Chapter 27.1
Viewers 1k

Chapter 27.1


“ဒါမဟုတ်ဘူး.. နောက်စာကြောင်း”

ရှန်ချီဟွမ်းက နောက်အပတ်မှ ပြန်လာမယ်ထင်ခဲ့ပေမယ့် မျှော်လင့်ထားတာထက် စောစောပြန်လာခဲ့သည်။ ရှန်းယုဟန်က သူ့ကိုတွေ့တော့ သူက တုန်လှုပ်မသွားပဲ ပျော်ရွှင်မှုကြောင့် အံ့အားသင့်နေပြီး မနေနိုင်တော့ပဲ သူ၏စိတ်ခံစားချက်ကိုပြကာ မျက်လုံးထဲမှာ ပျော်ရွှင်မှုကို ဖုံးကွယ်မထားခဲ့ပေ။

“ငါဘာလို့ပြန်လာလို့မရမှာလဲ?” ရှန်ချီဟွမ်းနှင့်ရှန်းယုဟန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သူ့မျက်လုံးများက ရှန်းယုဟန်၏ မျက်နှာပေါ်မှာသာရှိနေပြီး မတွေ့တာရက်အနည်းငယ်ကြာပြီမို့ သူ့ပါးပေါ်က အသားနည်းနည်းပျောက်သွားခဲ့သည်။ သူက ရှန်းယုဟန်၏မျက်နှာကို မကျေမနပ် ဆွဲညှစ်လိုက်သည်။ “စားထားတာက ဘယ်ရောက်သွားတာလဲ?”

“ကျွန်တော့်အစာအိမ်ထဲလေ” ရှန်းယုဟန်က သူ့စကားနောက်ကိုလိုက်ကာ မျက်တောင်များက တဖျပ်ဖျပ်ခပ်နေပြီး သူ့မျက်နှာကို ဆွဲညှစ်ထားသော ရှန်ချီဟွမ်း၏လက်ကိုဖမ်းလိုက်သည်။ သူက သူ့ခင်ပွန်းနှင့် အပြင်မှာ နီးကပ်နေတာကြောင့် နည်းနည်းရှက်သွားပြီး ညင်ညင်သာသာပြောလိုက်သည်။ “နာတယ်”

“ငါအားတောင်မသုံးထားဘူး။” ရှန်ချီဟွမ်းက စကားဆုံးသည်နှင့် ရှန်းယုဟန်၏ ဖြူဖွေးနေသောမျက်နှာမှာ လက်ချောင်းရာကိုတွေ့သွားပြီး ထိုသည်မှာ သူညှစ်လိုက်သော အနီရောင်အမှတ်အသားဖြစ်သည်။ “တကယ်နာသွားတာလား?”

“နည်းနည်းပါ” ရှန်းယုဟန်က ရှန်ချီဟွမ်းကို မျက်လုံးလှန်ကြည့်ကာ “အရမ်းမနာပါဘူး။”

ရှန်ချီဟွမ်းက သူ့အရေပြားအရမ်းပါးကာ နီသွားမယ်လို့ မမျှော်လင့်ထားပေ။ ကိုင်လို့ကောင်းသော်လည်း အားမသုံးထားသဖြင့် မှုန်တေတေပြောလိုက်သည်။ “မင်းကအရမ်းနူးညံ့တာပဲ”

ရှန်းယုဟန်က ခေါင်းမော့ကာ ရှန်ချီဟွမ်းကို ထပ်ကြည့်လိုက်သည်။ “မဟုတ်ပါဘူး၊ အရေပြားပါးလို့ပါ”

“အွန်း၊ အရေပြားပါးပေမယ့် နူးညံ့တယ်” ရှန်ချီဟွမ်းက သူ့ကိုမြင်လိုက်ရပြီးနောက် စိတ်ကြည်နေပြီး သူ့နှုတ်ခမ်းမှ အပြုံးသေးသေးလေးတစ်ခုပေါ်လာကာ ရှန်းယုဟန်ကို လှည့်မေးလိုက်သည်။ “ရှန်ချီယွင်ကို မြင်လိုက်သလားလို့”

“ဟုတ်တယ်.. သူဘာလို့ဒီကိုရောက်နေလဲ ကျွန်တော်မသိဘူး။ ပြီးတော့ သူက ကျွန်တော်နဲ့အတူ နေလည်စာစားချင်တယ်လို့လည်း ပြောခဲ့တယ်။” ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဖြစ်ပျက်ခဲ့သမျှ ပြောပြလိုက်သည်။



ရှန်ချီဟွမ်းက သူ့မျက်လုံးများကိုကြည့်ကာ လိမ်တာမဟုတ်ဘူးဆိုတာကိုသိပြီး သူက သူ့ခါးကိုလက်နှင့်ဖက်ကာ ကားဆီကို ညင်ညင်သာသာ ခေါ်သွားခဲ့သည်။ သူက တီးတိုးပြောလိုက်သည်။ “အပြင်မှာအေးနေပြီ၊ အထဲအရင်ဝင်နေ.. ငါသူ့ကိုစကားနည်းနည်းပြောလိုက်ဦးမယ်”

သူကားပေါ်တက်ခါနီးမှာ ခေါင်းနဲ့တိုက်မိမှာစိုး၍ လက်နဲ့ကာပေးထားပြီး သူက နဂိုတည်းက နူးညံ့လို့ ခေါင်းထိသွားရင် ငိုသွားနိုင်သည်။


ရှန်ချီဟွမ်းအနားမှာရှိရင် ရှန်းယုဟန်၏စိုးရိမ်မှုက ငြိမ်သက်သွားသည်။ ရှန်ချီဟွမ်းက ကားတံခါးကိုပိတ်ပေးပြီး ဒရိုက်ဘာက မိသားစုဒရိုက်ဘာမဟုတ်ကြောင်း သတိထားမိသွားပေမယ့် လက်ထောက်ချွီက သူ့ကိုနှုတ်ဆက်လာသည်။


ရှန်းယုဟန်က ခရီးနဲ့ပတ်သတ်ပြီး စူးစမ်းချင်နေပြီး လက်ထောက်ချွီက သူတို့လူဖြစ်၍ သူက မအံ့သြခဲ့ပေ။

“လက်ထောက်ချွီ၊ ဒီတစ်ကြိမ်ယူအက်စ်မှာ အခက်တွေ့ခဲ့လား?”

“အဆင်ပြေပါတယ်၊ သူဌေးက ဒီတစ်ကြိမ်အဓိကတွန်းအားဆိုတော့ ပိုတောင်ခက်ခဲတယ်။” လက်ထောက်ချွီက အလုပ်သဘောအရပြုံးပြကာ “သူက လွန်ခဲ့တဲ့ရက်တွေမှာ တစ်ဖက်လူနဲ့ ညှိနှိုင်းမှုအများကြီးလုပ်ခဲ့ပြီး ညဆိုရင်နောက်ကျတဲ့ထိ ဟိုတယ်အစည်းအဝေးခန်းမှာ အစည်းအဝေးကျင်းပရတယ်။”

ရှန်းယုဟန်က ရှန်ချီဟွမ်း နောက်ကျသည်အထိ အလုပ်လုပ်တာကို မမြင်ဖူးပဲ အိမ်ကိုစောစောပြန်လာဖို့ နောက်ကျတဲ့အထိ အလုပ်လုပ်မယ်လို့ မမျှော်လင့်ထားပေ။ ပြန်ရောက်တော့ သူ့မျက်နှာက မျက်တွင်းချောင်နေတာ အံ့သြစရာမရှိပေ။ သူက အနည်းငယ်စိတ်ပူသွားခဲ့သည်။

ရှန်းယုဟန်က သတင်းကွန်ရက်ပေါ်က အမေရိကန်လူမျိုးများ၏ ကြမ်းတမ်းသောဘဝကို တွေ့ခဲ့ရသည်။

သူက ထိတ်လန့်မှုကြောင့် ရင်ဘတ်ကိုဖိကာ မေးလိုက်သည်။ “ယူအက်စ်မှာ မကြာခဏပစ်ခတ်မှုတွေရှိနေတယ်လို့ ကျွန်တော်သတင်းမှာဖတ်ခဲ့ရတယ်၊ ညသန်းခေါင် လမ်းပေါ်မှာ သေနတ်ကိုင်ထားကြတဲ့လူတွေလည်း ရှိတယ်တဲ့။ အရမ်းအန္တရာယ်မများဘူးလား?”

လက်ထောက်ချွီက​ပြောလိုက်သည်။ “ကျွန်တော်တို့က ညဘက်မှာအပြင်မထွက်ဘူး၊ မငြိမ်သက်တဲ့နယ်မြေကို မသွားသရွေ့အဆင်ပြေပါတယ်။ ကျွန်တော်တို့က လုံလုံခြုံခြုံပြန်ရောက်ခဲ့တာပဲလေ။”

ရှန်းယုဟန်က ကိုယ်အလေးချိန်ကျသွားသော ရှန်ချီဟွမ်း၏ ခန့်ညားသောမျက်နှာကို တွေ့ခဲ့ရသည်။ “ဒါဆို အဲ့မှာဘာစားခဲ့ကြလဲ?”


လက်ထောက်ချွီက ချဲ့ကားမှုမရှိပဲ ပြောဖို့ကြိုးစားခဲ့ပေမယ့် ခေါင်းစဥ်ကို ရှန်ချီဟွမ်းဆီကိုပဲ ဦးတည်လိုက်သည်။ “အသားကင်နဲ့ပေါင်မုန့်..ပြီးတော့ အခွင့်အခါသင့်ရင် တရုတ်အစားအစာ၊ ဒါပေမယ့် တရုတ်အစားအစာက ပုံမှန်ပါပဲ၊ သူဌေးကလည်းသိပ်မကြိုက်ဘူး။”

အမှန်ကန်ဆုံးစကားက စိတ်ဆင်းရဲစရာအကောင်းဆုံးဖြစ်သည်။ ရှန်းယုဟန်က သူတို့လမ်းခရီးမှာ အစားအသောက် အခက်အခဲမရှိဘူးထင်ခဲ့ပေမယ့် အစားအသောက်မကောင်းလို့ အဆင်မပြေခဲ့ပုံရပြီး သူက သူ့ခင်ပွန်းကို အစားထိုးပေးရန် အန်တီဝမ်ကို ဘဲသားပေါင်းချက်ပေးဖို့ ပြောလိုက်ဦးမည်။


လက်ထောက်ချွီက သူဌေး၏ဇနီးကြားသွားလျှင် သူ့ကိုလစာတိုးပေးဖို့ သူဌေးကို သေချာပေါက်တောင်းဆိုလိမ့်မည်ဟု တွေးထားသည်။ ပြီးတော့ ဒီနေ့ခတ်မှာ သူ့လိုပါးနပ်တဲ့ လက်ထောက်လည်းသိပ်မရှိပေ။


ဒီမှာတော့ သူတို့က ယူအက်စ်ရဲ့ တစ်နေ့သုံးနပ်ကို ဆွေးနွေးခဲ့ကြပြီး ဟိုမှာတော့ ရှန်ချီဟွမ်းက ရှန်ချီယွင်ကို တည့်တိုးရင်ဆိုင်နေသည်။


ရှန်ချီယွင်က သူရောက်လာတော့ ရှန်းယုဟန်က နည်းလမ်းပြောင်းကာ သူ့ကိုငြင်းလိမ့်မည်ဟု တွေးထားပေမယ့် ရှန်ချီဟွမ်းက အခုလိုပေါ်လာမယ်လို့တော့ မတွေးထားပေ။ သို့သော် ရှန်ချီဟွမ်းကို တစ်ယောက်တည်းရင်ဆိုင်ရမှာက သူ့ကိုလုံးဝမကြောက်လန့်စေပေ။


သို့သော် ရှန်ချီဟွမ်းက သူ့ဒေါသကို ရှန်ချီယွင်အပေါ် တိုက်ရိုက်မပုံချသလို လက်နဲ့ခြေထောက်ကိုလည်း မသုံးခဲ့ပေ။ သူက ဒီလိုလူမဟုတ်ပေမယ့် ရှန်ချီယွင်ကို အမူအရာမဲ့စွာပြောလိုက်သည်။ “မင်းအားတဲ့တစ်ရက်မှာ ငါနဲ့ မင်းမရီးက မင်းကိုနေ့လည်စာ ဝယ်ကျွေးပါမယ်။”

ရှန်ချီယွင်က သူ့လက်ထဲက ပန်းကိုကိုင်ထားကာ ရှန်ချီဟွမ်းက ရည်ရွယ်ချက်ဆိုးနဲ့ လာခဲ့တာကို သူသိသည်။ သို့သော် သူက ဒီလိုရိုးရှင်းသောစကားကို လွယ်လွယ်ပြောလာမယ်လို့ မမျှော်လင့်ထားပေ။ 


မရီး ရှန်းယုဟန်?

သူကလက်မခံပေ။ “ကျေးဇူးပါ..အစ်ကိုဟွမ်း၊ ကျွန်တော့် အခုတစ်လော အားလပ်ချိန်မရှိပါဘူး။”

ရှန်ချီဟွမ်း၏ မျက်လုံးများက ရေခဲဓားနှင့်တူနေပြီး ရှန်ချီယွင်၏ မျက်နှာကို နည်းနည်းချင်းထိုးစိုက်နေသည်။ “မင်းရဲ့မရီးက မင်းသူ့ကို နေ့လည်စာဖိတ်ကျွေးဖို့ အချိန်ရတယ်လို့ ပြောခဲ့တယ်။”

ရှန်ချီယွင်က အံ့သြသွားသည်၊ ရှန်းယုဟန်က ဘာကိုဆိုလိုတာလဲ.. သူပြောသမျှကို ရှန်ချီဟွမ်းကိုပြောခဲ့တာလား?

ပန်းစည်းကိုင်ထားသော သူ့လက်က တင်းကျပ်သွားပေမယ့် သူက သာမန်အတိုင်းပြုံးကာ “ကျွန်တော်က ကျွန်တော်လိုက်နေတဲ့မိန်းကလေးကို လာကြိုတာ၊ ပြီးမှသူ့ကိုနေ့လည်စာအတူစားချင်လား​မေးခဲ့တာ။”


ရှန်ချီဟွမ်းက ရှန်ချီယွင်၏ပခုံးပေါ် ရုတ်တရက်လက်တင်လိုက်သည်။ “ကောင်းပြီ၊ ဒီလိုဆိုရင် မင်းကောင်မလေးနဲ့ပဲ ကောင်းကောင်းစားပြီး ငါနဲ့ မင်းမရီးရဲ့နေ့လည်စာကို စိတ်ပူမနေပါနဲ့။” သူက ရှန်ချီယွင်၏ပခုံးကိုဖိကာ တိုးတိုးလေးသတိပေးလိုက်သည်။ “ရှန်ချီယွင်၊ ရှန်းယုဟန်က အခုငါ့အပိုင်ပဲ၊ မင်းငါ့လမ်းရှေ့ကဖယ်ပြီး ငါတို့အနားမှာ တဝဲလည်လည်လုပ်နေတာကို ရပ်လိုက်ပါ။”

ရှန်ချီယွင်က ရှန်ချီဟွမ်း၏လက်ကို ဖယ်လိုက်ချင်ပေမယ့် ရှန်ချီဟွမ်း၏လက်က သူ့ပခုံးပေါ်မှာ သံပန်းဂဟေဆော်နေတာနဲ့ တူနေပြီး သူက သူ၏လူကြီးလူကောင်းပုံရိပ်ကိုထိန်းရန် မနာသလိုဟန်ဆောင်ကာ အံကြိတ်ပြီးပြောလိုက်သည်။ “လွှတ်စမ်း! မင်းက ရှန်းယုဟန်ကို ဂရုစိုက်ပေမယ့် သူကမင်းကိုဂရုစိုက်လို့လား? သူက ငါ့ကို နှလုံးသားတစ်ခုလုံးပုံပေးပြီး ချစ်ခဲ့တာ။”

ရှန်ချီဟွမ်းက သူ့ပခုံးပေါ်ကလက်ကို ဖြေလျော့ပေးလိုက်ပြီး ကုတ်အင်္ကျီကိုခါပေးလိုက်သည်။ သူက စိတ်မဆိုးပဲ ပြောလိုက်သည်။ “တစ်ခါတစ်လေတော့ မျက်စိကန်းဖူးတဲ့သူတွေ ရှိကြတာပဲ။”


ကလေးဘဝကနေ အရွယ်ရောက်သည်အထိ နှစ်သစ်ကူးနှင့် တခြားပွဲတော်များမှာ ရှန်ထျန်းဖုန်းက ရှန်အိမ်တော်မှာ ညစာအတူစားဖို့ အိမ်တော်များစွာကို ဖိတ်ခေါ်လေ့ရှိပြီး မဒမ်တွေက ထိုနေရာမှာ ရှိနေလို့မရပဲ ကလေးတွေကတော့ ရှိနေရမည်။


ရှန်ချီဟွမ်း၏ မွေးမိခင်က လောကီရေးရာများကို ဂရုမစိုက်တော့သည်မှာ ကြာခဲ့ပြီဖြစ်တာကြောင့် ကလေးလေးယောက်က ရှန်ထျန်းဖုန်း၏ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့သည်။ သို့သော် နုပျိုစဥ်ကနေ အိုသည်အထိ ရိုမန်တစ်ဆန်သော ရှန်ထျန်းဖုန်းက သူတို့ကို လုံးဝဂရုမစိုက်ချေ။

ပျက်စီးနေသောကလေးတစ်ယောက်လို ပြုမူသည့် အမေတစ်ယောက်ရှိနေသော ကလေးများက အမေမရှိသော ကလေးများထက် ပိုပြီးယုံကြည်မှုရှိကြသည်။


ကျန်အိမ်တော်သုံးခုမှ သားသမီးများက ပင်မအိမ်တော်က ရှန်ချီဟွမ်းနှင့် တခြားသူများကို သဘာဝအတိုင်း ရန်မူလေ့ရှိကြပြီး ရှန်ချီယွင်ငယ်စဥ်က သူနဲ့အသက်တူသော ရှန်ချီဟွမ်းကို အနိုင်ကျင့်ဖို့ အခွင့်အရေးကို အသုံးပြုလေ့ရှိသည်။ သူက ပါးစပ်ကသာ အစ်ကိုလို့ခေါ်ပေမယ့် ရင်ထဲကနေ အစ်ကိုလို့ မသတ်မှတ်ခဲ့ချေ။ သူအမှားလုပ်တိုင်း ရှန်ချီဟွမ်းအပေါ်ကို အပြစ်ပုံချလေ့ရှိပြီး ရှန်ထျန်းဖုန်းက ချွဲတတ်သော ကလေးများကို သည်းသည်းလှုပ်တာကြောင့် အတွင်းမှာ ဖြစ်ပျက်နေသော လျှို့ဝှက်ဆန်းကြယ်မှုကို စိတ်မဝင်စားပဲ ထိပ်တိုက်တွေ့တိုင်း ရှန်ချီဟွမ်းက နောက်ဆုတ်ပေးရလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှန်ချီဟွမ်းက ရှန်အိမ်တော်ကိုရောက်တိုင်း တိတ်ဆိတ်စွာနေလေ့ရှိပြီး ရှန်ထျန်းဖုန်းက သူ့ကိုမှားတယ်လို့ ဆုံးဖြတ်သည်ဖြစ်စေ မှန်တယ်လို့ဆုံးဖြတ်သည်ဖြစ်စေ သူဘယ်တော့မှမငြင်းခဲ့ပေ။


ဒီလူတွေက သူ့အတွက် သူစိမ်းတွေဖြစ်တာကြောင့် သူ့အနာဂတ်နဲ့ သူ့ဘဝကိုထိခိုက်အောင် မလုပ်နိုင်ပေ။ သူတို့နဲ့ပြိုင်ငြင်းခုံရင် သူ၏အရည်အသွေးပဲ နိမ့်ကျသွားမည်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။


ဒီတစ်ကြိမ်မှာတော့ ရှန်ချီဟွမ်းက သည်းမခံနိုင်တော့ပဲ ရှန်ချီယွင်က ဒေါသထွက်ကာ အာစေးမိနေသည်ကိုကြည့်ကာ သူ့စိတ်က ပျော်ရွှင်လာသည်။


သူက ရှန်ချီယွင်ကို ငြင်းဆန်ဖို့ အခွင့်အရေးမပေးချင်ပေ။ ပြောပြီးသည်နှင့် သူက ရှန်းယုဟန်ကိုတွေ့ဖို့ ကားဆီပြန်သွားခဲ့သည်။ 


ရှန်ချီယွင်က သူ့နောက်လိုက်လာပေမယ့် သူခေါ်လာသော မိန်းကလေးက သူ့ကိုတားခဲ့သည်။ 


သူက ဒေါသထွက်ကာ တိတ်ဆိတ်နေခဲ့သည်။ ရှန်ချီဟွမ်းက သူ့ကို ဒေါသအရမ်းထွက်အောင် လုပ်သွားတာပဲ!


သူ့ကို ထွက်သွားဖို့ပြောခဲ့တယ်.. ရှန်းယုဟန်အတွက်လေ.. တန်လို့လား?