အပိုင်း ၇၇
Viewers 15k

Chapter 77


"ဒါနဲ့ဆွေ့ဆွေ့....အဲဒီတောထဲကနေ ဘယ်လိုထွက်လာတာလဲ"။ ကုဆွေ့ဆွေ့က ခြောက်သွေ့နေ


သည့်လည်ချောင်းကို အစိုဓာတ်ပေးရန် ရေဘူးကိုမော့သောက်လိုက်ပြီး အမှန်အတိုင်းပြောပြလိုက်သည်။ "ကြင်နာပြီးတော့....အားကြီးတဲ့ဦးဦးတစ်ယောက်က...သမီးတို့ကိုပြန်ပို့ပေးတာပါ"။


"အဲဒီဦးဦးက....သစ်ကိုင်းတစ်ခုနဲ့ ဓားနဲ့ချွန်ပြီး...မြွေကြီးကို ထိုးစိုက်ပစ်လိုက်တာ"။ ကုဆွေ့ဆွေ့က စိတ်လှုပ်ရှားစွာဖြင့် အမူအရာနှင့်အားရပါးရသရုပ်ဖော်ပြရင်း သူ(မ)ဘေးရှိရေဘူးကိုပင် တိုက်ချမိတော့မလိုဖြစ်သွားသည်။


ကုဆွေ့ဆွေ့၏စကားကြောင့် ခဲ့ကျင်းယန်မျက်မှောင်ကြုတ်သွားမိသည်။ "မြွေဟုတ်လား...တောထဲမှာ မြွေတွေ့ခဲ့တာလား"။


အဆိပ်ရှိမြွေဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆွေ့ဆွေ့ကြုံခဲ့ရသည့်အခြေအနေက ကလေးတစ်ယောက်အတွက်အလွန်အန္တရာယ်များလွန်းသည်။


ဆွေ့ဆွေ့ကိုကယ်တင်ခဲ့သည့်လူကို ခဲ့ကျင်းယန်ကျေးဇူးတင်ချင်မိသည်။ သို့သော် ကံမကောင်းစွာဖြင့် ထိုလူကိုထပ်မတွေ့တော့ဟု ဝန်ထမ်းတစ်ဦးကပြောသည်။


"ပါပါးခဲ့....အဲ့ဒီဦးဦးကလေ...သမီးနဲ့ဓာတ်ပုံဆရာကိုကိုကို ပြန်ပို့ပေးခဲ့တာ"။


ခဲ့ကျင်းယန်က မျက်ခုံးပင့်ကာ တစ်ခဏမျှစဥ်းစားနေလိုက်သည်။ ယခုခေတ်ကြီးတွင် အခွင့်ကောင်းမယူ နာမည်မယူပဲ သူတစ်ပါးကိုကူညီပေးသည့်လူများက ရှားပါးလွန်းလှသည်။ ဆွေ့ဆွေ့အား ကယ်တင်ခဲ့သည့်ထိုလူက လူကောင်းတစ်ယောက်ဖြစ်ဟန်ရှိသည်ဟု ခဲ့ကျင်းယန်ကောက်ချက်ချမိသည်။ ထို့နောက် ကလေးငယ်၏ခေါင်းကိုပွတ်သပ်ရင်း မေးလိုက်သည်။ 


"အဲဒါဆိုရင်....သမီးက အဲဒီဦးဦးကို...ကျေးဇူးတင်စကားပြောခဲ့သေးလား"။


သူ့အမေးကို ကုဆွေ့ဆွေ့က မျက်နှာလေးမော်ချီကာပြန်ဖြေသည်။ "ဟုတ်...ကျေးဇူးတင်စကာစလည်းပြောတယ်...ဦးဦးရဲ့ပါးကိုလည်း မွှေးမွှေးပေးခဲ့သေးတယ်"။


ခဲ့ကျင်းယန်က ကလေးငယ်၏ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ကာပြောလိုက်သည်။ "အင်း...အခုမှတွေ့တဲ့ သူစိမ်းကိုဖက်လိုက် နမ်းလိုက်နဲ့ဟုတ်နေတာပဲ...ပါပါးကိုကျတော့...တစ်ခါမှတောင် မွှေးမွှေးမပေးဖူးဘူးပဲ"။


ခေါင်းကိုင်ဖခင်ဖြစ်သည့်သူကို တစ်ခါမှပင်အနမ်းမပေးဖူးသောကလေးမလေးက ယခုမှတွေ့သည့် သူစိမ်းတစ်ယောက်ကိုချက်ချင်းမွှေးမွှေးပေးသည်တဲ့လား။ 


ခဲ့ကျင်းယန်၏မနာလိုသဝန်တိုနေမှုကို ကုဆွေ့ဆွေ့ကို အာရုံခံမိသောကြောင့် တစ်ခစ်ခစ်ရယ်လိုက်ရင်း ကိုယ်ကိုကိုင်းညွှတ်ကာ ခဲ့ကျင်းယန်၏ဘယ်ဘက်ပါးပြင်ပေါ်သို့ ခပ်ဖွဖွမွှေးမွှေးပေးလိုက်သည်။ "ပါပါးခဲ့...ဝမ်းမနည်းပါနဲ့တော့...ပါပါးကိုလည်း သမီးမွှေးမွှေးပေးလိုက်ပြီနော်"။


ခဲ့ကျင်းယန်၏နှုတ်ခမ်းပါးစွန်းတို့မြင့်တက်သွားပြီး ပြုံးယောင်သမ်းသွားသော်လည်း ချက်ချင်းဆိုသလိုရုပ်ကိုအမြန်ပြန်တည်လိုက်သည်။ ထို့နောက် ဆွေ့ဆွေ့က တစ်ခုခုကိုသတိရသွားဟန်ဖြင့် သူ့အားချွဲ့နွှဲ့ကာပြောလာပြန်သည်။


"ပါပါး...အိမ်ပြန်ရောက်ရင်...သမီးကို တကယ်ခွေးလေးတစ်ကောင်ဝယ်ပေးမှာလားဟင်"။


ကလေးငယ်၏စကားကြောင့် ခဲ့ကျင်းယန်တစ်ယောက် ဟက်ဟက်ပက်ပက်ရယ်လိုက်မိသည်။ ဤကလေးက လူလည်လေးပင်။ ခဲ့ကျင်းယန်ပြောသမျှစကားတိုင်းကို မှတ်ထားတတ်သည်။


"ဒါပေါ့...အိမ်ပြန်ရောက်ရင်...ပါပါးကဆွေ့ဆွေ့အတွက် ကတိပေးထားတဲ့အတိုင်းခွေးလေးတစ်ကောင်ဝယ်ပေးမယ် "။


သူတို့နှစ်ဦးသားစကားတပြောပြောလုပ်နေကြချိန်တွင် အိမ်ပြင်ဘက်မှတစ်စုံတစ်ဦးက တံခါးကို အသာအယာဖွင့်ကာ အိမ်ထဲသို့ဝင်လာသည်။


သူတို့ရှိရာသို့အပြေးအလွှားရောက်လာသူမှာ အခြားမဟုတ်။ ချန်ချင်းယန်ပင်ဖြစ်သည်။  ထို့နောက် ချက်ချင်းပင် ဆွေ့ဆွေ့ရှေ့တွင်ဒူးထောက်ထိုင်ချကာ တည်ကြည်စွာဖြင့်ဆက်တိုက်တောင်းပန်တော့သည်။ "ညီမလေးဆွေ့ဆွေ့...ကိုကိုတောင်းပန်ပါတယ်...ညီမလေးကို မကာကွယ်နိုင်ခဲ့ဘူး"။ 


ဆွေ့ဆွေ့ကလည်း ချန်ချင်းယန်နည်းတူ သူ့ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ပြန်ပြောသည်။


"ကိုကိုချင်းယန်...ဆွေ့ဆွေ့လည်းကိုကို့ကိုတောင်းပန်ပါတယ်...ပိုးကောင်တွေ့တုန်းက မပြေးပဲနေလိုက်ရမှာ"။


တစ်ယောက်နှင့်တစ်ယောက်ဖက်ကာအပြန်အလှန်တောင်းပန်နေကြသော ကလေးနှစ်ယောက်ကို ခဲ့ကျင်းယန်လည်းစိတ်မရှည်နိုင်တော့သောကြောင့် ကြားဝင်တားရတော့သည်။


"အိုကေ..အိုကေ...တစ်ယောက်နဲ့တစ်ယောက် တောင်းပန်မနေကြနဲ့တော့... မင်းတို့ဗိုက်မဆာဘူးလား"။


အစားအသောက်အကြောင်းသတိရသွားသည်


နှင့် ကုဆွေ့ဆွေ့၏မျက်နှာကဝင်းပသွားကာ ချက်ချင်းလက်ငင်း ခဲ့ကျင်းယန်အနားကပ်လာသည်။ ထို့နောက် ပြောင်စပ်စပ်မျက်နှာပေးဖြင့် ပြောသည်။ "ဗိုက်ဆာတာပေါ့...ပါပါးရဲ့"။


"အဲဒါဆိုရင်...ဒီမှာခဏစောင့်ကြဦး...အစားအသောက်တွေသွားမှာပေးမယ်...


ဟုတ်ပြီဟုတ်"။


ရိုက်ကွင်းနေရာက မြို့တွင်းတွင်သာဖြစ်လျှင် ဖုန်းတစ်ချက်ဆက်ကာ အစားအသောက်များကိုကောက်မှာလိုက်ရုံပင်။ သို့သော် ယခုရိုက်ကွင်းနေရာမှာ ချောင်ကျသောမြို့အစွန်နေရာဖြစ်သည်ကြောင့် ရိုက်ကူးရေးဝန်ထမ်းများက ရွာသားများ၏အကူအညီဖြင့် အစားအသောက်များကိုချက်ပြုတ်ပြင်ဆင်ရသည်။ သို့သော် မည်သည့်အိမ်တွင် ချက်ပြုတ်နေမှန်း ခဲ့ကျင်းယန်မသိချေ။ ကလေးနှစ်ယောက်ကလည်း တောအုပ်ထဲတွင် ပြေးလွှားထားရသောကြောင့် ဆာလောင်ပင်ပန်းနေလောက်ပြီ။


ခဲ့ကျင်းယန်လည်း ဒါရိုက်တာရီကျောက်နှင့်အခြားသူများရှိနေလောက်မည့်နေရာသို့ မှန်းဆသွားလိုက်သည်။ လမ်းတစ်ဝက်တွင် ခွေးနက်လေးတစ်ကောင်နှင့်အတူ ရင်းနှီးနေသောကောင်လေးကို တွေ့လိုက်ရသည်။


ထိုကောင်လေး၏နာမည်က ဘာပါလိမ့်။ အန်ယန်း..။ ဟုတ်သည်။ ထိုကောင်လေး၏နာမည်မှာ အန်ယန်းပင်။


"အန်ယန်း...မင်းဘာလို့ဒီရောက်နေတာလဲ"။


"အော်...ရိုက်ကူးရေးအဖွဲ့ထဲက...တစ်ယောက်ယောက်လမ်းပျောက်သွားတယ်ကြားလို့...အဲ့ဒါ ကျွန်တော်များကူညီနိုင်မလားဆိုပြီး ဟိုင်တုံနဲ့အတူထွက်လာတာ"။


"ကျေးဇူးပါ...ဒါပေမဲ့ ဆွေ့ဆွေ့ကိုပြန်ရှာတွေ့ပြီ...မင်းဘာမှထွေထွေထူးထူး ကူညီစရာမလိုတော့ပါဘူး"။ ထို့နောက် ခဲ့ကျင်းယန်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်ဆက်ပြောသည်။ "ဟေး...ဒါနဲ့လေ...ရိုက်ကူးရေးအဖွဲ့က...ဘယ်အိမ်မှာ ဟင်းချက်နေတာလဲဆိုတာမင်းသိလား...ကလေးနှစ်ယောက်က...ဗိုက်ဆာနေပြီမလို့လေ"။


သူ့စကားကြောင့် ထိုကောင်လေးက အနည်းငယ်အံ့သြသွားဟန်ရှိသည်။ "ကျွန်တော်တို့အိမ်မှာချက်ပြုတ်နေကြတာပါ...ကျွန်တော့်နောက်လိုက်ခဲ့လေ...ဦးကိုခေါ်သွားပေးမယ်"။


တစ်ဖက်တွင် တောအုပ်ထဲရှိခြောက်ယောက်အဖွဲ့က ဟင်းအမယ်ပါဝင်ပ္စည်းများပါဝင်သော သေတ္တာနှစ်လုံးကို ရှာတွေ့ထားပြီးဖြစ်သည်။


သူတို့နောက်တွင်ပါလာသော ရိုက်ကူးရေးဝန်ထမ်းက ဒါရိုက်တာအဖွဲ့ထံမှ ရုတ်တရက်သတိပေးချက်တစ်ခုရောက်လာသောကြောင့် သူတို့အား အလန့်တကြားပြောလာသည်။ "အစ်ကိုတို့...ဒါရိုက်တာကြီးက ကျွန်တော်တို့ကိုပြောလာတယ်....ရိုက်ကူးရေးကို ခဏရပ်ဆိုင်းထားမယ်တဲ့...ကျန်တဲ့သေတ္တာတွေကို ကျွန်တော်တို့ဝန်ထမ်းတွေပဲ....ယူခဲ့ပါ့မယ်"။


ချွီမင်းရှန်က သေတ္တာတစ်လုံးကို မြေပြင်ပေါ်သို့အသာအယာချကာ မေးလာသည်။ "တစ်ခုခုဖြစ်လို့လား....ဘာလို့ရိုက်ကူးရေးကို ရုတ်တရက်ကြီးရပ်ပစ်ရတာလဲ..."။ ရိုက်ကူးရေးဝန်ထမ်းက ဆွေ့ဆွေ့နှင့်ကင်မရာမန်းတစ်ဦးတောထဲတွင် လူစုကွဲကာလမ်းပျောက်သွားသည့်အကြောင်း သူတို့အားပြောပြသည်။


တောအုပ်ထဲတွင် တစ်နာရီနီးပါးလမ်းလျှောက်ပြီးနောက် ကျန်းဟွီကျင်း၏ခြေထောက်များ ထုံထိုင်းနာကျင်လာသည်။ သူ(မ)လည်းအလွန်ပင်ပန်းနေပြီဖြစ်သောကြောင့် ရိုက်ကူးရေးဝန်ထမ်းအားအလျင်အမြန်ပြောလိုက်သည်။ 


"ဒါဆိုလည်း....ပြန်ကြတာပေါ့"။ ထိုသို့နှင့် သူတို့အားလုံး တောင်အောက်သို့ဆင်းလာကြသည်။


ယနေ့ညအတွက် ညစာကိုသူတို့ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ရသည်။ ခဲ့ကျင်းယန်ကမူ ဟင်းမချက်တတ်သောကြောင့် အိုးတိုက်ပန်းကန်ဆေး လက်တိုလက်တောင်းလုပ်ခြင်းဖြင့်သာ မီးဖိုချောင်ထဲတွင် ဝင်ကူသည်။ ကုဆွေ့ဆွေ့နှင့်ချန်ချင်းယန်တို့မှာ စားသောက်ပြီးပြီဖြစ်သောကြောင့် ဗိုက်ပြည့်နေကြသည်။


အန်ယန်းက သူတို့အတွက်ပဲနီနှစ်အစာသွပ် ဖရုံသီးမုန့်များယူလာပေးသည်။ ပေါင်မုန့်အတွင်းသားလေးများဖြင့် အုပ်ထားပြီး ကြွပ်ရွကာ ရွှေရောင်သန်းသည်အထိ ကြော်ထားပုံရသည်။ အရသာကလည်း ကြွပ်ကြွပ်လေးနှင့်ချိုအီမွှေးဆိမ့်နေသည်။


ယခုမှပြန်ရောက်လာကြသော ခြောက်ယောက်အဖွဲ့ကလည်း ဆွေ့ဆွေ့လမ်းပျောက်သွားကြောင်းကြားထားသောကြောင့် အမြန်ရောက်ချလာကြကာ အခြေအနေမေးမြန်းကြသည်။


ထိုအထဲတွင် လင်းတုံတုံကအဆိုးဆုံးပင်။ ဆွေ့ဆွေ့ကိုတွေ့သည်နှင့် ဖက်ပြီးငိုတော့သည်။


"တောင်းပန်ပါတယ်....ညီမလေးကိုနောက်ဆို မချန်ထားတော့ဘူးနော်...တုံတုံကပဲ ကာကွယ်ပေးသွားမယ်"။


ငိုကြီးချက်မနှင့်ပြောနေသော လင်းတုံတုံကို


ကြည့်ရင်း ခဲ့ကျင်းယန်သက်ပြင်းချမိသည်။ ဤကလေးငယ်က ဆွေ့ဆွေ့နှင့်ပတ်သတ်လျှင် အကဲပိုလွန်းသည်။ "ကဲ...တိတ်ကြတော့...ဒီဖရုံသီးမုန့်ကြော်က...မင်းတို့ကလေးတွေအတွက်..သေချာပြင်ပေးထားတာ...မအေးခင်စားလိုက်...ငိုချင်ရင်နောက်မှဆက်ငိုတော့"။


လင်းတုံတုံက စားပွဲပေါ်ရှိ မုန့်များကိုကြည့်ကာ ချက်ချင်းအငိုရပ်သွားသည်။ ထို့နောက် ပါးပြင်ပေါ်ရှိ မျက်ရည်များကို လက်ခုံဖြင့်သုတ်ရင်း ပြောလာသည်။ "ဟုတ်...အစားအရင်စားလိုက်မယ်နော်...ညီမလေးလည်းအတူတူစားရအောင်လေ"။