အပိုင်း ၆၀
Viewers 15k

Chapter 60


စူပါမားကတ်တွင်....


"မေမေ....သမီး ဒါလေးတစ်ထုပ်လိုချင်တယ်"။ ကုဆွေ့ဆွေ့က ခြေဖျားလေးထောက်ကာ စင်ပေါ်ရှိ အာလူးကြော်ထုပ်ကိုလှမ်းယူလိုက်သည်။ 


ဆွေ့ဆွေ့ကိုကြည့်ရင်း ဖုန်းယောက်ချင်းက ခေါင်းတယမ်းယမ်းနှင့်ပြောလိုက်သည်။ "ဆွေ့ဆွေ့....သမီးက တစ်ခြားအကြော်အလှော်ထုပ်တွေလည်း အများကြီးဝယ်ပြီးပြီလေ....ပြောတော့ တစ်ထုပ်ပဲဝယ်မှာပါဆို....ဒီလိုအကြော်အလှော်တွေအများကြီးစားရင်....ကျန်းမာရေးထိခိုက်လာလိမ့်မယ်"။


ကုဆွေ့ဆွေ့က ခေါင်းလေးကိုအသာအယာစောင်းငဲ့ပြီး မျက်လုံးရွဲကြီးများနှင့်ကြည့်ကာ ချစ်စဖွယ်အမူအရာလေးနှင့်ပြောလာသည်။ "ဟုတ်ကဲ့....မေမေ....သမီးသိပါပြီ"။ ချစ်စဖွယ်ချွဲ့နွှဲ့ပြောလာသော သမီးဖြစ်သူကြောင့် ဖုန်းယောက်ချင်း စိတ်ကြိုက်အလိုလိုက်ချင်မိသည်။ သို့သော် မိခင်တစ်ယောက်ဖြစ်သည့်အတွက် မကောင်းသည်ကို သိလျက်နှင့်ကြိတ်မှိတ်အလိုလိုက်နေ၍မရပေ။ 


ထို့ကြောင့် ဖုန်းယောက်ချင်းလည်း မျက်နှာထားပြန်တည်လိုက်ကာ ပြောလိုက်သည်။ "မရဘူးနော်....ဆွေ့ဆွေ့...သမီးမေမေ့ကိုကတိပေးထားတယ်လေ...စကားနားထောင်မယ်ဆိုပြီးတော့"။


ကုဆွေ့ဆွေ့က အာလူးကြော်ထုပ်ကို တက်းတင်းကြပ်ကြပ်ပိုက်ထားပြီး လုံးဝမလွှတ်ပေးချေ။ ထို့နောက် ဖုန်းယောက်ချင်းအားကြည့်ကာ တည်ကြည်လေးနက်သည့်ဟန်ပန်ဖြင့်ပြောလာသည်။ "မေမေပဲပြောတယ်လေ....အရသာတစ်ခုကို တစ်ထုပ်ဝယ်ဆို...ဒီမှာကြည့်....အာလူးကြော် နှစ်ထုပ်ကအရသာမတူဘူး...ဒီဟာလေးက ခရမ်းချဥ်သီးအရသာလေ...မေမေရဲ့"။


အစားအသောက်ဆိုလျှင် မီးဝင်းဝင်းတောက်နေသည့် သူ(မ)သမီးကို ဖုန်းယောက်ချင်းလည်းမနိုင်တော့ပေ။ ထို့ကြောင့် မတတ်နိုင်သည့်အဆုံး လိုက်လျောပေးလိုက်ရတော့သည်။ စင်ပေါ်ရှိ အာလူးကြော်တစ်ထုပ်ကိုဆွဲယူလိုက်ကာ ဆွေ့ဆွေ့အားပေးလိုက်သည်။ "ကဲ....ပြောမရလည်း.....ဝယ်လိုက်တော့...အဲဒါတွေ အများကြီးစားပြီး....ချောင်းဆိုးရင်ကြပ်ဖြစ်ရင်တော့ မေမေရိုက်မှာနော်...ဟုတ်ပြီလား"။


"ရေး....မေမေက အကောင်းဆုံးပဲ"။ လိုချင်တာရသွားသောကြောင့် ဆွေ့ဆွေ့၏မျက်မှာလေးက ပြုံးပျော်လို့နေသည်။


"မစ္စစ်ဖုန်း....ဆွေ့ဆွေ့လေး"။ သားအမိနှစ်ဦးစကားပြောနေကြသည့်အချိန်တွင် ရင်းနှီးနေ


သည့် ယောကျာ်းအသံတစ်သံက အနောက်မှထွက်ပေါ်လာသည်။


ကုဆွေ့ဆွေ့က သူ(မ)တို့ထံဦးတည်လာနေသည့် ထိုအမျိုးသားဆီသို့ပြေးသွားကာ ဆီးကြိုနှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ....ဦးဦးစု"။


စုယွိင်လုံလည်း ဖျတ်လတ်တက်ကြွသော ကလေးငယ်လေးကိုကြည့်ကာ အလိုလိုပြုံးမိသွားသည်။ "ဦးဦးက....ဆွေ့ဆွေ့ကိုမတွေ့တာ...ရက်ပိုင်းလောက်ပဲရှိသေးတယ်....ဆွေ့ဆွေ့ကပိုပိုပြီး လှလာတာပဲ"။


စုယွိင်လုံကို ရုတ်တရက်တွေ့လိုက်ရသော


ကြောင့် ဖုန်းယောက်ချင်းလည်း အံ့သြသွားရသည်။ "မစ္စတာစုက....ဒီကိုဘယ်လိုရောက်နေတာလဲ"။


စုယွိင်လုံက သူ(မ)ကို ပြုံးပြုံးလေးဖြင့်ပြန်ဖြေလာသည်။ "ကျွန်တော်က ဒီအနီးတစ်ဝိုက်မှာနေတာလေ"။


ဤစူပါမားကတ်အနီးတစ်ဝိုက်ရှိ အိမ်စျေးများက တော်ရုံသင့်ရုံမဟုတ်ပေ။ အလွန်စျေးကြီး


သည့်အိမ်များဖြစ်သည်။ ထိုသို့ဆိုလျှင် စုယွိက်လုံက သူ(မ)ထင်ထားသည်ထက်ပင် ချမ်းသာလွန်းနေသည်မဟုတ်လား။ အဘက်ဘက်မှပြည့်စုံလွန်းသည့် ထိုအမျိုးသားကို ဖုန်းယောက်ချင်းသဘောကျမိသည်မှာ အမှန်ပင်။ သူ(မ)စိတ်ထဲတွင်လည်း အမှတ်ပြည့်ပေးခဲ့မိသည်။ သို့သော် လွန်ခဲ့သည့်အပတ်က စုယွိင်လုံ၏သမီးဖြစ်သူမွေးနေ့တွင် ဖြစ်သွားသည့်အဖြစ်အပျက်ကြောင့် ဖုန်းယောက်ချင်း သူ(မ)၏စိတ်ကူးများကို ပြန်လည်စဥ်းစားချင့်ချိန်နေမိသည်။


စုယွိင်လုံ၏သမီးဖြစ်သူက အဖေမသိအောင် ကျောင်းပင်လစ်ရဲသေးသည်။ ကိုင်တွယ်ရခက်သည့် ကလေးမျိုးဖြစ်ဟန်ရှိသည်။ နောက်ပိုင်းအရွယ်ရောက်လာလျှင် မည်မျှဆိုးသွမ်းလာဦးမည်ကိုမသိနိုင်ပေ။ ထိုသို့သောကလေးမျိုးနှင့် ဆွေ့ဆွေ့ကိုအရောတဝင်မနေစေချင်ပေ။ ထိုအချက်များကြောင့် ဖုန်းယောက်ချင်းတစ်ယောက် စုယွိင်လုံနှင့်ကင်းကင်းရှင်းရှင်းနေရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍များ စုယွိင်လုံကိုအပိုင်ချုပ်ပြီး လက်ထပ်လိုက်ပြီးမှ သူ့သမီးက ဆွေ့ဆွေ့အားအနိုင်ကျင့်လျှင် ဒုက္ခရောက်ကုန်မည်ဖြစ်သည်။ သို့မဟုတ်လျှင် ထိုကလေးမလေးနှင့်ပေါင်းပြီး ဆွေ့ဆွေ့၏အကျင့်စရိုက်များပျက်စီးသွားနိုင်သည်။


စုယွိင်လုံက စကားဆက်ပြောလာသည်။ "ဆွေ့ဆွေ့လေးပါတဲ့....ရသစုံရှိုးကိုကျွန်တော်ကြည့်ခဲ့သေးတယ်....အတော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ....တစ်ပိုင်းကြည့်ပြီး နောက်တစ်ပိုင်းကိုဆက်တိုက်မျှော်နေမိတော့တာပဲ"။


စုယွိင်လုံ၏စကားကြောင့် ဖုန်းယောက်ချင်းအံ့သြသွားမိသည်။ ထိုလူကို ပိုက်ဆံကလွဲပြီး ဘာမှစိတ်မဝင်စားသည့်လူမျိုးကို သူ(မ)ထင်နေခဲ့သည်။ ယခုကဲ့သို့ ရသစုံရှိုးများကြည့်လိမ့်မည်ဟု စိတ်ပင်မကူးမိချေ။ "မစ္စတာစုက....ရသစုံရှိုးတွေကြည့်လိမ့်မယ်လို့....ကျွန်မမထင်ထားမိဘူး"။ 


စုယွိင်လုံက တစ်ခဏမျှတုံ့ဆိုင်းနေကာ သူ(မ)အားမေးလာသည်။ "မစ္စစ်ဖုန်း....ကျွန်တော်တစ်ခုလောက်မေးလို့ရမလား....ဆွေ့ဆွေ့ကို ဘာလို့ရုပ်သံအစီအစဥ်တွေမှာ ပါဖို့သဘောတူရတာလဲ"။


လွန်ခဲ့သောတစ်လခန့်က ရုပ်ရှင်ရိုက်ခြင်းနှင့်ပတ်သတ်ပြီး ယွီချင်းနှင့်သူ အကြီးအကျယ်စကားများခဲ့ရသည်။ ယခုအချိန်အထိ သူတို့သားအဖနှစ်ယောက်လုံး တစ်ထစ်မလျှော့သေးချေ။ ထိုကိစ္စကြောင့် သားအဖနှစ်ဦးမျက်နှာချင်းပင်စကားမပြောနိုင်ကြ။ သူ့ကုမ္ပဏီဝန်ထမ်းများထံမှ ကုဆွေ့ဆွေ့က ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်ကြောင်းကိုသိလိုက်ရပြီးနောက် သူမနေနိုင်ပဲ ဖုန်းယောက်ချင်းကိုထိုသို့မေးလိုက်မိသည်။


စုယွိင်လုံက ဤမေးခွန်းမျိုးမေးလာလိမ့်မည်ဟု ဖုန်းယောက်ချင်းမထင်မှတ်ထားသောကြောင့် အကြောင်သားဖြစ်မိသွားသည်။ "အမှန်အတိုင်းပြောရရင်.....အစပိုင်းကတော့...ပိုက်ဆံရှာဖို့အတွက်...ဆွေ့ဆွေ့ကို ရုပ်ရှင်ရိုက်ခိုင်းခဲ့တာပါ"။


ဆက်မပြောခင် ဖုန်းယောက်ချင်းတစ်ယောက် သူ(မ)၏စိတ်ကိုအတတ်နိုင်ဆုံးစုစည်းကာ ရှေ့တည့်တည့်တွင်ရှိနေသော စုယွိင်လုံကိုပြန်မေးလိုက်သည်။ "မစ္စတာစု....ကျွန်မကိုဘာလို့....ဒီလိုမေးရတာလဲ"။ ထိုလူက အတင်းအဖျင်းပြောတတ်သည့် လူစားမျိုးလည်းမဟုတ်တန်ရာ။ သူ(မ)အား ထိုမေးခွန်းမျိုးမေးလာခြင်းမှာ သေချာပေါက်အကြောင်းရင်းတစ်ခုရှိနေပေလိမ့်မည်။


စုယွိင်လုံလည်း ထပ်ပြီးဖုန်းကွယ်မနေတော့ပေ။ သူ့သမီးက ရုပ်ရှင်ရိုက်ကူးရန် ရိုက်ကွင်းသို့သွားရမည်ဖြစ်သောကြောင့် သူမသိအောင် ကျောင်းမှရက်ပေါင်းများစွာခွင့်ယူခဲ့ခြင်းဖြစ်ကြောင်း ဖုန်းယောက်ချင်းအားပြောပြလိုက်သည်။ "အခု....သူအိမ်မပြန်လာတာ တစ်လလောက်ရှိပြီ....ကျွန်တော်လည်း ဘာလုပ်ရမလဲမသိတော့ဘူး"။


ဖုန်းယောက်ချင်းက တစ်ခဏမျှစဥ်းစားပြီး မေးလိုက်သည်။ "အဲဒါဆိုရင်.....မစ္စတာစုရဲ့သမီးလေးက ကျောင်းမှာရောအဆင့်ကောင်းရဲ့လား"။


အဆင့်အကြောင်းမေးလိုက်သောအခါ စုယွိင်လုံ၏မျက်နှာကာ ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်လေးများလက်သွားပြီး မော်ချီကာပြောလာသည်။ "လတိုင်း....အတန်းထဲမှာ.... ပထမရပါတယ်"။


"မစ္စတာစုရဲ့သမီးက....ရုပ်ရှင်ရိုက်ရတာကိုအရမ်းသဘောကျနေတဲ့ပုံပဲ....ကလေးကစာလည်းကြိုးစားတယ်လေ....သူဝါသနာပါရာကို အခွင့်အရေးပေးကြည့်လိုက်ပါလား....မစ္စတာစု....တစ်ခါတစ်လေကျရင် မိဘနေရာမှာချည်းပဲနေနေလို့မရဘူး....ကိုယ့်ကလေးကိုသူငယ်ချင်းပေါင်းပေါင်းပြီး သူတို့လေးတွေရဲ့အတွေးအမြင်ကိုသိရအောင်လုပ်ကြည့်ပေါ့....ကိုယ်ဖြစ်ချင်တာပဲ သူတို့ကိုအတင်းလုပ်ခိုင်းမေမယ်ဆိုရင်....မိဘနဲ့ကလေးကြားက....ဆက်ဆံရေးပိုပိုပြီး ဆိုးသွားလိမ့်မယ်"။


ဖုန်းယောက်ချင်း၏အကြံပေးမှုကြောင့် စုယွိင်လုံလည်း အတွေးအမြင်ရသွားကာ ကျေးဇူးတင်သည့်လေသံဖြင့်ပြောလာသည်။ "မစ္စစ်ဖုန်းပြောတာအမှန်ပဲ....ကျွန်တော့်သမီးဖြစ်ချင်တာတွေကို ကျွန်တော်ပိုပြီးသိအောင်ကြိုးစားသင့်တယ်"။


သမီးလေးအပေါ်ကြမ်းတမ်းစွာပြောဆိုဆက်ဆံမိသည့်အတွက် စုယွိင်လုံလည်း အတော်လေးစိတ်မကောင်းဖြစ်မိသည်။ လွန်ခဲ့သည့်နှစ်များအတွင်း အလုပ်ထဲတွင်သာအာရုံနှစ်ထား၍ သမီးအပေါ် အချိန်မပေးခဲ့မိပေ။ အေးစက်သွားသောဆက်ဆံရေးကိုလည်း သတိမပြုမိခဲ့ပေ။ သရူပ်ဆောင်တစ်ယောက်ဖြစ်ချင်သည်ဟုပြောလာ


သည့်ကလေးငယ်ကို ချက်ချင်းပင်သူငြင်းဆိုခဲ့မိသည်။ ကလေးငယ်က ဘယ်လောက်တောင်နာကျင်ခံစားနေလိမ့်မည်နည်း။ သူက တကယ့်ကို တာဝန်မကျေပွန်သည့်ဖခင်တစ်ယောက်ဖြစ်သည်။ လာမည့်အနာဂတ်နေ့ရက်တိုင်းတွင် သမီးလေးကိုသေချာအချိန်ပေးဂရုစိုက်ပြီး သူ(မ)ဖြစ်ချင်သည့်ဆန္ဒများကို အကောင်းဆုံးပံ့ပိုးပေးသွားမည်ဟုသာ စိတ်ထဲတွင်ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်တော့သည်။


Xxxxxxxxxxx