အပိုင်း ၅၂
Viewers 15k

Chapter 52


ကုဆွေ့ဆွေ့ကို ကျွန်းပေါ်မှသူကိုယ်တိုင်ကယ်မထုတ်လာနိုင်သောကြောင့် လင်းတုံတုံအချိန်အကြာကြီး ဝမ်းနည်းနေခဲ့သည်။


"ညီမလေးရေ.....တောင်းပန်ပါတယ်နော်....ကိုကိုက ညီမလေးကိုမကောင်းဆိုးဝါးနဂါးလက်ထဲကနေ အရင်ဆုံးလာကယ်ခဲ့တဲ့သူမဟုတ်တဲ့အတွက် တောင်းပန်ပါတယ်"။ လင်းတုံတုံတစ်ယောက် ရိုက်ကူးရေးအဖွဲ့ကဖန်တီးထားသောဇာတ်လမ်းထဲတွင် စျာန်ဝင်နေဆဲဖြစ်သည်။ ဆွေ့ဆွေ့ကို မျက်ရည်အဝိုင်းသားနှင့်ကြည့်ရင်း တောင်းပန်စကားဆိုနေသည်။


ကုဆွေ့ဆွေ့ကမူ နားမလည်ဟန်နှင့်ကြောင်တောင်တောင်လေးဖြစ်နေသည်။


နဂါးလား? ဘယ်ကနဂါးလဲ?


ကြောင်တောင်တောင်ဖြစ်နေသော ကလေးနှစ်ယောက်ကိုကြည့်ရင်း ခဲ့ကျင်းယန် မတွေးတတ်တော့အောင် ရယ်ချင်လာမိသည်။ ခဲ့ကျင်းယန်က မီးလောင်ရာလေပင့်ဆိုသလို ထိုကလေးများကို မနေနိုင်မထိုင်နိုင်ထပ်စလိုက်ပြန်သည်။ "တုံတုံရေ.....မက်းညီမလေးကလေ...မင်းသူ့ကို အရင်လာမကယ်လို့ဆိုပြီး အကြာကြီးဝမ်းနည်းနေခဲ့တာ"။


ထိုစကားကိုကြားလိုက်သောအခါ လင်းတုံတုံက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း တစ်ခဏမျှတောင့်ခဲသွားပြီး ရှိုက်ကာငိုချလာတော့သည်။ "ညီမလေးဝမ်းမနည်းနဲ့တော့နော်....နောက်တစ်ခါကျရင် ပိုပြီးကြိုးစားပါ့မယ်....အစ်ကိုရွှီယွဲ့ထက် ပိုမြန်စေရမယ်"။


ရိုက်ကူးရေးဝန်ထမ်းများလည်း ခဲ့ကျင်းယန်၏ ထူးဆန်းသောအပြုအမူကြောင့် အံ့အားသင့်နေကြသည်။ အကျော်အမော်အနုပညာကြယ်ပွင့်ခဲ့ကျင်းယန်က ကလေးများနှင့် စနောက်ရင်းပျော်ရွှင်နေသည်တဲ့လေ။ တကယ့်ကို အရွယ်မရောက်သေးသောကလေးကြီးတစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။


သားဖြစ်သူလင်းတုံတုံငိုနေသည်ကို မြင်သော်လည်း လင်းယိုကအရေးတယူမလုပ်ချေ။ သားယောကျာ်းလေးတစ်ယောက်ကို အကြမ်းပတမ်းခံအောင်ပြုစုပျိုးထောင်ရမည်ဟုပင် သူခံယူထားသည်။ အသေးအဖွဲကိစ္စလေးများအပေါ် ငိုယိုနေသည်ကို သူအထူးတလှယ်လိုက်မချော့နေတော့ပေ။


လင်းယိုက ခဲ့ကျင်းယန်အား သူ့သား၏ရှက်စရာအခြေအနေများကိုပင် ဖောက်သည်ချပြီးပြောပြနေသေးသည်။


"မင်းသိလား....တုံတုံကလေ သွားတိုက်တဲ့အခါ သူ့အမေဝယ်လာပေးတဲ့ သွားတိုက်ဆေးရဲ့အရသာကိုမကြိုက်လို့....သူပန်းခြံမှာတုန်းက ဝယ်လာတဲ့ ပူစီဖောင်းအမြှုပ်ရည်တွေနဲ့ သွားတိုက်တာ....အမြှုပ်တွေက ပိုပိုပြီးထလာတော့ တုံတုံက ငါးတစ်ကောင်နဲ့တူလာတယ်...ဟားဟား"။


လင်းယိုပြောသောစကားကြောင့် ခဲ့ကျင်းယန်ပင် ထိုသားအဖ၏အလွဲများကို မျက်စိထဲတွင် ကွင်းကွက်းကွက်ကွက်မြင်ယောင်လာရသည်။


ဤရက်ပိုင်းများအတွင်း ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ ရိုက်ကူးရေးအတူလုပ်ရသောကြောင့် တစ်ခန်းတည်းတွင်အတူတူအိပ်ကြရသည်။ ထိုကလေးမလေးလည်း အိပ်မောကျနေချိန်တွင် သူ(မ)၏ပါးစပ်မှ တစ်ခါတစ်ရံ ချစ်စဖွယ်ပူဖောင်းလေးများထွက်လာတတ်သည်။ 


ထိုအခိုက်တွင် ပူဖောင်းလေးများကို သူ့လက်ဖြင့် ဖောက်ပစ်ချင်မိသည်။


အကျင့်စရိုက် ၊ အမူအကျင့်အကုန်တူသော ကုဆွေ့ဆွေ့နှင့်လင်းတုံတုံက သူငယ်ချင်းဖြစ်လာကြသည်မှာ မထူးဆန်းလှပေ။


"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ကိုစတင်ထုတ်လွှင့်ပြီးပြီးချင်းမှာပင် ရေပန်းအစားဆုံးရှာဖွေမှုနေရာတွင် ထိပ်ဆုံးရောက်သွားတော့သည်။


ယမန်နေ့ ဇွန်လတစ်ရက်နေ့ ကလေးများအတွက် အထူးပွဲတော်တွင် ပရိသတ်များက ကလေးများအတွက် ပျော်ရွှင်စရာများစီစဥ်ပေးပြီး ဆုမွန်ကောင်းတောင်းပေးကြသည်။


နွေးထွေးဖွယ်အငွေ့အသက်များနှင့် ခဲ့ကျင်းယန်တို့သားအဖကိုပရိသတ်များက အလွန်ချစ်ခင်ကြပြီး ပုံစံတူကာတွန်းရုပ်ပြများပင်ဆွဲပေးထားသည်။


ရုပ်ပြကာတွန်း၏ ပထမအခန်းတွင် ကလေးများနေ့အတွက်ပျော်ပွဲရွှင်ပွဲကျင်းပရန် ကစားကွင်းသို့သွားနေကြသော လူကြီးတစ်ယောက်နှင့်ကလေးတစ်ယောက်တို့ကို ပုံဖော်ထားသည်။ ရုပ်ပြကတိုသော်လည်း အကြောင်းအရာများက ဖတ်ရလွယ်ကူပြီး စိတ်ဝင်စားစရာကောင်းသော


ကြောင့် ချက်ချင်းရှာဖွေမှုအများဆုံးထိပ်တန်းစာရင်းသို့ရောက်သွားခဲ့သည်။


ရိုက်ကူးရေးများခေတ္တခဏရပ်နားထားသော လုချီလည်း အွန်လိုင်းပေါ်တွင်ရေပန်းစားနေသောအကြောင်းအရာများထဲတွင် ခဲ့ကျင်းယန်နာမည်ကိုတွေ့မိလိုက်သည်။


ဝေဘိုတစ်ခုလုံးကလည်း ခဲ့ကျင်းယန်အကြောင်းများနှင့်သာပြည့်နေသည်။ သူ့အားစနိုးစနောင့်ဖြစ်စေသည့် အဓိကအချက်မှာ နေရာတိုင်းလိုလို သူနှင့်မသိမသာလိုက်ပြိုင်နေတတ်သော ပြိုင်ဖက်က ဤကဲ့သို့နာမည်ကြီးနေသည်ကိုပင်။


ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်က အဘယ်ကြောင့်အတူရှိနေကြသနည်း။


သူစဥ်းစားနေရင်း ရုတ်တရက်မှတ်မိသွားသည်။ ခဲ့ကျင်းယန်က ကလေးငယ်နှင့်အတူတူ ရသစုံရှိုးတစ်ခုကို ရိုက်ကူးခဲ့ပုံရသည်။ ထိုရသစုံရှိုးက "ကလေးနှင့်ခရီးသွားခြင်း" အစီအစဥ်ဖြစ်သည်ကိုလည်း သူတစ်ဆက်တည်းအမှတ်ရသွားသည်။


လွန်ခဲ့သောအပတ်က ကုမ္ပဏီတွင် ခဲ့ကျင်းယန်၏ကိုယ်စားလှယ်နှင့်သူတွေ့ခဲ့ရာ ကြုံကြိုက်တုန်း အခြေအနေများကိုစုံစမ်းမေးမြန်းခဲ့သေးသည်။ ဤရက်ပိုင်းအတွင်း ဇာတ်လမ်းတွဲအသစ်ရိုက်ကူးရန်ပြင်ဆင်ရင်းအလုပ်ရှုပ်နေသော


ကြောင့် ဖုန်းသုံးရန်ပင်သူ့တွင်အချိန်မရှိ။ ကလေးငယ်အား လက်ဆောင်ပစ္စည်းပို့ပေးချင်သည့်စိတ်ကိုပင် အောင့်အီးကာရွှေ့ဆိုင်းထားရသည်။


"ခဲ့ကျင်းယန်ကို အဲဒီကလေးငယ်နဲ့ခရီးသွားခြင်းရသစုံရှိုးမှာပါခိုင်းဖို့ လုယွင်ကျီရဲ့ဆုံးဖြတ်ချက်က မှန်သွားတယ်နဲ့တူတယ်.....အဲဒီလုယွင်ကျီက ငါထက်တောင် အမြော်အမြင်ကြီးသေးတယ်"။ လုချီ၏ကိုယ်စားလှယ်ရှန်လင်းယန်က ဝေဘိုကိုကြည့်နေရင်းပြောလာသည်။ သတင်းများကို


ကြည့်ပြီး သူလည်းသက်ပြင်းချရုံသာတတ်နိုင်သည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏ ရိုက်ကူးရေးအဖွဲ့က အစပိုင်းတွင် လုချီကိုပါဝင်ရန် ကမ်းလှမ်းခဲ့သည်။ သို့သော် ရှန်လင်းယန်အနေနှင့် ထိုအစီအစဥ်က မိဘနှင့်ကလေးရသစုံရှိုးပုံစံမျိုးဖြစ်သောကြောင့် အင်ပါယာရုပ်ရှင်အကယ်ဒမီကျောင်းကြီး၏ ဂျူနီယာကျောင်းသားတစ်ယောက်ဖြစ်သည့် လုချီအတွက် မသင့်တော်နိုင်ဟု သူတွေးခဲ့သည်။ ပရိသတ်များမကြိုက်မည်စိုးသောကြောင့် ထိုကမ်းလှမ်းချက်ကိုသူငြင်းပယ်ခဲ့သည်။


"ကလေးငယ်နှင့်အတူခရီးသွားခြင်း" ရသစုံရှိုးက ထိပ်တန်းအဆင့်ရသစုံရှိုးအဖြစ်သတ်မှတ်ခံရသည်အထိ နာမည်ကြီးသွားလိမ့်မည်ဟု မည်သူတစ်ဦးတစ်ယောက်မှ မထင်ထားခဲ့ပေ။ အထူးသဖြင့် သားအဖအဖြစ်သရုပ်ဆောင်ကြသော ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က ဆိုရှယ်မီဒီယာပေါ်တွင် စနက်တံဖြုတ်လိုက်သကဲ့သို့ တစ်ဟုန်ထိုးအောင်မြင်သွားပြီး လူပြောအများဆုံးအနုပညာရှင်များဖြစ်လာကြသည်။


လွန်ခဲ့သောနှစ်နှစ်လုံးလုံး လုချီက အင်ပါယာရုပ်ရှင်အကယ်ဒမီကျောင်းတွင် ပညာသင်ကြားနေခဲ့သောကြောင့် ခဲ့ကျင်းယန်ကသူ့ကို တဖြေးဖြေးကျော်တက်သွားခြင်းဖြစ်သည်။ ခဲ့ကျင်းယန်၏စရိုက်က ဒေါသကြီးပြီးဆိုးသွမ်းကာ သူ့ပရိသတ်မှာ လုချီလောက်မများသော်လည်း ယခုမူ ထိုအခြေအနေများက အရေးမပါတော့ပေ။ လက်ရှိရိုက်ကူးနေသော ရသစုံရှိုးကို အမှီပြု၍ အခြေအနေကို လှလှပပလေး ပြောင်းပြန်လှန်သွားခြင်းဖြစ်သည်။


အနာဂတ်တွင် ခဲ့ကျင်းယန်၏ အခွင့်အလမ်းများကို အကန့်အသတ်ရှိတော့မည်မဟုတ်သည်ကို ကြိုတင်မှန်းဆလို့ရသည်။


ထိုအကြောင်းစဥ်းစားရင်း ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းကြည့်နေသောလုချီအား သူလှမ်းကြည့်လိုက်မိသည်။ "လုချီ....မင်းလည်းသိပ်ပြီးစိုးရိမ်မနေပါနဲ့....သြဂုတ်လမှာ ဒါရိုက်တာချန်းရိုက်ထားတဲ့ တိမ်မြှုပ်နေသော ရုပ်ရှင်ကားကြီးထွက်လာတာနဲ့ မင်းလည်းနာမည်ပြန်တက်လာမှာပါ"။


ရသစုံရှိုးတွင်ကုဆွေ့ဆွေ့ကနာမည်ကြီးသလို လုချီနှင့်လည်း တိမ်မြှုပ်နေသောရုပ်ရှင်ကားကြီးတွင် မောင်နှမအဖြစ်အတူတွဲဖက်ရိုက်ကူးခဲ့သောကြောင့် ထိုကလေးမလေး၏ အနုပညာလမ်းကြောင်းက မတွေးနိုင်လောက်အောင် ထိုးတက်သွားနိုင်သည်။


Xxxxxxxxx