အပိုင်း ၇၁
Viewers 15k

Chapter (71)


ခဲ့ကျင်းယန်တစ်ယောက် ပရိသတ်များကို အင်တင်တင်နှင့်နှုတ်ဆက်နေရသည်။ တခဏတာမျှနှုတ်ဆက်ပြီး ကုဆွေ့ဆွေ့ကိုခေါ်ကာ ကားထဲသို့ဝင်မည်အပြုတွင် တစ်ဖက်မှဖရိုဖရဲဆူညံသံများကိုကြားလိုက်ရသည်။ ဖြတ်သွားဖြတ်လာများကလည်း အာမေဋိတ်အသံများထွက်လာကြသည်။


တစ်ဖက်လမ်းတွင်လူအုံနေသည်ကိုမြင်သောအခါ ခဲ့ကျင်းယန်မျက်မှောင်ကြုတ်မိသွားသည်။ လူအုပ်ကြီးက ကုဆွေ့ဆွေ့၏လက်ကို အတင်းဆွဲနေကြသည်။ မနေ့က ကိုယ်စားလှယ်လုယွင်ကျီအား ကုဆွေ့ဆွေ့ကိုကောင်းကောင်းဂရုစိုက်ပါမည်ဟု သူကိုယ်တိုင်ကတိပေးခဲ့မိသည်။ မတော်လို့ ထိုကလေးမလေးတစ်ခုခုဖြစ်သွားပါက သူပဲခေါင်းခံရလိမ့်မည်။ ထို့


ကြောင့်အတူပါလာသည့်အကူလက်ထောက်နှစ်ယောက်ကိုခေါ်ကာ လူအုပ်ကြီးကိုတိုးဝှေ့၍ ကုဆွေ့ဆွေ့အားအမြန်ပွေ့ချီပြီး ကားထဲသို့ခေါ်လာလိုက်သည်။


"ဆွေ့ဆွေ့လေးရေ....မမတို့ပရိသတ်တွေက အမြဲတမ်းအားပေးနေမယ်နော်"။


"ခင်းန်ရေ....အလုပ်တွေတစ်အားကြီးမလုပ်ပါနဲ့.....နည်းနည်းပါးပါးအနားယူပါဦး... ကျန်းမာရေးထိခိုက်မှာစိုးရိမ်လို့ပါ"။ 


"ပေါက်စလေးကိုဂရုစိုက်ပေးပါဦးနော်...အစ်ကိုကျင်းယန်"။


ပရိသတ်များနှင့် ဤကဲ့သို့အနီးကပ်တွေ့ဆုံဖူးခြင်းမှာ ကုဆွေ့ဆွေ့အတွက်ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အလွန်စိတ်လှုပ်ရှားနေမိသည်။ 


ကားထဲဝင်ပြီးနောက် ခေါင်းလေးပြူထွက်ကာ ပရိသတ်များကို ချိုချိုသာသာနှုတ်ဆက်ပြန်သည်။ ကုဆွေ့ဆွေ့၏အသည်းယားဖွယ်အပြုအမူကြောင့် ပရိသတ်အုပ်ကြီးကကျယ်လောင်စွာအော်ဟစ်အားပေးကြပြီး ဖုန်းဖြင့်ဓာတ်ပုံများအလျင်အမြန်ရိုက်ယူကြသည်။ 


ခဲ့ကျင်းယန်လည်း တော်တော်နှင့်နှုတ်ဆက်၍မပြီးနိုင်သေးသည့် ကုဆွေ့ဆွေ့၏ခေါင်းကို အထဲသို့ဆွဲသွင်းကာ စိုးရိမ်စွာဖြင့်ပြောလိုက်သည်။ "ဆွေ့ဆွေ့....ကားထွက်တော့မယ်...ခေါင်းကိုအဲ့သလိုမထုတ်ထားရဘူး...အန္တရာယ်များတယ်"။


တဖြေးဖြေးထွက်ခွာသွားသော ကားလေးကို


ကြည့်ရင်း ပရိသတ်များလည်းစိတ်ကျေနပ်သွားကြသည်။ အိုင်ဒေါလေးများကို ငါးမိနစ်ခန့်တွေ့


ခွင့်ရဖို့ရန် လေယာဥ်ကွင်းတွင်နှစ်နာရီနီးပါးခြေထောက်အံသေအောင်စောင့်ခဲ့ရသော်လည်း ဓာတ်ပုံလှလှလေးများရိုက်ခွင့်ရခဲ့သောကြောင့် အပျော်ကြီးပျော်မိပါသည်။


ထို့နောက် လေယာဥ်ကွင်းတွင်လျှောက်ပြေးနေသည့် ဘဲလေးလည်း ပြန်လည်အဖမ်းခံရသည့်ကံကြမ္မာမှမလွတ်မြောက်နိုင်ချေ။


"ကျေးဇူးတင်ပါတယ်....ကောင်လေး...မင်းကြောင့်သာမဟုတ်ရင်...အန်တီ့ဘဲလေးလည်း ပျောက်သွားလောက်ပြီ"။ ထိုအဒေါ်ကြီးက ပေါ့ပေါ့ပါးပါး လက်ပြတ်အင်္ကျီလေးနှင့် ပန်းပွင့်အဆင်စကပ်တိုလေးကိုဝတ်ဆင်ထားပြီး သူ(မ)အရှေ့ရှိ အရပ်ရှည်ရှည်နှင့်လူငယ်အားကျေးဇူးတင်စကားပြောနေသည်။ "အစတုန်းပတော့....အန်တီ့ရဲ့သားနဲ့ချွေးမလေးကို အဟာရပြည့်ဝအောင် ဘဲသားဟင်းချက်ကျွေးချင်လို့ ဘဲတစ်ကောင်လောက်ယူသွားမလို့ပါ...ဒါပေမဲ့ လေယာဥ်ပေါ်မှာ တိရစ္ဆာန်တွေကိုတင်ခွင့်မရှိဘူးဆိုတော့....ပြန်ယူသွားရမှာပေါ့"။


"နောက်တစ်ခေါက်ကျရင်...ကြိုးတင်းတင်းချည်ထားပါ....လမ်းသွားလမ်းလာတွေလန့်သွားလိမ့်မယ်"။ နှုတ်နည်းသည့် ထိုလူငယ်က သူ့လက်ထဲရှိဘဲကို သူ(မ)လက်ထဲသို့ပြန်ထည့်ပေးကာ စကားတစ်ခွန်းစနှစ်ခွန်းစပြော၍ သွားလိုက်သည်။


"လျှောက်ပတ်ပြေးနေလို့မရဘူး"။


"သူစိမ်းတွေပေးတဲ့အစားအစာကို မစားရဘူး"။


"သူစိမ်းတွေနဲ့စကားမပြောရဘူး"။


ရိုက်ကူးရေးအဖွဲ့ကစီစဥ်ပေးထားသော ကားထဲတွင် ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့အား နေ့စဥ်ဘဝဆင်ခြင်စရာများကို မျက်နှာတည်တည်ဖြင့် ပညာပေးပြောပြနေသည်။ အပြစ်ကင်းစင်လွန်းသည့် ထိုကလေးမလေးက အခြားလူ သူ(မ)ကိုရောင်းစားသွားလျှင်တောင် သိလိုက်မည်မဟုတ်ပေ။ ဘယ်လိုမှစိတ်မချနိုင်သောကြောင့် ဤကဲ့သို့ သွန်သင်ဆုံးမနေရခြင်းဖြစ်သည်။


သို့သော် ပြူးကြောင်ကြောင်လုပ်နေသောကလေးမလေးကို ခဲ့ကျင်းယန်အသည်းယားလာကာ ပါးမို့မို့လေးနှစ်ဖက်ကိုဖျစ်ညှစ်ရင်း မေးလိုက်သည်။ "ဆွေ့ဆွေ့....အခုပါပါးပြောသွားတဲ့ဟာတွေကို....မှတ်မိရဲ့လား"။


ကုဆွေ့ဆွေ့က မျက်လုံးရွဲကြီးများကိုပေကလတ် ပေကလတ်လုပ်ရင်း ခေါင်းညိမ့်ပြလာသည်။ "ဟမ်....သမီးမှတ်မိပါတယ်"။


ခဲ့ကျင်းယန်က ဆွေ့ဆွေ့၏ပျော့ပျော့ပျောင်းပျောင်းဆံသားလေးများကို ဆွဲဖွလိုက်ကာ စိတ်သက်သာရာရစွာပြောလိုက်သည်။ "အင်း...ပါပါးပြောတာတွေကို သေသေချာချာမှတ်ထား"။


ကုဆွေ့ဆွေ့တွင် အဖေမရှိတော့သည်ကို လုယွင်ကျီထံမှ ခဲ့ကျင်းယန်အမှတ်မထင်သိခဲ့ရသည်။ ဆွေ့ဆွေ့ကိုငယ်စဥ်တည်းက မိခင်ဖြစ်သူတစ်ယောက်တည်းကသာ ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းကိုသိလိုက်ရသောအခါ


အခြားသူများ၏အိမ်တွင်းရေးကို ဂရုမစိုက်တတ်သော ခဲ့ကျင်းယန်တစ်ယောက် ကုဆွေ့ဆွေ့ကိုမူ ညီမလေးတစ်ယောက်သဖွယ်ဂရုစိုက်ပေးချင်လာမိသည်။ 


"ဆွေ့ဆွေ့....ပါပါးက သမီးရဲ့ခေါင်းကိုင်ဖေဖေဖြစ်လို့ရလား"။ ကုဆွေ့ဆွေ့က အနည်းငယ်ကြောင်တောင်တောင်နိုင်ပြီးရိုးအသော်လည်းပြောရဆိုရလွယ်သည့် ကလေးမျိုးဖြစ်သည်။ ထို့ကြောင့် ကလေးမချစ်တတ်သည့်ခဲ့ကျင်းယန်ပင် ကုဆွေ့ဆွေ့ကို တဖြေးဖြေးချစ်ခင်လာမိသည်။


သို့သော် နံဘေးတွင်ထိုင်နေသည့် ကုဆွေ့ဆွေ့က သူ့စကားကိုကြားသောအခါ တစ်ခဏမျှရှုပ်ထွေးသွားပုံရပြီး ချီတုံချတုံဖြင့်ပြောလိုက်သည်။ "အဲ့တာကကောင်းတယ်လို့သမီးမထင်ဘူး....မေမေကပြောတယ် ဖေဖေကအရပ်အရှည်ကြီးတဲ့....ပါပါးခဲ့ထက်အရပ်ရှည်လောက်တယ်"။


ခဲ့ကျင်းယန်: "....."


အဆက်အစပ်မရှိသည့် ကုဆွေ့ဆွေ့၏စကားကြောင့် ခဲ့ကျင်းယန်ဆွံ့အသွားသည်။ ခဲ့ကျင်းယန်လည်း စိတ်ရှုပ်စွာဖြင့်မနည်းပြုံးကာ ဆွေ့ဆွေ့အားပြန်မေးလိုက်သည်။ "ပါပါးက....အရပ်မရှည်လို့လား"။


ကုဆွေ့ဆွေ့က ခေါင်းညိမ့်ပြပြီးရိုးသားစွာဖြင့် ပြန်ဖြေသည်။ "ပါပါးက....အရပ်မပုပါဘူး....ဒါပေမဲ့ သမီးရဲ့စိတ်ကူးထဲကဖေဖေထက်တော့ အရပ်မရှည်ဘူးပေါ့"။ ရိုးသားလွန်းသည့်ထိုကလေးငယ်က သူ့အားနောက်ထပ်တစ်ခွန်းထပ်ပြောလာပြန်သည်။ "ပြီးတော့....ပါပါးက ဖေဖေ့လောက်....မတော်ဘူးလေ"။


ခဲ့ကျင်းယန်က ဘာကိုမှဂရုမစိုက်သဘ့်ဟန်ဖြင့်ထပ်မေးလိုက်သည်။ "အဲဒါဆိုရင်....သမီးဖေဖေကချောလား....ဒါမှမဟုတ်ပါပါးက ပိုချောလား"။ သူ့လို ပျိုတိုင်းကြိုက်နှင်းဆီခိုင်က ကလေးတစ်ယောက်အဖေထက်တော့ ပိုချောလောက်ပါရဲ့။


ခဲ့ကျင်းယန်၏အမေးကြောင့် ကုဆွေ့ဆွေ့မှာပိုမိုရှုပ်ထွေးသွားရသည်။ "ပါပါးခဲ့....ဖေဖေကပါပါးထက်ချောလားမချောဘူးလားဆိုတာကို....မေမေ့ကိုမမေးရသေးဘူး....သမီးကဘယ်လိုလုပ်သိမှာလဲ"။ 


"ထားလိုက်ပါတော့....ဘယ်လိုပဲဖြစ်ဖြစ်....ပါပါးကဆွေ့ဆွေ့ရဲ့ခေါင်းကိုင်အဖေပဲ....အဲဒါကို မြဲမြဲမှတ်ထားနော်...ဟုတ်ပြီလား"။ ကုဆွေ့ဆွေ့က ခေါင်းလေးကိုအသာစောင့်ငဲ့ကာ သူ(မ)ဘေးတွင် စူပုပ်ကာတတွတ်တွတ်ပြောနေသည့် ပါပါးခဲ့ကိုကြည့်ရင်း ရယ်ချင်စိတ်ကိုအောင့်အီးလိုက်ရင်း ပြောလိုက်သည်။ "ဒါပေါ့....ဆွေ့ဆွေ့က ပါပါးခဲ့ရဲ့သမီးပဲ"။


ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏ ကလေးဆန်ဆန်စကားများကိုကြားလိုက်ရသောကြောင့် လက်ထောက်နှစ်ယောက်လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


တစ်နာရီလောက်ကားမောင်းပြီးနောက် နောက်ဆုံးတွင် ဒေသတွင်းသစ်တပ်မြို့သို့ရောက်လာသည်။


ယနေ့တွင် ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့က အခြားသူများထက်စောရောက်နေခြင်းဖြစ်သည်။ ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက ကားတံခါးလာ


ဖွင့်ပေးပြီးပြုံးရွှင်စွာဖြင့်ပြောလာသည်။ "မစ္စတာခဲ့နဲ့ဆွေ့ဆွေ့တို့....ရောက်လာကြပြီလား"။


"ကလေးငယ်နှင့်ခရီးသွားခြင်း" ရိုက်ကူးရေးအဖွဲ့မှစီစဥ်ထားသော ရိုက်ကွင်းနေရာက မြို့တော်မှဝေးလံခေါင်ဖျားသည့်နေရာတစ်ခုမဟုတ်ပေ။ သို့သော် ကင်မရာအများအပြားကိုတစ်ပြိုင်တည်းတွေ့လိုက်ရသောကြောင့် ဒေသခံကလေးများကဝိုင်းအုံလာပြီး စူးစမ်းနေကြသည်။ သို့သော် ဒေသခံလူကြီးများကို ရိုက်ကူးရေးအကြောင်းကြိုတင်ပြောပြထားသော


ကြောင့် ရိုက်ကူးရေးလုပ်နေစဥ်အတွင်း အနှောင့်အယှက်မပေးပဲ မလှမ်းမကမ်းမှသာကြည့်နေကြသည်။


လူကြီးသူမများက ကလေးများကိုထိန်းချုပ်နိုင်သော်လည်း တိရစ္ဆာန်များကိုမူမထိန်းချုပ်နိုင်ပေ။


ထိုအခိုက်အတန့်တွင် အိမ်တစ်အိမ်မှခွေးနက်လေးတစ်ကောင်က ပြေးထွက်လာပြီး သူစိမ်းဖြစ်သည့်သူတို့ကို ဆက်တိုက်ဟောင်လေတော့သည်။


ကြက်ဖအလိုက်ခံရဖူးသော ကုဆွေ့ဆွေ့က သည်းကြီးမည်းကြီးဟောင်နေသည့်ခွေးကိုမြင်သောအခါ ကြောက်လန့်တကြားဖြင့်ခဲ့ကျင်းယန်နောက်သို့ဝင်ပုန်းလေသည်။ "ပါပါးခဲ့....သမီးကြောက်တယ်"။ ခဲ့ကျင်းယန်လည်း ကြောက်ရွံ့နေသည့် ကုဆွေ့ဆွေ့ကိုပွေ့ချီလိုက်ပြီး မော်ချီကာပြောလိုက်သည်။ "မကြောက်နဲ့တော့...ဆွေ့ဆွေ့....ပါပါးမောင်းထုတ်ပေးမယ်"။