အပိုင်း ၅၉
Viewers 15k

Chapter 59


အားလပ်ရက်ရပြီးနောက် လုချီလည်း သူ့အဖိုးအိမ်သို့ပြန်လာခဲ့သည်။


"ဖိုးဖိုး....ကျွန်တော်ဖိုးဖိုးကိုလာတွေ့တာပါ"။ လက်ထဲတွင်လည်း သစ်ကြားသီးပေါင်မုန့်တစ်ဘူးကိုသယ်ထားသေးသည်။ ဇီဇာကြောင်သည့်သူ့အဖိုးက သစ်ကြားသီးကိုမူအလွန်ကြိုက်သောကြောင့် မြို့အရှေ့ခြမ်းသို့ နှစ်နာရီခန့်ကားမောင်းသွားပြီး သစ်ကြားသီးပေါင်မုန့်ကိုသွားဝယ်ပေးရသည်။


လုကျင်းဟွီက ရှေးဆန်သည့်လူကြီးဖြစ်သောကြောင့် အနောက်တိုင်းဆန်ဆန်ဗီလာမျိုးတွင် မနေပဲ သူ့ဇနီးဖြစ်သူနှင့်ကျေးလက်ရှိအိမ်လေးတွင်သာနေထိုင်သည်။ လုချီ၏အသံကိုကြား


သည့်အခါ စားပွဲပေါ်ရှိလက်ဖက်ရည်ကိုတစ်ငုံခန့်သောက်လိုက်ပြီး သြရှရှအသံဖြင့်ပြောလာသည်။ "လုချီ....မြေးဒီနေ့အားတာလား"။


"နောက်တစ်ပတ်ထဲမှ....သားရိုက်ကူးရေးလုပ်ရမှာပါ....အဲဒါကြောင့်မို့ အချိန်ရတုန်း အဖွားနဲ့အဖိုးကို လာတွေ့တာလေ"။ ထို့နောက် လုချီက သူ့လက်ထဲရှိ သစ်ကြားသီးမုန့်ဘူးကိုမြှောက်ပြလိုက်သည်။ "ကြည့်ပါဦး....ဖိုးဖိုးတို့ကြိုက်တဲ့ သစ်ကြားသီးမုန့်ကို ကျွန်တော်မမေ့မလျော့ဝယ်လာပေးတယ်နော်"။


လုကျင်းဟွီလည်း မြေးဖြစ်သူ၏စကားကြောင့် ရယ်လိုက်မိသည်။ "မင်းအဖွားက...မင်းကိုမျှော်နေတာလည်းမပြောနဲ့....မင်းဝယ်လာပေးတဲ့ သစ်ကြားသီးမုန့်ကိုစးချင်နေတာလေ"။


"ဒါနဲ့လေဖိုးဖိုး....လမ်းကြားလေး ဇာတ်လမ်းတွဲအတွက် လူရွေးပြီးပြီလို့ ကျွန်တော်ကြားမိတယ်"။ လုချီ မဝံ့မရဲမေးလိုက်မိသည်။ ဆွေ့ဆွေ့၏ လူရွေးပွဲအခြေအနေကိုသိချင်သောကြောင့် ဖြစ်သည်။


"အင်း...ကုဆွေ့ဆွေ့ဆိုတဲ့ ကလေးမလေးကိုရွေးလိုက်ပြီ....တော်လည်းတော်တယ်...ပြောရင်ပြောသလို ချက်ချင်းနားလည်တယ်....အဲဒါအပြင် သရုပ်ဆောင်နေတုန်းမှာ ဇာတ်ကောင်ရဲ့ခံစားချက်ကိုအပြည့်အဝသရုပ်ဖော်နိုင်လို့ ငါရွေးလိုက်တာ"။


"ဆွေ့ဆွေ့ လုပ်နိုင်မယ်ဆိုတာ ကျွန်တော်သိသားပဲ...."။ အဖိုးဖြစ်သူက ဆွေ့ဆွေ့ကိုချီးကျူးစကားဆိုလာသောကြောင့် သူလည်းထပ်တူထပ်မျှဝမ်းသာမိသည်။


အစပိုင်းတွင် လုချီက ကုဆွေ့ဆွေ့အား အဖိုးဖြစ်သူလုကျင်းဟွီနှင့် မိတ်ဆက်ပေးချင်ခဲ့သည်။ သူ့အဖိုးရိုက်ကူးမည့်ဇာတ်လမ်းတွဲတွင် နေရာတစ်ခုရစေရန် သူမရည်ရွယ်ခဲ့ပေ။ သို့သော် အရည်အချင်းရှိပြီး အလားအလာကောင်းသည့်ထိုကလေးငယ်အား "လမ်းကြားလေး" ဇာတ်လမ်းတွဲတွင် လူရွေးပွဲဝင်ပြိုင်စေလိုသည်မှာ သူ့ဆန္ဒအမှန်ပင်။ ယခုကဲ့သို့ အဖိုးက ဆွေ့ဆွေ့အား ရွေးချယ်လိုက်သည်မှာ သူ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်သကဲ့သို့ဖြစ်သည်။


ကိုယ်စားလှယ်လုကျီယွင်လည်း သူ့အတိုင်းထပ်တူ စဥ်းစားမိပေလိမ့်မည်။ ဆွေ့ဆွေ့နှင့်စာချုပ်ချုပ်ပြီး မကြာမီတွင် လုယွင်ကျီက "လမ်းကြားလေး" ဇာတ်လမ်းတွဲ၏လူရွေးပွဲအား မျက်စိကျနေခဲ့သည်။ အစပိုင်းတွင် ခဲ့ကျင်းယန်အတွက် ဇာတ်ကောင်နေရာရန် စီစဥ်ပေးခဲ့သော်လည်း ဆွေ့ဆွေ့အတွက်ပါ လူရွေးပွဲဝင်ပြိုင်ရန် အခွင့်အရေးပေးခဲ့သည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုး၏တတိယအပိုင်းထုတ်လွှင့်ပြသမည့်ရက်ကို စောင့်မျှော်နေကြရင်း အများစုကထုတ်လွှင့်ခဲ့ပြီးသော ဒုတိယအပိုင်းကိုပြန်လည်ကြည့်ရှုနေကြသည်။


အစီအစဥ်ဒုတိယအပိုင်း၏ရိုက်ကွင်းနေရာမှာ ဖန်ဇီကျေးရွာတွင်ဖြစ်သည်။ ထိုရွာလေးက လူဦးရေကျဲပါးပြီး တိတ်ဆိတ်အေးချမ်းသည့်ရွာလေးဖြစ်သည်။ ရှုခင်းများကလည်း အလွန်လှပသည်။ ဒုတိယအပိုင်း၏ထိပ်ဆုံးဇာတ်ဝင်ခန်းမှာ မနက်စောစောအချိန်ကို နောက်ခံထားသည်။ 


လိမ္မော်ရောင်သန်းနေသည့် သူရိန်နေမင်းကြီးက မိုးကုပ်စက်ဝန်းကိုကျော်လွန်၍ တဖြေးဖြေးထွက်ပေါ်လာပြီး မြူနှင်းများကိုထိုးဖောက်ကာ နေရောင်ပြောက်ကလေးများကျနေသည့် ရွာ၏မြင်ကွင်းက ပန်းချီကားသဖွယ်ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ လုံ့လရှိကြသည့် ရွာသားအချို့က မနက်ခင်းဝေလီဝေလင်းအချိန်တွင်ပင် တောင်တက်လမ်းများပေါ်တွင် နေ့သစ်၏အားမာန်အပြည့်ဖြင့် အလုပ်လုပ်နေကြပြီဖြစ်သည်။ လယ်ယာခြံစိုက်ပစ္စည်းများသယ်လာကြပြီး တစ်ယောက်နှင့်တစ်ယောက် နွေးနွေးထွေးထွေးနှုတ်ဆက်နေကြကာ ငြိမ်းချမ်းသည့် ကျေးလက်လူမှုအသိုင်းအဝိုင်းကို ဖော်ကျူးနေသည်။


သို့သော် တစ်ဖက်တွင်မူ ရိုက်ကူးရေးအဖွဲ့က ဖန်ဇီကျေးရွာသို့ ကိုယ်တိုင်သွားခိုင်းခဲ့သည့် ဧည့်သည်ဆယ်ဦးမှာ စိတ်ချမ်းသာမနေပေ။ အားလုံး၏မျက်နှာများက သုန်မှုန်ပြီးစိတ်ပူနေကြသည်။ အကြင်နာမဲ့လွန်းသည့် ရိုက်ကူးရေးအဖွဲ့က သူတို့နှင့်သူတို့၏အဝတ်အိတ်များကို လမ်းပေါ်တွင်ချထားခဲ့သည်။


ဖန်ဇီကျေးရွာ၏ လမ်းပန်းဆက်သွယ်ရေးက သိပ်မကောင်းပေ။ ရွာထဲသို့ ကားမောင်းပြီးဝင်သွား၍ မရသောကြောင့် တောင်ပေါ်တွင် သူတို့ကိုယ်တိုင် လမ်းဆင်းလျှောက်ရသည်။ လူတစ်


ကိုယ်တည်းလမ်းလျှောက်လျှင် အဆင်ပြေနိုင်သော်လည်း လက်ဆွဲအိတ်များပါသယ်ရမည်ဖြစ်သောကြောင့် ဘယ်လိုမှအဆင်မပြေနေပေ။


"ကလေးတွေကို ဒီမှာခဏစောင့်ခိုင်းပြီး...ငါတို့လူကြီးတွေက လက်ဆွဲအိတ်တွေကို အရင်သယ်သွားကြတာပေါ့"။ ချန်းရီကအကြံပေးလိုက်သည်။


ချွီမင်းရှန်က လက်ဆွဲအိတ်ကြီးများကို ရေတွက်ပြီးပြောလိုက်သည်။ "အိတ်တွေက....သိပ်မများပါဘူး....ဒါပေမဲ့ ဒီကနေရွာအထိဆိုရင်...တော်တော်လေးလမ်းလျှောက်သွားရမှာ....နာရီဝက်လောက်ကြာမယ်ထင်တယ်....ကလေးတွေကိုလည်း ဒီမှာထားခဲ့လို့မဖြစ်ဘူး....နိုင်သလောက်ပဲသယ်ပြီး အကုန်ခေါ်သွားမှဖြစ်မယ်"။


ချွီမင်းရှန်၏စကားကြောင့် ကုဆွေ့ဆွေ့လည်း သူ(မ)၏ ဘဲရုပ်ပုံလက်ဆွဲအိတ်အဝါလေးကိုမလိုက်သည်။ အထဲတွင်ပစ္စည်းများများစားစားမပါသောကြောင့် သိပ်မလေးသော်လည်း သုံးနှစ်အရွယ်ကလေးတစ်ယောက်အဖို့ တောင်တက်လမ်းကြီးကို ထိုအိတ်ဆွဲတက်ရန်မှာ မနိုင်ဝန်ထမ်းသလိုဖြစ်နေသည်။ ထို့ကြောင့် ခဲ့ကျင်းယန်လည်း မနေသာတော့ပဲ သက်ပြင်းချကာ ဆွေ့ဆွေ့အားပြောလိုက်သည်။ "ဆွေ့ဆွေ့....အဲဒီအဝတ်အိတ်....အစ်ကို့ကိုပေး...သယ်ပေးမယ်"။


တောင်တက်လမ်းက အနည်းငယ်ချောနေသည်။ ကုဆွေ့ဆွေ့လည်း ပြုတ်ကျမည်စိုးသောကြောင့် ခြေတံတိုတိုလေးများဖြင့် ဂရုတစိုက်ဆင်းနေသည်။ တုန်တုန်ရီရီနှင့်အတော်လေးခရီးမပေါက်သော ထိုကလေးမလေးအား ခဲ့ကျင်းယန်စိတ်မရှည်နိုင်တော့ပေ။ "ကြောက်နေတယ်ဆိုရင်လည်း...လက်လာတွဲထား....အတူတူဆင်းကြမယ်"။ ထိုသို့ပြောလိုက်မှ ကလေးမလေးက ရွှင်ပြသောအမူအရာဖြင့်ပြောလာသည်။ "ကျေးဇူးပါ.....ပါပါးခဲ့"။


"ဝါး....ငါတို့ရဲ့ခင်းန်ကြီးက နောက်ဆုံးတော့ ကလေးလေးကိုဂရုစိုက်တတ်နေပြီပေါ့...ကြည့်စမ်း....လက်လေးတောင်တွဲထားပေးတာ"။


"ဂုဏ်ယူပါတယ်....အိုင်ဒေါကြီးက ကလေးထိန်းတတ်သွားပြီ"။


"ဟားဟားဟား....ခဲ့ကျင်းယန်တစ်ယောက် ကလေးထိန်းနည်းကို....တိတ်တိတ်လေးသွားသင်ထားတာလား မသိဘူး"။


လူတိုင်းရွာသို့ရောက်သွားကြပြီးနောက် ထုံးဟံအတိုင်း ရိုက်ကူးရေးကာလအတွင်း တည်းခိုနေထိုင်ရမည့်အိမ်ကို ဂိမ်းကစားကာဆုံးဖြတ်ပေးသည်။ သို့သော်အရင်တစ်ခေါက်ကဲ့သို့ "လူနှစ်ယောက် ခြေသုံးချောင်း" ဂိမ်းကိုမကစားတော့ပဲ မဲနှိုက်ခြင်းဖြင့်သာအဆုံးအဖြတ်ပေးသည်။


"အား.....ပထမတစ်ခါတည်းနဲ့ ခင်းန်နဲ့ပေါက်စလေးက အိမ်နံပါတ်ကိုရသွားတာပဲ....တော်သေးတယ် အရင်တစ်ခေါက်လိုမဖြစ်တာ"။


"ဒီတစ်ခေါက်....သူတို့ကံကောင်းသွားတာနေမယ်"။


နေ့လည်စာစားပြီးနောက် မိုးဖွဲဖွဲလေးကျလာကာအေးစိမ့်စိမ့်ဖြစ်နေသည်။ သို့သော် ခဲ့ကျင်းယန်


နှင့်ကုဆွေ့ဆွေ့က ရွာသူကြီး၏အိမ်တွင်ကြက်ပေါက်လေးများကိုအစာကျွေးရန် တာဝန်ကျသည်။


ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အား အနေရခက်စွာဖြင့် မိုးကာအင်္ကျီဝတ်ပေးလိုက်သည်။ တတွတ်တွတ်ပြောနေသည့် ဝန်ထမ်းများကြောင့် ခဲ့ကျင်းယန်တစ်ယောက် ကုဆွေ့ဆွေ့အားမခေါ်ချင်ပဲခေါ်လာလိုက်ရသည်။ အဖြူရောင်တီရှပ်လေးနှင့်ကာကီရောင်စတိုင်ပန်လေးကို ပေါ့ပေါ့ပါးပါးဝတ်ထားသည့် ခဲ့ကျင်းယန်လည်း မိုးရေမစိုစေရန်အကြည်ရောင်မိုးကာအင်္ကျီကောက်ဝတ်လိုက်သည်။ လက်ချင်းတွဲကာ ကြက်ခြံရှိရာသို့ သွားနေကြသည့် လူငယ်နှစ်ဦးကအလွန်ချစ်စရာကောင်းလှသည်။


ကြက်ခြံသို့ရောက်သည့်အချိန်တွင် ကုဆွေ့ဆွေ့က တစ်စက်ကလေးမှအငြိမ်မနေပေ။ အစပိုင်းတွင် ကြက်ပေါက်ကလေးများနှင့် မမောနိုင်မပန်းနိုင် ပြေးတမ်းလိုက်တမ်းကစားနေသေးသည်။ သို့သော် သူ(မ)ကြာကြာမပျော်လိုက်ရပေ။ အနီရောင်အမောက်ကြီးနှင့်ကြက်ဖတစ်ကောင်က ဘယ်ကနေမှန်းမသိ ရုတ်တရက်ထွက်လာပြီး ကုဆွေ့ဆွေ့အားလိုက်ခွပ်တော့သည်။


ခဲ့ကျင်းယန်က အရှေ့မှပိတ်ထားသောကြောင့် ဆက်မလိုက်တော့သော်လည်း ကုဆွေ့ဆွေ့က ကြက်ကြီးကို အသံပေးကာခြောက်လှန့်လိုက်သည်။ ထို့ကြောင့် ရန်စသလိုဖြစ်သွားကာ အတောင်ပံတဖျပ်ဖျပ်ခတ်ရင်း ဆွေ့ဆွေ့၏ခြေသလုံးကို နှုတ်သီးဖြင့်ဆိတ်လိုက်တော့သည်။


ကြက်ဆိတ်ခံရ၍ အသည်းအသန်ငိုချလာသော ကလေးမလေးကို ခဲ့ကျင်းယန်ကလက်တစ်ဖက်ဖြင့်ပွေ့ကာ ချော့မော့ရင်း ထိုကြက်ဖကြီးကို စွပ်ပြုတ်လုပ်သောက်ပစ်မည်ဟုပြောလိုက်သည်။


"အဟား....ငါရယ်ရလွန်းလို့...အူတက်ပြီးသေတော့မယ်"။


"ကြက်ကိုသနားလိုက်တာဟယ်....ဒီနှစ်ယောက်နဲ့တော့ခက်ပြီ...."။


"ကြက်ဘီလိုက်ခ်: ငါဘာများမှားလို့လဲ"။


သို့သော် ကြက်စွပ်ပြုတ်လုပ်သောက်မည့် ခဲ့ကျင်းယန်၏စိတ်ကူးတို့ ရိုက်ကူးရေးအဖွဲ့


ကြောင့် ရေစုန်မျောသွားရသည်။ ထို့ကြောင့် လင်းယိုနှင့်အတူ ငါးသွားဖမ်းရန်သာဆုံးဖြတ်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ငါးများကိုခြင်းတောင်းအပြည့်ရလာသည်။


ငါးဖမ်းထားသော်လည်း လင်းယိုနှင့်ခဲ့ကျင်းယန်တို့နှစ်ဦးစလုံး ဟင်းမချက်တတ်ကြပေ။ ထို့ကြောင့် ချွီမင်းရှန်ဆီသို့သွားပြီး ညစာအတွက်ချက်ပြုတ်ပေးရန်အကူအညီတောင်းရတော့သည်။ ထိုအချိန်တွင် ငမွှေထိုးလေးများပြန်ရောက်လာပြီး လင်းတုံတုံ၏လက်ထဲတွင်လည်းဆွေ့ဆွေ့အား နှုတ်သီးဖြင့်ခွပ်လိုက်သည့် ကြက်ဖကြီးပါလာသည်။ မထူးတော့သည်နှင့် ထိုကြက်ဖကိုလည်း ချတ်ပြုတ်ရန်ပြင်ဆင်လိုက်ရတော့သည်။


ဧည့်သည်အနုပညာရှင်တိုင်း ချွီမင်းရှန်၏အိမ်တွင် လာစုပြီး ဝိုင်းကူချက်ကြသည်။ စကားတပြောပြောဖြင့် မီးဖိုချောင်တွင် ကူကပ်လုပ်ကိုင်ကြသည့် ထိုဇာတ်ဝင်ခန်းကအလွန်အသက်ဝင်လှသည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအ


စဥ်၏ဒုတိယအပိုင်းကို ထုတ်လွှင့်ပြသပြီးနောက်


ကြည့်ရှုနှုန်းက ပထမအပိုင်းထက်ပင် သုံးဆခန့်မြင့်တက်သွားသည်။


Xxxxxxx