အပိုင်း ၅၅
Viewers 15k

Chapter 55


"ညစာစားပွဲပေါ်မှာ...ကိုယ်မကြိုက်တဲ့ ဟင်းပွဲကိုတွေ့ရင် ဘာလုပ်မလဲ"။


ထိုစကား၏အဓိပ္ပါယ်ကိုနားလည်နိုင်အောင် ကုဆွေ့ဆွေ့အတတ်နိုင်ဆုံး ကြိုးစားနေသည်။


"ရပါတယ်....ကလေးလေး....ဖြေးဖြေးစဥ်းစားလို့ရတယ်နော်"။ တုံ့ဆိုင်းနေသော ကလေးမလေးကိုကြည့်ရင်း လက်ထောက်ဒါရိုက်တာကပြုံးပြီးပြောလိုက်သည်။


ကုဆွေ့ဆွေ့တစ်ယောက် မျက်မှောင်ကျုတ်ပြီးအသည်းအသန်စဥ်းစားနေသည်။ မိနစ်အနည်းငယ်ကြာအောင် စဥ်းစားပြီးနောက် အရှေ့တွင်ထိုင်နေသည့်ဒါရိုက်တာများကို အပြုံးချိုချိုဖြင့်ပြောလိုက်သည်။ "ဦးဦးတို့.....သမီး


စဥ်းစားပြီးသွားပါပြီ"။


ထိုချစ်စဖွယ်ကလေးမလေး၏အပြောကြောင့် မျက်နှာထားအမြဲတမ်းတည်နေတတ်သည့် လက်ထောက်ဒါရိုက်တာပင်လျှင် မနေနိုင်တော့ပဲ လေသံကိုအတတ်နိုင်ဆုံးညင်သာစွာ ပြောလိုက်သည်။ "သမီးအဆင်သင့်ဖြစ်ပြီဆိုရင်....စပြီးသရုပ်ဆောင်လို့ရပြီ"။


ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှ ဇာတ်ဝင်ခန်းကို ကုဆွေ့ဆွေ့တွေးမိသွားသည်။ ထိုဇာတ်ဝင်ခန်းထဲကအတိုင်း တူကိုကိုင်မြှောက်ဟန်ပြုကာ သူ(မ)ရှေ့တွင်ရှိသော ပန်းကန်ခွက်ယောက်ထဲမှဟင်းများကို လွှင့်ပစ်ဟန်သရုပ်ဆောင်ပြလိုက်သည်။ ထို့နောက် အသံစူးစူးဖြင့်အော်ပြောလိုက်သည်။ "ဒီဟင်းတွေမစားချင်ဘူး...မေမေ....ဝက်နံရိုးဟင်းစားချင်တယ်လို့ ပြောထားတယ်လေ"။


ရိုးစင်းသည့်သရုပ်ဆောင်မှုတစ်ခုသာဖြစ်သော်လည်း မိသားစု၏အလိုလိုက်ခံရပြီး ဆိုးသွမ်းပျက်စီးနေသည့် ကလေးငယ်တစ်ဦး၏ဇာတ်သရုပ်ကို ပေါ်လွင်စေသည်။ အရွယ်ငယ်ငယ်လေးနှင့် ဤသို့သရုပ်ဆောင်နိုင်သည်မှာ အလွန်အံ့ချီးဖွယ်ကောင်းလှသည်။ နှစ်နာရီအကြာလူရွေးပွဲတစ်ခုလုံးတွင် ကုဆွေ့ဆွေ့က သူတို့အားရကျေနပ်မှုအရှိဆုံးကလေးမလေးဖြစ်သည်။


လက်ထောက်ဒါရိုက်တာနှစ်ဦးလည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြသည်။ ကုဆွေ့ဆွေ့၏ သရုပ်ဆောင်မှုကို သူတို့အနေဖြင့် ကျေနပ်အားရသော်လည်းနောက်ဆုံး ဆုံးဖြတ်ချက်ကိုချရမည့်သူမှာ သူတို့မဟုတ်ပေ။ ဒါရိုက်တာလုကျင်းဟွီ၏ဆုံးဖြတ်ချက်က သူတို့ထက်ပိုအရေးပါသည်။ 


လက်ထောက်ဒါရိုက်တာတစ်ဦးက ကုဆွေ့ဆွေ့အားအိမ်ပြန်ပြီးစောင့်နေရန်ပြောတော့မည့်အချိန်တွင် ဒါရိုက်တာလုကျင်းဟွီက ရုတ်တရက်ကြီးမေးလိုက်သည်။ "ကလေး....ဘယ်လိုလုပ်ပြီး အဲဒီလိုသရုပ်ဆောင်ဖို့ စိတ်ကူးရတာလဲ"။ သူ့စကားကြောင့် လက်ထောက်ဒါရိုက်တာနှစ်ဦးလုံးလည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။


ထောင်နှင့်ချီသောပြိုင်ပွဲဝင်များထဲမှ သရုပ်ဆောင်ကောင်းမွန်လွန်းသူလက်တစ်ဆုပ်


ခန့်ကိုသာ လုကျင်းဟွီတစ်ယောက် ဤကဲ့သို့အလေးပေးပြီး မေးခွန်းများမေးတတ်ခြင်းဖြစ်သည်။


"တီဗွီကြည့်ရင်းနဲ့.....သရုပ်ဆောင်တတ်လာတာပါ...ဖိုးဖိုး"။ ကုဆွေ့ဆွေ့က မျက်နှာလေးမော်ချီကာ ဒါရိုက်တာလုကျင်းဟွီအားပြောလိုက်သည်။


လုကျင်းဟွီက ပြုံးကာပြောလိုက်သည်။ "မင်းက အရမ်းတော်တဲ့ကလေးပဲဖြစ်ရမယ်"။


ကုဆွေ့ဆွေ့က ရိုးရှင်းပြီးပွင့်လင်းသည့် အကျင့်စရိုက်ရှိသော ကလေးမလေးဖြစ်သည်။ တစ်စုံတစ်ဦးကချီးကျူးလိုက်တိုင်း အလွန်ပြုံးပျော်သွားတတ်သည့် သူ(မ)၏မျက်နှာလေးက ဟန်မဆောင်တတ်မှန်း သိသာလှသည်။ "ဟုတ်....သမီးက တော်တယ်လို့....မေမေလည်း မကြာခဏပြောဖူးပါတယ်"။


ဆွေ့ဆွေ့၏ကလေးဆန်ဆန်အပြောလေးကြောင့် လူတိုင်းပွဲကျသွားသည်။


လူရွေးပွဲပြီးနောက် ကုဆွေ့ဆွေ့က စတော်ဘယ်ရီအရသာစုပ်လုံးလေးနှင့်အတူ ဖျတ်လတ်တက်ကြွစွာထွက်လာသည်။ ရွှင်လန်းနေသော သမီးငယ်လေး၏အမူအရာကိုမြင်လိုက်သောကြောင့်ဖုန်းယောက်ချင်းလည်း စိတ်သက်သာရာရသွားသည်။ ချိုချဥ်အခွံကိုကူခွာပေးလိုက်ပြီးနောက် ဆွေ့ဆွေ့အားလက်ဆွဲကာ ဓာတ်လှေကားမှတစ်ဆင့် အဆောက်အအုံအောက်ထပ်သို့ဆင်းသွားလိုက်သည်။ 


ထိုအချိန်တွင် တစ်စုံတစ်ယောက်က ဓာတ်လှေကားမှတက်လာသည်ကိုတွေ့လိုက်ရသည်။ ဓာတ်လှေကားထဲတွင်ရပ်နေသော ကုဆွေ့ဆွေ့လည်း သူ(မ)ရင်းနှီးနေသော ပုံရိပ်လေးကိုတွေ့လိုက်ရသောကြောင့် ဖုန်းယောက်ချင်း၏ အင်္ကျီစကိုလှမ်းဆွဲကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "မေမေကြည့်ပါဦး....အဲဒါမမစုမလား....မမလည်းဒီနေ့လူရွေးပွဲကိုလာတာထင်တယ်"။


ထွက်နှုတ်ဆက်ရန်စိတ်အားထက်သန်နေသည့် သူ(မ)၏သမီးကို ဖုန်းယောက်ချင်းလှမ်းတားလိုက်သည်။ "ဆွေ့ဆွေ့....သမီးရဲ့မမစုက လူရွေးပွဲသွားပြိုင်ရမှာလေ...သူအရမ်းအလုပ်ရှုပ်နေမှာပေါ့....နောက်တစ်ခါကျမှ သွားနှုတ်ဆက်ကြမယ်လေ"။


"ဟုတ်မေမေ....လူရွေးပွဲပြီးသွားမှ....ဝီချတ်ကနေ မမစုကိုသွားစကားပြောတော့မယ်"။ သူ(မ)၏ကိုယ်ပိုင်အတွေးလေးနှင့်ကုဆွေ့ဆွေ့တစ်ယောက် အပျော်ကြီးပျော်နေမိသည်။


တစ်ကယ်တမ်း ဓာတ်လှေကားထဲတွင် မတ်တပ်ရပ်နေသည့် ဖုန်းယောက်ချင်းနှင့်ကုဆွေ့ဆွေ့ကို စုယွီချင်းတွေ့လိုက်ပါသည်။ သို့သော် တစ်ချက်မှလှည့်မကြည့်ပဲ ထိုသားအမိနှစ်ဦးကိုသူ(မ)မမြင်မိသလို ဆက်လျှောက်သွားလိုက်သည်။ မဟုတ်လျှင် ကုဆွေ့ဆွေ့က ရှုပ်ရှပ်ရှပ်ရှပ် သူ(မ)ကို လာနှုတ်ဆက်နေပေဦးမည်။ ယခုအချိန်တွင် ထိုကလေးမလေးနှင့်သူ(မ)မျက်နှာချင်းမဆိုင်ချင်သေးပေ။


ရုပ်ရှင်ရိုက်ကူးရန် ကျောင်းမှခွင့်ယူခဲ့ခြင်း


ကြောင့် သူ(မ)တို့သားအဖနှစ်ဦး စကားများထားကြသည်။ ထို့ကြောင့် သူ(မ)လည်းတစ်ပတ်ခန့်အိမ်မပြန်ပဲ အဒေါ်လန်ချူဝန်၏အိမ်တွင်သာ လိုက်နေခဲ့သည်။ ရိုက်ကွင်းသွားသည့်အချိန်တိုင်း အဒေါ်ဖြစ်သူကသာသူ(မ)အား နေ့တိုင်းအကြိုအပို့လုပ်ပေးခဲ့သည်။


သူ(မ)၏ဖခင်ဖြစ်သူနှင့် ထိုနေ့ညက အပြင်းအထန် အချင်းများခဲ့ကြသည်။ သို့သော် စုယွီချင်းက အခြေအနေကိုပိုမဆိုးစေလိုသောကြောင့် သူ(မ)၏အမှားကို ဦးစွာဝန်ခံခဲ့သည်။ ဖခင်ဖြစ်သူ၏ အမူအရာက ယခင်ဘဝတွင် သူ(မ)အားစွပ်စွဲခဲ့သည့်အချိန်ကနှင့်တစ်ပုံစံထဲဖြစ်သည်။ ထိုစဥ်ကနှင့်တစ်ခုတည်းသော ခြားနားချက်မှာ မီးလောင်ရာလေပင့်ပေးတတ်သည့် မိထွေးဖြစ်သူဖုန်းယောက်ချင်းက ဘေးတွင်ရှိမနေခြင်းဖြစ်သည်။


သူ(မ)၏ဖခင်ဖြစ်သူ စုယွိင်လုံက အတိတ်ဘဝတုန်းကအတိုင်း မပြောင်းမလဲပင်ဖြစ်သည်။ သူ(မ)နှင့်ကုဆွေ့ဆွေ့ နှစ်ယောက်လုံးက အနုပညာလောကထဲသို့ဝင်ချင်သည်။ ဖခင်ဖြစ်သူက ကုဆွေ့ဆွေ့ကိုအမြဲတမ်းထောက်ပံ့ပေးသည်။ ကုဆွေ့ဆွေ့၏ ရုပ်ရှင်ဇာတ်ကားများနှင့် ဇာတ်လမ်းတွဲများထုတ်လွှင့်ပြသသည့်အချိန်တိုင်း ဖခင်ဖြစ်သူနှင့်မိထွေးဖုန်းယောက်ချင်းတို့က တီဗွီရှေ့တွင်ထိုင်အားပေးတတ်ကြသည်။ ရုပ်ရှင်ရုံတစ်ရုံလုံးကိုပင် စင်းလုံးဌားပစ်ခဲ့သည်။


သို့သော် သမီးအရင်းဖြစ်သော သူ(မ)က အင်ပါယာရုပ်ရှင်အကယ်ဒမီကျောင်းတက်ချင်သည်ဟုခွင့်တောင်းရာတွင် အကြီးအကျယ်ပြဿနာတက်ခဲ့သည်။ တစ်နှစ်ကျော်ကျော်ခန့် သူ(မ)တို့သားအဖနှစ်ဦးကြား သွေးအေးနေခဲ့ပြီး ထို့နောက်မှ တဖြေးဖြေးလျှော့လာခဲ့ကြခြင်းဖြစ်သည်။


အင်ပါယာရုပ်ရှင်အကယ်ဒမီသို့တက်ရောက်လိုခြင်းမှာ သူ(မ)အနေဖြင့် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်လိုသောကြောင့်မဟုတ်ပေ။ သူ(မ) ကုဆွေ့ဆွေ့ကိုမနာလိုဖြစ်မိသောကြောင့်ပင်။ ကုဆွေ့ဆွေ့က စုယွိင်လုံ၏သမီးဖြစ်သူဟု သိလိုက်သည်နှင့် အမျိုးအဆွေများနှင့်သူငယ်ချင်းအပေါင်းအသင်းများက မိသားစုတွေ့ဆုံပွဲများတွင် မျက်နှာချိုသွေးကာ ကုဆွေ့ဆွေ့၏လက်မှတ်များလာတောင်းတတ်ကြသည်။ လူတိုင်းကလည်း ထိုကလေးမလေးကိုဖူးဖူးမှုတ်ချစ်ခင်ကြပြီး သွေးသားရင်းချာဖြစ်


သည့် သူ(မ)ကိုမူလျစ်လျူရှူထားကြသည်။


ပထမအကြိမ်ပြန်လည်မွေးဖွားခြင်းတွင် စုယွီချင်း ထိုကိစ္စများကိုဂရုမစိုက်သလိုနေခဲ့သော်လည်း သူ(မ)၏ဖခင်အရင်းဖြစ်သူအပေါ် မကျေမချမ်းဖြစ်နေခဲ့သည်ကို တဖြေးဖြေးသဘောပေါက်နားလည်ခဲ့ရသည်။


ဤသို့သော မကောင်းသည့်ခံစားချက်များက သူ(မ)၏စိတ်ထဲတွင် အချိန်ကြာမြင့်စွာကိန်းအောင်းအမြစ်တွယ်နေခဲ့သည်။ တစ်ချက်ထိလိုက်မိသည်နှင့် တာကျိုးသလိုကျိုးထွက်သွားနိုင်သော မျိုသိပ်ထားရသည့်ခံစားချက်မျိုးဖြစ်သည်။ ပြန်တွေးလိုက်တိုင်း ရင်ထဲတွင် တဆစ်ဆစ်နှင့်နာကျင်လာသည်။


နောက်တစ်ပတ်ထဲတွင်လည်း သူ(မ)အိမ်ပြန်ဖြစ်ဦးမည်မဟုတ်ပေ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူ(မ)ကိုယ်တိုင်လိပ်ပြာမလုံဖြစ်ကာ ဖခင်ဖြစ်သူကို မျက်နှာချင်းဆိုင်ရန်ကြောက်ရွံ့နေမိသည်။


Xxxxxxxxx