အပိုင်း ၇၀
Viewers 15k

Chapter 70


အိမ်တွင်အေးအေးလူလူနေခဲ့သောနေ့ရက်များက တဖြေးဖြေးကုန်ဆုံးသွားသည်။ 


ကုဆွေ့ဆွေ့တစ်ယောက် ယနေ့မနက်တွင်တတ်နိုင်သမျှအစောဆုံးထကာ မြို့တော်မှယူနန်သို့တိုက်ရိုက်ထွက်ခွာမည့် လေဆိပ်သို့သွားရသည်။ လေယာဥ်စီးချိန်က လေးနာရီခန့်ကြာမြင့်မည်ဖြစ်သည်။ ယနေ့ညထုတ်လွှင့်ပြသမည့်ရသစုံရှိုးအပိုင်းအသစ်ကိုကြည့်လိုသော်ငြားလည်း ကံမကောင်းစွာဖြင့်အချိန်မမီတော့ပေ။


သို့သော် ခဲ့ကျင်းယန်က အခြားလူများနှင့်ကွာခြားသည်။ ဤမျှလောက်ကိစ္စနှင့်ပျာယာခတ်မနေပေ။ သူက ညလုံးပေါက်သီချင်းရေးသည် သို့မဟုတ် ဂိမ်းဆော့သည်။ ထိုသည်မှာသူ့အလေ့အထတစ်ခုပင်။ မနက်ခြောက်နာရီတိတိတွင် လေဆိပ်သို့ထွက်ခွာရမည်ဖြစ်သော်လည်း မနက်နှစ်နာရီ သုံးနာရီလောက်မှအိပ်ရာဝင်ကာ အေးအေးဆေးဆေးပင်ဖြစ်သည်။ တီဗွီရုပ်သံလှိုင်းတွင် ထုတ်လွှင့်ပြသနေသည့် သူပါဝင်ရိုက်ကူးထားသော ရသစုံရှိုးကိုလည်းတစ်ခါမှစောင့်မကြည့်ဖူးခဲ့ချေ။ ရိုက်ကူးရေးက သူ့အတွက်ပျင်းစရာကောင်းလွန်းသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည့်ကလေးငယ် ကုဆွေ့ဆွေ့ကြောင့်သာ သူဆက်ရိုက်နေခြင်းဖြစ်သည်။ 


ကြည့်ရှုသူပရိသတ်များကမူ ကျွန်းပေါ်တွင်သောင်တင်နေသည့်ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့၏ အပိုင်းကိုအလွန်စိတ်ဝင်တစားစောင့်မျှော်နေကြသည်။


ကျွန်းပေါ်ရှိရာသီဥတုက အတော်အသင့်ကောင်းမွန်သည်။ မြို့တွင်းရာသီဥတုကဲ့သို့ ပူလောင်အိုက်စပ်မနေပေ။ ခဲ့ကျင်းယန်က သဲသောင်ပြင်ပေါ်တွင် သူ့အပေါ်ဝတ်အင်္ကျီကိုချခင်းကာ ကုဆွေ့ဆွေ့နှင့်အတူဝင်ထိုင်သည်။ တရူးရူးတသုန်သုန်တိုက်ခတ်နေသည့် ပင်လယ်လေပြည်လေညင်းကို အပြည့်အဝခံစားရင်း သူတို့ကိုကျွန်းပေါ်မှ လာရောက်ကယ်ထုတ်ပေးမည့်တစ်စုံတစ်ယောက်အားစောင့်မျှော်နေသည်။


သဲသောင်ပြင်ပေါ်တွင် ဇိမ်ပြေနပြေအနားယူနေကြသည့်သူတို့နှစ်ယောက်ကိုကြည့်ရင်း ရိုက်ကူးရေးဝန်ထမ်းများသာမကကြည့်ရှုသူပရိသတ်များပါ သြချသွားရသည်။


"ဟားဟားဟား.....ဒီနှစ်ယောက်ကတော့လုပ်ချလိုက်ပြန်ပြီ....ငါကတော့ သူတို့ကိုသနားနေလိုက်တာ...ပင်ပန်းနေမှာပဲဆိုပြီး....ဒါပေမဲ့သူတို့က ဒီကိုအပန်းဖြေဖို့လာတယ်နဲ့တူတယ်"။


"အမ်း....သူတို့နှစ်ယောက်ကတော့ဇိမ်ပဲဟေ့...တစ်ခြားဧည့်သည်တွေကတော့...အပူချိန်သုံးဆယ်ဒီဂရီလောက်ရှိတဲ့ အပြင်ဘက်မှာ သူတို့ကိုကယ်ဖို့အသည်းအသန်ကြိုးစားနေကြတာ..."။


နေ့လည်စာအတွက် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့


နှင့်အတူ ပင်လယ်ကမ်းစပ်သို့သွားကာအစာထွက်ရှာသည်။ ခဲ့ကျင်းယန်ကရေထဲသို့ဆင်းကာ ငါးဖမ်းနေစဥ် ကုဆွေ့ဆွေ့ကပင်လယ်ကမ်းစပ်နားလေးတွင် ခရုခွံများလိုက်ကောက်သည်။ မွန်းလွဲပိုင်းသို့ရောက်လာသော်လည်း ခဲ့ကျင်းယန်က ငါးတစ်ကောင်မှမမိသေးချေ။ ခုံးကောင်များနှင့်ပင်လယ်သခွားကောင်ချို့ကိုတော့ဖမ်းမိထားသည်။ ထို့နောက် ထိုပင်လယ်စာများကို နေ့လည်စာအတွက် အကင်လုပ်စားလိုက်သည်။ ခဲ့ကျင်းယန်က အချက်အပြုတ်မကျွမ်းကျင်သော်ငြားလည်း အကင်ကင်သည့်နေရာတွင်မူအထူးကျွမ်းကျင်သည်။ ပင်လယ်စာများကို ဝါးတံစို့ချွန်ချွန်များဖြင့်ထိုးစိုက်ကာ မီးပုံပေါ်တွင်အသားများနီရဲပြီး ကျက်လာသည်အထိကင်သည်။ ထို့နောက် ကြက်သွန်မြိတ်များနှင့် ကြက်သွန်ဖြူအနှစ် ဆား ငရုတ်ကောင်းစသည်တို့ကို အပေါ်မှဖြူးလိုက်သည်။ စားချင့်စဖွယ်ပင်လယ်စာကင်က ကြည့်ရှုသူပရိသတ်များကိုသရေယိုစေသည်။


"အား....သူတို့ကြောင့် ငါညဘက်ကြီးဗိုက်ဆာလာပြန်ပြီ"။


"ကြည့်နေရင်းနဲ့သရေကျလာပြီနော်"။


ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ရှိနေသည့် ကျွန်း၏တည်နေရာကို ပထမဆုံးရှာတွေ့သွားသူမှာ ချွီမင်းရှန်တို့သားအဖနှစ်ဦးဖြစ်သည်။ တဘ်နေရာကိုသိလိုက်ရသည်နှင့်တစ်ပြိုင်နက် စိုးရိမ်စိတ်ကြီးစွာဖြင့် ကျွန်းဆီသို့သွားကြသည်။ သို့သော် ကျွန်းသို့ရောက်သွားသောအခါ တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူတို့အတွေးလွန်နေမှန်း သဘောပေါက်သွားရသည်။


သူတို့တွေးထင်ထားသကဲ့သို့ မြင်ကွင်းကသနားစရာကောင်းမနေပေ။ စိတ်ဓာတ်ကျဝမ်းနည်းကာ ငိုယိုနေမည်ဟုသူတို့ထင်ထားခဲ့ကြသည်။ သို့သော် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့က သဲသောင်ပြင်ပေါ်တွင်ထိုင်ကာ အေးအေးလူလူအကင်စားနေကြသည်။ သူတို့ဘေးတွင်လည်း သောက်စရာအအေးပုလင်းများ အဆင်သင့်ရှိနေသေးသည်။ မသိလျှင် ဤကျွန်းပေါ်တွင် အကင်ဆိုင်အသေးစားလေးဖွင့်ထားသည်ဟုပင် ထင်ရလောက်သည်။


ချွီမင်းရှန်နှင့်ရွှဲ့ယွမ်တို့လည်း မထူးတော့သည်မို့ အသားကင်သာဝင်ထိုင်စားလိုက်သည်။ ခဲ့ကျင်းယန်က သူတို့သားအဖနှစ်ယောက်ကို ကျွန်းတစ်ပတ်ပင်လိုက်ပြလိုက်သေးသည်။ အေးအေးဆေးဆေးထွေရာလေးပါးပြောကာ အနားယူကြပြီးမှ ရွက်လှေနှင့် ကျွန်းပေါ်မှထွက်ခွာကာ ဝိုင်မြို့သို့အတူပြန်ကြသည်။ ထိုအထိအားလုံးအဆင်ပြေနေသေးသည်။ သို့သော်အပြန်လမ်းတွင် ချွီမင်းရှန်တစ်ယောက် ကုဆွေ့ဆွေ့၏ပုံပျက်နေသည့်ဆံပင်ပုံစံကိုသတိထားမိသွားပြီး မေးလိုက်သည်။ ကြောင်အမ်းအမ်းဖြစ်နေသည့်ကလေးကို မှန်ပေးလိုက်သောအခါ ပြဿနာစတက်တော့သည်။ 


ကုဆွေ့ဆွေ့က မှန်ထဲမှသူ(မ)၏ပုံဆိုးပန်းဆိုးဆံပင်ပုံစံကိုကြည့်ကာ ပါးပြင်ပေါ်တွင်မျက်ရည်များ တစ်လှိမ့်ချင်းစီးကျလာသည်။ ခဲ့ကျင်းယန်လည်း ကိုယ့်အမှားကိုယ်သိသောကြောင့် စုပ်လုံးချိုချဥ်တစ်ခုကိုအမြန်ထုတ်ပြီး ကလေးငယ်အားအသည်းအသန်ချော့ရတော့သည်။


ဝိုင်မြို့ဆိပ်ကမ်းသို့ရောက်လာသည့်အခါ ရွက်လှေပေါ်မှဆင်းပြီး အားလုံးစုသည့်ရိုက်ကွင်းနေရာသို့သွားကြသည်။ ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ကိုတွေ့သောအခါ အားလုံးက စိုးရမ်နေ


သည့်ပုံစံဖြင့် အပြေးလာပြီးနွေးထွေးစွာကြိုဆိုကြသည်။ မပြီးနိုင်မဆုံးနိုင်သည့်မေးခွန်းပေါင်းများစွာလည်း တစ်ယောက်တစ်ပေါက်မေးနေကြသေးသည်။ ဤမြင်ကွင်းက ကြည့်ရှုသူပရိသတ်များ၏ရင်တွင်းကိုနွေးထွေးသွားစေသည်။ 


နောက်တစ်နေ့တွင်...


"ဆွေ့ဆွေ့....လေယာဥ်ပေါ်ကဆင်းတဲ့အချိန်ကျရင်...ပရိသတ်တွေအများကြီး လာနှုတ်ဆက်


လိမ့်မယ်...လူတွေအများကြီးပဲရှိနေမှာ...မကြောက်နဲ့နော်"။ လွန်ခဲ့သည့်အခေါက်တုန်းကကဲ့သို့မဖြစ်စေရန် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့ကိုကြိုတင်ရှင်းပြထားသည်။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ပရိသတ်များက လေယာဥ်ကွင်းတွင်စောစီးစွာကြိုစောင့်နေကြသည်။ ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့လေယာဥ်ပေါ်မှဆင်းလာသည့်အခါ အော်သံများတစ်ခဲနက်ထွက်လာသည်။ 


"အား....အစ်ကိုကျင်းယန် ဒီဖက်ကိုကြည့်ပါဦး"။


"ခင်းန်ရေ....အစ်ကို့ပရိသတ်တွေက အစ်ကို့ကိုအမြဲတမ်းအားပေးနေပါ့မယ်"။


ပရိသတ်များက အော်ဟစ်ပြီးဝှေ့ယမ်းကာအားပေးနေကြသော်လည်း သူတို့အနားသို့အပြေးမလာကြပဲ စည်းစနစ်ကျကျသာအားပေးကြသည်။ ခဲ့ကျင်းယန်၏ဖျော်ဖြေပွဲတိုင်းတွင် ပရိသတ်သောင်းနှင့်ချီပြီးရှိသောကြောင့် ဤပရိသတ်အရေအတွက်က သူ့အတွက်အထူးအဆန်းမဟုတ်ပေ။ သို့သော် ကုဆွေ့ဆွေ့မှာမူ ဤမျှလောက်များသောသူများက သူ(မ)အားလာအားပေးကြသည်ကို ပထမဆုံးမြင်ဖူးသောကြောင့် စိတ်လှုပ်ရှားကာ မျက်လုံးများကတလက်လက်တောက်နေသည်။ သူတို့နှစ်ဦးလုံး ပရိသတ်များကိုဝှေ့ယမ်းပြကာ ချိုသာစွာပြန်လည်နှုတ်ဆက်သောကြောင့် အားပေးသံများကပိုမိုကျယ်လောင်စွာထွက်ပေါ်လာသည်။


Xxxxxxxx