Chapter 03
“ခေါ်ထုတ်ခံရခြင်း”
တစ်ဖက်တွင် ရှန်ချီဟွမ်းသည် သူ၏လက်အောက်ငယ်သားများနှင့် အစည်းအဝေးပြီးသွားခဲ့သည်။ သူက လက်တလောတွင် ကုမ္ပဏီ၏ ပရောဂျက်အသစ်တစ်ခုကို အာရုံစိုက်နေခဲ့ပြီး သူက ထိုပရောဂျက်၏ တိုးတက်မှုကို ကိုယ်တိုင်စောင့်ကြည့်ကာ ပရောဂျက်အဖွဲ့သားများ အစီရင်ခံတာကို နေ့တိုင်းနားထောင်နေရသည်။
ရှစ်ချီဟွမ်းက တက္ကသိုလ်က ဘွဲ့မရခင်မှာ သူက ရှန်ထျန်းဖုန်းဆီက လုပ်ငန်းစဖို့ ရင်းနှီးငွေရရှိခဲ့သည်။ ထိုရန်ပုံငွေက ရှန်မိသားစုက ကလေးတိုင်းရရှိတာဖြစ်ပြီး သူက ထူးခြားသည့်သူမဟုတ်ပေမယ့် သူ၏ ဆွေမျိုးသားချင်း သို့မဟုတ် မောင်နှဝမ်းကွဲများထက် အနည်းငယ်သာလွန်သည်။ အသက်သုံးဆယ်မပြည့်ခင်မှာပဲ သူ့မှာ ကိုယ်ပိုင်စာရင်းဝင်ကုမ္ပဏီရှိပြီး ချမ်းသာပြီး အာဏာကြီးသော မိသားစုမှ ရွယ်တူများနှင့်ယှဥ်လျှင် သူက အတော်သာလွန်ကောင်းမွန်သည်။ သို့သော် သူရရှိသောဝင်ငွေက ရှန်မိသားစု၏ မျက်လုံးထဲတွင် ဘာမှမပြောပလောက်ပေ။ ထို့ကြောင့် ရှန်ထျန်းဖုန်းက သူ၏အိပ်မက်တစ်ခုကြောင့် ရှန်ချီဟွမ်းကို အတတ်ပညာနှင့် ဘာကျွမ်းကျင်မှုမှမရှိသော လူငယ်တစ်ယောက်နှင့် အလွယ်တကူ လက်ထပ်ပေးခဲ့တာဖြစ်သည်။
ဖုန်း၏တစ်ဖက်ခြမ်းက သူ့၏ သတို့သားလောင်းကို တွေးမိလိုက်သောအခါ ပရောဂျက် ၃၀% တိုးတက်မှုကြောင့် ပျော်ရွှင်ပြီး ကြည်လင်နေသောစိတ်မှာ ချက်ချင်းပင် ကျဆင်းသွားခဲ့သည်။
ဟယ်မင်က သူတို့နှစ်ယောက်မင်္ဂလာပွဲ၏ အထူးလုပ်ငန်းစဥ်တွေကို အရင်ဆုံးရှင်းပြခဲ့ပြီး ထိုအရာမှာ အခြေခံအားဖြင့် အတည်တကျဖြစ်သွားပြီး ပြောင်းလဲလို့မရတော့ကြောင်း သူမက ရှင်းရှင်းလင်းလင်း သိစေချင်တာဖြစ်သည်။
“နောက်တစ်ဆင့်က အခမ်းအနားနဲ့ပတ်သတ်တဲ့ လုပ်ငန်းစဥ်ပဲ။ ရှင်တို့နှစ်ယောက်က လိင်တူလက်ထပ်ပွဲကျင်းပနေတာဖြစ်ပြီး မစ္စတာရှန်းရဲ့ မိသားစုအခြေအနေက ထူးခြားတဲ့ အခြေအနေတစ်ခုရှိနေတာကြောင့် မစ္စတာရှန်းက ချီဟွမ်းရဲ့လက်ကိုကိုင်ပြီး ဝင်လာရပါမယ်။ ဒီကိစ္စကို ဘာပြောချင်သေးလဲ?”
ရှန်းယုဟန်မှာ သေချာပေါက် ပြောစရာမရှိပေ။ သူက မကြာသေးခင်က တီဗီကနေ မင်္ဂလာပွဲအခမ်းအနားများကို ကြည့်ခဲ့တာကြောင့် အများစုမှာ လိင်ကွဲမင်္ဂလာပွဲတွေဖြစ်ပြီး လိင်တူမင်္ဂလာပွဲကို မမြင်ခဲ့ဖူးတာကြောင့် သူက အကြံဉာဏ်ကြီးကြီး ပေးလို့မရပေ။ ချီတိုင်းပြည်တွင် မိန်းမပျိုလေး၏လက်ထပ်ပွဲဖြစ်စေ ကောငယ်လေး၏ လက်ထပ်ပွဲဖြစ်စေ လက်ထပ်ပွဲလုပ်ရိုးလုပ်စဥ်က ကွာခြားခြင်းမရှိပေ။
ဤကမ္ဘာတွင် တစ်လင်တစ်မယားစနစ်က စံနမူနာဖြစ်သော်လည်း ရှန်မိသားစုက အတော်လေးအင်အားကြီးတာကြောင့် သခင်ကြီးရှန်မှာ ဇနီးလေးယောက်ရှိနေသည်။ ထိုအချက်သည် သူ့အတွက်တော့ သူ၏သတို့သားလောင်းက ရိုမန်တစ်ဆန်ပြီး သူ့မှာကိုယ်လုပ်တော်နှင့် အပျော်မယားတွေ ရှိနေလားဆိုတာကို စိတ်ပူစေသည်။
သူ၏စိတ်ထဲမှာ ထိုအရာများဖြတ်ပြေးသွားပြီးနောက် ရှန်းယုဟန်က ဟယ်မင်ကို ထုံထိုင်းစွာဖြေလိုက်သည်။ “ပြောစရာမရှိပါဘူး။ ဘာမဆိုလုပ်နိုင်ပါတယ်။”
ရှန်ချီဟွမ်းက ထိုအဆိုပြချက်ကို ငြင်းပယ်ချင်ပေမယ့် ရှန်းယုဟန်၏ အသံကို ကြားသောအခါ သူက အကြောင်းပြချက်မရှိပဲ သူ့စကားများကို မျိုချလိုက်သည်။
မူလက ရှန်းယုဟန်၏အသံမှာ ကွာခြားသည်။ သူက သူ့ဖခင်၏စီစဥ်မှုကို လက်ခံလိုက်တာလား၊ ဒါမှမဟုတ် တခြားကိစ္စကို တွေးနေတာလား မသိပေ။
ရှန်ချီဟွမ်းက ပြောလိုက်သည်။ “တတ်နိုင်သလောက် ရိုးရိုးရှင်းရှင်းပဲလုပ်ပါ။” သူတို့နှစ်ယောက်က စေ့စပ်ပြီးကတည်းက မတွေ့ရသေးတာဖြစ်သည်။
ရှန်ထျန်းဖုန်းက ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းကြားက စေ့စပ်မှုကို မလုပ်ခင်မှာ ရှန်းယုဟန်က ရှန်ချီယွင်ကို ကြိုက်နေခဲ့သည်။ သူတို့စေစပ်ပြီးတာကို ကြားပြီးနောက်မှာတောင် ရှန်းယုဟန်က ရှန်ချီယွင်၏အနောက်ကို လိုက်နေဆဲဖြစ်ပြီး သူက ရှက်လည်းမရှက်ပေ။ ကြည့်ရတာ သူအရှက်မရှိ ရှေ့ဆက်တိုးနေသရွေ့ အရှက်ရသူမှာ ရှန်မိသားစုသာ ဖြစ်လိမ့်မည်။
လွန်ခဲ့သည့်အပတ်က ရှန်းယုဟန်သည် ရှန်ချီယွင်ကို သဘောကျနေသော ချမ်းသာသော မိန်းကလေးတစ်ဦးနှင့် ရန်ဖြစ်ခဲ့သည်။ ရှန်ချီဟွမ်းက အပေါ်ထပ်မှာ တစ်ချိန်လုံးရှိနေတာကြောင့် သူက ရှန်းယုဟန် ရေထဲကျတာကို မြင်ခဲ့ပြီး ကယ်ဆယ်ရေးကို အရင်ဆုံးခေါ်ပေးခဲ့သည်။
ထိုနေ့က ရှန်းယုဟန်၏အသံမှာ စူးရှပြီး ရန်လိုနေကာ ထိုမိန်းကလေးကိုအော်နေစဥ် သူ့မျက်နှာမှာ နီမြန်းနေခဲ့သည်။ အကြောင်းမှာ သူ့ပါးစပ်ထဲက မနှစ်မြို့ဖွယ်ကောင်းသော စကားများထွက်လာ၍ မစ်ဟွမ်က ဒေါသတကြီး သူ့ကိုရေထဲတွန်းချခဲ့တာပင်။
ထိုအချိန်တွင် သူတို့နှစ်ယောက်က ဆိုးသွမ်းတာချင်းတူပြီး နှစ်ယောက်ကြားကွာခြားချက်မရှိဟု ရှန်ချီဟွမ်းက တွေးခဲ့သည်။
ဤနေရာတွင် ခက်ထန်သော တတိယမဒမ် သွမ့်ချူးဟွေ့ရှိနေတာကြောင့် ရှန်းယုဟန်က ရှန်ချီယွင်ကို လက်ထပ်ဖို့မဖြစ်နိုင်ပဲ ရှန်ထျန်းဖုန်းကလည်း သွမ့်ချူးဟွေ့ကို တုန်အောင်အလိုလိုက်သည်။ ဒီလိုတွေဖြစ်နေတာကြာပြီမို့ သူ့ကိုယ်သူ စမ်းသပ်ဘုတ်အဖြစ် အသုံးပြုပြီး ပူးပေါင်းကြံစည်မှု သီအိုရီအတွက်လည်း အပြစ်တင်လို့မရတော့ပေ။ မကြာသေးမီက ရှန်းယုဟန်က ရှန်ချီယွင်ကို အနီးကပ်လိုက်နေခဲ့တာက်ို ရှန်မိသားစုအားလုံးက သိကြပေမယ့် ရှန်မိသားစုဝင်များက သူ့နောက်ကွယ်မှာ ဘယ်လိုစီစဥ်ခဲ့မှန်း မသိသေးပေ။
ပြဿနာတစ်ခုကို ဖြေရှင်းပြီးနောက် မစ်ဟယ်က နောက်လုပ်ငန်းစဥ်များကို သူတို့နဲ့ ဆက်ပြီးဆွေးနွေးခဲ့သည်။
ရှန်းယုဟန်မှာ ထင်မြင်ချက်မရှိပဲ ရှန်ချီဟွမ်း၏ အဖြေကလည်း ရိုးရှင်းနေဆဲပင်။ လုပ်ငန်းစဥ်တစ်လျှောက်မှာ သတို့သားနှစ်ယောက်က အပြန်အလှန်ဆက်ဆံရေးက သုညနီးပါးပင်။
လုပ်ငန်းစဥ်ပြီးသောအခါ သူတို့မှာမေးစရာရှိသေးလားဟု မစ်ဟယ်က ချိုချိုသာသာ မေးလိုက်သည်။
ရှန်းယုဟန်က ခဏလောက် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ “သတို့သမီးနှောင့်ယှက်ပွဲ မရှိဘူးလားဟင်?”
(ဧည့်သည်တွေ ဆူညံအောင်ဟစ်အော်ပြီး ကြင်စဦးဇနီးမောင်နှံကို စနောက်တဲ့ဓလေ့ထုံးစံပါ)
ဟယ်မင် လုပ်ငန်းစဥ်ကို ပြောပြနေသည့်အချိန်တွင် ရှန်းယုဟန်က ဘာမှမပြောခဲ့သည်မှာ ရေထဲပြုတ်ကျပြီး ထိတ်လန့်သွားခဲ့တာကြောင့် အရှက်တကွဲမဖြစ်စေဖို့ သွမ့်ချူးဟွေ့က သူ့ကိုစောင့်ကြည့်နေပြီး မင်္ဂလာပွဲကို ပြီးအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့လို့ဖြစ်သည်။
ရုတ်တရက်မေးခွန်းတစ်ခုကြောင့် ရှန်ချီဟွမ်းက ရုတ်တရက် ရှန်းယုဟန်နှင့် စကားစမြည်ပြောလိုက်ရသည်။ “လုပ်ချင်တာလား၊ မလုပ်ချင်တာလား?”
ရှန်းယုဟန်က သူ့သတို့သားလောင်းမှာ ရည်ရွယ်ချက်တချို့ရှိနေတယ်လို့ ခံစားလိုက်ရပြီး သူကနှုတ်ခမ်းကို ဖွဖွဖိပိတ်ကာ ပြောလိုက်သည်။ “ထုံးစံအတိုင်းပါပဲ”
ရှန်ချီဟွမ်းက ခဏရပ်သွားခဲ့သည်။ “ဒါဆိုလည်းလုပ်မယ်” ထို့နောက် သူကပြောလိုက်သည်။ “တခြားမေးစရာရှိသေးလား?”
သူက ရှန်းယုဟန်ကို မေးနေတယ်လို့ ထင်ရပေမယ့် ဟယ်မင်ကိုလည်း မေးနေပုံရသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း သူ့ကိုမေးနေကြောင်း မမျှော်လင့်ပဲ သိလိုက်ရပေမယ့် သူက ပြန်မဖြေတာကြောင့် ဟယ်မင်က သူတို့စကားဝိုင်းမှာ ကြားဝင်ပြောဆိုခဲ့သည်။
“မရှိတော့ဘူး”
ရှန်ချီဟွမ်းက နှစ်စက္ကန့်လောက်ရပ်နေပြီး ရှန်းယုဟန်က သူ့ပါးစပ်ကို ထပ်မဖွင်ံတော့မှန်းသိလိုက်သည်။ “ကောင်းပြီ၊ ဒါဆိုငါ့မှာ အစည်းအဝေးတစ်ခုရှိသေးတယ်။ တစ်ခုခုလိုအပ်ရင် မင်းက ငါ့လက်ထောက်ကို ဆက်သွယ်လို့ရပါတယ်။”
ဟယ်မင်က ပြုံးကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ရှင့်ကို ထပ်မနှောင့်ယှက်တော့ပါဘူး။”
နှစ်ဖက်လုံးက ဖုန်းချလိုက်ပြီး ရှန်းယုဟန်က သတို့သားလောင်း၏ အသံကိုမကြားရတော့ပေမယ့် သူက ခေတ်သစ်လူသားများ၏ အင်အားကို အံ့သြနေသည်။
တကယ်တော့ ပုံမှန်အခြေအနေတွင် သူတို့က ဝီချက်ဂရုတစ်ခုကို စတင်ပြီး စကားစပြောနိုင်သည်။
သို့သော် ဟယ်မင်က ရှန်ချီဟွမ်း၏မင်္ဂလာပွဲကို အလွန်အမင်း အာရုံစိုက်နေတာကြောင့် သူမက သူ့သတို့သားလောင်းက ဘယ်လိုပုံစံလဲဆိုတာကို လာကြည့်ခဲ့တာဖြစ်သည်။
ရှန်ချီဟွမ်း၏အသံကိုကြားပြီးနောက် ရှန်းယုဟန်က အိပ်ရာမဝင်ခင် သူ့သတို့သားလောင်း၏ အသွင်အပြင်ကို တွေးလိုက်သည်။ သူ့အသံက ငယ်ရွယ်ပြီး သူနဲ့မစ်ဟယ်က အတန်းဖော်ဖြစ်တာကြောင့် သူတို့နှစ်ယောက်က သက်တူရွယ်တူဖြစ်ပြီး အသက်မကြီးပေ။
သူက ရက်စက်ကြမ်းကြုတ်သောဘုရင်ထက် သေချာပေါက်ပိုကောင်းပြီး ထိုဘုရင်က အသက်ငါးဆယ်ဖြစ်ပြီး သူ့အနောက်ဆောင်တွင် အလှလေးများစွာရှိပြီး နိုင်ငံအသေးလေးများမှ မရေမတွက်နိုင်သော အလှလေးများကို သိမ်းပိုက်ခဲ့သည်ဟု ဆိုကြသည်။
နှိုင်းယှဥ်ပြီးနောက် ရှန်းယုဟန်က ကံကောင်းလား ကံဆိုးလားပင်မသိပေမယ့် သူက ကံကောင်းသွားတာ ဖြစ်နိုင်သည်။
မင်္ဂလာပွဲ၏ ပထမနှစ်ရက်တွင် အစ်မကျောင်းက ရှန်းယုဟန်ကို သေချာစောင့်ကြည့်နေပြီး သူ့ကိုစောင့်ကြည့်ဖို့ မနက်၊နေ့ခင်း၊ညဆိုင်းတွေမှာ သက်တော်စောင့်လေးဦးတောင် ရှိပြီး သူက စံအိမ်က ထွက်မိတာနဲ့ သူ့အခန်းကို ပြန်ပို့ပြီး သော့ခတ်ထားကြမှာပင်။
တကယ်တော့ ရှန်းယုဟန်က လက်ရှိမှာ အပြင်ကမ္ဘာကို စူးစမ်းဖို့ ရည်ရွယ်ချက်မရှိပေ။ သူက မရင်းနှီးသေးသည့် ကမ္ဘာကြီးကို အနည်းငယ်ခုခံနေဆဲဖြစ်သည်။ မျိုးဆက်များကြားမှာ ကွာဟချက်ရှိပြီး စွမ်းဆောင်ရည်ကောင်းရင်တောင် သူလေ့လာထားသော ပြဿနာအပိုင်းအစကို ဖြေရှင်းဖို့ အချိန်အနည်းငယ်ကြာလိမ့်မည်။
နှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်သွားခဲ့သည်။
မင်္ဂလာပွဲနေ့တွင် ရှန်းယုဟန်ကို မနက်၇နာရီတွင် လာခေါ်ခဲ့ကြပြီး အစ်မကျောင်းက ရှန်းယုဟန်၏ဆံပင်အတွက် လူတစ်စုကိုခေါ်လာပြီး အဝတ်အစားလဲပေးကာ မိတ်ကပ်ပြင်ပြီးနောက် မနက်စာအတွက် ပေါင်မုန့်တစ်လုံးနှင့် နို့တစ်ပုလင်းပေးခဲ့သည်။
ရှန်းယုဟန်က ယခုချိန်တွင် ရွှံ့ရုပ်တစ်ရုပ်လိုဖြစ်နေပြီး ပြင်ဆင်ပြီးသောအခါ လူတစ်စုက မင်္ဂလာကားပေါ်၌ ခေါ်တင်လာကာ သတို့သားက သူ့ကိုလာမခေါ်ခဲ့ပေ။ ရှန်းယုဟန်ဘေးမှာ ထိုင်နေသူမှာ တောင့်တင်းသော သက်တော်စောင့်ညီအစ်ကိုဖြစ်ပြီး တတိယမဒမ်က ရှန်းယုဟန် သူမသားကို နှောင့်ယှက်မှာကို တကယ်ကြောက်နေတာကြောင့် သူမက ဒီမင်္ဂလာပွဲပြီးသွားစေဖို့ တင်းကြပ်ထားသည်။
ဤနည်းဖြင့် ရှန်းယုဟန်က မလွတ်မြောက်နိုင်တော့ မင်္ဂလာပွဲခန်းမကို မိန်းမောစွာ ရောက်လာခဲ့သည်။ သူဝင်လိုက်တော့ သက်တော်စောင့်တွေနဲ့ ဝန်းရံခံရပြီး မသိသူများမှာ သတို့သားက အလွန်အထင်ကြီးစရာကောင်းသည်ဟု ထင်နေပေလိမ့်မည်။
ရှန်းယုဟန်ကို အနောက်ဘက်သို့ ခေါ်သွားကြပြီး မိန်းကလေးတစ်ယောက်က သူ့လက်ထဲကို အဖြူရောင် ပန်းစီးထည့်ပေးလာပြီး စင်ပေါ်ရောက်ရင် ဘယ်လိုသုံးရမလဲ ပြောပြပေးခဲ့သည်။
ရှန်းယုဟန်က ပတ်ဝန်းကျင်ကို စိမ်းနေတာကြောင့် အနည်းငယ်ရှုပ်ထွေးနေပြီး တီဗီမှာမြင်ခဲ့ရသော မြင်ကွင်းက ယခုခံစားချက်၏ တစ်စွန်းတစ်စတောင်မရှိခဲ့ပေ။ ဧည့်ခံပွဲခန်းမက အောက်မှာရှိနေပြီး သူက အပေါ်ထပ်တွင်ရှိနေသည်။ အောက်ကိုငုံ့ကြည့်ရန် ပြတင်းပေါက်တစ်ခု ရှိနေတာကြောင့် ထိုဧည့်ခံပွဲက သူတွေ့ဖူးတာနဲ့မတူပေ။
သူက လက်ထပ်ထိမ်းမြားဖို့ အခန်းထဲမှာ စောင့်ဆိုင်းနေရပြီး သူ့အမေက သူ့ကို မင်္ဂလာဧည့်ခံပွဲများကို ရံဖန်ရံခါ ခေါ်သွားလေ့ရှိပြီး အမျိုးသမီးနှင့် ကောများကို အနောက်ခြံဝင်းတစ်ခုတွင် စီစဥ်ပေးကာ အမျိုးသားများကို အရှေ့ခြံဝင်းတွင် နေရာချပေးသည်။ သတို့သားက သတို့သားအရံများနှင့် စားပွဲတစ်ခုမှတစ်ခုသို့ ဧည့်ခံလေ့ရှိပြီး ရှုပ်ပွနေသော အရှေ့ခြံဝင်းနှင့်ယှဥ်လျှင် အနောက်ခြံဝင်းက ပိုတိတ်ဆိတ်လေ့ရှိသည်။
ထိုအချိန် ဧည့်ခံပွဲခန်းမတွင် ယူနီဖောင်းဝတ်ထားသော စားပွဲထိုးများက လှည့်ပတ်သွားလာနေကြကြီး လွန်ခဲ့သည့်နှစ်ရက်က တွေ့ခဲ့သော ဟယ်မင်က စင်ပေါ်တွင်ရပ်နေကာ လက်ထဲတွင် အသံချိန်ညှိဖို့ မိုက်ခရိုဖုန်းကို ကိုင်ဆောင်ထားသည်။
ခဏလောက်ကြည့်နေပြီးနောက် လူတစ်ယောက်က တံခါးနားက သက်တော်စောင့်ကို ပြောလိုက်သည်မှာ သူက ဧည့်သည်တွေကို နှုတ်ဆက်ဖို့ ရှန်းယုဟန်ကို ခေါ်သွားရမှာဖြစ်ပြီး နောက်ကနေ ဘယ်သူမှလိုက်စရာ မလိုကြောင်းဖြစ်သည်။
သက်တော်စောင့်က တစ်ဖက်လူ၏ အထောက်အထားကို မစစ်ဆေးပဲ တိုက်ရိုက်ဝင်ခွင့်ပေးလိုက်တာကြောင့် တစ်ဖက်လူက ရှန်းယုဟန်ကို ဆွဲခေါ်သွားကာ ရင်းနှီးသလိုဟန်ဆောင်နေသည်။
ရှန်းယုဟန်က တစ်ဖက်လူကို မသိပေ။ သူ့အတွက်ခရီးစဥ်ကို စီစဥ်ပေးသူများက မနက်ကသူတွေ့ခဲ့သော ဝန်ထမ်းများဖြစ်သည်။ ဒီလူကဘယ်သူလဲ? တစ်ဖက်လူက ရှန်းယုဟန်၏သူငယ်ချင်းလား တွေးနေမိသည်။ ထို့နောက် သူက ထောင့်တစ်ခုစီ ဆွဲခေါ်ခံလိုက်ရပြီး အနီးအနားမှာ လူသိပ်မရှိတာကြောင့် ရှန်းယုဟန်က တစ်ခုခုမှားနေမှန်း သိလိုက်သည်။ တစ်ဖက်လူက မီးခံတံတားနားကို ခေါ်သွားသောအခါ ရှန်းယုဟန်က ရပ်လိုက်ပြီး ဆက်မသွားဖို့ ငြင်းဆန်လိုက်သည်။
ရှန်းယုဟန်က သေချာနေခဲ့သည်။ “မင်းငါ့ကို ဘယ်ခေါ်သွားနေတာလဲ? ဒါက ဧည့်သည်တွေကို နှုတ်ဆက်ရမယ့် နေရာလည်းမဟုတ်ဘူး။”
ဤနေရာ၏ ဖွဲ့စည်းပုံကိုမသိသော်လည်း ဧည့်သည်တွေကို ဧည့်ခံဖို့ ရှေ့ဆက်သွားဖို့က မဖြစ်နိုင်ပေ။ အနီးအနားမှာ ဖြတ်သွားဖြတ်လာလူမရှိသလို လမ်းကလည်း ကျဥ်းလွန်းနေပြီး တံခါးက ပိတ်ထားတာကြောင့် သီးခြားနေရာတစ်ခုနှင့်တူပြီး ရှန်းယုဟန်က အနည်းငယ် ကြောက်နေသည်။
အပြင်ကိုခေါ်ထုတ်လာသော လူငယ်က သူ့အိပ်ကပ်ထဲက ပန်းအတုများနှင့် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှန်းယုဟန်က သူ့ကိုမေးလိုက်သည့်အခါ သူ့အမူအရာက အရေးတကြီးဖြစ်နေပုံရသည်။ “မင်း အကိုချီယွင်ကို မတွေ့ချင်ဘူးလား? ငါမင်းကိုကူညီဖို့ ကြိုးစားနေတာ၊ ငါနဲ့လိုက်ခဲ့ပါ။ သူကမင်းကို ကားပါကင်မှာ စောင့်နေတယ်။ မင်းအောက်ကိုရောက်ရင် သူက ဒီမမျှတတဲ့ မင်္ဂလာပွဲကနေလွတ်မြောက်အောင် ခေါ်ထုတ်သွားလိမ့်မယ်!”
ရှန်းယုဟန်က နောက်နှစ်လှမ်းဆုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ “ငါမသွားဘူး”
လူငယ်က အံ့အားသင့်သွားသည်။ “ဘာလို့လဲ? မင်း အကိုချီယွင်ကို မကြိုက်တော့ဘူးလား?”
ရှန်းယုဟန်က လူငယ်လေးနှင့် အနည်းငယ်ခွာလိုက်ပြီး သူက အခုချိန်မှာ ကောတစ်ယောက်နဲ့ ကွဲပြားနေသော်လည်း သူ့ရင်ထဲမှာတော့ ကောတစ်ယောက်သာဖြစ်တာကြောင့် သူက လူစိမ်းတစ်ယောက်နှင့် မနီးကပ်ချင်သလို တစ်ဖက်လူနဲ့ လက်လည်းမတွဲချင်ပေ။
ရှန်းယုဟန်က တစ်ဖက်လူကို အေးစက်စွာ မေးလိုက်သည်။ “ဒါဆို သူကငါ့ကိုကြိုက်လား?”
လူငယ်က ရယ်မောလိုက်သည်။ “သူမင်းကိုမကြိုက်ရင် ဒီနေ့ဘာလို့လာခေါ်မှာလဲ?”
တစ်ဖက်တွင် ရှန်းယုဟန်က အလွန်တည်ငြိမ်နေသည်။ “သူငါ့ကိုကြိုက်ရင် ဒီနေ့မှဘာလို့လာခေါ်တာလဲ?”
လူငယ်က ရှန်းယုဟန် ငြင်းဆန်မယ်လို့ မမျှော်လင့်ထားတာကြောင့် အနည်းငယ်အံ့အားသင့်သွားသည်။ “မင်းတကယ် ထွက်မသွားဘူးလား?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “မင်းနဲ့ ရှန်ချီယွင်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါ။ ငါအသိအမှတ်ပြုပါတယ်။” သူကလှည့်ထွက်ကာ လာခဲ့သည့်နေရာကို ပြန်ပြေးသွားသည်။ လူငယ်က ခဏလောက် အံ့အားသင့်နေပြီး တစ်ဖက်လူက ပြတ်ပြတ်သားသား ပြေးထွက်သွားမယ်လို့ မမျှော်လင့်ထားပေ။
“ရပ်တော့၊ မင်းပြန်သွားလို့မရဘူး!” သူက ချက်ချင်းနောက်က ပြေးလိုက်ကာ သူတို့ခြေသံတွေက ခန်းမအောက်မှာ ပဲ့တင်ထပ်နေသည်။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က သူတို့မင်္ဂလာပွဲကို ကြယ်ငါးပွင့်ဟိုတယ်မှာ ကျင်းပပြီး လူငယ်က ရှန်းယုဟန်ကို ဧည့်ခန်းဧရိယာကို ခေါ်သွားခဲ့ပြီး စင်္ကြက ရှည်လျားပြီး အကွေ့အကောက်များကာ ကြမ်းပြင်က ကော်ဇောခင်ထားတာကြောင့် ပြေးနေစဥ်က ခြေသံများမကျန်ခဲ့ပေ။
ရှန်းယုဟန်သည် တစ်ချိန်က တောင်ပေါ်ဓားပြများ၏ လိုက်ဖမ်းခြင်းကို ခံရဖူးပြီး အသည်းအသန်ပြေးသွားကာ ဘယ်တံခါးက ဝင်လာသည်ကို မမှတ်မိတော့ပေမယ့် သူက ဒီလူငယ်ဆီက လွတ်မြောက်ချင်တာပဲသိသည်။
တစ်ဖက်လူက သူ့ကိုမိသွားမှာ ကြောက်တာကြောင့် ပြေးနေရင်း နောက်လှည့်ကြည့်လိုက်သည်။
သတိမထားမိလိုက်တာကြောင့် သူက ဧည့်ခန်းမှထွက်လာသူနှင့် ဝင်တိုက်မိသွားသည်။ ခန္ဓာကိုယ်၏ ဆွဲငင်အားက အလယ်မှာ မတည်မငြိမ်ဖြစ်ကာ ထိုလူက သူ့ဘေးက နံရံကို တိုက်မိသွားသည်။ ရှန်းယုဟန်ကလည်း တစ်ဖက်လူ၏ ခြေတံရှည်နှင့် ချိတ်မိကာ ကြမ်းပြင်ပေါ် လဲကျသွားသည်။ ကံကောင်းစွာနဲ့ ကြမ်းပြင်က ကော်ဇောခင်းထားတာကြောင့် ထိခိုက်မှုမရှိခဲ့ပေ။
ရှန်းယုဟန်က တိုက်မိခဲ့သောလူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
အခန်းထဲမှ ထွက်လာသောလူက ရှန်းယုဟန်ကို မတ်တပ်ရပ်နိုင်အောင် ကူညီခဲ့ပြီး ထိုမှသာ ထိုလူက သူနဲ့ဆင်တူဝတ်စုံဝတ်ထားကြောင်း သတိထားမိသွားသည်။ တစ်ဖက်လူကလည်း သူနဲ့ လူငယ်ကို မကျေမနပ်ကြည့်နေသည်။
“မစ္စတာရှန်း၊ ဘာလို့ပြေးနေတာလဲ?
သူတို့ သူ့ကိုသိကြတာလား?
လူငယ်က သူ့နောက်ကို အမြန်ပြေးလိုက်နေပြီး သူက ရှန်းယုဟန် ကြမ်းပြင်ပေါ်လဲကျသွားပြီး ဝင်တိုက်မိသူကိုပါ တွေ့လိုက်ရတာကြောင့် အနည်းငယ် ရှက်သွားသည်။
“ဥက္ကဋ္ဌရှန်၊ တိုက်ဆိုင်လိုက်တာ”
ရှန်းယုဟန်က မတ်တပ်ရပ်ပြီး ထိုလူ၏ဝတ်စုံအနားကို ဆောင့်ဆွဲကာ တိုင်ပြောလိုက်သည်။ “သူ ကျွန်တော့်ကို ခေါ်သွားချင်နေတာ”
ရှန်ချီဟွမ်းက မတ်မတ်ရပ်ကာ လူငယ်လေးကို မေးလိုက်သည်။ “သူ့ကို ဘာလို့ခေါ်သွားတာလဲ?”
လူငယ်က ခြေနှစ်လှမ်းဆုတ်ကာ ပြေးဖို့ကြိုးစားလိုက်ပေမယ့် ရှန်ချီဟွမ်း၏ လက်ထောက်က သူ့ကိုအမြန်ဖမ်းကာ နံရံမှာဖိထားလိုက်သည်။
ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။ “မင်းကို ဘယ်သူလွှတ်လိုက်တာလဲ? ရှန်ချီယွင်လား?”
လူငယ်က နံရံနဲ့မျက်နှာကို ဖိထားခံနေရကာ ပြောလိုက်သည်။ “ဒီကိုတစ်ယောက်တည်းလာခဲ့တာ၊ ရှန်ချီယွင်နဲ့မဆိုင်ဘူး”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်လိုက်ပြီး သူ့ကို သေချာစစ်ဆေးနေသော ရှန်းယုဟန်၏မျက်လုံးများနှင့် ဆုံသွားသည်။
သူက မျက်လုံးတွေကိုလွှဲလိုက်ပြီး လူငယ်ကိုမေးလိုက်သည်။ “မင်းငါ့ကိုသိရဲ့သားနဲ့ ငါ့လက်ထပ်ပွဲကို ဖျက်ချင်နေတာ ရှန်ချီယွင်နဲ့ မဆိုင်ဘူးလား၊ ဒါမှမဟုတ် ဒုတိယမဒမ်လား၊ စတုတ္တမဒမ်လား?”
လူငယ်လေးကပြန်မဖြေတော့ ရှန်ချီဟွမ်းက လက်ထောက်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး တစ်ဖက်လူက ထိုလူငယ်ကို အခန်းထဲ ဆွဲခေါ်သွားသည်။
ရှန်ချီဟွမ်းက ထိုကိစ္စကိုင်တွယ်နေပုံကို ရှန်းယုဟန်က တစ်ချိန်လုံးငေးကြည့်နေပြီး မမျှော်လင့်ထားစွာ ရှန်မိသားစုကလည်း ငြိမ်းချမ်းမှုမရှိတာကို တွေ့လိုက်ရသည်။
ရှန်ချီဟွမ်းက သူနဲ့ဆင်တူသောဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ထက် ခေါင်းတစ်ဝက်လောက် ပိုရှည်သည်။ သူ့အသံနက်ကြီးက လူတွေကို သဘာဝအတိုင်း လုံခြုံမှုပေးနိုင်ပြီး ရှန်ချီဟွမ်းက သူ့သတို့သားလောင်းကို အသံမှတစ်ဆင့် အသိအမှတ်ပြုလိုက်သည်။
ရှန်ချီဟွမ်းကလည်း ရှန်းယုဟန်ကို သတိထားမိလိုက်ပြီး မယဥ်ကျေးစွာ တိုက်ရိုက်ပြောလိုက်သည်။ “သွားရအောင်၊ ဧည့်သည်လက်ခံဖို့ အချိန်ရောက်ပြီ။”
သူပြောပြီးသည်နှင့် နောက်လှည့်မကြည့်ပဲ ဓာတ်လှေကားဆီ လျှောက်ထွက်သွားသည်။
အနောက်မှာ ကျန်ခဲ့သော ရှန်းယုဟန်က သက်ပြင်းချလိုက်သည်။ ချီတိုင်းပြည်တွင် သတို့သမီးက သူစိမ်းတစ်ယောက်နှင့် ထွက်ခွာသွားလျှင် သတို့သမီးကို အရှက်မရှိဟုပြောဆိုကာ မသန့်ရှင်းသူလို့ နာမည်ပေးပြီး ဝက်လှောင်အိမ်တွင်ပိတ်ထားကာ အပြစ်ပေးလေ့ရှိသည်။
ရှန်ချီဟွမ်းက သူ့ကိုအထင်မလွဲသွားတာကောင်းသည်။ ရှေ့ကိုလျှောက်ထွက်သွားသော အရပ်မြင့်သောလူ၏ နောက်ကျောကိုကြည့်ကာ ရှန်းယုဟန်က အနာဂတ်အတွက် မျှော်လင့်ချက်တစ်ချို့ ရှိနေတယ်လို့ ခံစားလိုက်ရသည်။