အပိုင်း (၁၀၉)
Viewers 31k

Part 109


စုန့်နှင့်ယွမ် တို့သည် မတူညီသော နေရာများတွင် နေထိုင်ကြသည်။ ထပ်ပေါင်းပြောရလျင် မနက်ခင်းဖြစ်သည့်အတွက် လူသွားလူလာများသည့်အချိန်ဖြစ်သည်။ ပုံမှန်အားဖြင့် ကားနှင့်သွားလျင် နာရီဝက်သာ ကြာသောခရီးသည် ယနေ့တွင် မိနစ် ၄၀ ခန့်ကြာမြင့်နေလေသည်။


အဖေယွမ်နှင့် အမေယွမ်သည် အစားအစာများကို ကြိုဝယ်ထားပြီးဖြစ်ကာ သူတို့၏ သမီးနှင့် မြေးလာမည်ကို စောင့်မျှော်နေကြသည်။ အိမ်ထဲသို့ ဝမ်လေး ဝင်လိုက်သည်နှင့် အမေယွမ်မှ အပြေးအလွှားဖက်လိုက်ကာ နမ်းရှုံ့ရင်း ပြောလိုက်သည်။ ‘’ အဖွားရဲ့ အဖိုးတန်လေး… လိမ်မာတဲ့ ကလေးလေး… ဘေဘီလေး….’’


တံခါးဝတွင် ရပ်နေသော ယွမ်ရှ တစ်ယောက် နားထောင်ရင်း သဘောကျနေမိသည်။


အဖေယွမ်မှာ အိမ်စီးဖိနပ်ကို ကောက်ကိုင်လိုက်ရင်း ‘’ ရှရှ… အိမ်ထဲ မဝင်သေးဘဲ ဘာလုပ်နေတာလဲ…’’


‘’ သမီးမှာ လုပ်စရာတွေရှိသေးလို့… ဝမ်လေးကို နေ့လည်မှပဲ လာခေါ်တော့မယ်’’ ယွမ်ရှ ပြောစကားကို ခဏရပ်လိုက်ပြီးနောက် ‘’ သူ့ကို ရေခဲမုန့်တွေ အများကြီး မကျွေးနဲ့ဉီးနော်.. ဗိုက်နာနေမယ်…’’


‘’အင်းပါ’’ အဖေယွမ်သည် သူမ ပြန်ထွက်သွားသည့်အတွက် အလွန်တွန့်ဆုတ်နေပုံရသော်လည်း အောက်ထပ်သို့ လိုက်ပို့ပေးသည်။


အဖေယွမ်သည် တခြားဖခင်များကဲ့သို့ပင် သူ၏သမီးကို ကားမောင်းသည့်အခါ ဂရုစိုက်ရန် မီးနီဖြတ်မမောင်းရန် စသည်တို့ကို ထပ်ခါတစ်လဲလဲ နားပူနာဆာ သေသေချာချာ မှာနေသည်။


ယွမ်ရှ ပြန်မထွက်ခင် လှေကားထိပ်တွင်ရပ်လိုက်ပြီး အိတ်ထဲမှ ကတ်ကိုထုတ်ကာ သူမ ဖခင်လက်ထဲသို့ပေးလိုက်ရင်း ‘’ ဒါ စူပါမားကတ်က gift card ပါ… ပြီးတော့ အဲ့ဒါက  ယွမ် ၅၀၀၀ လောက်တန်တယ်… ဘာပဲဖြစ်ဖြစ် သမီးက အဲ့ဒါကို သုံးဖြစ်မှာမဟုတ်တော့ ပါးပဲ ယူထားလိုက်နော်… အရသာရှိတာတွေ ဝယ်စားလိုက်ပေါ့… ပိုက်ဆံကုန်မှာစိုးပြီး ကပ်စေးလည်း နည်းမနေနဲ့ဦး’’


မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူမ မိဘများကို လစဉ်ထောက်ပံ့ငွေ ထောင်ပေါင်းများစွာပေးသော်လည်း လမကုန်ခင် ပိုက်ဆံအားလုံးကို ကုန်အောင်သုံးလေ့မရှိပေ။ ငယ်ရွယ်စဉ်တုန်းကလဲ သူမ မိဘများမှာ ငွေကြေးပြဿနာများကြောင့် ငတ်မွတ်ခဲ့လေ့ရှိသည် မဟုတ်ပါလား….


ဒီအရွယ်မှာတော့ သူတို့တွင် အားကိုးနိုင်သည့် သမီးလေးတစ်ယောက်ရှိပြီဖြစ်သည်။ သူတို့သမီးဖြစ်သူ ပေးသောငွေးကြေးသည် နေ့စဉ်အသုံးစရိတ်များကို လောက်ငှရုံသာရှိသည့်အတွက် ချွေတာသုံးရုံသာ တတ်နိုင်သည်။ ယွမ်ရှအနေဖြင့် သူတို့ကို ငွေကြေးပေးရန် စဉ်းစားမိသော်လည်း ထိုငွေများကို သုံးမည်မဟုတ်မှန်း သူမ သိသည့်အတွက် စူပါမားကတ်မှ လက်ဆောင်ကတ်ပေးခြင်းသည်သာ ပိုမိုထိရောက်လိမ့်မည်ဟု သူမ တွေးမိသည်။


အဖေယွမ် ခဏမျှ အေးခဲသွားပြီး ငြင်းဆိုရန်ကြိုးစားလိုက်ကာ ‘’ ရပါတယ်.. မလိုဘူးလေ… သမီးအတွက်သာ သိမ်းထားလိုက်ပါ… ပားတို့မှာ ပိုက်ဆံတွေရှိပါတယ်’’


‘’ သမီးမှာ ဒီထက်များတာတွေတောင် ရှိသေးတယ် … ဝမ်လေးရဲ့ အဖေက သမီးကို အများကြီးပေးထားတယ်လေ … ပြီးတော့ သမီးက စူပါမားကတ်ကို တော်ရုံသွားတာမဟုတ်တော့… ပါးပဲ ယူထားလိုက်ပါ’’ 


ယွမ်ရှ ကတ်ကို အဖေယွမ်လက်ထဲသို့ထိုးထည့်လိုက်သည်။ သူမ အဖေယွမ်ကိုကြည့်ရင်း  ‘’ ပါး… သမီး အခုအလောတကြီးဖြစ်နေတာ.. တစ်ယောက်ယောက်နဲ့တွေ့ဖို့ ချိန်ထားတာရှိတယ်လေ… အဲ့ဒါကြောင့် အပား အပေါ်ပြန်တက်တော့လေ.. သမီးလဲ သွားတော့မယ်’’


ပြောရင်းဖြင့် သူမထွက်ခွာသွားသည်။ ထို့နောက် အိတ်ထဲမှ ကားသော့ကို ထုတ်ယူလိုက်သည်။


အဖေယွမ်သည် မတ်တပ်ရပ်ရင်းဖြင့်ပင် လက်ထဲမှ gift card  ကိုကြည့်ရင်း ပြုံးလိုက်မိသည်။ သူ အချိန်ဘယ်လောက်ကြာသည်အထိ ထိုနေရာမှာပင် ရပ်နေမိမှန်းမသိတော့ပေ။ အိမ်နီးချင်းတစ်ယောက်က သူ့နားမှ ဖြတ်သွားရင်းဖြင့် ‘’လောင်ယွမ်… ဘာလို့ အဲ့မှာရပ်နေတာလဲ…’’


‘’ ငါ့သမီးကို လိုက်ပို့တာ’’ ပြောရင်းဖြင့် ကတ်ကိုသိမ်းလိုက်သည်။ အဖေယွမ်တစ်ယောက် ဒီနေ့ လှေကားအတက်အဆင်းလုပ်ရတာ အတော်လေး အဆင်ပြေနေသည်ဟု ခံစားနေမိသည်။ ထို့ကြောင့် လမ်းလျောက်ရင်းနှင့်ပင် သီချင်းလေးတောင် ညီးတွားလိုက်မိသည်။


အိမ်နီးချင်းက ရယ်လျက်ပင် ‘’ ဒီနေ့ ဘာလို့ ပျော်နေရတာလဲ…’’


အဖေယွမ်မှာ ယဉ်ကျေးစွာဖြင့် ဂုဏ်ယူနေသော လေသံကို ထိန်းကာ ‘’ မပြောပြဘူး…’’


………….


ယွမ်ရှ သူမ၏ နိုင်ငံခြားဆရာမနှင့် တွေ့ဆုံရန် ကုန်တိုက်သို့ ကောင်းမောင်းသွားသည်။ သူမ ပါကင်ထိုးပြီး ကားထဲမှ ထွက်လိုက်သည်နှင့် အနက်ရောင်ပြိုင်ကားတစ်စီး သူမဆီသို့ မောင်းနှင်လာသည်ကို တွေ့လိုက်သည်။ သူမ ခြေလှမ်းတစ်ချို့ နောက်သို့ဆုတ်ပြီး ထိုကား ပါကင်ထိုးသည်ကို စောင့်နေလိုက်သည်။ သို့သော်လည်း ကားပိုင်ရှင်မှာ ကားပါကင်နေရာ၌ ရပ်တန့်မသွားပဲ ကားထဲမှ ထွက်လာကာ သူမဆီသို့ နှင်းဆီပန်းတပွေ့တပိုက်ဖြင့် လမ်းလျောက်လာသည်။ 


ယွမ်ရှ ရှုပ်ထွေးသော အမူအယာဖြင့် ထိုလူငယ်လေးကို ကြည့်လိုက်မိသည်။ ထို့နောက် သူမ အာရုံများ ပြန်ရောက်လာရန် စက္ကန့်ပိုင်းလောက်သာ အချိန်ယူလိုက်ရသည်။


သူ ဘာတွေလုပ်နေတာလဲ…


လူငယ်လေးသည် ယွမ်ရှကို နှင်းဆီပန်းများပေးလိုက်ရင်း အနည်းငယ် စိတ်လှုပ်ရှားသည့် အမူအယာဖြင့် ‘’ ယွမ်ရှ… ဒီနေ့ကစပြီး ကိုယ် မင်းကို တရားဝင်လိုက်တော့မယ်… မင်း ယောက်ကျာ်းကိုလဲ ကိုယ် ပြောပြီးသွားပြီ...ဒါကို မျှတတဲ့ယှဉ်ပြိုင်မှုတစ်ခုလို့ ယူဆလို့ရတယ်… ဒါကြောင့် အခု ဘေးကနေခိုးကြောင်ခိုးဝှက် လုပ်မနေတော့ဘူး.. ဂုဏ်သရေ ရှိရှိနဲ့ ကိုယ် မင်းကို ပိုးပန်းတော့မယ်’’


‘’…..’’


သူက သူမကိုပိုးပန်းမယ့်အကြောင်း သူမ ခင်ပွန်းကို ပြောလိုက်တယ်…


ဒီငတုံးက ဘယ်ကရောက်လာတာလဲ…