အပိုင်း ၉
Viewers 12k

Chapter 9


"အင်း…"


လက်ဝတ်ရတနာ ဆိုင်ရှင်က သူ့ရှေ့မှာတင်ထားသည့် လက်စွပ်ကို သေချာစစ်ဆေးနေသည်။သူက ခြစ်ရာများ ရှိမရှိ သို့မဟုတ် ကျောက်မျက်ရတနာ မှေးမှိန်သွားခြင်း ရှိမရှိကို အသေအချာ လှည့်ပတ်ကြည့်ရှုနေသည်။


ဆာစီးနီယာ သည် ကလေးဘဝကတည်းက လက်ဝတ်ရတနာများကို ဝယ်ယူရာတွင် အမြင်ရှိသူဖြစ်သည်။ ထို့အပြင် သူမသည် ကိုယ်ပိုင်ပစ္စည်းများကို မြတ်နိုးတတ်သူ ဖြစ်သောကြောင့် လက်ဝတ်ရတနာများကို မပျောက်ရှအောင် ထိန်းသိမ်းထားလေသည်။


 'လက်စွပ်မှာ ခြစ်ရာတစ်ခုမှ မရှိတာ သေချာတယ်…'


ဆာစီးနီယာ သည် အပြစ်အနာအဆာကို ရှာဖွေနေသော ဆိုင်ပိုင်ရှင်ကို စိတ်ဝင်စားစွာ ကြည့်နေသည်။ ထိုလက်စွပ်အတွက် ဆိုင်ပိုင်ရှင်က မည်မဈေးဖြတ်မည်ကို သူမ စောင့်မျှော်နေမိသည်။


 "အဟမ်း…"


နောက်ဆုံးတွင် ဆိုင်ရှင်က လက်စွပ်ကို မကျေနပ်သလို တစ်ချက်ကြည့်ရင်း ခေါင်းယမ်းပြလိုက်သည်။ သို့သော် သူက လက်စွပ်ကို မလွှတ်ဘဲ အတင်းဆုပ်ထား၏။


'လက်သီးကို ဘာလို့အဲ့လိုကြီး ဆုပ်ထားရတာလဲ…ငါ့ကို အရူးလုပ်ချင်တာလား…'


သို့သော်လည်း သူ မည်မျှပင် လည်စေကာမူ လက်ဝတ်ရတနာများနှင့်ပတ်သတ်လျှင် မျက်စိလျင်သူ၊ပါးနပ်သူ ဆာစီးနီယာ အတွက် အလုပ်ဖြစ်မည်မဟုတ်ပေ။


"ဘယ်လောက်ပေးမှာလဲ…"


 "လက်စွပ်မှာ ခြစ်ရာတွေရှိလို့ ငါမင်းကို အများကြီး ပေးလို့မရဘူး…"


အဓိပ္ပါယ်မဲ့သော စကားကြောင့် ဆာစီးနီယာ နှုတ်ခမ်းကို တစ်ဖက်တည်း ညွတ်၍ရယ်လိုက်သည်။


 "ပြောပါဦး ချို့ယွင်းချက်က ဘယ်မှာလဲ…"


သူမသည် လက်စွပ်ကို တရိုတသေ ထိန်းသိမ်းထားပြီး အတုအပ ပြုလုပ်တတ်သော ဤခေတ်တွင် သူမ လက်စွပ်မှာအပြစ်အနာအဆာမရှိဘဲ တောက်ပနေလေသည်။ ခြစ်ရာများ ရှိနေသည် ဆိုလျှင်တောင် ရှီလင် 20,000 ခန့် ဈေးပေါက်သဖြင့် ဆိုင်ရှင့်စကားမှာ အဓိပ္ပါယ်မရှိချေ။


 "ဒီမှာကြည့်…ခြစ်ရာနည်းနည်း ရှိနေတယ်…"


ဆိုင်ရှင်က သူမကို ပါးလွှာပြီး ချွန်


ထက်သော ခြစ်ရာတစ်ခုအား ပြလိုက်သည်။ 


ဆာစီးနီယာ သည် ဤခြစ်ရာကို ပထမဆုံးမြင်ဖူးခြင်းပင်။ သူမ မှန်တင်ခုံမှ ယူလာစဉ်က ခြစ်ရာမရှိသေးပေ။ ထို့အပြင် ခြစ်ရာသည် ဓားဖြင့်ထိုးလိုက်သကဲ့သို့ စူးရှလွန်းလှသည်။ စောစောက ပိုင်ရှင်သည် ဤခြစ်ရာကို ပြုလုပ်ရန် လက်သီးဆုပ်ထဲမှ တစ်ခုခုကို သုံးလိုက်ပြီး အချိန်ဆွဲနေခြင်းဖြစ်နိုင်သည်။


"တွေ့လား…အဲ့ဒါကြောင့် မင်းကို 10,000 ရှီလင်တောင် မပေးနိုင်ဘူး…"


ဆိုင်ရှင်က မျက်နှာထားတင်းတင်းဖြင့်ပြောလိုက်သည်။


 'နင်က ဒါမျိုး လာကြောတာပေါ့လေ…'


ဆာစီးနီယာ သည် သူ၏ ရွံရှာဖွယ် အပြုအမူကြောင့် ခွင့်မလွှတ်နိုင်တော့ဘဲ သူ့ လက်သီးကို အားဖြင့် ဖျစ်ညှစ် လိုက်သည်။ 


"အား…နင် ဘာလုပ်တာလဲ…" 


ပိုင်ရှင်က နာကျင်စွာ အော်ဟစ်နေသော်လည်း ဆာစီးနီယာ က အေးအေးဆေးဆေး ပြုံးလိုက်သည်။


 "ဘာလို့ ဒီလက်ကို တချိန်လုံး ဆုပ်ထားတာလဲ… လက်သီးဆုပ်ဖြည်ရမှာ ကြောက်သလား…"


 "နင် ငါ့လက်ကို မလွှတ်ဘူးလား…" 


 ဆိုင်ရှင်သည် အလွန်တုန်လှုပ်သွားရပြီး အော်ဟစ်ပြောလိုက်သည်။


ဆာစီးနီယာ သည် ဆိုင်ရှင့် လက်ကို ကိုင်ထားစဉ် သူမ လက်ဖဝါးထဲသို့ မှော်အစွမ်းများ စုစည်းလိုက်သည်။


 'နင်ကများ ငါ့ကို လှည့်စားချင်သေးတယ်…'


ထို့နောက် သူမသည် ဆိုင်ရှင်လက်ထဲသို့ အစွမ်းများ ထည့်ပေးလိုက်တော့သည်။


 "အား…အား…ပူတယ်… ပူတယ်…"


ဆိုင်ရှင်သည် အပူဒဏ်ကို ခံစားရ၍ လက်ကို တဆတ်ဆတ်ခါထုတ်နေတော့သည်။ထိုအခါ သူ့လက်စီးဆုပ်ထဲမှ တစ်စုံတစ်ခုကို သူမ ဖျတ်ကနဲ မြင်လိုက်ရလေသည်။


ဆိုင်ရှင်သည် လက်စွပ်ကို ပထမဆုံးအကြိမ် စစ်ကြည့်ကတည်းက သူ့ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသောကြောင့် ဆာစီးနီယာ သူ့ကို မသင်္ကာဖြစ်လာ၍‌ ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူက လက်စွပ်ကို ထိုလက်သီးဆုပ်ဖြင့် ခဏမျှ အုပ်ကိုင်ထား၏။ ခဏအတွင်း ဖြစ်ပျက်သွားသည့် အဖြစ်အပျက်ကို သူမ မမြင်လိုက်သော်လည်း လှည့်ကွက်တစ်ခုမှန်း သူမ သိနေလေသည်။‌ထို့နောက် ပိုင်ရှင်က လက်စွပ်ကိုပြန်ပြသောအခါ ခြစ်ရာရှိသွားလေသည်။


သူမသည် တွေးကြည့်ရင်းပင် ရွံရှာသွားမိပြီး လက်ထဲမှ ခွန်အားကို ပိုထည့်လိုက်သည်။ 


"ဟင်… ပူတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ…" 


ဆာစီးနီယာ က မသိချင်ယောင်ဆောင်ရင်း ပြုံး၍ မေးလိုက်သည်။


"အား…မသိဘူး… ပူတယ်…"


နောက်ဆုံးတွင် မခံနိုင်တော့သော ဆိုင်ရှင်သည် သူ့ လက်သီးကို ဖြည်ချလိုက်တော့သည်။ 


ချပ်… 


ဖန်ဖြင့်ပြုလုပ်ထားသော ဓားငယ်တစ်ခု ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ 


"ဟာ…"


ဆိုင်ရှင်က ချက်ချင်းပင် ဓားကို အမြန် 


ကောက်ယူဖို့ ကြိုးစားလိုက်သည်။ 


"ထင်သားပဲ…"


 


ဆာစီးနီယာ သည် ဆိုင်ရှင့်လက်ကို ကြမ်းတမ်းစွာ တွန်းထုတ်လိုက်ပြီး ပြုတ်ကျနေသော ဓားကို ကောက်ယူလိုက်သည်။ ဓားကလေးသည် အချင်း ၁ စင်တီမီတာ အောက်သာရှိ၍ ထိပ်ဖျားမှာ ချွန်ထက်နေသည်။ 


 "ဒါဘာလဲ…"


သူမက ဆိုင်ရှင်ကို ပြုံး၍ မေးလိုက်သည်။


သူမ သူ့ကို စိုက်ကြည့်နေရင်း လက်ကောက်ဝတ်မှ အနီရောင် အမှတ်အသားတစ်ခုကို တွေ့လိုက်ရ‌သော်လည်း ဆိုင်ရှင်သည် ထိုအမှတ်ကို သတိထားမိဟန် မတူသေးပေ။


 "ဘာတွေ လာပြောနေတာလဲ…အဲ့ဓားက ကြိုးတွေ ဘာတွေ ဖြတ်ဖို့သုံးတာ…"


ဆိုင်ရှင်က ဒေါသထွက်သွားသည်။


 'အခုထိ ဝန်မခံသေးဘူးကိုး…'


ဆာစီးနီယာ သည် ကောင်တာများတွင်ခင်းကျင်းပြသထားသည့် တန်ဖိုးအကြီးဆုံး လက်ဝတ်ရတနာများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ 


အရွယ်အစားကြီးမားလှသော စိန်တစ်လုံးတည်းပါသော လက်စွပ်…


ထို့နောက် သူမသည် ပြခန်းနားသို့ အမြန်ရောက်လာပြီး ထိုစိန်လက်စွပ်ကို ယူလိုက်သည်။


 "ဘာလဲ…နင်က ဒါကို လိုချင်တာလား…ဒါအရမ်း ဈေးကြီးတယ်…"


 ပိုင်ရှင်က ထိတ်လန့်သွားပြီး သူမ ဆီ ပြေးလာသည်။ 


ဆာစီးနီယာသည် လက်စွပ်ကို သဘောကျသွားပြီး ဆိုင်ရှင်ကိုယ်အား ဝေ့ရှောင်ကာ စိန်ပွင့်ကို ဓားဖြင့် ခြစ်လိုက်လေသည်။ ဤခြစ်ရာသည် သူမ၏ လက်စွပ်မှ ခြစ်ရာနှင့်တူနေပေသည်။ 


"ဘာလုပ်တာလဲ…"


ဆိုင်ရှင်က အံ့အားသင့်စွာဖြင့် ရန်ထောင်လိုက်သည်။


"ဒါက ငါ့လက်စွပ်ပေါ်က ခြစ်ရာနဲ့တူတယ်…"


 "ဒါဘယ်လောက် ဈေးကြီးလဲ နင်သိလား…" 


ဆိုင်ရှင် ကျယ်လောင်စွာ အော်လိုက်သည်နှင့် အခန်းတစ်ခုလုံး တုန်လှုပ်သွားသလိုပင်။


 "ဘယ်က ခွေးဟောင်နေပါလိမ့်…"


ဆာစီးနီယာ သည် ဂရုမစိုက်သော မျက်နှာထားဖြင့် နားရွက်ကို ပွတ်၍ ပြောလိုက်သည်။ ဆိုင်ရှင်သည် သူမ စကားကြောင့် စော်ကားသလို ခံစားလိုက်ရပြီး တုန်လှုပ်သွားသည်။ 


 


"နင့်လက်စွပ်နဲ့ ယှဉ်ရင် အရမ်းစျေးကြီးတယ်…နင် ငါ့ကို ဘယ်လို လျော်ကြေးပေးမှာလဲ…"


ဆိုင်ရှင်သည် သူ့အပြစ်ကိုပင် မသိဘဲ ဆက်လက် အော်ဟစ်ပြော‌ဆိုနေတော့သည်။ ဆာစီးနီယာ သည် မှန်သဖြင့်ပြုလုပ်ထားသော ကောင်တာ မျက်နှာပြင်ကို မှော်အစွမ်းထည့်ထားသော လက်ဖဝါးဖြင့် ပုတ်ချလိုက်သည်။


 


*ချလွမ်*


"နင်ငါ့လက်စွပ်ကို ကောင်းကောင်း ဈေးမပေးဘူးလား…အနစ်နာခံနိုင်ရင် စိန်လိုက်လေ…"


ဆိုင်ရှင်သည် သူမ စကားကြောင့်တုန်လှုပ်သွားရသည်။ သူ့မျက်လုံးများ၌လည်း  ကြောက်ရွံ့မှုတို့ ပြည့်နေကြသည်။သူ့လက်ကောက်ဝတ်မှ အနီးမှတ်ကို တွေ့သွားသောကြောင့်လည်း ဖြစ်နိုင်သည်။


 " 40000 ရှီလင်…" 


"50000 ရှီလင်…"


 "45000 ရှီလင်…"


ရက်ရောဟန်ဆောင်နေသည့် ပိုင်ရှင်၏ ပုံစံသည် ရယ်စရာကောင်းနေသောကြောင့် သူမ ပြုံးလိုက်မိသည်။ 


 "50000 ရှီလင်…" 


ဆိုင်ရှင်သည် ဒေါသတကြီးဖြင့် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ပြောလာ၏။ 


"ကောင်းပြီ.…ကျွန်တော်နားလည်ပါပြီ…" 


ထို့နောက် သူက  ကောင်တာတစ်ဖက်ရှိ အံဆွဲကို  ဖွင့်ကြည့်လိုက်သည်။ဆာစီးနီယာကလည်း သူ့အပြုအမူတို့ကို မမှိတ်မသုန်ကြည့်နေလိုက်သည်။


ဆိုင်ရှင်သည် သူ့လျှာ၊သူ့နှုတ် မစောင့်စည်းသောကြောင့် ဒုက္ခရောက်ရသူပင်။ သူမ လည်း တရားမျှတမှု ရှိသူ မဟုတ်သောကြောင့် ပိုင်ရှင်အား ပြစ်တင်ရှုတ်ချစရာ အကြောင်းမရှိပေ။ သူပေးသောငွေကို ယူလိုက်ရုံပင်။ဖ့စ်နိုင်လျှင် တခြားကိစ္စများတွင် သူမ ဝင်မပါချင်ပေ။အကြောင်းမှာ သူမသည် ငြိမ်းချမ်းစွာ နေထိုင်လိုသောကြာင့်ပင်။


ဆိုင်ရှင်က မကျေမနပ် ဖြစ်သလို နှုတ်ခမ်းစူထားပြီး ရှီလင် 50000 တန် ချက်လက်မှတ်ကို ထုတ်ပေးလေသည်။ 


 "ဒီလိုပဲ ဖြစ်ရမှာပေါ့…"


ဆိုင်ရှင်သည် ချက်လက်မှတ်ကို ကိုင်ထားသော်လည်း သူမလက်ထဲ မထည့်ပေးဘဲ အတင်းဆုပ်ထား၏။ ထို့နောက် သူမတို့နှစ်ယောက် လုလိုက်ကြရာ  ချက်လက်မှတ် စုတ်ပြဲသွားရသည်။


ဆာစီးနီယာ သည် တစ်ခွန်းမှ မပြောဘဲ လက်တစ်ဖက်ကို မြှောက်ချလိုက်သည်။ 


 " အား…" 


ဆိုင်ရှင်မှာ လက်ကောက်ဝတ်တွင် နောက်ထပ် ဒဏ်ရာရသွားမည်ကို ကြောက်ရွံ့သွားပြီး ချက်လက်မှတ်ကို ကမ်းပေးလာ၏။


ဆာစီးနီယာ သည် အောင်ပွဲခံသည့် အပြုံးဖြင့် ပြုံးလိုက်ပြီး 50000 ရှီလင် ချက်လက်မှတ်ကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ 


"အိုကေ…ငါယူလိုက်ပြီ…"


ထို့နောက် ဆာစီးနီယာသည် ပိုင်ရှင်ကို ပြုံးပြရင်း အခန်းထဲမှ ထွက်သွားရာ ဆိုင်ရှင်မှာ သူ့လုပ်ငန်း ဒေဝါလီခံရတော့မည်ဟု ညည်းတွားပြောနေတော့သည်။


Xxxxxxx