Ch 29
Viewers 549

🍉 Chapter 29

 

 

 

ကျီဖေးသည် ရှောင်းထောင်အား ဝယ်ယူထားသည့် ပစ္စည်းများကို ပြန်သွားထားဖို့ပြောပြီးနောက်  သူ(မ) သည်တော့ ဆိုင်ထဲကိုပျော်ရွှင်စွာ၀င်သွားလိုက်သည်။  အံဝင်ခွင်ကျထိုင်ခုံမှာ သူတို့နဲ့ ဆန့်ကျင်ဘက်မှာတော့ သုတေသီ သုံးယောက်က အတင်းအဖျင်းပြောတာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။

 

ခုံတန်းပေါ်တွင် ချူရှင်းယွဲ့၊ ကျီဖေးနှင့် ချင်ကျောက်တို့ ထိုင်ကြသည်။

 

ကျီဖေးသည် ချူရှင်းယွဲ့ ဖြစ်ချင်သည့်အတိုင်း အလယ်နေရာကို အရှက်မဲ့စွာယူလိုက်သည်။

 

"အားလုံးပဲမင်္ဂလာပါ" ကျီဖေးသည် နွေးထွေးစွာ နှုတ် ဆက်သည်။

 

“ဈေးဝယ်ထွက်ရတာ ပင်ပန်းလို့ကော်ဖီသောက်ဖို့လုပ်နေတာ၊ အံ့သြစရာကောင်းတာက နင်လည်း ဒီကိုရောက်နေမယ်လို့ မမျှော်လင့်ထားဘူး”

 

ကျီဖေးသည် ချင်ကျောက်အား ပြုံးပြလိုက်သော်လည်း  သူ(မ)စကားများတွင် အဓိပ္ပာယ်များစွာပါ၀င်နေသညိ။

 

[ဇနီးလေးကို ပိုးပမ်းခန်း အိုး ဟိုး ဟိုး!' ]

 

ချင်ကျောက်၏ မျက်နှာတင်းမာသွားသည်။

 

သို့သော် သူထွက်သွားရတော့မည့်အချိန် ကျီဖေးရောက် လာသောကြောင့် သူထွက်မသွားရတော့သဖြင့် ကျီဖေးကိုတိတ်တဆိတ်ကျေးဇူးတင်မိသည်။

 

ချူရှင်းယွဲ့သည် ကျီဖေးအား အမြင်ကောင်းရှိဆဲဖြစ် သည်။

 

"ဒါဆို ရှင်တို့ နှစ်ယောက်က အတူတူလာတာ မဟုတ်ဘူးလား" ချူရှင်းယွဲ့အံ့အားသင့်စွာ မေးလိုက်သည်။

 

ကျီဖေးသည် သူ(မ)၏ စိတ်ရှုပ်ထွေးမှုကိုသတိပြုလိုက်သဖြင့် "ငါ နင့်ကို စာတစ်စောင်ပို့ထားတယ်၊ နင် မကြည့်ရသေးဘူးလား၊ ဒီကို ငါလာတာက ချင်ကျောက် စတူ ဒီယိုရဲ့ အနုပညာရှင်အသစ်အနေနဲ့လေ၊ ချင်ကျောက် ဘာလို့ ဒီကိုရောက်လာတာလဲဆိုတာ သူ့အကြောင်းပဲ၊ သူက ဒီပွဲကို သူ့မရီးနဲ့လိုက်ဖို့ငြင်းခဲ့ပေမဲ့ သူ ဘာလို့ဒီကိုရောက် လာတာပါလိမ့်"

 

ကျီဖေး၏အသံသည် မကျေနပ်ချက်များ ရောနှောနေသဖြင့် အရှေ့တွင်ထိုင်နေသော သုံးယောက်သား အပြန် အလှန် အကြည့်ချင်းဖလှယ်လိုက်သည်။

 

ချင်ကျောက်သည် ခုခံပြောဆိုခြင်းမရှိဘဲ ကူကယ်ရာမဲ့သာ ဖြစ်နေသည်ကိုမြင်သောကြောင့် ၎င်းတို့ သုံးယောက် ပိုသိချင်စိတ်ပြင်းပျလာသည်။ ဒါက သူ ချူရှင်းယွဲ့အ တွက်ရောက်နေတာလို့ ဝန်ခံလိုက်တာပဲမဟုတ်ဘူးလား?

 

ချူရှင်းယွဲ့သည်  ကျီဖေး၏စကားတစ်ဝက်ကို လျစ်လျူ ရှုလိုက်ရင်း မက်ဆေ့ကိုကြည့်ရန် သူ(မ)၏ဖုန်းကို အိတ်ထဲမှထုတ်လိုက်သည်။

 

"ဆောရီး၊ ကျွန်မ အစည်းအဝေးကြောင့် အသံတိတ်မုဒ်ပိတ်ထားတာနဲ့ ဖွင့်ဖို့ မေ့သွားတာ"

 

သူ(မ)စကားပြောနေစဉ် ချူရှင်းယွဲ့၏မျက်နှာသည် ရုတ် တရက် ပြောင်းလဲသွားသည်။ ကျီဖေးသည် ချူရှင်းယွဲ့ ၏တုံ့ပြန်မှုကြောင့် မအံ့သြစွာ ကော်ဖီကိုသာ ငုံ့သောက်လိုက်သည်။

 

ချင်ကျောက်သည် ချူရှင်းယွဲ့ကို ခိုးကြည့်နေသောသူဖြစ်သောကြောင့် ပထမဆုံးသတိပြုမိသူဖြစ်သည်။

 

"ဘာဖြစ်လို့လဲ ?"

 

ချူရှင်းယွဲ့သည် ကျီဖေးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

 

ကျီဖေးသည် ခပ်ပါးပါးလေးရယ်လိုက်ပြီး ချင်ကျောက်ဘက်သို့ လှည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

 

"အိုး… ကျွန်မ အခမ်းအနားမှာရှိနေတုန်းက‌လည်း ချူရွှယ်ချီကိုလည်းတွေ့ခဲ့တယ်ဆိုတာ  ရှင်းယွဲ့ကို သတိထားထားတာပါ"

 

သူ(မ) အသံကို တက်နိုင်သလောက်တိုးစေရန်ကြိုးစားထားသော်လည်း တစ်ဝိုင်းလုံးကို ကြားရစေသည်။ လေ ထုသည် အလွန်တိတ်ဆိတ်သွားသည်။

 

ချင်ကျောက်၏ မျက်နှာသည် ဖြူဖျော့သွားကာ သူ့အ ကြည့်များသည် မှုန်မှိုင်းနေသော ချူရှင်းယွဲ့ဆီသို့လျင် မြန်စွာ ရောက်ရှိသွားပြီး "သူ(မ) ဘာလို့ဒီရောက်နေမှန်း ကိုယ်မသိဘူး၊ ကိုယ်သူ့ကို block ထားပြီးပြီ"

 

ချူရှင်းယွဲ့သည် သူ(မ)၏အကြည့်ကို တစ်ဖက်သို့ လွှတ် လိုက်ပြီး "သူနဲ့ ရှင့်ရဲ့ပြဿနာတွေကို ကျွန်မ စိတ်မ၀င်ဘူး"

 

ကျီဖေးသည် ဖရဲသီးစားချင်သူဖြစ်သောကြောင့် "သူက ချင်ကျောက်ကို တွေ့ဖို့လာခဲ့ပေမဲ့ ကောင်းဟောင်က သူ့ကိုခေါ်သွားတယ်လေ၊ နင် လည်းလိုက်သွားသင့်တယ်"

 

ချင်ကျောက်သည် ဒေါသထွက်သွားပြီး ကျီဖေးကို တစ်ချက်ကြည့်ကာ ကောင်းဟောင်ထံလည်းစာပို့လိုက်သည်။

 

"မလိုပါဘူး၊ ငါ သူ့ကို ဘယ်တော့မှ မတွေ့ရတော့ဘူးဆိုတာ ကောင်းဟောင်သိတယ်၊ သူ့ဘာသူ ပထုတ်ဖို့ နည်းလမ်းရှာလိမ့်မယ်"

 

[ဟုတ်ပြီ! ယောက်ျားတစ်ယောက်လို သရုပ်ဆောင်ဖို့ အချိန်တန်ပြီပဲ!]

 

ချင်ကျောက်သည် ချူရှင်းယွဲ့ကို တစ်ချက်ခိုးကြည့်လိုက်ကာ သူ(မ)၏အမူအရာသည် တစ်ချက်မှမပြောင်းသွားသည်ကို မြင်လိုက်သဖြင့် သူ့နှလုံးသားလည်းနစ် မြုပ်သွားသည်။

 

တစ်ဖက်တွင် ကျီဖေးသည် ၎င်းတို့အဘယ့်ကြောင့်အတူ တူရှိနေကြသည်ကို စိတ်၀င်တစားမေးမြန်းလိုက်သည်။

 

 á€žá€°(မ)သည် ချင်ကျောက်ပြောခဲ့သည်များကို သိလိုက်ရချိန် အံ့ဩမိသွားသည်။

 

[အမြဲတမ်း အရှုပ်တွေပဲလုပ်တက်တဲ့ ချင်ကျောက်က ရင်းနှီးမြုပ်နှံဖို့ စကားစလာမယ်လို့ ဘယ်သူထင်မှာလဲ၊ သူက ဇနီးလေးကိုပို့ပန်းဖို့အတွက် အရာအားလုံးကို စွန့်စားတော့မှာများလား ?]

 

ချူရှင်းယွဲ့သည် ကျီဖေးတွေးနေသည်ကို မှန်းဆမိသဖြင့် "ကျွန်မတို့ရဲ့ပရောဂျက်က ရေတိုအတွင်းအကျိုးအမြတ်မရနိုင်ဘူး၊ ပြီးတော့ ဒီနယ်ပယ်က ချင်ကော်ပိုရေးရှင်းနဲ့ မသက်ဆိုင်ဘူး၊ CEO ချင်ရှန့်က ချင်ကော်ပိုရေးရှင်းကို စီမံခန့်ခွဲတာဆိုတော့ မစ္စတာချင်သာ အမှန်တကယ်စိတ် ဝင်စားရင် တိုက်ရိုက်စကားပြောကြည့်ချင်ပါတယ်၊ ကျွန်မတို့ ချင်ကျောက်နဲ့ ဆွေးနွေးဖို့ မလိုဘူး"

 

ကျီဖေးသည် သူ(မ)ဘေးနားရှိ စိတ်ဓာတ်ကျသွားသော လူအား သနားဂရုဏာသက်စွာကြည့်လိုက်သည်။

 

ချင်ကျောက်၏မျက်နှာသည် ဒေါသကြောင့်နီရဲနေသည်။

 

[တကယ်တော့ ချူရှင်းယွဲ့ရဲ့အေးစက်တဲ့တုံ့ပြန်မှုက ချင်ကျောက်ကို နာကျင်စေချင်လို့မဟုတ်ဘူး၊ သူ(မ)က ကြောင်နဲ့ကြွက်ဂိမ်းကို မကစားချင်ရုံပဲ၊ သူ(မ)က အရာအားလုံးကိုစွန့်လွှတ်ပြီး စိတ်ပူပန်မနေချင်တော့တာ]

 

ချင်ကျောက်သည် အစောထဲက နာကျင်နေသည်ဖြစ်ရာ ကျီဖေး၏အတွေးများသည် သူ့ခန္ဓာကိုယ်အားဓားဖြင့် ထိုးစိုက်သလိုပင်။

 

ချင်ကျောက်သည် ကျီဖေး၏အ၀တ်အား အသာဆွဲလိုက်ပြီးမျက်လုံးချင်းဆုံကာ အချက်ပြရန်အသည်းအသန်ကြိုးစားလိုက်သည်။

 

"နင်ဘာဖြစ်တာလဲ၊ နင့်မျက်လုံးတွေ အရမ်းပြူးနေတယ်နော်"

 

ချင်ကျောက်သည့် "ငါ့မှာ မေးစရာရှိလို့၊ မင်း သေချာဖြေပေး!"

 

“အကိုကြီးက ပရောဂျက်ကိုနားထောင်ဖို့အတွက် ကုမ္ပဏီရဲ့လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှရမှာမဟုတ်လား ? ဒါပေမယ့် ငါတောင် အရင်နားထောင်ပြီး အခြေအနေကိုစီစစ်မယ်ဆိုရင် အချိန်အများကြီးသက်သာလိမ့်မယ်၊ ပြီးတော့ ငါက ဒါရိုက်တာဘုတ်အဖွဲ့၀င်လေ မင်းတို့လည်း အလျင်လိုနေကြတာမဟုတ်ဘူးလား"

 

ချူရှင်းယွဲ့သည် ထိုအရာကိုအတည်ပြုနိုင်သော တစ်ဦးတည်းသောလူဖြစ်သည့် ကျီဖေးအား တွေဝေစွာကြည့်လိုက်ကာ "ဒါ အမှန်ပဲလား ?"

 

ကျီဖေးသည် ထိုဒရမ်မာမှာ သူ(မ)အားလာရောက်ရစ်နွယ်လိမ့်မည်ဟု မမျှော်လင်းထားချေ။ အတင်းအဖျင်းများသည် အန္တရာယ်များလှသည်။ သူ(မ)သာ သေချာမကိုင်တွယ်ပါက သူ(မ)ကိုပင်လောင်ကျွမ်းသွားစေနိုင် သည်။

 

"မင်းရဲ့ဖုန်းကတုန်ခါနေတဲ့ပုံပဲ၊ ကြည့်ရတာတစ်ယောက် ယောက်ဖုန်းခေါ်တာနဲ့တူတယ်"

 

ချင်ကျောက် အရေးတကြီးအသိပေးလိုက်သည်။

 

ကျီဖေး သူ(မ)ဘာမှမခံစားရသဖြင့် အံ့သြသွားသည်။ ခဏလေး ? တကယ်ကြီးတုန်နေတာပဲဟ။

 

ကျီဖေးသည် မက်ဆေ့ကိုမြင်လိုက်ရသောအခါ  သူ(မ) မျက်လုံးများပင့်သွားသည်။

 

မက်‌‌ဆေ့ - ဝင် မစွက်ဖက်နဲ့

 

ကျီဖေးသည် လေးနက်သောမျက်နှာဖြင့် ဖုန်းချကာ

 

"မသိဘူး..."

 

ချင်ကျောက်သက်ပြင်းချလိုက်ပြီး ကျီဖေး၏အတွေးထဲမှရယ်မောသံကိုကြားလိုက်ရသည်။

 

[ကောင်းကင်ဘုံကကျလာတဲ့ ပိုင်မုန့်ပဲ! တကယ်တော့ ငါ ဘာမှကိုမသိတာ! ချင်ရှန့်နဲ့ ငါက စာရွက်ပေါ်မှာလက်မှတ် ထိုးထားတဲ့ စုံတွဲသက်သက်ပဲလေ၊ သူတို့ကုမ္ပဏီရဲ့အတွင်းရေးကိစ္စတွေကို ငါ သိနေမှ ထူးဆန်းနေလိမ့်မယ်၊ ချင်ကျောက်က တကယ်ငတုံးပဲ]

 

ချင်ကျောက်ထိုအရာကို ရုတ်တရက်နားလည်သွားသဖြင့် အသက်ရှုပင်ကြပ်လာရသည်။ ကျီဖေးနှင့် သူ့အစ်ကိုတို့ အိမ်ထောင်ရေးသည် မရည်ရွယ်ဘဲလက်ခံခဲ့ကြောင်း သူသဘောပေါက်သွားသည်။

 

တကယ်တော့ သူ တွေးပူ‌နေမိသည်မှာအမှန်ဖြစ်သည်။ သူသည် ကျီဖေး၏စွက်ဖက်တက်သော အကျင့်ကို ကြောက်ရွံနေတာဖြစ်ပြီး ကျီဖေးသည် အချက်အလက်များစွာကိုကြည့်နိုင်ကာ အခြေအနေကိုကြိုက်သလိုပြောင်းလဲနိုင်သောကြောင့် သူ(မ)ကိုတားရန်ကြိုးစားခဲ့ခြင်းပင်။

 

ချင်ကော်ပိုရေးရှင်းရုံးတွင် အဝေးတစ်နေရာ၌ မိသားစုအတွက်ကြိုးစားငွေရှာနေသည့် ချင်ရှန့်သည် အကြောင်း ပြချက်မရှိဘဲ သူ့နားများယားလာသလိုခံစားလိုက်ရသည်။

 

ချူရှင်းယွဲ့သည်လည်း ထိုအရာကိုကြားချိန်လက်လျှော့ရန်မှလွဲပြီး အခြားရွေးချယ်စရာမရှိချေ။

 

ချင်ကျောက် သူ(မ)ကို ဘာလို့အဆက်မပြတ်နှောက်ယှက်နေလဲဆိုသည်ကို သူ(မ) သိချင်မိသည်။  သူ(မ)   သူနဲ့ ထပ်မဆက်သွယ်ချင်တော့ပေမဲ့ ကြည့်ရတာခက်မဲ့ပုံပဲ။

 

အရင်ကဆို သူ့ကိုချဉ်းကပ်ဖို့ အရမ်းခက်တာ…

 

ချင်ကျောက်သည် ချူရှင်းယွဲ့မှာ သူ့အားပရော်ဖက်ဆာနှင့် စကားပြောခိုင်းမည်စိုးရိမ်သဖြင့် ဘေးနားရှိ လူသုံးယောက်ကိုအမြန်မေးလိုက်သည်။

 

"ကျနော် ပရော်ဖက်ဆာနဲ့ တွေ့ဖို့မလိုပါဘူး၊ သူပြောတာကို ကျနော် နားမလည်မှာသေချာတယ်၊ မင်းတို့ရဲ့ အလား အလာနဲ့ အနာဂတ်အစီအစဉ်တွေကို အကြမ်းဖျင်းပဲပြောပြပါ၊  နိုင်ငံရပ်ခြားကိုရော ဘာလို့သွားရမှာလဲ ?  ရန်ပုံငွေကရော ဘယ်လောက်လိုလဲ"

 

ချင်ကျောက်သည် နိုင်ငံခြားသွားရမည့် ကိစ္စကိုအစိုးရိမ်ဆုံးဖြစ်သည်။

 

ချူရှင်းယွဲ့သည်  'နိုင်ငံရပ်ခြား' ဟူသော စကားကိုကြား လိုက်ရချိန် သိသိသာသာပင် စိတ်အေးသွားရသည်။ ယခုအချိန် မည်မျှ ခက်ခဲနေပါစေ  သူ(မ)သည် မကြာမီ ထွက်သွားရတော့မည့်လူဖြစ်သည်။

 

တစ်ဖက်ရှိသုံးယောက်သည် ရိုးသားစွာအသေးစိတ်အချက်အလက်များကိုပြောပြလာသည်။

 

ချင်ကျောက်သည် အရေးကြီးသော အချက်အလက်များကိုကြားလိုက်ရချိန် သူစိုးရိမ်သည့်အရာကို ထုတ်‌မေးလိုက်သည်- "ဒါဆို ပါမောက္ခနဲ့ မင်းတို့ရဲ့ သုတေသနအဖွဲ့တစ်ခုလုံး ပရောအတွက် နိုင်ငံခြားကိုအနည်းဆုံး ငါးနှစ်လောက်သွားနေရမှာပေါ့"

 

"ငါးနှစ်မကလောက်ဘူး၊ ပြီးတော့ ချူရှင်းယွဲ့က နိုင်ငံ ခြားမှာ အပြီးအပိုင်အခြေချပြီး ဘယ်တော့မှပြန်မလာဖို့ရည်ရွယ်ထားတာ"

 

ချင်ကျောက် အသက်ရှုသံများ ရပ်တန့်လုနီးပါးပင်။

 

[စောင့်ရတာ တန်ပါတယ်၊ မင်း ပြန်လာတာကိုပဲ ကိုယ်စောင့်နေမှာ~]

 

ချင်ကျောက်သည် ကျီဖေး၏အတွေးထဲတွင် သီချင်းလုပ်ဆိုနေသောကြောင့် အေးခဲသွားသလိုပင် ခံစားလိုက်ရသည်။

 

ချင်ကျောက်သည် ပူပန်မှုအရိပ်အယောင်များထုတ်ပြလာသည်။

 

အဖွဲ့ထဲရှိ အမျိုးသမီးတစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ "ကျွန်မတို့သုံးယောက်က အစထဲက သွားဖို့ စိတ်ပိုင်းဖြတ်ထားတာ၊ ဒါပေမဲ့ ရှင်းယွဲ့က အစကချီတုံချတုံဖြစ်နေပေမဲ့ အခုမှဆုံးဖြတ်ချက်ချပြီးတာ၊ နောက်ဆုံးတစ်ယောက်ပဲ မဆုံးဖြတ်ရသေးဘူး"

 

ချင်ကျောက်၏မျက်လုံးများ တဖျက်ဖျက်ခက်ကာ ၀မ်းနည်းမှုအပြည့်ပင်။

 

သူ့ အပြစ်တွေပဲ!

 

အမျိုးသမီးအဖွဲ့၀င် ပြောခြင်းသည်မှာ ချူရှင်းယွဲ့သည် သူနှင့် ကတောက်ကဆဖြစ်၍ နိုင်ငံရပ်ခြားသို့သွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ သူ(မ)အား ပြန်ဆွဲထားရန်အခွင့် အလမ်းများစွာရှိနိုင်သည်။

 

သူတို့အဖွဲ့သည် အချစ်ကြောင့် ခံစားရသောဝေဒနာများကိုအပြန်အလှန် နှိမ့်သိမ့်ပေးတက်သည်။

 

ချူရှင်းယွဲ့သည် အသင်းဖော်များ၏အတွေးများကို သိသော်လည်း သူ(မ)၏မျက်လုံးများထဲ ကူကယ်ရာမဲ့မှုများသာ ပါ၀င်နေခဲ့သည်။

 

 á€žá€°(မ) ချင်ကျောက်၏ စိတ်ပူပန်နေသော အမူအရာကိုလည်း မြင်လိုက်ရသည်။

 

သူ(မ) အနည်းငယ်ထိတ်လန့်သွားသည်။ ချင်ကျောက်မှာ ဒီလိုအမူအရာရှိနေလိမ့်မယ်လို့ သူ(မ)မျှော်လင့်ထားချေ။

 

သို့သော် ချင်ကျောက်သည် သူ့အမူအရာကိုအမြန်ထိန်းလိုက်သည်။ သူက လွယ်လွယ်နဲ့ အရှုံးပေးတတ်သူ မဟုတ်ဘူး။

 

သူ့မှာ ပြောစရာများစွာရှိကာ ချူရှင်းယွဲ့ကိုကြည့်ဖို့ ရုတ် တရက် လှည့်ကြည့်လာသည်။

 

ချူရှင်းယွဲ့ ခဏတာအံ့အားမှင်သက်သွားသည်။ ဒါက သူ(မ)သိတဲ့ တောက်ပနေတက်တဲ့ ချင်ကျောက်ပဲ။

 

ထို့နောက် ချင်ကျောက်သည် နိုင်ငံခြားသုတေသနအဖွဲ့ကို နိုင်ငံသို့ပြန်ခေါ်ရန် တိကျသောမေးခွန်းအချို့ကိုမေးလိုက်သည်။

 

သို့သော် စကားစမြည်းပြောပြီးသည်နှင့် သူ့မျှော်လင့် ချက်များသည် ပိုမှုန်ဝါးလာကာ အခြားနည်းလမ်းများကို တွေးတောရမည့်ပုံပင်။

 

သူတို့ စကားပြောနေစဉ်တွင် နံဘေးသို့တစ်ယောက် ယောက် ဖြတ်လျှောက်လာကာ အံ့အားသင့်နေသည့် အမျိုးသမီးတစ်ယောက်အသံကို ကြားလိုက်ရသည်။

 

"အာ ? ရှင်က... ရှင်!"

 

ထိုအသံသည် ချင်ကျောက်ကို မှတ်မိသွားပုံရသည်။ သူသည် နေကာမျက်မှန်နှင့် မက်စ်များဖြုတ်ထားပြီးဖြစ်ရာ ဦးထုပ်ကိုသာ ၀တ်ထားခဲ့သည်။

 

ချင်ကျောက်သည် သူ့ဦးထုပ်ကိုဆွဲချလိုက်ချင်သော် လည်း စားပွဲပေါ်တွင် ထိုင်နေသော သုတေသီတစ်‌ ယောက်သည် အလျင်အမြန်ထရပ်လိုက်သည်ကို သူမြင်လိုက်ရသည်။

 

"အော်မနေနဲ့၊ နင် ဘယ်တွေသွားနေတာလဲ၊ ဒီမှာ ငါတို့ အရေးကြီးကိစ္စ ဆွေးနွေနေကြတာ!"

 

"ဒါပေမယ့် ဒါက ချင်ကျောက်လေ... ဘယ်လိုလုပ်..."

 

"မင်္ဂလာပါ" ချင်ကျောက်သည် ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

 

ကျီဖေးသည် နောက်ဆုံးအချိုပွဲကို စားပြီးနောက် သူ(မ) မော့ကြည့်လိုက်ချိန်  သူ(မ)ပါးစပ်ထဲတွင် အရည်ပျော်လုဆဲဖြစ်နေသော ချောကလက်ပင် နင်လုနီးပါးဖြစ်သွားသည်။

 

သူ မယုံနိုင်စွာ မျက်လုံးများပြူးကျယ်သွားသည်။ တိုက် ဆိုင်တာလား ?

 

"ရှောင်ရ နင် စာရွက်စာတမ်းသွားယူတာ ဘာလို့ ဒီလောက်ကြာနေတာလဲ ?"

 

"ပြီးတော့ နင့်မျက်နှာတွေ စိုနေတာပဲ၊ မျက်လုံးတွေလည်း နီရဲနေတာပဲ ဘာဖြစ်နေတာလဲ"

 

ရှောင်ရသည် သူ(မ) အသင်းဖော်များ၏စိုးရိမ်စွာမေးသော မေးခွန်းများကိုပြန်မဖြေနိုင်သေးချေ။

 

ထုံးစံအတိုင်း တစ်ဖက်မှာထိုင်နေသည့် ကျီဖေးလည်း ဘာမှမပြောချေ။

 

တစ်ဖက်မှာ ကျီဖေးဘေးတွင်ထိုင်နေသော ချူရှင်းယွဲ့သည် လေထုအနည်းငယ်အဆင်မပြေဖြစ်သည်ကို ရိပ်စားမိကာ ကျီဖေးအား ထူးဆန်းစွာကြည့်လိုက်သည်။