အပိုင်း ၅၇
Viewers 15k

Chapter 57


"မေမေ့ရဲ့သမီးလေးက....တစ်နေ့တစ်ခြားပိုပိုပြီး တော်လာတာပဲ....စာလုံးအသစ်တွေကိုလည်း မြန်မြန်တတ်တယ်"။


ဧည့်ခန်းထဲတွင် ကုဆွေ့ဆွေ့နှင့်ဖုန်းယောက်ချင်းတို့ အတူတူထိုင်နေကြပြီး စားပွဲပေါ်တွင်လည်း ကတ်ပေါင်းများစွာရှိနေသည်။ ကတ်ပေါင်းတစ်ရာခန့်ဖြစ်ပေလိမ့်မည်။ ကတ်တစ်ကတ်ချင်းစီတွင် ဝေါဟာရစာလုံးတစ်လုံးစီရေးထားပေးသည်။ ကုဆွေ့ဆွေ့က နှစ်ရက်အတွင်း ထိုစာလုံးအားလုံးကို သင်ယူနိုင်ခဲ့သည်။


တစ်ကယ်တမ်းတွင် ကုဆွေ့ဆွေ့က စာပေတတ်မြောက်သူဖြစ်သည်။ စာအုပ်များဖတ်ရှုရာတွင်လည်း အခက်အခဲမရှိပေ။ တီဗွီမှထုတ်


လွှင့်သည့် ရုပ်သံဇာတ်လမ်းတွဲများကိုလည်း စာတန်းထိုးပါမလွှတ်တမ်းကြည့်နိုင်ခဲ့သည်။ သို့သော် ဖုန်းယောက်ချင်းက ဆွေ့ဆွေ့တစ်ယောက် တီဗွီကြည့်ရင်းအသံနှင့်ရုပ်သာကြည့်နိုင်သည်ဟုထင်နေသည်။ ထို့အပြင် ကုဆွေ့ဆွေ့က သင်သမျှကိုအလျင်အမြန်တတ်မြောက်နိုင်သည့် စွမ်းရည်ရှိသည်။ တစ်ခါသင်လိုက်သည်


နှင့် မှတ်မိလွယ်သောကလေးမျိုးလည်းဖြစ်သည်။


ဖုန်းယောက်ချင်းက ပထမတန်းအရွယ်နှင့်ညီမျှသည့် တရုတ်စာလုံးကတ်လေးများကိုဝယ်ပြီး ဆွေ့ဆွေ့အားစာဖတ်နိုင်ရုံမျှသာ သင်ပေးမည်ဟုရည်ရွယ်ခဲ့သည်။ သို့သော် သူ(မ)၏သမီးလေးက သုံးလေးခေါက်လောက်သင်ပြလိုက်ရုံမျှဖြင့် ဖတ်တတ်သွားရုံသာမက ရေးပါရေးတတ်သွားသည်။ အစပိုင်းတွင် ဆွေ့ဆွေ့က ရုပ်ရှင်အနုပညာအသိုင်းအဝိုင်းထဲတွင် ငယ်ငယ်ရွယ်ရွယ်နှင့်ကျင်လည်ခဲ့သောကြောင့် ထက်မြက်ပြီးရင့်ကျက်သည်ဟု ဖုန်းယောက်ချင်းထင်ခဲ့သော်လည်း ဆွေ့ဆွေ့ကစာပေဘက်တွင် အခြားကလေးများထက်ပင် ထူးချွန်နေသေးသည်။


သူ(မ)က မိသားစုစားဝတ်နေရေးအတွက် အမြဲတမ်းပိုက်ဆံရှာပြီး အလုပ်ရှုပ်နေခဲ့သောကြောင့် ဆွေ့ဆွေ့အားစာသင်ပေးရန် အချိန်မပေးနိုင်ခဲ့ပေ။ အလုပ်တစ်ဖက်နှင့်သူ(မ)က ကလေးငယ်၏ပညာရေးကို အာရုံမထားမိခဲ့ချေ။ 


ထို့ကြောင့် ယခင်သူ(မ)အလုပ်လုပ်နေသည့် စတိုးဆိုင်မှ အလုပ်ထွက်လိုက်ပြီး သမီးလေးကိုပညာအရာတွင်နောက်မကျစေရန် တတ်နိုင်သလောက် ကြိုးစားပြီးစာသင်ပေးသည်။ အနုပညာဘက်တွင်ရော စာပေဘက်တွင်ပါ ထူးချွန်သည့် သမီးဖြစ်သူကို ဖုန်းယောက်ချင်းလှိုက်လှိုက်လှဲလှဲဂုဏ်ယူနေမိသည်။


ကုဆွေ့ဆွေ့က ချင်းဖျော်ဖြေရေးနှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်သည်။ ကိုယ်စားလှယ်ဖြစ်သည့် လုယွင်ကျီက ဆွေ့ဆွေ့အားပိုက်ဆံရှာ


သည့်ပစ္စည်းကိရိယာတစ်ခုအဖြစ်မမြင်သလို ဖိအားပေးခြင်းလည်းမရှိပေ။ သို့သော် အလားအလာရှိသည့်အနုပညာရှင်တစ်ယောက်အနေနှင့် လုပ်သင့်လုပ်ထိုက်သောအရာများကို တွန်းအားပေးတတ်သည်။ ပနုပညာအလုပ်များလုပ်ကိုင်ရသည့်အပြင်စာလေ့လာရသည့်အတွက် တဖြေးဖြေးအရွယ်ရောက်လာသည်နှင့်အမျှ ဆွေ့ဆွေ့လေး စိတ်ပန်းလူပန်းဖြစ်မည်ကို ဖုန်းယောက်ချင်းစိုးရိမ်နေမိသည်။ သို့သော် ယခုလက်ရှိအခြေအနေအရစာလိုက်နိုင်သောကြောင့် ဖိအားများနေလိမ့်မည်မဟုတ်ပေ။


စာလေ့လာခြင်းက ဦးနှောက်ကိုအလုပ်ပေးခြင်းအပြင် အနားပေးဖို့ပါလိုအပ်သည်။ ထို့ကြောင့် သင်ခန်းစာတစ်ခန်းသင်ပြီးသွားချိန်တွင် ဖုန်းယောက်ချင်းက သူ(မ)၏သမီးအား အိမ်အောက်ထပ်သို့ခေါ်သွားကာ လေ့ကျင့်ခန်းအနည်းငယ်လုပ်စေသည်။ ထို့နောက် ရပ်ကွက်ထဲမှအသီးအနှံအချို့ကိုဝယ်ကာ အိမ်ပြန်လာခဲ့သည်။


မနေ့က လူရွေးပွဲပြီးနောက် ဆွေ့ဆွေ့လူရွေးပွဲအောင်သွားကြောင်း ဖုန်းယောက်ချင်းသိခဲ့ရသည်။ သူ(မ)စိတ်များအနည်းငယ်ရှုပ်ထွေးနေသည်။ ပျော်ရွှင်ရမည်လား။ စိတ်ပျက်ရမည်လား သူ(မ)မသိပေ။


ဇာတ်ညွှန်းထဲရှိ ကျောက်ရှောင်ယွဲ့၏ဇာတ်ကောင်က စိတ်ကျေနပ်စရာကောင်းလှသည်တော့မဟုတ်။ သို့သော် ဒါရိုက်တာ


လုကျင်းဟွီက နာမည်ကြီးဒါရိုက်တာတစ်ဦးဖြစ်သည်။ သူရိုက်ကူးသည့် ဇာတ်လမ်းတွဲထဲတွင် အသေးအဖွဲဇာတ်ကောင်နေရာတွင် ပါဝင်ရလျှင်ပင် ဆွေ့ဆွေ့အတွက်ကြီးမားသည့်အခွင့်အရေးတစ်ခုဖြစ်သည်။ ဤအခွင့်အရေးကြီးက အနာဂတ်တွင်ထပ်မရှိလာနိုင်သော အခွင့်ကောင်းဖြစ်သည်။


ထိုအကြောင်းကိုစဥ်းစားပြီးနောက် ဖုန်းယောက်ချင်းတစ်ယောက် လုယွင်ကျီအားယုံကြည်ရန်ဆုံးဖြတ်လိုက်သည်။ လုယွင်ကျီက ထူးချွန်ပြောင်မြောက်ပြီး အလွန်နာမည်ကြီးသည့်အနုပညာရှင်ပေါင်းမြောက်မြားစွာကို မွေးထုတ်ပေးခဲ့သည့် အရည်အချင်းရှိသောကိုယ်စားလှယ်တစ်ယောက်ဖြစ်သည်။ ဆွေ့ဆွေ့အား ကျောက်ရှောင်ယွဲ့ဇာတ်ကောင်နေရာကို လူရွေးပွဲဝင်ပြိုင်ခိုင်းသည်မှာ အကြောင်းရှိသောကြောင့်ဖြစ်ပေလိမ့်မည်။


နောက်တစ်နေ့တွင် ထုတ်လုပ်ရေးအဖွဲ့နှင့်စာချုပ်ချုပ်ရန် ဖုန်းယောက်ချင်းလည်းဆွေ့ဆွေ့ကိုအတူခေါ်သွားလိုက်သည်။ ဒါရိုက်တယလုကျင်းဟွီရိုက်ကူးမည့် ဤဇာတ်လမ်းတွဲ၏သရုပ်ဆောင်ကြေးက သိပ်မများလှချေ။ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကြောင့် ဆွေ့ဆွေ့ကနာမည်ရနေပြီဖြစ်သော ကလေးသရုပ်ဆောင်


တစ်ဦးဟုဆိုနိုင်သည်။ သို့သော် ဤတစ်ခေါက် သရုပ်ဆောင်ကြေးက အလွန်နည်းလွန်းသည်။ ယွမ်လေးသောင်းမျှသာဖြစ်သည်။


စာချုပ်ပါအတိုင်းဆိုလျှင် ကုမ္ပဏီကခုနစ်ဆယ်ရာခိုင်နှုန်းကိုအကျိုးအမြတ်ယူကာ ကိုယ်စားလှယ်လုယွင်ကျီကို ဆယ်ရာခိုင်နှုန်းပေးရမည်ဖြစ်သည်။ နောက်တစ်နည်းဖြင့်ပြောရလျှင် ဆွေ့ဆွေ့အတွက်သရုပ်ဆောင်ကြေးထဲမှ နှစ်ဆယ်ရာခိုင်နှုန်းသာကျန်သည်။ အခွန်မဆောင်ရသေးလျှင် ယွမ်လေးသောင်းမှသူ(မ)တို့အတွက် ယွမ်ရှစ်ထောင်သာကျန်မည်ဖြစ်သည်။ ဆွေ့ဆွေ့၏လက်ထောက်ကိုလည်း တစ်လယွမ်တစ်သောင်းပေးရဦးမည်။ အိမ်ပိုင်သာမရှိလျှင် ဤပုံအတိုင်းသာဆိုလျှင် သူ(မ)တို့သားအမိလမ်းပေါ်တွင်ထွက်နေရတော့မည်ဖြစ်သည်။


သုံးနှစ်အရွယ်သာရှိသေးသော ကလေးငယ်ကုဆွေ့ဆွေ့အပေါ် ဝန်မပိစေလိုသည့်အတွက် အစီအစဥ်ရိုက်ကူးခြင်းမှလွဲ၍ အခြားအလုပ်များကို လုယွင်ကျီမပေးထားပေ။ ဤအချိန်တွင် သူ(မ)အတွက်အရေးအကြီးဆုံးအလုပ်မှာ "လမ်းကြားလေး" ဇာတ်လမ်းတွဲ၏ဇာတ်ညွှန်းကို လေ့လာရန်သာဖြစ်သည်။


ဇွန်လဆယ့်လေးရက်နေ့တွင် "ssling" မဂ္ဂဇင်းမှ ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့၏ မဂ္ဂဇင်းမျက်နှာဖုံးပုံကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ထုတ်ဝေလိုက်သည်။


ထိုမဂ္ဂဇင်းက တရုတ်နိုင်ငံ၏ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းငါးခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဖက်ရှင်လောကက ရုပ်ရှင်လောကနှင့်များစွာခြားနားသည်။ ရုပ်ရှင်အသိုင်းအဝိုင်းထဲတွင် အကျော်အမော်တစ်ယောက်ဖြစ်တိုင်း ဖက်ရှင်အသိုင်းအဝိုင်းက အရေးပေးဆက်ဆံလေ့မရှိပေ။ ဖက်ရှင်အမြင်ရှိပြီး မော်ဒယ်တစ်ယောက်ကဲ့သို့အသွင်အပြင်ရှိသည့် သရုပ်ဆောင်များကိုသာ ဖက်ရှင်နယ်ပယ်ထဲတွင် ခြေဆန့်ခွင့်ပေးခြင်းဖြစ်သည်။ 


"ssling" မဂ္ဂဇင်းတွင် မျက်နှာဖုံးအဖြစ်ဖော်ပြခြင်းခံရသူများမှာ စူပါမော်ဒယ်အဖြင့်အရည်အချင်းပြည့်မှီသည့် သရုပ်ဆောင်များနှင့်အဆိုတော်များဖြစ်သည်။ အနုပညာနယ်ပယ်ထဲတွင် တက်သစ်စလေးဖြစ်သည့် ကလေးသရုပ်ဆောင် ကုဆွေ့ဆွေ့က ဤသို့သောအရှိန်အဝါကြီးမားသည့် မဂ္ဂဇင်းတွင်မျက်နှာဖုံးအဖြစ်ပါဝင်နိုင်ခြင်းမှာ နိုင်ငံတစ်ဝန်းလုံးတွင် ဟိုးလေးတကျော်ဖြစ်နေသည့် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင်ပါဝင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ထို့အပြင် ခဲ့ကျင်းယန်ကလည်း တရုတ်တစ်ပြည်လုံးရှိ ပရိသတ်များ၏တစ်ခဲနက်အားပေးမှုကို ရရှိထားသော အနုပညာရှင်တစ်ယောက်ပင်။ သူတို့နှစ်ဦးလုံးက မော်ဒယ်တစ်ယောက်ကဲ့သို့ မျက်နှာအနေအထား ခန္ဓာကိုယ်အချိုးအစားများရှိကာ အတွဲအစပ်မိလွန်းလှသည်။


မဂ္ဂဇင်းများစတင်ထုတ်ဝေလိုက်သည်နှင့် ဆိုင်တိုင်းတွင် ပစ္စည်းပြတ်လပ်သည်အထိ ရောင်းရတော့သည်။ ပရိသတ်များက တစ်ယောက်ကို တစ်စောင်မကဝယ်ယူအားပေးကြသည်။ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ လွှမ်းမိုးသက်ရောက်မှုက ကြောက်ခမန်းလိလိပင်ဖြစ်သည်။