Chapter 31.1
Viewers 1k

Chapter 31.1


“အချစ်ကိုပြသခြင်း”

ရှန်ချီဟွမ်း၏အော်သံက ကျယ်လွန်းတာကြောင့် ပွဲကြည့်စင်မှာ စစ်တုရင်ကစားနေသော ရှန်းယုဟန်က ရုတ်တရက်ခေါင်းမော့လိုက်သည်။ တစ်ယောက်ယောက်က သူ့ကိုခေါ်နေတာကို ရှင်းရှင်းလင်းလင်းကြားလိုက်သည်။


ရုတ်တရက် သူ့ဖုန်းပေါ်က ဗီဒီယိုကောလ်က မြည်လာပြီး ရှန်းယုဟန်က အသံပိတ်ဖို့မတွေးခဲ့ပဲ ရှန်ချီဟွမ်းဆီက ဗီဒီယိုကောလ်ကို လက်ခံလိုက်သည်။



ရှန်းယုဟန်က ပြောလိုက်သည်။ “အဘိုး၊ ကျွန်တော့်ကိုခဏစောင့်ပေးပါ။”


အဘိုးက သူ၏နောက်ထပ်လှုပ်ရှားမှုကို တွေးနေပြီး လက်ယမ်းပြလိုက်သည်။ 

မတ်တပ်ရပ်ကာ ဖုန်းဖြေဖို့လှည့်လိုက်ပြီး ရှန်းယုဟန်က ဖုန်းမျက်နှာပြင်ပေါ်က ရှန်ချီဟွမ်း၏မျက်နှာကို မြင်လိုက်ရသည်။ “ယောကျာ်း၊ အလုပ်ပြီးပြီလား?”


“မင်းဘယ်မှာလဲ?” ရှန်ချီဟွမ်းက သူ့ကိုအသံနက်ကြီးဖြင့် မေးလာပြီး သူ့မေးခွန်းကိုအရင်မ​ဖြေပေ။ ရှန်းယုဟန်က သူနဲ့မျက်နှာချင်းဆိုင် ဗီဒီယိုကောလ်မပြောဖူးတာကြောင့် ရှန်ချီဟွမ်းက သူ့ဖုန်းထဲမှတစ်ဆင့် ရှုခင်းကိုကြည့်ရတာ နေသားကျနေခဲ့သည်။ “အပြင်မှာလား?”

“အွန်း၊ ကျွန်တော်က အပြင်ကပွဲကြည့်စင်မှာ အဘိုးတစ်ယောက်နဲ့ စစ်တုရင်ကစားနေတာ” ရှန်းယုဟန်က သူ့သီးသန့်ခန်းကို လမ်းလျှောက်လာပြီး မတ်တပ်ရပ်နေသော ရှန်ချီဟွမ်းကို လက်ယမ်းပြလိုက်ကာ စကားပြောနေရင်း သူ့ဆီလျှောက်သွားခဲ့သည်။ “ယောကျာ်း၊ ကျွန်တော်ဒီမှာပါ၊ ပြတင်းပေါက်ကိုလာခဲ့”


ရှန်ချီဟွမ်းက သူ့စကားအတိုင်း လျှောက်ထွက်သွားကာ ရှန်းယုဟန် အပြင်မှာရပ်နေတာကိုတွေ့တော့ သူ့နှလုံးသားအောက်ခြေက ဒေါသနှင့် ထိတ်လန့်မှုက ချက်ချင်းပျောက်ကွယ်သွားသည်။ သူက တံခါးကိုတွန်းဖွင့်ကာ ရှန်းယုဟန်ဆီ သွားလိုက်ပြီး ဖုန်းချလိုက်သည်။


သူက ရှန်းယုဟန်အနားကိုရောက်သွားတော့ ရှန်းယုဟန်၏ အနည်းငယ်အေးစက်နေသော မျက်နှာကိုထိကာ သူ့နှလုံးသားက စိတ်သက်သာရာရသွားပြီး သူ့လေသံက မထင်မှတ်ထားပဲ နူးညံ့သွားသည်။ “ဘယ်ရောက်နေတာလဲ၊ အပြင်မှာမချမ်းဘူးလား?”

ရှန်းယုဟန်က သူ့လက်ကိုဆွဲလိုက်ပြီး အပြင်မှာမို့ ရှက်နေခဲ့သည်။ “အရမ်းမအေးပါဘူး၊ ကျွန်တော်က ဟိုနားက ပွဲကြည့်စင်မှာ လူတစ်ယောက်နဲ့ စစ်တုရင်ကစားနေတာ”

ဤစားသောက်ဆိုင်၏အသွင်အပြင်က အဖက်ဖက်က ပြင်ဆင်ထားပြီး အပြင်မှာအေးနေသော်လည်း ပွဲကြည့်စင်က လေကိုကာထားပေးသည်။ ပိတ်ဆို့ထားသော ဖန်သားမျက်နှာပြင်တစ်ခုလည်းရှိနေပြီး ရှန်းယုဟန်က ဒီနေ့အိမ်ကမထွက်ခင် လေဖောင်းဂျာကင်ကို ဝတ်ထားသဖြင့် လုံးဝမအေးပေ။


“ဆက်ကစားချင်သေးလား?” သူက ရှန်းယုဟန် စစ်တုရင်ကစားနိုင်မှန်း မသိခဲ့ပေ။


“အွန်း၊ ဒီတစ်ပွဲပြီးရင် ပြန်လာခဲ့မယ်။” တကယ်တော့ သူကလည်း စစ်တုရင်ကို စွဲလမ်းနေခဲ့ပြီး မဆော့ရတာကြာပြီဖြစ်သည်။ “ဆော့နေရင်းတန်းလန်းထားခဲ့တာ အဘိုးကို ရိုင်းပြသလိုဖြစ်လိမ့်မယ်။”

“အွန်း၊ ငါမင်းနဲ့လိုက်ခဲ့မယ်။” ရှန်ချီဟွမ်းက လေတိုက်ခတ်နေသော ဘေးကိုလျှောက်သွားလိုက်သည်။


“အရမ်းမဝေးပါဘူး၊ ခင်ဗျားအလုပ်ပြီးပြီလား?” ရှန်းယုဟန်က ရှန်ချီဟွမ်းကိုတွေ့တိုင်း အနီးကပ်နေရတာကို သဘောကျသည်။


“မပြီးသေးဘူး၊ အပြင်ထွက်ပြီး လေညင်းလာခံတာ၊ မင်းဗိုက်ဆာလား?” သူက စားပွဲပေါ်က အစားအသောက်ကို မထိထားတာတွေ့တော့ အခုချိန်ဆိုအေးစက်လောက်နေပြီ။


သူမပြောရင်အဆင်ပြေပေမယ့် ပြောလိုက်တော့ ရှန်းယုဟန်က သူဗိုက်ဆာနေတာကို သတိထားမိသွားသည်။ “နည်းနည်းဆာတယ်။” သူက ရှန်ချီဟွမ်းကို တီးတိုးထပ်ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ဆော့လို့မပြီးသေးဘူး၊ အဘိုးကို ရိုင်းပြသလိုဖြစ်လိမ့်မယ်။”


ရှန်ချီဟွမ်းက သူ့ရင်ထဲမှာပြောလိုက်သည်။ မင်းက လူကြီးကို ဘယ်လိုလေးစားရမလဲသိသေးသားပဲ၊ မင်းအဘိုးက အရင်က မင်းကိုဒေါသထွက်ရလွန်းလို့ သေလုနီးပါးဖြစ်ခဲ့တာလေ၊ သို့သော် သူက ထိုစကားကို ရင်ထဲကသာပြောလိုက်သည်။ သူ့အဘိုး၏ပြဿနာကလည်း ရှန်းယုဟန်၏ရင်ထဲက နှလုံးရောဂါလို့ပြောလို့ရသည်။


ပွဲကြည့်စင်တွင် ဆံပင်တစ်ဝက်ဖြူနေသော အဘိုးကြီးက နောက်ထပ် ရွှေ့ကွက်ကို မဆုံးဖြတ်နိုင်ခဲ့ပဲ သူမော့ကြည့်လိုက်တော့ ရှန်းယုဟန်က လူငယ်လေးတစ်ယောက်ကိုခေါ်လာပြီး ထိုလူကသူ့မိတ်ဆွေဖြစ်နေသည်။


ရှန်ချီဟွမ်းကလည်း အဘိုး၏ရုပ်ကို မြင်ခဲ့ပြီး သူက တကယ်ကိုအသိမိတ်ဆွေဖြစ်သည်။ “အန်ကယ်ကျန်း၊ ဘာလို့ဒီရောက်နေတာလဲ?” တစ်ဖက်လူက သူ့အဖေနဲ့ ရွယ်တူဖြစ်ပြီး တခြားလူတွေကတော့ အဘိုးလို့ခေါ်ကြပြီး သူတို့ရှန်မိသားစုက အန်ကယ်လို့ခေါ်ကြတာကြောင့် သူတို့က သူတို့အရွယ်များထက် မျိုးဆက်တစ်ဆက် ပိုကြီးသူများဖြစ်လာကြသည်။


“ချီဟွမ်းလား?” ရှန်မိသားစု၏ လူငယ်မျိုးဆက်များတွင် သူ့နာမည်ကိုခေါ်နိုင်သော လူများမှာ ပင်မအိမ်တော်ကသာဖြစ်ကြသည်။ “ငါက ငါ့သူငယ်ချင်းတွေနဲ့ စစ်တုရင်ကစားဖို့ ချိန်းထားပေမယ့် သူတို့က ထွက်သွားကြလို့ ငါကရှောင်ရှန်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ၊ မင်းက ရှောင်ရှန်းနဲ့သူငယ်ချင်းတွေလား?”


ရှန်းယုဟန်ကလည်း အံ့အားသင့်သွားသည်။ သူက စစ်တုရင်ကစားနိုင်ပြီး သူ့ခင်ပွန်း၏အသိလူကြီးနဲ့လည်း တွေ့ဆုံခဲ့ရသည်။


လူကြီးများရှေ့မှာ ရှန်ချီဟွမ်းက ပိုသတိထားနေပြီး စကားနည်းနည်းသာပြောလေ့ရှိသည်။ သူက ရှန်းယုဟန်ကို တိုက်ရိုက်မိတ်ဆက်ပေးလိုက်သည်။ “သူက ကျွန်တော့်ရဲ့လက်တွဲဖော်ပါ၊ ကျွန်တော်တို့က လက်ထ​ပ်ထားတာ မကြာသေးပါဘူး။”

မစ္စတာကျန်းက သူ့နဖူးကိုပုတ်ကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ငါမှတ်မိပြီ၊ အဲ့ဒီအချိန်တုန်းက နိုင်ငံခြားရောက်နေလို့ မင်းတို့ မင်္ဂလာဝိုင်ကို မသောက်ခဲ့ရဘူး။ ဂုဏ်ပြုပါတယ်၊ ရှောင်ရှန်း၊ မင်း ဒီစစ်တုရင်set ကိုကြိုက်ရင် ပြန်ယူသွားလို့ရတယ်၊ ငါ့ဆီက တွေ့ဆုံမှုလက်ဆောင်လို့ သတ်မှတ်လိုက်ပေါ့၊ မင်းတို့နှစ်ယောက်အတွက် လက်ဖွဲ့ကိုတော့ နှစ်ရက်နေရင် ပြင်ပေးပါ့မယ်။”

“မလိုပါဘူး၊ ရပါတယ်ဗျာ” ရှန်းယုဟန်က ပြောလိုက်သည်။ သူစိတ်ပူတာက အဘိုးကသူစိမ်းဖြစ်ပြီး စစ်တုရင်ကစားလို့လည်း မပြီးသေးပေ။


အဘိုးကြီးကျန်းက သဘောထားကြီးစွာပြောလိုက်သည်။ “ဘာလို့မလိုရမှာလဲ၊ မင်းဒီဂိမ်းကို ပြီးအောင်ကစားပေးရင် ဒီအစုံက မင်းအပိုင်ပဲ။” ပြီးတော့ သူ့အရွယ် လူငယ်အနည်းငယ်ကသာ စစ်တုရင်ကစားနိုင်ပြီး သူတို့အများစုက တစ်နေကုန် ပိုက်ဆံရှာနေကြတာဖြစ်သည်။



ရှန်းယုဟန်က ရှန်ချီဟွမ်းကို မျှော်လင့်တကြီးကြည့်လိုက်သည်။ “ဒါဆို ကျွန်တော် အဘိုးနဲ့ပြီးအောင်ကစားလို့ရလား?”


“ရတယ်၊ ငါမင်းကိုစောင့်နေမယ်၊ အန်ကယ်ကျန်း နေ့လည်စာစာပြီးပြီလား?” ရှန်ချီဟွမ်းက လူကြီးတွေရှေ့မှာ တစ်ယောက်ယောက်ကို ဆွဲခေါ်သွားဖို့ အကြောင်းပြချက်မရှိပေ။

“ငါစားပြီးပြီ၊ မင်းတို့မစားရသေးရင် အရင်သွားစားကြပါ။” အဘိုးကြီးကျန်းက သဘောထားကြီးစွာပြောလိုက်သည်။


“ကျွန်တော်ဗိုက်မဆာသေးဘူး၊ အန်ကယ်ကျန်းနဲ့ အရင်ပြီးအောင် ကစားလိုက်ဦးမယ်။” ရှန်ချီဟွမ်းက လူကြီးရှေ့မှာ သူ့ပုံရိပ်ကိုထိန်းထားပြီး ရှန်းယုဟန်ကလည်း ခေါင်းစဥ်ပြောင်းခဲ့သည်။ သူတို့က သဘာဝကျကျ စီးဆင်းနေသော မြစ်ရေလိုပင် အကြံကောင်းကို နားထောင်လိုက်သည်။


“ကောင်းပြီ၊ ငါတို့ပြီးတော့မယ်၊ အမြန်ကစားလိုက်ရအောင်၊ ဒါမှမင်းတို့သွားစားနိုင်မှာ။”


ဒီလိုနဲ့ သူတို့နှစ်ယောက်က ဆက်ကစားနေကြသည်။


ရှန်ချီဟွမ်းက ကစားရတာသိပ်မတော်သဖြင့် သူက စကားအများကြီးမပြောပဲ သရေစာများယူလာကာ ရှန်းယုဟန်ကို တစ်ချိန်လုံးခွံကျွေးနေသည်။


မစ္စတာကျန်းက သူတို့ကို ဆက်မကြည့်နိုင်တော့ပေ။ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာက ကောင်းပေမယ့် လူကြီးရှေ့မှာ သူတို့က ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ် မဟုတ်ဘူးလား…သူ့မြေးနဲ့ မြေးချွေးမထက်တောင် အကဲပိုနေကြတယ်။


အဆုံးမှာ ရှန်းယုဟန်က အဘိုးကြီးကျန်းကို မြန်မြန်ရှုံးသွားခဲ့သည်။

“ကျွန်တော်ရှုံးသွားပြီ” ရှန်းယုဟန်က စိတ်မကောင်းသလိုပြောလိုက်သည်။


အဘိုးကြီးကျန်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ “မင်းကိုမနှောင့်ယှက်တော့ပါဘူး၊ နေ့လည်စာသွားစားတော့။”


ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် အန်ကယ်နဲ့ နောက်တစ်ခါလာကစားပါမယ်။”


အဘိုးကြီးကျန်းက ပြောလိုက်သည်။ “အိုကေ၊ ရှောင်ရှန်.. မင်းအချိန်ရရင် ရှောင်ရှန်းကို ငါ့အိမ်ခေါ်လာပါ။”


ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ဖြေလိုက်သည်။ သူတို့က အဘိုးကျန်း၏ စစ်တုရင်ဘုတ်ပြားကို ယူသွားခဲ့ပြီး ရှန်ချီဟွမ်းက သယ်ပေးသူဖြစ်သည်။ ဒီစစ်တုရင်ဘုတ်ပြားက အားသိပ်မလိုပေ။


အဘိုးကြီးကျန်းက စစ်တုရင်ဘုတ်ပြားမပါပဲ သူ့အခန်ကိုပြန်သွားခဲ့သည်။

ရှန်းယုဟန်နှင့် ရှန်ချီဟွမ်းက စန္ဒကူးနံ့သာပြည့်နေသော သီးသန့်ခန်းကို ပြန်သွားခဲ့ပြီး စားပွဲထိုးက ပူနွေးသော ဟင်းလျာများနှင့် စွပ်ပြုတ်ကိုယူလာပေးပြီး အပြင်မှာ အေးနေသေးပေမယ့် အခန်းထဲပြန်လာပြီးနောက် နွေးသွားခဲ့သည်။


ရှန်ချီဟွမ်းက သူ့ကို မုန့်နဲ့ သစ်သီးတချို့ကျွေးခဲ့ပြီး သူက ဗိုက်သိပ်မဆာတော့ပေ။


“အများကြီးမှာထားတာလား၊ ကျွန်တော်တို့ မကုန်နိုင်ဘူးမလား?” ရှန်းယုဟန်က သူ့ဗိုက်ကိုပွတ်ကာ သူအများကြီးစားနိုင်သေးပေမယ့် စားပွဲပေါ်မှာ ဟင်းလျာအများကြီးရှိနေသည်။

“စားနိုင်သလောက်စား၊ တစ်မျိုးစီက နည်းနည်းပဲပါတာ၊ ဟင်းလျာအနည်းငယ်ကို စားလို့ရသေးတယ်။” ရှန်ချီဟွမ်းက သူသိချင်သော အကြောင်းအရာတစ်ခုကို မေးလိုက်သည်။ “မင်း အန်ကယ်ကျန်းနဲ့ ဘယ်လိုကစားဖြစ်သွားတာလဲ?”

ရှန်းယုဟန်က ဖြစ်ခဲ့တာကိုပြောပြလိုက်သည်။ “သူက အဲ့မှာထိုင်နေတော့ သနားစရာကောင်းနေလို့ ကျွန်တော်က သူနဲ့ကစားပေးဖို့ သဘောတူလိုက်တာ၊ ခင်ဗျားတို့ သိနေမယ်လို့ မထင်ထားဘူး။”


“အင်း၊ ငါသူ့ကိုသိပေမယ့် သေချာတော့မသိဘူး၊ သူ့သားကြီးက ငါတို့ပြိုင်ဘက်ကုမ္ပဏီပိုင်ရှင်ပဲ”

“အာ” ရှန်းယုဟန်က ဆိုသည်။ “ဒါဆို သူ့လက်ဖွဲ့ကို လက်ခံဖို့ သင့်တော်ပါ့မလား?”

 

“အဆင်ပြေပါတယ်၊ သူတို့မိသားစုက ဒီလိုအရာမျိုးမချို့တဲ့ဘူး။ မင်းကိုသဘောကျလို့ လက်ဆောင်ပေးခဲ့တာထင်တယ်၊ အန်ကယ်ကျန်းက ကပ်စေးနည်းလို့ လူတွေကို လက်ဆောင်လွယ်လွယ်မပေးဘူးလို့ ကြားဖူးတယ်။”


အဲ့ဒါက ကောလာဟလအမှားဖြစ်နိုင်မလား? ရှန်းယုဟန်က ဘေးမှာထားထားသော အဖြူရောင်စစ်တုရင်ဘုတ်ပြားကို ကြည့်လိုက်သည်။ “ဒါက စျေးတော်တော်ကြီးမှာပဲ။”


ရှန်ချီဟွမ်းက ခန့်မှန်းလိုက်သည်။ “ဖြစ်နိုင်တယ်၊ ငါက သူနဲ့အဆက်အသွယ်သိပ်မရှိဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့အကျိုးအမြတ်ရခဲ့တယ်ထင်တယ်၊ မင်းပြန်ရောင်းရင် သိန်းချီရနိုင်တယ်။”


“အဲ့ဒါက အများကြီးလား?” ရှန်းယုဟန်က ရှန်ချီဟွမ်းကို စျေးနှုန်းနဲ့ပတ်သတ်ပြီး တိတ်တဆိတ်မေးလိုက်သည်။


“မဆိုးပါဘူး၊ ငါတို့ကုမ္ပဏီက သာမန်နည်းပညာရှင်ရဲ့ နှစ်စဥ်လစာက ဒီပမာဏပဲ” ရှန်ချီဟွမ်းက ယင်းမှာ သူရှန်းယုဟန်ကို ပေးခဲ့သော အဝါရောင်စိန်လက်စွပ်တန်ဖိုး၏ ဂဏန်းတစ်ခုပဲရှိတယ်လို့ မပြောခဲ့ပေ။ 


ရှန်းယုဟန်က စစ်တုရင်ဘုတ်ကို သေချာကြည့်လိုက်ပြီး အလွန်တန်ဖိုးရှိတာကြောင့် အနာဂတ်မှာ သူပိုက်ဆံမရှိခဲ့ရင် သူ့ကိုယ်သူထောက်ပံ့ဖို့ ရောင်းနိုင်သည်။

“မြန်မြန်စား၊ မဟုတ်ရင် ထပ်အေးကုန်မယ်။” ရှန်ချီဟွမ်းက သူ့ကိုမြန်မြန်စားဖို့ ပြောလိုက်သည်။

“အို..ဟုတ်ကဲ့” ရှန်းယုဟန်က သူ တခြားသူများနှင့် စစ်တုရင်ကစားပေးရင်း ပိုက်ဆံရှာနိုင်တာကြောင့် ပျော်ရွှင်သွားပြီး ထိုအဘိုးနှင့် ထပ်တွေ့နိုင်ဖို့မျှော်လင့်နေသည်။


အစားအသောက်ကို အာရုံစိုက်နေသော ရှန်းယုဟန်က စည်းစနစ်တကျ လှုပ်ရှားနေပြီး သူက ကောင်းကောင်းစားနိုင်ဖို့ မျှော်လင့်နေသည်။ သူ့ခင်ပွန်းပြောသလိုပင် ဟင်းလျာပမာဏတစ်ခုစီက သိပ်မများလို့ တစ်ဝက်စားကာ သူ့ယောကျာ်းကို တစ်ဝက်ကျွေးလိုက်သည်။


“ယောကျာ်း၊ ခင်ဗျားစားဦး” ရှန်းယုဟန်က ကျန်ရှိနေသော ဆီးသီးဆော့နှင့်နံရိုးကို သူ့ပန်းကန်လုံးထဲထည့်ပေးလိုက်သည်။


“မင်းကျန်တာကိုပဲ ငါစားမယ်။” ရှန်ချီဟွမ်းက ရေရွတ်လိုက်သည်။


“မရဘူး၊ တစ်ယောက်ကိုတစ်ဝက်စားမယ်၊ ကျွန်တော်မကုန်ဘူး။” ရှန်းယုဟန်က လေးလေးနက်နက် ရှင်းပြလိုက်သည်။


ရှန်ချီဟွမ်းက နံရိုးတိုများကို စားနေပြီး ရှန်းယုဟန်က ဆော့ပါသော ဟင်းလျာကိုမစားနိုင်တာ သူသိသည်။ သူက ဟင်းတစ်ပွဲကိုကျွေးတိုင်း စိတ်အားထက်သန်နေကာ “မင်းပုဇွန်စားတုန်းက ဘာလို့ခွဲမကျွေးတာလဲ?”


သူ့ခင်ပွန်းသိသွားတော့ ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုဖိကာ ပြုံးလိုက်သည်။ “ဟို..မေ့သွားလို့”


ရှန်ချီဟွမ်းက အကူအညီမဲ့စွာ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူပြောတာကိုယုံပေးရုံသာ တတ်နိုင်သည်။ သူ့မျက်လုံးများက ပြုံးနေစဥ်တောက်ပနေပြီး သူ့မျက်လုံးထဲမှာ သူတစ်ယောက်ပဲရှိနေတာက ကျေနပ်စရာကောင်း၍ စိတ်မဆိုးနိုင်တော့ပေ။



သွေးအားပြည့်စေသော စာဖိုးမှူး၏ အထူးဟင်းရည်ကိုသောက်ပြီးနောက် ရှန်းယုဟန်က ဗိုက်ပြည့်သွားပြီး သူနဲ့ ရှန်ချီဟွမ်းက စားပွဲပေါ်က အစားအသောက်တစ်ဝက်လောက်ကို ကုန်အောင်စားခဲ့သည်။




ရှန်ချီဟွမ်းက ပြောလိုက်သည်။ “သူတို့ကဘေးအခန်းမှာရှိနေတုန်းပဲ၊ ငါစကားနည်းနည်းသွားပြောလိုက်ဦးမယ်၊ မင်းငါ့ကိုခဏလောက်စောင့်ပြီး ထပ်ပြီးလျှောက်သွားမနေနဲ့တော့။”




“သိပါတယ်၊ ယောကျာ်း..စိတ်ချလက်ချသွားပါ၊ ဒီမှာစောင့်နေပါမယ်။” ရှန်းယုဟန်က နာခံစွာသဘောတူလိုက်ပြီး ရာသီပေါ်သစ်သီးများကို ထိုင်စားနေသည်။




သူက စောင့်နေမယ့်ဆိုသည့်အတိုင်း တကယ်စောင့်နေခဲ့သည်။