Chapter 94
သူယူလာသည့် ယုန်ခေါင်းအစပ်ကဟင်းက အနီရောင်ငရုတ်ဆီနှစ်များဖြင့် စားချင့်စဖွယ်ဖြစ်နေသည်။ နှမ်းစေ့နှင့်ငရုတ်ကောင်းစေ့များကိုလည်းမြင်နိုင်သည်။ ထိုဟင်းပွဲက လူတိုင်းကိုစားချင်စိတ်ဖြစ်ပေါ်လာစေသည်မှာ အမှန်ပင်။
ချန်းရီနှင့်ချန်ချင်းယန်တို့သားအဖနှစ်ဦးလုံးက အစပ်ကြိုက်တာချင်းတူကြသည်။ စပ်လွန်းလျှင်မစားနိုင်သော်လည်း အတိုင်းအတာတစ်ခုထိတော့စားနိုင်ကြသည်။ အစပ်မပါလျှင်မစားတတ်တော့ပေ။
သူတို့သားအဖနှစ်ယောက်လုံး ယုန်ခေါင်းအစပ်ဟင်းကိုကျွမ်းကျင်စွာစားသောက်ကြသည်။ ယုန်ခေါင်းကိုအလယ်မှနှစ်ပိုင်းခွဲလိုက်သည်။ ဘေးနှစ်ဖက်မှအသားများကို စားပြီးယုန်ဦးနှောက်ပါမကျန်ပေ။ ဤစားသောက်ဆိုင်မှ ချက်ပြုတ်ထားသော ယုန်ခေါင်းအစပ်ဟင်းကတိုဖူးသဖွယ်နူးညံ့လှသည်။ ချဥ်ငံစပ်အရသာလေးနှင့် အတောမသတ်နိုင်အောင်စားချင်စိတ်ဖြစ်ပေါ်စေသည်။
ချန်းရီက အခြားဘာဟင်းမှထပ်မမှာပေ။ နောက်ထပ် ယုန်ခေါင်းအစပ်ဟင်းလေးပွဲသာမှာပြီး သူ့သားနှင့်အတူလေးပွဲလုံးတစ်ထိုင်တည်းစားပစ်သည်။
ငါးဆယ်ရာခိုင်နှုန်းလျှော့စျေးရစေရန် ကျန်ဟွီကျင်းလည်း ယုန်ခေါင်းအစပ်ဟင်းစားမည်ဟုစိန်ခေါ်ထားသော်လည်း အစပ်သိပ်မစားနိုင်သောသူ(မ)တို့သားအမိနှစ်ဦးလုံးကြောင့် တွေဝေနေမိသည်။
တစ်ဖက်စားပွဲတွင် ခဲ့ကျင်းယန်က ငရုတ်သီးဖတ်များကို သူ့တူဖြင့်ဂရုတစိုက်ရွေးထုတ်နေသည်။
"ဆွေ့ဆွေ့...ယုန်ခေါင်းအစပ်ဟင်းက အရမ်းစပ်လွန်းတယ်....ဒီငရုတ်သီးဖတ်တွေအကုန်ဖယ်ပြီးမှ စားမယ်နော်...ခဏစောင့်ဦးကလေးရဲ့"။
ယုန်သားအစပ်ကြော်နှင့်ယုန်ခြေထောက်အစပ်သုပ် ဟင်းပွဲနှစ်ပွဲလုံးတွင်လည်း ငရုတ်နှစ်များပါသည်။ အစပ်ကြိုက်သူများအတွက် အထူးပြုလုပ်ထားသော ဟင်းပွဲများဖြစ်သည်။ အစပ်အရသာက အမဲသားဟော့ပေါ့ထက်ပင် အတော်လေးပိုစပ်သည်။ ခဲ့ကျင်းယန်ကိုယ်တိုင်လည်း ယုန်သားအစပ်ကြော်ကိုတစ်ဇွန်းလောက်မြည်းကြည့်လိုက်သည်။ အရသာကအတော်လေးကောင်းသည်။ အစပ်ပေါ့လျှင်ပို၍ပင်အရသာရှိဦးမည်။
ခဲ့ကျင်းယန်က ကလေးငယ်အတွက် ငရုတ်သီးစိမ်းများကိုဖယ်ပေးထားသော်လည်း အစပ်အရသာက အနည်းငယ်ကျန်နေသေးသည်။ သို့သော် ဆွေ့ဆွေ့က ယန်သားအစပ်ကြော်ကို ထမင်းလွတ် အားရပါးရစားနေသောကြောင့် ခဲ့ကျင်းယန်စိတ်ပူလာမိသည်။ ဟော့ပေါ့ဆိုင်တွင်လည်း အစပ်အတော်များများစားခဲ့
သည့်အပြင် ယခုလည်းအစပ်ဟင်းနှင့်မလွတ်ပေ။ ဆေးတိုက်ထားသော်လည်း ကလေးဗိုက်အောင့်မည်ကို သူစိုးရိမ်နေမိဆဲပင်။
"ဆွေ့ဆွေ့....ဘယ်ကိုကြည့်နေတာလဲ"။
"ပါပါး...ဦးဦးချန်းရီနဲ့ကိုကိုချင်းယန်တို့စားနေတဲ့
ဟင်းပွဲက...အရသာရှိမဲ့ပုံပဲနော်"။
ဆွေ့ဆွေ့၏စကားကိုကြားပြီးနောက် ခဲ့ကျင်းယန်ပင် ဘာမှမပြောနိုင်ခင် ဘေးတွင်ရိုက်ကူးရေးလုပ်နေသောဝန်ထမ်းက ဝင်ပြောလာသည်။ "ဆွေ့ဆွေ့လေး...သူတို့စားနေတဲ့ဟင်းပွဲက...ယုန် ခေါင်းအစပ်ဟင်းလေ။...သမီးရောမြည်းကြည့်ချင်လား"။
ကုဆွေ့ဆွေ့ကလည်း ချက်ချင်းခေါင်းညိမ့်ကာပြန်ဖြေသည်။ "ဟုတ်ကဲ့...သမီးမြည်းကြည့်ချင်ပါတယ်ရှင့်"။
ထိုအခါမှ ခဲ့ကျင်းယန်တစ်ယောက် ခေါင်းမီးတောက်သွားရသည်။ မည်သို့ပင်ဖြစ်စေ ယုန်ခေါင်းဟင်းလျာကို သူမစားနိုင်သောကြောင့် ဆွေ့ဆွေ့အားတတ်နိုင်သလောက်ဖျောင်းဖျလိုက်သည်။ "ဆွေ့ဆွေ့....ဟိုဆိုင်မှာတုန်းကလည်း...အမဲသားအစပ်ဟော့ပေါ့ကို...အားရပါးရစားခဲ့ပြီးသွားပြီ...အခုဟင်းတွေလည်းအစပ်တွေချည်းပဲ...ယုန်ခေါင်းဟင်းက...
စားခဲ့သမျှဟင်းပွဲတွေထက်စပ်တာနော်...ဗိုက်အောင့်ပြီးဖျားသွားရင်ဘယ်လိုလုပ်မလဲ...ပါပါးကိုစိတ်ပူရအောင်မလုပ်ပါနဲ့"။
သို့သော် ဆွေ့ဆွေ့က နားဝင်ပုံမရပေ။ နှာခေါင်းကိုတရှုံ့ရှု့လုပ်ရင်း ချန်းရီတို့စားနေသည့်ယုန်ခေါင်းဟင်းပွဲကိုသာငေးကြည့်နေသည်။ "ဒါပေမဲ့
ပါပါးရယ်...အဲ့တာကစားလို့ကောင်းမဲ့ပုံပဲ...သမီးအများကြီးမစားဘူးလေနော်...ဗိုက်မနာအောင်နည်းနည်းလေးပဲစားမှာပါ"။
မျက်လုံးရွဲကြီးနှင့်ခွေးပေါက်လေးသဖွယ် ချစ်စရာကောင်းအောင်တောင်းဆိုနေသော ကလေးငယ်ကို မည်သူကငြင်းဆန်ရက်မည်နည်း။ ထို့ကြောင့် ခဲ့ကျင်းယန်လည်း သိသိကြီး
နှင့် ပူဆာသမျှကိုအလိုလိုက်ပေးမိပြန်သည်။
မိနစ်အနည်းငယ်ကြာသော် သူတို့စားပွဲဝိုင်းတွင် ယုန်ခေါက်းဟင်းလျာရောက်လာသည်။ စား
ကြည့်ချင်သည်ဟု တစ်ဂျီဂျီပူဆာနေခဲ့သော ကလေးငယ်မှာမျက်စိရှေ့အစားအသောက်ရောက်လာချိန်တွင်မူ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ ပြူးကြည့်နေသည်။ ထို့ကြောင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသောချန်ချင်းယန်လည်း မနေသာတော့ပဲ ဆွေ့ဆွေ့ဆီသို့ကူးလာကာ ယုန်ခေါင်းအစပ်စားနည်းကို တစ်ဆင့်ချင်းသင်ပြတော့သည်။
ကုဆွေ့ဆွေ့မှာ သေချာဂရုစိုက်လိုက်ကြည့်ရင်း ချန်ချင်းယန်နွှင်ထားပေးသမျှအသားများကို တစ်မြုံ့မြုံ့ဝါးနေသည်။ ပါပါးခဲ့ကိုလည်း ခွံကျွေးဖို့မမေ့ပေ။ "ပါပါး...ဒီယုန်ခေါင်းကလေ...အရမ်းအရသာရှိတယ်...စားကြည့်ပါဦး"။
ယုန်ခေါင်းအသားများကိုရုတ်တရက်ခွံကျွေးလာသော ဆွေ့ဆွေ့ကြောင့် ခဲ့ကျင်းယန်၏မျက်နှာထက်ရှိ အပြုံးချိုချိုတို့မှာ တဖြေးဖြေးပျောက်ကွယ်သွားသည်။ ခဲ့ကျင်းယန် အမှန်တကယ်ငြင်းလိုက်ချင်သော်လည်း ကလေးငယ်ကိုစိတ်မပျက်စေလိုသောကြောင့် စိတ်ရှုပ်စွာပင် ဆွေ့ဆွေ့ခွံကျွေးသောအသားကိုစားကြည့်လိုက်သည်။ လျှာဖျားပေါ်တွင်ခပ်ဆိမ့်ဆိမ့်အရသာလေးပျော်ဝင်သွားသည်နှင့် ခဲ့ကျင်းယန်၏မအီမသာမျက်နှာအမူအရာမှာ ပြေလျော့သွားတော့သည်။
လူ့ဘဝတွင်ရံဖန်ရံခါ အမြင်နှင့်လက်တွေ့က ထပ်တူကျမနေပေ။ ယုန်ခေါင်းပုံစံကိုကြည့်ပြီး အရသာကဤမျှလောက်ကောင်းမွန်နေလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ အပြင်ပိုင်းအသားက ကြွပ်ရွပြီးအသားအတွင်းပိုင်းကမူနူးအိနေသည်။ သူကိုယ်တိုင်သတိမထားမိလိုက်ပဲ ကလေးနှစ်ယောက်နွှင်ထားပေးသည့် အသားတစ်ပန်းကန်လုံးကို ပြောင်သလင်းခါအောင်စားလိုက်မိသည်။
ယုန်ခေါင်းဟင်းစားရန် ခါးခါးသီးသီးငြင်းဆန်ခဲ့သောခဲ့ကျင်းယန်ပင်လျှင်အကြိုက်တွေ့သွားသည်ကိုမြင်သောအခါ ကျန်းဟွီကျင်းလည်းတုံ့ဆိုင်းမနေတော့ပဲ အသားနွှင်ကာမြည်းကြည့်လိုက်သည်။
ယုန်ခေါင်းပုံစံကိုကြည့်ကာမသတီသော်လည်း အံကိုတင်းတင်းကြိတ်ကာမျက်စိစုံမှိတ်ပြီး တစ်လုတ်စားကြည့်လိုက်သည်။ တဖြေးဖေးပျော်ဝင်လာသောအရသာကြောင့် ကျန်းဟွီကျင်းမှာအံ့အားသင့်သွားရသည်။ အသားညှီနံ့လည်းမရှိသလို ချဥ်ငံစပ်အရသာက ဆွေမျိုးမေ့သွားအောင်ကောင်းမွန်သည်။
ခေါင်းမဖော်တမ်းစားနေကြသောခဲ့ကျင်းယန်နှင့်ကျန်းဟွီကျင်းတို့ကိုကြည့်ရင်း ချန်းရီမှာမနေနိုင်ပဲ ပြုံးလိုက်မိသည်။ "ဘယ်လိုလဲ...အရသာရှိတယ်မလား...ဒီဆိုင်ရဲ့အကောင်းဆုံးဟင်းပွဲက..
ယုန်ခေါင်းအစပ်ဟင်းပဲ"။
ကျန်းဟွီကျင်းက ခေါင်းတညိမ့်ညိမ့်နှင့်ထောက်ခံသည်။ "စီမြို့တော်ရဲ့အကောင်းဆုံးအစားအသောက်တွေကို...စားချင်တယ်ဆိုရင်...အစ်ကိုချန်းရဲ့အကြံဥာဏ်ကိုနားထောင်ရမယ်နဲ့တူပါတယ်"။
အစားအသောက်ချေးများသောခဲ့ကျင်းယန်ပင်လျှင် ယုန်ခေါင်းဟင်းလျာ၏ထူးခြားပြီးကောင်းမွန်သောအရသာကိုဝန်ခံရမည်ဖြစ်သည်။ "ဟုတ်ပါ့...အရသာကတော့...ဆွေမျိုးမေ့ပဲဗျာ...မြို့တော်ကိုပြန်ရောက်ရင်...ဒီလိုအရသာမျိုးထပ်စားရတော့မှာမဟုတ်ဘူး"။
စားသောက်ပြီးသွားသောအခါ သူတို့အားလုံး မစ်ရှင်ကတ်တွင်ပါဝင်သောနောက်စားသောက်ဆိုင်တစ်ဆိုင်သို့ခရီးဆက်ခဲ့ကြပြန်သည်။ ခဲ့ကျင်းယန်နှင့်ကုဆွေ့ဆွေ့တို့၏မစ်ရှင်ကတ်တွင် ထပ်စားရမည့်အစားအသောက်နှစ်မျိုးကျန်နေသေးသည်။ ခေါက်ဆွဲအသေးနှင့်ငါးစွပ်ပြုတ်တို့ဖြစ်သည်။
"သူဌေး...ကျွန်တော်တို့ကို...ခေါက်ဆွဲအသေးတစ်ပွဲပေးပါဗျ"။ ဟော့ပေါ့အပြင်ယုန်သားဟင်းလျာများပါ တစ်ဝတစ်ပြဲစားခဲ့သောကြောင့် သူတို့နှစ်ယောက်လုံး အတော်လေးဗိုက်တင်းနေကြသည်။ ထို့ကြောင့် ခေါက်ဆွဲတစ်ပွဲကို နှစ်ယောပ်အတူစားရန်စီစဥ်လိုက်သည်။
စီမြို့တော်ကြီးကအစားကောင်းအသောက်ကောင်းကြိုက်သူများအတွက် သုခဘုံသဖွယ်ဖြစ်သည်။ လမ်းမကြီးထက်တွင် အရသာရှိသောစားသောက်ဆိုင်များက သူ့ထက်ငါ့အပြိုင်စားသုံးသူတို့ကိုဆွဲဆောင်နေကြသည်။ ထို့
ကြောင့် ရိုက်ကူးရေးအဖွဲ့က ဤအပတ်တွင်
ကြည့်ရှုသူပရိသတ်များကို အစားအသောက်နိဗ္ဗာန်ဘုံဆီခေါ်ဆောင်ပေးသွားခြင်းဖြစ်သည်။