အပိုင်း ၆၇
Viewers 15k

Chapter 67


အစပိုင်းတွင် သူ(မ)ပါဝင်ရိုက်ကူးထားသည့် ရသစုံရှိုးကိုကြည့်ရန် ကုဆွေ့ဆွေ့စိတ်လှုပ်ရှားနေသော်လည်း ယနေ့ရိုက်ကူးရေးကအလွန်ပင်ပန်းသောကြောင့် ရသစုံရှိုးကြည့်နေရင်း တစ်ဝက်တစ်ပျက်တွင် သူ(မ)အိပ်မောကျသွားလေသည်။ 


ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့အား ရိုက်ကူးရေးအဖွဲ့က လူသူမရှိသည့်ကျွန်းပေါ်တွင်ထားသည့်အပိုင်းကိုထုတ်လွှင့်ပြသနေခြင်းဖြစ်သည်။ အပိုင်းတစ်ဝက်တွင်ကြော်ငြာဝင်လာသောအခါ ဖုန်းယောက်ချင်းလည်း တီဗွီဖန်သားပြင်မှအ


ကြည့်လွှဲ၍ စကားစမြည်ပြောရန် သူ(မ)၏သမီးငယ်ဘက်သို့လှည့်လိုက်သည်အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်ကိုတွေ့လိုက်ရသည်။ တစ်နေ့လုံး မနားမနေရိုက်ကူးရေးလုပ်နေရသော ဆွေ့ဆွေ့လေးကို သူ(မ)သနားမိသည်။


ကံကောင်းထောက်မစွာဖြင့် ကိုယ်စားလှယ်လု


ယွင်ကျီက ရိုက်ကူးရေးအဖွဲ့နှင့်ကြိုတင်အချိန်ညှိထားပေးသောကြောင့် အိမ်တွင်အနားယူချိန်ရှိခြင်းဖြစ်သည်။ မနက်ဖြန်တစ်ရက်သာမနားရလျှင် သန်ဘက်ခါတွင်ရသစုံရှိုးရိုက်ကူးရေးလုပ်ရမည့် ကလေးငယ်ကပင်ပန်းနွမ်းနယ်ကာလှုပ်ရှားနိုင်မည်မဟုတ်ပေ။


ဖုန်းယောက်ချင်းလည်း တီဗွီကိုပိတ်ကာ ဆွေ့ဆွေ့အားသူ(မ)၏အိပ်ခန်းထဲသို့ ပွေ့ချီသွား၍ အိပ်ရာပေါ်ဂရုတစိုက်ချပြီး စောင်သေချာခြုံပေးလိုက်သည်။ ကုဆွေ့ဆွေ့၏ဝေဘိုဖော်လိုဝါများမှာ ယခုတွင်သုံးသန်းကျော်ခန့်ရှိနေပြီဖြစ်သည်။ ကိုယ်စားလှယ်လုယွင်ကျီက ဝေဘိုအကောင့်ကိုပါတာဝန်မယူထားသောကြောင့် မိခင်ဖြစ်သည့်ဖုန်းယောက်ချင်းသာ ဆွေ့ဆွေ့၏ဝေဘိုအကောင့်ကိုတာဝန်ယူပေးရသည်။


ဖုန်းယောက်ချင်းက အားသည့်အချိန်တိုင်း ဆွေ့ဆွေ့ဝေဘိုအကောင့်ရှိ ပရိသတ်များ၏ကောမန့်များကိုဝင်ကြည့်တတ်သည်။ ကောမန့်အများစုက ဆွေ့ဆွေ့၏ရုပ်ရည်ချောမောမှု ၊ ချစ်စဖွယ်ကောင်းမှု ၊ သရုပ်ဆောင်ကောင်းမှုတို့ကိုချီးကျူးထားကြသည်။ သူ(မ)၏သမီးလေးကို ချီးကျူးပြီးချစ်ခင်ပေးသောကြောင့် မိခင်တစ်ယောက်အနေနှင့် ဖုန်းယောက်ချင်းအလွန်ပီတိဖြစ်မိသည်။ သို့သော် ဆက်ကြည့်နေရင်း ဖုန်းကိုလွှင့်ထုတ်ပစ်ချင်သည်အထိဒေါသထွက်ရသော ကောမန့်အချို့ကိုလည်းတွေ့လိုက်ရသည်။ ချစ်စဖွယ်ကောင်းပြီးသုံးနှစ်အရွယ်သာရှိသေးသည့် ကလေးငယ်ကို မုန်းတီးနေသူများကလည်းရှိသေးသည်။


"အရမ်းအမြင်ကပ်စရာကောင်းတာပဲ....ငါဖုန်း


ဖွင့်ပြီးဝေဘိုကိုသွားကြည့်လိုက်တိုင်း လူတိုင်းကအဲ့ခဲ့ကျင်းယန်နဲ့ကုဆွေ့ဆွေ့အကြောင်းပဲပြောနေကြတယ်...သူတို့နှစ်ယောက်ရဲ့ ရသစုံရှိုးကဘာတွေများကောင်းနေလို့လဲ...ရုပ်ချောတာကလွဲပြီး ဘာအရည်အချင်းမှလဲမရှိပဲနဲ့"။


"ဟုတ်ပါ့...သူတို့နှစ်ယောက်ကိုဖုန်းကြည့်တိုင်း မြင်နေရတာ စိတ်တောင်ကုန်လာပြီ....ဒီရသစုံရှိုးကြီးမြန်မြန်ပြီးသွားပါစေ"။


"နင်တို့ပါးစပ်တွေကိုပိတ်ထားလိုက်...ဘယ်သူကမှ နင်တို့ကိုဝေဘိုအတင်းမကြည့်ခိုင်းဘူး...အဲ့ရသစုံရှိုးကိုလည်းအတင်းမကြည့်ခိုင်းဘူးလေ...မမြင်ချင်ရင်မကြည့်နဲ့ ကျော်သွားပေါ့...ဘာတွေဝင်နာနေတာလဲ"။


"ခဲ့ကျင်းယန်က...သူပွဲဦးထွက်ပြီးသုံးနှစ်အတွင်း ဂီတပြိုင်ပွဲတွေတော်တော်များများမှာ ဆုရခဲ့တာချည်းပဲ....သူထုတ်တဲ့သီချင်းအယ်လ်ဘမ်တိုင်းကလည်း အရောင်းရဆုံးအယ်လ်ဘမ်တွေ...ရိုက်လိုက်တဲ့ရုပ်ရှင်ကားတိုင်းကလည်း ရုံဝင်ငွေအများဆုံးဖြစ်ပြီး အောင်မြင်တဲ့ဇာတ်ကားတွေ...နောက်ဆိုရင် သူများမကောင်းကြောင်းမပြောခင်မှာ နည်းနည်းပါးပါးလေ့လာထားဦး"။


"အိုး....ခဲ့ကျင်းယန်ရဲ့ပရိသတ်တွေက ခွေးရူးတွေကြနေတာပဲ....သူတို့အကောင်အကြောင်းနည်းနည်းလေးပြောလိုက်တာနဲ့...ထကိုက်ကြတာနော်"။


"နင်ကအရင်...မဟုတ်မဟတ်တွေလာပြောတာလေ...ဥာဏ်ရှိရင် ကိုယ့်ဘာသာကိုယ်စဥ်းစားကြည့်ပေါ့"။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့ရဲ့ ပို့စ်အောက်တွင် အားတိုင်းယားတိုင်းလာလာတိုက်ခိုက်နေသူများရှိသည်။ ထိုသို့သောသူများကိုမြင်တိုင်း ခဲ့ကျင်းယန်၏ပရိသတ်များနှင့် ကုဆွေ့ဆွေ့၏ပရိသတ်များက သည်းမခံနိုင်ပဲ ပြန်ရန်တွေ့တတ်ကြသည်။ ထိုအထဲတွင် လွီလီလည်းတစ်ဦးအပါအဝင်ဖြစ်သည်။ ဆွေ့ဆွေ့အားတိုက်ခိုက်ဘာသည့်လူတိုင်းကို သူ(မ)အလွှတ်ပေးမည်မဟုတ်ချေ။


"အား....ရှောင်မိန်း....နင်သိပြီးသွားပြီလား...ကလေးငယ်နှင့်ခရီးသွားခြင်း ရသစုံရှိုးကိုဒီတစ်ပတ်အတွင်း...ငါတို့ယူနန်မြို့မှာလာပြီးရိုက်ကူးရေးလုပ်မှာတဲ့"။ ရှပ်အင်္ကျီလက်တိုနှင့်မိန်းကလေးက ဘတ်စ်ကားမှတ်တိုင်တွင် ဖုန်း


ကြည့်နေရင်း ထိုသတင်းကိုရုတ်တရက်မြင်လိုက်ရသည့်အခါ အလွန်စိတ်လှုပ်ရှားသွားပြီး သူ(မ)၏သူငယ်ချင်းဖြစ်သူကိုဖက်ကာပြောလိုက်သည်။


"တကယ်ကြီးလား"။ သူ(မ)ဘေးရှိသူငယ်ချင်းက မယုံနိုင်ဟန်ဖြင့်ပြန်မေးသည်။ "အင်း....ငါမမှားနိုင်ပါဘူး...ဒီသတင်းကို ခဲ့ကျင်းယန်ရဲ့ဖန်ကလပ်မှာတင်ထားတာ...ခဲ့ကျင်းယန်ကဖျော်ဖြေပွဲပြီးပြီးချင်း လေဆိပ်ကိုတန်းသွားတာတဲ့...ကလေးငယ်နှင့်ခရီးသွားခြင်းရသစုံရှိုးရိုက်ကူးရေးအတွက်မဟုတ်ရင်...တစ်ခြားဘာရှိသေးလို့လဲ"။ ထိုအခါမှ သူ(မ)၏သူငယ်ချင်းဖြစ်သူက စိတ်လှုပ်ရှားစွာဖြင့် ကိုယ်ကိုကိုင်းညွှတ်ကာ သူ(မ)၏ဖုန်းကို လှမ်းကြည့်လာသည်။ "ခဲ့ကျင်းယန်နဲ့ကုဆွေ့ဆွေ့....နှစ်ယောက်လုံးကငါ့အိုင်ဒေါတွေပဲ....ဒီကိုလာတုန်း ငါသူတို့နဲ့တွေ့ဖို့အခွင့်အရေးရပါ့မလား"။


"ငါတို့သွားလို့မရဘူးနဲ့တူတယ်...သူတို့ရိုက်ကွင်းနေရာကိုသွားလိုက်ရင်...ငါတို့လိုပရိသတ်တွေဝိုင်းအုံလာပြီး ရိုက်ကူးရေးနှောင့်နှေးသွားရင်ဘယ်လိုလုပ်မလဲ...တွေ့တော့တွေ့ချင်ပေမဲ့ အနှောင့်အယှက်တော့မဖြစ်စေချင်ဘူး"။ 


"ဒီလိုဆိုရင်ရော....မနက်ဖြန်ကျရင် ငါတို့လေဆိပ်ကိုသွားကြမယ်...အဲဒီမှာသူတို့ကိုတွေ့ရင်တွေ့ရမှာပေါ့...အခြေအနေနည်းနည်းကောင်းရင် ဓာတ်ပုံပါရိုက်လို့ရမှာ...ပြီးတော့ ငါတို့နေတဲ့နေရာကနေလေဆိပ်ကိုဆိုရင်...နာရီဝက်လောက်ပဲကြာမှာ...မနက်ဖြန်ကတနင်္ဂနွေဆိုတော့ အတန်းတက်စရာလည်းမလိုဘူးလေ"။


သူ(မ)၏သူငယ်ချင်းကလည်း ထိုအကြံကိုသဘောတူသည်။ "ဟုတ်ပြီ...အဲ့လိုလုပ်ကြတာပေါ့....နောက်နေ့မနက်ကျရင် လေဆိပ်ကိုအစောကြီးသွားကြမယ်...နောက်ကျသွားရင်နေရာမရပဲနေမယ်"။ 


သူ(မ)တို့နှစ်ဦးလုံး ပျော်ပျော်ပြီးစကားစမြည်ပြောနေကြရင်း အနက်ရောင်ဦးထုပ်ဆောင်းထားသည့် လူတစ်ယောက်က သူ(မ)တို့ဘေးမှဖြတ်လျှောက်သွားသည်ကို သတိမထားမိလိုက်ချေ။ ခေါင်းငိုက်စိုက်ပြီး ပတ်ဝန်းကျင်ရှိလူများကိုဂရုမစိုက်ပဲ သွားနေရာမှ ကောင်မလေးနှစ်ဦးပြောနေသည့်အကြောင်းအရာများကို အမှတ်မထင်ကြားလိုက်ရသည့်အခါ သူ့ခြေလှမ်းတို့ကသိသိသာသာတုံ့ဆိုင်းသွားသည်။


ထိုကောင်မလေးနှစ်ဦးက နောက်နေ့မနက်တွင်ယူနန်သို့ရိုက်ကူးရေးလာလုပ်မည့် ခဲ့ကျင်းယန်


နှင့်ကုဆွေ့ဆွေ့တို့အကြောင်းကို ရေပက်မဝင်ပြောနေကြသည်။ သူလည်း ဘတ်စ်ကားမှတ်တိုင်ကိုမှီရင်း တစ်ခဏမျှဆက်နားထောင်နေမိသည်။ နားထောင်နေရင်း သူ့မျက်ခုံးတို့တွန့်ချိုးသွားကာ နှုတ်ခမ်းပါးများကလည်းတင်းတင်းစေ့သွားသည်။ ထိုအချိန်တွင် ဘတ်စ်ကားက မှတ်တိုင်သို့ဆိုက်ရောက်လာသည်။ ကားပေါ်တက်မည်အပြုတွင် ရှပ်လက်တိုနှင့်ကောင်မလေးက တစ်စုံတစ်ခုကိုမြင်လိုက်ရသောကြောင့် ရုတ်တရပ်မှင်သေသွားပြီး သူ(မ)၏သူငယ်ချင်းကိုလှမ်းပြောလိုက်သည်။


"သေစမ်း....ရှောင်မိန်ရေ...ငါကောင်လေးချောချောတစ်ယောက်ကို မြင်လိုက်တယ်"။


 "ကောင်လေးချောချောလား....ဘယ်မှာလဲ"။ 


သူ(မ)စကားကြောင့် ရှောင်မိန်ကအလွန်စူးစမ်းသောမျက်ဝန်းတို့ဖြင့် ခေါင်းထောင်လာကာမျက်စိကစားပြီးလိုက်ရှာတော့သည်။ ကံမကောင်းစွာဖြင့် ထိုလူကမရှိတော့ပေ။ မျက်နှာတစ်ခုလုံးကိုရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း ဘေးတိုက်မျက်နှာအနေအထားကိုကြည့်ရုံနှင့် အလွန်ချောမောသည့်လူတစ်ယောက်ဖြစ်မှန်း သူ(မ)ကျိန်းသေပေါက်သိလိုက်သည်။


Xxxxxxx