အပိုင်း ၆၃
Viewers 15k

Chapter 63


"ဟေး....မတွေ့ရတာကြာပြီနော်....အစ်ကို့ကိုလွမ်းနေရဲ့လား"။ လုချီက သူ့ဘေးတွင်ရပ်နေသော ကလေးမလေးကိုပွေ့ဖက်ပြီး အပြုံးလေးဖြင့်ပြောလိုက်သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးဆုံးသွားချိန်မှစ၍ လုချီနှင့်ကုဆွေ့ဆွေ့တို့ တစ်ယောက်နှင့်တစ်ယောက်မတွေ့ရ


သည်မှာ နှစ်လနီးပါးခန့်ရှိနေပြီဖြစ်သည်။


ကုဆွေ့ဆွေ့က လုချီ၏ဘယ်ဘက်ပါးလေးကို


သူ(မ)၏ညာဘက်ပါးလေးဖြင့် ပွတ်သပ်လိုက်ရင်း တခစ်ခစ်ရယ်ကာပြန်ပြောလာသည်။ "လွမ်းတာပေါ့....ကိုကိုရဲ့"။ ချစ်စဖွယ်ကောင်းလွန်း


သည့်ကလေးမလေး၏ပါးမို့မို့နှစ်ဖက်ကို လုချီ


ခပ်ဖွဖွလေးဆွဲညှစ်လိုက်မိသည်။


လုချီနှင့်ကုဆွေ့ဆွေ့တို့နှစ်ဦးသား အပြန်အလှန်နှုတ်ဆက်ပြီးနောက် ဘေးတွင်ရပ်နေသည့်


လုယွင်ကျီထံသို့အာရုံပြန်ရောက်လာကာ နှုတ်ဆက်စကားဆိုလိုက်သည်။ ကုဆွေ့ဆွေ့က ယနေ့တွင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ဇာတ်ကားကြီးကို ကြော်ငြာရန်အတွက် ပါဝင်ရိုက်ကူးသည့်အခြားသရုပ်ဆောင်များနှင့်အတူ ဤနေရာသို့ရောက်နေခြင်းဖြစ်သည်။ ကုဆွေ့ဆွေ့အနေဖြင့် ဤသို့သော ပြည်သူလူထုရှေ့ကိုယ်တိုင်ပရိုမိုးရှင်းဆင်းသည့်လှုပ်ရှားမှုမျိုးတွင် ပထမဆုံးအကြိမ်ပါဝင်ဖူးခြင်းပင်။ လက်ထောက်တစ်ယောက်တည်းနှင့်ဆွေ့ဆွေ့အားစိတ်မချသောကြောင့် လုယွင်ကျီကိုယ်တိုင်လိုက်လာခြင်းဖြစ်သည်။


ယနေ့ပွဲတွင် ကုဆွေ့ဆွေ့ဝတ်လာသည့်အဝတ်အစားမှာ သူကိုယ်တိုင်ဂရုတစိုက်ရွေးချယ်ပေးထားသည့် navf အမှတ်တံဆိပ် ကလေးအဝတ်အစားအတွဲထဲမှ အဖြူရောင်ဝတ်စုံလေးဖြစ်သည်။


ထိုအချိန်တွင် တစ်ဖက်က "မတော်တဆတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့မှာလည်း....


"အား...ကောဖန်လင်း....နင်နာမည်မှားပြောတာတော့မဟုတ်ပါဘူးနော်....တကယ်ပဲ ကုဆွေ့ဆွေ့လား...ကုဆွေ့ဆွေ့က ငါတို့ရဲ့ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်မှာတဲ့လား"။ မထင်မှတ်ထားသည့်သတင်းကောင်းကိုကြားလိုက်ရသောကြောင့် ဇာတ်လမ်းတွဲ၏ဇာတ်လိုက်မင်းသမီးဖြစ်သည့် ကျုံးရှန်တစ်ယောက် အလွန်အမင်းစိတ်လှုပ်ရှားသွားရသည်။


သူ(မ)က အင်ပါယာရုပ်ရှင်အကယ်ဒမီကျောင်းကြီးတွင် ပညာသင်ယူသင်ယူနေသည့် ကျောင်းသူတစ်ယောက်ဖြစ်သောကြောင့် အကျော်အမော်အနုပညာရှင်အတော်များများကို ကျောင်းတွင် တွေ့မြင်ဖူးပါသည်။ ထိုသို့အနုပညာရှင်များကို မျက်ဝါးထင်ထင်အကြိမ်ပေါင်းများစွာမြင်ဖူးပြီး ကိုယ်တိုင်ကအနုပညာရှင်တစ်ဦးဖြစ်သော်လည်း သူ(မ)က ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ ပရိသတ်အကြီးစားတစ်ယောက်ပင်။ ထို့ကြောင့် ဆွေ့ဆွေ့နှင့်အတူရိုက်ကူးရေးလုပ်ရမည်ဟုကြားသိလိုက်ရချိန်တွင် ဝမ်းသားလုံးဆို့ပြီးအပျော်လွန်နေမိသည်။


သို့သော် တစ်ဖက်ရှိဇာတ်ညွှန်းရေးဆရာကမူ အနည်းငယ်ချင့်ချိန်စဥ်းစားကာ မေးလာသည်။


"ကလေးကိုဒီတိုင်းခေါ်ပြီး....သရုပ်ဆောင်ခိုင်းလို့မှ မရတာ....ကုဆွေ့ဆွေ့ရဲ့လက်ရှိနာမည်ကျော်ကြားမှုအတိုင်းသာဆိုရင်....အနုပညာကြေးကအတော်လေးမြင့်မှာပဲ....ငါတို့ပေးနိုင်မှာမဟုတ်လောက်ဘူး"။ သူတို့ရိုက်ကူးရေးအဖွဲ့၏ လက်ထဲတွင်ယွမ်ခုနစ်သိန်းခန့်သာရှိထားသည်။ ကုဆွေ့ဆွေ့ကဲ့သို့ နာမည်ရကလေးသရုပ်ဆောင်တစ်ယောက်ကို အနုပညာကြေးမြင့်မြင့်ပေးရ


မည့်အပြင် အခြားရိုက်ကွင်းဆက်တင်များအတွက် ကုန်ကျရန်လည်းရှိသေးသည်။ 


"ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ကိုစတင်ထုတ်လွှင့်သည့်အချိန်မှစ၍ ကုဆွေ့ဆွေ့၏နာမည်ကျော်ကြားမှုက တစ်စတစ်စမြင့်တက်လာသည်။ ထို့အပြင် "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးကိုလည်း နောက်လအတွင်းထုတ်လွှင့်ပြသမည်ဖြစ်သည်။ ထိုအခါ ကုဆွေ့ဆွေ့၏ကျော်ကြားမှုကထိုးတက်သွားမည်ဖြစ်သလို အနုပညာကြေးကလည်းချက်ချင်းနှစ်ဆတက်သွားနိုင်သည်။ ထို့ကြောင့် ကောဖန်လင်းလည်း ဇာတ်ညွှန်းရေးဆရာ၏သဘောထားကို သဘောတူသည့်အနေဖြင့်ခေါင်းညိမ့်ပြကာ ဆက်ပြောလာသည်။ "ဟုတ်ပါတယ်....ကျွန်တော် သူ့ကိုယ်စားလှယ်နဲ့စကားပြောကြည့်ပြီးသွားပါပြီ....ထင်တဲ့အတိုင်းပဲ ကုဆွေ့ဆွေ့ရဲ့အနုပညာကြေးက အတော်လေးမြင့်တယ်....ကျွန်တော်တို့မပေးနိုင်လောက်တဲ့ ပမာဏလေ....ဒါပေမဲ့ သူ့ကိုယ်စားလှယ်ကပြောလာတယ်....အနုပညာကြေးကိုအဲ့လောက်ပမာဏအထိမပေးနိုင်ရင်လည်း...ဒီရိုက်ကူးရေးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ရှယ်ယာ လေးဆယ်ရာခိုင်နှုန်းကိုပေးလို့ရပါတယ်တဲ့"။


စုယွီချင်းအနေဖြင့် ရိုက်ကူးရေးကိစ္စများနှင့်ပတ်သတ်၍ ကုဆွေ့ဆွေ့အားတိုက်ရိုက်ပြောခွင့်မရှိသောကြောင့် ဒါရိုက်တာဖြစ်သည့်ကောဖန်လင်းကသာ ဆွေ့ဆွေ့၏ကိုယ်စားလှယ်လုယွင်ကျီအား ကမ်းလှမ်းလိုက်ရခြင်းဖြစ်သည်။ မနေ့မနက်က စုယွီချင်းပေးလိုက်သည့်ဖုန်းနံပါတ်နှင့် ကောဖန်လင်း ဖုန်းခေါ်ကြည့်လိုက်သည်။ ဖုန်းကိုင်သည့်သူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ ကုဆွေ့ဆွေ့၏မိခင်ဟု သူ(မ)ကိုယ်သူ(မ)မိတ်ဆက်လာသည်။ သို့သော် ရိုက်ကူးရေးအကြောင်းပြောလိုက်သည့်အခါ ကိုယ်စားလှယ်ဖြစ်သည့် လုယွင်ကျီကိုသာဆက်သွယ်လိုက်ရန် ပြောကာ သူ့ပါးဖုန်းနံပါတ်ပေးလိုက်သည်။


လုယွင်ကျီနှင့်ဆက်သွယ်လိုက်သည့်အခါ အစပိုင်းတွင် ထိုသူကသူ့ကမ်းလှမ်းချက်ကို ချက်


ချင်းငြင်းဆိုသည်။ ကုဆွေ့ဆွေ့၏ ရိုက်ကူးရေးအချိန်ဇယားကမအားလပ်တော့သည်မို့ လက်မခံနိုင်ကြောင်း ပြောလာသည်။ သို့သော်ငြားလည်း 


ကုဆွေ့ဆွေ့က တစ်မူထူးခြားသည့် ရှောင်ယွဲ့လောင်ဟူသည့် ကလေးမလေး၏ဇာတ်ကောင်


နှင့် သင့်တော်လွန်းသောကြောင့် တစ်ခါအငြင်းခံလိုက်ရသည့်တိုင် ကောဖန်လင်းကလက်မလျှော့ပဲ ဒုတိယအကြိမ်ထပ်မံကြိုးစားကာ မူရင်းဇာတ်ညွှန်းကိုယူ၍ နောက်တစ်နေ့တွင် လုယွင်ကျီကို သူကိုယ်တိုင်သွားတွေ့လိုက်သည်။


ကောဖန်လင်းတစ်ယောက် လုယွင်ကျီအားစိတ်အားထက်သန်မှုအပြည့်ဖြင့်သွားတွေ့သော်လည်း 


သူ့စိတ်ထဲတွင်ယုံကြည်မှုပျောက်ဆုံးနေသည်။ သူတို့၏ရိုက်ကူးရေးအဖွဲ့က ငွေအင်အားမရှိသလို နာမည်လည်းမရှိပေ။ ကလေးသရုပ်ဆောင်တစ်ယောက်ကိုပင် မဌားရမ်းနိုင်


သည့် အမွဲတကာ့ထိပ်ခေါင်ရိုက်ကူးရေးအဖွဲ့ပင်။ သို့သော် လုယွင်ကျီက သူယူလာသည့်ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီးနောက် မထင်မှတ်ထားစွာဖြင့် ကုဆွေ့ဆွေ့အားပါဝင်သရုပ်ဆောင်စေရန် သဘောတူလာခဲ့သည်။


လုယွင်ကျီက သူ့အနုပညာရှင်၏အခြေအနေကို ကြိုတင်ရှင်းပြထားသည်။ လတ်တလောတွင် ကုဆွေ့ဆွေ့က အခြားရိုက်ကူးရေးများလည်းရှိသောကြောင့် အလွန်အလုပ်ရှုပ်နေသည်။ ထို့ကြောင့် သူတို့၏ရိုက်ကွင်းသို့ နေ့တိုင်းလာနိုင်မည်မဟုတ်ဟု ပြောလာသည်။ တစ်ချိန်တည်းမှာပင် အနုပညာကြေးအစား ဇာတ်လမ်းတွဲအားရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာလေးဆယ်ရာခိုင်နှုန်းကို တောင်းဆိုလာပြန်သည်။


"ဒီဇာတ်လမ်းတွဲရိုက်ကူးဖို့အတွက်....ကျွန်တော်တို့အားလုံး....ရှယ်ယာဝင်ထားကြတာလေ...အဲဒါကြောင့် အားလုံးရဲ့ထင်မြင်ယူဆချက်ကို ကျွန်တော်အရင်ဆုံးမေးတာပါ"။ ကောဖန်လင်း၏ စကားကြောင့် ရိုက်ကူးရေးအဖွဲ့သားတိုင်း အကြည့်ချင်းဖလှယ်ကုန်ကြသည်။


ဤဇာတ်လမ်းတွဲရိုက်ကူးရေးအတွက် ရင်းနှီးမြှုပ်နှံထားသည့်လူတိုင်းက ကျောင်းတက်ရင်းတစ်ဖက်တစ်လမ်းမှ အချိန်ပိုင်းအလုပ်လုပ်ပြီးရလာသည့် ချွေးနဲစာဖြင့်ရှယ်ယာဝင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် နည်းနည်းလေးမှအတိမ်းအစောင်းမခံနိုင်ကြပေ။ ဆယ်မိနစ်ခန့်ဆွေးနွေးပြီးနောက် မဲရလဒ်ထွက်လာသည်။ ထောက်ခံသူကတစ်ဝက် ကန့်ကွက်သူကတစ်ဝက်စီဖြင့် ညီတူမျှတူဖြစ်နေသည်။ နောက်ဆုံးမဲအဆုံးအဖြတ်က စုယွီချင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရိုက်ကူးရေးတွင် ရှယ်ယာလေးဆယ်ရာခိုင်နှုန်းဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်သူမှာ သူ(မ)ပင်။ 


"ညီမလေးယွီချင်း....ညီမကဒီရိုက်ကူးရေးအတွက်....အများဆုံးရင်းနှီးမြှုပ်နှံထားတဲ့သူပဲ...အခုညီမတစ်ယောက်ပဲ မဲပေးဖို့ကျန်တော့တာ....အကယ်လို့ ညီမဒီကိစ္စကိုသဘောမတူဘူးဆိုရင်လည်း...အစ်ကိုတို့က မူရင်းဇာတ်ညွှန်းအတိုင်းပဲရိုက်တော့မယ်....ဘာဇာတ်ကောင်အသစ်မှထပ်မထည့်တော့ဘူးလေ"။


ယမန်နေ့ညက ဖခင်ဖြစ်သူ၏အခန်းထဲတွင် သူ(မ)တွေ့ခဲ့သည့် စာအုပ်နှင့်ပတ်သတ်၍စုယွီချင်း တွေးမိသွားပြီး ချက်ချင်းလက်ထောင်ကာပြောလိုက်သည်။ "ညီမလည်း...သဘောတူပါတယ်"။


စုယွီချင်းတစ်ယောက် မနေ့ညကအိမ်ပြန်ပြီး သူ(မ)၏ပစ္စည်းများသွားယူသည့်အခါ ဖခင်ဖြစ်သူ၏အခန်းထဲရှိစာရေးစားပွဲပေါ်တွင် "သရုပ်ဆောင်တစ်ယောက်ဖြစ်လာစေရန် လေ့ကျင့်သင်ယူခြင်း" ဟူသည့်စာအုပ်ကိုတွေ့လိုက်ရသည်။ စာအုပ်ထဲတွင်လည်း မှတ်စုအတိုများဖြင့် အတော်များများကို ရေးမှတ်ထားသည်။


ထိုအခိုက်အတန့်တွင် အရာအားလုံးက သူ(မ)


ထင်နေသလို အတိတ်တွင်မကျန်ခဲ့ကြောင်း စုယွီချင်းသိလိုက်ရသည်။ အရာရာတိုင်းကို အသစ်တစ်ဖန်ပြန်စတင်သင့်ပြီ။ လူတိုင်းကို သူတို့၏အမှားအတွက် ပြန်လည်ပြင်ဆင်ခွင့်ပေးလိုက်သင့်ပြီ။ သူ(မ)ကို ဘုရားသခင်က နောက်တစ်ကြိမ်မွေးဖွားလာခွင့်ပေးခြင်းမှာ လက်စားချေရန်အတွက်မဟုတ်ပဲ ပြောင်းလဲရှင်သန်စေရန်အတွက် ဖြစ်တန်ရာသည်။ 


"မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲ၏ ဖြုတ်ချလိုက်သည့် ဇာတ်လမ်းဇာတ်ကွက်များနှင့် ဇာတ်ကောင်ကိုကြည့်ပြီးနောက် ကုဆွေ့ဆွေ့က ထိုဇာတ်ကောင်နေရာနှင့် အသင့်တော်ဆုံးဖြစ်သည်ကို စုယွီချင်းမငြင်းနိုင်ပေ။ ဖြုတ်ချထားသည့်ဇာတ်ကောင်က အရေးပါလှသည့်ဇာတ်ကောင်မဟုတ်သော်လည်း ဇာတ်လမ်းတစ်ခုလုံးကို ပြောင်းပြန်လှန်သွားစေနိုင်သည့် အဓိကသော့ချက်တစ်ခုဖြစ်သည်။


ထို့ကြောင့် အတိတ်ဘဝတွင်ပြီးဆုံးအောင်မရိုက်ကူးနိုင်ခဲ့သည့် ဇာတ်လမ်းကို စုယွီချင်းလည်း ဤဘဝတွင်ပြီးဆုံးစေချင်မိသည်။ အရာအားလုံးကို သင်ပုန်းချေပြီးအသစ်ကပြန်စရန် ဤအခွင့်အရေးကို သူ(မ)ကောင်းကောင်းအသုံးချနိုင်မည်လား။


Xxxxxxxx