အပိုင်း (၁၀၇)
Viewers 31k

Part 107 


ယွမ်ရှက သူနှင့် ပရောပရည်လုပ်ရန်အတွက် ထိုစကားကို ပြောလိုက်ခြင်းမဟုတ်ပဲ အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ အခြားလူများထက်စာလျှင် သူမက စုန့်ထင်ရှန်းကို အသက်ရှည်ရှည်နေရရန် မျှော်လင့်မိသည်။ ထိုသို့မဟုတ်ပါက ဤနေရာသို့ နေရာကူးပြောင်းလာပြီးနောက်ပိုင်းဆွင် သူ့ကိုဘေးအန္တရာယ်မှလွတ်အောင် အပူတပြင်း ကူညီပေးခဲ့မည်မဟုတ်ပေ။


ခွေးကြောင်များဆိုလျှင်ပင် အချိန်အတိုင်းအတာတစ်ခုထိ တူတူနေထိုင်ပြီးပါက သံယောဇဉ်တွယ်သွားတတ်သည်မှာ သဘာဝပင်ဖြစ်သည့်အတွက် လူသားအချင်းချင်းဆိုပါက ပြောနေစရာပင် မလိုပေ။ ယခုအခါ သူမက စုန့်ထင်းရှန်နှင့် တစ်မိုးအောက်တွင် တူတူနေနေရသည်မှာ ကြာပြီဖြစ်၍ သူ့ကိုအသက်ကြီးသည်အထိ ပျော်ပျော်ရွှင်ရွှင်နေစေလိုသည်။


စုန့်ထင်းရှန်က သူမစကားလုံးများ၏ အဓိပ္ပါယ်ကို အထင်လွဲသွားသည်မှာ ထင်ရှားလှသည်။ ထိုစကားများကြားပြီးနောက် သူခဏတာ အေးခဲ့တောင့်တင်းသွားသည့်ပုံပင်။ ထို့နောက် ခေါင်းငြိမ့်ပြပြီး ခေါက်ဆွဲများသာစားနေသည်။


" တော်တော် အရသာရှိတာပဲ ..."

စုန့်ထင်းရှန်က ချီးကျူးရန် မတွန့်ဆုတ်နေခဲ့ပေ။


" အရသာက ကိုယ်ချက်တာထက်ပိုကောင်းတယ် ..."


ယွမ်ရှက သူ၏ချီးကျူးမှုကြောင့် ပျော်သွားမိသည်အထိ သူကယဉ်ကျေးနေသည်ဟု ယွမ်ရှ သံသယဝင်မိနေသည်။

" ချက်ရတာ အရမ်းမခက်ပါဘူး ... ကြက်ဥကို မကျက်တကျက် အနေအထားလောက်ပြုတ်ပြီး ခေါက်ဆွဲထဲကို အသားပြားထည့်လိုက်ရင်စားရတာ အဆင်ပြေတဲ့ အရသာထွက်ပါတယ် ..."


နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၍ စုန့်ထင်ရှန်းက သူ့အမေ၏ အသက်ရှည်ခေါက်ဆွဲအရသာကို မမှတ်မိနိုင်တော့ပေ။ ယခင် ဓာတ်ပုံအဟောင်းများသာမရှိပါက ခေါက်ဆွဲက မည်သည့်ပုံစံဖြစ်သည်ကိုပင် သူမေ့သွားနိုင်သည်။ ကလေးဘဝက မှတ်ဉာဏ်များက သူ့စိတ်ထဲတွင် ဝိုးတဝါးဖြစ်လာပြီဖြစ်သည်။  ခေါက်ဆွဲများက သူလုပ်သည်ထက် ပို၍စားကောင်းသည်ဟု သူမကိုမြှောက်ပင့်ပြီး ပြောခဲ့ခြင်းမဟုတ်ပေ။ 

အရသာကွာခြားသွားရတာ တစ်စုံတစ်ယောက်က သူ့အတွက်လုပ်ပေးလို့များလား ... ခေါက်ဆွဲထဲမှာ သူမရဲ့ စိတ်ရင်းစေတနာတွေပါလို့ ဖြစ်နိုင်တယ် ...


ယနေ့ သူမက သူ့အတွက် ကိတ်မုန့်ဖုတ်ပေးခဲ့သည့်အပြင် အသက်ရှည်ခေါက်ဆွဲကိုလည်း ချက်ပေးခဲ့သည်။ ယွမ်ရှက အနာဂတ်တွင် အခြေအနေကို မည်သို့သော အခြေအနေကို တွန်းပို့သည်ဖြစ်စေ၊ ၎င်းတို့က အလွန်အကျူးဖြစ်နေသည်ဖြစ်စေ သူသဘောတူကြည်ဖြူမိတော့မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ တောင်းဆိုချက်များကို သဘောတူသည်မှလွဲ၍ မည်သည့်အရာက သူမကို ပျော်ရွှင်အောင် လုပ်‌ပေးနိုင်မည်ကို သူ မသိသောကြောင့်ပင်။


သူ ခေါက်ဆွဲစားပြီးသည့်အခါ ညဆယ့်တစ်နာရီထိုးနေပြီဖြစ်သည်။


ယွမ်ရှ မတ်တပ်ထကာပြောလိုက်သည်။

" ခေါက်ဆွဲစားပြီးရင် ညဉ့်နက်အောင် မနေနဲ့ဦး ... ကျွန်မလည်း အိပ်ရာဝင်ပြီ ..."


" အင်း ကိုယ်သိပြီ ..."

စုန့်ထင်ရှန်း အနည်းငယ်တွန့်ဆုတ်နေမိသည်။ သူမ လှေကားပေါ်သို့တက်မည့်အချိန်တွင် သူက ယွမ်ရှကို လှမ်းခေါ်လိုက်သည်။


" ယွမ်ရှ ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ..."


ယွမ်ရှက လက်ခံခြင်း ငြင်းဆိုခြင်းမရှိပဲ ပြုံးပြလိုက်သည်။

" ရပါတယ်ရှင် ...


သူတို့နှစ်ယောက်က တစ်ဦးကိုတစ်ဦး ယဉ်ကျေးစွာ ဆက်ဆံနေကြသည်။ သူတို့ကြားတွင် ပဋိပက္ခ၊ သဘောမတူမှု ၊ စကားအချေအတင်များခြင်းတို့ မရှိခဲ့ပေ။ သူတို့က တစ်မိုးအောက်တည်းတွင် နေနေရသည့်အတွက် ကောင်းသောဘက်ခြမ်းများကိုသာ တစ်ယောက်နှင့်တစ်ယောက်ပြသနေကြသည်။ နောက်ဆုံးတွင် သူတို့က ဝမ်လေးအတွက် နွေးထွေးပျော်ရွှင်စရာကောင်းသည့် မိသားစုတစ်ခုဖြစ်လာစေရန် ကြိုးစားနေသော ရည်ရွယ်ချက်ချင်း တူညီနေကြသည်ပင်။


ယွမ်ရှ သူမအခန်းထဲ ပြန်ဝင်လာပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော ဝမ်လေးကိုကြည့်လိုက်သည်။ သူ့နားကိုကပ်သွားပြီး ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။

" ကောင်းသောညပါ မာမားရဲ့အသဲလေး ..."


တစ်ချိန်တည်းမှာပင် သူ့အခန်းသို့ပြန်ရောက်လာသော စုန့်ထင်ရှန်းမှာ အိပ်မပျော်နိုင်ပေ။ သူ့ဖုန်းထုတ်ပြီးwecahtထဲ ဝင်လိုက်သည်။ခဏတာ လေးလေးနက်နက်စဉ်းစားနေပြီးနောက် ဖုန်းထဲမှ ဝမ်လေးမာမား ဟူသောနာမည်ကို အကြာကြီးစိုက်ကြည့်နေမိသည်။ ထိုစကားလုံးများကကြည့်ကာ သူရယ်နေမိသည်။


သူဘာတွေ လုပ်နေပါလိမ့် ...


သူမက အရင်တည်းက ဝမ်လေးရဲ့ အမေပဲလေ ...