အပိုင်း ၆၆
Viewers 15k

Chapter 66


ရိုက်ကူးရေးအချိန်ကို တနင်္ဂနွေနေ့သို့ရွှေ့ဆိုင်းလိုက်သည်မှာ အလွန်ရှားပါသည်။ ထို့ကြောင့် ကုဆွေ့ဆွေ့လည်း သူ(မ)ပါဝင်ရိုက်ကူးထားသည့် ရသစုံရှိုးအစီအစဥ်ကိုကြည့်ရှုရန် နောက်ဆုံးတွင် အခွင့်အရေးရသွားခဲ့သည်။


"မေမေ....လာကြည့်ပါဦး...အစီအစဥ်စတော့မယ်"။ ဆွေ့ဆွေ့က မီးဖိုခန်းထဲတွင် အလုပ်ရှုပ်နေသည့် သူ(မ)၏မိခင်အားလှမ်းအော်ပြောလိုက်သည်။


"သမီးလေးရယ်....ကြော်ငြာဝင်တာက....လေးငါးမိနစ်လောက်ကြာဦးမှာ...မစသေးဘူး....စိတ်မပူနဲ့"။ သစ်သီးဝလံများကို ဆေးကြောသန့်စင်ကာ လှီးဖြတ်နေသည့်ဖုန်းယောက်ချင်းက ကုဆွေ့ဆွေ့အားပြန်ပြောလိုက်သည်။ ဖုန်းယောက်ချင်း၏စကားကြောင့် လောနေသည့်ကုဆွေ့ဆွေ့လည်း စိတ်သက်သာရာရသွားသည်။ ကုဆွေ့ဆွေ့အနေနှင့် သူ(မ)ပါဝင်ရိုက်ကူးထားသည့် ရသစုံရှိုးအား သူ(မ)ကိုယ်တိုင် ပထမဆုံးအကြိမ်ကြည့်ရှုရမည်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။


ကြော်ငြာရှည်ဝင်ပြီးနောက် ရသစုံရှိုးအစီအစဥ်ကိုစတင်ပြသလေတော့သည်။ ပေါက်စလေးက ဆိုဖာပေါ်တွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့်စောင့်မျှော်နေသည်။ ဧည့်သည်အနုပညာရှင်များကိုယ်တိုင်သီဆိုထားသည့် ဇာတ်ဝင်တေးနှင့်အတူ အကျော်အမော်မိဘများနှင့်ကလေးငယ်တစ်ယောက်စီကို တစ်လှည့်စီပြသည်။ ထို့နောက် ယခင်အပိုင်းကိုနှစ်မိနစ်ခန့်အတိုချုံးပြန်ပြသည်။


 ကုဆွေ့ဆွေ့က တီဗွီအားစူးစိုက်စွာကြည့်နေသည်။ ဖန်သားပြင်ထက်တွင် သူ(မ)၏ရုပ်ပေါ်လာတိုင်း မျက်လုံးကိုအုပ်ကာ ပါးစပ်ထဲသို့လည်း အခွံခွာပြီးသားစပျစ်သီးများသွတ်ထည့်နေတော့သည်။ အရှက်သည်းနေသော သူ(မ)၏သမီးငယ်လေးကိုကြည့်ရင်း ဖုန်းယောက်ချင်းတစ်ယောက် မရယ်မိအောင်မနည်းထိန်းထားရသည်။


သောကြာနေ့ညရှစ်နာရီတိုင်း ကုဆွေ့ဆွေ့နှင့်ဖုန်းယောက်ချင်းတို့ကဲ့သို့ တီဗွီရှေ့တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီအစဥ်ကိုစောင့်မျှော်နေ


သည့် ပရိသတ်များစွာရှိနေသည်။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးအစီအစဥ်၏ပထမအပိုင်းနှစ်ပိုင်းကိုထုတ်လွှင့်ပြသပြီးနောက် နောက်အပိုင်းအသစ်များအတွက် အပတ်တိုင်း တီဗွီရှေ့တွင်စောင့်မျှော်နေကြသည့် ပရိသတ်အရေအတွက်အများအပြားတိုးလာသလို ဆိုရှယ်မီဒီယာများတွင်လည်း ထိုရသစုံရှိုးနှင့်ပတ်သတ်သည့်ပို့စ်များ ဗွီဒီယိုများကို မတွေ့ချင်အဆုံးဖြစ်နေရသည်။ သစ်သီးရုပ်သံလှိုင်းတွင် ထုတ်လွှင့်ဖူးသမျှရသစုံရှိုးများအနက် "ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးက 


အမြက့်ဆုံးကြည့်ရှုနှုန်းစံချိန်အသစ်ချိုးလိုက်နိုင်ပြီဖြစ်သည်။ 


"တစ်ပတ်တစ်ပတ်...စောင့်ရတာလည်း လည်ပင်းရှည်နေပြီ"။


"ဟီးဟီး....အခုမှကြည့်မဲ့သူမလို့....အပိုင်းဟောင်းတွေကိုအရင်ကြည့်လိုက်ဦးမယ်..."။


"တိမ်မြှုပ်နေသော ရုပ်ရှင်ဇတ်ကားကြီးမလွှင့်ခင်....ပေါက်စလေးရဲ့ရသစုံရှိုးကို အကဲခတ်ဖို့လာပြီ"။


"တိမ်မြှုပ်နေသောရုပ်ရှင်ရဲ့....နမူနာအပိုင်းတိုက ရေလည်မိုက်တယ်...ကြည့်ချင်လှပြီ...မစောင့်နိုင်တော့ဘူး"။


"အိုး...အပိုင်းအသစ်ကိုစောင့်နေရင်း...အရင်အပိုင်းအဟောင်းတွေကို ဘယ်နှစ်ခေါက်ပြန်


ကြည့်နေမိမှန်းတောင်မသိဘူး....စိတ်ရှည်ရှည်နဲ့စောင့်ရတာလည်း မလွယ်ပါလားနော်"။


"ဒီမှာလည်းအတူတူပဲ....ဒီတစ်လောတစ်ခြားရသစုံရှိုးတွေလည်းမလွှင့်တော့...ဒီတစ်ခုကိုပဲ မျှော်နေရတာ...တစ်ပတ်တစ်ပိုင်းပဲလွှင့်တော့ ကြည့်ရတာအရသာပျက်တယ်"။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရသစုံရှိုးတွင်ပါဝင်သည့် ဧည့်သည်အနုပညာရှင်များထဲတွင် 


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင် မင်းသမီးလင်းရာဇာတ်ရုပ်ကို သရုပ်ဆောင်ထားသည့် ကုဆွေ့ဆွေ့က လတ်တလောရေပန်းအစားဆုံးဖြစ်နေသည်။ ခဲ့ကျင်းယန်၏နာမည်ကြီးကျော်ကြားမှုကလည်း ကုဆွေ့ဆွေ့ထက်မလျော့ပေ။ ပရိသတ်အခိုင်အမာရှိပြီးသားသူတစ်ယောက်ဖြစ်သည့်အတွက် သူရိုက်ကူးသည့်ရုပ်ရှင်တိုင်း သူသီဆိုသည့်သီချင်းတိုင်းအောင်မြင်သည်ချည်းပင်။ ထို့ကြောင့် ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့၏တွဲစပ်မှုက ပရိသတ်များကို အလွန်ဆွဲဆောင်နိုင်လွန်းသည်။


သို့သော်လည်း ပရိသတ်အများစုက ထိုနှစ်ယောက်ကိုသာအာရုံစိုက်ပြီး အခြားသူများအပေါ်အာရုံမစိုက်သောကြောင့် ရိုက်ကူးရေးအဖွဲ့က တတိယအပိုင်းတွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ ဇာတ်ဝင်ခန်းများကို နည်းသထက်နည်းအောင် တမင်တကာဖြတ်ချလိုက်သည်။


"ဟဲ့....ပေါက်စလေးကဒီအပိုင်းမှာ သိပ်မပါဘူးရော်...ပေါက်စလေးဘယ်မှာလဲ"။


"ခင်းန်ရောဘယ်မှာလဲ...သူတို့လေယာဥ်နောက်ကျနေလို့များလား"။


"ဘာလား....သူတို့နှစ်ယောက်က ဒီအပိုင်းမှာမပါတာလား"။


"ရိုက်ကူးရေးအဖွဲ့က ဘာတွေလုပ်နေတာလဲ"။


"ကျွန်တော်သတင်းဆိုးတစ်ခုပြောချင်ပါတယ်...ခဲ့ကျင်းယန်နဲ့ကုဆွေ့ဆွေ့တို့က ဒီနှစ်ရက်အတွင်း ဒီကလူတွေနဲ့အတူတူရိုက်ကူးရေးလုပ်နိုင်မှာမဟုတ်ပါဘူး"။ ဒါရိုက်တာ ရီကျောက်က စိတ်မကောင်းသည့်အမူအရာဖြင့်အခြားသူများကိုပြောလိုက်သည်။ ထိုစကားကိုကြားလိုက်ရသောအခါ ဧည့်သည်အနုပညာရှင်များသာမက ကြည့်ရှုနေသည့်ပရိသတ်များပါ ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင်အံ့အားသင့်သွားကြသည်။


"ဘာတွေဖြစ်နေတာလဲဟ....အစ်ကိုကျင်းယန်နဲ့ဆွေ့ဆွေ့လေးက...ရသစုံရှိုးကနေနှုတ်ထွက်လိုက်တာလား"။


"ငါကြားတာတော့...သူတို့နှစ်ယောက် အပြင်ထွက်ပြီးမုန့်စားနေတုန်း...ခဲ့ကျင်းယန်ရဲ့ပရိသတ်တွေကဝိုင်းအုံလာပြီး...ဆွဲလားရမ်းလားလုပ်ကြတာတဲ့...အဲဒါကြောင့်များ ရိုက်ကူးရေးနားထားတာလားမသိဘူး"။


"ကလေးလေးထိခိုက်မိသွားတယ်နဲ့တူတယ်...ခဲ့ကျင်းယန်ရဲ့ပရိသတ်တွေက ရူးနေသလားပဲ


အခုအခြေအနေအရတော့ဒီအပိုင်းမှာဘာလို့မပါမှန်းသေသေချာချာမသိရသေးဘူး...အကြောင်းရင်းကိုခန့်မှန်းကြည့်ရုံပါ"။


"ဘာပဲဖြစ်ဖြစ်...ငါ့အသဘ်းလေးနှစ်ယောက်အတွက်စိတ်ပူမိတယ်...တစ်ခုခုဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"။


"စာချုပ်ချုပ်ပြီးသားကို အဲ့လိုကြီးတစ်ဝက်တစ်ပျက်မှာ....နှုတ်ထွက်လို့ရလို့လား"။


ကြည့်ရှုသူပရိသတ်များဇဝေဇဝါဖြစ်နေချိန်တွင် ဒါရိုက်တာရီကျောက်က ဧည့်သည်အနုပညာရှင်များဘက်သို့လှည့်၍ စကားဆက်ပြောသည်။ 


"ဘာလို့လည်းဆိုတော့...ကျွန်တော်တို့ရဲ့ဘုရင်ကြီးနဲ့မင်းသမီးလေးကို...မကောင်းဆိုးဝါးနဂါးက ကျွန်းပေါ်မှာဖမ်းခေါ်ထားလို့ပါ...ကျွန်းပေါ်မှာပိတ်မိနေတဲ့သူတို့နှစ်ယောက်ကို လူကြီးမင်းတို့ကသွားကယ်ရမှာပါ"။


"အား....ဒီတိုင်းဇာတ်လမ်းဆင်တာကိုး...တော်သေးတာပေါ့...ငါကသူတို့နှစ်ယောက် တကယ်နှုတ်ထွက်သွားပြီထင်နေတာ"။


"ဒါရိုက်တာကြီးက....ပရိသတ်တွေကိုနှလုံးရောဂါရအောင်လုပ်နေသလားပဲ....ငါဖြင့်တော်တော်လန့်သွားတာ"။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ အမှန်တကယ်မနှုတ်ထွက်ကြောင်းသိလိုက်ရသည့်အခါ ကြည့်ရှုသူ ပရိသတ်အားလုံးစိတ်သက်သာရာရသွားကြသည်။ တစ်ဖက်တွင် ရိုက်ကူးရေးအဖွဲ့ကဇာတ်လမ်းဇာတ်ကွက်အကြောင်းကိုအသေးစိတ်ရှင်းပြပြီး တစ်ယောက်ချင်းစီကို ပုံဖော်ထားသည့်ကတ်တစ်ကတ်စီရွေးစေသည်။ ခဲ့ကျင်းယန်၏ဇာတ်ကောင်က ဘုရင်ကြီးဖြစ်ပြီး ကုဆွေ့ဆွေ့၏ဇာတ်ကောင်က မင်းသမီးလေးဖြစ်သည်။


ထို့အပြင် တော်ဝင်အစောင့် စစ်သည်တော် လက်သမားနှင့်သာမာန်ပြည်သူအစရှိသည့် ဇာတ်ကောင်များလည်းရှိသေးသည်။ ကတ်တစ်ကတ်စီ၏နောက်ကွယ်တွင် မိမိ၏ဇာတ်ကောင်များနှင့်အတူ ထမ်းဆောင်ရမည့်မစ်ရှင်များလည်းပါရှိသည်။ မစ်ရှင်အောင်မြင်ပါက ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ရှိနေသည့် ကျွန်း၏တည်နေရာနှင့်ပတ်သတ်၍ သဲလွန်စများရရှိမည်ဖြစ်သည်။


"ရိုက်ကူးရေးအဖွဲ့က....ဇာတ်ညွှန်းရေးပြီး ဇာတ်ကွက်ဆင်ထားတာပဲ....ရသစုံရှိုးတစ်ခုက ဒီလိုစိတ်ဝင်စားဖို့ကောင်းမှန်းငါမသိခဲ့ဘူး"။


"ရိုက်ကူးရေးအဖွဲ့က ပရိသတ်တွေရဲ့စိတ်ကိုကောင်းကောင်းသိတယ်....ဒါကကြိုတင်စီစဥ်ထားတာများလား"။


"အခုအချိန်မှာ....ငါတစ်ခုပဲသိချင်မိတယ်....ပေါက်စလေးနဲ့ခဲ့ကျင်းယန်တို့ ဘယ်မှာများရောက်နေပါလိမ့်"။


"အဲ့လိုပြောမှ ငါလည်းအရမ်းသိချင်လာတယ်"။


"သိချင်လိုက်တာ +1"


"သိချင်လိုက်တာ +10086"


ရိုက်ကူးရေးအဖွဲ့ကစည်းမျဥ်းစည်းကမ်းများကိုရှင်းပြပြီးနောက် အဖွဲ့အသီးသီးက မစ်ရှင်များကိုစတင်လုပ်ရန်ပြင်ဆင်ကြတော့သည်။ လူကြီးများထက် ကလေးများက ပို၍စိတ်အားထက်သန်နေကြသည်။ လင်းတုံတုံက သူ့လက်သီးသေးသေးလေးကိုဆုပ်ထားရင်း ကြုံးဝါးလိုက်သည်။ "ညီမလေးဆွေ့ဆွေ့ကို....အရင်ဆုံးသွားကယ်တဲ့သူက ငါပဲဖြစ်ရမယ်"။


ထိုအခါ ချန်ချင်းယန်ကတည်ကြည်လေးနက်စွာပြောလိုက်သည်။ "နတ်သမီးပုံပြင်တွေထဲမှာဆိုရင်....ငါတို့လိုစစ်သည်တော်တွေကပဲ နဂါးကိုနှိမ်နင်းဖို့ နောက်ဆုံးရှင်ကျန်ရစ်ခဲ့တာ"။


ရွှဲ့ယွမ်ကလည်း သာမာန်အရပ်သားကတ်ကိုယူ၍ စိုးရိမ်တကြီးဖြင့် ဖခင်ဖြစ်သူအားပြောလိုက်သည်။ "ညီမလေးဆွေ့ဆွေ့က....အခုဆိုအရမ်းကြောက်နေတော့မှာပဲ....ဖေဖေ သားတို့မြန်မြန်သွားကယ်မှဖြစ်မယ်"။


ဟုန်းလင်းအာကလည်းမိခင်ဖြစ်သူ၏အင်္ကျီစကိုလှမ်းဆွဲကာ အလောတကြီးဖြင့်ပြောသည်။ "မေမေ....မြန်မြန်သွားကြစို့....ညီမလေးကိုနဂါးကြီးစားသွားရင်ဘယ်လိုလုပ်မလဲ"။


 "ဟားဟားဟား....လူကြီးတွေက ကြောင်တောင်တောင်ဖြစ်နေပေမဲ့....ကလေးတွေက ဇာတ်လမ်းထဲမှာအရမ်းစျာန်ဝင်သွားတာပဲ"


"ဒီကလေးတွေက...အရမ်းချစ်ဖို့ကောင်းတယ်...တစ်ယောက်နဲ့တစ်ယောက်လည်း တော်တော်ချစ်ကြတယ်"။


"ဆန့်ကျင်ဘက်အနေနဲ့...ခဲ့ကျင်းယန်လည်း အဖမ်းခံရတာကို....ဘယ်သူမှမမေးကြဘူးရော်"။


"ဟီး...သူတို့ကဆွေ့ဆွေ့ကိုသာ ကယ်ရင်ကယ်မယ်...ခဲ့ကျင်းယန်ကိုတော့ကယ်မှာမဟုတ်လောက်ဘူး"။


တစ်ဖက်တွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က ဝိုင်မြို့ရှိလေဆိပ်သို့ရောက်လာကြသည်။ သူတို့ရှေ့တွင် စောင့်ကြိုနေသည့်အရာများကိုမသိသေးသောကြောင့် အေးအေးဆေးဆေးပင်ဖြစ်နေကြသည်။ အတန်ငယ်ကြာပြီးသော်လည်း သူတို့နှစ်ဦးသာရှိသည်ကို သိလိုက်ရသောအခါ ခဲ့ကျင်းယန်တစ်ယောက် တစ်ခုခုမှားနေသည်ကိုသတိထားမိသွားသည်။


"တစ်ခြားလူတွေရောဘယ်မှာလဲ...ကျွန်တော်တို့နှစ်ယောက်ပဲလား...သူတို့ဘယ်သွားလိုက်ကြတာလဲ"။


"အစ်ကိုလေး....စိတ်အေးအေးထားပါ...ရိုက်ကူးရေးအဖွဲ့က အစ်ကိုတို့အတွက်အံ့သြစရာလေးတွေစီစဥ်ပေးထားပါတယ်...ရောက်ရင်သိရမှာပါ"။


"ဟားဟား...ဘာကိုအံ့သြစရာလဲ....ကြောက်စရာကောင်းတာတွေ စီစဥ်ပေးထားတာမဟုတ်ဘူးလား"။


"ဝိုင်မြို့က...ကျွန်းတွေအများကြီးရှိတဲ့ ကမ်းခြေမြို့လေ...သူတို့နှစ်ယောက်ကိုကျွန်းတစ်ကျွန်းပေါ်ပို့ပစ်လိုက်မှာလားမသိဘူး"။


"အပေါ်ကတစ်ယောက်ပြောတာယုတ္တိရှိတယ်...ငါကဝိုင်မြို့မှာနေတာ...မြို့အနီးတစ်ဝိုက်မှာ အနည်းဆုံးကျွန်းပေါင်းတစ်ရာ့ရှစ်ဆယ်လောက်ရှိတာ"။


လေဆိပ်မှထွက်ခွာကာ မိနစ်နှစ်ဆယ်ခန့်ကားစီးပြီးနောက် နောက်ဆုံးတွင်ရိုက်ကွင်းနေရာသို့ရောက်လာသည်။ ကားပေါ်မှဆင်းသည်နှင့် ဝန်ထမ်းတစ်ဦးက ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့အားအကြောင်းစုံကိုရှင်းပြသည်။ သူတို့နှစ်ဦးကို နဂါးကြီးကဖမ်းထားသောကြောင့် လူသူမရှိ


သည့်ကျွန်းပေါ်တွင်ပိတ်မိနေခြင်းဖြစ်ကြောင်း ၊ အခြားသူများလာကယ်မှသာထွက်ရမည်ဖြစ်ကြောင်းပြောသည်။ အကြောင်းစုံကိုသိလိုက်ရသည်နှင့် ခဲ့ကျင်းယန်ကလည်း အဓိပ္ပါယ်မရှိဟုဆိုကာ အတင်းငြင်းဆန်တော့သည်။ နောက်ဆုံးငြင်းမရတော့မှ လက်လျှော့ကာ ရိုက်ကူးရေးအဖွဲ့၏စီစဥ်မှုကိုလက်ခံလိုက်ရတော့သည်။


လူသူမရှိသည့်ကျွန်းပေါ်သို့ အမှန်တကယ်အပို့ခံလိုက်ရသည့်ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်ကိုကြည့်ရင်း ကြည့်ရှုသူပရိသတ်များလည်း ရယ်မောကုန်ကြသည်။ ရှုံ့မဲ့နေသည့်သူတို့နှစ်ဦး၏မျက်နှာအမူအရာက ပရိသတ်များကိုရယ်ရွှင်စေပြီး တစ်ခဏတာဘဝအမောများကိုပြေပျောက်စေပါသည်။


Xxxxxxxx