အပိုင်း ၇၂
Viewers 15k

Chapter 72


ဤခွေးနက်လေးမှာမည်သည့်ခွေးမျိုးစိတ်မှန်းမသိရပေ။ သူ့ပုံစံမှာ ရုန့်ရင်းကြမ်းတမ်းကာ တွေ့သမျှလူတိုင်းကို ဆက်တိုက်ဟောင်နေသည်။ သို့သော်ထိုခွေးလေးက တိရစ္ဆာန်ချစ်တတ်သည့်ကုဆွေ့ဆွေ့ကိုသဘောကျဟန်ရှိသည်။ ထို့


ကြောင့် သူ(မ)အနားတွင်သာတဝဲလည်လည်လုပ်နေသည်။ ခဲ့ကျင်းယန်လည်း ကုဆွေ့ဆွေ့ကိုစိုးရိမ်သောကြောင့် အနားမှမခွာနိုင်ချေ။


သို့သော် ဆက်တိုက်ဟောင်နေသည့်ခွေးကို ကုဆွေ့ဆွေ့ကြောက်မိသည်။ ထို့ကြောင့်ခဲ့ကျင်းယန်ကို တအားဖက်တွယ်ထားကာ ရင်ဘတ်ရှိအင်္ကျီစကိုလှမ်းဆွဲပြီးပြောလာသည်။ "ပါပါးခဲ့...သမီးအဲ့ခွေးကိုကြောက်တယ်...မြန်မြန်မောင်းထုတ်ပေးပါလား"။


"ဟုတ်ပြီ...ပါပါးမောင်းထုတ်ပေးမယ်....မငိုနဲ့တော့"။ လူတိုင်းကိုပတ်ဟောင်နေသည့်ထိုခွေးကို မည်သို့မောင်းထုတ်ရမည်မှန်းခဲ့ကျင်းယန်စဥ်းစားနေချိန်တွင် ပိန်ပိန်ပါးပါးနှင့်အသားညိုညိုကောင်လေးတစ်ယောက်က ဝါးအိမ်တစ်ခုမှပြေးထွက်လာကာ ခွေးနက်လေးကိုအော်ခေါ်လိုက်သည်။ "ဟိုင်တုံ...ဒီကိုလာခဲ့....ဧည့်သည်တွေကိုမနှောင့်ယှက်နဲ့"။


ဟိုင်တုံဟူသည့်ခွေးနက်လေးက သူ့ပိုင်ရှင်အသံကိုကြားလိုက်သည့်အချိန်တွင် ခေါင်းလေးယမ်းကာ အမြီးလေးနှံ့ပြီးပြေးသွားတော့သည်။ လူတကာကိုပတ်ဟောင်ပြီးမာန်ဖြီနေသည့် အစောကပုံစံနှင့်တစ်ခြားစီပင်ဖြစ်သည်။


"အခုအဆင်ပြေသွားပြီလား...ခွေးဟောင်တာရပ်သွားပြီလေ"။ ခွေးဆက်မဟောင်တော့သောကြောင့် ကုဆွေ့ဆွေ့လည်းမကြောက်တော့ပဲ သူ(မ)အားကယ်တင်လိုက်သည့် ခွေးပိုင်ရှင်ဖြစ်ပုံပေါ်သည်အစ်ကိုကြီးကိုပင် စကားသွားပြောတော့သည်။


"ကိုကို....ဒီခွေးက ကိုကို့ရဲ့ခွေးလား"။ 


ကောင်ကလေးက မြေပြင်ပေါ်တွက်လူးလှိမ့်နေသော ခွေးနက်လေးကိုပွတ်သပ်နေရင်းပြန်ဖြေသည်။ "အင်း....ဟုတ်တယ်"။


ထို့နောက် ခွေးပိုင်ရှင်ကောင်လေးက ကုဆွေ့ဆွေ့ကိုမော့ကြည့်ရင်းပြောလာသည်။ "ဟိုင်တုံက...မကိုက်တတ်ဘူး...မကြောက်နဲ့နော်...မယုံရင်သူ့ကိုလာကိုင်ကြည့်လို့ရတယ်....သူ့ရဲ့အမွှေးလေးတွေက အရမ်းနူးညံ့ပြီးကိုင်လို့သိပ်ကောင်းတာ"။


ထိုကောင်လေး၏စကားကြောင့် ကုဆွေ့ဆွေ့တစ်ယောက် မျက်လုံးအရောင်လက်ကာစိတ်ဝင်စားသွားသော်လည်း ကားပေါ်တွင်ပါပါးခဲ့ သူ(မ)အားမှာထားသည်များကိုသတိရသွားသောကြောင့် ခဲ့ကျင်းယန်ဘက်သို့လှည့်ကာ ခွင့်တောင်းလာသည်။ "ပါပါးခဲ့....သမီးခွေးကလေးကိုသွားကိုင်ကြည့်လို့ရလား"။


ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့၏အတွေးများကို စေ့စေ့ပေါက်ပေါက်သိဟန်ဖြင့်ပြုံးပြလာသည်။


"အခုမကြောက်တော့ဘူးပေါ့..."။ သုံးနှစ်အရွယ်ကလေးတစ်ဦး၏ စိတ်အခြေအနေကအတက်အကျအပြောင်းအလဲမြန်ဆန်လှသည်။ လွန်ခဲ့သောမိနစ်ပိုင်းအတွင်းကြောက်ရွံ့နေခဲ့သောကလေးငယ်က ယခုမူ သူမဟုတ်သည့်အတိုင်းပင်။


ကုဆွေ့ဆွေ့က တစ်ခဏမျှစဥ်းစားပြီး ပြန်ပြောလာသည်။ "ဒါပေမဲ့....ဒီကိုကိုကပြောတယ်...ခွေးလေးကမကိုက်တတ်ဘူးတဲ့..."။


"အင်း...အဲ့တာဆိုရင်လည်း...ကိုင်ချင်ရင်သွားကိုင်ပေါ့"။ ခဲ့ကျင်းယန်ကိုယ်တိုင်ကလည်း ငယ်


စဥ်တည်းက လူကြီးသူမစကားကို နားထောင်လေ့ရှိသောသူမဟုတ်သောကြောင့် ကလေးများကိုသိပ်ပြီးမတင်းကျပ်လိုပေ။ ကုဆွေ့ဆွေ့က သူ(မ)၏ခြေထောက်တိုတိုလေးများကိုအားပြု၍ ခွေးနက်လေးနားသို့တဖြေးဖြေးချဥ်းကပ်သွားသည်။ ထို့နောက် လက်ချောင်းသေးသေးလေးများဖြင့် ခွေးလေးကိုမချင့်မရဲထိ


ကြည့်လိုက်သည်။


ဘေးနားတွင်သခင်ဖြစ်သူရှိနေသောကြောင့် ဟိုင်တုံက လိမ္မာနေသည်။ အမွေးနူးနူးညံ့ညံ့လေးများကိုပွတ်သပ်နေသော ဆွေ့ဆွေ့၏အထိအတွေ့ကိုငြိမ်ခံနေပြီး အမြီးလေးနှံ့နေသည်။ ဆွေ့ဆွေ့လည်း ထိုခွေးလေးနှင့်တစ်ခဏလောက်ဆက်ကစားနေလိုက်သည်။


"ပါပါးခဲ့...ဟိုင်တုံက ဟိုကိုကိုရဲ့စကားကိုကောင်းကောင်းနားထောင်တယ်...သမီးလည်း ဟိုင်တုံလိုမျိုး ခွေးလေးမွေးချင်တယ်"။ ကလေးငယ်၏မျက်ဝန်းထဲတွင် စိတ်အားထက်သန်မှုများကိုမြင်နေရသောကြောင့် ခဲ့ကျင်းယန်လည်းလျစ်လျူမရှူနိုင်တော့ပေ။ "မနာလိုဖြစ်မနေနဲ့...


မြို့တော်ကိုပြန်ရောက်ရင်...ပါပါးကိုယ်တိုင်တစ်ကောင်လိုက်ဝယ်ပေးမယ်...ဟိုင်တုံထက်လိမ္မာတဲ့ခွေးဝယ်ပေးမယ်...ဟုတ်ပြီလား"။


ကုဆွေ့ဆွေ့က ခဲ့ကျင်းယန်၏စကားကြောင့် မျက်လုံးကလေးလက်သွားကာ စိတ်လှုပ်ရှားစွာဖြင့်ပြောလာသည်။ "ပါပါးက...အရမ်းချစ်ဖို့ကောင်းတာပဲ"။


ရိုက်ကွင်းသို့အခြားလူများရောက်လာပြီး ရိုက်ကူးရေးအဖွဲ့က ဖုန်းမသိမ်းသွားမီတွင် ခဲ့ကျင်းယန်တစ်ယောက် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးငယ်၏ပခုံးကိုလက်တစ်ဖက်


ဖြင့်ဖက်လိုက်ကာ အပြုံးလေးနှင့်ပြောလိုက်သည်။ "ဆွေ့ဆွေ့ရေ...လာပါဦး...ပါပါးနဲ့အတူ ဓာတ်ပုံတစ်ပုံလောက်ရိုက်ရအောင်"။ ဆွေ့ဆွေ့


နှင့်ပုံအနည်းငယ်ရိုက်ပြီးနောက် စိတ်တိုင်းအကျဆုံးပုံကိုရွေးကာ သူ့ဝေဘိုအကောင့်တွင်တင်လိုက်သည်။ 


လုချီနှင့်ကုဆွေ့ဆွေ့တို့က "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးတွင် အတူတူရိုက်ကူးသရုပ်ဆောင်ခဲ့သောကြောင့် ဝေဘိုတွင်နှစ်ယောက်တွဲဓာတ်ပုံများ မကြာခဏတင်လေ့ရှိသည်။ မနာလိုဖြစ်မိသည်တော့မဟုတ်ပေ။ သို့သော် ဆွေ့ဆွေ့က သူ့ထက်လုချီကိုပိုခင်တွယ်နေသည်မျိုးတော့ မဖြစ်စေချင်။ သူတစ်ယောက်သာလျှင် ဆွေ့ဆွေ့၏ခေါင်းကိုင်ဖခင်နေရာဖြစ်သင့်သည် မဟုတ်လား။


သို့သော် ပုံတင်ရန်ဝေဘိုအကောင့်ကို ဝင်ကြည့်လိုက်ချိန်တွင် လော့ဂ်အင်ဝင်လို့မရတော့ပဲ 


ပတ်စ့်ဝေါ့ပြောင်းထားသည်ကိုတွေ့လိုက်ရသည်။ လုယွင်ကျီ၏ လက်ချက်မှန်း ပြေးကြည့်စရာမလိုပဲ တပ်အပ်သိနိုင်သည်။ ပြဿနာရှာလွန်းသည့်သူကို ဝေဘိုတွင်ပေါက်ကရတင်မည်စိုးသောကြောင့် ဤသို့ပိတ်ထားခြင်းဖြစ်နိုင်သည်။ သို့သော် ငယ်ဘဝတည်းက အတူကြီးပြင်းခဲ့သောကြောင့် လုယွင်ကျီအကြောင်းကို သူကောင်းကောင်းသိသည်။ ထို့ကြောင့် 


ပတ်စ့်ဝေါ့ကိုလည်း အလွယ်တကူခန့်မှန်းနိုင်သည်။ 


လော့ဂ်အင်ဝင်လို့ရသွားသောအခါ ခဲ့ကျင်းယန်လည်း စာအတိုလေးတစ်ကြောင်းရေးကာ ဆွေ့ဆွေ့နှင့်တွဲရိုက်ထားသည့်ပုံလေးကို အမြန်တင်လိုက်သည်။ သူရေးထားသည့်စာလေးမှာ "ပါးရဲ့သမီးလေးက ကမ္ဘာပေါ်မှာချစ်ဖို့အကောင်းဆုံးပဲ" ဟူ၍ဖြစ်သည်။


ခဲ့ကျင်းယန်က ဆိုရှယ်မီဒီယာများတွင်ပုံမတင်သည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် ယနေ့တွင်ရုတ်တရက်ကြီးပုံထတင်လိုက်သောအခါ ပရိသတ်များလည်းအလန့်တကြားဖြစ်ကုန်ကြသည်။ အနောက်အရပ်ကနေများနေထွက်လာသလားဟု ထင်မှတ်မိသည်အထိပင်။ ချစ်စဖွယ်ကောင်းလွန်းသည့် ကုဆွေ့ဆွေ့


နှင့်ခဲ့ကျင်းယန်တို့၏ပုံလေးကြောင့် ပရိသတ်ပြည်သူများအသည်းတယားယားဖြစ်နေကြသည်။


ပို့စ်တင်ပြီးနောက် ခဲ့ကျင်းယန်လည်း ပရိသတ်များ၏တုံ့ပြန်ချက်များ ဝေဖန်ချက်များကိုပင်အာရုံမစိုက်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ရိုက်ကွင်းနေရာသို့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာသောကြောင့်ပင်။ နောက်ဆုံးရောက်လာသူမှာ လင်းယိုနှင့်လင်းတုံတုံတို့သားအဖဖြစ်သည်။ 


ဤတစ်ပတ်ရိုက်ကူးရေးအတွက် ရိုက်ကွင်းနေရာကို ယူနန်တစ်ဝိုက်တွင်ရွေးချယ်ထားသည်။ ထို့အပြင် ရိုက်ကူးရေးအဖွဲ့က ယခင်အပိုင်းများကဲ့သို့ တည်းခိုရန်အိမ်မရွေးခိုင်းတော့ပဲ ကွဲပြားသည့်အရာတစ်ခုလုပ်ခိုင်းသည်။


ရွာအနောက်ဘက်ခြမ်းတွင် သစ်တောလေးတစ်ခုရှိသည်။ ထိုသစ်တောထဲတွင် ရိုက်ကူးရေးအဖွဲ့က မတူညီသောပါဝင်ပစ္စည်းများထည့်ထား 


သေတ္တာခြောက်လုံးထားထားသည်။ သူတို့၏ပထမဆုံးမစ်ရှင်မှာ သစ်တောထဲရှိသေတ္တာများကိုရှာပြီး ထိုသေတ္တာထဲမှပါဝင်ပစ္စည်းများ


နှင့်ညစာအတွက်ပြင်ဆင်ချက်ပြုတ်ရမည်ဖြစ်သည်။


တောထဲသွားရမည်ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့က သူတို့အားလုံးအတွက် သံလိုက်အိမ်မြှောင် ၊ ခြေရာခံစက် အစရှိသည့် ပစ္စည်းကိရိယာအများအပြားပြင်ဆင်ပေးသည်။ သေတ္တာများကို တစ်ခုနှင့်တစ်ခုခပ်လှမ်းလှမ်းအကွာအဝေးတွင်ထားရှိထားသောကြောင့် တစ်နာရီ နှစ်နာရီခန့်လှည့်ပတ်ရှာရမည်ဖြစ်သည်။


ထို့နောက် ချွီမင်းရှန်က ဖြန်းဆေးဘူးကိုယူ၍ ကလေးအားလုံး၏ကိုယ်အနှံ့ကိုဖြန်းပေးသည်။ ယူနန်ဒေသကပူအိုက်စိုစွတ်သောကြောင့် ခြင်ပေါများသည်။ ခြင်ဆေးသာမဖျန်းလျှင် တစ်ကိုယ်လုံးကို ခြင်များဝိုင်းအုံနေပေလိမ့်မည်။ 


တစ်ဖက်တွင် ကျန်းဟွီကျင်းကလက်ဆွဲအိတ်ထဲမှ ကုတ်အင်္ကျီအပါးလေးတစ်ထည်ကိုထုတ်လိုက်ပြီး သူ(မ)၏သမီးကိုလှမ်းခေါ်လိုက်သည်။


"လင်းအာ...ဒီကိုလာပါဦး...အပေါ်ကုတ်လေးဝတ်ရအောင်"။


လင်းအာက သူ(မ)လက်ထဲရှိကုတ်အင်္ကျီကိုတွေ့သည်နှင့် ချက်ချင်းငြင်းဆန်တော့သည်။ "မေမေ....သမီးအဲ့ကုတ်အင်္ကျီကြီးမဝတ်ချင်ပါဘူး...ပူတယ်"။ အခြားကလေးများကလည်း အင်္ကျီထူမဝတ်ထားသောကြောင့် သူ(မ)လည်းမဝတ်ချင်ပေ။


သူ(မ)၏သမီးအကြောင်းသိသောကျန်းဟွီကျင်းက မျက်နှာထားတင်းတင်းဖြင့်ဆက်ပြောလိုက်သည်။ "လင်းအာ...မေမေ့စကားနားထောင်စမ်း...တောထဲရောက်ရင် မပူတော့ဘူး...ချမ်းစိမ့်စိမ့်ဖြစ်လာလိမ့်မယ်...ပြီးတော့ အပေါ်ဝတ်ကုတ်အင်္ကျီမဝတ်ထားရင်...ပိုးကောင်တွေက 


ခန္ဓာကိုယ်ပေါ်ကျလာမှာနော်"။


ကျန်းဟွီကျင်း၏စကားကို ကုဆွေ့ဆွေ့တစ်ယောက်နားစွန်နားဖျားကြားလိုက်သောကြောင့် ရုတ်တရက်မျက်လုံးပြူးကျယ်ကာ ခဲ့ကျင်းယန်ဘေးသို့အမြန်ပြေးသွားလိုက်သည်။ "ပါပါးခဲ့...ပါပါးခဲ့...သမီးလည်း အပေါ်ဝတ်ကုတ်အင်္ကျီဝတ်ချင်တယ်...ပိုးကောင်တွေကျလာမှာစိုးလို့"။


ပိုးကောင်များက ကုဆွေ့ဆွေ့၏အကြောက်ဆုံးအရာများထဲ တစ်ခုအပါအဝင်ပင်။