Chapter 25.2
Viewers 1k

Chapter 25.2


သူတစ်ခုခုမေးမလို့လုပ်စဥ် ရှန်းယုဟန်က သူ့ခင်ပွန်း အင်္ကျီလက်ကြယ်သီးကိုဖြုတ်နေကာ နာရီကိုချွတ်ပြီး ရှပ်ကြယ်သီးတစ်လုံးစီဖြုတ်နေတာကို တွေ့လိုက်ရသည်။

“ဘာလုပ်နေတာလဲ?” ရှန်းယုဟန်က ဖုန်းမျက်နှာပြင်ကိုမကြည့်ရဲပေမယ့် ကြည့်တော့ကြည့်ချင်သည်။


ရှန်ချီဟွမ်းက ဖုန်းကင်မရာကို တစ်ချက်ကြည့်ကာ အင်္ကျီချွတ်ပြီး ပြောလိုက်သည်။ “ငါရေအရင်ချိုးပြီး မနက်စာစားလိုက်ဦးမယ်.. ပြီးရင် မိတ်ဆွေတစ်ယောက်နဲ့ သွားတွေ့ဖို့ရှိတယ်.. မင်းလည်းမြန်မြန်အိပ်ရာဝင်တော့။”

သူက ရှပ်အင်္ကျီကိုချွတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်ပြီး ခါးပတ်ကိုချွတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ရှန်ချီဟွမ်း၏ ခန္ဓာကိုယ်မှာ အောက်ခံဘောင်းဘီသာရှိတော့သည်။

ရှန်းယုဟန်၏မျက်နှာက မိန်းမောစရာကောင်းသော မြင်ကွင်းကြောင့် ပူနွေးလာသည်။ “အွန်း”

ရှန်ချီဟွမ်းက ရေချိုးခန်းထဲ လှည့်ဝင်သွားပြီး သူကလည်း သူ့ခင်ပွန်း၏ ဖြောင့်တန်းသောနောက်ကျောနှင့် တောင့်တင်းသောတင်ပါးကို တွေ့လိုက်ရသည်!

ဖြစ်စဥ်ကမကြာသော်ငြား ရှန်းယုဟန်၏မျက်လုံးများကို လှုံ့ဆော်ပေးဖို့လုံလောက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက သူကြည့်ခဲ့သောဗီဒီယိုများကိုမေ့ကာ သူတွေးနိုင်သမျှက သူ့ခင်ပွန်း၏ တောင့်တင်းသောခန္ဓာကိုယ်နှင့် သွယ်လျသော​ခြေတံများဖြစ်ပြီး ယောကျာ်းပီသခြင်း၏ သင်္ကေတဖြစ်သော ဆွဲဆောင်မှုရှိသည့် အနက်ရောင်အတွင်းခံဖြစ်သည်။

ခင်ပွန်းက လွန်လွန်းတယ်.. မအိပ်ခင် ဘာတွေလာပြနေတာလဲ!

ရှန်ချီဟွမ်းက အိပ်ရာမဝင်ခင် ဘေးခန်းမှာရေချိုးသဖြင့် သူကအိမ်မှာ တစ်ခါမှမမြင်ဖူးပေ။ သူက ရှန်ချီဟွမ်း၏လက်မောင်းထဲမှာ နေ့တိုင်းနိုးထလာပြီး တောင့်တင်းသောရင်ဘတ်ကိုလည်းထိကာ သူ့ခင်ပွန်း၏ လက်မောင်းထဲမှာ အေးအေးလူလူ အိပ်မောကျလေ့ရှိပြီး လုံခြုံမှုကိုခံစားရစေသည်။

ဒီညတော့ တစ်ယောက်တည်းအိပ်ရမည်။

စကားမစပ်..ယောကျာ်းရဲ့ခန္ဓာကိုယ်က တကယ်မိုက်တာပဲ..

ရှန်းယုဟန်က အတွေးလုံးဝမရပ်ပဲ ဗီဒီယိုကိုပိတ်ဖို့တောင် မေ့နေသည်။ ရှန်ချီဟွမ်းကိုတွေ့ပြီး​နောက် သူက စိတ်အေးသွားပြီး အိပ်ချင်လာသည်။ ရှန်ချီဟွမ်း ရေချိုးပြီးထွက်လာတော့ ရှန်းယုဟန်ဘက်က ကင်မရာက အနက်ရောင်ဖြစ်နေပြီး အိပ်မောကျနေသည့်အသံကို ကြားနေရသည်။

ပထမက ရှန်းယုဟန်က သူ့ကိုစိတ်ဆိုးနေဆဲဖြစ်လို့ ဗီဒီယိုကောလ်ခေါ်စဥ် တမင်တကာရှေ့ကင်မရာကို မဖွင့်ခဲ့ပဲ အခန်းကိုသာပြခဲ့ပြီး မျက်နှာကိုမပြခဲ့သဖြင့် သူက ရှန်းယုဟန်၏မျက်နှာကို မမြင်နိုင်ခဲ့ပေ။

ထားလိုက်တော့.. သူ့ဖုန်းကိုဖြေဖို့ဆန္ဒရှိတာပဲ လုံလောက်နေပြီ။

သူက ဒီနေ့မအိပ်ခင် ဗီဒီယိုကောလ်ကိုစောင့်နေခဲ့တာက သူ့ကိုဂရုစိုက်တုန်းပဲဆိုတာကိုပြနေသည်၊ သူက ပုံမှန်ဆိုရင် အိပ်ရာစောစောဝင်လေ့ရှိသည်။

ထိုသည်မှာ လက်ထောက်ချွီက တံခါးလာခေါက်၍ ရှန်ချီဟွမ်းက သူနဲ့ရှန်းယုဟန်၏ ဗီဒီယိုကောလ်ကို တွန့်ဆုတ်စွာမပိတ်လိုက်ခင်ထိဖြစ်သည်။ 


ရှန်းယုဟန်က ဒီညကောင်းကောင်းအိပ်ပျော်နေပြီး နောက်ရက်အိပ်ရာထသောအခါ သူ့လည်ချောင်းကနာမနေတော့ပဲ ချောင်းဆိုးနေဆဲဖြစ်ပေမယ့် သူ့စိတ်အခြေအနေက မနေ့ကလောက် အားမနည်းတော့ပေ။ သူက ဒီနေ့လည်း သင်တန်းကိုမသွားခဲ့ပဲ သူ့လက်ရှိအခြေအနေက အပြင်ထွက်ပြီး လေစိမ်းတိုက်ခံဖို့ မသင့်လျော်ပဲ အပြင်ထွက်ရင် တခြားသူများကို အဖျားကူးနိုင်သည်။ ယင်းက မကောင်းသဖြင့် သူက အိမ်မှာသာနေပြီး စီရီနဲ့လေ့လာနေသည်။

စီရီက သူ့ကို သင်ခန်းစာဗီဒီယိုနဲ့ ပတ်သတ်ပြီး အများကြီးညွှန်ပေးခဲ့ပြီး အားလုံးက ခေတ်သစ်အသိပညာဖြစ်ပြီး သူက နည်းနည်းလေ့လာနိုင်ရင် ကောင်းသောအရာဖြစ်သည်။

ရေချိုးမနက်စာစားပြီးနောက် ရှန်းယုဟန်က ရှန်ချီဟွမ်းကို မက်ဆေ့တစ်စောင်ပို့လိုက်ပြီး ယူအက်စ်က အချိန်နဲ့ပတ်သတ်ပြီး သိချင်နေသည်။ အခုက နေ့လားညလား?

ဇနီးလေး: အဲ့ဒီမှာဘယ်အချိန်ရှိနေပြီလဲ?

ရှန်ချီဟွမ်းက အမြန်ဖြေလိုက်သည်။

မူကမ်း: ညနေခြောက်နာရီ၊ အခုပဲအစည်းအဝေးပြီးလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားတော့မလို့။

ဇနီးလေး: ခင်ဗျားနဲ့ လက်ထောက်ချွီပဲ မဟုတ်ဘူးလား?

မူကမ်း: မဟုတ်ဘူး၊ ငါတို့ရုံးမှာ ရုံးခွဲတစ်ခုရှိပြီး တာဝန်ခံနဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းရှိတယ်၊ သူတို့က ဒီနေ့ ငါနဲ့အစည်းအဝေးထိုင်ခဲ့တဲ့သူတွေပါ။

ဇနီးလေး: လူအများကြီးရှိတော့ အမြန်မပြီးဘူးလား?

ရှန်ချီဟွန်းက ကားထဲမှာထိုင်ကာ ပြုံးလိုက်သည်: အနည်းနဲ့အများတော့ ညှိနှိုင်းလို့မရသေးဘူး။ သဘောတူညီချက်ရရင် အိမ်ကိုစောစောပြန်လာလို့ရတယ်။

ဇနီးလေး: ဘယ်လောက်စောမှာလဲ?

မူကမ်း: အခြေအနေပေါ်မူတည်တယ်၊ နှစ်ရက်သုံးရက်ပေါ့။


သူနဲ့ရှန်ချီဟွမ်းက တက်ကြွစွာ စကားစမြည်ပြောနေပြီး ရှန်းယုဟန်က အပြင်က တံခါးခေါင်းလောင်းမြည်သံကို ကြားလိုက်တော့ ပစ္စည်းပို့သူဟုထင်လိုက်သည်။ မျက်နှာပြင်မှာ ပေါ်လာသူက သူမမြင်ချင်သည့် မျက်နှာတစ်ခုဖြစ်သည်။


ရှန်းယုဟန်က ဘာလုပ်ရမလဲမသိ၊ သူတံခါးဖွင့်လိုက်ရမလား?

သူက ခေါင်းငုံ့ကာ ခင်ပွန်းဖြစ်သူကို စာပို့လိုက်သည်။ ယောက်ဖက ရုတ်တရက်ရောက်လာလို့ ကျွန်တော်တံခါးဖွင့်ပေးသင့်လား?

​ပြုံးနေသောရှန်ချီဟွမ်းက အပြုံးရပ်သွားပြီး ရှန်းယုဟန်ကို ဗီဒီယိုကောလ်တိုက်ရိုက်ခေါ်လိုက်သည်။ ရှန်းယုဟန်က တုံ့ဆိုင်းမနေပဲကိုင်လိုက်ပြီး သူက ခလုတ်အသစ်ကို စွဲလမ်းနေကာ အဝေးက သူ့ခင်ပွန်း၏အသံကိုလည်း ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။

ရှန်ချီဟွမ်းက သူ့ကိုမေးသည်။ “ဘယ်ယောက်ဖလဲ?”

ရှန်းယုဟန်က ပြောလိုက်သည်။ “ရှန်ချီယွင်”

ရှန်ချီဟွမ်းက ရပ်လိုက်သည်၊ သူမနေ့ကလေးတင် ထွက်သွားတာကို ရှန်ချီယွင်က ရှန်းယုဟန်ကို ဒီနေ့လာတွေ့တာလား?


သူတို့က ချိန်းဆိုထားတာဆိုရင် ရှန်းယုဟန်က သူ့ကိုပြောပြမှာမဟုတ်သဖြင့် ရှန်ချီယွင်က သူ့သဘောနဲ့သူ လာတာဖြစ်နိုင်သည်။

ရှန်ချီဟွမ်း၏လေသံက သိသိသာသာ မကောင်းတော့ပေ။ “သူဘာလုပ်နေတာလဲ?”

ရှန်းယုဟန်: “မသိဘူး၊ ကျွန်တော်တံခါးဖွင့်ပြီး မေးလိုက်ရမလား?”

“ဖွင့်ပေးလိုက်” ရှန်ချီဟွမ်းက စိတ်မပါစွာဖြေလိုက်သည်။


လက်ထောက်ချွီနှင့် ယူအက်စ်ရုံးခွဲတာဝန်ခံက သူဌေးနဲ့ဇနီးကြားက စကားဝိုင်းကို ဘေးကနေ သေချာနားထောင်နေပြီး သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် တစ်ချိန်လုံး မျက်လုံးချင်းဆက်သွယ်နေကြသည်။

ရှန်းယုဟန်က တံခါးဖွင့်လိုက်ပေမယ့် လူကဝင်မလာပေ။

ရှန်ချီယွင်က ခြံထဲကိုမောင်းဝင်သွားပြီး ကားထဲကထွက်ကာ ကားဘော်ဒီကိုဖွင့်လိုက်သည်။ သူက ရှန်းယုဟန်နှင့် မပတ်သတ်လိုသော အပြုအမူဖြင့် ပြောလိုက်သည်။ “မင်းပေးခဲ့ဖူးတဲ့လက်ဆောင်တွေကို ပြန်ယူလာတယ်၊ မင်းလာသယ်လိုက်၊ ငါခုထိမဖောက်ရသေးဘူး။”

သူက လက်ဆောင်ကို အထူးတလည်ပြန်လာပို့ဖို့ မမျှော်လင့်ထားပေ၊ ​ပြန်လက်မခံဖို့ အကြောင်းပြချက်မရှိကြောင်း သူပြန်လာမပေးခင်တည်းက ပြောထားဖူးသည်။

ဒီယောက်ဖရှန်ချီယွင်က တော်တော်ရိုးသားတာပဲ။

ရှန်းယုဟန်က အပြင်ထွက်တော့မယ့်အချိန် ရှန်ချီဟွမ်းမှာ ရှန်ချီယွင်၏ ရည်ရွယ်ချက်ကိုမြင်နိုင်သော ​မျက်လုံးတစ်စုံရှိပုံရသည်။

“ရှန်ချီယွင်၊ မင်းသူ့ကိုကူပြီး အထဲသယ်သွားပေးလိုက်၊ သူအအေးမိတာမပျောက်သေးဘူး၊ အပြင်ထွက်ပြီး လေတိုက်ခံဖို့ မသင့်တော်ဘူး။”

ရှန်ချီယွင်က ဘယ်ညာကြည့်လိုက်ပေမယ့် ရှန်ချီဟွမ်းကိုမမြင်ရသဖြင့် ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းက ယောကျာ်းတစ်ယောက်ပဲ၊ ဒီဘူးကိုတောင်မသယ်နိုင်ဘူးလား”

“ကျွန်တော်အပြင်ထွက်ပြီး လေခံလို့မရဘူး။” ရှန်းယုဟန်၏အသံက အနည်းငယ်အက်ကွဲနေပြီး သူက တံခါးကိုသာ ဖွင့်ထားကာ အထဲမှာရပ်နေပြီး ဖုန်းကိုကိုင်ထားသည်။

ရှန်ချီယွင်က သူတို့ဘာဖြစ်နေတာလဲမသိပေ။ “အစ်ကိုဟွမ်းဘယ်မှာလဲ? အသံကြားပြီး လူကိုဘာလို့မမြင်ရတာလဲ?”


ရှန်ချီဟွမ်းက သူ၏ရှုပ်ထွေးမှုကို အဖြေပေးလိုက်သည်။ “ဖုန်းထဲမှာ၊ ငါတို့က ဗီဒီယိုကောလ်ခေါ်နေတာ။”

မင်းတို့ ဒီလောက်စောတဲ့မနက်ခင်းမှာ ဘာလို့ဗီဒီယိုခေါ်နေတာလဲ? ငါဒီမှာရှိနေလို့ ချစ်နေသယောင်ဆောင်နေတာလား?

ရှန်ချီယွင်က ရှန်းယုဟန်က ဘူးသယ်ဖို့ အပြင်ထွက်မလာတာကိုတွေ့တော့ သူက ရွေးချယ်စရာမရှိပဲ အထဲကိုပို့ပေးလိုက်ရသည်။

ဘူးက အရမ်းမကြီးပဲ ရှန်းယုဟန်၏ဒူးလောက်သာမြင့်သည်။

ရှန်းယုဟန်က ယဥ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီး ရှန်ချီဟွမ်းက နှာမှုတ်လိုက်သည်။

ရှန်းယုဟန် အထဲဖိတ်ခေါ်တာကို စောင့်နေသော ရှန်ချီယွင်: ငါမင်းကိုမကြားဘူးထင်လို့လား?

ရှန်းယုဟန်က တံခါးမှာရပ်နေသော ရှန်ချီယွင်ကိုကြည့်လိုက်ပြီး ဝေးဝေးနေဖို့ကြိုးစားကာ ရှန်ချီယွင်ကတော့ လက်ဖက်ရည်တစ်ခွက်သောက်ရန် သူ့ကိုယ်သူဖိတ်ခေါ်လိုက်ကာ အိမ်ထဲကိုခြေလှမ်းလိုက်သည်။

ရောက်နေပြီးမှတော့ ရှန်းယုဟန်က သူ့ကိုခံစားချက်တွေ မဖော်ပြဖို့ဆိုတာ မဖြစ်နိုင်ပေ။

နှစ်ဦးလုံးက တိတ်ဆိတ်နေပြီး ရှန်းယုဟန်က စပြောလိုက်သည်။ “ယောက်ဖ၊ တခြားပြောစရာမရှိရင်…”

ရှန်ချီယွင်က စိတ်သက်သာရာရသွားသည်။ တွေ့လား.. ရှန်းယုဟန်က သူနဲ့နှစ်ယောက်တည်းအတူရှိဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ သူက ရှန်ချီဟွမ်း အလုပ်ခရီးရောက်နေတာကိုသိလို့ အထဲဝင်ခဲ့တာဖြစ်သည်။

“ဒါဆိုပြန်ပါတော့၊ အိမ်မှာကျွန်တော်တစ်ယောက်ပဲရှိလို့ ဧည့်သည်ကိုဧည့်ခံဖို့အဆင်မပြေပါဘူး။”

သူ့ကိုပြန်ဖို့ပြောနေပြီး အထဲဝင်ခွင့်မပေးဘူးလား?

“ကောင်းပြီ” ရှန်ချီယွင်က စိတ်ဆိုးလွန်း၍ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ “ဒါဆိုငါသွားတော့မယ်။”

ရှန်းယုဟန်က သူ့အာရုံကိုဆွဲဆောင်ဖို့ နောက်တစ်လှမ်းကြိုဆုတ်ထားတာဖြစ်မည်။ လေသံက ယဥ်ကျေးနေပေမယ့် နားထောင်ရတာ သူ့ကိုစိတ်ပျက်စေသည်။ သူက မနက်စောစောထကာ ရေချိုးခေါင်းလျှော်၊ အဝတ်အစားသုံးစုံလောက်လဲပီး အကြိုက်ဆုံးနာရီကိုဝတ်ကာ ခမ်းနားကြော့ရှင်းသော ရေမွှေးကိုဖြန်းလာပြီး ခေါင်းစခြေဆုံး ခန့်ညားနေတာတောင် ရှန်းယုဟန်က သူ့ဆွဲဆောင်မှုကိုငြင်းဆန်နေသည်။ အရင်ကဆိုရင် သူက ပြေးလာပြီး အကိုချီယွင်..အကိုချီယွင်လို့ အော်ခေါ်နေမှာပင်!

အခုတော့.. အခုတော့ သူကဧည့်သည်ဖြစ်လို့ ဧည့်ခံဖို့အဆင်မပြေဘူးတဲ့လား!

ဒါနဲ့ မောင်းထုတ်တာဘာကွာလဲ?

သူက စိတ်အေးအေးထားလိုက်ပြီး ဒါက ရှန်းယုဟန်၏လှည့်ကွက်ဖြစ်ပြီး တိုးတက်မှုရှိဖို့ တမင်တကာခြေတစ်လှမ်းဆုတ်တာ သိသာသည်။ 

ရှန်ချီယွင်က ဖြည်းဖြည်းချင်း ကားဆီလှည့်ထွက်သွားပြီး ရှန်းယုဟန် သူ့ကိုတားဖို့ မျှော်လင့်နေသည်။

သနားစရာက အကြာကြီးစောင့်ပြီးတာတောင် သူက ‘အကိုချီယွင်..ထွက်မသွားပါနဲ့!’ဆိုသော စကားကိုမကြားခဲ့ရပေ။

ရှန်းယုဟန်က ရှန်ချီယွင်တွေးနေတာကို ဘယ်လိုသိနိုင်တာလဲ?

ရှန်းယုဟန်က ကြမ်းပြင်ပေါ်က ဘူးများကိုကြည့်ကာ ဖွင့်လိုက်တော့ လှလှပပထုတ်ပိုးထားသော လက်ဆောင်​ဘူးများကို တွေ့လိုက်ရသည်။ အားလုံးက ရှန်ချီယွင်အကြိုက် အပြာနုရောင်ဖြစ်သည်။

သူက ရှန်ချီဟွမ်း ဖုန်းကိုမချခင်မှာ မေးလိုက်သည်။ “ဒီလက်ဆောင်တွေကို ဘာလုပ်ရမလဲ?”

ရှန်ချီဟွမ်းက ရွံသလိုပြောလိုက်သည်။ “ပစ်လိုက်”

သို့သော် ရှန်းယုဟန်သည် မူလရှန်းယုဟန်က ဒါကိုဝယ်ဖို့ ပိုက်ဆံအကုန်သုံးခဲ့သည်ဆိုသော ရှန်ချီယွင်၏စကားကို သတိရသွားသည်။ သူက ငွေပြတ်နေသောနာကျင်မှုကိုသိပြီး လက်ဆောင်ဝယ်ဖို့ ပိုက်ဆံအတွက် စိတ်ညစ်ရတာကိုသိလို့ တွန့်ဆုတ်စွာပြောလိုက်သည်။ “ပစ်လိုက်ရင်နှမြောစရာကြီး၊ အဲ့ဒါက ကျွန်တော့်ပိုက်ဆံနဲ့ဝယ်ထားတာလေ”

ရှန်ချီဟွမ်းက ထပ်ပြောလိုက်သည်။ “ဒါဆို တစ်ပတ်ရစ်ပစ္စည်းရောင်းဖို့ ရှန်းယွီမှာပို့စ်တင်လိုက်”

(ရှန်းယွီ - အလီဘာဘာဂရုရဲ့ app တစ်ခုပါ)

ရှန်းယုဟန်က နားမလည်ဖြစ်နေသည်။ တစ်ပတ်ရစ်ငါးဆားနယ်ကို သူဘယ်လိုရောင်းရမလဲ?

(ရှန်းယုဟန်ကလေသံတူလို့ မှားသွားတာပါ)

“ကောင်းပြီ” ထားလိုက်တော့ အရင်ဆုံးဘူးကိုနေရာချပြီး စီရီကိုမေးလိုက်မယ်။

ပစိဖိတ်ပင်လယ်တစ်ဖက်ခြမ်းက ရှန်ချီဟွမ်းက အံ့အားသင့်စရာကောင်းအောင် စိတ်ကြည်နေသည်။

ထိုစဥ် ရှန်ချီယွင်က သူတို့နှစ်ယောက်၏ စကားများကို နားထောင်နိုင်သောနေရာမှ ထွက်မသွားသေးပဲ စကားတစ်ခွန်းစီကိုနားထောင်နေသည်။

မမျှော်လင့်ထားစွာ ရှန်ချီဟွမ်းက သူ့လက်ဆောင်ကို ရှန်းယွီမှာ တစ်ပတ်ရစ်ပစ္စည်းအဖြစ်ရောင်းချဖို့ ပြောခဲ့တာကို နားထောင်ခဲ့ရသည်။

ရှန်းယုဟန်..မင်းတော်တယ်!

မင်းငါ့ရဲ့အာရုံကို တကယ်ဆွဲဆောင်နိုင်ခဲ့ပြီ!


ထိုအချိန်တွင် ရှန်းယုဟန်က ဘူးကိုမကာ တံခါးကိုခြေထောက်နဲ့ပိတ်ပြီး အပြင်ဘက်က ရှန်းယုဟန်လာခေါ်တာကို စောင့်နေသော ရှန်ချီယွင်ကို ပိတ်ဆို့လိုက်သည်။