အပိုင်း ၈၉
Viewers 15k

Chapter 89


"တိမ်မြှုပ်နေသော" ရုပ်ရှင်ကားကြီး၏ ပရိသတ်ကမ်န်ပိန်းတွင် သရုပ်ဆောင်အနုပညာရှင်များနှင့်အနီးကပ်ပြောဆိုဆွေးနွေးရန် ပရိသတ်ငါးဦးကို ကျပန်းရွေးချယ်မည်ဖြစ်မည်။


ရွေးချယ်ခံရသည့်ပရိသတ်များက သူတို့ကြိုက်နှစ်သက်သည့်သရုပ်ဆောင်မင်းသား မင်းသမီးများကို မေးခွန်းများမေးနိုင်သည်။ သို့မဟုတ် အလိုရှိရာသင့်တော်သည့် တောင်းဆိုချက်တစ်ခုပြုနိုင်သည်။


လုချီ၏မိန်းကလေးပရိသတ်တစ်ဦးမှာ စင်ပေါ်သို့တက်လာရန် ပထမဆုံးရွေးချယ်ခံရသူဖြစ်သည်။


စင်ပေါ်သို့တက်လာချိန်တွင် သူ(မ)က သိသိသာသာအလွန်စိတ်လှုပ်ရှားနေသည်။ ထို့နောက် အနည်းငယ်တုန်ယင်နေသော အသံဖြင့်မိုက်ခရိုဖုန်းကိုကိုင်ကာ မေးလာသည်။ "အစ်ကိုလု....အစ်ကို့ရဲ့ စိတ်ကူးထဲကလက်တွဲဖော်မိန်းကလေးက ဘယ်လိုပုံစံလဲဆိုတာ သိချင်ပါတယ်"။


သူ(မ)၏မေးခွန်းကြောင့် စင်အောက်ကပရိသတ်များလည်း အသံကျယ်လောင်စွာထွက်လာသည်။ လုချီ၏အဖြေကိုသိချင်နေကြသောကြောင့် အရှေ့သို့တတ်နိုင်သမျှတိုးကာ နားစွင့်နေကြသည်။


ဤသို့သောမေးခွန်းမျိုးမှာ အိမ်ထောင်မပြုရသေးသော လူပျိုလူလွတ်အနုပညာရှင်များကို ပရိသတ်များကမကြာခဏမေးတတ်သည့်မေးခွန်းမျိုးဖြစ်သည်။


ထို့ကြောင့် ထိုမေးခွန်းမျိုးမေးလာသည့်အခါ လုချီလည်းအံ့သြမနေတော့ပေ။ သူကပြုံးရင်းပြန်ဖြေလိုက်သည်။ "ကျွန်တော်...အဲဒီကိစ္စကိုမစဥ်းစားရသေးဘူး...လောလောဆယ် အနုပညာနဲ့ပတ်သတ်တဲ့အလုပ်တွေပဲ ကျွန်တော့်ခေါင်းထဲမှာအပြည့်ရှိနေတာဆိုတော့...အဲ့လိုတွေစဥ်းစားဖို့ အချိန်မရှိသေးပါဘူး...ညီမအဆင်ပြေရင်...နောက်မေးခွန်းမေးလို့ရပါတယ်"။


"ဒါဆိုမေးမယ်နော်...အစ်ကိုလု...ညီမကရော


အစ်ကို့ရဲ့စိတ်ကူးထဲက လက်တွဲဖော်မိန်းကလေးပုံစံမျိုးဖြစ်ရဲ့လား"။ ထိုမိန်းကလေးက စိတ်အားထက်သန်စွာဖြင့် လုချီအားမေးလာသည်။


ထိုပရိသတ်လေးနှင့်လုချီတို့ စကားအနည်းငယ်ထပ်ပြောပြီးနောက် အချိန်ပြည့်သွားသဖြင့် ရိုက်ကူးရေးအဖွဲ့မှ အထူးတလှယ်ပြင်ဆင်ထားသောလက်ဆောင်များပေးကာ စင်အောက်သို့ဆင်းခိုင်းလိုက်သည်။ ထို့နောက် အခြားအရွေးခံရသည့်ပရိသတ်သုံးယောက်လည်း ၎င်းတို့၏အိုင်ဒေါများနှင့်ဖက်လှဲတကင်းစကားပြောကြပြီး ဓာတ်ပုံများရိုက်ကာ အသီးသီးပြန်ဆင်းသွားကြသည်။


ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးရွေးချယ်ခံရသူမှာ ချင်းယုဝန်ဖြစ်သည်။ သို့သော် ပြဿနာမှာ သူ(မ)က လုချီ၏ပရိသတ်လည်းဖြစ်သလို ကုဆွေ့ဆွေ့၏ပရိသတ်လည်းဖြစ်သည်။ ထို့ကြောင့် မည်သူ့ကိုရွေးရမည်မသိပဲ စင်ပေါ်တွင်တိုင်ပတ်နေသည်။ 


"ကြည့်ရတာ...ကျွန်တော်တို့ရဲ့ပရိသတ်လေးက...ဘယ်သူ့ကိုဘာမေးရမလဲဆိုတာ...မဆုံးဖြတ်ရသေးဘူးနဲ့တူတယ်...အေးဆေးစဥ်းစားပါနော်...ကိစ္စမရှိဘူး"။


ကုဆွေ့ဆွေ့နှင့်လုချီတို့ကြား သူ(မ)၏စိတ်တို့လွန်ဆွဲနေချိန်တွင် သူ(မ)အား မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် စူးစမ်းစွာကြည့်လာသော ကလေးငယ်လေးကြောင့် ဆုံးဖြတ်ချက်ဒုံးဒုံးချနိုင်သွားသည်။ "ကျွန်မ...ဆွေ့ဆွေ့လေးနဲ့စကားပြောချင်ပါတယ်"။


သူ(မ)၏စကားကြောင့် အစီအစဥ်တင်ဆက်သူက အနည်းငယ်အံ့သြသွားပုံရသည်။ "ဝိုး...ဒါဆို...ညီမလေးကဆွေ့ဆွေ့ရဲ့ပရိသတ်ပေါ့နော်"။


သူ(မ)၏ပရိသတ်ဟုကြားလိုက်ရသောအခါ ဆွေ့ဆွေ့လေးက ခေါင်းထောင်ကြည့်လာသည်။ မျက်လုံးလေး ပေကလတ် ပေကလတ်နှင့်ဘုမသိဘမသိကြည့်နေသော ကလေးငယ်လေး၏အမူအရာက လူတိုင်း၏နှလုံးသားကိုအရည်ပျော်ကျသွားစေနိုင်သည်။ ချင်းယုဝန်လည်း ထိုနေရာတွင်ပင် ကြက်သေသေကာ ကြောင်အအနှင့် ငေးကြည့်နေမိသည်။


စင်ပေါ်ရောက်လာပြီး ဘာမေးခွန်းမှမမေးပဲ ကြောင်ရပ်နေသော သူ(မ)ကို အစီအစဥ်တင်ဆက်သူက နာရီတကြည့်ကြည့်နှင့် သတိပေးလာသည်။ "ညီမလေးရေ...ဆွေ့ဆွေ့ကိုမေးချင်တဲ့မေးခွန်းမေးလို့ရပါတယ်နော်...လက်မှတ်ထိုးခိုင်းချင်ရင်လည်းရတယ်...ဒါမှမဟုတ် ဓာတ်ပုံတွဲရိုက်ချင်လား"။


ချင်းယုဝန်လည်း တစ်ခဏမျှစဥ်းစားပြီးနောက် ပြန်ပြောလိုက်သည်။ "ဒါဆိုရင်...ကျွန်မဆွေ့ဆွေ့လေးရဲ့ပါးကိုနမ်းချင်ပါတယ်...ရလားရှင့်"။ သူ(မ)၏ရုတ်တရက်တောင်းဆ်ိုချက်ကြောင့် အစီအစဥ်တင်ဆက်သူလည်း ကြောင်တောင်တောင်ဖြစ်သွားသည်။ 


"အင်း...ဒီကညီမလေးရဲ့တောင်းဆိုချက်က...နည်းနည်းစည်းကျော်သလိုဖြစ်နေတာမလို့...ကာယကံရှင်ကိုခွင့်တောင်းပြီးမှ...လုပ်လို့ရမယ်ထင်တယ်"။


"ကဲ...ဆွေ့ဆွေ့လေးရေ...ဒီမမကသမီးကိုအာဘွားပေးချင်လို့တဲ့...သမီးခွင့်ပြုနိုင်မလား"။


ကုဆွေ့ဆွေ့အားသူ(မ)အားအတန်ငယ်ကြာအောင် မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ငေးကြည့်နေပြီးမှ ပြုံးတုံ့တုံ့လေးနှင့်ခေါင်းညိမ့်ပြလာသည်။ "ဟုတ်...ရပါတယ်ရှင့်"။


ချင်းယုဝန်တစ်ယောက် ဆွေ့ဆွေ့၏အတည်ပြုလက်ခံမှုအပြီးတွင်အပျော်လွန်ပြီးနေရာမှပင်မနည်းရွေ့ယူရသည်။ တစ်သက်မှတစ်ခါရသည့်အခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာ ကလေးငယ်၏ပါးပြင်ကိုအကြာကြီးဖိကပ်နမ်းပစ်သည်။ 


အစီအစဥ်တင်ဆက်သူမှသတိပေးလိုက်သောအခါမှ အင်တင်တင်နှင့်ပြန်ခွာလိုက်ရသည်။ စင်အောက်သို့ပြန်ဆင်းသည့်တစ်လျှောက်လုံးတွင်လည်း လူကလေပေါ်လွှင့်နေသကဲ့သို့ခံစားရသည်အထိသူ(မ)အပျော်လုံးစို့နေသည်။


"ဒုခေါင်းဆောင်မမလွီလီရေ...တွေ့လိုက်ရဲ့လား...အခုလေးတင်...ကျွန်မဆွေ့ဆွေ့လေးရဲ့ပါးကို...နမ်းလာခဲ့ရတာ...ပေါက်စလေးကအရမ်းချစ်ဖို့ကောင်းတာပဲ"။ ချင်းယုဝန်မှာစိတ်လှုပ်ရှားလွန်းသောကြောင့် အနီးအနားရှိလူတိုင်း၏လက်ကိုဆွဲကိုင်ပြီး ဂုဏ်ယူဝံ့ကြွားစွာပြောနေတော့သည်။


"မမလွီလီ...ကျွန်မကိုလည်းဝီချတ်ထဲထည့်ပေးပါနော်...နောက်ပိုင်းကျရင်...ဆွေ့ဆွေ့လေးနဲ့ပတ်သတ်တဲ့ဖန်ကလပ်လှုပ်ရှားမှုတွေဘာတွေရှိရင်လည်း...ခေါ်ပါဦး...ငွေရေးကြေးရေးကိစ္စအတွက်ဆိုရင်လည်းစိတ်မပူနဲ့...ကျွန်မကိုသာပြောလိုက်...အားလုံးအဆင်ပြေသွားစေရမယ်"။


"ဟုတ်ပါပြီ...အခုချက်ချင်းညီမကိုဝီချတ်ထဲ


ထည့်ပေးလိုက်မယ်နော်...အခုလိုဆွေ့ဆွေ့လေးကိုချစ်ပေးတဲ့အတွက်လည်းကျေးဇူးပါ"။ သူ(မ)တို့ပရိသတ်စစ်စစ်များပင်လျှင် မထိရက်မကိုင်ရက်ခဲ့သော ပေါက်စလေး၏နူးနူးညံ့ညံ့ပါးပြင်ကို ပယ်ပယ်နယ်နယ်နမ်းချသွားသည့်ချင်းယုဝန်ကို လွီလီမနာလိုဖြစ်မိသော်လည်း ဖန်ကလပ်ထဲတွင်အဖွဲ့ဝင်အသစ်တိုးလာသောကြောင့် ဝမ်းသာရပြန်သည်။ 


ချင်းယုဝန်၏ဝတ်စုံကိုကြည့်ရုံနှင့်ချမ်းသာသောအသိုင်းအဝိုင်းမှဆင်းသက်လာသူတစ်ယောက်မှန်းသိနိုင်သည်။ မည်သို့ပင်ဆိုစေ သူ(မ)တို့ဖန်ကလပ်ထဲတွင် ငွေကြေးတတ်နိုင်သူနည်းပါးသောကြောင့် ချင်းယုဝန်ကဲ့သို့သူဌေးတစ်ယောက် လိုအပ်နေသည်မှာအမှန်ပင်။


တစ်ချိန်တည်းတွင်...


ယူနန်မြို့စွန်မြို့ဖျားတစ်နေရာတွင်ရောက်နေသော ကုကျန်းနျန်မှာသွေးထွက်လွန်နေသောပုခုံးဒဏ်ရာကိုလက်ဖြင့်ဖိထားရင်း ပုန်းခိုရန်နေရာအမြန်ရှာနေရသည်။


ထို့နောက် ရုတ်တရက်ဆိုသလိုလူတစ်ဦးက သူ့ဘေးသို့ရောက်လာကာ မြေပြင်ပေါ်သို့လဲကျသွားသည်။ ကုကျန်းနျန်မှာထခုန်မတတ်လန့်သွားရသည်။ ထိုလူက သူ့ထက်ဒဏ်ရာပြင်းထန်ပုံရသည်။


ဘေးဘီဝန်းကျင်ကိုဝေ့ကြည့်လိုက်ရာ လူအရိပ်အယောင်ကိုမတွေ့ရသောအခါမှ ကျကျန်းနျန့်လည်း မြေပြင်ပေါ်တွင်ပုံလျက်သားလဲကျနေသော ထိုလူကိုဂရုတစိုက်ကြည့်လိုက်မိသည်။ ကံကောင်းသည်က ကျည်ဆန်မှာထိုလူ၏နှလုံးသို့တိုက်ရိုက်မထိမှန်ပဲ ပွတ်ကာသီပါလေးရှပ်ပြေးသွားသည်။ သွေးထွက်မလွန်ခင် ကျည်ဆန်တောင့်ကိုဖယ်ရှားလိုက်ပါက ထိုလူအသက်ရှင်နိုင်သေးသည်။


"အစ်ကိုကြီး...သိပ်ပြီးမလှုပ်နဲ့...ဒဏ်ရာကအရမ်းနက်တယ်...ကျွန်တော်ဆေးရုံခေါ်သွားပေးမယ်"။


ကုကျန်းနျန့်က သတိလည်တစ်ချက်မလည်တစ်ချက်ဖြစ်နေသော ထိုလူကိုပြောလိုက်သည်။


ထိုလူက သွေးများအဆက်မပြတ်အန်ထွက်လာပြီး ခက်ခက်ခဲခဲအသက်ရှူနေရသည့်ကြားက ကုကျန်းနျန့်အားမေးခွန်းထုတ်လာသည်။ "လောင်ကျူ...ငါ့ကိုအမှန်အတိုင်းပြောပြစမ်းပါ...လွန်ခဲ့တဲ့နှစ်ရက်...မနက်ပိုင်းလောက်တုန်းက...မက်းဘယ်သွားနေခဲ့တာလဲ"။


လွန်ခဲ့သောနှစ်ရက်ဟူသောအခိုက်အတန့်မှာ ယူနန်တွင် "ကလေးငယ်နှင့်ခရီးသွားခြင်း" အစီ


အစဥ်ကိုရိုက်ကူးနေဆဲအချိန်ဖြစ်သည်။