အပိုင်း ၉၀
Viewers 15k

Chapter 90


သေနတ်တစ်လက်မှထွက်လာသော ကျည်


တောင့်က ကုကျန်းနျဲ့၏ရင်ဘတ်တည့်တည့်သို့ထိုးဖောက်ဝင်သွားသည်။


ကုကျန်းနျဲ့၏မျက်ဝန်းများကစူးရဲနေပြီး သူ့ခါးတစ်ဝိုက်ရှိ ဓားမြှောင်ကိုလက်ဖြင့်စမ်းလိုက်သည်။ ထို့နောက် တတိယလူထံသို့လှည့်ကာသြရှရှအသံဖြင့်ပြောလိုက်သည်။ "အစ်ကိုကြီး..အဲဒီမနက်တုန်းက ကျွန်တော်ဝယ်စရာလေးရှိလို့အပြင်ထွက်ခဲ့တာပါ...သူလည်း အဲ့ကိစ္စကိုသိတာပဲ...သူကျွန်တော့်အတွက် ဝင်ပြောပေးလို့ရတယ်"။


ထိုလူက သူ့အပေါ်သံသယဝင်နေပြီလား? သို့မဟုတ် သူ့သမီးလေးကိုတွေ့ရန်လေဆိပ်သို့သွားသည်ကို ထိုလူများမြင်သွားလေသလား?


ကုကျန်းနျဲ့၏မျက်ဝန်းတို့ညှိုးကျသွားပြီး ခံစားချက်အရိပ်အယောင်မျိုးစုံဖြတ်ပြေးသွားသည်။


ခြေလှမ်းပျက်နေသည့်သူကို အကြောင်းစုံမသိရသေးသော်လည်း ရိပ်မိနေသောကြောင့်သာအစ်အောက်မေးနေခြင်းဖြစ်ပေလိမ့်မည်။ သေချာပေါက်သာသိသွားလျှင် သူ့ကိုမေးနေမည်တောင်မဟုတ်။ တစ်ခါတည်းပစ်သတ်ပစ်


လိမ့်မည်။


 သူ့သမီးလေးကို လေဆိပ်တွင်တိတ်တဆိတ်သွားတွေ့စဥ်က အနီးတစ်ဝိုက်ပတ်ဝန်းကျင်ကို သူဂရုတစိုက်အာရုံစိုက်ခဲ့သည်။ သမီးဖြစ်သူကို အန္တရာယ်တောထဲမတွန်းပို့မိစေရန် အသေအချာဂရုတစိုက်နေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် သူ့ကိုနောက်ယောင်ခံလိုက်နေသူ တစ်စုံတစ်ယောက်ကိုမှမတွေ့ခဲ့ရချေ။


အမြဲတမ်းတည်ငြိမ်ပြီး တည်တံ့နေတတ်သော ကုကျန်းနျဲ့တစ်ယောက် ယခုမူသူ့သမီးကိစ္စကြောင့် တစ်စစီပြိုလဲနေပြီ။


"မင်းလိမ်နေတာ"။ သက်လတ်ပိုင်းလူကြီးတစ်ယောက်က ပစ်စတိုသေနတ်ကိုမောင်းတင်လိုက်ရင်း ဆွေးမြေ့နေသောအသံဖြင့်ပြောသည်။ "အဲ့နေမနက်ခုနစ်နာရီတည်းကမင်းထွက်သွားတာလေ...ဒါပေမဲ့ ဆယ်နာရီထိုးတဲ့အထိမင်းပြန်မရောက်လာဘူး...လမ်းတစ်ဝက်လောက်မှာ မင်းတစ်ခြားလမ်းကနေသွားတယ်...ဘယ်တွေများဝယ်နေလို့ သုံးနာရီလုံးလုံးအချိန်ကုန်သွားရတာလဲ...ငါတို့အကြောင်းတွေကို သွားဖော်နေတာမဟုတ်လား"။


ကုကျန်းနျန့်ကတိတ်ဆိတ်နေပြီး တစ်ခွန်းမှပြန်မပြောချေ။ 


"လောင်ကျူ...မင်းငါတို့ကိုသစ္စာဖောက်တာလား


ပြောစမ်း...တစ်ခြားအဖွဲ့ကမင်းကိုဘယ်လောက်ပေးလိုက်လို့လဲ"။


"အစ်ကိုကြီး...ကျွန်တော့်ကိုအထင်လွဲနေပြီထင်တယ်...အဲဒီနေ့တုန်းက...ကျွန်တော်မောင်းသွားတဲ့ကားက...လမ်းတစ်ဝက်မှာပျက်သွားလို့...ပြင်နေရင်းအချိန်ကြာသွားတာပါ....ပြီးတော့မြို့ရဲ့တောင်ဘက်ပိုင်းမှာယာဥ်တိုက်မှုဖြစ်နေတဲ့အတွက်...မြို့ရှောင်လမ်းကနေလမ်းလွဲပြီးသွားလိုက်ရတာပါ...ရဲတွေလည်းရှိနေတာဆိုတော့...မတော်လို့များ...အစစ်အဆေးလုပ်နေတာနဲ့တိုးမှုစိုးလို့...ရှောင်ကွင်းပြီးသွားနေရတာလေ"။


"မင်းပြောနေတာတွေကအမှန်တွေပဲလား...ငါတို့ကိုတကယ်သစ္စာမဖောက်ခဲ့ဘူးလား"။


ကုကျန်းနျန့်တစ်ယောက် မျက်လုံးများကိုစုံမှိတ်လိုက်ရင်း အကူအညီမဲ့စွာဖြင့်ပြောလိုက်သည်။ "အစ်ကိုပြောသလို...ကျွန်တော်သာ...တစ်ခြားအဖွဲ့နဲ့ပူးပေါင်းလိုက်မယ်ဆိုရင်...အခုလိုထွက်ပြေးနေမှာတောင်မဟုတ်ဘူး...အစ်ကိုတို့ကိုလည်းသူတို့လက်ထဲအပ်ပစ်လိုက်မှာပေါ့...ဘယလို့ဒီလိုတွေလုပ်နေရမှာတုန်း"။


ထိုလူက တစ်ခဏမျှတွေဝေနေပြီး သေနတ်ကိုပြန်သိမ်းကာ ပြောလာသည်။ "ငါတောင်းပန်ပါတယ်...လောင်ကျူ...စိတ်လောမိသွားလို့ပါ...မင်းလည်းသိတဲ့အတိုင်းပဲ...ဒီတစ်ခေါက်ကိစ္စကတော်တော်လေးအရေးကြီးတယ်လေ...တစ်ခုခုမှားသွားတာနဲ့....မင်းရောငါရော


နှစ်ယောက်လုံးသေမှာ"။


"အစ်ကိုကြီး...အခုအရေးအကြီးဆုံးက...ကျွန်တော်တို့နှစ်ယောက်လုံး...ဘေးကင်းကင်းနဲ့ရောက်အောင်ပြန်ကြမယ်...ပြီးတော့


တကယ့်သစ္စာဖောက်ကိုဖမ်းကြရအောင်"။


ထိုလူက အပြင်းအထန်ဒဏ်ရာရထားသောကြောင့် ဆက်တိုက်ဆိုသလိုသွေးများအန်ထွက်ပြီး သတိလစ်ကာမေ့လဲသွားသည်။ ထိုအခါမှ ကုကျန်းနျန့်တစ်ယောက် ထိုလူ့ရှေ့တည့်တည့်တွင်ဆောင့်ကြောင့်ထိုင်ချကာ နှလုံးနေရာသို့ ပစ္စတိုသေနတ်နှင့်ချိန်ရွယ်လိုက်သည်။


"လောင်ကျူ...မင်းသူ့ကိုသတ်လို့မဖြစ်ဘူး"။ သေနတ်မောင်းတင်လိုက်သည့်အခိုက်အတန့်တွင် လူကြီးတစ်ယောက်က ကုကျန်းနျန့်ဘေးသို့ရောက်ချလာကာ အသည်းအသန်တားဆီးတော့သည်။


ကုကျန်းနျန့်၏မျက်ဝန်းများမှာ အေးစက်နေပြီးရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များနှင့်ပြည့်နှက်နေသည်။ "အခုသူ့ကိုမသတ်ရင်...သူက


ဘော့စ်ဆီပြန်သွားပြီး...အဲဒီနေ့ကဖြစ်ပျက်ခဲ့တာမှန်သမျှကိုအကုန်ပြောပြလိမ့်မယ်"။ အနည်းဆုံး ဖခင်တစ်ယောက်အနေနှင့် သမီးလေးကို ကု


ကျန်းနျန့် အမှန်တကယ်ဘေးကင်းစေချင်သည်။ သူ့သမီးအပေါ်တာဝန်မကျေပွန်ခဲ့သမျှ ပြန်ပေးဆပ်ချင်သေးသည်။


"လောင်ကျူ...အခုမင်းသူ့ကိုသတ်လိုက်ရင်လည်း...ဘော့စ်က...မင်းကိုသစ္စာဖောက်လို့ထင်သွားမှာပဲ...အဲ့လိုဆိုရင်သူမင်းကိုအလွတ်ပေးမယ်ထင်သလား"။


"ကျွန်တော်...ဂရုမစိုက်ဘူး"။


"လောင်ကျူ...မင်းစဥ်းစားပါဦးကွာ...မင်းရဲ့သမီးလေးက...မင်းကိုစောင့်နေတယ်လေ...မင်းကိုအိမ်ပြန်လာဖို့မျှော်လင့်နေတာ....အဖေမရှိတဲ့သူ့အနာဂတ်က...တစ်ခြားကလေးတွေလို...ပြည့်စုံနိုင်မယ်လို့ထင်သလား"။


ထိုစကားကိုကြားသည်နှင့် ကုကျန်းနျန့်၏လှုပ်


ရှားမှုတို့ရပ်တန့်သွားသည်။ သူ့သမီးက သူ၏အကြီးမားဆုံးအားနည်းချက်တစ်ခုဖြစ်မှန်း ဖူဟန်ရှန်သိသည်။ ထို့ကြောင့် အရဲစွန့်ကာဆက်ပြောလိုက်သည်။


"လောင်ကျူ...မင်းအိမ်က...ထွက်လာခဲ့တုန်းက


မင်းရဲ့သမီးကအရမ်းငယ်သေးတယ်မဟုတ်လား...သူမင်းကိုဖေဖေလို့ခေါ်ဖို့တစ်ခါမှအခွင့်အရေးမရခဲ့ဘူးလေ...ဖေဖေဆိုပြီးခေါ်နေတဲ့မင်းသမီးရဲ့အသံကို...မင်းမကြားချင်တော့ဘူးလား"။


ကုကျန်းနျန့်၏မျက်ဆံနက်တို့က အနည်းငယ်လှုပ်ရှားသွားသည်။ သို့သော်သေနတ်ကိုကိုင်ထားသောသူ့လက်တို့က ပို၍တင်းကြပ်လာသည်။ "ကျွန်တော်...အခုသူ့ကိုမသတ်ရင်...ကျွန်တော့်မိသားစုဒုက္ခရောက်လိမ့်မယ်...အဲ့လိုအဖြစ်မခံနိုင်ဘူး"။


"ငါမင်းကိုကူညီပါ့မယ်...မင်းမိသားစုကိုငါကာကွယ်ပေးမယ်လေ"။ ထိုစကားကို ဖူဟန်ရှန်စိတ်ရင်းအမှန်အတိုင်းပြောလိုက်ခြင်းဖြစ်သည်။


"ဟင့်အင်း....ကျွန်တော်မယုံဘူး...ဘယ်သူ့ကိုမှမယုံနိုင်ဘူး"။ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းနှင့်အခြားအကြီးစားဂိုဏ်းကဲ့သို့ အမှောင်လောကထဲတွင် အချိန်အတန်ကြာ ကျင်လည်ကျက်စားခဲ့သူဖြစ်ရာ သူဘယ်သူ့ကိုမှလွယ်လွယ်မယုံရဲပေ။


ဖူဟန်ရှန်က သက်ပြင်းချရင်းဆက်လက်ဖျောင်းဖျသည်။ "ဟုတ်ပြီ...စိတ်အေးအေးထားလောင်ကျူ...ငါပြောပြမယ်...ဒီကိစ္စတွေအကုန်လုံးကို...ငါဖြေရှင်းလိုက်မယ်...မင်းကိုယ်တိုင်လုပ်စရာမလိုဘူး...ကိစ္စတွေဒီ့ထက်ပိုမရှုပ်ခင်....နောက်ဆုတ်ပြီး...ငါ့ကိုလက်လွှဲလိုက်


ငါအကုန်တာဝန်ယူမယ်...ဟုတ်ပြီလား"။


ထိုအခါမှ ကုကျန်းနျန့်၏ဖိအားများအနည်းငယ်ပြေလျော့သွားပြီး လက်ထဲရှိသေနတ်ကို တဖြေးဖြေးအောက်သို့ချလိုက်သည်။ ဖူဟန်ရှန်လည်း ယခုမှ စိတ်အေးလက်အေးနှင့်သက်ပြင်းချနိုင်တော့သည်။ 


ဖူဟန်ရှန်က မူးယစ်ဆေးဝါးဂိုဏ်းထဲတွင် သူလျှိုအဖြစ်နေနေသော စုံထောက်တစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာဂိုဏ်းခေါင်းဆောင်၏လူယုံအဖြစ်နေလာရင်း မူးယစ်ဆေးလောကတစ်ခုလုံးကို အမြစ်မှဆွဲလှန်နိုင်အောင် သက်သေများကိုတစ်စ တစ်စစုဆောင်းနေသူပင်။ သက်သေများမပြည့်စုံမချင်း အရာရာတိုင်းကိုဂရုတစိုက်လုပိကိုင်ရမည်ဖြစ်သည်။