Chapter 55.3
Viewers 21k

Chapter 55.3



အိမ်အသစ်ဆောက်ပြီးသည်နှင့် ချက်ချင်းမပြောင်းနိုင်ပေ။ အစိုဓာတ်ကိုဖယ်ရှားဖို့ ခဏလောက်အခြောက်ခံဖို့လိုသည်။ ထို့အပြင် လီဖုန်း၏အစီအစဥ်အရ သူတို့ပြောင်းရွှေ့ရန် လက်ထပ်ပြီးသည်အထိ စောင့်ရမည်။ ထန်ချွန်းမင်က ယင်းကိုမကန့်ကွက်ခဲ့ပေ။ သို့သော် သူက သူတို့အိမ်အသစ်ကို တူတူပြောင်းသင့်လား ​ခြံ​ရှေ့မှာပဲနေသင့်သလား သမားတော်ဟဲကို မေးမြန်းခဲ့သည်။ သမားတော်ဟဲက သူ့အိမ်ကို ပြုပြင်မွမ်းမံမှုအချို့လုပ်ခဲ့သည်။ အပူပေးကြမ်းခင်းနှင့် မြေအုတ်များကပ်ခြင်း စသည်တို့ဖြစ်သည်။ ၎င်းကလုံလောက်ပြီး ထပ်ရွှေ့စရာမလိုတော့ဘူးလို့ သူခံစားလိုက်ရသည်။


လီဖုန်းကလည်း အိမ်မှာနေပြီး ပရိပဘောတချို့ပြုလုပ်ရန် လက်သမားတစ်ယောက်ကိုငှားခဲ့သည်။ အိမ်အသစ်က ပရိဘောဂအသစ် စုံစုံလင်လင်လိုအပ်မည်ဖြစ်ပြီး မင်္ဂလာပွဲအတွက် အချိန်မီပြင်ဆင်နိုင်မည်ဖြစ်သည်။

အိမ်အသစ်ဆောက်လုပ်ပြီးစီးသောအခါ အားလုံးမှာ စကားကောင်းများပြောဖို့ရှိနေသည်။ ဖျင်ရှန်ရွာတွင် ရွာလူကြီး၏အိမ်က အကောင်းဆုံးဟု ယူဆလို့ရသော်လည်း ယခုမူ ထန်ချွန်းမင်၏အိမ်အလှည့်ရောက်လာခဲ့သည်။ သပ်သ​ပ်ရပ်ရပ်ပြင်ဆင်ပြီးလို့ အလည်လာသူတွေ ရော​က်လာလျှင် ၎င်းက ချမ်းသာသောမိသားစုများထက် ပိုမိုကောင်းမွန်သည်ဟု ဆိုကြလိမ့်မည်။ သူတို့ ဤနေရာမှာနေလျှင် တစ်သက်လုံးပျော်ရွှင်လိမ့်မည်။ မိသားစုအများစုက ရိုးရှင်းသောခန်းကုတင်ကို ဆောက်ကြပေမယ့် အပြာရောင်အုတ်နှင့် အပူပေးကြမ်းခင်း၌ မည်သူကမျှ ငွေမသုံးချင်ကြပေ။ အခန်းကြီးအနည်းငယ်ဆောက်လုပ်ရုံဖြင့် ငွေပြားဒါဇင်ခန့် ကုန်ကျမှာဖြစ်သည်။





အိမ်ဆောက်နေစဥ်တွင် ထန်ချွန်းရုံက လာကူချင်သော်လည်း ဝမ်ယင်နှင့်ထန်ချွန်းမင်က ခွင့်မပြုခဲ့ပေ။ သူက ခွန်အားနည်းသည့် လူငယ်လေးတစ်ယောက်သာဖြစ်သည်။ သူဘယ်လိုကူညီနိုင်မှာလဲ? ကျောင်းမှာ စာကောင်းကောင်းသင်ပြီး ရွာလူကြီး၏သားနှစ်ယောက်တက်သည့် ကျောင်းကို​ နွေဦးအစောပိုင်းမှာဝင်ရောက်ရန်အလို့ငှာ ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေသင့်သည်။ ထိုကျောင်းက အနည်းငယ်နာမည်ကြီးပြီး ကျောင်းသားရွေးချယ်သော ဆရာက အလွန်တင်းကျပ်သည်။ ဝင်ခွင့်စာမေးပွဲမေးခွန်းများကို ဖြေနိုင်သူသာ ဝင်ရောက်လို့ရပြီး ငွေပေးသူတိုင်းဝင်လို့မရပေ။ ထိုအချိန်က ရွာလူကြီး၏သားနှစ်​ယောက်က စာ​မေးပွဲအောင်ခဲ့၍ အလွန်ဂုဏ်ယူစရာဖြစ်ခဲ့သည်။ ၎င်းကြောင့်ပင် သူ့မှာ သားနှစ်ယောက်အတွက် ကြီးမားသောမျှော်လင့်ချက်များရှိနေတာဖြစ်၏။


အနောက်ဘက်တောင်တွင် ကျန်းချန်မင်မွေးမြူထားသော သိုးပေါက်လေးတွေ ပိုများလာပြီဖြစ်သည်။ သို့သော် ယခုမူ ထန်ချွန်းမင်က သူတို့ကိုအစာကျွေးဖို့ နေရာလွတ်စမ်းရေကို တိတ်တိတ်လေးသုံးစရာမလိုတော့ပေ။ အားလုံးကို လီဖုန်းက လက်လွှဲယူထားသည်။ နေရာလွတ်ထဲက မြေနေရာကိုပင် လီဖုန်းက ပြန်လည်စီမံခဲ့ပြီး ထန်ချွန်းမင်က အရှက်မရှိ အလွန်ဂုဏ်ယူနေခဲ့သည်။



ကျန်းရှို့ အိမ်မှုကိစ္စပြီးသွားသောအခါ မင်ကောအာ၏အိမ်ကိုသွားလည်ကာ ကလေးထိန်းပေးပြီး အိမ်အလုပ်လုပ်ပေးရတာ နှစ်သက်နေဆဲဖြစ်သည်။ သူ သူ့ယောက္ခထီးကို ကြည့်ဖို့သွားသည့်အခါတိုင်း သူဟာ သူ့ယောက္ခထီးလင်မယား၏ အနိုင်ကျင့်ခံရသော်လည်း သူတို့ပေါ်တင်ထုတ်မပြောသရွေ့ ကျန်းရှိုက ပုံမှန်လိုပင် မကြားချင်ယောင်ဆောင်လေ့ရှိသည်။ သူ့အတွက်တော့ အိမ်ထောင်ဦးစီးက ဘာမှမပြောသရွေ့ အဆင်ပြေသည်။ ထို့အပြင် လီတာရှန်က သူ့အားမူနှင့် ဖခင်၏စကားကို နားထောင်မယ်လို့ သူမထင်ပေ။


ကျန်းရှို့နှင့်တာရှန်က မင်ကောအာနှင့်အတူ မြို့ထဲမှာငွေရှာ​နေသည်ကို ရွာသားတွေကြားခဲ့သဖြင့် တာရှန်၏အစ်ကိုကြီးက သူတို့ကိုချက်ချင်းခေါ်ခဲ့ပြီး သူတို့လု​ပ်သည့်အလုပ်နှင့် ငွေမည်မျှရသလဲ သိချင်ခဲ့သည်။


ထိုအချိန်က တာရှန်သည် သူနဲ့သီးသန့်ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ပိုက်ဆံက လက်ထဲမှာရှိနေ၍ တခြားသူများ၏ပြောစရာမဖြစ်စေရန် လူကြီးများကို လေးစားမှုပြခဲ့ရသည်။ သူတို့က သူတို့နှစ်ယောက်ကို ငွေငါးပြားပေးခဲ့သည်။ တာရှန့်မိဘတွေက အစ်ကိုကြီးကိုကူညီမလား သူတို့အတွက် သူတို့သုံးမလားဆိုတာကတော့ တာရှန်နဲ့သူ ဂရုမစိုက်ခဲ့ပေ။ သို့သော် အားလုံး၏ စစ်ဆေးမေးမြန်းချင်နေသော မျက်နှာကိုမြင်သောအခါ တာရှန်၏နှလုံးသား​က အေးစက်သွားခဲ့သည်။ သူတို့ဘာအလုပ်လု​ပ်လဲ ပြောပြလိုက်လျှင် အစ်ကိုကြီးမိသားစုက ဝေစုလိုချင်လာမှာလား ဒါမှမဟုတ် သူတို့ကို ခရိုင်မြို့ထိမှာ ဆိုင်ဖွင့်ပေးမည်လား…


တာရှန်၏ပင်ကိုယ်စရိုက်သည် မည်သူ့ကိုမျှစကားမပြောချင်သော ပုံစံမျိုးဖြစ်သည်။ သူဘာမှမပြောချင်လျှင် တာရှန်၏မိဘတွေ ဘာမှလုပ်လို့မရပေ။ သူ့မိဘတွေက သူ့ဘယ်လောက်ခေါင်းမာလဲသိသည်။ အိမ်ထောင်ပြုပြီးနောက် သူ့စိတ်ကဖောက်ပြန်သွားပြီး မိဘတွေနဲ့ အစ်ကိုကြီးကိုမေ့သွားကာ သူ့ကိုဘယ်သူပျိုးထောင်ခဲ့လဲပင် မစဥ်းစားတော့ချေ။


တာရှန်က သူတိုနဲ့အနေဝေးသွားခြင်းသည် ကျန်းရှို့ကြောင့်ဖြစ်သည်ဟု သူ့မိဘတွေက ယုံကြည်ခဲ့ပြီး သူတို့၏လု​ပ်ရပ်မှားနေတာကိုတော့ မသိခဲ့ပေ။ မိဘတော်တော်များက သားသမီးမွေးပြီးလျှင် သူတို့ကြိုက်သလိုဆက်ဆံလို့ရပြီး ကလေးများက မေးခွန်းမထုတ်ပဲ လက်ခံရမည်ဟု သူတို့ယုံကြည်ကြသည်။ 

“ဖေဖေ… အဖေ.. လက်ကျန်ငွေက ကလေးနှစ်ယောက်ရဲ့ကျောင်းစရိတ်ပါ။ အစ်ကိုကြီးရဲ့မိသားစုကို ကူညီဖို့ မတောင်းပါနဲ့။ ကျွန်တော် အဖေတို့ကို အနာဂတ်မှာစောင့်​ရှောက်ပေးမှာပါ။ ဒါပေမယ့် ဒီထက်ငွေမပေးနိုင်တော့ဘူး။” တာရှန်က ဘွင်းဘွင်းပြောလိုက်ပြီး စားပွဲပေါ်မှာ ငွေငါးပြားချန်ထားကာ ကျန်းရှို့ကိုဆွဲပြီး ထွက်လာခဲ့သည်။


“တာရှန်က သူ့အစ်ကိုကြီးကို မိသားစုလို့သတ်မှတ်သေးရဲ့လား? စီးပွားရေးအဆင်ပြေတယ်ဆိုရင် မိသားစုတွေအတူတူလုပ်လို့မရဘူးလား?” သူတို့ထွက်သွားပြီးနောက် တာရှန်၏အစ်ကိုက အိမ်ထဲကနေ ရေရွတ်လိုက်လေသည်။ သို့သော် စားပွဲပေါ်ကငွေကိုတွေ့တော့ သူ့မျက်လုံးက တောက်ပလာသည်။ သူက သူ့ကလေးအတွက် သုံးစွဲနိုင်ရန် ထိုပိုက်ဆံကိုတောင်းခဲ့သည်။ တာရှန်၏ကလေးတွေ ကျောင်းတက်နေတော့ သူ့ကလေးတွေကိုလည်း နောက်ကျမကျန်စေချင်ပေ။ သူ့ကလေးတွေက တခြားကလေးတွေလောက် မတော်ဘူးလို့ သူမယုံပေ။

“ဟုတ်တာပေါ့… တာရှန်က အခုဆိုရင် ဖုန်းမိသားစုကို သူ့အစ်ကိုအရင်းလိုဆက်ဆံနေတာ။” တာရှန်၏အစ်ကိုကြီးက မှုပ်ကုပ််ကုပ်ပြောလိုက်သည်။


အစ်ကိုအကြီးဆုံး၏မိသားစုက ဘယ်လောက်ပဲ ဆူညံနေပါစေ တာရှန်က လီဖုန်းရှေ့မှာ ဘာမှမပြောခဲ့ပေ။ ကျန်းရှို့က သူ့အိမ်ထောင်ဦးစီး ဘယ်လိုလူမျိုးလဲဆိုတာသိသဖြင့် သူသည်လည်း ထိုပြဿနာများကို ထန်ချွန်းမင်ရှေ့မှာမပြောခဲ့ပေ။ တာရှန်၏အစ်ကိုကြီးက မြို့ထဲက ရေခဲဆိုင်အကြောင်း သိသွားတာကို ကျန်းရှို့က ထန်ချွန်းမင်အား မပြောပြနိုင်ခဲ့ပေ။ မင်ကောအာက သူတို့မိသားစုကိုယုံကြည်လို့ ရေခဲလုပ်နည်းကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပြီး သူတို့သာ တခြားသူတွေကိုပြောပြလိုက်လျှင် ၎င်းက ရှက်စရာကောင်းပေမည်။


သို့​သော် ကျန်းရှို့က ငွေပေးပြီးလျှင် နှုတ်ဆိတ်နေမည်မဟုတ်ပေ။ ရက်အနည်းငယ်အကြာတွင် သူ့အစ်ကိုကြီးက သူတို့၏ကျေးဇူးမသိတတ်သည့် အပြုအမူအကြောင်းကို ကောလာဟလမဖွမီ လီမိသားစုက လူတွေက တာရှန် သူ့အစ်ကိုကြီးအား ငွေငါးပြားတိတ်တဆိတ်ပေးခဲ့သည်ကို ကြားသိခဲ့သည်။ ဤသတင်းက သတင်းကူဖြန့်ပေးခဲ့သော ရှန်းဖူလန်ထံမှ ထွက်လာခဲ့တာဖြစ်သည်။ သူက တာရှန်၏မိသားစုကို အနှောင့်အယှက်မရှိစေချင်ခဲ့ပေ။


နောက်တော့ ဂျုံစေ့ဝယ်ခြင်းကိစ္စများ ထွက်ပေါ်လာသောအခါ ကျန်းရှို့က ဘယ်လိုမျက်နှာပြရမလဲပင် မသိခဲ့ပေမယ့် ထန်ချွန်းမင်က ၎င်းနှင့်ပတ်သက်ပြီး သိသွားခဲ့သည်။ တာရှန်၏အစ်ကိုကြီးက ဂျုံစေ့များကို အလကားလိုချင်ခဲ့ပေမယ့် အဆုံးမှာ တာရှန်က သူတို့ကို မျိုးစေ့တစ်ဧကစာမပေးမီတွင် ငွေအတင်းအကြပ်တောင်းခဲ့သည်။ ၎င်းက သူတို့၏ကိုယ်ပိုင်မြေငါးဧကအတွက်ဖြစ်၍ ပေးစရာအပိုမျိုးစေ့မရှိခဲ့ပေ။

“သူတို့က ​တောင်းရဲ​သေးတယ်”!” ကျန်းရှို့က ထန်ချွန်းမင်ကို ဒေါသတကြီးပြောပြခဲ့သည်။ “ငါတို့က သူတို့ကို အလကားပေးမယ်လို့ထင်နေတာ.. အိပ်မက်မက်နေလိုက်လေ!” သူ မင်ကောအာကို မပြောပြဝံ့သည့်အချက်မှာ ထိုမိသားစု​က သူ့ထံမှ မျိုးစေ့အလကားရခဲ့သည်ဟု ယူဆခဲ့တာဖြစ်သည်။ သူတို့က ပစ္စည်းများကို အလကားရနေကျဖြစ်၍ အားလုံးလည်း သူတို့လို အလကားရတယ်ထင်နေသည်။ အစ်ကိုကြီးမိသားစု၏ အပြုအမူကိုကြည့်ရင်း ကျန်းရှိ့နဲ့တာရှန်က ပို၍ပင် သတိရှိလာခဲ့သည်။ သူတို့က ယခုလိုဖြစ်မှာစိုး၍ ငွေပေးဝယ်ခဲ့တာဖြစ်၏။


“ကံကောင်းတာက တာရှန်က ဘာကဘာလဲကောင်းကောင်းသိတယ်။ အစ်ကိုအရမ်းစိုးရိမ်စရာမလိုပါဘူး။” ထန်ချွန်းမင်က သူ့ကိုနှစ်သိမ့်လိုက်သည်။ တာရှန်က ဤကိစ္စမှာ ကောင်းကောင်းလု​​ပ်ခဲ့ပြီး သူက ကျောက်တာဟူနဲ့မတူပေ။ သူသာ ကျောက်တာဟူလိုဖြစ်ခဲ့လျှင် ထန်ချွန်းမင်က ကျန်းရှို့နဲ့အဆင်ပြေလည်း သူတို့မိသားစုနဲ့ ပတ်သက်မှာမဟုတ်ပေ။ သူက ခပ်ခွာခွာနေဖို့ နည်းလမ်းရှာမှာဖြစ်သည်။


“ဟုတ်တယ်..တာရှန်က သူတို့စကားကို နားထောင်သင့်လား နားမ​ထောင်သင့်ဘူးလားဆိုတာကိုသိတယ်။ သူက ကိစ္စတွေ​ကို သူ့ဘာသာ ကောင်းကောင်းကိုင်တွယ်နိုင်တယ်။” ကျန်းရှို့က ပြုံးလိုက်သည်။ မိသားစုတိုင်းမှာ ပြဿနာရှိသည်။ သို့သော် အရေးပါတာ အိမ်ထောင်ဦးစီးဖြစ်၏။ သူက တာရှန်ကိုလက်ထပ်ခဲ့ရတာ ကံကောင်းသည်။


“ကြည့်ပါဦး… ဂုဏ်ဆာနေလို​က်တာ။ တာရှန်ကို ခင်ဗျားပုံစံ လာကြည့်ခိုင်းရမယ်။” ထန်ချွန်းမင်က စနောက်လိုက်သည်။


“ဖွီ!” ကျန်းရှို့က သူ၏ဂုဏ်ယူနေသောမျက်နှာကို အမြန်ပြင်လိုက်ပြီး မင်ကောအာကို စနောက်လိုက်သည်။ ထို့နောက်သူက ​ခေါင်းစဥ်ပြောင်းလိုက်လေသည်။ “မင်း ချမ်မိသားစုကိိုသိလား?”


ထန်ချွန်းမင်က မီးသွေးခဲတံနှင့် ဝိုင်ပြုလုပ်သည့် ကိရိယာပုံကိုဆွဲနေပြီး ၎င်းတို့ကိုဖန်တီးရန် လူတစ်ယောက်ရှာဖို့ လီဖုန်းအားပြောဖို့ ရည်ရွယ်ထားသည်။ ကျန်းရှို့၏မေးခွန်းကိုကြားတော့ သူကရပ်ကာ မော့ကြည့်လိုက်သည်။ “ချမ်မိသားစုလား? ကျန်းလန်ဟွာရဲ့ ခင်ပွန်းဟောင်းမိသားစု?” သူက သူတို့နဲ့အကျွမ်းတဝင်မရှိလှပေ။ အထူးသဖြင့် ကျန်းလန်ဟွာ၏ ကွာရှင်းပြတ်ဆဲမှုအပြီးမှာ သူက အာရုံသိပ်မစိုက်နိုင်ခဲ့ပေ။ အပြင်ကိစ္စတွေကို လီဖုန်းစီမံတာဖြစ်၍ သူက ထိုအသေးအဖွဲကိစ္စများကို ဂရုမစိုက်ပါပေ။


“ဟုတ်တယ်.. သူတို့ပဲ။ ချမ်သဲဖူ.. ကျန်းလန်ဟွာရဲ့ခင်ပွန်းဟောင်းက နောက်အိမ်ထောင်ပြုတော့မှာ။ ငါမင်းကိုမပြောပြချင်ပေမယ့် သူတို့က မကြာခင်လက်ထပ်တော့မှာဆိုတော့ မင်းက အနှေးနဲ့အမြန်သိမှာပဲလေ။ ဒီတော့ နောက်ကျရင် တခြားသူတွေလာ​ပြောမှ မင်းသိရမှာစိုးလို့ ငါအရင်ပြောလိုက်တာ။”

 

ထန်ချွန်းမင်က ထိုကိစ္စကိုမသိပေ။ လီဖုန်းက ၎င်းနဲ့ပတ်သက်ပြီး တစ်ခုခုကြားခဲ့လောက်ပေမယ့် သူ့ကိုမပြောပြခဲ့ပေ။



ကျန်းလန်ဟွာ ကွာရှင်းပြီးကတည်းက သူ့ခင်ပွန်းဟောင်း ချမ်သဲဖူက ရွာမှပျောက်သွားခဲ့သည်။ သူက အပြင်မှာအလုပ်လုပ်ဖို့သွားခဲ့ပြီး ဆောင်းဦးရိတ်သိမ်းဖို့ပင် ပြန်မလာခဲ့သဖြင့် သူ့မိသားစုက သူ့ကို စာပို့ခဲ့ရသည်။ သူပြန်ရောက်ပြီး မကြာခင်မှာပဲ လက်ထပ်ဖို့ပြင်ဆင်နေတာက ရွာထဲမှာ ပြောစရာခေါင်းစဥ်တစ်ခုဖြစ်လာခဲ့သည်။ လူတိုင်းက ၎င်းကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိဖို့ သိပ်မကြာခဲ့ပေ။


ထန်ချွန်းမင်က ကျန်းလန်ဟွာကို အကောင်းမမြင်ပေ။ တခြားသူဆီမှ ပစ္စည်းခိုးရန် ဟွမ်စစ်ကုံးကိုမြှောက်ပေးခဲ့၍ သူကွာရှင်းရခြင်းအတွက် သူ့မှာသနားစိတ်မရှိခဲ့ပေ။ သူက ၎င်းကို ဝဋ်လို့သာတွေးသည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ သို့ပေမယ့် သူ့မှာ သူ့ခင်ပွန်းဟောင်းအတွက်လည်း ကောင်းသောခံစားချက်မရှိပေ။ အိမ်တွင်းအကြမ်းဖက်မှုကျူးလွန်တဲ့ ယောကျာ်းတစ်​ယောက်ကို ဘယ်သူကအထင်ကြီးမှာလဲ?