အပိုင်း ၆၅
Viewers 15k

Chapter 65


ကောဖန်လင်း၏အကြုံပြုချက်က အသုံးဝင်သေးကြောင်း အချက်အလက်မှန်များကသက်သက်ပြနေသည်။


"ဆွေ့ဆွေ့နဲ့ယွီလင်း....ဒီတစ်ခေါက်မှာ တော်တော်လေးကောင်းကောင်းလုပ်နိုင်ခဲ့တယ်....ခဏလေးနားကြတာပေါ့....ပြီးမှ နောက်ဇာတ်ဝင်ခန်းတစ်ခုကိုရိုက်ကြတာပေါ့"။


ကုဆွေ့ဆွေ့တစ်ယောက် သူ(မ)နှင့်အတူတွဲဖက်သရုပ်ဆောင်သော ထိုအစ်ကိုကြီး၏ "ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်မှု" ကိုကျင့်သားရသွားပြီးနောက် နောက်ဇာတ်ဝင်ခန်းရိုက်ကူးရာတွင် တဖြေးဖြေးချင်းတိုးတက်လာခဲ့သည်။ ထိုအစ်ကိုကြီး၏ရက်စက်ကြမ်းကြုတ်သည့်အသွင်အပြင်ကို ကြောက်ရွံ့မနေတော့ချေ။ နောက်ထပ်နှစ်ကြိမ်ပြန်လည်ရိုက်ကူးပြီးနောက် ရလဒ်ကောင်းကောင်းမွန်မွန်ထွက်လာခဲ့သည်။


"ဆွေ့ဆွေ့....အစ်ကိုတို့နေ့လည်စာမှာစားကြမလို့...အဲ့ဒါ သမီးဘာစားချင်လဲ"။ ရိုက်ကူးရေးအတွက် ရင်းနှီးမြှုပ်နှံထားသည့်ငွေများကို ထိန်းသိမ်းရသော ကောဖန်လင်းက ခြိုးခြံခြွေတာကာ ကပ်စေးနှဲတတ်သည်။ သို့သော် သူ့ရိုက်ကူးရေးအဖွဲ့သားများကို ကျွေးမွေးရာတွင်မူ နှမြောတွန့်တိုခြင်းအလျဥ်းမရှိပေ။ ရံဖန်ရံခါတွင် စားသောက်ဆိုင်ကြီးများတွင်ပင် ဧည့်ခံကျွေးမွေးတတ်သေးသည်။


ဒါရိုက်တာကြီးကရိုက်ကူးရေးအဖွဲ့သားများအတွက် နေ့လည်စာစီစဥ်ပေးမည်ဟုပြောလာသောအခါ ကုဆွေ့ဆွေ့လည်းတုံ့ဆိုင်းမနေပဲ သူ(မ)စားချင်သည့် အစားအသောက်များကိုပြောလိုက်သည်။ "ကိုကို....သမီးကြက်ခြေထောက်ကြော်စားချင်တယ်"။


ကုဆွေ့ဆွေ့၏အကြိုက်ဆုံးအစားအစာမှာ ကြက်ခြေထောက်ကြော်ဖြစ်သော်ငြားလည်း မေမေကသူ(မ)အား တစ်လတစ်ခါသာစားခွင့်ပေးထားသည်။ သူ(မ)မကျေမနပ်ဖြစ်မိသော်လည်း မိခင်ဖြစ်သူကိုအာမခံရဲပေ။ ကလေးမလေး၏မျက်နှာအမူအရာကိုမြင်သောအခါ အစားအသောက်မှာရန်တာဝန်ယူထားသည့် ကျန်းဟွယ်ရှင်းကပြုံးကာပြောလာသည်။ "အဲဒါဆိုရင်...သမီးအတွက် ကြက်ခြေထောက်နဲ့ကြက်ပေါင်ကြော်တစ်ဘူးစီမှာပေးမယ်နော်....ဟုတ်ပြီလား"။


"မတော်တဆတစ်ရက်တာတွေ့ဆုံခြင်း" ဇာတ်လမ်းတွဲ၏ရိုက်ကွင်းက သာမာန်ရပ်ကွက်ထဲတွင်သာ ဖြစ်သည့်အတွက် မှာထားသည့်အစားအသောက်များက သိပ်မကြာခင်တွင်ရောက်လာသည်။


ထိုအချိန်တွင် ယွီလင်းက နေ့လည်စာထမင်းနှစ်ထုပ်နှင့် ဆွေ့ဆွေ့ဆီသို့ရောက်လာကာ လက်ထဲရှိပါဆယ်ထုပ်တစ်ထုပ်ကို သူ(မ)အားကမ်းပေးလာသည်။ "ဆွေ့ဆွေ့...ဒါက သမီးမှာထားတဲ့ ကြက်ပေါင်ကြော်နော်"။ ဗီလိန်နေရာတွင် သရုပ်ဆောင်သည့်သူ့မျက်နှာအမူအရာကို ကုဆွေ့ဆွေ့အသားကျသွားစေရန် ကောဖန်လင်းက 


ကလေးငယ်နှင့်အတတ်နိုင်ဆုံးဆက်သွယ်ပြောဆိုခိုင်းသည်။


"ဆွေ့ဆွေ့....သမီးကဒီနှစ်ဆိုရင် အသက်ဘယ်လောက်ရှိပြီလဲ"။


"လေးနှစ်ပြည့်တော့မယ်ရှင့်"။


"အဲဒါဆိုရင်....စုစုပေါင်းရုပ်ရှင်ဘယ်နှစ်ကားရိုက်ပြီးသွားပြီလဲ"။ 


"သုံးကားရိုက်ပြီးသွားပြီ"။


ယွီလင်းက ဆွေ့ဆွေ့ဘေးတွင်ထိုင်ကာ သူ(မ)နှင့်တစ်ခဏတာမျှစကားစမြည်ပြောဆိုနေလိုက်သည်။ တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုနားလည်စေရန်အတွက် ဒါရိုက်တာကောဖန်လင်းက ထိုသို့စကားစမြည်ပြောစေခြင်းဖြစ်သည်။


ယွီလင်း၏အမေးကိုပြန်ဖြေနေရင်း ကုဆွေ့ဆွေ့က ကြက်ပေါင်ထမင်းကြော်ထုပ်ကိုဖွင့်ကာ ကိုယ်ကိုကိုင်းညွှတ်ရင်း ဆွဲဆောင်နိုင်လွန်းသည့်အသားရနံ့ကို တစ်ဝကြီးရှူလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့်ပြောလာသည်။ "မွှေးလိုက်တာ"။ လူသားတစ်ယောက်နေထိုင်သည့်သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ကုဆွေ့ဆွေ့မှာ တူကောင်းကောင်းကိုင်နိုင်ပြီဖြစ်သည်။ စားသောက်ရာတွင် မည်သူ့အကူအညီမှမယူပဲ သူ(မ)ဘာသာစည်းစနစ်ကျကျ စားသောက်နိုင်သည်။ အစားအသောက်အပေါ် အာရုံလုံးလုံးရောက်သွားသောကုဆွေ့ဆွေ့အား မနှောင့်ယှက်တော့ပဲ ယွီလင်းလည်းစကားစဖြတ်လိုက်သည်။


သူကိုယ်တိုင်စားရန် ယွီလင်းမှာထားသည့်နေ့လည်စာမှာ ဝက်သားမွကြော်နှင့်ပန်းငရုတ်စိမ်းတို့ဖြစ်သည်။ ဆိုင်အစားအသောက်ဖြစ်သောကြောင့် အရသာမှာသာမာန်အတိုင်းသာဖြစ်သည်။ 


ကုဆွေ့ဆွေ့က အသက်ငယ်ရွယ်သေးသောကြောင့် သိပ်မစားနိုင်ပေ။ ကြက်ပေါင်ထမင်းကြော်ပွဲကြီးတစ်ပွဲက သူ(မ)အတွက် အလွန်များသည့်ပမာဏဖြစ်သောကြောင့် တစ်ဝက်သာကုန်ပြီး ဗိုက်ပြည့်သွားသည်။ စားသောက်ပြီးစီးသွားသောအခါ တစ်သျှူးဖြင့်ပါးစပ်ကိုသုတ်နေရင်း တစ်ခုခုကိုသတိရသွားဟန်ဖြင့် သူ(မ)ဘေးရှိ လက်ထောက်အစ်မကြီးကိုလှမ်းဆွဲကာပြောလိုက်သည်။ "လက်ထောက်မမ....သမီးကြက်ပေါင်ကြော်စားတာ မေမေ့ကိုသွားမပြောနဲ့နော်....မေမေသာသိသွားရင် နောက်အပတ်ကျ သမီးကိုကြက်ပေါင်ကြော်လိုက်ကျွေးတော့မှာမဟုတ်ဘူး"။ 


ကုဆွေ့ဆွေ့အတွက် လုယွင်ကျီဌားပေးထား


သည့် လက်ထောက်အကူမှာအသက်သုံးဆယ်အရွယ်အတွင်းရှိသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ ရှန်ယွင်က ယခင်က အကျော်အမော်သရုပ်ဆောင်မင်းသမီးတစ်ဦး၏လက်ထောက်ဖြစ်သည်။ ထိုသရုပ်ဆောင်မင်းသမီးက ဤနှစ်


မတ်ချ်လလောက်တွင်လက်ထပ်ထိမ်းမြားပြီး အနုပညာလောကမှအပြီးတိုင်အနားယူတော့မည်ဖြစ်သောကြောင့် သူ(မ)လည်းအလုပ်ထွက်ခဲ့ရသည်။ သို့သော် သိပ်မကြာခင်တွင် ချင်းဖျော်ဖြေရေးကုမ္ပဏီမှ လက်ထောက်များခေါ်ယူနေကြောင်း သိလိုက်ရသောအခါ သူ(မ)လည်းအင်တာဗျူးဝင်ဖြေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အင်တာဗျူးအောင်ပြီး ကုဆွေ့ဆွေ့လေး၏ လက်ထောက်တစ်ဦးဖြစ်လာခဲ့သည်။ ကလေးချစ်တတ်သည့်သူ(မ)အတွက် ခက်ခက်ခဲခဲအလုပ်မဟုတ်ခဲ့ပေ။ ထို့အပြင် ကုဆွေ့ဆွေ့က အခြားကလေးများထက်လိမ္မာပါးနပ်ပြီးနာခံလွယ်သည်။


ယခုလည်း သူ(မ)အား မိခင်ဖြစ်သူကို တိုင်မပြောရန် မျက်နှာချိုသွေးကာတောင်းဆိုနေသည့် 


ကလေးမလေးကိုကြည့်ရင်း ပြုံးကာပြောလိုက်သည်။ "ဟုတ်ပါပြီ....သမီးမေမေကို မမပြန်မပြောပါဘူး...ဒါပေမဲ့ နောက်တစ်ခေါက်ကျရင် မေမေ့စကားကိုနားထောင်လိုက်နော်"။


မနက်ပိုင်းတွင် သူ(မ)ရိုက်ကူးရမည့်ဇာတ်ဝင်ခန်းမရှိသောကြောင့် စုယွီချင်းက နေ့လည်စာစားပြီးလောက်သည့်အချိန်မှ ရိုက်ကွင်းသို့ရောက်လာသည်။


သူ(မ)ရောက်လာသည့်အချိန်တွင် ကုဆွေ့ဆွေ့က


ဇာတ်ဆောင်မင်းသား၏ညီမဖြစ်သည့် ဇာတ်ပို့တစ်ဦးနှင့် စတင်သရုပ်ဆောင်ရိုက်ကူးနေသည်။ စုယွီချင်းက ရိုက်ကွင်းအပြင်ဘက်တွင် ရပ်နေရင်း အတိတ်ဘဝတုန်းကထက်တိုးတက်လာ


သည့် ဤဇာတ်လမ်းတွဲ၏ဇာတ်လမ်းဇာတ်ကွက်အကြောင်းတွေးနေမိသည်။ အတွေးလွန်နေသောကြောင့် ကုဆွေ့ဆွေ့တို့ရိုက်ကူးရေးပြီးသွားသည်ကိုပင် မသိလိုက်ချေ။ 


"မမစု...ဘာလို့ဒီကိုရောက်နေတာလဲ....မမလည်းဒီဇာတ်ကားထဲမှာပါတာလား"။ ရိုက်ကူးရေးပြီးသည်နှင့် ထိုကလေးမလေးကခုန်ဆွခုန်ဆွနှင့် ပြေးလာပြီး သူ(မ)ကိုလာဖက်သည်။ ရုတ်တရက်အဖက်ခံလိုက်ရသောကြောင့် စုယွီချင်း၏ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။ ထို့နောက်မှ တဖြေးဖြေးပြေလျော့သွားကာ ဆွေ့ဆွေ့၏ခေါင်းလေးကိုညင်သာစွာပွတ်သပ်ပြီး ပြောလိုက်သည်။ "မမတောင်းပန်ပါတယ်...တစ်ခြားရိုက်ကူးရေးတစ်ခုရှိနေလို့ ဒီတလော သိပ်မအားဘူးဖြစ်သွားတယ်"။ 


အတိတ်ဘဝကစုပြုံနေသည့်နာကျည်းချက်များကြောင့် ယခုဘဝနှင့်အတိတ်ဘဝ၏ကွာခြားချက်ကို သူ(မ)သတိမထားမိခဲ့ချေ။ သူ(မ)ကလွဲပြီး အခြားလူအားလုံးက အတိတ်တုန်းကကဲ့သို့ပုံစံမျိုးမဟုတ်တော့ချေ။ လက်စားချေရလောက်သည့်အကြောင်းရင်းလည်း ရေရေရာရာရှိမနေပေ။ ထို့ကြောင့် အတိတ်ကဖြစ်ခဲ့သည့်အရာအားလုံးကို သူ(မ)သင်ပုန်းချေလိုက်သည်။ ယခုသူ(မ)ရှင်သန်နေသည့်ရည်ရွယ်ချက်မှာ လက်စားချေရန်မဟုတ်တော့ပဲ အတိတ်တွင်မပြီးမြောက်ခဲ့သော သူ(မ)၏စိတ်ကူးအိပ်မက်ကိုအကောင်အထည်ဖော်ရန်ပင်။


စုယွီချင်း၏ရေရှည်အိပ်မက်မှာ ရုပ်ရှင်ဘုရင်မတစ်ဦးဖြစ်လာရန်ဖြစ်သည်။ အစပိုင်းတွင် ကုဆွေ့ဆွေ့ကိုမနာလိုသောကြောင့် ရုပ်ရှင်လောကထဲသို့ဝင်ပြီး လိုက်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဇာတ်လမ်းတစ်ခုပြီးတစ်ခုရိုက်ကူးရင်း သူ(မ)၏ပါရမီနှင့်စိတ်အားထက်သန်မှုကိုရှာတွေ့သွားခဲ့သည်။ ရုပ်ရှင်များထဲတွင် ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပီပြင်ဆုံးဖြစ်အောင်သရုပ်ဆောင်ရသည့်ခံစားချက်ကို သူ(မ)အလွန်သဘောကျပါသည်။


Xxxxxxxx