Chapter 28.1
“သူက မိန်းကလေးမဟုတ်ဘူး၊ ယောကျာ်းလေး”
ရက်အတော်ကြာခရီးထွက်ပြီး ရှန်ချီဟွမ်းက တကယ်ပင်ပန်းနေကာ ညနေစောင်းအထိအိပ်ခဲ့ပြီး လိမ္မော်ရောင်နေဝင်ချိန်က အိမ်အပြင်ဘက်မှာ ဦးတည်နေသည်။
သူတို့က မင်္ဂလာခန်းမှာ တစ်ရေးတစ်မောအိပ်ကာ ရှန်ချီဟွမ်းက အခန်းပတ်လည်ကိုကြည့်တော့ ရှန်းယုဟန် အခန်းထဲမှာ မရှိတာကိုတွေ့ခဲ့ရသည်။
၁.၈မီတာရှည်သောကုတင်က အနည်းငယ်သေးနေဆဲဖြစ်ပြီး သူက သူ၏၂.၂မီတာရှည်သော ကုတင်ကိုပြန်သွားရမည်။ ဒါပေမယ့် ရှန်းယုဟန်ကို သူနဲ့အတူ ပြောင်းရွှေ့ဖို့ ဘယ်လိုပြောရမလဲ၊ ဒီကောင်လေးက လွန်ခဲတဲ့ရက်အနည်းငယ်ကတည်းက စိတ်ဆိုးနေဆဲပင်။
ရှန်ချီဟွမ်းက အောက်ထပ်မဆင်းခင် သူငယ်ချင်းဂရုချက်ထဲက မက်ဆေ့များကိုဖတ်ကာ တင်းချွမ်က သူ့မှာ တရုတ်ပန်းချီပြပွဲအတွက် လက်မှတ်နှစ်စောင်ရှိပြီး သူနဲ့ သူ့ဇနီးက သွားဖို့စီစဥ်ထားပေမယ့် ရုတ်တရက် အိမ်မှာတစ်ခုခုဖြစ်ခဲ့၍ မသွားဖြစ်တော့လို့ သူက ရှန်ချီဟွမ်းတို့ သွားချင်လားမေးထားသည်။
ရှန်ချီဟွန်းက သူနဲ့ သီးသန့်တိုက်ရိုက်ပြောလိုက်သည်။
မူကမ်း: မင်းငါ့ကိုလက်မှတ်ပေးလို့ရတယ်။
တင်းချွမ်: မင်းသွားမှာလား? မင်းနိုင်ငံခြားမှာမဟုတ်ဘူးလား?
မူကမ်း: ငါဒီနေ့ညနေက ပြန်ရောက်တာ
တင်းချွမ်: ငါမှားသွားတယ်ထင်တာ။ ဘယ်သူ့ကိုခေါ်သွားမှာလဲ?
မူကမ်း: ငါ့ကိုပေး၊ ဘယ်သူနဲ့ဖြစ်ဖြစ် မင်းကိုတော့ခေါ်မသွားဘူး။
တင်းချွမ်: ဟားဟားဟား၊ မင်းရဲ့သူငယ်ချင်းလေးကို ခေါ်သွားချင်တာမလား? အရမ်းကိုဖုံးနေတော့တာပဲ။
မူကမ်း: ဟုတ်တယ်၊ ငါ့သူငယ်ချင်းလေး။
ရှန်ချီဟွမ်းက ရှန်းယုဟန်က သူ့ကို အပြင်မှာတခြားတစ်ယောက်ရှိနေလားလို့ မေးခဲ့တာကို တွေးပြီး တိုက်ရိုက်ပြောချလိုက်သည်။
တင်းချွမ်: နောက်ကျရင် ငါတို့နဲ့မိတ်ဆက်ပေးဖို့ခေါ်ခဲ့။
မူကမ်း: နောက်မှပြောရအောင်။
တခြားသူများက ရှန်းယုဟန်ကို အမြင်မကြည်သဖြင့် လောလောဆယ်တော့ မတွေ့သေးတာကောင်းသည်။ ဒီကောင်တွေက ပါးစပ်ကိုမထိန်းချုပ်နိုင်ပဲ ပေါက်ကရပြောခဲ့ရင် သူက ထပ်ပြီးအထင်လွဲသွားလိမ့်မည်။ ရှန်းယုဟန်က ငိုရတာအရမ်းကြိုက်ပြီး သူငိုရင် သူကချော့ရသည်။
တင်းချွမ်က ရှန်ချီဟွမ်းကို လက်မှတ်နှစ်စောင်၏ ကျူအာကုဒ် ပို့ပေးခဲ့သည်။
–
ရှန်ချီဟွမ်းက စာဖတ်ခန်းမှာ လက်ရေးလှလေ့ကျင့်နေသော ရှန်းယုဟန်ကို တွေ့သွားပြီး ရှန်းယုဟန်က လွန်ခဲ့တဲ့နှစ်ရက်က ဖုန်းကိုအသုံးပြုကာ စာလုံးကြီးများရေးဖို့ သင်ယူနေပြီး ရှန်ချီဟွမ်းပြန်လာတော့ သူကရပ်ကာ လက်ရေးလှကိုပဲ လေ့ကျင့်လိုက်သည်။
“မင်းလက်ရေးလှလေ့ကျင့်နေတာလား?” ရှန်ချီဟွမ်းက သူ့စာဖတ်ခန်းကို တစ်ခါမှမမြင်ဖူးခဲ့ပဲ အခုလှည့်ပတ်ကြည့်လိုက်တော့ အခန်းလိုအပ်ချက်များကို တွေ့ခဲ့သည်။ အခန်းက စာအုပ်စင်တောင်မရှိပေမယ့် ရှန်းယုဟန်က သေးငယ်ပြီးဆန်းသစ်သောပုံစံဖြင့် အလှဆင်ထားကာ နွေဦးရာသီကိုခံစားနိုင်ရန် အစိမ်းရောင်အကိုင်းအခက်ကို ပန်းအိုးထဲထည့်ထားသည်။
သူက ရှန်းယုဟန် ဘာရေးနေလဲသွားကြည့်လိုက်သည်။ ကြည့်လိုက်ပြီးနောက် ရှန်းယုဟန်က ဘာမှကျွမ်းကျင်မှုမရှိတာ မဟုတ်ကြောင်းသိသွားပြီး သူက တခြားသူအရှေ့မှာ မချပြတာသာဖြစ်၏။
ထိုအက္ခရာကို ကြီးကျယ်ခမ်းနားသောပုံစံဖြင့် ရေးထားကာ ရေးဆွဲခြင်းအရှိန်အဝါကို ဘေးဖယ်ထားရင် ရေးဆွဲချက်တစ်ခုချင်းစီက သဘာဝဆန်ပြီး တစ်ကြိမ်တည်းနှင့် ပြီးပြည့်စုံသည့်ပုံပေါ်သည်။
သူမအံ့သြသွားဘူးဆိုရင် လိမ်ရာကျမည်။ ရှန်ချီဟွမ်းက ပြောလိုက်သည်။ “မင်းရေးထားတာလား?”
“အာ၊ ကျွန်တော့်လက်ရေးကဆိုးလို့ ခင်ဗျားရယ်လိမ့်မယ်။” ရှန်းယုဟန်က ဘောပင်ခွက်မှာ စုတ်တံကိုပြန်ထည့်လိုက်သည်။ “ခင်ဗျားရောရေးလား?”
ရှန်ချီဟွမ်းက အံ့အားသင့်မှုကနေ ပြန်ရုန်းထွက်လာပြီး ရှန်းယုဟန်ကို လက်ရေးလှလေ့ကျင့်ရန်ပို့ဖို့ မလိုအပ်ခဲ့ပေ။ သူကခေါင်းခါကာ ပြောလိုက်သည်။ “ငါက လက်ရေးလှအများကြီးမလေ့ကျင့်ဘူး။ ငါ့လက်ရေးက မင်းထက်အများကြီးဆိုးတယ်”
“ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာပဲ” ရှန်းယုဟန်က သူရေးထားတာကို ဘေးချကာ သူ့အတွက် စာရွက်နောက်တစ်ရွက် ထုတ်ပေးလိုက်သည်။ “ခင်ဗျားတစ်ခုလောက်ရေးပြလေ ကြည့်ချင်လို့”
“ကောင်းပြီ၊ ငါ့လက်ရေးကိုပြမယ်” နည်းနည်းလောက်ပျော်ကြတာပေါ့။
ရှန်ချီဟွမ်းက သုံးလို့ကောင်းလောက်မည့် ဘောပင်တစ်ချောင်းကိုရွေးလိုက်သည်၊ ဒီနေရာက တကယ်ကိုသပ်ရပ်နေသည်။
ရှန်းယုဟန်က ဘေးမှာငြိမ်ငြိမ်လေးရပ်နေကာ သူ့အတွက်မှင်ထည့်ပေးလိုက်ပြီး ရှေးဟောင်းလက်ရေးလှစားပွဲရှေ့က လူတစ်ယောက်လို ဂရုတစိုက်ရှိနေသည်။ ရှန်းယုဟန်က ယောကျာ်းနောက်လိုက်နေသာ ဇနီးတစ်ယောက်နှင့်တူကာ သူကတော့ အကြွင်းမဲ့စောင့်ကြည့်ခံနေရသော ရှေးခတ်ခင်ပွန်းတစ်ယောက်နှင့်တူပြီး ဤခံစားချက်က ခဏသာဖြစ်ပေမယ့် ပြောမပြတတ်အောင် အံ့သြစရာကောင်းသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း လက်ရေးလှတစ်ကြောင်းရေးပြီးတာကို စောင့်နေပြီး သူ့ခင်ပွန်းကလည်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတာလုံးဝမဟုတ်ပဲ လက်ရေးကတကယ်ကိုဆိုးတာဖြစ်သည်။ ခေတ်သစ်လူသားတွေက လက်ရေးလှကို မကြာခဏမလေ့ကျင့်ကြလို့လား?
သို့သော် သူ ရုံးခန်းမှာရေးခဲ့သော လက်ရေးကတော့ ကြည့်လို့ကောင်းသည်။
ရှန်းယုဟန်က သူ့လက်ရေးကိုကြည့်ကာ ညင်ညင်သာသာ ရယ်လိုက်ပြီး ရှန်ချီဟွမ်းက ရေးတာကိုရပ်ပြီး သူ့ကိုယ်သူလှောင်လိုက်သည်။ “ငါ့လက်ရေးကမကောင်းဘူးလို့ ပြောသားပဲ”
“တော်တော်ကောင်းပါတယ်၊ ခင်ဗျားပိုလေ့ကျင့်ရင် ဒီထက်ပိုလာကောင်းမှာပါ။ ကျွန်တော်နဲ့ အတန်းတူတဲ့သူတွေထက် ပိုတောင်ကောင်းသေးတယ်။” ရှန်းယုဟန်က သူ့ခင်ပွန်း၏လက်ရေးလှကိုမြင်ကာ ရုတ်တရက် သူ့ကိုယ်သူယုံကြည်ချက်ရှိလာပြီး သူ့မျက်လုံးထဲက သူ့ခင်ပွန်းက အလွန်အင်အားကြီးပြီး တုနှိုင်းမရပေမယ့် အားနည်းချက်ရှိပုံရသည်။ သူက ရှန်ချီဟွမ်းကို စိတ်ရှည်ရှည်နှစ်သိမ့်ပေးလိုက်သည်။ “ကျွန်တော်က ငယ်ငယ်တုန်းက လက်ရေးအရမ်းဆိုးပြီး စာရေးရတာပျင်းတယ်။ ကျွန်တော့်မိသားစုက အတင်းလေ့ကျင့်ခိုင်းလို့သာ ကိုယ်ပိုင်ပုံစံတစ်ခုရလာဖို့ အချိန်အများကြီးယူခဲ့ရတယ်။”
သူက ငယ်စဥ်က စာရေးရတာမကြိုက်ပေ။ အကြောင်းမှာ စာရေးရင် သူ့လက်တွေက တစ်ချိန်လုံး လေပေါ်မြှောက်ထားဖို့လိုပြီး ပင်ပန်းတာကြောင့် မသင်ချင်ခဲ့ပေ။ သူ့အစ်ကိုတွေက သူကြိုးကြိုးစားစား လေ့ကျင်လာစေရန် နည်းလမ်းမျိုးစုံကိုသုံးခဲ့ကြပြီး သကြားလုံးကျွေးတာ သို့မဟုတ် ရွံ့စေးအရုပ်များကိုပေးတာ စသဖြင့် ဆုလဒ်များနှင့် သူ့ကိုချော့ကာ စာရေးစေခဲ့သည်။ သူ့အဖေနဲ့အမေက သူ့လက်ရေးပိုကောင်းလာတာကိုတွေ့တော့ သူတို့က တွန်းအားပေးတာကိုရပ်ခဲ့သည်။ မြို့တော်ထဲက ကောများကတောင် မနာလိုဖြစ်ရသော လက်ရေးတစ်ခုရှိခဲ့၍ သူ့အစ်ကိုတွေကို ကျေးဇူးတင်ရမည်။
“အဲ့ဒီအချိန်က မင်းကိုလက်ရေးလှလေ့ကျင့်ဖို့ တွန်းအားပေးခဲ့တဲ့ မင်းမိသားစုကို ကျေးဇူးတင်ရမယ်၊ ငါက တရုတ်လက်ရေးလှကိုမသိပေမယ့် မင်းလက်ရေးက တကယ်ကောင်းတယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်ကို တရုတ်ပန်းချီပြပွဲအကြောင်းပြောဖို့ အခွင့်အရေးယူခဲ့သည်။ “ရှန်းယုဟန်၊ နက်ဖြန်တရုတ်ပန်းချီပြပွဲရှိတယ်၊ မင်းသွားကြည့်ချင်လား?”
ပြပွဲအတွက် သူရခဲ့သောလတ်မှတ်များက အသုံးဝင်သေးပုံရသည်။ နက်ဖြန်မှာ ပြပွဲကို ခေါ်သွားပေးရင် သူကြိုက်လောက်မည်။
“ကျွန်တော်သွားချင်တယ်” အပြင်ထွက်မယ့်အကြောင်းကိုတွေးပြီး ရှန်းယုဟန်က ပျော်နေသည်။
အတိတ်မှာ ချီတိုင်းပြည်တွင် သူ့လှုပ်ရှားမှုက အရမ်းနည်းပြီး အမွှေးတိုင်ပူဇော်ဖို့ အပြင်ထွက်သည့်အခါ သူနဲ့သူ့မိသားစုက လိုက်ပါတတ်သည်။ လူတစ်ယောက်တည်း အပြင်မထွက်ရပေ။ ကမ္ဘာကြီးက မငြိမ်မသက်ဖြစ်နေပြီး ကောတွေကို ပြန်ပေးဆွဲကာ ရောင်းစားသည့် လူကုန်ကူးသမားများ ရှိနေပြီး သူ့မိသားစုက သူ့ကိုစိတ်ပူပြီး စောင့်ကြည့်နေ၍ သူက လည်ပတ်လို့မရခဲ့ပေ။
တစ်ချိန်တုန်းက ကောတစ်ယောက်က သူသဘောကျသည့် လူတစ်ယောက်နှင့်တွေ့ရန် ညသန်းခေါင် အပြင်ထွက်ခဲ့ဖူးသည်။ သူက နာရီလေးပုံတစ်ပုံအတွင်း ပြန်လာမည်ဟု သူ့အစေခံများကို ပြောခဲ့ပေမယ့် သူက ဘယ်တော့မှပြန်မလာခဲ့ပေ။ မိသားစုက သုံးရက်လောက်ရှာကြပြီး သူ့အလောင်းကို ကျုံးထဲမှာတွေ့ခဲ့ကြသည်။ သူ့ကိုရှာတွေ့စဥ်မှာ ကိုယ်လုံးတီးဖြစ်ကာ ကြောက်စရာကောင်းတယ်လို့ ပြောကြသည်။
ထိုဖြစ်စဥ်နောက်မှာ မြို့ထဲက မိသားစုကြီးများက သူတို့၏ကောများကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ကာ အပြင်ထွက်ဖို့ စဥ်းစားသူတိုင်း ဘိုးဘွားပိုင်ခန်းမမှာ ဒူးထောက်ကာ အပြစ်ပေးခံရလေ့ရှိသည်။
ရှန်းယုဟန်က သူ့နေရာသူ အမြဲသိပြီး လုပ်သင့်တာနဲ့မလုပ်သင့်တာကိုသိသည်။
ဒီနေ့ခေတ်သစ်လူမှုပတ်ဝန်းကျင်က ပိုပြီးလုံခြုံသောနေရာတစ်ခုဖြစ်သည်။ မိန်းကလေးများကလည်း ညဘက်လမ်းလျှောက်ထွက်လို့ရပြီး စည်းကမ်းလိုက်နာစရာမလိုပေ။
သို့သော် ရှန်းယုဟန်အတွက်က အပြင်ကိုတစ်ယောက်တည်းသွားဖို့ လက်တွေ့မကျသလို မရင်းနှီးသော နေရာများကိုလည်း မသွားရဲပေ။
သူက ဒီနေ့အတန်းသွားရဲတာက ဒရိုက်ဘာက အချိန်မှန်လာကြိုလို့ဖြစ်ပြီး စန္ဒယားအတန်းမှာ သင်ယူရတာက အန္တရာယ်မရှိပေ၊ အပြင်မှာလည်း လုံခြုံရေးက ကင်းလှည့်နေပြီး ရဲစခန်းကမဝေးတော့ တော်တော်လေးလုံခြုံတယ်လို့ ပြောလို့ရသည်။
ခေတ်မီဗဟုသုတများကို အတိုင်းအတာတစ်ခုအထိ ကိုယ်တိုင်လေ့လာပြီးနောက် ရှန်းယုဟန်က ဖြတ်သွားရင်းနဲ့ ရဲစခန်းနံပါတ်ကိုမှတ်သားထားပြီး အွန်လိုင်းသင်ခန်းစာများက တစ်ခုခုဖြစ်ရင် ရဲခေါ်လို့ရသည်ဟု ပြောကြပြီး သူက သူ့လုံခြုံမှုကိုတော့ အထူးဂရုစိုက်နေဆဲဖြစ်သည်။
တစ်ညအနားယူပြီးနောက် ရှန်ချီဟွမ်းက အားပြန်ပြည့်ကာ သူက အသက်ငယ်တာကြောင့် အိပ်လိုက်ရုံနဲ့ အားဖြည့်နိုင်သည်။
ရှန်းယုဟန်က မနက်ခင်းမှာ ချောင်းနည်းနည်းဆိုးကာ ရှန်ချီဟွမ်းက အပြင်မထွက်ခင် သူ့ကို ပဝါခြုံပေးလိုက်သည်။
ပြပွဲက သူတို့အိမ်နဲ့ နည်းနည်းဝေးပြီး သူတို့ရောက်လာတော့ ဆယ်နာရီထိုးကာ လူအများကြီးလည်း ရောက်နေကြပြီဖြစ်သည်။
ယနေ့ပန်းချီပြပွဲမှရခဲ့သော ဆယ်ရာခိုင်နှုန်းကို ပရဟိတအတွက် အသုံးချမှာဖြစ်ပြီး ချမ်းသာသော စီးပွားရေးလုပ်ငန်းရှင်များက သူတို့အနှစ်သက်ဆုံး ပန်းချီနှင့်လက်ရေးလှကိုဝယ်ယူမှာဖြစ်ပြီး ပြပွဲ၏ ဘေးခန်းတွင် ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသထားသောနေရာဖြစ်သည်။ ရှန်းယုဟန်က လမ်းလျှောက်ရင်း အသစ်အဆန်းများကို သိလိုစိတ်ပြင်းပြကာ လူကလည်း ပြည့်နေသည်။
ရှန်းယုဟန်က အရင်ဆုံး ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေကာ တခြားသူများကို သိပ်မကြည့်ပေ။
ပြပွဲက ပြပွဲခန်းမနှစ်ခုခွဲထားပြီး သူတို့နှစ်ယောက်ဝင်လာတော့ ဝင်ပေါက်က ပြပွဲခန်းမကို စတင်ကြည့်ရှုလိုက်ပြီး သူတို့ဘေးမှာ လမ်းညွှန်က ရှင်းပြနေသည်။ လူအင်အားအပြင် စက်ပစ္စည်းနှင့် စာသားရှင်းလင်းချက်များလည်းရှိသည်။
ရှေ့တွင် ခေတ်သစ်အနုပညာရှင်များ၏ ပန်းချီများကို ပြသထားပြီး အများစုက ကျော်ကြားသောအနုပညာရှင်များ စုဆောင်းထားတာဖြစ်သည်။ အနောက်မှာတော့ ခေတ်သစ်ပန်းချီဆရာများ၏ ပန်းချီများရှိပြီး ယင်းမှာ အရောင်းအဝယ်လုပ်လို့ရသော လက်ရေးလှနှင့် ပန်းချီများဖြစ်သည်။
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက လမ်းလျှောက်ကြည့်နေကာ သူက တခြားသူများ၏ လက်ရေးလှနှင့် ပန်းချီကို သေချာလေ့လာနေပြီး အကျိုးရှိခဲ့သည်။ ရှန်ချီဟွမ်းကတော့ ပန်းချီကိုကြည့်လိုက် ရှန်းယုဟန် နောက်ကလိုက်လာရဲ့လား ကြည့်လိုက်လုပ်နေသည်။
သူသည် အရင်က စုံစမ်းရေးအချက်အလက်မှာ ပါဝင်သည့် ရှန်းယုဟန်ကို မမှတ်မိတော့ပဲ သူတို့က တူတူပဲဆိုတာကို မယုံနိုင်ဖြစ်နေသည်။ သူက မိဘကိုဆုံးရှုံးလိုက်ရသော ကလေးက ဘယ်လောက်တောင် ပူဆွေးသောကဖြစ်နေလိုက်မလဲဟု အသိဝင်သွားသည်။ ရှန်းယုဟန်က သိသိသာသာ လူကောင်းဖြစ်ပေမယ့် သူက သူ့ကိုယ်သူပြောင်းလဲခဲ့တာတောင် သူ့အဘိုးက သူ့အပေါ် ဘယ်တော့မှ အချစ်လျော့မသွားတာကို မအံ့သြပေ။ ပြီးတော့ သူက ရိုးသားလွန်းလို့ လွယ်လွယ်လှည့်စားခံခဲ့ရတာကိုလည်း အံ့သြစရာမရှိပေ။
သူ့မိဘတွေအသက်ရှင်နေရင် ရှန်းယုဟန်က မတူညီသောလူတစ်ယောက်ဖြစ်နေပြီး တက္ကသိုလ်ကောင်းကောင်းတက်ကာ ဝါသနာတူသူငယ်ချင်းများကို တွေ့နိုင်မှာဖြစ်သည်။ သူသဘောကျသော မိန်းကလေး သို့မဟုတ် ယောကျာ်းလေးတစ်ယောက်နဲ့လည်း တွဲနိုင်ပြီး နောက်ဆုံးမှာ အိမ်ထောင်ပြု ကလေးမွေးပြီး ဘဝကိုရှင်သန်လိမ့်မည်။
ပြီးတော့ ဒီလိုဆိုရင် ရှန်းယုဟန်က သူနဲ့မတွေ့ဆုံနိုင်တော့သဖြင့် ရှန်ချီဟွမ်းက ဘယ်ရလဒ်ကို ရွေးချယ်ရမလဲတောင် မသိတော့ပေ။
ရှန်ချီဟွမ်းက အတွေးထဲနစ်မြောနေစဥ် ရှန်းယုဟန်က ချင်မင်းဆက်၏ ရှုခင်းပန်းချီတစ်ခုကို သဘောကျသွားပြီး ပြပွဲဧရိယာရှိ ပန်းချီကားများကို ကြည့်လို့ပြီးသွားလေပြီ။
သူတို့က ပြပွဲဧရိယာနောက်တစ်ခုကို လျှောက်လာသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း ဘေးကိုလျှောက်လာပြီး သူက အခုဆို သတ္တိရှိလာပေမယ့် ပြပွဲဧရိယာရှိ မီးရောင်က သိပ်မလင်းတာကြောင့် ရှန်ချီဟွမ်း ပျောက်သွားမှာကိုကြောက်နေပြီး တစ်ချိန်လုံး သူ့အင်္ကျီလက်ကိုကိုင်ထားသည်။ သူကတော့ သူအလိုရှိသလို ကပ်တွယ်နေပေမယ့် ရှန်ချီဟွမ်း၏ရင်ထဲမှာတော့ ကောင်းကင်ဘုံနှင့် လူသားကြားက တိုက်ပွဲ*ကိုရင်ဆိုင်နေရသည်။ သူက နည်းနည်းခွာလိုက်ချင်ပေမယ့် ရှန်းယုဟန်က သူ့ကိုမှီခိုနေဖို့လည်း မျှော်လင့်သည်။
(** သွေးဆောင်တာကို ခုခံဖို့ ခဲယဥ်းနေတာကိုပြောတာပါ။)
သူတို့က ပြပွဲဧရိယာနောက်တစ်ခုကို ရောက်သောအခါ ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက ပန်းချီတစ်ခု၏ရှေ့မှာ စုဝေးနေသော လူငယ်များကိုတွေ့လိုက်ရသည်။
သူတို့ဘေးက ဖြတ်သွားသောစုံတွဲက စကားပြောနေကြသည်။
“ဒီပြပွဲမှာ အရမ်းချစ်ဖို့ကောင်းတဲ့ပန်းချီရှိနေမယ်လို့ အင်တာနက်မှာ မနေ့ကတွေ့ခဲ့တယ်၊ သွားကြည့်ရအောင်။”
“အဲ့ဒါက ကောင်မလေးတစ်ယောက်နဲ့ ကြောင်လေးတစ်ကောင်မလား၊ မနေ့ညက ရေပန်းစားနေတာတွေ့လိုက်တယ်။”
“အဲ့ဒါယောကျာ်းလေးလို့ထင်တယ်၊ မိန်းကလေးမဟုတ်ပါဘူး။”
“ဒါပေမယ့် မူရင်းဆရာက မိန်းကလေးလို့ ဝေ့ပေါ်မှာတင်ထားတယ်၊ ပန်းချီက နာမည်ကြီးလာတော့ သူက မနေ့ညက ဝေ့ပေါ်မှာ ရှင်းလင်းချက်ထုတ်ခဲ့တယ်။”
“ဒါပေမယ့် အဲ့ဒါက ယောကျာ်းလေးနဲ့တူတယ်နော်၊ သွားကြည့်ရအောင်၊ စျေးကလည်း အရမ်းမြင့်တယ်လို့ပြောတယ်၊ တစ်ယောက်ယောက်က ဝယ်သွားရင် ငါတို့မတွေ့လိုက်ရပဲနေမယ်။”
ရှန်းယုဟန်ကလည်း ကြည့်ချင်နေသဖြင့် သူက ရှန်ချီဟွမ်း၏လက်ကိုဆွဲလိုက်သည်။ “ကျွန်တော်တို့လည်း သွားကြည့်ကြမလား?”
“မင်းကြည့်ချင်ရင် သွားကြည့်မယ်လေ၊ ဒီရောက်နေပြီပဲ.. အချိန်ကိုစိတ်မပူနဲ့။” ရှန်ချီဟွမ်းက ထပ်ပြောလိုက်သည်။ “မင်းကြိုက်ရင် ငါတို့ဝယ်လို့ရတယ်။”
“အွန်း” ရှန်းယုဟန်က ခေါင်းညိတ်ပြီး ရှန်ချီဟွမ်းကို ဆွဲခေါ်သွားသည်။ သူက လက်ရေးလှနှင့် ပန်းချီစုဆောင်းရတာကို ဝါသနာမပါပေမယ့် သူကြိုက်ခဲ့ရင် ဝယ်ပြီး အိမ်မှာ ချိတ်ထားမည်။