အပိုင်း ၇၉
Viewers 15k

Chapter 79


တရုတ်ဖျော်ဖြေရေးအနုပညာနယ်ပယ်၏တည်းဖြတ်ဌာန။


"အယ်ဒီတာဝူ....ဂုဏ်ယူပါတယ်ရှင် ဒီမနက်တင်လိုက်တဲ့သတင်းက ရေပန်းအစားဆုံးရှာဖွေမှုစာရင်းထဲရောက်သွားပြီ"


ထိုသတင်းကို ဖတ်ရှုနေကြပြီးပြန်တင်နေကြသည့် လူများကြောင့်သူမစိတ်အချဥ်ပေါက်လာမိသည်။


"အစ်မကျင်ရယ်...ဘာဂုဏ်ယူစရာရှိလို့လဲ ကလေးငယ်နှင့်ခရီးသွားခြင်း ရသစုံရှိုးရဲ့ထုတ်လုပ်သူက ကျွန်မတို့ဝက်ဘ်ဆိုက်ကိုသတိပေးတဲ့အနေနဲ့ ရှေ့နေတောင်လွှတ်လိုက်တာမဟုတ်ဘူးလား"


အမျိုးသမီးဒယ်ဒီတာဘေးတွင်ထိုင်နေသည့် အလုပ်သင်အယ်ဒီတာတစ်ဦးကစိုးရိမ်စွာဖြင့်ပြောလာသည်။


"ငါတို့အလုပ်ကဒီလိုပဲလေ ရှေ့နေလွှတ်တယ်ဆိုတာကလည်းခြောက်လှန့်ရုံပဲ ဒီလိုအခြေအနေမှာ ဘာကိုမှအတည်ယူလို့မရဘူး"


"ဒါနဲ့လောင်ဝူ...အဲ့သတင်းကိုနင်ဘယ်ကနေရလာတာလဲ နောက်တစ်ခါ သတင်းကောင်းကောင်းလေးတွေကြားမိရင် ငါ့ကိုပါခေါ်နော် ဒီလ ငါလုပ်ရမဲ့အလုပ်တစ်ဝက်တောင်မပြီးသေးဘူး"


အယ်ဒီတာဝူက အခန်းထောင့်လေးရှိသူ့နေရာတွင်သာထိုင်နေပြီး တစ်ခွန်းမှဝင်မပြောဘဲပြုံးရုံသာပြုံးနေသည်။


ကလေးလေးနှင့်ကင်မရာမန်းက ရိုက်ကူးရေးအဖွဲ့နှင့်အဆက်ပြတ်ပြီး တောထဲတွင်ခေတ္တမျှမျက်စိလည်လမ်းမှားပြီးပျောက်သွားခဲ့သည်ဟူသည့် သတင်းကို တစ်စုံတစ်ယောက်က သူ့အားပိုက်ဆံမြောက်မြားစွာပုံအောပေးပြီး သတင်းရေးခိုင်းခဲ့ခြင်းဖြစ်သည်။ လောင်ဝူအနေနှင့် ထိုသို့သောအခွင့်အရေးကောင်းကို ငြင်းပစ်စရာဘာအကြောင်းမှမရှိပေ။


ထို့အပြင်သူရေးသည့်သတင်းက သတင်းအမှားမဟုတ်ပေ။ 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးရိုက်ကူးရေးလုပ်နေစဥ်အတွင်း ကလေးတစ်ယောက်က တောထဲတွင်မျက်စိလည်ပြီးအမှန်တကယ်ပျောက်သွားခြင်းပင်။ သူကအဖြစ်မှန်ကို ရေးခြင်းဖြစ်သည်။ ထို့ကြောင့် ဘာမှစိတ်ပူနေစရာမလိုပေ။


'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုး၏နာမည်ကျော်ကြားလာမှုကြောင့် ရုပ်သံအတော်များများက ပုံစံတူရသစုံရှိုးမျိုးရိုက်ကူးရန် စီစဥ်လာကြသည်။ အပြိုင်အဆိုင်များလှသော အနုပညာလောကတွင်တစ်ယောက်နှင့်တစ်ယောက် နာမည်ဖျက်ချောက်တွန်းရန်ဝန်မလေးကြပေ။ 


ဂူတစ်ဂူထဲတွင် ကျားနှစ်ကောင်အောင်း၍မရနိုင်သောကြောင့် 'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးပုံစံမျိုး ရိုက်ကူးရန်စီစဥ်နေသော ကြယ်ပြာရောင်ရုပ်သံလှိုင်းက ယခုလက်ရှိတစ်ဟုန်ထိုးအောင်မြင်နေသည့် ရသစုံရှိုးနှင့်သစ်သီးရုပ်သံကို ဖျက်လိုဖျက်ဆီးလုပ်ချက်သည့်ရည်ရွယ်ချက်မှာ သိသာလွန်းသည်။


'ကလေးငယ်နှင့်ခရီးသွားခြင်း' ရသစုံရှိုးအစီအစဥ်ကိုရိုက်ကူးရေးလုပ်နေစဥ်အတွင်း ကလေးတစ်ယောက် တောထဲတွင်လမ်းပျောက်သွားသည့်သတင်းက ပြည်သူအများစုကိုထိတ်လန့်တုန်လှုပ်သွားစေသည်။ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ဆွေ့ဆွေ့ကလူစုကွဲပြီးလမ်းပျောက်သွားသည်မှာ အမှန်ပင်ဖြစ်သောကြောင့် ရသစုံရှိုး၏အောင်မြင်ကျော်ကြားမှုကို အနည်းနှင့်အများသက်ရောက်မှုရှိလိမ့်မည်မှာ ကျိန်းသေပင်ဖြစ်သည်။


ရုတ်တရက်တက်လာသောသတက်းများကြောင့် ရိုက်ကူးရေးအဖွဲ့လည်း ဇဝေဇဝါဖြစ်သွားသည်။


အင်တာနက်ပေါ်တွင် ပလူပျံနေသောသတင်းများကိုကြည့်ရင်း ဒါရိုက်တာယိကျိုးက မျက်မှောင်ကြုတ်ကာပြောလာသည်။ 


"မင်းတို့စုံစမ်းကြည့်ပြီးပြီလား ဒီသတင်းကိုဘယ်သူကပေါက်ကြားသွားအောင်လုပ်တာလဲ"


"သတင်းပေါက်ကြားသွားအောင်လုပ်တာ ရှောင်ကျန်းပါဆရာ တရုတ်ဖျော်ဖြေရေးကွန်ရက်သတင်းစာတိုက်ကသူ့သူငယ်ချင်းသတင်းထောက်တစ်ယောက်နဲ့သူနဲ့စကားပြောထားတဲ့သက်သေရှိတယ် ဒီမှာကြည့်လိုက်ပါဦး"


ရုပ်ရှင်ကားအသစ်ထွက်တိုင်း သီချင်းအသစ်တစ်ပုဒ်ထွက်တိုင်း Weiboကဲ့သို့ဆိုရှယ်မီဒီယာများတွင် လူပြောများပြီးရေပန်းစားလေ့ရှိသည်။ သို့သော် ယခုမူ ထိုသို့သောအကြောင်းအရာများထက် ရသစုံရှိုးတစ်ခု၏ရိုက်ကူးရေးတွင် ကလေးသရုပ်ဆောင်တစ်ယောက်လမ်းပျောက်ပြီးထိခိုက်ဒဏ်ရာရသွားသည့်အကြောင်းကို ပို၍သိချင်နေပုံရသည်။ သတင်းထောက်များကလည်း ဖုန်းဆက်ပြီးတရစပ်မေးနေကြသည်။ နည်းပညာခေတ်ကြီးတွင် သတင်းတစ်ခုပြန့်နှုန်းက ကြောက်ခမန်းလိလိမြန်ဆန်လွန်းလှသည်။ 


"ဒါရိုက်တာယိ...ဒီကိစ္စကကြယ်ပြာရောင်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပရိုဂျူဆာကျို့နဲ့ပတ်သတ်နေမယ်လို့မထင်မိဘူးလား သူတို့ရုပ်သံလှိုင်းကလည်း ရသစုံရှိုးရိုက်တော့မှာဆို အဲဒါကြောင့်မလို့ ကျွန်တော်တို့ရဲ့အစီအစဥ်ကိုနာမည်ပျက်သွားအောင် တမင်လုပ်နေတာများလား"


သစ်သီးရုပ်သံဌာနနှင့် ကြယ်ပြာရောင်ရုပ်သံဌာနတို့၏ဆက်ဆံရေးမှာ အမြဲလိုလိုပြိုငိဆိုင်မှုပြင်းထန်လှသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မသမာသည့်နည်းလမ်းများသုံးပြီး ချောက်ချရန်လည်းဝန်မလေးကြပေ။ ယခုကိစ္စတွင်လည်း ကြယ်ပြာရောင်ရုပ်သံဌာနကပါဝင်ပတ်သတ်နေခြင်းမရှိဟု လုံးလုံးအာမမခံနိုင်ပေ။ အနုပညာလောက၏ပြိုင်ဆိုင်မှုများက ကြောက်ခမန်းလိလိပင်။


ဒါရိုက်တာယိကျိုးကိုယ်တိုင်လည်းဖြစ်နိုင်ခြေများကိုစဥ်းစားပြီး ဖြေရှင်းချက်ထုတ်နိုင်ရန် အသည်းအသန်စဥ်းစားလျက်ရှိသည်။ တစ်ခဏမျှစဥ်းစားချင့်ချိန်ပြီးနောက် သူ့လက်ထောက်များကိုပြောလိုက်သည်။ 


"ဒီနေ့ရဲ့အစီအစဥ်အားလုံးကိုပြောင်းလိုက် အကုန်လုံးကိုအသစ်ပြန်စီစဥ်ရအောင်"


ယခင်ရိုက်ကူးရေးများတွင် ပြည်သူလူထု၏အထူးအာရုံစိုက်ခြင်းကိုခံနေရသော ကုဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်ကြောင့် လူထူထပ်သောနေရာများကိုရှောင်ပြီး ရိုက်ကူးရေးလုပ်ခဲ့သည်။ လူနေကျဲပါးသောနေရာများကိုသာ ရိုက်ကွင်းနေရာအဖြစ်ရွေးချယ်ခဲ့သည်။ သို့သော် ဘေးကျပ်နံကျပ်အခြေအနေကြောင့် ဒါရိုက်တာယိကျိုးလည်း နဂိုပုံစံခွက်ထဲမှထွက်ကာ စွန့်စားရပေတော့မည်။


အင်တာနက်ပေါ်တွင် ရိုက်ကူးရေးအဖွဲ့၏အသုံးမကျမှုကြောင့် ဧည့်သည်အနုပညာရှင်များထိခိုက်ဒဏ်ရာရသွားသည်ဟူသော သတင်းများပြန့်နေသည် မဟုတ်လား။ သူတို့၏ဧည့်သည်အနုပညာရှင်များကို လူမြင်ကွင်းရှေ့ထုတ်ပြမှသာ ဤကိစ္စကိုဖြေရှင်းနိုင်မည်ဖြစ်သည်။


ထိုသို့နှင့် ယခုလေးတင်မှ တောင်ပေါ်တွင်မှိုခူးပြီးပြန်လာသော ဧည့်သည်အနုပညာရှင်များလည်း ရိုက်ကူးရေးအဖွဲ့၏စီစဥ်ဖြင့် စျေးထဲတွင်မှိုသွားရောင်းရပြန်သည်။ ရွာရှိအကြီးဆုံးစျေးကိုရောက်ရန် ကားဖြင့်နာရီဝက်ခန့်သွားလိုက်ရသည်။


ထို့နောက် ရောက်ရောက်ချင်းစျေးရောင်းမည့်ဆိုင်ခန်းနေရာများကို ကိုယ်စီကိုယ်စီရွေးချယ်ကြသည်။ ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်တို့ရွေးလိုက်သည့်ဆိုင်ခန်းမှာ နေရာကောင်းလေးဖြစ်သည်။ ပစ္စည်းများကိုနေရာချကာအသင့်ပြင်ပြီးနောက် မိနစ်အနည်းငယ်အကြာတွင် စျေးဝယ်သူတစ်ယောက်က စူးစူးစမ်းစမ်းလာမေးမြန်းသည်။


"ကလေးတို့...ဒီမှိုတွေက မှိုရိုင်းတွေလား"


သက်လတ်ပိုင်းအရွယ် အဒေါကြီးတစ်ယောက်က လာမေးခြင်းဖြစ်သည်။


"ဘယ်ဘက်ကတော့ မှိုရိုင်းတွေပါဒေါ်ဒေါ် ကျွန်တော်တို့ အခုလေးတင်မှ တောင်ပေါ်ကနေ လတ်လတ်ဆတ်ဆတ်ခူးလာတာပါ ညာဘက်ကတော့ စိုက်ပျိုးရေးမှိုတွေပါဗျ"


ခဲ့ကျင်းယန်လည်း စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။


"အဲဒါဆို...မှိုတစ်တောင်းကိုဘယ်လောက်ရောင်းလဲ မှိုရိုင်းတစ်တောင်း စိုက်ပျိုးမှိုတစ်တောင်းယူမယ်ကွယ်"


"နှစ်ယွမ်ပါဒေါ်ဒေါ် "


ခဲ့ကျင်းယန်အစား ကုဆွေ့ဆွေ့က ဝင်ဖြေလိုက်ခြင်းဖြစ်သည်။ 


"ဟမ်...ဒီတစ်တောင်းကိုနှစ်ယွမ်ပဲလား"


စျေးဝယ်သူမှာ အနည်းငယ်အံ့သြသွားပုံရသည်။


"မဟုတ်ပါဘူး...နှစ်တောင်းကိုနှစ်ယွမ်တည်းပါ"


ထိုစကားကြောင့် စျေးဝယ်သူအဒေါ်ကြီးမှာပို၍မျက်လုံးပြူးသွားသည်။


မှိုရောင်း၍ရလာသောအမြတ်ငွေများကို နေ့လည်စာနှင့်ညစာအတွက်အသုံးပြုရန် ရိုက်ကူးရေးအဖွဲ့ကကြိုတင်ပြောထားပြီးသားဖြစ်သည်။ 


အလကားပေးသည့်နီးနီးစျေးရောင်းနေလျှင် နေ့လည်စာရော ညစာပါငတ်မည့်အဖြစ်ကိုမြင်ယောင်မိသေး၏။ 


___________________________________________