဲ့ကျင်းယန် ဂူဆီပြန်လာရာတွင် ယခုလေးတင်မှ နှိုးလာဟန်ရှိသော အိပ်မှုန်စုံဖွားနှင့် ကုဆွေ့ဆွေ့ကိုတွေ့လိုက်ရသည်။


အိပ်ရာမှနှိုးနှိုးလာချင်း ကလေးငယ်လေးက နီထွေးထွေးလေးဖြစ်နေသည်။ မျက်လုံးလေးများကို ပွတ်နေပြီး အသံဆာဆာလေးဖြင့်ပြောလာသည်။ "ပါပါး.....သမီးဆံပင်ကို စီးပေးပါလား"။


ဝန်ထမ်းများနှင့် ဒီနေ့ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရန်ဖြစ်လာသော ခဲ့ကျင်းယန်တစ်ယောက် ဆံပင်စီးပေးရန်ပြောလာသောဆွေ့ဆွေ့ကြောင့် ချီတုံချတုံဖြစ်နေသည်။ "ဆွေ့ဆွေ့.....ငါဆံပင်မစီးပေးတတ်ဘူး"။ ယခင်အပိုင်းနှစ်ပိုင်းရိုက်ကူး


စဥ်ကလည်း ကလေးငယ်က သူ့အားထိုသို့တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူတကယ်မကူညီနိုင်ချေ။ ဤသို့သော ဆံပင်စီးပေးသည့်အသေးအဖွဲကိစ္စများကို ရိုက်ကူးရေးအဖွဲ့ဝန်ထမ်းများကပဲ လုပ်ကိုင်ပေးရသည်မဟုတ်လား။


တကယ်တမ်းယခင်ရိုက်ကူးရေးများတွင် ခဲ့ကျင်းယန်၏ ဒေါသကိုကြောက်သောကြောင့် ဝန်ထမ်းများက သူ့အနားယောင်လို့ပင် မကပ်ရဲကြပေ။ ကလေးငယ်ကိုလည်း ခဲ့ကျင်းယန်နှင့်နှစ်ယောက်တည်းမထားပဲ မျက်စိဒေါက်ထောက်


ကြည့်ပြီး အစစအရာရာသူတို့ပဲကြည့်ကြပ်စီစဥ်သည်။ သို့သော် တဖြေးဖြေးနှင့် ကုဆွေ့ဆွေ့အပေါ် ခဲ့ကျင်းယန်၏ သဘောထားကိုသိလာကြသောကြောင့် သိပ်ပြီးအာရုံမစိုက်တော့ချေ။


ကုဆွေ့ဆွေ့က ဝမ်းနည်းပက်လက်ဖြစ်နေသော လေသံလေးဖြင့်ပြောလာသည်။ "ပါပါးဆံပင်မစီးပေးရင်....သမီးဆံပင်က ရှုပ်ပွပြီးမလှပဲနေတော့မှာပေါ့"။


အလှအပကြိုက်သော ဖက်ထုပ်လုံးလေးအတွက် တစ်နေ့လုံးလှနေဖို့က သူ(မ)၏ဦးစားပေးပင်။ ဆံပင်ပုံပျက်နေလျှင်ပင် တစ်နေကုန် သူ(မ)စိတ်အခြေအနေကောင်းနိုင်တော့မည်မဟုတ်ပေ။ 


ခဲ့ကျင်းယန်တစ်ယောက် အချိန်မရွေးငိုချတော့


မည့်ပုံပေါက်နေသော မျက်ရည်များအိုင်ထွန်းနေသည့် ကလေးငယ်၏မျက်ဝန်းများကိုကြည့်ရင်း အလိုလိုက်ပေးချင်စိတ်များ တဖွားဖွားပေါ်လာရသည်။ 


"တော်ပြီ....ရပြီ....အဲ့လိုကြည့်နေတာရပ်တော့"။


လုယွင်ကျီနှင့်ခဲ့ကျင်းယန်က ငယ်စဥ်တည်းကပင် အတူတူကြီးပြင်းလာခဲ့သောကြောင့် ထိုလူကြီးက သူ့အားနည်းချက်ကို ကောင်းကောင်းသိသည်။ ချစ်စဖွယ်ကောင်းပြီးစကားတတ်သော သုံးနှစ်အရွယ်ကလေးလေးကို သူဘာမှလုပ်နိုင်မည်မဟုတ်မှန်း လူကြီးသိသည်။ ထို့ကြောင့် ဤအစီအစဥ်ပါဝင်မရိုက်ကူးမီတွင် လုယွင်ကျီက ခဲ့ကျင်းယန်၏ ခရီးသွားဖော်အဖြစ် ဆွေ့ဆွေ့ကိုထည့်ပေးရန် တောင်းဆိုခဲ့သည်။


ဆွေ့ဆွေ့၏ဆံပင်များကို ခဲ့ကျင်းယန်တစ်ယောက် မတတ်တခေါက်နှင့် စိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်ထားကာ သေသေချာချာစည်းပေးနေမိသည်။


မိန်းကလေးတစ်ယောက်ဆံပင်စီးရန် ဤမျှလောက် ရှုပ်ထွေးခက်ခဲလိမ့်မည်ဟု ခဲ့ကျင်းယန်မထင်ထားခဲ့ပေ။ ပလတ်စတစ်ခေါင်းစီးကွင်းလေးက သူ့ကိုအတော်လေး ဇောချွေးပြန်စေသည်။ နောက်ဆုံးတွင် သူတတ်သလိုသာ စည်းပေးလိုက်သည်။


ကျွန်းပေါ်တွင်မှန်လည်းမရှိသောကြောင့် ကလေးငယ်လည်း သူ(မ)ကိုယ်သူ(မ)မမြင်နိုင်ပေ။


ခဲ့ကျင်းယန်ကထိုသို့တွေးရင်း ချောင်းအသာဟန့်ပြီးပြောလိုက်သည်။ "ဆွေ့ဆွေ့....ခေါင်းစီးပေးပြီးပြီနော်....မနက်စာသွားစားကြစို့.....ပင်လယ်စာဆန်ပြုတ်လုပ်ထားပေးတယ်"။


ဘေးတွင်ရပ်နေသော ဓာတ်ပုံဆရာက ခေါင်းမော့ပြီးကြည့်လိုက်သောအခါ မြင်လိုက်ရသော ဆွေ့ဆွေ့၏ဆံပင်ပုံစံကြောင့် လုပ်လက်စများခဏတန့်သွားသည်။


ရုပ်ရည်ချောမောသောကြောင့်သာ ပုံဆိုးပန်းဆိုးဆံပင်ပုံကြီးကို အဖတ်ဆယ်နိုင်လိုက်ခြင်းဖြစ်ပေလိမ့်မည်။ အခြားကလေးသာ ထိုဆံပင်ပုံနှင့်ဆိုလျှင် အတော်ကြည့်ရဆိုးလိုက်မည့်ဖြစ်ခြင်း။ ဆွေ့ဆွေ့ကမူ သိပ်မပြောင်းလဲသွားပဲ လှမြဲလှနေတုန်းပင်။


တစ်ဖက်တွင်....


ယနေ့ဝိုင်မြို့၏အပူချိန်၏ ၃၁.၂ ဒီဂရီစဲလ်


ဆီးယပ်စ်သို့ရောက်ရှိသွားပြီဖြစ်သည်။ အဖွဲ့လေးဖွဲ့ထဲတွင် ချန်းရီတို့သားအဖကအးမြို့တော်စာကြည့်တိုက်သို့ဦးစွာရောက်ရှိလာသူဖြစ်သည်။


 ဤနှစ်အတွင်းတွင် သူ့သားက စစ်သည်တော်ရူးရူးနေသူဖြစ်သည်။ ထို့ကြောင့် ဤဇာတ်လမ်းတွင် စစ်သည်တော်နေရာကိုရသောကြောင့် ယမန်နေ့လည်ခင်းတည်းက တိုက်ခိုက်အနိုင်ရလိုစိတ်များဖြင့်ပြည့်နေသည်။


မကောင်းဆိုးဝါးနဂါးကြီး၏လက်မှဘုရင်ကြီး


နှင့်မင်းသမီးလေးကိုပထမဆုံးကယ်တင်ပြီး သူရဲကောင်းဘွဲ့တံဆိပ်ကိုအရယူရမည်။


ရိုက်ကူးရေးအဖွဲ့မှပေးလိုက်သောကတ်တစ်ကတ်ချင်းစီ၏နောက်ကွယ်တွင် လုပ်ဆောင်


ရမည့်တာဝန်တစ်သီတစ်တန်းကြီးရှိသည်။ ထိုတာဝန်များကိုပြီးစီးအောင်ဆောင်ရွက်ပြီး သဲလွန်စများအတိုင်းလိုက်လာလျှင် နောက်ဆုံးဤမြို့တော်စာကြည့်တိုက်သို့ရောက်လာမည်ဖြစ်သည်။


မြို့တော်စာကြည့်တိုက်ထဲတွင် အတိတ်နိမိတ်ပြစုန်းမပေးထားသောအချက်အလက်ရှိသည်ဟုဆိုသည်။ ထိုအချက်အလက်ထဲတွင် ဘုရင်ကြီး


နှင့်မင်းသမီးလေးတို့အဖမ်းခံထားရသောတည်နေရာကိုသိရှိနိုင်သည်။


 ငါးနှစ်သားအရွယ် ချန်ချင်းယန်က ဘုရင်ကြီး


နှင့်မင်းသမီးလေးကိုပထမဦးစွာကယ်တင်နိုင်ရန် အလွန်စိတ်အားထက်သန်နေသည်။ မနက်မိုးမလင်းမီတွင် အိပ်ရာမှထနှင့်နေပြီဖြစ်သည်။


ကလေးလေးယောက်လုံးက လူကြီးများထက်ပင် ကိုယ်စီကိုယ်စီတက်ကြွထက်သန်နေကြသည်။ ဤဇာတ်လမ်းက သူတို့အပျော်ရွှင်ဆုံးနှင့်စိတ်အလှုပ်ရှားဆုံးအပိုင်းဖြစ်ပေလိမ့်မည်။


အောင်မြင်မှုရရန်လက်တစ်ကမ်းအလိုတွင်သာလိုတော့သောကြောင့် ချန်ချင်းယန်က စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "စုန်းမကြီး....သားတို့က ဒီကိုသတိပေးချက်ယူဖို့ရောက်လာတာပါ"။


"ငါမင်းတို့ကိုပေးချင်တဲ့အသိပေးချက်က ဒီစာအုပ်စင်အတန်းထဲမှာရှိတယ်"။ ဝတ်ရုံအနက်လွှမ်းခြုံထားသောရိုက်ကူးရေးဝန်ထမ်းက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြန်ပြောလာသည်။


ထို့နောက် ချန်းရီတို့သားအဖနှစ်ယောက် သူတို့ဘေးရှိစာအုပ်စင်ကို လှမ်းကြည့်မိသောအခါ နေရာတွင်ပင်တောင့်ခဲသွားရသည်။


မြို့တော်ဝိုင်၏စာကြည့်တိုက်က စာအုပ်ပေါင်းငါးသန်းထက်မကစုဆောင်းထားသော အထပ်ပေါင်းငါးထပ်ရှိသည်။ ထို့အပြင် အထပ်တစ်ထပ်ချင်းစီက စာအုပ်ပေါင်းတစ်သန်းကျော်ရှိသည်။ ဤစာအုပ်စင်အတန်းတစ်တန်းတွင်ပင် စာအုပ်ပေါင်းထောင်နှင့်ချီပြီးရှိနိုင်သည်။


ခဲ့ကျင်းယန်၏ဘဝတစ်လျှောက်လုံးတွင် ပထမဆုံးအကြိမ်အဖြစ်ချက်ပြုတ်ဖူးသော ပင်လယ်စာဆန်ပြုတ်က အတော်လေးအထင်ကြီးစရာကောင်းသည်။


ကုဆွေ့ဆွေ့က အစားအသောက်နှင့်ပတ်သတ်လျှင်အမြဲတမ်းတလေးတစားရှိတတ်သူဖြစ်သည်။ ဆန်ပြုတ်ကိုမြည်းကြည့်လိုက်သောအခါ သူ(မ)ရှေ့တွင်ရှိနေသောသူက ဟင်းချက်တတ်လား မချက်တတ်လား ဇဝေဇဝါဖြစ်လာမိသည်။


ခဲ့ကျင်းယန်က ကလေးငယ်လက်ထဲရှိပင်လယ်စာဆန်ပြုတ်ကို မှုတ်ပေးလိုက်ပြီးနောက် တစ်ဇွန်းခွံ့ကျွေးကာ မျှော်လင့်တကြီးနှင့်မေးလိုက်သည်။ "ဆွေ့ဆွေ့....ဆန်ပြုတ်က အရသာဘယ်လိုနေလဲ"။


ဆွေ့ဆွေ့က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး လျှာထုတ်ပြကာ အသံချွဲချွဲလေးဖြင့်ပြောလိုက်သည်။ "ပါပါးခဲ့....ပါပါးရဲ့ဆန်ပြုတ်ကြီးက သိပ်ပြီးအရသာမရှိဘူး"။


ခဲ့ကျင်းယန်ကိုယ်တိုင်မြည်းကြည့်လိုက်သောအခါ ဆွေ့ဆွေ့ပြောသည့်အတိုင်းပင်ဖြစ်သည်။ သူဆားထည့်ဖို့မေ့ခဲ့တာဖြစ်ရမည်။


"ရပါတယ်.....တစ်ခုခုအဆင်မပြေရင်အားမနာပဲပြောချလိုက်....ဆန်ပြုတ်ချက်တာ မတော်တဆလေးဖြစ်သွားတယ်နဲ့တူတယ်....ဆားထပ်ထည့်လိုက်ရင် အရသာရှိသွားမှာပါ"။


ဆွေ့ဆွေ့ကိုထိုသို့ပြောပြီးနောက် တစ်ဖက်သို့


လှည့်ကာ ဘေးတွင်ရှိနေသောဓာတ်ပုံဆရာကိုကြည့်ပြီး နှုတ်ခမ်းတစ်ချက်သပ်ရင်းပြုံးပြုံးလေးဖြင့်ပြောလိုက်သည်။ "အစ်ကိုရေ....ကျွန်တော့်ကို ဆားလေးနည်းနည်းလေးဌားပေးပါလားဗျ"။


ဝန်ထမ်းကခေါင်းယမ်းကာ ရိုက်ကူးရေးလုပ်နေသည်ကိုသတိပေးရန် သူ့လက်ထဲရှိကင်မရာကို လက်ညှိုးထိုးပြသည်။ 


"ဆရာသမားရေ....ကျွန်တော်တို့ကို အနေရခက်အောင်မလုပ်ပါနဲ့ဗျာ"။ အခြားဝန်ထမ်းတစ်ဦးက သနားစဖွယ်ပြောလာသည်။


မူလအစီအစဥ်အရဆိုလျှင် ဆန်ပြုတ်ချက်ရန်ဆန်နှင့်အိုးကိုပင် အသုံးပြုရန်ခွင့်မပြုနိုင်ချေ။


ဝန်ထမ်းဦးလေးများလက်ထဲတွင် သူ(မ)တို့၏ပေါ့ရွှတ်နေသောဆန်ပြုတ်ကို အရသာပိုကောင်းလာစေနိုင်သည့် ဆားရှိသည်ကိုကြားသောအခါ သူ(မ)၏ခြေတံတိုလေးများဖြင့်လျှောက်လာပြီး ဝန်ထမ်း၏အင်္ကျီစကိုဆွဲကာ အသံချွဲချွဲလေးဖြင့်ပြောလိုက်သည်။ "ဦးဦးရယ်....သမီးတို့ကိုဆားနည်းနည်းလေးပေးပါနော်"။


နောက်ဆုံးတွင် ကုဆွေ့ဆွေ့၏ချွဲ့နွှဲ့မှုကြောင့် ဝန်ထမ်းများလည်း မခံနိုင်တော့ပဲလက်လျှော့အရှုံးပေးလိုက်ရတော့သည်။


ဆားတင်မကပဲ အနှစ်လုပ်ရန်အတွက် ကြက်သွန်နီ ၊ ကြက်သွန်ဖြူနှင့်ဂျင်းတို့ကိုပါ အစစ်ပေးလိုက်ရသည်။


ထိုလူငယ်နှစ်ယောက်တပျော်တပါးနှင့်ပင်လယ်စာဆန်ပြုတ်သောက်နေကြသည်ကို မြင်သောအခါ ဝန်ထမ်းများအားလုံးလည်း ဒါရိုက်တာရီကျောက်က ဘာကြောင့်ထိုနှစ်ယောက်ကို စိတ်အေးလက်အေးနှင့်ကျွန်းပေါ်တွင်ထားနိုင်သလဲဆိုတာကို သိသွားရတော့သည်။ တစ်ကယ်တမ်းတွင်စိတ်ပူရမည့်သူမှာထိုနှစ်ယောက်မဟုတ်ပဲ သူတို့ဝန်ထမ်းများသာဖြစ်သည်။


ထိုကလေးနှစ်ယောက် ဘုရင်ကြီးနှင့်မင်းသမီးလေးမဟုတ်။ မကောင်းဆိုးဝါးနဂါးများသာဖြစ်သည်။


ကြာလျှင်သူတို့ဝန်ထမ်းအားလုံး ထိုနှစ်ယောက်ကိုသည်းခံနိုင်တော့မည်မဟုတ်ပေ။


Xxxxxxxx