အပိုင်း ၇၃
Viewers 15k

Chapter 73


ကုဆွေ့ဆွေ့က အပေါ်ဝတ်ဂျက်ကတ်အင်္ကျီမဝတ်ထားသော်လည်း နေကာဝတ်စုံပါးပါးလေးကိုဝတ်ထားသည်။ ခဲ့ကျင်းယန်က ကုဆွေ့ဆွေ့၏ဆံပင်များကို လက်ဖြင့်အသာအယာဖွရင်း ပန်းရောင်ဦးထုပ်လေးကိုဆောင်းပေးလိုက်သည်။ "ကဲ....ရပြီ....ဒီလိုဦးထုပ်လေးဆောင်းထားရင်....ခေါင်းပေါ်ကိုပိုးကောင်တွေကျလာမှာစိတ်ပူစရာမလိုတော့ဘူး"။ 


ကုဆွေ့ဆွေ့က သူ(မ)ကိုယ်သူ(မ)မှန်ထဲတွင်ပြန်ကြည့်ရင်း အတော်လေးကျေနပ်အားရနေမိပြီး ခန္ဓာကိုယ်တစ်ပတ်ပင်လှည့်လိုက်သေးသည်။


တောထဲတွင် တစ်နေရာစီခွဲထားသော သေတ္တာခြောက်ခုရှိနေသည်။ သူတို့ဆယ်ယောက်လုံးတစ်စုတစ်စည်းတည်းလမ်းလျှောက်သွားသည့်အရှိန်မှာနှေးလွန်းသောကြောင့် နောက်ဆုံးတွင်လူခွဲပြီးသွားရန်ဆုံးဖြတ်လိုက်သည်။ ခဲ့ကျင်းယန် ၊ ကုဆွေ့ဆွေ့ ၊ ချန်းရီနှင့်ချန်ချင်းယန်တို့မှာလေးယောက်တစ်ဖွဲ့ဖြစ်ပြီး ချွီမင်းရှန် ၊ ချွီရွှဲ့ယွမ် 


လင်းယို ၊ လင်းတုံတုံ ၊ ကျန်းဟွီကျင်းနှင့်ဟုန်းလင်းအာတို့မှာ ခြောက်ယောက်တစ်ဖွဲ့ဖြစ်သည်။


သူတို့နောက်တွင် ခြေတံတိုတိုလေးများဖြင့် မနည်းလိုက်နေသည့်ချစ်စဖွယ်ကလေးမလေးကိုကြည့်ကာ ချန်းရီက သူ့သားဖြစ်သည့်ချန်ချင်းယန်အားပြောလိုက်သည်။ "ချင်းယန်....ညီမလေးကိုဂရုစိုက်နော်...ချော်မလဲစေနဲ့"။


ချန်ချင်းယန်က ကလေးများထဲတွင်အကြီးဆုံးဖြစ်ပြီး အကျိုးအကြောင်းဆင်ခြင်တတ်သောကြောင့် သိပ်ပြောနေစရာမလိုပေ။ ဖခင်ဖြစ်သူကိုအလိုက်သိစွာခေါင်းညိမ့်ပြပြီး ရိုကျိုးစွာနာခံသည်။ "ညီမလေးဆွေ့ဆွေ့....တောင်တက်လမ်းတွေက အရမ်းချော်တယ်...ထိန်းပြီးသွားနော်...ချော်လဲမှာစိုးရင် ကိုကို့လက်ကိုဆွဲထား"။


ကုဆွေ့ဆွေ့က သဘောကျဟန်ဖြင့်တခစ်ခစ်ရယ်ရင်း ပြန်ပြောလာသည်။ "ကျေးဇူး...ကိုကိုချင်းယန်...ကိုကိုကအကောင်းဆုံးပဲ"။ လက်ချင်းတွဲကာ ဖြေးဖြေးချင်းလျှောက်နေကြသည့် ကလေးနှစ်ယောက်ကိုကြည့်ပြီး ခဲ့ကျင်းယန်လည်းချန်းရီဘက်သို့လှည့်ကာပြောလိုက်သည်။ "အနီးဆုံးနေရာကနေ....စရှာကြတာပေါ့"။


ချန်းရီလည်း ခေါင်းညိမ့်ပြပြီး သဘောတူသည့်အနေဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ "ဟုတ်ပြီ"။


တောအုပ်ထဲသို့ မဝင်မီတွင် တစ်ဖွဲ့ကိုသေတ္တာသုံးခုစီရှာရန် ခွဲဝေသတ်မှတ်ခဲ့ကြသည်။ တောထဲတွင် ဦးတည်ချက်မရှိပဲ ခြေဦးတည့်ရာလျှောက်ရှာနေခြင်းမျိုးမဖြစ်အောင် သေတ္တာတစ်ခုချင်းစီတွင် ခြေရာခံစက်များတပ်ထားပေးသည်။ အဖွဲ့တိုင်းက ကိရိယာပေါ်ရှိတည်နေရာပြသော အနီရောင်အစက်လေးအတိုင်း လိုက်သွားရန်သာလိုအပ်သည်။


"ကိုကိုချင်းယန်...ဟင်းချက်ဖို့ပါဝင်ပစ္စည်းတွေထည့်ထားတဲ့...သေတ္တာတွေကိုဘယ်နားမှာရှာရမှာလဲဟင်"။ ကုဆွေ့ဆွေ့ဆိုသည်မှာ တိတ်ဆိတ်ငြိမ်သက်နေမှုကိုအသားမကျနေပေ။ ထို့ကြောင့် ချန်ချင်းယန်ကိုသာ တတွတ်တွတ်မေးမြန်းပြောဆိုနေတော့သည်။


ချင်းယန်က သူ့လက်ထဲရှိ စက်ကိရိယာတစ်ခုကို ကုဆွေ့ဆွေ့အားပြလိုက်သည်။ "အစောက...ဦးဦးဒေါ်ဒေါ်တွေပြောသွားသလိုပဲ..ဒီစက်ပေါ်မှာ..


ပေါ်နေတဲ့အနီရောင်အစက်လေးက...သေတ္တာတွေရှိတဲ့နေရာကိုပြပေးတယ်..ကိုကိုတို့ကအဲဒီအနီရောင်အစက်လေးလမ်းပြတဲ့အတိုင်း..လိုက်သွားရမှာ"။


ကုဆွေ့ဆွေ့က "အိုး" ဟုသာပြန်ဖြေကာ သူ(မ)တစ်ခါမှမတွေ့ဖူးသော စက်ကိရိယာလေးကို စူးစမ်းလိုစိတ်အပြည့်ဖြင့် တို့ကနန်းဆိတ်ကနန်း ကိုင်ကြည့်နေသည်။


တစ်ဖက်တွင်မူ ချွီမင်းရှန် ၊ ချွီရွှဲ့ယွမ် ၊ လင်းယို ၊


လင်းတုံတုံ ၊ ကျင်းဟွီကျင်းနှင့်ဟုန်းလင်းအာတို့မှာ လေးယောက်သားအဖွဲ့ကဲ့သို့မပျော်နိုင်ရှာပေ။ သူတို့အခြေအနေမှာ အကျပ်အတည်းထဲရောက်နေသကဲ့သို့ပင်။


သူတို့အဖွဲ့ထဲတွင် ကလေးအရေအတွက်ကများနေသောကြောင့် ထိန်းရခက်သည်။ ရွှဲ့ယွမ်ကကလေးများအနက်အကြီးဆုံးဖြစ်ရာ မိန်းကလေးဖြစ်သည့်ဟုန်းလင်းအာကို အသေအချာစောင့်ရှောက်ရန်မှာထားရသည်။ သို့သော် လင်းတုံတုံကလည်းအငယ်ပီပီ အစ်ကိုကြီးရွှဲ့ယွမ်အနားကပ်ချင်သည်။ ထိုသို့နှင့် သူတို့တစ်ဖွဲ့လုံးပြဿနာတက်ရတော့သည်။


ရွှဲ့ယွမ်၏ဂရုစိုက်မှုကိုသူ့တစ်ယောက်တည်းလိုချင်ကာဂျစ်တိုက်နေသောလင်းတုံတုံကြောင့် ကျန်းဟွီကျင်းလည်းမနေနိုင်တော့ပဲ ဝင်ပြောလိုက်ရသည်။ "ရပါတယ်ရှင်...ဘာပဲဖြစ်ဖြစ်...တုံတုံက လင်းအာထက်...တစ်နှစ်တောင်ငယ်တာလေ...အဲဒါကြောင့် ရွှဲ့ယွမ်ကတုံတုံလေးကိုပဲ ဂရုစိုက်လိုက်ပါ...လင်းအာကသူ့ဘာသာသူဂရုစိုက်နိုင်ပါတယ်"။ ဘေးပတ်ပတ်လည်တွင်လည်း သူတို့ကိုရိုက်ကူးနေသောကင်မရာအများအပြားရှိသောကြောင့် ကိစ္စမကြီးအောင် ကျန်းဟွီကျင်းတစ်ယောက် ပြေရာပြေကြောင်းဝင်ပြောလိုက်ခြင်းပင်။


သို့သော် ဟုန်းလင်းအာမှာ သူ(မ)၏ဗီဇအတိုင်း ခေါင်းမာလွန်းကာတစ်စခန်းထလာပြန်သည်။


"ဦးဦးချွီ...သမီးက ကိုကိုရွှဲ့ယွမ်နဲ့ပဲအတူသွားချင်တာ"။ တောအုပ်ထဲမဝင်မီတည်းက ကုတ်အင်္ကျီအတင်းဝတ်ခိုင်းသောမိခင်ဖြစ်သူကြောင့် ဟုန်းလင်းအာတစ်ယောက် စိတ်မကြည်ဖြစ်ကာ ဤသို့အရွဲ့တိုက်လိုက်ခြင်းဖြစ်သည်။


ဂျစ်တိုက်နေသောကလေးနှစ်ယောက်ကြောင့် လူကြီးသုံးယောက်လုံးလည်းခေါင်းကိုက်လာကြသည်။ နောက်ဆုံးတွင် ချွီရွှဲ့ယွမ်က ဟုန်းလင်းအာနှင့်လင်းတုံတုံကို တစ်ယောက်လက်တစ်ဖက်စီဆွဲကာ အတူသွားမည်ဟုပြောလိုက်ပါမှ ကျေနပ်သွားကြတော့သည်။


ထိုသို့နှင့် ရှာပုံတော်ထွက်လာကြရာ သူတို့အဖွဲ့အတွက် ပထမဆုံးပါဝင်ပစ္စည်းသေတ္တာကိုချုံပုတ်တစ်ခုအနီးတွင် အလွယ်တကူရှာဖွေတွေ့ရှိသွားကြသည်။ ကျန်သေတ္တာများကိုလည်းမြန်မြန်ရှာတွေ့ရန် ခပ်သွက်သွက်ခြေဦးနှင်ကြရာ လက်ချင်းတွဲထာကြသည့်ကလေးသုံးယောက်ကလည်း သူတို့နောက်မှမလှမ်းမကမ်းလိုက်လာကြသည်။ သို့သော် ရုတ်တရက်ဆိုသလို ဟုန်းလင်းအာတစ်ယောက် ကျောက်တုံးတစ်တုံးနှင့်ခလုတ်တိုက်မိသောကြောင့် ဟန်ချက်ယိုင်သွားကာ နံဘေးရှိရွှဲ့ယွမ်နှင့်လင်းတုံတုံတို့ပါ အတူမှောက်ယက်လဲကျလေတော့သည်။ 


အရှက်အကြောင်ကြီးသည့် ဟုန်းလင်းအာမှာ ရုတ်တရက်ဖြစ်ပျက်သွားသောအခြေအနေကြောင့် ကြောက်လန့်တကြားအော်ငိုတော့သည်။ ငိုယိုနေသည့်ဟုန်းလင်းအာကိုမြင်သောအခါ လင်းတုံတုံကဘည်းအားကျမခံလိုက်ငိုသည်။ သူတို့နှစ်ဦး၏စူးစူးဝါးဝါးငိုသံများကြောင့် ချွီမင်းရှန်တို့လူကြီးသုံးယောက်လုံးထိတ်ပြာသွားကာ အပြေးသွားလိုက်မိသည်။ တော်သေးသည်က ရွှံ့နွံထဲမှောက်ယက်လဲသွားသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပေကျံသွားသည်ကလွဲ၍ မည်သည့်ထိခိုက်ဒဏ်ရာမှမတွေ့ရချေ။


အကြီးဖြစ်သည့်ချွီရွှဲ့ယွမ်ကမူ အငယ်နှစ်ယောက်ကဲ့သို့ ငိုမနေပဲ ခန္ဓာကိုယ်ပေါ်တွင်ညစ်ပေသွားသည့် ရွှံ့များကိုခါခတ်ကာ ပေါ့ပေါ့ပါးပါးမတ်တပ်ထရပ်လိုက်သည်။ ယောကျာ်းပီသသော သားဖြစ်သူကိုချွီမင်းရှန်လည်း အလွန်ကျေနပ်အားရနေပုံပေါ်သည်။


ကျန်းဟွီကျင်းက ငိုကြီးချက်မဖြစ်နေသောသူ(မ)၏သမီးကိုကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။ "လင်းအာ...မငိုနဲ့တော့...လူတွေအများကြီးဝိုင်းကြည့်နေတာ...မရှက်ဘူးလား...တိတ်တော့"။


ကျန်းဟွီကျင်းက လူကုံထံအသိုင်းအဝိုင်းများ၏ နေ့စဥ်ဘဝဖြတ်သန်းနေထိုင်ပုံကဲ့သို့ တစ်နေ့တစ်နေ့အိမ်တွင် ဘာလုပ်မလုပ်ပဲကျော့ကျော့မော့မော့ကလေးနေထိုင်ရသည်ကို မနှစ်သက်ပေ။ သူဌေးကတော်များနှင့်စကားစမြည်ပြောဆိုပြီး လက်ဖက်ရည်ထိုင်သောက်ရသည်က သူ(မ)အတွက်အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းလွန်းသည်။ အနုပညာသွေးအပြည့်စီးဆင်းနေ


သည့်သူ(မ)က ဖျိုးဖျိုးဖျပ်ဖျပ်ကင်မရာမီးရောင်စုံများအကြားနေရသည်ကို ပို၍ခုံမင်သည်။ ထို့ကြောင့် လင်းအာအနည်းငယ်ရင့်ကျက်အရွယ်ရောက်လာသည်နှင့် အနုပညာလောကထဲသို့ပြန်ဝင်ရန် သူ(မ)စဥ်းစားထားနှင့်ပြီးဖြစ်သည်။ သို့သော် သူ(မ)၏သမီးဖြစ်သူက ကလေးဆန်လွန်းသည်။ ဤပုံစံအတိုင်းသာဆိုလျှင် ဘယ်သောအခါမှရင့်ကျက်နိုင်မည်မဟုတ်ပေ။


သို့သော် ကျန်းဟွီကျင်းနှငွသြဇာတိက္ကမအရှိန်အဝါက အလွန်ပြင်းလွန်းသောကြောင့် သူ(မ)ထိုသို့ပြောလိုက်သည်နှင့် လင်းအာတစ်ယောက် တပေဖးဖြေးအငိုရပ်သွားခဲ့သည်။


သို့သော် လေးနှစ်သားအရွယ်လင်းတုံတုံကမူ ငိုကြောရှည်နေတုန်းပင်။ လင်းယိုက အချိန်အတော်ကြာအောင်ချော့မော့နေသော်လည်း အငိုမတိတ်သေးပေ။ ထို့ကြောင့် နောက်ဆုံးလက်နက်ကိုထုတ်သုံးရတော့သည်။ လင်းယိုက မျက်နှာထားတည်တည်ဖြင့်လင်းတုံတုံအားပြောလိုက်သည်။ "တုံတုံ...မင်းဒီလိုမျိုးအာပြဲလျှာပြဲနဲ့ငိုနေတာကို...ညီမလေးဆွေ့ဆွေ့တွေ့သွားရင် ဘယ်လိုလုပ်မလဲ...ကိုကိုကသတ္တိမရှိဘူးဆိုပြီး ပြောမှာပေါ့...ဆွေ့ဆွေ့က သတ္တိမရှိတဲ့သူတွေကိုမကြိုက်ဘူးတဲ့နော်"။


အဆက်မပြတ်ငိုနေသော လင်းတုံတုံတစ်ယောက် ဆွေ့ဆွေ့နှင့်ခြိမ်းခြောက်လိုက်ပါမှ ငြိမ်ကျသွားသည်။ "ဖေဖေ..သားမငိုတော့ပါဘူး...သားကသတ္တိရှိပါတယ်...သားငိုတဲ့အကြောင်း ညီမလေးဆွေ့ဆွေ့ကိုသွားမပြောပြပါနဲ့နော်"။


ချွီမင်းရှန်က တစ်ရှူးကမ်းပေးလာရာ လင်းယိုလည်းလှမ်းယူလိုက်ပြီး တုံတုံ့မျက်နှာပေါ်တွင်ပေကျံနေသော မျက်ရည်များနှင့်ရွှံ့များကိုပြောင်စင်အောင်သုတ်ပေးလိုက်သည်။


ခဲ့ကျင်းယန်တို့၏ စက်ကိရိယာပေါ်ရှိအနီရောင်အမှတ်အသားလေးက သူတို့၏ပတ်ဝန်းကျင်အနီးတစ်ဝိုက်ကိုညွှန်ပြနေသည်။ သို့သော် သေတ္တာရှိနေသည့် နေရာကမြက်ရိုင်းများ ကျူပင်များထူထပ်လွန်းလှသည်။ အပင်များက လူကြီးများ၏ပေါင်ရင်းလောက်အထိပင်ရှိသောကြောင့် ကလေးများဝင်သွားရန်အဆင်မပြေပေ။


ချန်းရီက တစ်ခဏမျှစဥ်းစားကာပြောလိုက်သည်။ "ချင်းယန်...သားကဒီနေရာမှာနေခဲ့ပြီး..ညီမလေးကိုဂရုစိုက်လိုက်...ဖေဖေနဲ့ဦးဦးကျင်းယန်က သေတ္တာသွားရှာလိုက်မယ်"။


ချန်ချင်းယန်က ချက်ချင်းခေါင်းညိမ့်ပြကာပြန်ဖြေသည်။ "ဟုတ်ကဲ့ပါဖေဖေ...သားညီမလေးကို သေသေချာချာဂရုစိုက်လိုက်ပါ့မယ်"။


ထိုသို့နှင့် သူတို့လူကြီးနှစ်ယောက်လုံး မြက်ရိုင်းတောထဲသို့ဝင်သွားကာ အပင်များကိုတွန်းဖယ်ပြီး လေးငါးမိနစ်ခန့်ကြိုးစားရှာလိုက်ရာ သစ်ပင်၏တစ်ပင်၏ထိပ်တွင် ရိုက်ကူးရေးအဖွဲ့ကထားထားသော သေတ္တာတစ်လုံးကိုတွေ့လိုက်ရသည်။


"ကျင်းယန်...ငါတို့နှစ်ယောက်ထဲက ဘယ်သူအဲ့အပင်ပေါ်ကိုတက်ယူမလဲ"။ လူတစ်ရပ်စာထက်မြင့်သော အပင်ကြီးကိုမော်ကြည့်နေသော ချန်းရီကမေးလာသည်။


"ကျွန်တော်တက်ယူလိုက်မယ်...ငယ်ငယ်တုန်းက...သူငယ်ချင်းတွေနဲ့သစ်ပင်တက်နေကြဆိုတော့...ဒီအပင်ထိပ်လောက်က...အသေးအဖွဲလေးပါ"။ ထို့နောက် ခဲ့ကျင်းယန်ကသစ်ပင်ထိပ်သို့ လျင်မြန်ဖျတ်လတ်စွာတက်သွားပြီး သေတ္တာကိုယူကာ ဂရုတစိုက်ပြန်ဆင်းလာသည်။


သူတို့နှစ်ဦးစလုံး စိတ်လှုပ်ရှားဟွာဖြင့်သေတ္တာကိုဖွင့်ကြည့်လိုက်ရာ အထဲတွင်ဝက်သားဆားနယ်ခြောက်နှင့်ပဲစိမ်းများကိုတွေ့လိုက်ရသည်။ "ငါတို့တော့ဒီနေ့...ညစာကောင်းကောင်းစားဏပြီနဲ့တူတယ်"။ ချန်းရီက ဝမ်းသာအားရပြောလာသည်။


ထိုသို့နှင့် သေတ္တာသယ်ပြီးလာရာလမ်းအတိုင်းပြန်လှည့်လာကြရာ သူတို့ကလေးနှစ်ယောက်ကို နဂိုနေရာတွင်မတွေ့တော့ချေ။


ခဲ့ကျင်းယန်နှင့်ချန်းရီတို့နှစ်ယောက်လုံး ထိတ်ထိတ်ပြာပြာဖြစ်သွားကြသည်။ "ကလေးတွေ...ဘယ်ရောက်သွားတာလဲ"။