အပိုင်း ၆၄
Viewers 15k

Chapter 64


"ကိုကို....မမတွေအားလုံးမင်္ဂလာပါ"။


မည်သူမျှအာရုံစိုက်သော ရိုက်ကူးရေးအဖွဲ့လေးဖြစ်သည့်အတွက် ကုဆွေ့ဆွေ့က အချိန်အားလပ်မှသာ ရိုက်ကွင်းသို့လာသည်။ ဒါရိုက်တာဖြစ်


သည့် ကောဖန်လင်းလည်း သူတို့အားရွှင်ပြုံးစွာ နှုတ်ဆက်လာသည့် ချစ်စဖွယ်ကလေးငယ်ကိုပြန်လည်နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ...ဆွေ့ဆွေ့လေး...အစ်ကိုတို့ရဲ့ရိုက်ကူးရေးအဖွဲ့ကကြိုဆိုပါတယ်"။


ကုဆွေ့ဆွေ့က ရှောင်ယွဲ့လောင်ဇာတ်ကောင်နေရာတွင် ပါဝင်သရုပ်ဆောင်ရန် သဘောတူလိုက်ပြီးတည်းက အပျော်ကြီးပျော်ကာစိတ်အလှုပ်ရှားဆုံးဖြစ်နေသည့်သူမှာ ဇာတ်လိုက်မင်းသမီးဖြစ်သူ ကျုံးရှန်ပင်ဖြစ်သည်။


ကျုံးရှန်က ခုံပေါ်တွင်ပုံ့ပုံ့လေးထိုင်နေသည့် ပေါက်စလေးအား အသည်းယားလွန်းသောကြောင့် စကားများတရစပ်ပြောနေမိသည်။ "အာလူးကြော် ဖရဲသီးအစေ့လှော် မြေပဲမုန့် ပြီးတော့ဖျော်ရည်တွေ....သမီးကြိုက်တာပြောလိုက်...ဒီမမကအကုန်ဝယ်ပေးမယ်"။


ကုဆွေ့ဆွေ့တစ်ယောက် စားပွဲပေါ်တွင်တင်ထားသည့် မုန့်ပဲသရေစာများကိုကြည့်ကာ မျက်လုံးလေးများတလက်လက်ဖြစ်လာသည်။ ထို့နောက် 


နူးညံ့ချိုသာသောအသံလေးဖြင့်ပြန်ဖြေလိုက်သည်။ "ကျေးဇူးတင်ပါတယ်....မမရှင့်"။


ကျုံးရှန်က ပွင့်ပွင့်လင်းလင်းနေတတ်သောသူမျိုးဖြစ်သည်။ သူ(မ)တို့၏ရိုက်ကူးရေးအဖွဲ့သို့ ကုဆွေ့ဆွေ့ရောက်မလာခင်တွင် ရိုက်ကူးရေးအဖွဲ့သားများအားလုံးက တစ်ယောက်နှင့်တစ်ယောက် ပြောမနာဆိုမနာများဖြစ်ကြသည်။ ရန်ဖြစ်စကားများသည့်အချိန်များလည်းရှိသလို တစ်ခဏလေးအတွင်းနှင့် ပြန်တည့်သွားကြသည်ချည်းပင်။ စီနီယာ ဂျူနီယာအဆင့်များကိုမည်သူမှဂရုမစိုက်ကြပေ။ အားလုံးက အတန်းဖော်များ သူငယ်ချင်းများဖြစ်ကြသောကြောင့်ပင်။ ဤဇာတ်လမ်းတွဲရိုက်ကူးရန် ငွေကြေးများကိုလည်း အားလုံးစုပေါင်းပြီးပါဝင်ခဲ့ကြခြင်းဖြစ်သည်။ ထိုမျှအထိရင်းနှီးလွန်းကြသော


ကြောင့် မိမိ၏ပင်ကိုယ်စရိုက်အတိုင်းသာလွတ်လွတ်လပ်လပ်နေလေ့ရှိကြသည်။


သို့သော် ရိုက်ကွင်းသို့ဆွေ့ဆွေ့ရောက်လာချိန်တွင် ကျုံးရှန်က ခါတိုင်းကဲ့သို့လက်လွတ်စပယ်မနေတော့ပဲ စကားပြောဆိုရာတွင်လည်း ဂရုတစိုက်ဖြင့်ထိန်းပြီးပြောသည်။ ရုတ်တရက်ပြောင်းလဲသွားသော ကျုံးရှန်အား ရိုက်ကူးရေးအဖွဲ့သားအားလုံးက တစ်ယောက်နှင့်တစ်ယောက် အံ့အားသင့်စွာဖြင့်ကြည့်နေကြသည်။


"မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲရိုက်ကူးရေးတွင် စုယွီချင်းအပါအဝင် စုစုပေါင်းလူဆယ့်ငါးယောက်သာရှိသည်။ အချို့ဇာတ်ကောင်များ၏ဝတ်စုံအချို့ကို မဖြစ်မနေဌားရမ်းရသည်မှလွဲ၍ ကျန်သရုပ်ဆောင်တိုင်းကိုယ့်ဝတ်စုံကိုယ်ဝတ်လာကြသည်။ ရိုက်ကူးရေးအဖွဲ့တွင် ငွေကြေးအလုံအလောက်မရှိသောကြောင့် လူတိုင်းအတွက် အဝတ်အစားဝယ်ပေးရန်မဖြစ်နိုင်ချေ။


သို့သော် ရှောင်ယွဲ့လောင်ဇာတ်ကောင်က အခြားဇာတ်ကောင်များနှင့်ကွာခြားသည်။ ဇာတ်ကောင်ပုံစံနှင့်ကိုက်စေရန် ဒါရိုက်တာဖြစ်သည့် ကောဖန်လင်းက ဇာတ်ညွှန်းဆရာနှင့်တိုင်ပင်ကာ ဝတ်စုံဒီဇိုင်နာကို ဟန်ဖူရိုးရာဝတ်စုံအတွက် အထူးတလှယ်အကူအညီတောင်းထားသည်။ ခပ်စွာစွာဇာတ်ကောင်ပုံစံမျိုးဖြစ်သည့်အတွက် ဆွေ့ဆွေ့ဝတ်ရမည့်ဝတ်စုံတွင် အနီရောင်အဆင်တန်ဆာများကိုလည်း အတော်များများသုံးထားသည်။


ဟန်ဖူရိုးရာဝတ်စုံကိုမည်သို့ဝတ်ရမည်မှန်း ကုဆွေ့ဆွေ့မသိသောကြောင့် ရိုက်ကူးရေးအဖွဲ့ကပြင်ဆင်ပေးထားသည့်ဝတ်စုံကို လက်ထောက်အစ်မကြီး၏အကူအညီဖြင့် ဝတ်လိုက်ရသည်။


ဖုန်းယောက်ချင်းလည်း ရိုက်ကွင်းသို့ဆွေ့ဆွေ့နှင့်အတူလိုက်သွားရန်ပြင်ထားသော်လည်း လမ်းတစ်ဝက်တွင်ကားပျက်သွားခဲ့သည်။ ထို့ကြောင့် တက်စီဌားပြီးသာသွားရန် ကားပျက်သွားသည့်နေရာတွင်သာရပ်အစောင့်နေလိုက်သည်။


ကုဆွေ့ဆွေ့ဝတ်ထားသည့်ဝတ်စုံကိုကြည့်ပြီး လူတိုင်းအံ့သြမှင်တက်သွားကြသည်။ ဟန်ဖူဝတ်စုံက ကုဆွေ့ဆွေ့နှင့်အလွန်လိုက်ဖက်နေပြီး ပန်းချီကားထဲမှထွက်လာသည့် နတ်သမီးလေးနှင့်ပင်တူနေသည်။


"အရမ်းလှတာပဲ"။


"အမယ်လေး....ဒီဝတ်စုံကိုယူလာတုန်းက...သိပ်မလှဘူး...လူတိုင်းနဲ့မလိုက်လောက်ဘူးလို့ထင်ခဲ့တာ...အခုတော့ ဆွေ့ဆွေ့နဲ့လိုက်ဖက်နေပါရောလား"။


ကောဖန်လင်းလည်း ဝတ်စားဆင်ယင်ပြီးအဆင်သင့်ဖြစ်နေသည့်ကုဆွေ့ဆွေ့ကိုတစ်ချက်လှမ်းကြည့်ကာ တစ်ယောက်တစ်ပေါက်ဆူညံနေသူများကို ပိတ်ဟောက်လိုက်သည်။ "ဟုတ်ပြီ...အားလုံးတိတ်ကြတော့...အချိန်ဖြန်းမနေနဲ့...လုပ်စရာရှိတာလုပ်ကြလေ...ဆွေ့ဆွေ့နဲ့ယွီလင်း....အဆင်သင့်လုပ်ထားနော်"။


ကုဆွေ့ဆွေ့က "မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲရိုက်ကူးရေးတွင်ပါဝင်မည်ဟု အတည်ပြုလိုက်ပြီးနောက် ဇာတ်ညွှန်းရေးဆရာက သူဖြုတ်ချထားခဲ့သည့်ဇာတ်ကွက်များကိုပြန်ထည့်လိုက်သည်။ ထို့ကြောင့် သရုပ်ဆောင်အားလုံး၏လက်ထဲတွင် ဇာတ်ညွှန်းစာရွက်အသစ်များကိုင်ထားကြခြင်းဖြစ်သည်။ ကုဆွေ့ဆွေ့သရုပ်ဆောင်ရမည့် ရှောင်ယွဲ့လောင်ဇာတ်ကောင်ကအရေးပါသော်လည်း ယခင်ရိုက်ကူးခဲ့သည့်အပိုင်းများအပေါ်သက်ရောက်မှု များများစားစားမရှိသောကြောင့် 


အစအဆုံးပြန်လည်ရိုက်ကူးစရာမလိုတော့ပေ။ 


ဤမနက်တွင် ရှောင်ယွဲ့လောင်ဇာတ်ကောင်၏ ပထမဆုံးဇာတ်ဝင်ခန်းကိုရိုက်ကူးကြမည်ဖြစ်သည်။ ထိုဇာတ်ဝင်ခန်းတွင်ကုဆွေ့ဆွေ့နှင့်အတူတွဲဖပ်သရုပ်ဆောင်ရမည့် သရုပ်ဆောင်မင်းသာမှာ ချောမောပြေပြစ်သောမျက်နှာထားရှိပြီး ရယ်လိုက်တိုင်းယုန်သွားနှင့်တူသည့်ရှေ့သွားကြီးများပေါ်ထွက်လာသည်။ ကြမ်းတမ်းခက်ထန်သည့် အရိပ်အယောင်စိုးစဥ်းမျှမရှိသည့်အပြင် ချစ်စရာကောင်းလွန်းသည့်ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသူဖြစ်သည်။ သို့သော် "မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲထဲတွင် သူ့ဇာတ်ကောင်က နှစ်ပေါင်းများစွာပုန်းအောင်းနေသည့် ကွင်းဆက်လူသတ်သမားဇာတ်ကောင်ဖြစ်သည်။


ရိုက်ကူးရေးစတင်သည့်အချိန်တွင် ထိုအပြစ်ကင်းစင်ပြီးချစ်စဖွယ်ကောင်းသည့် မျက်နှာကလုံးဝအခြားလူတစ်ယောက်နှယ်ပြောင်းလဲသွားသည်။ သုန်မှုန်နေသည်။ နာကျင်နေသည်။ ရက်စက်ကြမ်းကြုတ်သည်။ သူ့အမူအရာကို စကားလုံးတစ်လုံးတည်းနှင့်ဖော်ပြရမည်ဆိုလျှင် 


ဥပက္ခာပြုခြင်းပင်ဖြစ်သည်။ လူများ၏အသက် သူတစ်ပါး၏အသက်ကို ဘာမှမဟုတ်သလိုဥပက္ခာပြုကာ ရက်ရက်စက်စက်သတ်ဖြတ်သည်။ ထိုသူ၏မျက်ဝန်းထဲတွင် ရိုက်ကူးရေးမစမီက တွေ့ခဲ့ရသော ဖြူစင်ကြင်နာမှုများအစား အေးစက်ကာခံစားချက်မဲ့ပြီး ဗလာဖြစ်နေသည်။ ကင်မရာရှေ့တွင် ရုတ်တရက်ပြောင်းလဲသွားသော ထိုအစ်ကိုကြီး၏မျက်နှာအမူအရာက ကုဆွေ့ဆွေ့အားထိတ်လန့်တုန်လှုပ်သွားစေသည်။


"တောင်းပန်ပါတယ်....အစ်ကိုမင်းကိုလန့်သွားအောင် လုပ်မိသွားတယ်"။ သူ့မျက်နှာအမူအရာကြောင့် လဲကျမတတ်ဖြစ်သွားသည့်ကလေးမလေးကို ယွီလင်းတစ်ယောက်အပြေးသွားကာလှမ်းထိန်းလိုက်သည်။


ကောဖန်လင်းလည်း ဆွေ့ဆွေ့ရှိရာသို့အပြေးအလွှားရောက်ချလာကာ စိုးရိမ်စွာဖြင့်မေးလိုက်သည်။ "ဆွေ့ဆွေ့....သမီးအဆင်ပြေရဲ့လား...ဘယ်နားထိသွားသေးလဲ"။


မျက်စိတစ်မှိတ်အတွင်း ဖြူစင်ကြင်နာတတ်


သည့်ပုံစံပြန်ဖြစ်သွားသော ထိုအစ်ကိုကြီးကို


ကြည့်ရင်းကုဆွေ့ဆွေ့ကြောင်အမ်းအမ်းဖြစ်နေမိသည်။ တစ်ကယ်တမ်းတွင် ရိုက်ကူးရေးစလိုက်သည်နှင့် ဇာတ်ကောင်ပုံစံချက်ချင်းပြောင်းလဲသွားသောယွီလင်း၏သရုပ်ဆောင်ချက်ကြောင့် သူတို့အားလုံးအံ့အားသင့်သွားကြသည်။ ယွီလင်းက အင်ပါယာရုပ်ရှင်အကယ်ဒမီကျောင်းကြီး၏ပထမနှစ်ကျောင်းသားဖြစ်သောကြောင့် အနုပညာအလုပ်များသိပ်မလုပ်နိုင်သေးချေ။ သို့မဟုတ်လျှင် ကောင်းမွန်လှသောသရုပ်ဆောင်မှုများကြောင့် ဝက်ဝက်ကွဲအောင်မြင်နေလောက်ပြီ။


သူ(မ)ကြောင့် ရိုက်ကူးရေးခေတ္တရပ်လိုက်ရသည်ကို ကုဆွေ့ဆွေ့သတိထားမိသွားသည်။ "ဒါရိုက်တာကြီး....သမီးကြောင့်ရိုက်ကူးရေး 


နှောင့်နှေးသွားပြီလား"။


ကောဖန်လင်းလည်း ရိုက်ကူးရေးပျက်မည်ကိုစိုးရိမ်ပေးနေသည့်ကလေးငယ်ကြောင့် ပြုံးမိသွားကာ ပြန်ဖြေပေးလိုက်သည်။ "မဟုတ်တာ...ဆွေ့ဆွေ့လေးရယ်....သမီးကြောင့်မဟုတ်ပါဘူး....အစ်ကိုတို့ပြန်ရိုက်လို့ရတယ်...ဘာမှမဖြစ်ဘူး"။ ထို့နောက် ကောဖန်လင်းက ယွီလင်းကိုကုဆွေ့ဆွေ့ရှေ့သို့ဆွဲလာကာ ပြောလိုက်သည်။ "ဆွေ့ဆွေ့.....ဒီကိုကိုကို အခုသေချာစိုက်ကြည့်လိုက်...မြင်ရဖန်များသွားရင် မကြောက်တော့ဘူး"။ ကုဆွေ့ဆွေ့လည်း ဒါရိုက်တာပြောသည့်အတိုင်း ယွီလင်းကိုစေ့စေ့စိုက်ကြည့်လိုက်သည်။ ထိုအခါမှ ဇာတ်ကောင်အရရက်စက်ကြမ်းကြုတ်သည့်ပုံစံမျိုးပြောင်းသွားသော်လည်း သူ(မ)အပေါ်ထိခိုက်နာကျင်စေလိုသည့်စိတ်လုံးဝမရှိကြောင်း အသေအချာသိလိုက်ရသည်။


Xxxxxxxxx