Chapter 09
Viewers 965

Chapter 09


“ခြေဗလာ”

“ပဒေသရာဇ်ခေတ်ပြီးသွားတာ ဘယ်လောက်ကြာပြီလဲ? ဧကရာဇ်က ဘယ်ကရောက်လာတာလဲ? ဦးနှောက်သေစေတဲ့ အွန်လိုင်းဒရာမာတွေ အများကြီးကြည့်ခဲ့တာလား?”

“အတန်းထဲမှာ ဧကရာဇ်လို့ ခေါ်တဲ့ လူတစ်ယောက်ကိုတွေ့ခဲ့တယ်။”

“သူ့နာမည်က ဟွမ်ရှန့်ဖြစ်မှာပါ။ အဝါရောင်စာလုံးဟွမ် 黃色၊ ရှန့်က 上 ဖြစ်မယ်။ မသိဘူး။ နောက်ကျရင်မေးကြည့်ပေါ့။”

“အိုခေကောင်းပြီ။” ကြည့်ရတာ သူနားလည်မှုလွဲသွားပုံရသည်။


သူတို့နိုင်ငံမှာ ဧကရာဇ်မရှိပေ။


ရှန်ချီဟွမ်းကလည်း ရှန်းယုဟန် သူ့ကိုစနေတာလား သံသယရှိခဲ့သည်။

စားသောက်ဆိုင်ကို ဝင်သွားပြီးနောက် ရှန်းယုဟန်က အာရုံပြောင်းသွားပြီး နွမ်းနေသောအခြေအနေမှ ပြန်ထွက်လာသည်။

မမျှော်လင့်ထားစွာပင် စားသောက်ဆိုင်က ခမ်းနားနေသည်။ ဧကရာဇ်ရှိနေရင် လူတွေကို အဝါရောင်သုံးခွင့်ပြုမှာမဟုတ်ပေ။ အကြောင်းမှာ အဝါရောင်က တော်ဝင်မိသားစုအတွက် သီးသန့်ဖြစ်ပြီး မရိုသေမှု၊ ပုန်ကန်မှုဖြင့် ချက်ချင်းတရားစွဲခံရနိုင်သည်။

.


ရှန်ချီဟွမ်းက ဘာစားချင်လဲ သူ့ကိုအရင်မေးပြီး ရှန်းယုဟန်က သူမှာလိုက်မယ်လို့ ပြောလိုက်သည်။ သူကမီနူးကြည့်ပြီးနောက် ဘယ်လိုမှာရမလဲမသိပေ။ 


ဤနေရာမှာ အရသာပေါ့သော မုန့်အချိုဆိုင်ဖြစ်ပြီး သူတို့က ဒင်ဆမ်းသာမှာလိုက်သည်။ 


ရှန်းယုဟန်အတွက် ဒီလောက်အရသာရှိတာကို စားရတာ ပထမဆုံးဖြစ်သည်။



ရှန်းယုဟန်၏ ကိုယ်ခန္ဓာက အရင်က အခြေအနေဆိုးပြီး မကြာသေးခင်ကမှ အနည်းငယ်ပြန်ကောင်းလာတာဖြစ်၍ သူ့မှာ စားချင်စိတ်သိပ်မရှိသေးပဲ ဒင်ဆမ်းနည်းနည်းနဲ့ ထမင်းရည်တစ်ပန်းကန်သောက်ရုံဖြင့် ဗိုက်ပြည့်သွားခဲ့သည်။


ရှန်ချီဟွမ်းက သူ့ကိုကြည့်ကာ သိပ်မစားတာကို တွေ့လိုက်ရသည်။ “မစားနိုင်ဘူးလား? ငှက်အသေးလေးတောင် မင်းထက်ပိုစားနိုင်တယ်။”


“ဒါပေမယ့် ငှက်တွေက ပိုးကောင်တွေကိုစားတာလေ” ရှန်းယုဟန်က လေးလေးနက်နက် ဖြေလိုက်သည်။ 


ရှန်ချီဟွမ်းက မလှုပ်မယှက်ပြောလိုက်သည်။ “မင်းအစားနည်းတာကို နှိုင်းယှဥ်ဖော်ပြရုံပဲ။ မင်းမှာ ဟာသဉာဏ်လုံးဝမရှိဘူး။”


သူက ရှန်းယုဟန်၏ပန်းကန်ပေါ်မှာ ပုဇွန်ဖက်ထုပ် တင်ပေးလိုက်သည်။ “နောက်တစ်ခုစားဦး”


ရှန်းယုဟန်က အမြဲတမ်းဝင်သလောက်ပဲ စားလေ့ရှိပေမယ့် သူ့ခင်ပွန်းက ကျွေးနေသောအခါ ထပ်စားသင့်တယ်လို့ တွေးလိုက်သည်။ 


ရှန်းယုဟန်က စိတ်အရမ်းကြည်နေသည်။ “ကျေးဇူးပါ၊ ယောကျာ်း” သူက ယူပြီးစားလိုက်သည်။

တစ်ခုစားပြီးနောက် ရှန်းယုဟန်၏ ပန်းကန်လုံးထဲမှာ မွေးကြိုင်သော ပိန်းဥကိတ်ရောက်လာသည်။


ရှန်ချီဟွမ်းက ကျွေးရတာကို သဘောကျနေသည်။ “စား”


ရှန်းယုဟန်က ဖက်ထုပ်တစ်ခုစားပြီးနောက် ဗိုက်အတော်ပြည့်သွားသည်။ “ဒါပေမယ့် ဗိုက်တင်းနေပြီ”


ရှန်ချီဟွမ်း​က သူ့ကို အသာအယာချော့လိုက်သည်။ “တစ်ခုထပ်စားဦး”


“အိုကေ၊ တစ်ခုပဲနော်” ရှန်းယုဟန်က နာခံစွာ စားလို့ပြီးသွားသည်။ 

စားသောက်ဆိုင်ကထွ​က်လာပြီးနောက် ရှန်ချီဟွမ်းသည် ရှန်းယုဟန်ကိုပေးမယ့် မိုဘိုင်းဖုန်း ရုံးမှာကျန်ခဲ့တာကို သတိရသွားသည်။


“ရုံးအရင်ပြန်ရအောင်၊ နေ့ခင်းအတန်းက နှစ်နာရီမှစမှာ။”


ယောကျာ်းရဲ့ရုံးကိုသွားမှာလား?


သူ့အမေက သူ့အဖေ၏အလုပ်ရုံကို တစ်ခါမှမသွားဖူးကြောင်း သတိရသွားသည်။ သူက ခင်ပွန်း၏ ရုံးခန်းကိုသွားနိုင်တဲ့ သူတို့မိသားစုရဲ့ ပထမဆုံးလူပဲ!


နည်းနည်းလေးပီတိဖြစ်သွားသည်။ သူ့ခင်ပွန်းက သူ့ကိုအရမ်းမမုန်းပေမယ့် မင်္ဂလာဦးညကို ပြန်တွေးမိသောအခါ နည်းနည်းစိတ်ဓာတ်ကျသွားသည်။ ခင်ပွန်း၏ နှလုံးသားကိုရဖို့က အတော်ခက်ပြီး သူ့ကို မမုန်းအောင်ပဲ အရင်လုပ်ပါဦးမည်။


ဒရိုက်ဘာက ကုမ္ပဏီ၏ အောက်ထပ်ကိုဆင်းသွားပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဓာတ်လှေကားဖြင့် အပေါ်ထပ်ခေါ်သွားခဲ့သည်။


ပရီမီယမ်မြေကွက်နှင့် စီးပွားရေးနယ်မြေတွင် ရှန်ချီဟွမ်း၏ ကုမ္ပဏီက ဝန်ထမ်းပေါင်းလေး​ထောင်နီးပါးရှိသော အဆောက်အအုံတစ်ခုကို ပိုင်ဆိုင်သည်။

အောက်ထပ်က လုံခြုံရေးကိုတင်းကြပ်ထားပြီး လူတိုင်းမှာ မတူညီသော ဝန်ထမ်းကဒ်တစ်ခုစီရှိသည်။ 


ရှန်းယုဟန်​က ဝင်ပေါက်နှင့်ထွက်​ပေါက်ကို သေချာလေ့လာနေပြီး ကဒ်နှင့် တံခါးဖွင့်ပုံကို စူးစမ်းနေသည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်အစားနည်းတာကို သတိထားမိသလို သူ့အပြုအမူတိုင်းကို မသိစိတ်က သတိထားမိနေ၍ ရုတ်တရက် စဥ်းစားပေးကာ ပြောလိုက်သည်။ “နောက်မှမင်းအတွက် ကဒ်လုပ်ပေးဖို့ပြောလိုက်မယ်။ မနက်သင်တန်းပြီးရင် နေ့လည် ကုမ္ပဏီမှာ နေ့လည်စာလာစား။”

ယခုချိန်က ဝန်ထမ်းအနားယူချိန်ဖြစ်၍ ဝန်ထမ်းအနည်းငယ် ဝင်ထွက်သွားလာနေကြသည်။

သူ့အသွင်အပြင်ကြောင့် ရှန်ချီဟွမ်းက နေရာတိုင်းမှာ ထင်သာမြင်သာရှိကာ လုံခြုံရေးတွေက သူ့ကိုမတားရဲပေ။


ရှန်းယုဟန်ကို ဓာတ်လှေကားထဲခေါ်လာပြီးနောက် တခြားဝန်ထမ်းများဆီမှ သိသိသာသာ ကာပေးလိုက်သည်။


သူဌေးနှင့် ဓာတ်လှေကားတစ်ခုတည်း အတူစီးနေသော ဝန်ထမ်းများက တစ်ဖက်တွင် ပီတိဖြစ်နေပေမယ့် တစ်ချိန်တည်းမှာ တိတ်ဆိတ်နေကာ စကားမပြောရဲပေ။

ဘော့စ်ဘေးက လူငယ်လေးက ဘယ်သူလဲ?


ဆယ်လီတွေထက်ပိုလှနေလို့ သူ့မျက်နှာနဲ့ဆို တစ်မိနစ်အတွင်း ပွဲဦးထွက်နိုင်သွားမှာပဲ။


သူတို့အားလုံးထွက်သွားပြီးနောက် ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က အမြင့်ဆုံးအထပ်ကိုရောက်လာသည်။


တကယ်တော့ ဒါက အမြင့်ဆုံးအထပ်ဆိုပေမယ့် ကုမ္ပဏီရှိ ဗျူဟာဆုံးဖြတ်ချက်များနှင့် သက်ဆိုင်သော အရေးကြီးဌာနဖြစ်၍ ဝန်ထမ်းအများကြီးရှိနေသည်။


ရှန်ချီဟွမ်း၏ရုံးခန်းက အတွင်းပိုင်းအကျဆုံး သီးသန့်နေရာတွင်ဖြစ်ပြီး ရှုခင်းလည်းကောင်းသည်။ 


ဒါက သူ့ခင်ပွန်းရဲ့ရုံးခန်းပဲ။

ရှန်းယုဟန်က ရှန်ချီဟွမ်း၏ သားရေဆိုဖာပေါ်မှာ တိုက်ရိုက်မထိုင်ပဲ မျက်နှာကြက်ပြတင်းပေါက်ကို လျှောက်သွားကာ အောက်ကိုငုံ့ကြည့်လိုက်သည်။

သူက တစ်ချက်ကြည့်ကာ နောက်ကိုပြန်လျှောက်လာသည်။



ထိုမျှလောက်အမြင့်ကြီးက လူတွေကို လန့်သွားစေနိုင်သည်။


ရှန်ချီဟွမ်းက ဖုန်းပါကင်ဘူးကို ထုတ်ပေးလိုက်သည်။ “ဒီကိုလာ၊ ဖုန်းနဲ့ကဒ်လာယူ”

သူက မူလက လူကြီးသုံးမိုဘိုင်းဖုန်းတစ်လုံးကို ဝယ်ပေးချင်ခဲ့ပေမယ့် နောက်တော့ ထိုအတွေးကိုစွန့်လွှတ်ကာ သူထက်တစ်ဆင့်မြင့်သာ ဘရန်းတူဖုန်းတစ်လုံးကို ဝယ်ပေးခဲ့သည်။



ရှန်းယုဟန်က ပါကင်ဖွင့်ကာ ဖုန်းကိုကြည့်လိုက်သည်။ အဖြူရောင်ဘူးထဲတွင် ဖုန်း၊ ကေဘယ်ကြိုးနှင့် ပလက်စသဖြင့်အစုံပါသည်။ သို့သော် ပြဿနာတစ်ခုရှိနေသည်။ အညွန်းက နိုင်ငံခြားဘာသာစကားဖြစ်တာကြောင့် သူဘာမှနားမလည်ပေ။


သူက ဘူးကိုကိုင်ကာ ရှန်ချီဟွမ်းကို ပြောလိုက်သည်။ “ယောကျာ်းကူညီပါ။”

ယောကျာ်းဆိုတဲ့စကားက တော်တော်လွယ်ကူလား?

တစ်ခါတစ်လေ 'ယောကျာ်း’ က သုံးရလွယ်လွန်းသည်။


“ကိုယ့်ဘာကိုယ်မလုပ်နိုင်ဘူးလား? ဘယ်လောက်ခက်လို့လဲ?” ထိုသို့ပြောလိုက်သော်လည်း သူ့လက်တွေက ကဒ်ပေါ်ရောက်သွားသည်။


“ခင်ဗျားကို လုပ်ပေးစေချင်တာ” ရှန်းယုဟန်က ခင်ပွန်းရှေ့မှာ အားနည်းချက်ကိုချပြတာ အဆင်ပြေပါတယ်လို့ တွေးလိုက်သည်။

ရှန်ချီဟွမ်းကတော့ သူဒီဖုန်းကို မသုံးဖူးတာဖြစ်မယ်လို့ ယူဆလိုက်သည်။


“ငါမင်းကိုအရင်ဘဝက အကြွေးတင်နေတာဖြစ်မယ်။ အကုန်ကူညီနေရတယ်။” သူက ဘယ်လိုပရော်ပရည်လုပ်ရမလဲ ဆိုတာလည်းသိသည်။ သူက ရှန်ချီယွင်ကိုလည်း ဒီလိုချွဲခဲ့ဖူးလား မသိပေ။


“အရင်ဘဝက ဘာမှအကြွေးမတင်ခဲ့ပါဘူး။” ရှန်းယုဟန်က ရှန်ချီဟွမ်းကို လေးလေးနက်နက် ဖြေလိုက်ပြီး အရင်က ရှန်ချီဟွမ်းနဲ့တူတဲ့လူကို မြင်ဖူးလားစဥ်းစားနေသည်။ “ကျွန်တော် အရင်ဘဝက ခင်ဗျားကိုမမြင်ဖူးဘူး။ ခင်ဗျားထက်ကြည့်ကောင်းတဲ့လူကိုလည်း မမြင်ဖူးဘူး”

ရှန်ချီဟွမ်းက ရှန်းယုဟန်စကားကြောင့် ကျေနပ်သွားပေမယ့် ဝန်မခံပေ။ “ဒီတော့ မင်းကအရင်ဘဝကို မှတ်မိတယ်ပေါ့။”

“ဘယ်လိုသိလဲ?” ရှန်းယုဟန်က သူ့မျက်နှာပေါ်မှာ အံ့သြနေသည်။ သူ့ကိုမိသွားပြီထင်ပြီး လက်ကိုဆွဲဆိတ်ကာ ရှန်ချီဟွမ်းကို စိုးရိမ်တကြီးမေးလိုက်သည်။ “ခင်ဗျား၊ ဘယ်လိုသိတာလဲ?”

“မင်းပဲပြောတာမဟုတ်ဘူးလား?” ရှန်ချီဟွမ်းက ဆင်းမ်ကဒ်ကိုထည့်ပေးလိုက်ပြီး ဖုန်းစနစ်ကိုဖွင့်ပေးလိုက်သည်။


“ကျွန်တော်ဒီတိုင်းပေါက်ကရပြောနေတာပါ။” နောက်တစ်ကြိမ်အထင်လွဲသွားတာပဲ။ သူ့ခင်ပွန်းက လုံးဝသတိထားမိပုံမပေါ်ပေ။


သူက သက်ပြင်းချကာ ရှန်ချီဟွမ်း ဖုန်းလုပ်နေတာကိုကြည့်ကာ သင်ယူနေလိုက်သည်။


ဖုန်းဖွင့်တာကမခက်ခဲပေ။ တချို့လုပ်ဆောင်မှုတွေသာလိုပြီး လုပ်နေစဥ်မှာ ရှန်းယုဟန်၏ မျက်နှာကို စကင်န်ဖတ်ဖို့လိုသည်။ သူက အနီးနားမှာရှိတာကြောင့် ရှန်ချီဟွမ်းက ဖုန်းကိုသူရှေ့ထားကာ စကင်န်ဖတ်လိုက်သည်။


သူ့မျက်နှာကို စကင်န်ဖတ်ပြီး ပက်စ်ဝေါ့နှင့် အကောင့်ဖွင့်ရန်လိုသည်။



“မင်းရဲ့ အီးမေလ်းအကောင့်ကိုထည့်လို့ရတယ်။”


ရှန်းယုဟန်က ထိုစကားကြောင့် ရှုပ်ထွေးသွားသည်။ ဆီတိုင်ကီအကောင့်နံပါတ်ကဘာလဲ?

(ဆီတိုင်ကီနဲ့အီးမေးလ်အကောင့်အသံထွက်က တူတူပဲမို့ သူကလွဲသွားတာပါ။)


သို့သော်ကံကောင်းစွာပင် သူက ကမန်းကတန်းပြောလိုက်သည်။ “ယောကျာ်းကဖုန်းဝယ်ပေးတာဆိုတော့ ယောကျ်ားအီးမေးလ်ပဲ သုံးလိုက်လို့မရဘူးလား?”



ရှန်ချီဟွမ်း​က သူ့ကိုသံသယဖြင့် ကြည့်လိုက်သည်။ သူ့ကိုအီးမေးလ်ကနေ စောင့်ကြည့်မလို့လား? သူက သူ့လှည်ကွက်ထဲပြန်ဝင်သွားတာပဲ!


“ကောင်းပြီ၊ ငါ့အကောင့်နဲ့ပတ်စ်ဝေါ့ ရိုက်ထည့်ပေးမယ်။ သေချာမှတ်ထားနော်” ရှန်ချီဟွမ်းက တွေးနေသည်မှာ သူ့အကောင့်နဲ့ပတ်စ်ဝေါ့ထည့်ထားရင် ကွန်ပျူတာနဲ့ အချိန်မရွေးချိတ်ဆက်နိုင်ပြီး ရှန်းယုဟန်၏ တည်နေရာကို ကြည့်လို့ရသည်။ သူထွက်ပြေးချင်ရင်တောင် နောက်ဆက်တွဲအကျိုးဆက်တွေကို သူစဥ်းစားရတော့မှာဖြစ်၏။


ရှန်းယုဟန်က ထိုအကြောင်းဘာမှမသိပေ။ ဒါပေါ့..သူသိရင်တောင် ခင်ပွန်းက သူ့တည်နေရာကိုသိနေတာက ပုံမှန်ပဲလို့တွေးမှာပင်။ သူက တစ်ဖက်လူကို ဖုံးကွယ်ထားစရာမရှိပေ။ သူတစ်နေ့လမ်းပျောက်သွားရင် သူ့ခင်ပွန်းကရှာနိုင်လိမ့်မည်။


“ကောင်းပြီ” ရှန်းယုဟန်က သူအခုဘာပဲလုပ်လုပ် ငြင်းစရာမရှိပေ။


ရှန်ချီဟွမ်းက သူ့ခေါ်သံကြောင့် စိတ်သက်သာရရာသွားပြီး တဖြည်းဖြည်း ရှန်းယုဟန်၏ ခေါ်ဆိုပုံကို ကျင့်သားရနေလေပြီ။


သူက ပြင်ဆင်ပြီးသောဖုန်းကို ရှန်းယုဟန်ကို ပေးလိုက်ပြီး နက်ဝေါ့စမ်းဖို့ ကူညီပေး​ကာ ဝီချက်ဒေါင်းပြီး ဖုန်းနံပါတ်ထည့်ပေးလိုက်သည်။ 

ထို့​နောက် နာမည်ကိုတော့ “ခင်ပွန်း”လို့မှတ်လိုက်သည်။


ရှန်းယုဟန်က လုပ်ဆောင်ချက်တွေကို ဆက်တိုက်လုပ်ကာ ခင်ပွန်းဆိုသောစကားလုံးကိုတွေ့တော့ ရှန်ချီဟွမ်းနှင့်သက်ဆိုင်မည်ဟု တွေးလိုက်သည်။


ထို့နောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဖုန်းပေးလိုက်သည်။


“ကျေးဇူးပါ..ယောကျာ်း” ရှန်းယုဟန်က ဖုန်းကိုအိပ်ကပ်ထဲထည့်ကာ နေ့ခင်းဘက်မှ တစ်ဖက်လူကိုမေးဖို့ ဆုံးဖြတ်လိုက်သည်။ 

ဝီချက်အိုင်ဒီတောင်းဖို့စောင့်နေတဲ့ ရှန်ချီဟွမ်း: “....”

ရှန်ချီဟွမ်းသည် ထိုလူက ရှန်ချီယွင်အကြောင်း တွေးနေပုံရသည်ဟု ထင်လိုက်ပြီး ဒေါသထွက်သွားကာ ဝီချက်လည်း မအပ်ချင်တော့ပေ။


ရှန်းယုဟန်က သူ့ခင်ပွန်း ဘာလို့မပျော်မရွှင်ဖြစ်သွားလဲမသိပေ။ သို့သော် ရှန်ချီဟွမ်း၏ စိတ်အခြေအအနေ ပြောင်းလဲသွားသဖြင့် သူက ခေါင်းစဥ်ပြောင်းလိုက်သည်။


“ယောကျာ်း၊ ဒီညအိမ်ကိုတူတူပြန်ကြမလား?” 


“မပြန်ဘူး၊ ဒီည ဒင်နာပါတီရှိတယ်။” ရှန်ချီဟွမ်းက စိတ်ဆိုးနေသည်။


“ဒါဆိုကောင်းပါပြီ” သူ​က အပြင်သွားစရာရှိတာကြောင့် သူကအိမ်မှာပဲစောင့်နေလိုက်မည်။


“အတန်းကနေ့ခင်း၂နာရီမှစတာ၊ တစ်နာရီတောင်ကျန်သေးတယ်။ အလုပ်လုပ်နေတုန်း မင်းဧည့်ခန်းထဲမှာ တစ်ရေးအိပ်နေလေ။”


“ကောင်းပြီ။” ရှန်းယုဟန်က ဘေးကဧည့်ခန်းကို နာခံစွာဝင်သွားသည်။


သင်တန်းတည်နေရာက သူ့ခင်ပွန်းနဲ့နီးတော့ တစ်ရေးတစ်မော လာအိပ်နိုင်သည်။


ဧည့်ခန့်ထဲတွင် ဗီဒိုတစ်ခု၊ ကိုယ်လုံးပေါ်မှန်တစ်ချပ်နှင့် တစ်မီတာရှည်သောကုတင်ရှိပြီး ရှေ့ဆက်သွားရင် ရေချိုးခန်းရှိသည်။


လေထုက နေကြောင့်ပူနွေးနေသဖြင့် သူက ကန့်လန့်ကာကိုပိတ်ကာ ဖိနပ်ချွတ်လိုက်ပြီး ကုတင်ပေါ်တက်လိုက်သည်။ ရှန်ချီဟွမ်းက အပြင်မှာရှိသဖြင့် စိတ်ချလက်ချအိပ်နိုင်သည်။ 


ငါးဆယ်မိနစ်အကြာတွင် ရှန်းယုဟန်​က ဓားပြလိုက်ခံရသော အိပ်မက်ဆိုးမက်၍ နိုးလာကာ ထိတ်လန့်နေပြီး နဖူးက ချွေးတွေရွှဲနေသည်။ သူက ဖိနပ်မဝတ်ပဲ ကုတင်ပေါ်မှခုန်ချကာ ရှန်ချီဟွမ်းကိုရှာဖို့ ရုံးခန်းကိုပြေးထွက်သွားသည်။


သူက ရှန်ချီဟွမ်းကို အစအဆုံးမရှိပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်အိပ်မက်ဆိုးမက်ခဲ့တယ်။”


အော်လို့ပြီးသည်နှင့် လူတစ်စု ဆိုဖာပေါ်တွင်ထိုင်နေပြီး မျက်လုံးခုနှစ်စုံက သူ့ကိုကြည့်နေတာကို တွေ့လိုက်ရသည်။


ရှန်းယုဟန်၏မျက်နှာမှာ ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားကာ ဘယ်လိုတုံ့ပြန်ရမလဲမသိပေ။

သူ့ခြေဗလာကို လူအများကြီးမြင်သွားပြီ!

သူက..သူက..မသန့်စင်တော့ဘူး!