အပိုင်း ၆၁
Viewers 15k

Chapter 61


"ဒီနေ့ကိစ္စအတွက်ကျေးဇူးအများကြီးတင်ပါတယ်....ကျွန်တော့်သမီးနဲ့သေချာလေး ပြန်ဆွေးနွေးလိုက်ပါ့မယ်....နောက်မှ မစ္စစ်ဖုန်းနဲ့ဆွေ့ဆွေ့ကို သမီးနဲ့သေချာမိတ်ဆက်ပေးပြီး ညစာလိုက်ကျွေးပါ့မယ်"။


"မေမေ....ဦးဦးစုရဲ့သမီးကဘာဖြစ်တာလဲဟင်....ဦးဦးစုက ဘာလို့အရမ်းစိတ်ညစ်နေရတာလဲ"။ လက်တွန်းလှည်းကိုတွန်းကာ တစ်ဖက်သို့ထွက်သွားသော စုယွိင်လုံကိုဖုန်းယောက်ချင်းလှမ်းကြည့်လိုက်ပြီး သမီးဖြစ်သူ၏ခေါင်းလေးကိုပွတ်သပ်ကာပြောလိုက်သည်။ "ဦးဦးစုရဲ့သမီးက....အိမ်ကနေထွက်ပြေးသွားတာလေ....အဲ့တာကြောင့် ဦးဦးကသူ့သမီးကိုစိတ်ပူနေတာပါ"။


"အိုး....အဲ့လိုလား"။ ကုဆွေ့ဆွေ့က ခေါင်းလေးစောင်းငဲ့ကာ အလွန်သိချင်စိတ်ဖြင့်မေးလာသည်။ "ဒါဆိုရင်....အဲဒီမမကဘယ်အချိန်မှအိမ်ပြန်လာမှာလဲဟင်"။


"အင်း.....ဦးဦးနဲ့မမတို့တစ်ယောက်နဲ့တစ်ယောက်....နားလည်မှုရသွားတဲ့အချိန်ကျရင် မမကအိမ်ပြန်လာမှာပေါ့"။ အခြားသူများ၏အိမ်တွင်းရေးပြဿနာများအကြောင်းမပြောချင်တော့သောကြောင့် ဖုန်းယောက်ချင်းလည်း နံဘေးရှိစင်ပေါ်မှမုန့်ထုတ်ကိုညွှန်ပြကာ ဆွေ့ဆွေ့အားအာရုံလွှဲလိုက်သည်။ ဤနေရာတွင် ဝယ်စရာအားလုံးဝယ်ပြီးလျှင် အနီးအနားရှိဆိုင်လေးတွင် သစ်သီးဝလံများဝယ်ရန်ဆွေ့ဆွေ့ကိုခေါ်သွားရဦးမည်ဖြစ်သည်။


"ဆွေ့ဆွေ့.....သမီးလေးကဆွေ့ဆွေ့မလားဟင်....အန်တီကသမီးရဲ့ပရိသတ်ပါ....ဒီပန်း


ရောင်ဦးထုပ်လေးကို ကလေးငယ်နှင့်ခရီးသွားခြင်းအစီအစဥ်မှာဆောင်းဖူးတယ်မလားဟင်....အဲဒါကြောင့် မှတ်မိသွားတာ....သမီးက အပြင်မှာပိုပြီးချစ်ဖို့ကောင်းတာပဲ"။


အပြင်သွားသည့်အချိန်တိုင်း ဖုန်းယောက်ချင်းက ဆွေ့ဆွေ့အားတင်းတင်းကြပ်ကြပ် တစ်ကိုယ်လုံးလုံသည်အထိ ဝတ်စားဆင်ယင်ပေးခြင်းမရှိခဲ့ပေ။ ဆွေ့ဆွေ့ကငယ်ရွယ်သေးသလို ခဲ့ကျင်းယန်ကဲ့သို့ဒိတ်ဒိတ်ကြဲနာမည်ကြီးနေသူမဟုတ်သည့်အတွက် လူများကအာရုံစိုက်လိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော် လွန်ခဲ့သောအခေါက်က ခဲ့ကျင်းယန်နှင့်ဆွေ့ဆွေ့ကို ပရိသတ်များကလိုက်ဆွဲသည့်အချိန်မျိုးရှိခဲ့ဖူးသည်။ ထို့ကြောင့် ယခုမူ ဆွေ့ဆွေ့နာမည်ကိုစိတ်လှုပ်ရှားစွာခေါ်လိုက်သည့်အသံကိုကြားလိုက်ရသောအခါ သူ(မ)စိုးရိမ်မိသွားသည်။


"တစ်ဆိတ်လောက်ပါ....ကျွန်မတို့က ဒီကိုအသီးအနှံတွေဝယ်ဖို့ပဲရောက်လာတာပါ....အဲဒါကြောင့် ဒီကသူဌေးကတော်တိတ်တိတ်လေးနေပေးပါရှင်....လူတွေပြုံရောက်လာမှာစိုးလို့ပါ"။


ထိုအခါမှ ဆိုင်ရှင်အဒေါ်ကြီးလည်း အရှိန်သပ်သွားကာ သူ့ရင်ဘတ်သူပုတ်ပြရင်း ကတိပေးလာသည်။ "စိတ်မပူပါနဲ့....ညီမလေးရယ်....အစ်မလည်းစည်းဘောင်တွေကိုသိပါတယ်....ဘယ်သူ့ကိုမှလျှောက်မပြောဘူးနော်...စိတ်ချ"။ ဆိုင်ရှင်၏စကားကိုကြားမှ ဖုန်းယောက်ချင်းလည်း စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့သည်။ ဆိုင်ရှင်အဒေါ်


ကြီးက သူ(မ)တို့ကိုအခက်တွေ့အောင်မလုပ်သည့်အပြင် ဆွေ့ဆွေ့ကိုမှတ်မိသွားသောကြောင့် အသီးအနှံများကိုလည်း အပိုထည့်ပေးလိုက်သေးသည်။


ထိုအခါ ဖုန်းယောက်ချင်းကချက်ချင်းပင်ငြင်းဆိုလိုက်သည်။ "မဟုတ်တာ....အစ်မကြီးရယ်...ကျွန်မတို့ကို ဒီအသီးတွေအလကားပေးဖို့မလိုပါဘူး....အသီးဖိုးတွေကို ကျွန်မအကုန်ရှင်းပါ့မယ်"။ သူ(မ)သမီး၏ကျော်ကြားမှုကိုအသုံးချ၍ အခြားသူများအပေါ်အခွင့်အရေးမယူချင်ပေ။


သို့သော် ထိုဆိုင်ရှင်အဒေါ်ကြီးကစိတ်အားထက်သန်စွာဖြင့်ပြန်ပြောလာသည်။ "ညီမလေးရယ်....ဆွေ့ဆွေ့လေးက အစ်မရဲ့အသည်းကျော်အိုင်ဒေါလေးပါ....တွေ့တုန်းလေး ရှိတာလေးတွေလက်ဆောင်ပေးချင်တာပေါ့....ဒီနေ့တစ်ရက်တည်းမဟုတ်ဘူး....နောက်နေ့ နောက်နေ့တွေလည်း စားချင်တာရှိရင်....လာပြောနော်...အလကားပေးဦးမှာ"။


ပြောမရတော့သောကြောင့် ဖုန်းယောက်ချင်းလည်း အားနာနာနှင့်ပင်ဆိုင်ရှင်၏စေတနာကိုလက်ခံလိုက်ရသည်။ "ကျေးဇူးပါ....အစ်မကြီးရယ်"။ ထိုဆိုင်ရှင်က ဆွေ့ဆွေ့ဘက်သို့လှည့်၍ ဆက်ပြောလာသည်။ "သမီးလေးဆွေ့ဆွေ့နဲ့ ခဲ့ကျင်းယန်တို့ အတူတူရိုက်ထားတဲ့မဂ္ဂဇင်းမျက်နှာဖုံးက....တစ်ကယ်ကိုမိုက်တယ်....ဒါပေမဲ့လည်း....မဂ္ဂဇင်းထွက်လာတာနဲ့ လူတွေကအလုအယက်ဝယ်ကြတော့...အကုန်ရောင်းထွက်သွားပြီး....ဘယ်မှာမှ ရှာဝယ်လို့မရတော့ဘူးလေ...တစ်အုပ်မှတောင်မရလိုက်ဘူး"။ သက်ပြင်းတချချနှင့် ဆိုင်ရှင်ကအတော်စိတ်မကောင်းဖြစ်နေဟန်ရှိသည်။


"ssling" မဂ္ဂဇင်းကော်ပီများ သူ(မ)၏အိမ်တွင် အအုပ်ပေါင်းများစွာရှိသည်ကို ဖုန်းယောက်ချင်းရုတ်တရက်သတိရသွားသည်။ လွန်ခဲ့သည့်နှစ်ရက်က ဆွေ့ဆွေ့၏လက်ထောက်လာပို့ထားခြင်းဖြစ်သည်။ ဖုန်းယောက်ချင်းလည်း သူ(မ)လက်ထဲရှိသစ်သီးများကိုကြည့်ကာ ဆိုင်ရှင်အားပြောလိုက်သည်။ "ssling မဂ္ဂဇင်းတွေ ကျွန်မအိမ်မှာရှိနေသေးတယ်....နောက်တစ်ခေါက်ကျရင် အစ်မဆီကို ကျွန်မယူလာပေးပါ့မယ်။ ဖုန်းယောက်ချင်း၏စကားကြောင့် ဆိုင်ရှင်မှာအလွန်စိတ်လှုပ်ရှားသွားရသည်။ "တကယ်....ယူလာပေးလို့ရတာလားဟင်"။


 "ဒါပေါ့....မနက်ဖြန်လောက်ကျရင် ကျွန်မယူလာပေးပါ့မယ်....ကျွန်မမအားရင်လည်း တစ်ခြားလူနဲ့လမ်းကြုံပို့ပေးလိုက်မယ်နော်....စိတ်ချပါ"။ သတင်းကောင်းကိုကြားလိုက်ရသောကြောင့် သူ(မ)လည်းအလွန်ပြုံးပျော်သွားကာ ဖုန်းယောက်ချင်းအားပြောလိုက်သည်။ "အစ်မတို့အိမ်မှာလည်း....ချယ်ရီသီးတွေ လတ်လတ်ဆတ်ဆတ်ပဲခူးထားတာ....အဲဒါတစ်ဘူးလောက် ညီမတို့ကိုပေးလိုက်မယ်နော်"။ ထို့နောက် ငြင်းချိန်တောင်မရလိုက်ပဲ ဖုန်းယောက်ချင်းလက်ထဲသို့ ချယ်ရီသီးတစ်ဘူးလုံးကြီး သွတ်ထည့်ပေးလာသည်။


အိမ်ပြန်ရောက်ပြီးနောက် ကုဆွေ့ဆွေ့က သူ(မ)အားမိခင်ဖြစ်သူအား အဆောတလျင်မေးခွန်းမေးလိုက်သည်။


"မေမေ....ခုဏကအန်တီကြီးကလေ....သမီးကိုတွေ့တော့....ဘာလို့အဲ့လောက်ပျော်သွားရတာလဲဟင်....သမီးလည်းသူ့ကိုမသိပဲနဲ့"။ သမီးငယ်လေး၏ အမေးကြောင့် ဖုန်းယောက်ချင်းလည်း ချစ်စဖွယ်ပါးဖောင်းဖောင်းလေးကိုဆွဲညှစ်လိုက်ကာ ပြန်ဖြေပေးလိုက်သည်။ "အဲ့အန်တီကြီးက....သမီးရဲ့ပရိသတ်ဆိုတော့....သမီးကိုသဘောကျလို့လေ....ဒါကြောင့် အဲ့လောက်ထိပျော်သွားရတာပေါ့"။


နေ့လည်ပိုင်းတွင် ဒါရိုက်တာချန်းဆီမှ ဖုန်းခေါ်ဆိုမှုကို ဖုန်းယောက်ချင်းလက်ခံရရှိခဲ့သည်။ "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပရိုမိုးရှင်းဆင်းရန် ဆွေ့ဆွေ့အားအကူအညီတောင်းခြင်းဖြစ်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးကို အပြီးသတ်ပြီးဖြစ်၍ ရုပ်ရှင်ရုံများတွင်ထုတ်လွှင့်ပြသရန်တစ်လခန့်သာလိုတော့သည်။ ပါဝင်ရိုက်ကူးထားသည့် သရုပ်ဆောင်များအားလုံး အတူတကွပရိုမိုးရှင်းဆင်းကြရမည်ဖြစ်သည်။


ဖုန်းယောက်ချင်းလည်း ဖုန်းချလိုက်ပြီးနောက် ကိုယ်စားလှယ်လုယွင်ကျီအားအကြောင်းကြားလိုက်သည်။ လုယွင်ကျီကလည်း "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ပရိုမိုးရှင်းဆင်းသည့်နေရာတွင် ဆွေ့ဆွေ့ကိုပါဝင်ခွင့်ပြုလိုက်သည်။


ထိုနေ့ညနေ ရှစ်နာရီခွဲခန့်တွင် သုံးဆယ့်နှစ်စက္ကန့်မျှသာကြာရှည်သော "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီး၏ နမူနာအပိုင်းတိုလေးကို အွန်လိုင်းပေါ်တွင် စတင်ထုတ်လွှင့်လိုက်သည်။ နမူနာအပိုင်းတို၏ အစပိုင်းတွင် ဓားရှည်ကိုင်ထားသော အနက်ရောင်ဝတ်ရုံနှင့်လူတစ်ယောက်က သွေးအိုင်ထဲတွင်ရပ်နေပြီး လက်ထဲကဓားဆီမှလည်း သွေးတစ်စက်စက်ကျနေသည်။


ရုတ်တရက်ကင်မရာလှည့်လိုက်သောအခါ ယခင်ကလူပင်ထပ်ပေါ်လာသည်။ သို့သော်လည်း ထိုလူ၏အသွင်အပြင်ကဆယ်ကျော်သက်တစ်ယောက်ကဲ့သို့ငယ်ရွယ်နေသည်။ နန်းဝတ်နန်းစားဝတ်စုံနှင့်ကလေးမလေးကိုပွေ့ချီထားပြီး ထိုကလေးမလေး၏မျက်ဝန်းထဲတွင် တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်ရဲရဲများကအရိပ်ထင်နေသည်။ လူငယ်နှစ်ဦး၏အနောက်တွင် ကြောက်မက်ဖွယ်အော်သံနက်ကြီးများနှင့်အရှိန်ပြင်းပြင်းမီးလောင်နေသည့် နန်းတော်ကြီး


ကြောင့် ကလေးမလေး၏မျက်ခမ်းစပ်မှ သလင်းကျောက်သဖွယ်ကြည်လင်နေသည့် မျက်ရည်များကစီးကျသွားသည်။


နေ့ချင်းညချင်းမိသားစုတစ်ခုလုံး ပျက်စီးသွားပြီး နန်းတော်ရှိလူများအားလုံးလည်းသေကုန်ကြသည်။ သူတို့နောက်လိုက်နေသောသူများကိုရှောင်တိမ်းရန် လူငယ်လေးကညီမငယ်ဖြစ်သူကို ပွေ့ချီကာ တတ်နိုင်သမျှလွတ်အောင်ပြေးသည်။ သို့သော် ကံကြမ္မာကသူ့အပေါ်ရက်စက်လွန်းလှသည်။ ညီမလေးကိုမကာကွယ်နိုင်ပဲ သူ့လက်ပေါ်တွင်သာသေဆုံးသွားခဲ့သည်။ ထိုအချိန်မှစ၍ သူ့နှလုံးသားထဲတွင် ကလဲ့စားချေရမည်ဟူသည့် ကြုံးဝါးချက်တစ်ခုသာစွဲကျန်ရစ်နေခဲ့သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြွးတွင် ပါဝင်သည့်သရုပ်ဆောင်များက ဒိတ်ဒိတ်ကြဲနာမည်ကြီးတွေချည်းဖြစ်သည်။ နှစ်နှစ်ကြာပြီးမှပထမဆုံးပြန်လည်ရိုက်ကူးသည့် လုချီ၏ရုပ်ရှင်ကားကြီးဖြစ်သလို သရုပ်ဆောင်ကောင်းလွန်းပြီးပရိသတ်များ၏တစ်ခဲနက်အားပေးမှုကိုရရှိထားသော ဖူရင်းယွီလည်းပါဝင်သရုပ်ဆောင်ထားသည်။ ထို့အပြင် လတ်တလောတွင် ပရိသတ်၏အာရုံစိုက်မှုကိုရရှိထားသော ကုဆွေ့ဆွေ့လည်းပါဝင်သေးသည်။ ထို့ကြောင့် နမူနာအပိုင်းတိုထုတ်လွှင့်လိုက်သည်နှင့် ကြည့်ရှုနှုန်းတစ်ဟုန်ထိုးတက်သွားကာ ဝေဘို၏ထိပ်ဆုံးရှာဖွေမှုစာရင်းထဲသို့ ရောက်သွားတော့သည်။


Xxxxxxxxx