အပိုင်း ၈၈
Viewers 15k

Chapter 88


"အစ်မဖူ...."။


ကုဆွေ့ဆွေ့လည်း လုချီပေးသည့်အကြံကိုလက်ခံလိုက်သည်။ ထို့နောက် ဖူရင်းယွီရောက်လာသောအခါ ပြေးဖက်ပြီးကပ်ချွဲတော့သည်။


ဖူရင်းယွီက အချွဲ့အနွဲ့များကိုကြိုက်တတ်သူမဟုတ်သော်လည်း ကလေးငယ်ဖြစ်နေသောကြောင့် ကွာခြားလှသည်။ ကလေးငယ်က သူ(မ)အားကပ်ချွဲနေသည်ကိုပင် ကျေနပ်နေမိသည်။


"မမဖူ....အဲဒီလူတွေကမမစိတ်ဆိုးအောင်လုပ်တာမလား"။ ကုဆွေ့ဆွေ့က သတိကြီးစွာဖြင့်မေးလာသည်။


ဖူရင်းယွီကပြုံးရင်းပြန်ပြောသည်။ "မဟုတ်တာ...မမစိတ်မဆိုးပါဘူး...သူတို့တွေကို အရေးမပါတဲ့လူတွေ...သူတို့ကိုအချိန်ပေးပြီးစိတ်ဆိုးနေရလောက်တဲ့အထိမတန်ပါဘူး"။


ကလေးငယ်ကြောင့် ဖူရင်းယွီ၏ဒေါသများပါးလုံး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသည်။ ဒါရိုက်တာချန်းကိုသာ သူ(မ)အနည်းငယ်အားနာနေမိသည်။ သတင်းစာရှင်းလင်းပွဲတွင် ပြဿနာမီးမွှေးရှာခဲ့သည့် သတင်းထောက်များကို ပြန်ပြီးလက်တုံ့ပြန်ကာဒေါသထွက်မနေသင့်ပေ။ သူ(မ)ဒေါသထွက်လေလေ စိတ်ရှုပ်လေလေ နောက်ကွယ်တွင်ကြိုးကိုင်ကြံစည်နေသူများက ပိုပျော်လေလေဖြစ်ပေလိမ့်မည်။


ကုဆွေ့ဆွေ့က ခြေဖျားလေးထောက်ကာ သူ(မ)၏ပါးကိုလှမ်းနမ်းပြီး နှုတ်ခမ်းဆူဆူထော်ထော်လေးကဖြင့်ဆက်ပြောလာသည်။ "မမစိတ်မဆိုးတော့ဘူးဆိုရင်...အဆင်ပြေသွားပါပြီလေ"။


ကလေးငယ်ကိုမတွေ့ရသည်မှာ အတော်အတန်ကြာပြီဖြစ်သောကြောင့် နားနေခန်းတွင်နှစ်ယောက်သား အချိန်အတော်ကြာကြာစကားပြောကြပြီးမှ ဖူရင်းယွီလည်း ကိုယ်စားလှယ်ဟောင်ဖုန်းကိုဖုန်းဆက်ကာ အွန်လိုင်းပေါ်တွင် ဖြစ်ပျက်နေသောအခြေအနေများကိုလှမ်းမေးလိုက်သည်။


သတင်းမီဒီယာသမားများက ဆောင်းပါးများကိုအလျင်အမြန်ပုံနှိပ်ထုတ်ဝေတတ်သည်။ အထူးသဖြင့် သတင်းစာရှင်းလင်းပွဲသို့ဖိတ်ခေါ်ထားသော သတင်းထောက်များမှာ ပွဲပြီးသည်နှင့်အပြိုင်အဆိုင်သတင်းရေးကြတော့သည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးက ရုံးဝင်ငွေတွင် ယခင်အကောင်းဆုံးစံချိန်တင်ထားသော "ပျော်ရွှင်သောနေ့" ဟူသည့်ရုပ်ရှင်ကိုကျော်နိုင်မည်ဟု ယုံကြည်ချက်အပြည့်ရှိနေကြသည်။


"ပျော်ရွှင်သောနေ့" ဟူသောရုပ်ရှင်ဇာတ်ကားကြီးက ဤနှစ်ပိုင်းနွေဦးပွဲတော်တွင် ရုံတင်ပြသခဲ့သော ရုံကြီးကားဖြစ်သည်။ ထိုရုပ်ရှင်ကား၏ ဇာတ်လမ်းဇာတ်အိမ်က ရိုးရိုးရှင်းရှင်းနှင့်ဟာသမြောက်ကာ ပညာသားပါသောကြောင့် ရုံဝင်ငွေတစ်ဒဿမငါးသန်းအထိရရှိခဲ့ပြီး တစ်နှစ်တာလုံး၏ ရုံဝင်ငွေအများဆုံးရရှိသောရုပ်ရှင်ဇာတ်ကားဖြစ်ခဲ့သည်။ ပရိသတ်များကမူ ယခုတည်းက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားနှင့် "ပျော်ရွှင်သောနေ့" တို့ကိုနှိုင်းယှဥ်နေပြီဖြစ်သည်။ အားလုံးက "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီးအပေါ် အတော်လေးမျှော်မှန်းထားကြသည်။


ဒါရိုက်တာချန်း၏ ထင်မြင်ယူဆချက်မှာမှန်ကန်သည်။ သတင်းစာရှင်းလင်းပွဲတွင် ကိုယ်ရေးကိုယ်တာမေးခွန်းများမေးပြီး ပွဲဆူစေခဲ့သည့် နောက်ကွယ်တွင်ကြိုးကိုင်နေသူ၏ပစ်မှတ်မှာ သူ(မ)မဟုတ်ပဲ သူ(မ)တို့၏


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကိုပစ်မှတ်ထားလိုခြင်းဖြစ်သည်။


ရုပ်ရှင်နှင့်ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲပြီးနောက် ရိုက်ကူးဖန်တီးရေးအဓိကဝန်ထမ်းအဖွဲ့က အင်ပါယာမြို့တော်ရှိ ပလာဇာသို့ဒါရိုက်တာချန်းနှင့်အတူလိုက်သွားကြသည်။ သူတို့နှင့်အတူ သရုပ်ဆောင်အချို့ပါလိုက်ပါသွားကြသည်။


နည်းပညာခေတ်တွင် သတင်းပေါက်ကြားမှုကမြန်ဆန်လွန်းလှသောကြောင့် ပရိသတ်အတော်များများကလည်း မိမိတို့၏အိုင်ဒေါများနှင့်တွေ့ရန် တည်နေရာစုံစမ်းပြီးလိုက်သွားကြသည်။ ကုဆွေ့ဆွေ့၏ဖန်ကလပ်အသင်းကလည်း ပလာဇာသို့အချိန်မီအရောက်သွားရန် ပြင်ဆင်နေကြသည်။ ကလပ်ခေါင်းဆောင်ဖြစ်သည့် စန်းဟုန်က အလုပ်မအားသဖြင့် လက်ထောက်ဖြစ်သော လွီလီကပင်ဦးဆောင်ရသည်။ 


"ကဲ...ယူသွားဖို့လိုတဲ့ပစ္စည်းတွေစုံပြီလား...စစ်ကြည့်ရအောင်...ဟိုကျမှ...ကျန်ခဲ့တောတွေ...မေ့ခဲ့တာတွေလုပ်လို့မရဘူးနော်"။


"လက်ထောက်လွီ...အားပေးစာတန်းခေါင်းစီးတွေ...အဆင်သင့်ဖြစ်ပါပြီ"။


"လက်ထောက်လွီ...ဆွေ့ဆွေ့လေးကိုပေးမဲ့...လက်ဆောင်တွေလည်း...အကုန်ရယ်ဒီပါ"။


လွီလီလည်း ပစ္စည်းပစ္စယများအားလုံးကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်နေမိသည်။ မိမိအိုင်ဒေါနှင့် ဤသို့တွေ့ဆုံနိုင်မည့်အချိန်ကို ပရိသတ်တိုင်းစိတ်ကူးယဥ်မျှော်မှန်းခဲ့ကြသည် မဟုတ်လား။


ဆွေ့ဆွေ့ အတွက် စီစဥ်ပေးထားသော နဖူးစည်းစာတန်းမှာအကြီးဆုံး မဟုတ်သော်လည်း ထင်ရှားဆုံးဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံ


နှင့်မြင်နိုင်ပြီးလူအုပ်ထဲတွင်ထင်းထွက်နေသည့် နဖူးစည်းစာတန်းမျိုးဖြစ်သည်။


ပန်းရောင်အ၀တ်အစားများ ၀တ်လေ့ရှိပြီး ပန်းရောင်ငှက်သိုက်မုန့်ကိုနှစ်သက်သောဆွေ့ဆွေ့ ကြောင့် ပန်းရောင်လက်ဆောင်ပစ္စည်းများကိုသာ ရွေးချယ်ပြင်ဆင်ထားသည်။


"အစ်မက...ကုဆွေ့ဆွေ့ရဲ့...ပရိတ်သတ်လား"။ အပြင်ဘက်တွင် စောင့်ဆိုင်းနေချိန်အတွင်း ထူးဆန်းသော အမျိုးသမီးတစ်ဦးက သူ(မ)တို့ပရိသတ်အုပ်ကြီးဆီသို့ရုတ်တရက်ရောက်လာပြီး ဆွေ့ဆွေ့ပရိသတ်ဟုတ်မဟုတ်လာမေးနေသည်။


လွီလီလည်း သူ(မ)ရှေ့မှ ခေတ်ဆန်သော အမျိုးသမီးကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားမိသည်။ သူ(မ)ကိုယ်တိုင်  နာမည်ကြီး စတိုင်လစ်တစ်ယောက်ဖြစ်သော ကြောင့် ကမ္ဘာကျော်အမှတ်တံဆိပ်မျိုးစုံနဲ့ ရင်းနှီးသူဖြစ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအမျိုးသမီး၏အိတ်နှင့်အဝတ်အစားများက နာမည်ကြီးဘရန်းဒီဇိုင်နာများ၏လက်ရာများ ဖြစ်သလို သူ(မ)လက်ပေါ်တွင်တန်ဆာဆင်ထားသည့် လက်ကောက်များကလည်း ဒေါ်လာသောင်းနဲ့ချီတန်သည်။ 


လွီလီလည်း ထိုအမျိုးသမီးကို သံသယမျက်လုံးများဖြင့် ကြည့်ပြီးပြောလိုက်သည်။ "ဟုတ်ပါတယ်...ကျွန်မတို့က...ကုဆွေ့ဆွေ့လေးရဲ့ပရိသတ်တွေပါ...ဘာကိစ္စရှိလို့လဲမသိဘူးနော်"။


"ကျွန်မနာမည်က...ချင်းယုဝန်ပါ....အစ်ကိုလုချီရဲ့ပရိသတ်တစ်ယောက်ပါ"။ ထိုအမျိုးသမီးက ဖော်ဖော်ရွေရွေနှင့်သူ(မ)ကိုယ်သူ(မ)မိတ်ဆက်လာသည်။


ဆွေ့ဆွေ့နှင့်အတူတွဲရိုက်ထားသောလုချီ၏ဝေပေါ့်ပို့စ်တစ်ခုကိုမျက်စိထဲမြင်ယောင်လာသောအခါ လွီလီတစ်ယောက် အနည်းငယ်စိတ်သက်သာရာရသွားသည်။ သို့သော်တစ်စုံတစ်ခုကိုဆက်စပ်တွေးမိလိုက်သောအခါ သူ(မ)၏မျက်ဝန်းထဲတွင်စိုးရိမ်ထိလန့်မှုအရိပ်အယောင်တို့ဖြတ်ပြေးသွားပြန်သည်။ "နေပါဦး...ဒီကညီမလေးက...အစ်ကိုလုချီရဲ့ပရိသတ်ဆိုရင်...ကျွန်မတို့ဆီကိုဘာလာလုပ်တာလဲဟင်...ဆွေ့ဆွေ့လေးနဲ့မဆိုင်ဘူးမဟုတ်လား"။


လွီလီကိုယ်တိုင်လည်း စတိုင်လစ်တစ်ဦးအနေ


ဖြင့် အနုပညာလောကထဲတွင်ကျင်လည်နေသူဖြစ်ရာ ပရိသတ်တို့၏စိတ်နေသဘောထားကိုကောင်းကောင်းသိသည်။ မိမိအိုင်ဒေါကိုအခြားအမျိုးသမီးအနုပညာရှင်တစ်ယောက်နှင့်တွဲတွေ့လိုက်ရလျှင် အလွန်မနာလိုဖြစ်တတ်ကြသည်။ မိမိအိုင်ဒေါ၏အရေးပေးခြင်းခံရသူများအပေါ် သဝန်တိုကြသည်။ လုချီက ဆွေ့ဆွေ့ကိုသည်းသည်းလှုပ်ချစ်ပြသောကြောင့် လုချီ၏ပရိသတ်များအနေဖြင့် ဆွေ့ဆွေ့အပေါ်အနည်းနှင့်အများ မနာလိုဖြစ်ပြီးအမြင်ကပ်နေကြပေလိမ့်မည်။ ထို့ကြောင့် ယခုလိုချဥ်းကပ်လာခြင်းက သံသယဝင်ဖွယ်ကောင်းသည် မဟုတ်လား။


"အစ်မအထင်မမှားပါနဲ့....ကျွန်မက...အစ်ကိုလုချီရဲ့ပရိသတ်လည်းဟုတ်သလို...ဆွေ့ဆွေ့လေးကိုလည်းချစ်ပါတယ်...အခုလည်းဒီဖန်ကလပ်ထဲဝင်ချင်လို့လာစုံစမ်းကြည့်တာလေ"။ ချင်းယုဝန်က သူ(မ)၏အတွေးများကိုသိသည့်နှယ် အလျင်အမြန်ရှင်းပြလာသည်။


ထိုအခါမှ လွီလီလည်းပြုံးနိုင်တော့သည်။ "အင်း...အစ်မလည်းအစိုးရိမ်လွန်ပြီးပြောလိုက်မိတာပါ...စိတ်မရှိပါနဲ့နော်...ဆွေ့ဆွေ့လေးရဲ့ပရိသတ်မှန်သမျှကို...အစ်မတို့ဖန်ကလပ်ကကြိုဆိုလျက်ပါ"။


"ကျွန်မနာမည်က...လွီလီပါ...ဆွေ့ဆွေ့လေးဖန်ကလပ်ရဲ့...ဒုခေါင်းဆောင်ပါ...တွေ့ရတာဝမ်းသာပါတယ်နော်"။


"တကယ်တော့...ဆွေ့ဆွေ့လေးရဲ့ပရိသတ်အင်အားက...ဒီလောက်ကြီးများမယ်လို့ကျွန်မမထင်ထားခဲ့မိဘူး"။ ချင်းယုဝန်ကအံ့အားသင့်စွာဖြင့်ပြောလာသည်။


"အစကတော့...ဖန်ကလပ်အသင်းဝင်တွေက...ဒီလောက်အက်အားမများသေးဘူး...ကလေးငယ်နှင့်ခရီးသွားခြင်းရသစုံရှိုးကြောင့်...ဒီလောက်အထိပရိသတ်တိုးလာတာပါ...ဒါပေမဲ့တစ်မိုးအောက်...လျှမ်းလျှမ်းတောက်လုချီကိုတော့ဘယ်မှီဦးမလဲကွယ်"။


"ဆွေ့ဆွေ့လေးက...အနာဂတ်မှာဒီထက့်ပိုအောင်မြင်ပြီး...ပရိသတ်တွေလည်းပိုများလာဦးမှာ...ပြည်သူ့အချစ်တော်လေးဖြစ်လာမှာပါ"။ ချင်ယုဝန်က လက်သီးလက်မောင်းတန်းရင်း တပ်အပ်သိသလိုပြောလာသည်။ လွီလီလည်း ပေါက်စလေးအပေါ်ယုံကြည်သည်။ အားပေးရကျိုးနပ်ကာ သူ(မ)၏ပရိသတ်များကိုလူပုံအပေါ်ဂုဏ်ယူဝံ့ကြွားစေမည့် အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်လာမည်မှာမလွဲမသွေပင်။


မြို့တော်၏ XX ပလာဇာပထမထပ်တွင် ယခုအခါ "တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ ပိုစတာကြီးများ အများအပြားကပ်ထားသည်။ ဇာတ်ဆောင်များ၏ တစ်ဦးတည်းပိုစတာအချို့နှင့် ဇာတ်လိုက်သရုပ်ဆောင်အားလုံး၏ ပိုစတာများလည်းပါရှိသည်။


"တိမ်မြှုပ်နေသော" ရုပ်ရှင်၏အဓိကဇာတ်လမ်းဇာတ်ကွက်မှာ အမျိုးသားဇာတ်လိုက်အသားပေးဇာတ်လမ်းမျိုးဖြစ်ပြီး သည်းထိတ်ရင်ဖိုအက်ရှင်ဆန်ဆန်လက်စားချေသည့်ဇာတ်ကွက်မျိုးဖြစ်ရာ ဇာတ်ဆောင်မင်းသားနှင့်မင်းသမီးကြား ရိုမန့်တစ်ဆန်ဆန်အနမ်းခန်းများပါသည့်ဇာတ်ဝင်ခန်းများလည်း မပါပေ။ ထို့ကြောင့် ပရိသတ်အများစုမလိုလားသော ရှုပ်ရှုပ်ရှက်ရှက်ကောလဟလမျိုး ထွက်ပေါ်လာစရာအကြောင်းမရှိပေ။ အထူးသဖြင့်လုချီနှင့်ဖူရင်းယွီတို့နှစ်ဦးလုံးမှာ ရိုက်ကူးရေးလုပ်နေစဥ်အတောအတွင်းမှလွဲ၍ ပြင်ပပရိုမိုးရှင်းပွဲများတွင်ဖြစ်စေ ကင်မရာနောက်ကွယ်တွင်ဖြစ်စေ ရင်းနှီးလှသောဆက်ဆံရေးမျိုးမရှိသလို မေးခွန်းခေါ်ပြောပင်မရှိကြချေ။ ထို့ကြောင့် ပရိသတ်များမှာလည်း သူတို့နှစ်ယောက်အတွက်အထူးတလှယ်စိတ်ပူနေစရာမလိုပေ။