အပိုင်း (၁၁၁)
Viewers 31k

Part 111


  

 ယွမ်ရှ  အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူမရင်ခွင်ထဲထည့်ထားသည့် နှင်းဆီပန်းစည်းကို ကြည့်လိုက်သည်။


 သူမ အံကြိတ်ပြီး နှင်းဆီပန်းများကို မြေပြင်ပေါ် ပစ်ချလိုက်သည်။


 ဒါကို သူမ လုပ်သင့်တယ် မဟုတ်လား။


 သူမ သွမ့်ချီကိုမယုံကြည်သောအကြည့်ဖြင့် ကြည့်ကာ စုန့်ထင်ရှန်း၏အမူအကျင့်ကိုအတုယူပြီး  အေးစက်စွာပြောလိုက်သည်။


 "မစ္စတာသွမ့် ကျွန်မနဲ့ရှင်က သာမှမပတ်သက်ဘူးလေ..ရှင့်ကိုအခုလိုပြောရတာကလည်း လေးစားသမှုကြောင့်ပြောနေရတာပါ.. ကျွန်မတို့က သူငယ်ချင်းတွေတောင်မဟုတ်ဘူးလေ..ရှင် ကျွန်မ‌ယောက်ျားဆီ သွားပြီး ဘာတွေသွားပြောခဲ့တာလဲ... ရှင်ဘာလုပ်ဖို့ကြိုးစားနေတာလဲ..ကျွန်မတို့အိမ်ထောင်ရေးကိုဖျက်ဆီးမလို့လား..ဒါမှမဟုတ်ကျွန်မတို့မိသားစုကိုလား..."


မူလပိုင်ရှင်ဆိုလျင်ပင် သွမ့်ချီ ၏အပြုအမူကြောင့် စိတ်ဆိုးသွားပေလိမ့်မည်။


  ဘယ်လိုအကြောင်းကြောင့် ဒီလိုမျိုးတွေလုပ်နေရတာလဲ။


  ယွမ်ရှ က သွမ့်ချီ ကို ပြန်ပြောခွင့်မပေးပေ။ သူမသည် အမှန်တကယ်ပင် ဒေါသထွက်နေလေသည်။


 “ကျွန်မခင်ပွန်းနဲ့ ဆက်ဆံရေး မကောင်းဘူးလို့ ဘယ်သူပြောတာလဲ.. အကယ်ရ်ျ ကျွန်မနဲ့ကျွန်မခင်ပွန်း အဆင်မပြေဖြစ်နေရင်တောင် ဒါကရှင်နဲ့မှမဆိုင်တာ.. ဒါ အပြင်လူတစ်ယောက်ဝင်စွက်ဖက်ရမယ့်ကိစ္စ မဟုတ်ဘူး... မိဘတွေတောင် ဘာမှမပြောတာ.. ရှင်ကဘာမို့လို့ ကျွန်မခင်ပွန်းဆီ သွားပြီး ကွာရှင်းဖို့ ပြောရတာလဲ... ရှင့်ကိုရှင်ဘယ်သူလို့ထင်နေတာလဲ...မစ္စတာသွမ့်က သူများတွေကြားသွေးထိုးစကားပြောရတာကို ဂုဏ်ယူစရာလို့ထင်နေတာလား...အဲ့တာရှင့်အမှားပဲ ...ရှင် ကျွန်မခင်ပွန်းကိုသွားရှာတာက ကျွန်မတို့မိသားစုကိုဖျက်ဆီးဖို့ အတွက်လား... ရှင်ကတော်တော် ကိုယ်ကျင့်တရားမကောင်းတာပဲ..."   


ထိုစကားများကြောင့် သွမ့်ချီ ခဏတာမျှ တိတ်ဆိတ်သွားလေသည် ထို့နောက် သူက “ငါမဟုတ်ဘူး…” 

 

"ရှင်ကဘာလဲ.. ဘာလို့ ကျွန်မယောက်ျားကို လိုက်ရှာနေတာလဲ..." 

 

“ငါ…”  


ယွမ်ရှ က ပြတ်ပြတ်သားသားပြောလိုက်သည်။


 "ရှင့်ကို ခန့်မှန်းကြည့်ရတာ... ရှင်ကျွန်မကိုအခုပြောတဲ့စကားတွေပဲ မနေ့က ကျွန်မခင်ပွန်းကို ပြောခဲ့တာ ဖြစ်နိုင်တယ်.... လင်မယားနှစ်ယောက် ဆက်ဆံရေးမကောင်းရင် ကွာရှင်းသင့်တယ်လို ရှင်ပြောခဲ့တာလေ... သူ့သားကို ရှင်သားလို ဆက်ဆံမယ်လိုလည်း ပြောခဲ့သေးတယ်ဆို.. ကျွန်မခင်ပွန်းနဲ့ ဆက်ဆံရေးက ကောင်းသည်ဖြစ်စေ ၊မကောင်းသည်ဖြစ်စေ ရှင်နဲ့ ဘာမှမဆိုင်ဘူး... ကျွန်မရှင်နဲ့ ရင်းနှီးလို့လား...မဟုတ်ဘူး..WeChat မှာ တစ်ယောက်နဲ့တစ်ယောက်တောင် မaddထားတာ ..ကျွန်မတို့က ခဏခဏတွေ့ဖူးပေမဲ့ သူစိမ်းတွေပဲ.." 

 

ယွမ်ရှ သည် အခြားသူများနှင့် ငြင်းခုံခြင်းကို နှစ်သက်သော လူအမျိုးအစား မဟုတ်ပေ။ ဒုက္ခနည်းလေ ပိုကောင်းလေဟု သူမယုံကြည်သည်။ ကျောင်းနှင့်အလုပ်တွင် သူမသည် စိတ်တိုဒေါသထွက်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသောသူများနှင့် တွေ့ကြုံခဲ့ရသော်လည်း သူတို့၏အပြုအမူများကို သည်းခံနိုင်လေသည်။ ဖြစ်နိုင်လျှင် သူမသည် သူတို့နှင့် ဝေးဝေးသို့ ရှောင်သွားပေလိမ့်မည်။ တကယ်တော့ ဒါဟာ သူမ ဒေါသထွက်တာပထမဆုံး အကြိမ်ဖြစ်ပေသည်။   


 " ရှင့်ကကျွန်မတို့ဆက်ဆံရေးမှာ တတိယလူတစ်ယောက်ဖြစ်ချင်နေတာလား...ရှင့်ကိုယ်ရှင်တော်တော်အထင်ကြီးနေတာပဲ... ကျွန်မမှာ ခင်ပွန်းနဲ့ ကလေးတစ်ယောက်ရှိတယ်.. ဥပဒေအရတော့ ကျွန်မက အိမ်ထောင်ရှင်မတစ်ယောက်ပါ.. ရှင်က ကျွန်မယောက်ျားဆီသွားပြီး အဲဒီလိုမျိုး ပြောလိုက်တယ်..ရှင်ဘာတွေမျှော်လင့်နေတာလဲ.. ဘာလဲ ကျွန်မခင်ပွန်းကို လှည့်စားနေတယ်လို့ထင်အောင် ရှင်လုပ်နေတာလား.. ရှင်ကျွန်မတို့မိသားစုကို တကွဲတပြားဖြစ်အောင်လုပ်နေတာလား ...ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကိုရှင်းပြစေချင်တယ်..အကောင်းဆုံးကတော့ ကွာရှင်းပြတ်စဲခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ငြင်းခုံနေရမှာတော့ အမှန်ပဲ.." 


 ယွမ်ရှ ပြောနေသည်ကို ခေတ္တရပ်လိုက်သော်လည်း သူမကိုယ်သူမ မထိန်းနိုင်သေးပေ။


 “ကျွန်မရှင့်ကိုပြောပြမယ်.. ကျွန်မတို့ကြားမှာ တစ်ခုခုရှိလာဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ခင်မင်ရင်းနှီးမှုဆိုတာ ဖြစ်နိုင်ချေရှိပေမဲ့ အဝေးကြီးမှာပဲ ရှိပါသေးတယ်..” 


 ထိုသို့ပြောပြီးနောက် ယွမ်ရှ သည် သူမ၏နေကာမျက်မှန်ကို တပ်လိုက်ပြီး  ပိုက်ဆံအိတ်ကို ကိုင်ကာ သွမ့်ချီကို လုံးဝပင် မကြည့်ဘဲ ဓါတ်လှေကားဆီသို လျှောက်လာရင်း နှင်းဆီပွင့်များကို ဒေါက်ဖိနပ်ဖြင့် နင်းချေလိုက်သည်။


  ထိုလူသည် သူ့ကိုယ်သူ ယုံကြည်မှုအလွန်ရှိနေသည်။ သူမနှင့် စုန့်ထင်ရှန်း ကွာရှင်းပြတ်စဲပါက သူနှင့် အတူရှိနေမည်ဟု သွမ့်ချီကအပိုင်တွေးထားဟန်တူသည်။ ကလေးလေးဝမ် ကို သူ့ကလေးအဖြစ် ဆက်ဆံနေခြင်းသည် လုံးဝအဓိပ္ပါယ်မရှိပေ။ လူတစ်ယောက်ရဲ့ ငွေကြေးနဲ့ အာဏာကို အစိုးရိမ်ဆုံးဖြစ်တဲ့ ကာယကံရှင်ကတောင်မှ ထိုသူကို စိတ်မဝင်စားချေ။ဘယ်လိုပဲဖြစ်ဖြစ် ယွမ်ရှက ထက်မြက်တဲ့ အမြင်ရှိတယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပေမဲ့ အနည်းဆုံးတော့ သွမ့်ချီ နှင့် ဘယ်လိုဆက်ဆံရေးမျိုးမဆိုရှိဖို့ တစ်ခါမျှစဉ်းစားမည်မဟုတ်ပေ။