အပိုင်း ၅၃
Viewers 15k

Chapter 53


သို့သော် လုချီမသိလိုက်သည်မှာ လုယွင်ကျီလည်း သူနှင့်အတွေးတူသည်ဆိုတာကိုပင်။


လုယွင်ကျီကိုယ်တိုင်လည်း ကုဆွေ့ဆွေ့ကို "လမ်းကြားထဲရှိလူများ" အစီအစဥ်တွင် ပါဝင်စေလိုသည်။ နဂိုက ထိုဇာတ်လမ်းတွဲထဲတွင် ဧည့်သည်ဇာတ်ကောင်နေရာတွင် ပါဝင်မည့် ခဲ့ကျင်းယန်အတွက် ပြင်ဆင်ပေးရင်း အာရုံများနေခဲ့သည်။ လုကျင်းဟွီရိုက်ကူးမည့်ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့် ပိုမိုနာမည်ကြီးလာနိုင်သော


ကြောင့်ဖြစ်သည်။


သို့သော် ခဲ့ကျင်းယန်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအပြင် အခြားရိုက်ကူးရေးအစီအစဥ်များလည်း ရှိနေသောကြောင့် "လမ်းကြားထဲရှိလူများ" ဇာတ်လမ်းတွဲတွင် ပါဝင်ရိုက်ကူးဖို့အချိန်ရှိလိမ့်မည်မဟုတ်ပေ။


မည်သို့ပင်ဆိုစေ ခဲ့ကျင်းယန်ကိုင်တိုင်ကလည်း သရုပ်ဆောင်ရန်စိတ်အားထက်သန်လွန်းနေသူမဟုတ်ချေ။ လုယွင်ကျီကသာ အတင်းတိုက်တွန်းတတ်ခြင်းဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင်တော့ လုယွင်ကျီလည်း ခဲ့ကျင်းယန်တစ်ယောက်နောက်တစ်နှစ်လုပ်မည့်ပွဲအတွက် စိတ်အေးအေးထားပြီးပြင်ဆင်နိုင်ရန် အားလက်ရက်ပေးဖို့ဆုံးဖြတ်လိုက်သည်။ ထိုမှသာလျှင် သူနားနားနေနေနှင့် လုပ်စရာရှိသည်များကိုလုပ်နိုင်ပေလိမ့်မည်။


"ဆွေ့ဆွေ့အမေခင်ဗျ....ဒါကကျွန်တော် ပြင်ဆင်ပေးထားတဲ့အိမ်လေးပါ....ကျေနပ်ရဲ့လားမသိဘူး"။ လွန်ခဲ့သောအခေါက်က ခဲ့ကျင်းယန်၏ပရိသတ်များကြောင့် ကုဆွေ့ဆွေ့ထိတ်


လန့်သွားသောအခါ လုယွင်ကျီလည်းအတော်လေးစိတ်မသက်မသာဖြစ်သွားရသည်။ တစ်ချိန်တည်းမှာပင် သတိရသွားပြီး ဆွေ့ဆွေ့တို့သားအမိနှစ်ဦးကို အလျင်အမြန်အိမ်ပြောင်းပေးလိုက်သည်။


ဤအိမ်က သူအထူးတလှယ်ရွေးချယ်ထားသောအိမ်ဖြစ်သည်။ လုံခြုံရေးမြင့်မားသလို သွားလာရန်အတွက်လည်းလွယ်ကူသည်။ အနီးအနားတွင်လည်း စျေးဆိုင်ကြီးများရှိသည်။ အရေးအကြီးဆုံးအချက်မှာ ဆွေ့ဆွေ့တက်ရမည့်မြို့တော်တွင်းရှိ အကောင်းဆုံးနိုင်ငံတကာကျောင်းကြီးနှင့် နီးခြင်းဖြစ်သည်။ ဆယ်မိနစ်လေယက်လမ်းလျှောက်သွားရုံနှင့်ပင် ရောက်နိုင်သည်။ လိုလေးသေးမရှိပြည့်စုံသော အိမ်ပင်ဖြစ်သည်။ 


ကိုယ်စယးလှယ်လုပြောသောစကားများကို ကြားလိုက်သောအခါ ဖုန်းယောက်ချင်းတစ်ယောက် သူ(မ)ရှေ့တွင်ရှိသောအိမ်ကြီးကို ကြည့်ရင်း မှင်တက်သွားမိသည်။ ဤအိမ်ကြီးက တစ်ကယ်ပဲ သူ(မ)တို့အတွက်လား။


မိခင်ဖြစ်သူဘေးတွင်အတူလိုက်ပါလာသော ကုဆွေ့ဆွေ့က သူ(မ)တို့၏အိမ်အသစ်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။ သူ(မ)တို့၏ ယခင်အိမ်ထက် ပိုကြီးကာကျယ်ဝန်းပြီး လှပသည်။


ပတ်ဝန်းကျင်အခြေအနေအပါအဝင် အဘက်ဘက်ကိုစဥ်းစားလိုက်သောအခါ ဖုန်းယောက်ချင်းပြောစရာစကားမဲ့သွားရသည်။ ဤနေရာတစ်ဝိုက်ရှိ အိမ်များမှာ တစ်စတုရန်းမီတာကို ယွမ်နှစ်သိန်းခန့်တန်ဖိုးရှိသည်။


ထိုသို့ဆိုလျှင် အိမ်တစ်အိမ်လုံး၏တန်ဖိုးမှာ ယွမ်သိန်းနှစ်ထောင်ခန့်ရှိပေလိမ့်မည်။


ယခုသူ(မ)လက်ထဲတွင် ခြစ်ကုတ်စုဆောင်းထားသောပိုက်ဆံနှင့် ဤအိမ်ရှိ ရေချိုးခန်းတစ်ခန်းစာကိုပင် ဝယ်ဖို့မဖြစ်နိုင်ပေ။


အိမ်စျေးနှုန်းကအလွန် တန်ဖိုးမြင့်လွန်းသည်။


ပကာသနကိုတန်ဖိုးထားသော ဖုန်းယောက်ချင်းတစ်ယောက် အိမ်ကောင်းကောင်းတစ်လုံးကို သူ(မ)ရှေ့တွင်မြင်နေရသော်လည်း မနေနိုင်ပဲ သက်ပြင်းချကာ ကိုယ်စားလှယ်ကြီး၏ကြင်နာမှုကို လက်မခံရဲပေ။


သူ(မ)တစ်ခဏမျှစဥ်းစားလိုက်ပြီး လိမ္မာပါးနပ်သောလေသံဖြင့်ပြောလိုက်သည်။ "မစ္စတာလု.....ကျွန်မတို့သားအမိနှစ်ယောက်ပဲနေဖို့အတွက် အခုရှာပေးတဲ့အိမ်က အရမ်းကြီးလွန်းမနေဘူးလား....နေမဲ့သူကကျွန်မတို့နှစ်ယောက်ပဲ ရှိတာဆိုတော့ အိပ်ခန်းနှစ်ခန်းနဲ့ဧည့်ခန်းတစ်ခန်းဆိုရင် လုံလောက်ပါပြီ"။ သူ(မ)တို့သားအမိနှစ်ယောက်တည်းရှိသောကြောင့် ဤသို့သောအိမ်ကြီးကြီးမျိုးတွင် နေထိုင်ရန်မလိုအပ်ပေ။ အိမ်ဌားခက စျေးကြီးလွန်းနေပေလိမ့်မည်။


လုယွင်ကျီက ရွှေရောင်မျက်မှန်ကိုင်းကိုပင့်တင်ပြီး ပြုံးရင်းပြောလာသည်။ "ဆွေ့ဆွေ့အမေ....အခုမြင်နေရတဲ့အိမ်က ဒီရပ်ကွက်မှာ အသေးဆုံးအိမ်ပါ....ကျန်တဲ့အိမ်တွေဆိုရင် စတုရန်းမီတာနှစ်ရာ သုံးရာလောက်အထိ ကြီးပါတယ်"။


ဒီအိမ်က အသေးဆုံးအိမ်တဲ့လား။


တစ်ဘဝလုံးအိမ်ဌားအနေဖြင့်နေလာခဲ့ရသော ဖုန်းယောက်ချင်းတစ်ယောက် လုယွင်ကျီ၏စကားကိုကြားပြီး လန့်ဖြန့်သွားရသည်။ လူချမ်းသာတို့၏ ဘဝကကောင်းမွန်လွန်းသည်ဟုလည်း သူ(မ)တွေးလိုက်မိသည်။


"မဟုတ်လည်း ကျွန်မတို့အိမ်နေရာကိုပြောင်းလိုက်ကြတာပေါ့....ဒီက အိမ်စျေးတွေက အရမ်းတန်ဖိုးမြင့်လွန်းတယ်....ဆွေ့ဆွေ့နဲ့ကျွန်မနေဖို့လွယ်မှာမဟုတ်ဘူး"။ ဖုန်းယောက်ချင်းက ဖုံးကွယ်မနေတော့ပဲ ပွင့်ပွင့်လင်းလင်းပြောချလိုက်သည်။


သန်းပေါင်းများစွာတန်ဖိုးရှိသည့်လုံးချင်းအိမ်မျိုးက သူ(မ)အတွက်ကိစ္စမရှိသော်လည်း ဤကဲ့သို့ အနည်းဆုံး သန်းလေးဆယ် ငါးဆယ်ခန့်ကုန်ကျသော ဇိမ်ခံတိုက်ခန်းများက သူ(မ)ကိုစိတ်မသက်မသာဖြစ်စေသည်။


သူ(မ)တို့သားအမိ၏လက်ရှိအခြေအနေအရဆိုလျှင် ထိုကဲ့သို့အိမ်မျိုးဝယ်နိုင်ရန် ဆွေ့ဆွေ့လေးက ရုပ်ရှင်ဇာတ်ကားများ ကြော်ငြာများမည်မျှရိုက်ကူးရဦးမည်နည်း။


အတွေးနှင့်ပင် ဖုန်းယောက်ချင်းထိုစျေးကြီးသောအိမ်ကြီးတွင် နေထိုင်ဖို့မဝံ့ရဲတော့ချေ။ လောကကြီးတွင် အလကားရတာဘာမှမရှိပေ။ ယခုအိမ်ဝယ်လိုက်လျှင် သူ(မ)သမီး၏ဝင်ငွေ


နှင့် သေချာပေါက်ထိုအိမ်ပေါက်စျေးအတိုင်းပြန်ဆပ်ရမည်မဟုတ်လား။


အခြားသူများ၏ပိုက်ဆံကိုသုံးရန် ဖုန်းယောက်ချင်းဝန်မလေးပေ။ သို့သော်သူ(မ)သမီး၏ ဝင်ငွေကို သူ(မ)မသုံးလိုပေ။ 


လုယွင်ကျီက လိမ္မာပါးနပ်သောကိုယ်စားလှယ်တစ်ယောက်ဖြစ်သည့်အလျောက် ဖုန်းယောက်ချင်းစိတ်ပူနေသောအရာကို ကြည့်ရုံနှင့်ပင်သိနိုင်သည်။ 


စာချုပ်အဆင်ပြေအောင် သူကိုယ်တိုင်အတော်များများ စီစဥ်ခဲ့ရပြီးဖြစ်သည်။ နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ထက် ဆွေ့ဆွေ့တို့ဖက်ကို ပိုမိုလိုက်လျောပေးရသောကြောင့် ကုမ္ပဏီကလည်းသိပ်မကျေနပ်ချင်ပေ။


ကလေးသရုပ်ဆောင်တစ်ယောက်နှင့်စာချုပ်ချုပ်ရာတွင် အခက်ခဲဆုံးအရာမှာ ကလေးကိုကိုယ်တွယ်ရသည်ထက် ကလေးနောက်ကွယ်တွင်ရှိသော အုပ်ထိန်းသူလူကြီးများကို ကိုင်တွယ်ရသည်က ပို၍ခက်ခဲသည်။ ကလေးမိဘများ၏ယုံကြည်မှုကိုရရန်က လွယ်ကူသောအလုပ်မဟုတ်ပေ။ တစ်ဆင့်ပြီးတစ်ဆင့်လုပ်ရသည်။ အလောတကြီးလုပ်၍မဖြစ်ချေ။


လုယွင်ကျီက တစ်ခဏမျှစဥ်းစားပြီး ပြောသည်။ "ဆွေ့ဆွေ့အမြင်ကို အရင်ဆုံးမေးလိုက်ကြတာပေါ့....ကလေးကြိုက်သရွေ့ ဘယ်မှာနေနေကိစ္စမရှိပါဘူး"။


လုယွင်ကျီပြောသောအရာက အကျိုးအကြောင်းဆီလျော်သည်ဟု ဖုန်းယောက်ချင်းထင်မိသည်။ မည်သို့ပင်ဆိုစေ ယခုအိမ်ပြောင်းရသောမကြောင်းရင်းက သူ(မ)သမီးကြောင့်ပင်မဟုတ်လား။ အနာဂတ်တွင် သူ(မ)သမီးနာမည်ကြီးလာပါက အခက်အခဲဖြစ်မည်စိုးသောကြောင့် ယခင်အိမ်မှထွက်ခဲ့ရခြင်းဖြစ်သည်။


လုယွင်ကျီက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကလေးငယ်၏ခေါင်းကိုပွတ်သပ်ကာ မေးလိုက်သည်။ "ဆွေ့ဆွေ့.....သမီးဒီအိမ်ကိုကြိုက်လား....ကြိုက်တယ်ဆိုရင် ဒီအိမ်ကသမီးအပိုင်ပဲ"။


Xxxxxxxxx