အပိုင်း ၅၈
Viewers 15k

Chapter 58


စန်းဟုန်တစ်ယောက် ခြေတစ်လှမ်းနောက်ကျသွားသောကြောင့် မြို့တော်တွင်းရှိ စာအုပ်ဆိုင်များနှင့် သတင်းစာအရောင်းဆိုင်များတွင် "ssling" မဂ္ဂဇင်းများရောင်းချနေသည်ကိုတွေ့ခဲ့သော်လည်း သူမဝယ်နိုင်ခဲ့ပေ။ ရှိသမျှမဂ္ဂဇင်းအားလုံး တစ်အုပ်မကျန်ရောင်းထွက်သွားပြီဖြစ်သည်။


စန်းဟုန်လည်း "ssling" ဝက်ဘ်ဆိုက်များထဲတွင်ပါ ဝင်ရောက်မွှေနှောက်ကြည့်သော်လည်း တစ်မြို့လုံးရှိ စာအုပ်ဆိုင်တိုင်းတွင် တစ်အုပ်မှမကျန်တော့သည်ကို မျက်ဝါးထင်ထင်တွေ့လိုက်ရသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူလွီလီကိုအမြန်ဆက်သွယ်လိုက်သည်။ "လွီလီ....နင့်မှာတစ်အုပ်လောက်ရှိသေးလား....ကော်ပီပဲဖြစ်ဖြစ်ကွာ....တစ်အုပ်လောက်ပေးလေနော်....ငါနင့်ကိုညစာဝယ်ကျွေးပါ့မယ်....မဟုတ်ဘူး....ဒီတစ်လလုံး နေ့လည်စာအလကားကျွေးမယ်"။


"စန်းဟုန်ရေ....ငါနင့်ကိုမပေးချင်တာတော့မဟုတ်ဘူး....ဒါပေမဲ့ ငါ့မှာတောင်ကော်ပီတစ်အုပ်ပဲရှိတာ"။


လွီလီ၏စကားကြောင့် စန်းဟုန်ထိတ်လန့်သွားသည်။ "မဂ္ဂဇင်းတိုင်းကို....နင်အမြဲတမ်းကော်ပီတွေအများကြီးဝယ်နေကျမဟုတ်ဘူးလား"။ စန်းဟုန်အမှတ်မမှားလျှင် လွီလီက သူ(မ)ကြိုက်နှစ်သက်သည့် အနုပညာရှင်များပါသည့် မဂ္ဂဇင်းစာအုပ်များကို အနည်းဆုံးကော်ပီဆယ်အုပ်ခန့်ဝယ်ယူတတ်သောသူဖြစ်သည်။ သို့သော် ဤတစ်ခေါက်တွင်မူ အဘယ်ကြောင့်များ တစ်အုပ်သာဝယ်ခဲ့ပါသနည်း။


"အဲဒါက....ပြောရမယ်ဆို....အရှည်ကြီးပဲ"။ လွီလီက အစပိုင်းတွင် "ssling" မဂ္ဂဇင်းကို ကောပီဆယ်အုပ်ခန့်ဝယ်ရန်စီစဥ်ထားသော်လည်း ဝက်ဘ်ဆိုက်တွင် ဖောင်ဖြည့်သည့်အခါ သုညတစ်လုံးမေ့ကျန်ခဲ့သောကြောင့် ဆယ်အုပ်မရလာပဲ တစ်အုပ်သာရလာခဲ့သည်။ ထို့ကြောင့် နောက်ထပ်မဂ္ဂဇင်းစာအုပ်များထပ်မှာရန် သွားကြည့်ရာတွင် အားလုံးရောင်းထွက်သွားနှင့်ပြီဖြစ်ကြောင်းသိလိုက်ရသည်။ လွီလီကိုယ်တိုင်လည်း ဂဏန်းမှားဖြည့်ခဲ့မိသည့် သူ(မ)ကိုယ်သူ(မ)စိတ်ပျက်နေမိသည်။


စန်းဟုန်တစ်ယောက် ဆွေ့ဆွေ့၏မျက်နှာဖုံးမဂ္ဂဇင်းကိုဝယ်ယူအားပေးမည့်သူသိပ်မရှိနိုင်ဟုထင်ခဲ့မိပြီး သတိလက်လွတ်နေခဲ့သည်။ "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးကြောင့် ကုဆွေ့ဆွေ့က လတ်တလောတွင် ပရိသတ်များ၏စိတ်ဝင်စားမှုကို ရရှိထားကာ တစ်ခဲနက်အားပေးမှုကိုလည်းရရှိထားသည်။ ထို့အပြင် ခဲ့ကျင်းယန်ကလည်း ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်အင်အားတောင့်သည်။ ထိုအချက်များကို သူ(မ)မေ့လျော့နေခဲ့ခြင်းဖြစ်သည်။


ထို့အပြင် ခဲ့ကျင်းယန်၏ပရိသတ်များက အားပေးကြမ်းလွန်းသူများဖြစ်သည်။ သူတို့ကိုသွားယှဥ်၍မရပေ။ ခဲ့ကျင်းယန်၏တစ်ကိုယ်တော်ဖျော်ဖြေပွဲလက်မှတ်များဝယ်ယူတိုင်း လက်မှတ်မကုန်ခင်ဝယ်ယူနိုင်အောင် သူတို့၏လက်အရှိန်များကို မြန်နိုင်သမျှမြန်မြန် လေ့ကျင့်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဤတစ်ခေါက်တွင်လည်း မဂ္ဂဇင်းများကိုစတင်ထုတ်ဝေလိုက်သည်နှင့် လက်သွက်လွန်းသည့် ခဲ့ကျင်းယန်ပရိသတ်များက လက်ဦးသွားနှင့်ပြီဖြစ်သည်။


ဇွန်လထွက်မဂ္ဂဇင်းကို စုစုပေါင်းအုပ်ရေတစ်သိန်းပုံနှိပ်ထုတ်ဝေခဲ့ပြီး ကော်ပီများကြောင့် ထိုအရေအတွက်၏နှစ်ဆခန့်ရောင်းထွက်သွားသည်။ ခဲ့ကျင်းယန်၏ပထမဆုံး မဂ္ဂဇင်းမျက်နှာဖုံးဖြစ်သောကြောင့် ပရိသတ်အတော်များများက ဝယ်ယူအားပေးကြပြီး နောက်ထပ်ကော်ပီအအုပ်ရေ တစ်သိန်းခန့်အထူးတလှယ်ထပ်ထုတ်ပေးရသည်။


"အား....မဂ္ဂဇင်းထဲက ပုံတွေက.....ရေလည်လန်းတယ်....ငါတစ်အုပ်လောက်ထပ်လိုချင်လို့ သွားကြည့်တာ အားလုံးရောင်းထွက်သွားပြီတဲ့...ဘယ်မှာရနိုင်သေးလဲ တစ်ယောက်ယောက်သိကြလား"။


"ငါတို့ရပ်ကွက်ထဲက စာအုပ်ဆိုင်တွေနဲ့ သတင်းစာဆိုင်တွေအားလုံးလည်း ရောင်းကုန်သွားပြီတဲ့...အဲဒါက ငါးကီလိုမီတာအကွာအဝေးမှာရှိတဲ့ စာအုပ်ဆိုင်ကိုသွားလိုက်ရတယ်....တော်သေးတယ်...သူတို့ဆီမှာ ကော်ပီနှစ်အုပ်လောက်ကျန်သေးလို့....ငါအဲ့နှစ်အုပ်လုံး ငါဝယ်ခဲ့လိုက်တယ်"။


"အပေါ်ကတစ်ယောက်ကိုအားကျလိုက်တာ...ငါဆိုင်တိုင်းမှာလိုက်ရှာတာမတွေ့လို့...တစ်ခြားလူဆီကနေပဲ...စျေးကြီးကြီးနဲ့ပြန်ဝယ်လိုက်ရတယ်"။


"အခုအွန်လိုင်းကနေပြန်ရောင်းနေတဲ့စျေးတွေက တအားကြီးများလွန်းတယ်....နဂိုစျေးနှုန်းက တစ်အုပ်ကိုမှယွမ်ငါးဆယ်ပဲရှိတာ...အခုတစ်


ဆင့်ပြန်ရောင်းတဲ့စျေးတွေက ယွမ်သုံးရာအထိဖြစ်ကုန်ပြီ"။


"အွန်လိုင်းမှာ...တစ်ကယ်ပဲ တစ်ဆင့်ခံပြန်ရောင်းနေတာလား...မူရင်းမဂ္ဂဇင်းအတိုင်းရော ဟုတ်ရဲ့လား"။


"အားလုံးပဲ....အွန်လိုင်းက တစ်ဆင့်ပြန်ရောင်းတာတွေကိုမဝယ်ကြနဲ့နော်....ပိုက်ဆံလည်းပိုကုန်မယ်...ပြီးတော့ ကိုယ့်အိုင်ဒေါအတွက်လည်း ဘာအကျိုးအမြတ်မှမရနိုင်ဘူးနော်"။


"ဒါပေမဲ့....ခင်းန်ရဲ့မဂ္ဂဇင်းပုံလေးတွေကို ငါတကယ်လိုချင်မိတယ်...တစ်အုပ်မှမရလိုက်တာ ငါတော်တော်အသုံးမကျတာပဲ"။


"နောက်ထပ်မဂ္ဂဇင်းစာအုပ်တွေ ပုံနှိပ်ပေးဖို့ ssling မဂ္ဂဇင်းတိုက်ကို ငါတို့အတူတူတောင်းဆိုကြတာပေါ့....သူတို့သာ စာအုပ်ထပ်ထုတ်ပေးရင် ငါတို့လည်း လုဝယ်စရာမလိုတော့ဘူးပေါ့"။


စန်းဟုန်တစ်ယောက် ကုဆွေ့ဆွေ့၏ဖန်ကလပ်ခေါင်းဆောင်ဖြစ်ပါလျက်နှင့် ပထမရိုက်ကူး


သည့် မဂ္ဂဇင်းကိုပင်မဝယ်နိုင်လိုက်သောကြောင့် အပြင်ထွက်ရန်ပင် ရှက်နေမိသည်။ သူ(မ)၏အခြေအနေကို အခြားသူများသာသိလျှင် အရှက်တကွဲအကျိုးနည်းဖြစ်နေပေဦးမည်။


မဂ္ဂဇင်းစာအုပ်ကို သူ(မ)အသည်းအသန်လိုချင်နေမိသော်လည်း တစ်ဆင့်ခံအွန်လိုင်းပေါ်တွင်ပြန်ရောင်းသူများထံမှဝယ်ယူပြီး ဖြတ်လမ်းနဘ်းသို့ လိုက်မည်မဟုတ်ချေ။ ထိုတစ်ဆင့်ခံပြန်ရောင်းသူများက အနုပညာရှင်များကိုအားပေးချစ်ခင်သောကြောင့်မဟုတ်ပေ။ ၎င်းတို့၏ကိုယ်ပိုင်အကျိုးအမြတ်အတွက်ကြောင့်သာ ဤသို့မတော်မတရားစျေးတင်ပြီး ပြန်ရောင်းခြင်းဖြစ်သည်။ မူလစျေးယွမ်ငါးဆယ်ကို ယွမ်သုံးရာအထိစျေးတင်ရောင်းသည်မှာ အတော့်ကိုအရုပ်ဆိုး အကျည်းတန်လွန်းလှသည်။


သို့သော် စန်းဟုန်ကအနုပညာလောကထဲတွင် အချိန်အတော်ကြာကြာ မိတ်ကပ်ဆရာတစ်ဦးအဖြင့် ကျင်လည်ခဲ့ခြင်းကြောင့် အနုပညာအသိုင်းအဝိုင်းတစ်ဝက်နီးပါး သူ(မ)ကိုသိသည်။ ထို့ကြောင့် အတွင်းလူများကိုချက်ချင်းလှမ်းပြီးအကူအညီတောင်းလိုက်ရုံဖြင့် စန်းဟုန်လက်ထဲသို့ "ssling" မဂ္ဂဇင်းကော်ပီနှစ်အုပ်ရောက်လာသည်။ မဂ္ဂဇင်းလက်ထဲရောက်လာသည့်အခိုက်အတန့်တွင် စန်းဟုန်အလွန်စိတ်လှုပ်ရှားပျော်ရွှင်နေမိသည်။


အွန်လိုင်းပေါ်တွင်ကြည့်ရသည့်ပုံများထက် စာအုပ်အစစ်ကို လက်ဝယ်ရထားခြင်းက လုံးဝကွာခြားသည်။ ထိုခံစားချက်ကို သူ(မ)တို့လို ပရိသတ်စစ်စစ်များသာ သိနိုင်သည်။ ဆွေ့ဆွေ့လေးက လက်ချုပ်ပန်းထိုးဝတ်စုံလေးကိုဝတ်ထားပြီး နတ်သက်ကြွေလာသည့်နတ်သူငယ်ကဲ့သို့ လှပနေသည်။ ဘေးတွင်ရပ်နေသည့် ခဲ့ကျင်းယန်ကလည်း ဆွေ့ဆွေ့၏ဝတ်စုံနှင့်အမှတ်တံဆိပ်တူသော အဖြူရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားကာ ချောမောခန့်ညားသောမျက်နှာနှင့် ပနံသင့်နေသည်။ သူတို့နှစ်ဦး၏ 


စတိုင်လ်က မတူကြသော်လည်း အတူယှဥ်တွဲလိုက်သောအခါ သဟဇာတဖြစ်နေပြန်သည်။


"ssling" မဂ္ဂဇင်း၏ရောင်းအားက လုယွင်ကျီမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွားသည်။ အမှန်အတိုင်းပြောရလျှင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ကို ဖက်ရှင်မဂ္ဂဇင်းရိုက်ပေးရန် 


စီစဥ်ရာတွင် သူအနည်းငယ်စိုးရိမ်ပူပန်ခဲ့ရသည်။


သို့သော် စတူဒီယိုတွင်တကယ့်လက်တွေ့ မျက်နှာဖုံးပုံရိုက်သည့်အချိန်တွင် လုယွင်ကျီ၏စိုးရိမ်ပူပန်မှုတို့ လျော့ကျသွားသည်။ ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့တို့၏ မျက်နှာထားနှင့်အသွင်အပြင်ပုံစံက လူတိုင်း၏အာရုံကိုဖမ်းစားသွားနိုင်သည်။ သို့သော် ဤမျှလောက်ရလဒ်ကောင်းလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


Xxxxxxxxx