Chapter 06
Viewers 965

Chapter 06


“ဟယ်လိုယောက်ဖ”


သူတို့နှစ်ယောက်က နီးကပ်လွန်းနေသဖြင့် ဖုန်း၏တစ်ဖက်ခြမ်းက ရှန်ချီဟွမ်းကို ဘာတွေမေးနေသလဲ ရှန်းယုဟန်က ကြားနေရသည်။



ခင်ဗျားက မင်္ဂလာဦးညမှာ သွားသောက်မလို့လား?


ထိုအချိန်တွင် ရှန်ချီဟွမ်းသည် ရှန်းယုဟန်က သူ့ကိုအိပ်ဖို့ခေါ်နေကြောင်း နားလည်သွားသည်။ သူ့ကို ယောကျာ်းလို့ခေါ်လိုက်ပုံက သူ့တစ်ကိုယ်လုံးကို ထုံကျင်သွားစေသည်။ သို့သော် အကြောင်းပြချက်မရှိ ချဥ်စူးသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းတာ​ကြောင့် သူရွံသင့်တာဖြစ်ပေမယ့် ရှန်းယုဟန်က သူ့ကို ထိုသို့ခေါ်လိုက်သောအခါ မနာခံပဲမနေနိုင်သလို သူ့ရည်ရွယ်ချက်ကိုလည်း မပြောနိုင်ခဲ့ပေ။

ရှန်ချီဟွမ်းက ရှန်းယုဟန် ဘယ်လိုလှည့်ကွက်သုံးနေလဲ သိချင်နေသည်။


ဖုန်းချပြီးနောက် ရှန်းယုဟန်က ကုတ်အင်္ကျီ ဆက်ချွတ်ပေးချင်ပေမယ့် ရှန်ချီဟွမ်းက ပြောလာသည်။ “ကိုယ့်ဘာကိုယ် ချွတ်လိုက်မယ်။”

ရှန်းယုဟန်က ပြောလိုက်သည်။ “အိုကေ”။ တကယ်တော့ သူက ရှန်ချီဟွမ်း၏ နေထိုင်ပုံအလေ့အထကို ​မသိသဖြင့် အကူအညီထက် အတားအဆီးပိုဖြစ်လိမ့်မည်။


ရှန်ချီဟွမ်းက ရေချိုးခန်းထဲက ထွက်လာသောအခါ ရှန်းယုဟန်က ကုတင်ပေါ်တွင် ထိုင်နေပြီး စောင်ပါးတစ်ထည်ကို ခါးပေါ်မှာခြုံထားသည်။ သူ့ရှေ့မှာ မဂ္ဂဇင်းရှိပေမယ့် အကြည့်များက သူ့အပေါ် ထပ်ခါထပ်ခါရောက်နေသည်။


သူက တကယ်အိပ်ဖို့စောင့်နေတာလား? ဘာမှမပြောတော့ဘူးလား?


သူ၏ပုံမှန်ဘဝက အတော်လေးသာမန်ဆန်သည်။ အလုပ်ကလွဲရင် သူငယ်ချင်းတွေနဲ့သောက်စားသည်၊ ရံဖန်ရံခါ ခရီးထွက်သည်။ ရှန်းယုဟန်နှင့် ကုတင်တစ်ခုတည်းမှာ အိပ်ဖို့နေနေသာသာ ဒီလောက်မြန်မြန် လက်ထပ်ဖြစ်မယ်လို့ မတွေးခဲ့မိပေ။



သူက ရှန်းယုဟန်၏အရောင်နှင့်ဆင်တူသော ညဝတ်အင်္ကျီကို ဝတ်လိုက်ပြီး ကုတင်ပေါ်တက်ကာ ဖုန်းမှာ နှိုးစက်နာရီကို သတ်မှတ်လိုက်သည်။ ရှန်းယုဟန်က သူ့ကိုအိပ်ဖို့ ခေါ်ခဲ့တာကို မယုံနိုင်သေးပေ။ သူနဲ့အိပ်တာက သူတို့ကြားက ဆက်ဆံရေးကို ပိုရင်းနှီးစေချင်လို့လား? ခံစားချက်မပါပဲ လိင်မှုဘဝနဲ့ပဲ နေမလို့လား?


ရှန်ချီဟွမ်းက မျက်နှာကျက်မီးကိုပိတ်ကာ ကုတင်ဘေးက မီးအိမ်ကိုဖွင့်လိုက်သည်။


သူတို့နှစ်ယောက်လုံးမှာ တူညီသောရေချိုးဆပ်ပြာအနံ့ ရှိတာကြောင့် ထိုရနံ့က ရှန်းယုဟန်ကို သက်တောင့်သက်သာဖြစ်စေသည်။ သူကမဂ္ဂဇင်းကို ချလိုက်ကာ တစ်လက်မစီရွေ့သွားပြီး စောင်ကိုရင်ဘတ်ထိခြုံလိုက်သည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းအနားကိုတိုးသွားပြီး ရှန်ချီဟွမ်းမမြင်ဘူးလို့ ထင်နေသည်။

သူက ဘေးကိုလှည့်ကာ ရှန်ချီဟွမ်းကို ကြည့်လိုက်သည်။


လှပသောမျက်လုံးများဖြင့် အကြည့်ခံနေရသော ရှန်ချီဟွမ်းသည် အလှလေးက သူ့ရင်ခွင်ထဲမှာမရှိပဲ တစ်ယောက်ဘေးမှာ တစ်ယောက်အိပ်နေတာကြောင့် သူတို့က တရားဝင်လင်မယားအဖြစ် ရှိနေဆဲပင်။ 


ရှန်းယုဟန်က သူ့စာဖတ်ခန်းကို လာခေါက်ကတည်းက ရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်လာခဲ့တာဖြစ်သည်။ ရှန်ချီဟွမ်းက ထိုအရာကို နားမလည်နိုင်ရင် သူက ယောကျ်ားတစ်ယောက် မဟုတ်တော့ပေ။ ဒီလိုမျိုးမြှူဆွယ်ခံနေရတာက အတော်စိတ်ပျက်ဖို့ကောင်းပေမယ့် ရှန်းယုဟန်က သူ့ကိုအောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ 


ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ရှန်းယုဟန်၏ မေးစေ့ကိုကိုင်လိုက်သည်။ “မင်းငါ့ကို တစ်ညလုံးမြှူဆွယ်နေတာ၊ ပြောကြည့်ပါဦး၊ ဘာတွေကစားနေတာလဲ?”


သူ့လုပ်ရပ်ကြောင့် တုန်လှုပ်သွားသော ရှန်းယုဟန်က အရောင်ဖျော့သော သူ့နှုတ်ခမ်းကိုကိုက်လိုက်ကာ ရှန်ချီဟွမ်း၏ မျက်နှာကိုကြည့်ကာ ခဏတာအံ့အားသင့်သွားခဲ့သည်။

မေးစေ့ကို အကိုင်ခံထားရတာက သက်တောင့်သက်သာမရှိိသဖြင့် သူက အပြစ်ကင်းစွာမေးလိုက်သည်။ “ဘာ..ဘာကိုလဲ?”

“မင်းငါ့ကို အနားယူဖို့ခေါ်ခဲ့ရုံတင်မဟုတ်ပဲ ယောကျာ်းလို့လည်းခေါ်ခဲ့တယ်၊ မြှူဆွယ်ဖို့ကြိုးစားနေတာမဟုတ်ဘူးလား?” ရှန်ချီဟွမ်းက သူ့ခန္ဓာကိုယ်ကို အောက်သို့လျှောဆင်းလိုက်ပြီး သူ့လက်နှစ်ဖက်ကို ရှန်းယုဟန်၏ ခေါင်းအုံးဘေး တစ်ဖက်တစ်ချက်စီမှာ တင်လိုက်သည်။ သူက ရှန်းယုဟန်၏ အံ့အားသင့်နေသော အပြုအမူကြောင့် ရွှင်မြူးသွားပြီး ညင်ညင်သာသာ ရယ်မောလိုက်သည်။


ရှန်းယုဟန်က ရှန်ချီဟွမ်း၏ စကားကြောင့် ရှက်သွေးဖြာပြီး ရယ်သံကြောင့် အနည်းငယ်ရှက်သွားသည်။ သူက သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်တွန်းလိုက်သည်။ “မမြှူစွယ်ပါဘူး။”


အဲ့လိုစကားမျိုးကို ခေတ်သစ်လူသားတွေက တည့်ပြောကြတာလား?


အနည်းငယ်ရှက်သွားပေမယ့် ဝန်ခံမှာမဟုတ်။

“ဒါဆို အနားယူဖို့ပြောတော့ မင်းကိုတစ်ခုခု လုပ်စေချင်လို့မဟုတ်ဘူးလား? အိပ်ရုံပဲလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မျက်နှာနီရဲလာတာကိုကြည့်နေ​ပြီး သူက ရှက်ချင်ယောင်ဆောင်နေတာလားလို့ တွေးနေသည်။ သူက သူ့ခေါင်းကို ရှန်းယုဟန်၏ နားရွက်နားမှာ ဆိုးသွမ်းစွာထားလိုက်ပြီး လေမှုတ်ထုတ်လိုက်သည်။ “ဒါကိုလိုချင်တာလား?”


ပူနွေးသောလေက သူ့နားထဲကိုထိုးဖောက်လာပြီး ရှန်းယုဟန်က တိုးတိုးလေးညည်းကာ လည်ပင်းကိုကျုံ့လိုက်သည်။ သူ့မျက်လုံးထောင့်က ဆွဲဆောင်မှုရှိစွာ ပန်းရောင်သန်းနေပြီး ခေါင်းကိုလှည့်လိုက်သည်။ “အဲ့လိုမလုပ်နဲ့”

ရှန်ချီဟွမ်းက ထိုညည်းသံတိုးတိုးလေးကိုကြားတော့ သူ့တစ်ကိုယ်လုံးတင်းမာသွားသည်။ သို့သော် သူက ထိုအခြေအနေမှ ရုန်းမထွက်နိုင်ပဲ ရှန်းယုဟန်ကို စနောက်ချင်နေသည်မှာ သိသာသည်။ သို့သော် သူ့မှာ ထိုသူအတွက် ထူးဆန်းသော ခံစားချက်တစ်ချို့ရှိသည်ကို ဘယ်သူကသိမှာလဲ။


ရှန်ချီဟွမ်းက အက်ကွဲသောအသံဖြင့် မေးလိုက်သည်။ “ဒါဆို ငါဘာလုပ်သင့်လဲ?”

တုန်လှုပ်သွားပြီးနောက် ရှန်းယုဟန်က ခေါင်းကိုလှည့်ကာ ရှန်ချီဟွမ်းကို တိုက်ရိုက်ကြည့်လိုက်သည်။ “ယော..ယောကျာ်း”


ရိုးသားရရင် ရှန်ချီဟွမ်းက သူ့ဆီက ယောကျာ်းလို့အခေါ်ခံရတာကို ကြိုက်သည်။ ခဏလောက် အသိစိတ်လွတ်သွားကာ သူက ခေါင်းငုံ့ပြီး ထိုမြှူစွယ်နေသောနှုတ်ခမ်းကို သူ့ပါးစပ်ထဲထည့်လိုက်သည်။


ရှန်းယုဟန်က ထိုကဲ့သို့ကျူးကျော်ခံရခြင်းကို ပထမဆုံးကြုံတွေ့ရတာဖြစ်ပြီး အထိခံရရုံတင်မဟုတ်ပဲ တစ်မြို့လုံးကိုလည်း သိမ်းပိုက်နေသည်။


သူက.. သူကအနမ်းခံလိုက်ရတယ်။


သူက အနမ်းခံရရုံသာမက သူ့ခင်ပွန်းက သူ့လျှာကိုပါ ကိုက်လိုက်သည်။


သူတို့နှုတ်ခမ်းနှင့်လျှာ ထိတွေ့သွားသည်နှင့် ခန္ဓာကိုယ်အပူချိန်က မြင့်တက်လာပြီး သူတို့အသက်ရှူသံမှာ မြန်လာခဲ့သည်။


သို့သော် ထိုအချိန်တွင် ရုတ်ချည်းရပ်လိုက်ကြပြီး ရှန်ချီဟွမ်း၏ ရူးနှမ်းမှုက ရုတ်တရက်ပြန်ဆုတ်သွားကာ သူက ရှန်းယုဟန်ကိုလွှတ်ပေးလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။


ရှန်းယုဟန်က ရှန်ချီယွင်ကို သူ့ရင်ထဲထည့်ထားဆဲဆိုတာ မေ့သွားလုနီး​ပါးပဲ။ သူက ရှန်ချီယွင်၏ အစားထိုးမဖြစ်ချင်ပေ။ သူတို့နှစ်ယောက်က မိခင်တစ်ယောက်တည်းက မွေးလာတာမဟုတ်သော်လည်း နှစ်ယောက်လုံးက ဖခင်၏ အသွင်အပြင်ကို အမွေဆက်ခံထားတာကြောင့် အနီးကပ်ကြည့်ရင် အနည်းငယ်ဆင်တူနေသည်။


ရှန်းယုဟန်က ရုတ်တရက်လွတ်မြောက်သွားသောအခါ အနည်းငယ်ရှုပ်ထွေးသွားသည်။

ရှန်ချီဟွမ်းက စောင်ကိုမကာ ကုတင်ပေါ်မှထလိုက်ပြီး ရှန်းယုဟန်ကိုကျောပေးကာ သူ့လေသံက မထင်မှတ်ပဲ အေးစက်နေသည်။ “ငါ ဘေးအခန်းမှာအိပ်လိုက်မယ်။”

ရှန်းယုဟန်က နားမလည်နိုင်စွာ ထထိုင်လိုက်သည်။


ရှန်းချီဟွမ်းက တံခါးဖွင့်ပြီး တံခါးပြန်ပိတ်တော့မယ့်အချိန် ရှန်းယုဟန်၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးမှုကို တွေ့လိုက်ရသည်။ ထို့နောက် သူကတံခါးပိတ်လိုက်လေသည်။

ရှန်းယုဟန်က ဘာလုပ်ရမလဲမသိပေ။ အနီရောင်စောင်အောက်က သူ့မျက်နှာပေါ်မှာ မျက်ရည်တွေစီးကျလာပြီး ရှန်ချီဟွမ်းက သူ့ကိုမကြိုက်တာကို တွေ့လိုက်ရသည်။ သူ့ကိုတွန်းထုတ်လိုက်စဥ် သူ့မျက်လုံးထဲမှာ ငြီးငွေ့မှုကိုတွေ့လိုက်ရသည်။

လွန်ခဲ့သည့်မိနစ်ဝက်လောက်ကပဲ သူတို့က ရင်းနှီးသောတစ်ခုခုကို လုပ်ဆောင်နေကြပြီး အခန်းထဲက  မြင့်တက်နေသော အပူချိန်မှာ အခုတော့ လစ်ဟာသွားတာ မယုံနိုင်စရာပင်။ 


သူက ဒီကမ္ဘာကိုစရောက်တုန်းကတောင် မငိုခဲ့ပေ။ သူက မိသားစုနဲ့ခွဲခဲ့ရပြီး ရင်းနှီးသည့်ကမ္ဘာကြီးနှင့် ဝေးကွာခဲ့ရတာတောင် သူမငိုခဲ့ပေ။ သို့သော် ရှန်ချီဟွမ်းက သူ့အပေါ်အေးစက်လွန်းတာကြောင့် သူက ဝမ်းနည်းကာ စိတ်ထိခိုက်ရသည်။


သူလည်း အိမ်ထောင်မပြုချင်ခဲ့ဘူး။

.


သူလည်း ဒီကမ္ဘာကိုမလာချင်ခဲ့ဘူး


သူက သေပြီးသွားတာကို ဘာလို့ဆက်ရှင်နေသေးတာလဲ!


ထိုအကြောင်းကို ပိုတွေးလေလေ၊ ပိုစိတ်ထိခိုက်ရလေဖြစ်ကာ မထိန်းချုပ်နိုင်အောင် ငိုချင်လာသည်။


ရှန်းယုဟန်က သူ့ခေါင်းကို ခေါင်းအုံးထဲမှာမြှုပ်လိုက်ပြီး ဝမ်းနည်းတကြီး ငိုချလိုက်သည်။


သူက ကျုံးယုံစံအိမ်မြို့စားကြီးအိမ်က ပထမဆုံးကောဖြစ်ပြီး တစ်ခါမှမငိုဖူးဘူး!

သူက အသန်မာဆုံးကောပဲ!

“ဟင့်၊ ဟင့်၊ ဟင့်…”


အောက်ထပ်ဆင်းကာ ရေသောက်လိုက်ပြီးနောက် ရှန်ချီဟွမ်းက သူ့အတွေးများကို ရှင်းထုတ်ကာ အပေါ်ပြန်တက်သွားခဲ့သည်။ သူ အပေါ်ရောက်တာနဲ့ အခန်းထဲမှာ ရှိုက်ငိုသံကိုကြားလိုက်သည်။ သူက အခန်းကိုပြန်မလို့လုပ်နေစဥ် ခဏရပ်လိုက်မိသည်။



သူ့ထွက်သွားလို့ ရှန်းယုဟန်က ငိုနေတာလား?


သူကဘာလို့ငိုနေတာလဲ?


ငိုသံက မကြာခင်ရပ်သွားခဲ့သည်။ ရှန်ချီဟွမ်းက တံခါးနားမှာရပ်ကာ နံရံထောင့်ကနေ နားထောင်နေပြီး ယခုချိန်တွင် နှာဘူးနဲ့တောင် တူနေသည်။


ထိုအပြစ်ကင်းပြီး လှပသောမျက်လုံးများက သူ့စိတ်ထဲမှာ ဖြတ်ပြေးသွားကာ သူ့ကိုယ်သူပြန်ကြည့်သောအခါ ထိုမျက်လုံးတွေထဲမှာ ထိုသူလေး၏ ရောင်ပြန်ဟပ်မှုသာရှိသည်။ ဒရာမာချိုးနေသူက သူကိုယ်တိုင်ဖြစ်နေပုံရသည်။



ရှန်ချီဟွမ်းက တံခါးကိုထပ်ဖွင့်ကာ ဝင်သွားလိုက်သည်။


ထိုအချိန်တွင် ရှန်းယုဟန်က ခေါင်းကိုစောင်ခြုံထားပြီး သူ့ကိုယ်သူ အသက်ရှုကြပ်အောင်လုပ်နေသည်။


ရှန်ချီဟွမ်းက သူ့လက်သူရိုက်လိုက်ချင်သည်။ ဘာအတွက်ပြန်ဝင်လာတာလဲ?


ဒီတစ်ကြိမ်မှာ သူဘာလုပ်လုပ် ဘာပြောပြော မှန်ကန်ပုံမပေါ်ပေ။


ရှန်ချီဟွမ်းက ရေခွက်ကိုချကာ စောင်ကိုပြန်ဆွဲလိုက်ပြီး သူ့အရင်နေရာမှာ ထပ်ပြီးလှဲအိပ်လိုက်သည်။ ရှန်းယုဟန်က ခေါင်းကိုအုပ်ကာ သူ့ကိုကျောပေးထားဆဲပင်။


“ခေါင်းခြုံပြီးမအိပ်နဲ့” ရှန်ချီဟွမ်းက မီးပိတ်ကာပြောလိုက်သည်။ 


သို့သော် ရှန်းယုဟန်က သူ့ကိုလျစ်လျူရှုခဲ့သည်။

ရှန်ချီဟွမ်းက ထပ်​ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ မငိုပါနဲ့”

စောင်အောက်က လုံးထွေးနေသော အသံတစ်ခုထွက်ပေါ်လာသည်။ ရှန်းယုဟန်က ရှိုက်သံဖြင့်ပြောလိုက်သည်။ “မငိုပါဘူး” ကံကောင်းစွာပင် မီးပိတ်ထားတာကြောင့် သူ့မျက်နှာကိုမမြင်နိုင်ပေ။


ရှန်ချီဟွမ်းသည် သူက ဂုဏ်သိက္ခာကို အလေးထားနေဆဲဖြစ်ပေမယ့် ထုတ်ဖော်မပြခဲ့တာဖြစ်သည်။ လက်ရှိမှာ သူဆင်ခြင်တုံတရားမဲ့နေတယ်လို့ သူ့စိတ်ထဲမှာတွေးနေမိသည်။

ရှန်းယုဟန်သည် ရှန်ချီဟွမ်း ပြန်လာအိပ်မယ်လို့ မမျှော်လင်ခဲ့ပေ။ သူက စိတ်ဆိုးနေပြီး သူ့ကို အဖက်မလုပ်ချင်သေးတာကြောင့် သူဘက်မှာပဲ အိပ်ခဲ့သည်။


လှပသောလေထုဖိအားက ရှန်ချီဟွမ်းကြောင့် ပျက်စီးသွားသည်။ သူက ခုနတုန်းက သိသိသာသာ ကျိုးကြောင်းဆီလျော်နေပေမယ့် အခုတော့ အကျိုးအကြောင်းမသင့်တော်တော့ပေ။ ဒီတော့ သူဘာလို့တံခါးဖွင့်ပြီး ဝင်လာတာလဲ၊ သူကိုယ်သူနှိက်စက်ဖို့လား?


ရှန်ချီဟွမ်းက ရှန်းယုဟန် အသက်ရှူကြပ်မှာစိုး၍ စောင်ကိုဖယ်လိုက်သည်။ “အသက်ရှူမဝဖြစ်မယ်။”

ရှန်းယုဟန်က စောင်ဆွဲချခံလိုက်ရပေမယ့် ရှန်ချီဟွမ်းကို နောက်ကျောပေးထားဆဲဖြစ်ကာ လေရှူသွင်းလိုက်သည်။ 

.


သူက မျက်လုံးညောင်းညာကိုက်ခဲကာ နီရဲလာသည်အထိငိုခဲ့သည်။ မနက်စောစောထရမှာဖြစ်ပေမယ့် အခုတော့​နောက်ကျနေလေပြီ။ မကြာသေးမီက ဖိအားတစ်ဝက်က လွတ်မြောက်သွားပြီးနောက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မောပန်းသွားသဖြင့် အိပ်မောကျသွားခဲ့သည်။

အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ရှန်ချီဟွမ်းက သူ၏အရှက်ရမှုကို ပြေလျော့စေရန် စကားလုံးတွေရှာနေဆဲဖြစ်ပေမယ့် သူက ရှန်းယုဟန်၏ ပုံမှန်အသက်ရှူသံကို ကြားလိုက်ရသည်။ 


ရှန်ချီဟွမ်းက တိတ်တဆိတ်ရယ်မောလိုက်သည်။ ကောင်းတယ်၊ အမြန်အိပ်ပျော်သွားတာပဲ။

အိပ်ငိုက်ခြင်းက ကူးစက်စေသဖြင့် သူလည်းမကြာခင် အိပ်ပျော်သွားခဲ့သည်။


အရောင်အသွေးစုံသော နေ့တစ်နေ့က အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။

နောက်နေ့။


ရှန်းယုဟန်က နှိုးစက်ကြောင့် နိုးလာပြီး ထိုအသံက ရှန်ချီဟွမ်း၏ မိုဘိုင်ဖုန်းမှဖြစ်သည်။


သူ့မျက်ခွံတွေက တစ်ဝက်သာဖွင့်ထားပြီး တကယ်အိပ်ချင်နေသည်။ သူ့နဖူးက ရှန်ချီဟွမ်း၏ ပခုံးပေါ်မှာ အနားယူနေပေမယ့် ရှန်ချီဟွမ်းက နှိုးစက်သံကြောင့် လုံးဝမနိုးပေ။


နှိုးစက်က ဆက်မြည်နေပြီး ရှန်းယုဟန်က ခဏလောက်ရုန်းကန်နေပြီး နိုးလာခဲ့သည်။


တကယ်တော့ နှိုးဆော်သံက အရမ်းမကျယ်ပေမယ့် ရှန်းယုဟန်က အနှောင့်အယှက်ဖြစ်ကာ အိပ်မပျော်ပေ။


သူက ရှန်ချီဟွမ်းကို အသံထပိတ်စေချင်၏။ ရှန်ချီဟွမ်းက လက်ဆန့်လိုက်ပြီး မျက်လုံးမှိတ်လျက် ဖုန်းကိုထိကာ အသံကိုပိတ်လိုက်သည်။ ရှန်းယုဟန်က အရမ်းအိပ်ချင်နေကာ မျက်လုံးပွတ်ပြီး ထဖို့ကြိုးစားခဲ့ပေမယ့် ရုတ်တရက် ရှနချီဟွမ်းက စောင့်နဲ့အတူ သူ့ကိုဆွဲဖက်လိုက်သည်။

ရှန်းယုဟန်က လှုပ်ဖို့ အနည်းငယ်ကြောက်နေပြီး ရှန်ချီဟွမ်း၏ ခေါင်းက ရှန်းယုဟန်၏လည်ပင်းပေါ်တွင် မှီနေကာ ပူနွေးသော အသက်ရှူသံက သူ့လည်ပင်းပေါ်ကို တိုက်ရိုက်ကျရောက်နေပြီး အနည်းငယ်ယားယံစေသည်။


ရှန်ချီဟွမ်း၏ အသက်ရှူသံကြောင့် ရှန်းယုဟန်က နောက်တစ်ကြိမ် ငိုက်မျဥ်းလာပြီး သူအိပ်မောကျသွားစဥ် နှိုးစက်သံက ထပ်မြည်လာသည်။ ထိုကဲ့သို့ထပ်တလဲလဲဖြစ်ပြီးနောက် ရှန်းယုဟန်က လုံးလုံးနိုးသွားခဲ့ပြီး ရှန်ချီဟွမ်းက အိပ်ချင်မူးတူးဖြစ်နေဆဲပင်။  

သူက မျက်လုံးကိုတစ်ဝက်ဖွင့်လိုက်သောအခါ လှပသောမျက်လုံးတစ်စုံက သူ့မျက်လုံးထဲကို ဝင်လာပြီး အိပ်မက်လိုမျက်နှာတစ်ခုပေါ်လာသည်။

မှတ်ဉာဏ်ပြန်ရောက်လာကာ ရှန်ချီဟွမ်းက နောက်ဆုံးမှာ လုံးလုံးနိုးသွားခဲ့သည်။

အကြည့်ချင်းဆုံသွားတော့ ရှန်းယုဟန်၏ ဖြူဖွေးသောမျက်နှာက ပန်းရောင်သန်းနေပြီး သူက တီးတိုးပြောလိုက်သည်။ “လွှတ်ပေးဦး”


ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုဖက်ထားသော သူ့လက်ကို ဖြေလျော့ပေးလိုက်သည်။ အနည်းငယ်ဝေးသွားပြီးနောက် ရှန်းယုဟန်က ချက်ချင်းစောင်ကိုဖယ်ကာ ရေချိုးခန်းထဲဝင်သွားပြီး အကြာကြီးနေခဲ့သည်။ 

ကိုယ်ရေးကိုယ်တာပြဿနာကို ​ဖြေရှင်းပြီးနောက် ရှန်းယုဟန်က မျက်နှာသစ်လိုက်သည်။

သူထွက်လာတော့ ရှန်ချီဟွမ်းက ပြတင်းပေါက်ရှေ့မှာရပ်နေပြီး ဖုန်းပြောနေသည်။ တံခါးဖွင့်သံကိုကြားတော့ ဖုန်းချလိုက်သည်။


ဖုန်းချပြီး​နောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ပြောလိုက်သည်။ “အစ်ကိုကြီးနဲ့အစ်မလတ်က မနက်စာစားဖို့လာနေတယ်။ သူတို့က မင်းကိုတွေ့ချင်နေတယ်။”

ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီ”


မနေ့ညက ကိစ္စနဲ့ပတ်သတ်ပြီး သူတို့နှစ်ယောက် ဘာမှမပြောခဲ့ပေ။

ဆယ်မိနစ်ကြာတော့ သူတို့က အောက်ထပ်ကိုဆင်းသွားသည်။


မနေ့က မင်္ဂလာပွဲပြီးသွားတာ​ကြောင့် ရှန်းယုဟန်က သိပ်စိတ်မပူတော့ပဲ ဒီကမ္ဘာပေါ်က အမျိုးသားနှင့် အမျိုးသမီးကြားမှာ တားမြစ်ချက် အများကြီးမရှိတာကို သိခဲ့ရသည်။ 

ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဧည့်ခန်းကို အတူလာခဲ့ကြသည်။

ရှန်ချီယွမ်က အသက်လေးဆယ်ရှိနေပြီး ရှန်ချီပင်းက သုံးဆယ်အရွယ်ဖြစ်သည်။ နှစ်ယောက်လုံးက အိမ်ထောင်ကျပြီးဖြစ်ကာ ရောက်တာနဲ့ ရှန်းယုဟန်ကို စာအိတ်အနီပေးခဲ့သည်။

ရှန်ချီယွမ်က လေးလေးနက်နက်ပြောလိုက်သည်။ “မင်းတို့နှစ်ယောက် အနာဂတ်မှာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။”


ရှန်ချီပင်းက အမှီအခိုကင်းပြီး အောင်မြင်နေသောအမျိုးသမီးဖြစ်သည်။ သူမကလည်း ရှန်းယုဟန်ကို ပြောလိုက်သည်။ “ငါတို့မနေ့က စကားအများကြီး မပြောခဲ့ရဘူး။ ဒါကြောင့် ဒီနေ့လာကြည့်တာ။ နောင်မှာတစ်ခုခုလိုအပ်ခဲ့ရင် ငါတို့ကိုခေါ်လိုက်ပါ။”

ရှန််းယုဟန်က တစ်ယောက်ပြီးတစ်ယောက်ကို ပြန်ဖြေခဲ့ပြီး ကောင်းမွန်စွာတုံ့ပြန်ခဲ့သည်။

အစ်ကိုကြီးနှင့် အစ်မလတ်က ပုံမှန်အကျင့်စရိုက်ရှိပြီး သူတို့နှစ်ယောက်လုံးက ရှန်းယုဟန်ကို သာမန်ကာလျှံ ဆက်ဆံနေပြီး ရှန်ချီဟွမ်းနဲ့လည်း သိပ်မရင်းနှီးပေ။

လာလည်သူတွေက ရှန်ချီဟွမ်း၏အစ်ကိုကြီး ရှန်ချီယွမ်နှင့် အစ်မလတ် ရှန်ချီပင်းပဲမဟုတ်ပဲ မနေ့ကတွေ့ခဲ့ရသော လူငယ်လေးလည်း ပါလာခဲ့သည်။


သူက ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်ကို ပြုံးပြကာ ပြောလိုက်သည်။ “အစ်ကိုဟွမ်း၊ မရီး”

.

ရှန်ချီဟွမ်းက သည်းမခံနိုင်စွာ ရှန်ချီယွင်ကို ကျယ်လောင်စွာမေးလိုက်သည်။ “မင်းကဘာလို့ရောက်နေတာလဲ?” လေသံက အတော်အေးစက်နေသည်။

ရှန်ချီယွင်က ပြောလိုက်သည်။ “မနေ့ညက အိမ်ဟောင်းကို အစ်ကိုကြီး၊အစ်မလတ်တို့နဲ့အတူ ပြန်သွားခဲ့တယ်။ သူတို့ကို လမ်းကြုံလိုက်ပို့ပေးတာ။” တကယ်တော့ မနေ့က ရှန်းယုဟန် သူ့ကိုမသိချင်ယောင်ဆောင်ခဲ့တာကို စိုးရိမ်နေတာကြောင့် ကားမောင်းပြီး လိုက်ဖို့ပေးဖို့ စပြောခဲ့တာဖြစ်သည်။


စကားပြောနေစဥ် ရှန်ချီယွင်က ရှန်ချီဟွမ်းဘေးမှာထိုင်နေသော  ရှန်းယုဟန်ကို ကြည့်နေသည်။ ရှန်းယုဟန်က ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “သူ့ကိုဘယ်လိုခေါ်ရမလဲ?”

ရှန်ချီဟွမ်းက အံ့အားသင့်သွားသည်။ ရှန်းယုဟန်က ရှန်ချီယွင်ကို စိတ်မဝင်စားဘူးလား? သူက ဘယ်လိုခေါ်ရမလဲ တကယ်မေးခဲ့တာကြောင့် သူက တစ်ခုကိုစဥ်းစားကာ ရှန်းယုဟန် ဘယ်လိုတုံ့ပြန်မလဲသိချင်နေသည်။ “ရှန်ချီယွင်၊ မင်းရဲ့ယောက်ဖတွေထဲက တစ်ယောက်။”

ထိုလူက မူလရှန်းယုဟန် ခံစားချက်ရှိခဲ့သော ရှန်ချီယွင်ဆိုတာကို သိလိုက်ရသည်။

သူနဲ့အရင်က ညှိစွန်းတာရှိခဲ့ပေမယ့် အခုချိန်မှာ သူကအိမ်ထောင်သည်ဖြစ်တာကြောင့် သံသယတွေကို ရှောင်ရှားပစ်ရမည်။ ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ဘေးကိုမှီလိုက်သည်။


သူက ဘာခံစားချက်မှမရှိပဲ ခေါ်လိုက်သည်။ “ဟယ်လို၊ ယောက်ဖ”

ရှန်ချီယွင်: “...” 

အရင်ကရှန်းယုဟန်က သူ့ကို အကိုယွင်လို့ခေါ်တာမဟုတ်ဘူးလား?