Chapter 93
ဆိုင်ရှိမီနူးများထဲမှ အစပ်ဆုံးအမဲသားဟော့ပေါ့ကိုစားပါက ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရနိုင်ကြောင်းကြားသောအခါ ခဲ့ကျင်းယန်တစ်ယောက် အစပ်နည်းနည်းလေးစားလိုက်သည်နှင့်ချွေးပြန်လာတတ်သောသူ့ကိုယ်သူမေ့ကာ ရဲရဲကြီးပြောလိုက်သည်။ "အေးလေ...အမဲသားလေးတစ်ကိုက်လောက်ပဲစားရမဲ့ဟာကို...ဘာတွေများ အဲ့လောက်ထိခက်ခဲနေတာလေ...စိန်ခေါ်တယ်"။
ဟော့ပေါ့ဆိုင်၏စားပွဲထိုးလေးက သူ့အားပြုံးပြကာ ဆိုင်မှကြိုတင်ပြင်ဆင်ပေးထားသောဟော့ပေါ့အိုးကိုယူလာသည်။ ခဲ့ကျင်းယန်လည်း အမဲသားကို ယူလိုက်ပြီး အိုးထဲသို့မချင့်မရဲနှစ်ထားလိုက်သည်။ မိနစ်ဝက်ခန့်ကြာပြီးနောက် ကျက်လောက်ပြီဖြစ်သည့်အမဲသားကို အိုးထဲမှပြန်ဆယ်ယူလိုက်သည်။
မျက်စိမှိတ်ကာ ပါးစပ်ထဲတန်းထည့်လိုက်ချိန်တွင် စူးရှလှသောအရသာကြောင့် သီးမတတ်ဖြစ်သွားသည်။
အမဲသားထဲတွင်ပျော်ဝင်နေသည့်အစပ်အရသာက သူစားဖူးခဲ့သည့်အစပ်အရသာထက်ပင် ပိုဆိုးနေသေးသည်။ လည်ချောင်းကိုတစ်ယောက်ယောက်က ဆွဲညှစ်ထားသကဲ့သို့စပ်လွန်းသဖြင့်နာပါနာလာသည်။ အစပ်စားလေ့စားထမရှိသောသူ့အတွက် ပို၍ပင်ဆိုးဝါးကာ ခံစားချက်ကစကားလုံးများနှင့်ပင်မဖော်ပြတတ်တော့ချေ။
"ရေ...ကျွန်တော့်ကိုရေလေးပေးပါ"။ သူ့ပါးစပ်ထဲရှိအမဲသားကို ခဲ့ကျင်းယန်ထွေးထုတ်ပစ်လိုက်ချင်သော်လည်း သူကိုယ်တိုင်စိန်ခေါ်ထားမိကြောင်းကို ရုတ်တရက်သတိရသွားသည်။ စကားကြီးစကားကျယ်များပြောထားခဲ့သောကြောင့် ဒီတိုင်းထွေးထုတ်ပြီးအရှုံးပေးလိုက်လျှင် အရှက်ကွဲပေလိမ့်မည်။ အခြားသူများနှင့်ကလေးများကလည်း သူ့ကိုကြည့်နေသော
ကြောင့် ခဲ့ကျင်းယန်သိက္ခာကျမခံနိုင်ပေ။
"ဟားဟားဟား...ရီရလွန်းလို့အူတက်နေပြီ...ကျင်းယန်ရဲ့မျက်နှာကိုကြည့်လိုက်ဦး
အရမ်းစပ်သွားတာနေမယ်"။
"ငါ့ယောကျာ်းက...အဲ့မြို့မှာနေတာဆိုတော့..သွားလည်တိုင်း...အဲဒီစားသောက်ဆိုင်မှာဝင်ထိုင်ဖြစ်တယ်...ဒါပေမဲ့ဟော့ပေါ့ကိုတော့လက်လန်သွားတယ်...စပ်လိုက်တာမှ...ရေဘယ်လောက်သောက်သောက်အစပ်မပြေဘူးဟေ့"။
"ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရဖို့အတွက်နဲ့...ငါတော့အဲ့လောက်စပ်တာကိုကြိတ်မှိတ်ပြီးစားမနေဘူး...ရိုက်ကူးရေးအဖွဲ့က...အဲ့သလောက်ထိလုပ်ခိုင်းစရာလိုလို့လား"။
"ဒါပေမဲ့...အဲဒီလိုတွေရိုက်ပြမှ...ပရိသတ်ကစိတ်ဝင်စားမှာပေါ့ဟဲ့...ဘာပဲဖြစ်ဖြစ်...ငါကတော့ကြိုက်တယ်...တစ်ပိုင်းနဲ့တစ်ပိုင်းမတူပဲ
ရိုက်ပြသွားတာလေးက...အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"။
"ငါလည်းသဘောတူတယ်...ဟော့ပေါ့အစပ်စားခိုင်းတာက....ခက်ခက်ခဲခဲအလုပ်မှမဟုတ်တာ...
အသက်နဲ့ရင်းပြီးထိခိုက်ဒဏ်ရာရအောင်လုပ်ခိုင်းတာလည်းမဟုတ်ဘူးလေ...ဖျော်ဖြေရေးပါဆို...ဒီလောက်တော့စတေးရမှာပေါ့"။
စပ်လွန်းသောအမဲသားကြောင့် ခဲ့ကျင်းယန်၏ လျှာတစ်ခုလုံးစပ်ဖျင်းဖျင်းဖြစ်လာပြီး ဆက်မစားတော့ပဲ တစ်ခဏတာမျှနားထားရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် စိန်ခေါ်မှုအောင်မြင်သွားပြီး ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရရုံသာမက ဟော့ပေါ့ဆိုင်ရှင်ကအထူးတလှယ်ပြင်ဆင်ပေးထားသော လက်ဆောင်များကိုလည်းရလိုက်သေးသည်။
ခဲ့ကျင်းယန်စိတ်ထဲတွင် ခိုင်မာသောဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ အမဲသားအစပ်ဟော့ပေါ့ကို သူဘယ်သောအခါမှ စားတော့မည်မဟုတ်ဟူ၍သာ။ စပ်လွန်းသော
ကြောင့် စားနေချိန်အတွင်းသူမျက်ရည်များပင်လည်လာသည်။ သို့သော် ရိုက်ကူးရေးလုပ်နေသည်ဖြစ်သောကြောင့် အတတ်နိုင်ဆုံးထိန်းချုပ်ထားရသည်။ ရိုက်ကူးရေးတစ်ဖြတ်နားသည်နှင့် စားပွဲပေါ်ရှိရေအေးများကို ပါးစပ်ထဲသို့ တရစပ်လောင်းချပစ်လိုက်သည်။
ခဲ့ကျင်းယန်လည်း ဟော့ပေါ့ဆိုင်မှထွက်လာပြီးနောက် လေကောင်းလေသန့်ရှူကာ ဆွေ့ဆွေ့နှင့်အတူ ရေခဲခြစ်ရောင်းသည့်လမ်းဘေးဆိုင်သေးသေးလေးသို့ ထွက်လာခဲ့သည်။
ဟော့ပေါ့ဆိုင်မှငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရထားသောကြောင့် တစ်ရာ့လေးဆယ့်ရှစ်ယွမ်ကုန်ကျမည့်အစား ခုနစ်ဆယ့်လေးယွမ်သာကျသင့်သည်။ ထို့ကြောင့် သူ့လက်ထဲတွင်ယွမ်တစ်ရာကျော်ခန့် အသားတင်ကျန်နေသေးသည်။ သို့သော် ရေခဲခြစ်က မဆိုစလောက်လေးစျေးကြီးနေသောကြောင့် ခဲ့ကျင်းယန်မှာပိုက်ဆံထုတ်သုံးရန် ချီတုံချတုံဖြစ်နေမိသည်။ သူဘယ်တုန်းကများပိုက်ဆံချွေတာတတ်သွားတာပါလိမ့်။
ရေခဲခြစ်ဆိုင်တွင်လည်း ရိုက်ကူးရေးအဖွဲ့၏စီ
စဥ်မှုအရမစ်ရှင်တစ်ခုလုပ်ရသေးသည်။ ဤတစ်ခေါက်တွင် ရေခဲမုန့်ဆိုင်ရှင်မှ ဆွေ့ဆွေ့နှင့်ခဲ့ကျင်းယန်အား ကိုယ်တိုင်ရေခဲခြစ်ခိုင်းသည်။
မစ်ရှင်အောင်လျှင် ပိုက်ဆံပေးစရာမလိုပဲ ရေခဲခြစ်တစ်ပွဲကို အလကားစားရမည်ဖြစ်သည်။ သို့သော် ရှုပ်ထွေးလှသောရေခဲခြစ်နည်းကြောင့် ခဲ့ကျင်းယန်မှာရေခဲမုန့်စားရင် ချက်ချင်းလက်လျှော့လိုက်တော့သည်။
အခြားရေခဲခြစ်ဆိုင်တစ်ဆိုင်တွင်မူ လင်းယိုနှင့်လင်းတုံတုံတို့သားအဖနှစ်ယောက် ကြိုးစားပမ်းစားရေခဲခြစ်ရန်ပြင်နေကြသည်။
"ဖေဖေ...သားရေခဲခြစ်နေတာကြာပြီ...မရလာဘူးရော်"။ လင်းတုံတုံက ဖခင်ဖြစ်သူအား စိတ်ပျက်လက်ပျက်ဖြင့်ပြောလာသည်။
"နည်းနည်းကြာကြာခြစ်ကြည့်ဖို့လိုသေးတာနေမှာ...ထပ်ကြိုးစားကြည့်ရအောင်"။ လင်းယိုကိုင်တိုင် ကြိုးစားပမ်းစားလုပ်ကြည့်နေသော်လည်း ကျွမ်းကျင်သူမဟုတ်သောကြောင့် ထို့ကြိုးသားမှုကအရာမထင်လာပေ။ သူတို့သားအဖနှစ်ယောက် ဤကဲ့သို့ဒုက္ခခံပြီးအသည်းအသန်ကြိုးစားနေရသည့်အကြောင်းရင်းမှာ အစောပိုင်းတွင် စားသောက်ဆိုင်တစ်ခုမှဟော့ပေါ့ဝင်စားနေချိန် တုံတုံက ဆိုင်ရှင်ဖြစ်သူ၏ အမြတ်တနိုးအလှပြထားသော တန်ဖိုးကြီးပန်းကန်ခွယ်ယောက်အချို့ကို မတော်တဆတိုက်ချမိပြီး ယွမ်ငါးဆယ်ခန့်အလျော်ပေးလိုက်ရသည်။
စားသောက်ဆိုင်မှပြန်အထွက်တွင် သူတို့လက်ထဲ အသားတင်ယွမ်လေးဆယ်ခန့်သာကျန်တော့သည်။ ယခုလည်း ရေခဲခြစ်မစ်ရှင်မအောင်မြင်လျှင် ငတ်ပေဦးမည်။
ဟော့ပေါ့နှစ်ပွဲနီးပါးစားပြီးနောက် ခဲ့ကျင်းယန်မှာ ဘာမှထပ်မစားနိုင်တော့လောက်အောင် ဗိုက်တင်းသွားသည်။ ဘာမြင်မြင်မြည်းကြည့်ချင်နေသော ဆွေ့ဆွေ့ပင်လျှင် ဗိုက်ပြည့်လွန်းနေသောကြောင့် ဘာဆိုဘာမှမစားချင်တော့ပေ။
အစာကြေစေရန်အလို့ဌာ နှစ်ယောက်သားလမ်းမထက်တွင် ဟိုဟိုဒီဒီလျှောက်ကြည့်ကြသည်။
တစ်နေရာအရောက်တွင် ရေပန်းကြီးတစ်ခုကိုတွေ့သောကြောင့် ဆွေ့ဆွေ့သဘောကျ နာရီဝက်ခန့်ဝင်ကစားခဲ့ကြသေးသည်။
ထို့နောက် အစာကြေသွားသဖြင့် ဗိုက်ပြန်ဖြည့်ရန် စီမြို့တော်တွင်နာမည်ကြီးလှသော ယုန်သားဟင်းလျာစားသောက်ဆိုင်သို့ ခြေဦးလှည့်ကြပြန်သည်။ ယုန်သားအစပ်ကြော် ၊ ယုန်ခြေထောက်အစပ်သုပ် ၊ ယုန်ခေါင်းဟင်းလျာစသည့် ဟင်းပွဲများနှင့်အထူးနာမည်ကြီးသောဆိုင်ဖြစ်သောကြောင့် ခဲ့ကျင်းယန်မှာအပြေးတစ်ပိုင်းသွားမိသည်။
ဆိုင်သို့ရောက်သွားချိန်တွင် ရိုက်ကူးရေးဝန်ထမ်းများနှင့်ကင်မရာသမားများကိုတွေ့လိုက်ရသောကြောင့် ခဲ့ကျင်းယန်ကြောင်အသွားမိသည်။ သေချာကြည့်လိုက်မှ သူ့ထက်အရင်ကြိုရောက်နေသော ချန်းရီတို့သားအဖနှင့်ကျန်းဟွီကျင်းတို့သားအမိကိုမြင်လိုက်ရသည်။ သူနှင့်ဆွေ့ဆွေ့ကိုတွေ့သောအခါ ချန်းရီနှင့်ကျန်ူဟွီကျင်းတို့က စားပွဲဝိုင်းမှထလာကာ လာနှုတ်ဆက်ကြသည်။
ခဲ့ကျင်းယန်လည်း သူတို့နှင့်အတူ တစ်ဝိုင်းတည်းဝင်ထိုင်လိုက်ရင်း မီနူးစာအုပ်ကိုလှမ်းကြည့်လိုက်သည်။ ထို့နောက် ယုန်သားအစပ်ကြော်ပွဲသေးတစ်ပွဲနှင့် ယုန်ခြေထောက်အစပ်သုပ်နှစ်ပွဲမှာယူလိုက်သည်။ ထမင်းဖြူနှစ်လုံးလည်းမှာလိုက်သေးသည်။
ချန်းရီက သူ့အနားသို့ကပ်လာရင်း ခပ်တိုးတိုးပြောလာသည်။ "ကျင်းယန်...ဘာလို့ယုန်ခေါင်းဟင်းပွဲကို...မစားကြည့်တာလဲ...ဒီဆိုင်ရဲ့အကောင်းဆုံးနဲ့အထူးခြားဆုံးအစားအသောက်က...ယုန်ခေါင်းပဲလေ...စီမြို့ကိုရောက်လာမှတော့...အနည်းဆုံးအဲဒီဟင်းပွဲကိုစမ်းစားကြည့်သင့်တယ်လေ"။
ယုန်ခေါင်းဟုဆိုလိုက်သည်နှင့် ခဲ့ကျင်းယန်မှာ ယုန်ဦးနှောက်နှင့်မျက်လုံးများကိုပါမြင်ယောင်လာမိပြီး အသည်းအသန်ခေါင်းခါငြင်းဆန်လေတော့သည်။ ထိုသို့သောအစားအစာမျိုးကို သူဘယ်တော့မှစားနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် ရိုက်ကူးရေးပီဒီက သူတို့အား ရုတ်တရက်ပြောလာသည်။ "ဆရာသမားတို့ရေ...ဒီတစ်ခေါက်မစ်ရှင်ကတော့...ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရဖို့အတွက်....ယုန်ခေါင်းကိုမဖြစ်မနေစားရမှာပါနော်"။
ချန်းရီက မျက်ခုံးပင့်သွားသည်။ "ဟားဟား...ငါမပြောဘူးလား...ထင်တဲ့အတိုင်းပဲ..လုပ်ပါကျင်းယန်ရာ...မြည်းကြည့်သင့်တာပေါ့"။
ကျန်းဟွီကျင်းလည်း အစပိုင်းတွင် ယုန်ခေါင်းဟင်းပွဲကိုမမှာထားခဲ့ချေ။ သို့သော်ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးနှင့်ရမည်ဟုဆိုလာသောကြောင့် သူ(မ)လည်း အရဲစွန့်ကာ တစ်ပွဲမှာလိုက်သည်။
ခဲ့ကျင်းယန်မှာမူ အင်တင်တင်ပြုံးကာ ငြင်းလိုက်သည်။ "နေပါစေ...ကျွန်တော်တော့မစားတော့ဘူးဗျာ့"။ အလကားကျွေးလျှင်တောင် ထိုသို့သော ဟင်းလျာမျိုးကို သူ့မစားနိုင်ချေ။