Chapter 33.1
“လှပတဲ့ဂျူနီယာညီမလေး”
သူမနက်အိပ်ရာထစဥ် ရှန်းယုဟန်က လိုက်ကာဖွင့်လိုက်ပြီး ဖန်ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်လိုက်တော့ ခြံအပြင်ဘက်မှာ ဖြတ်မောင်းနေသော ကားများရှိနေပြီး စောစောစီးစီးပြေးဆွဲနေသော ကားများလည်းရှိနေသည်။
ဗုဒ္ဓဟူးနေ့က မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး သူက ဒီနေ့တွင် ပန်းအလှဆင်သင်တန်းနှင့် အချက်အပြုတ်သင်တန်းကို တက်ရောက်ရမည်။
သူက ခန့်ညားသောမျက်နှာကို ခေါင်းအုံးထဲမှာ နစ်မြှုပ်ထားသော ရှန်ချီဟွမ်းကိုကြည့်ကာ သူ့ခင်ပွန်း၏ အိပ်ယာပေါ်မှာ ပျင်းရိခြင်းက ကျွမ်းကျင်အဆင့်ကိုရောက်နေပြီဆိုတာ ငြင်းလို့မရပေ။ သူ့ဖုန်းမှာ ဆယ်မိနစ်တစ်ခါ အချက်ပေးသံ ဒါဇင်ကျော်ရှိသော်လည်း သူတို့အားလုံးက နှစ်နာရီကြာသည်အထိ မြည်နေရုံသာတတ်နိုင်သည်။
ပထမဆုံးအချက်ပေးသံထွက်လာတော့ ရှန်းယုဟန်က ကုတင်ပေးကိုသွားကာ ပိတ်ပေးလိုက်ပြီး သူ့ဖုန်းသံကိုလည်း ပိတ်ပေးလိုက်သည်။ ယင်းကို မကြာသေးခင်က စီရီကနေ သင်ယူခဲ့တာဖြစ်ပြီး အဓိကအကြောင်းမှာ သူက သူ့ခင်ပွန်း၏ရင်ခွင်ထဲမှာ အကြိမ်ပေါင်းများစွာ နိုးလာခဲ့ပြီး သူ့ခင်ပွန်းက မနိုးလာတာကြောင့် သူကစောစောထကာ အဖြေရှာခဲ့ရသည်။
သူက သူ့ခင်ပွန်းထက် စောစောထလို့ရပြီး အချက်ပေးသံကိုပိတ်ကာ သူ့ခင်ပွန်း၏နှိုးစက်အဖြစ် အမှုထမ်းရန် နေ့တိုင်းစောစောထရမည်။
သူက ဆေးကြောပြီး အောက်ထပ်ဆင်းသွားတော့ အန်တီက မနက်စာကိုပြင်ပေးထားသဖြင့် သူက စိတ်ပူစရာမလိုတော့ပေ။ သို့သော် သူ့မှာ လက်ရှိတွင် ကိုယ်ပိုင်အတွေးရှိနေ၍ အန်တီဝမ်ကို မနက်စာအတွက် အကြံပေးခဲ့သည်။ သူတို့မနက်စာက ပိုခမ်းနားနေသည်။ အရင်က ရှန်ချီဟွမ်း၏မနက်စာက နို့၊ထမင်းရည်၊ခေါက်ဆွဲ..စသဖြင့်ပါဝင်ပြီး ရှန်းယုဟန်ရောက်လာတော့ အစေ့အဆန်နှင့် ကောက်ပဲသီးနှံငါးမျိုးပါဝင်သော ကျန်းမာသည့် မနက်စာဖြစ်လာခဲ့သည်။
ရှန်းယုဟန်က နို့သောက်ရတာမကြိုက်လို့ ရှန်ချီဟွမ်းက သောက်ဖို့တွန်းအားမပေးတာ့ပေ၊ အကြောင်းမှာ ရှန်းယုဟန် ကျန်းမာရေးထိန်းသိမ်းတာ သူ့ထက်ပိုတော်လို့ဖြစ်သည်။
သူ့ခင်ပွန်းမနိုးခင် ရှန်းယုဟန်က ပန်းခူးလို့ရမရ ဖန်လုံအိမ်ကိုသွားကြည့်ခဲ့သည်။ ဖန်လုံအိမ်က အပူချိန်က လုံးဝမအေးပဲ ခေတ်သစ်လူသားများ၏ နည်းပညာက ရှန်းယုဟန်ကို တအံ့တသြဖြစ်စေသည်။ ချီတိုင်းပြည်မှာ ဤနည်းပညာများသာရှိခဲ့ရင် လူများစွာက ဆောင်းတွင်းမှာ သေခဲ့ကြမှာမဟုတ်ပေ။ သို့သော် ယခုသူတို့က သက်ပြင်းသာချနိုင်ပြီး အချိန်မှားယွင်းမွေးဖွားလာလို့ ညည်းတွားရုံသာတတ်နိုင်သည်။
ထိုအကြောင်းတွေးလိုက်တော့ သူကကံကောင်းသူဖြစ်ပြီး သူ့ကံဖြင့် ခေတ်သစ်လူသားတစ်ယောက်ဖြစ်လာနိုင်ဖို့ ကြိုးစားရမည်။
မကြာသေးခင်က အခြေအနေများက ကောင်းမွန်လာတာကြောင့် ရှန်းယုဟန်က အငိုမလွယ်တော့ပေမယ့် သူက သူ့မိသားစုကို လွမ်းနေဆဲဖြစ်သည်။
ရှန်းယုဟန်က ဖန်လုံအိမ်ထဲမှာ ပန်းပင်အချို့ကို ဖြတ်တောက်ကာ ဧည့်ခန်းထဲက ပန်းပင်များကိုဖယ်ရှားရန် အိမ်ကိုပြန်လာခဲ့၏။
သူက အန်တီဝမ် မနက်စာဘယ်လိုပြင်နေလဲကြည့်ရန် မီးဖိုချောင်ကိုသွားခဲ့ပြီး သူ့ခင်ပွန်းကိုနှိုးဖို့ အပေါ်ထပ်တက်သွားသည်။
ဒီနေ့မတိုင်ခင်မှာ သူက စောစောစီးစီး သူ့ခင်ပွန်းကိုနှိုးရမယ်လို့ မထင်ထားခဲ့ပေ။ အကြောင်းမှာ နှိုးစက်နာရီက လူတွေကို အိပ်ရာနှိုးပေးနိုင်လို့ပင်။
သူ့ခင်ပွန်းက မနေ့က အိပ်ရာထနောက်ကျတာကြောင့် မနက်စာမစားပဲ အလုပ်သွားခဲ့တာကို သိခဲ့ရပြီး သူက သူ့ကို ကြာကြာမှေးခွင့်မပေးနိုင်တော့ပေ။ အကြောင်းမှာ သူ့ခင်ပွန်းက အံ့သြစရာကောင်းအောင် အိပ်ရာပေါ်မှာပျင်းရိလွန်းလို့ပင်။
ဖုန်းအချက်ပေးသံက သူ့ကိုမနှိုးနိုင်ပေမယ့် သူကတော့ နှိုးနိုင်သည်။
လက်ဆေးပြီးနောက် ရှန်းယုဟန်က အပေါ်ထပ်ကိုတက်သွားပြီး သူခြေလှမ်းနှေးနေရင် သူ့ခင်ပွန်းက ထပ်အိပ်နေဦးမှာပင်။
သူက တံခါးဖွင့်လိုက်တော့ သူ့ခင်ပွန်းက အိပ်မောကျနေသဖြင့် သူက ဘယ်လောက်တောင် အိပ်ရေးပျက်နေလို့လဲဆိုတာကို တွေးမိခဲ့သည်။ တကယ်တော့ သူတို့က ညက စောစောအိပ်ရာဝင်ခဲ့တာဖြစ်သည်။
ရှန်းယုဟန်က သူ့ကိုတွန်းကာ သူ့နားကိုကပ်ကာ တီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ ထတော့။”
အချက်ပေးသံမမြည်ပဲ အိပ်မောကျနေသော ရှန်ချီဟွမ်းက ယောင်ဝါးဝါးရေရွတ်ကာ ပြန်လှည့်ပြီး အိမ်ပျော်သွားသည်။ သူ့ဇနီးက အိမ်မက်ထဲမှာ သူ့ကိုခေါ်နေတာကို ဘာလို့ကြားနေရတာလဲ၊ သူဆက်ပြီးအိပ်မက်မက်နေချင်သည်။
ရှန်းယုဟန်က သူ့အသံက ရှန်ချီဟွမ်းကို လုံးဝမနိုးထစေတာကို တွေ့ခဲ့ရပြီး သူ့မှာရွေးချယ်စရာမရှိတော့ပဲ သူ့ခင်ပွန်းကိုတုပလိုက်သည်။ သူက အခုလေးတင်ဆေးကြောလာလို့ အေးစက်နေသောလက်ကို သူ့လည်ပင်းပေါ်တင်လိုက်သည်။ ရှန်းယုဟန်က အနည်းငယ်အားနည်းပြီး အအေးကြောက်တာကြောင့် သူ့လက်တွေက အေးစက်နေခဲ့သည်။
သေချာတာကတော့ ရှန်ချီဟွမ်းက တုန်ယင်သွားကာ သူ့လည်ပင်းပေါ်က လက်ကိုဖမ်းဆွဲလိုက်သည်။ “မလှုပ်နဲ့၊ အိပ်တော့”
ရှန်းယုဟန်က ပြန်ဆွဲဖို့ကြိုးစားလိုက်ပေမယ့် သူက ဆွဲမထုတ်နိုင်ခဲ့ပေ။ ယင်းမှာ သူ့ခင်ပွန်းက အိပ်ရာပေါ်မှာ ပျင်းရိနေသေးတာကို ပြသနေတာပင်။
သူက ပြောလိုက်သည်။ “ခင်ဗျားနောက်ကျတော့မယ်”
“ငါကသူဌေးပဲ၊ ဘယ်သူက ငါ့ကိုနောက်ကျတယ်လို့ပြောရဲမှာလဲ” ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကို ပြန်လွှတ်မပေးပဲ ဆက်အိပ်နေချင်သည်။
ရှန်းယုဟန်က တွေးလိုက်သည်။ အဲ့ဒါကအမှန်ဖြစ်ပြီး သူ့ခင်ပွန်းက ဝန်ထမ်းမဟုတ်လို့ ကုမ္ပဏီကလည်း သူ့အပိုင်ဖြစ်တာကြောင့် ပြဿနာရှိမှာမဟုတ်ပေ။
သို့သော် သူက ဆက်မေးလိုက်သည်။ “ခင်ဗျားမှာမနက်ခင်းအစည်းအဝေးမရှိဘူးလား?”
ရှန်ချီဟွမ်းက မျက်လုံးမှိတ်ကာစဥ်းစားလိုက်ပြီး သူ့ဦးနှောက်က အသိပြန်ဝင်လာသည်။ “ဟမ်၊ ကိုးနာရီခွဲမှာ အစည်းအဝေးရှိတဲ့ပုံပဲ”
ရှန်းယုဟန်က သူ့ကိုနှိုးဖို့ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ပစ်လိုက်သည်။ “ယောကျာ်း.. အခုက ရှစ်နာရီထိုးနေပြီ။”
ရှန်ချီဟွမ်းက လက်နှစ်ဖက်ကိုဖမ်းကာ ဖြည်းဖြည်းချင်းနိုးလာသည်။ သူလှည့်ကြည့်လိုက်တော့ သူ့ဇနီးလေးကိုတွေ့လိုက်ရပြီး ရှန်းယုဟန်က ကုတင်ပေါ်မှာထိုင်ကာ သူ့ကိုပြုံးပြီးကြည့်နေသည်။ သူ့ဆံပင်က လွန်ခဲ့သည့်တစ်လကထက် ပိုရှည်လာပြီး နားရွက်နောက်မှာ ဆံပင်ကိုထိုးထားသည်။ ဒီနေ့မှာ သူက ရှန်ချီဟွမ်း နိုင်ငံခြားကဝယ်လာပေးသော နားကပ်ကိုဝတ်ထားပြီး လက်ကောက်ဝတ်က လက်ကောက်ကြိုးက ဆင်တူတစ်ခုနှင့် အစားထိုးထားသည်။ လက်သူကြွယ်ပေါ်က စိန်လက်စွပ်ကလွဲရင် တစ်ယောက်ယောက်ကသာ ထိုအစုံကိုဝတ်ခဲ့ရင် အပေါစားဆန်နေမှာဖြစ်ပေမယ့် ရှန်းယုဟန်ဝတ်ထားတော့ ထူးခြားသောဂုဏ်တစ်ခုလို ပေါ်လွင်နေသည်။
ရှန်ချီဟွမ်းက သူ့မျက်လုံးများကိုပွတ်လိုက်သည်။ “ဘယ်အချိန်ရှိပြီလို့ ပြောလိုက်တာလဲ?”
ရှန်းယုဟန်က ပြောလိုက်သည်။ “ရှစ်နာရီ”
ရှန်ချီဟွမ်းက ကုတင်ဘေးစားပွဲပေါ်က သူ့ဖုန်းကိုထိလိုက်စဥ် ရှစ်နာရီထိုးနေတာကို တွေးလိုက်ရသည်။ ထူးဆန်းလိုက်တာ…ဒီဖုန်းက ဒီနေ့ဘာလို့ ဘာလှုပ်ရှားမှုမှမရှိတာလဲ..
သူမသိလိုက်တာက ရှန်းယုဟန် အခန်းထဲဝင်လာပြီး ပထမဆုံးလုပ်ခဲ့သည့်အရာက သူ့ဖုန်းအသံကိုပိတ်လိုက်တာဖြစ်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ လက်တစ်ဖက်ကို ကိုင်ထားဆဲဖြစ်ပြီး သူက အစက အေးစက်သောသူ့လက်ကို ညည်းညူချင်ပေမယ့် စကားလုံးများက ပါးစပ်ထဲကထွက်လာစဥ်… “မင်းလက်ကအေးနေတယ်၊ ဒီလောက်မနက်အစောကြီးဘာလုပ်နေတာလဲ”
ရှန်းယုဟန်က သူ့ခင်ပွန်း၏လေသံက သူ့ကိုစကားပြောနေစဥ် မညင်သာပေမယ့် သူက သူ့စကား၏ အတွင်းအပြင် နှစ်ခုလုံးကိုသိသဖြင့် သူနဲ့မငြင်းခုံတော့ပေ။ ယောကျာ်းတွေက အပြောတစ်မျိုး အလုပ်တစ်မျိုးဟု သူ့အမေကပြောဖူးပြီး သူ့အဖေက ထိုအမျိုးအစားဖြစ်သည်။
“ကျွန်တော်အများကြီးမလုပ်ခဲ့ပါဘူး၊ ဖန်လုံအိမ်ကိုသွားပြီး ပန်းနည်းနည်းညှပ်ပြီး လက်ဆေးလာခဲ့တာ”
ရှန်ချီဟွမ်းက သူ့လက်ကိုစောင်ထဲဆွဲလိုက်ပြီး သူ့ရင်ဘတ်ပေါ်တင်လိုက်သည်။ ခဏလောက်တိတ်ဆိတ်နေပြီးတော့ သူက ထကာ သူ့လက်တွေကို စောင်အောက်မှာဖိလိုက်သည်။ “အရင်ဆုံးအုပ်ထားလိုက်”
ရှန်ချီဟွမ်းက သူသာ ရှန်းယုဟန်၏လက်တွေ အမြဲအေးနေတာကိုမသိခဲ့ရင် ရှန်းယုဟန်က တမင်တကာ သူ့ကိုယ်သူ အေးခဲအောင်လုပ်ခဲ့တယ်လို့ ထင်မိမှာဖြစ်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းအိပ်နေသောစောင်မှာ သူ့လက်ကိုနာခံစွာထားလိုက်ပြီး သူ့ခင်ပွန်းက ရေချိုးခန်းထဲဝင်သွားသည်ကိုကြည့်နေသည်။ သူ့ခင်ပွန်းအိပ်နေသောနေရာက နွေးထွေးသဖြင့် သူ့လက်နှင့်နှလုံးသားနှစ်ခုလုံးက နွေးထွေးလာပြီး သူ့တစ်ကိုယ်လုံးက ခင်ပွန်းဖြစ်သူ၏ခါင်းအုံးဆီ တိမ်းစောင်းသွားခဲ့သည်။
ဆောင်းတွင်းအနွေးဓာတ်က ရောက်လာဖို့လွယ်ကူသည်။
–
ရှန်ချီဟွမ်းက ရေချိုးခန်းထဲကထွက်လာစဥ် မုတ်ဆိတ်ရိတ်ထားသော ပူရှိန်းနံ့ကိုရနေခဲ့ပြီး ရှန်းယုဟန်က ကုတင်ပေါ်မှထကာ သိက္ခာရှိသော ကိုယ်ဟန်အနေအထားရှိသော ယောကျာ်းတစ်ယောက်အသွင်သို့ ချက်ချင်းပြောင်းသွားခဲ့သည်။
ရှန်ချီဟွမ်းသည် ရှန်းယုဟန်က အခုချိန်မှာ ရှေးခတ်က မင်္ဂလာဦးညမှာ သတို့သားကိုစောင့်နေသော သတို့သမီးနှင့်တူသည်ဟု ခံစားလိုက်ရသည်။ သူဘာလို့အဲ့လောက်ထူးဆန်းနေရတာလဲ၊ သူ့စိတ်က ကြုံရာကျပန်းအတွေးများနဲ့ အမြဲပြည့်နေတော့တာပဲ။
“အောက်ဆင်းကြမလား?”
“အွန်း” ရှန်းယုဟန်က သူ့နောက်ကလိုက်ခဲ့သည်။
ခဏရပ်ပြီးနောက် ရှန်ချီဟွမ်းကပြောလိုက်သည်။ “မင်းလက်တွေက အေးနေတုန်းပဲ၊ ညနေကျရင် လက်အပူပေးထုပ်ကိုသွားဝယ်လိုက်”
“ဘယ်မှာသွားဝယ်ရမလဲ?”
“ညနေရုံးခန်းနားမှာ ဆိုင်တစ်ခုရှိလိမ့်မယ်၊ ငါ လက်ထောက်ချွီကိုဝယ်ခိုင်းလိုက်မယ်။”
“ကျေးဇူးပါယောကျာ်း” ရှန်းယုဟန်က သူ့လက်ကို ရှန်ချီဟွမ်း၏လက်ဖဝါးထဲ တိတ်တဆိတ်ထည့်လိုက်သည်။ “ကျွန်တော့်လက်နွေးလာပြီလို့ထင်လား?”
သေချာတာပေါ့၊ သူက ဗားရှင်းမြှင့်ထားတဲ့ ပရော်ပရည်လုပ်တတ်တဲ့ မြေခွေးလေးပဲ၊ သူ့လက်ကိုကိုင်ဖို့တောင် ပြီးပြည့်စုံတဲ့ အကြောင်းပြချက်တစ်ခုကိုရှာနိုင်တယ်။
ရှန်ချီဟွမ်းက လက်ကိုခါယမ်းကာပြောလိုက်သည်။ “နွေးတယ်၊ ငါမင်းအတွက် နွေးအောင်ထပ်လုပ်ပေးမယ်။”
ထို့နောက် သူက ရှန်းယုဟန်ကို ထမင်းစားခန်းထဲ ခေါ်သွားခဲ့သည်။
ရှန်းယုဟန်က လက်ရှိမှာ အချက်အပြုတ်သင်တန်း တက်စရာမလိုတော့ပေမယ့် သူက သူ့ခင်ပွန်းနဲ့ နေ့လည်မှာ နေ့လည်စာအတူသွားစားပြီး ညနေခင်းမှာ အိမ်အတူပြန်နိုင်သဖြင့် အချက်အပြုတ်သင်တန်းကို သွားချင်နေဆဲဖြစ်သည်။
ခေတ်သစ်လူသားများ၏ဘဝက မြန်ဆန်ပြီး အလုပ်များသည်။ တစ်ခါတစ်လေ သူ့ခင်ပွန်းက အလုပ်များလွန်းလို့ နေ့လည်စာတောင်မစားနိုင်ပဲ အိမ်ပြန်ပြီးနောက် အလုပ်လုပ်ရသေးသည်။ သူတို့အတူဖြတ်သန်းသော အချိန်က တကယ်ကိုတိုလွန်းပြီး အားလုံးပေါင်းမှ တစ်ပတ်သုံးရက်သာရှိမည်။ သူက အလုပ်ရှုပ်လွန်းလို့ အိပ်ရာပေါ်မှာတောင် အပျင်းမထူနိုင်ပဲ မနက်စောစောထကာ နောက်ကျမှပြန်လာပြီး ရှန်းယုဟန်က သူအရင်အိပ်ပျော်သွားလို့ သူ့ခင်ပွန်း၏မျက်နှာကိုတောင် မမြင်နိုင်ခဲ့ပေ။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူ့ခင်ပွန်းက အားလပ်ချိန်မှာ သူနဲ့နေ့လည်စာစားပြီး ရှန်းယုဟန်က ထိုမျှလောက်နဲ့ ကျေနပ်နေသည်။
ရှန်ချီဟွမ်းက ဒီနေ့အစည်းအဝေးအတွက် ကုမ္ပဏီသွားရာတွင် အလျင်လိုနေကာ ဒရိုက်ဘာက သူ့ကို ကုမ္ပဏီအရင်ပို့ပြီးမှ ရှန်းယုဟန်က ပန်းအလှဆင်သင်တန်းကိုရောက်စဥ် နည်းနည်းနောက်ကျခဲ့သည်။
အမှန်တိုင်းဆိုသော် သူက ဗုဒ္ဒဟူးနှင့် ကြာသပတေးမှာတက်ရသော ပန်းအလှဆင်သင်တန်းနှင့် အချက်အပြုတ်သင်တန်းကိုမကြိုက်ပေ။ ဤနေရာရှိလေထုက သူထင်ထားသလိုမကောင်းပဲ သူ့ကိုသက်တောင့်သက်သာရှိစေသော အမျိုးသမီးအများစုရှိနေသော်လည်း နောက်ထပ်လူအများကြီးရှိနေသေးသည်။ လူတိုင်းက သူအမျိုးသားဖြစ်တာနဲ့ပတ်သတ်ပြီး ဘာအမြင်မှမရှိပေ။ ထို့အပြင် ဆရာတစ်ဝက်လောက်က အမျိုးသားများဖြစ်နေလို့ ထိုလေထုက သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။ ယင်းမှာ သူက ချီတိုင်းပြည်ရှိ ခြံဝန်းအတွင်းပိုင်းကို ပြန်ရောက်နေပြီး အတင်းပြောရတာကြိုက်သော အမျိုးသမီးများနှင့် ဆုံနေရသလိုပင်။
ပုံမှန်အားဖြင့် ထိုအချိန်မှာ သူကပြန်မဖြေပေ။
“ဒီနေ့ရှောင်ရှန်းဘာလို့နောက်ကျနေတာလဲ?”
သူ့ကိုမေးလာသူက ပန်းအလှဆင်သင်တန်းက လှပသောညီမလေးတစ်ယောက်ဖြစ်သည်။ သူမက သင်တန်းရှိ အမျိုးသမီးများနှင့် ဆက်ဆံရေးကောင်းပြီး လူတိုင်းနှင့် အဆင်ပြေအောင် ပေါင်းသင်းနိုင်သည်။ သူမက ရှန်းယုဟန်နှင့် သူငယ်ချင်းဖွဲ့ရန် အချက်ပြလေ့ရှိပေမယ့် ရှန်းယုဟန်က သူမနဲ့ ခပ်ခွာခွာနေဖို့ဆုံးဖြတ်ထားသည်။ ထိုညီမလေးက ကြင်နာတတ်ပြီး ဘယ်လိုခေါင်းစဥ်မျိုးမဆို ဆွေးနွေးနိုင်ကာ လိမ္မာပါးနပ်သော်လည်း သူက မသက်မသာခံစားနေရပြီး အမေးတစ်ခွန်းအဖြေတစ်ခွန်းသာ တုံ့ပြန်လေ့ရှိသည်။
“ကားလမ်းပိတ်နေလို့ပါ။” သူက သင်တန်းမှာ သူ့အကြောင်းသိပ်ပြောလေ့မရှိပေ။
လှပသောညီမလေးက အတန်းကိုလာတိုင်း မိတ်ကပ်ကို သပ်ရပ်လှပအောင် ပြင်လာလေ့ရှိပြီး သူမနှုတ်ခမ်းနီအရောင်က မကြာခဏပြောင်းလဲနေသည်။ အထူးသဖြင့် သူမကဝတ်စားတတ်ပြီး စတိုင်ကျသော ဆံပင်အသုံးအဆောင်များကို မတူညီအောင်ဝတ်လေ့ရှိသည်။ သူမက ရှန်းယုဟန်ကို လာမေးခဲ့သည်။ “ရှင့်မိသားစုက ဒီနေ့လည်းလာပို့တာလား?”
ပန်းအလှဆင်သင်တန်း၏ဝင်ပေါက်က ပါကင်ထိုးဖို့အဆင်မပြေပဲ ရှန်ချီဟွမ်းက သူ့ကိုလာပို့သည့်အခါ ဝင်ပေါက်ထိသာပို့နိုင်သည်။ ပထမအကြိမ်ကလွဲရင် ကျန်သည့်အချိန်များမှာ သူကိုယ်တိုင် အထဲထိလာပို့လေ့ရှိသည်။ သူတို့အားလုံးက ရှန်ချီဟွမ်းကို ရှန်းယုဟန်၏ အစ်ကိုလို့ထင်နေပေမယ့် ရှန်းယုဟန်က မငြင်းသလို ဝန်လည်းမခံခဲ့ပေ။
“ကိုယ့်ဘာကိုယ်လာခဲ့တာ” ရှန်းယုဟန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ ထိုညီမလေးက မေးခွန်းဆက်တိုက်မေးနေသည့် အကြောင်းရင်းမှာ ပထမဆုံးအကြိမ်က ရှန်ချီဟွမ်း သူ့ကိုလာပို့တာကို မြင်ခဲ့လို့ဖြစ်သည်။
သူက သူမဘာလို့ သူ့ကိစ္စကိုမေးဖို့ စိတ်အားထက်သန်နေလဲမသိပေမယ့် ရှန်းယုဟန်က သူမအပေါ် ထင်မြင်ချက်ကောင်းမရှိ၍ သူမနဲ့ ဆက်ဆံတာကို တတ်နိုင်သမျှ ရှောင်သည်။
အတန်းစတော့ ရှန်းယုဟန်က သူမနဲ့အနည်းငယ်ဝေးသော ထိုင်ခုံတစ်လုံးကို ကျပန်းရွေးလိုက်သည်။
အရာအားလုံးက ပုံမှန်စီးပွားရေးပါပဲ။