Chapter 33.2
Viewers 988

Chapter 33.2


“လှပတဲ့ဂျူနီယာညီမလေး”


ပန်းအလှဆင်သင်တန်းက နှစ်ပိုင်းခွဲထားပြီး စာသင်ချိန်တစ်ခုစီ၏အလယ်မှာ ဆယ့်ငါးမိနစ်အနားယူချိန်ရှိသည်။ ထိုအချိန်အတွင်းမှာ သင်တန်းသားများက သင်တန်းကပေးသော အချိုရည်နှင့် အဆာပြေမုန့်ကို စားနိုင်ပြီး ရှန်းယုဟန်က သိုက်ဖူခူ နှင်းဘောလုံးမိုချီကိုစားပြီး ဒူးရင်းယိုကိတ်ကို မြည်းဖူးသည်။ သူက အနားယူချိန်ဆယ့်ငါးမိနစ်ကို အလွန်သဘောကျပြီး သင်တန်းကျောင်းက တကယ်ကိုစဥ်းစားပေးကာ ခေတ်သစ်လူသားတွေက စီးပွားရေးဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိသည်။


ဒီနေ့မှာ မုန့်စားချိန်ထပ်ရောက်လာပြီး ရှန်းယုဟန်က လက်ဖက်ရည်ခန်းမှာထိုင်ကာ ယနေ့အတွက် Black Forest Cake ကို မြည်းစမ်းခဲ့သည်။

မနီးမဝေးမှာ ထိုလှပသောညီမလေးက တခြားအမျိုးသမီးများနှင့် စကားပြောနေပြီး ထိုအမျိုးသမီးများမှာ သားရှိရင် သူမမှာလည်းရှိသည်။ တခြားသူများမှာ ခွေးရှိရင် သူမမှာလည်းရှိသည်။ သူမက အရမ်းကိုပေါင်းသင်းဆက်ဆံတတ်သော အမျိုးသမီးဟုဆိုရမည်။

ရှန်းယုဟန်က ကိတ်ကို ငြိမ်ငြိမ်လေး စားနေပြီး သူ့ခင်ပွန်းကိုလည်း စာပို့လိုက်သည်။ ဒီနေ့ကိတ်က အရမ်းအရသာရှိပေမယ့် သူ့ခင်ပွန်းက အလုပ်အရမ်းရှုပ်နေတာကြောင့် သူက အေးစက်စက်သာ စာပြန်သည်။ ရှန်းယုဟန်က အလုပ်ကြိုးစားပါဟု ပြန်ပြောလိုက်ပေမယ့် သူ့ခင်ပွန်းက အေးစက်စက်စာပို့လာပြန်သည်။ ထို့နောက်ရှန်းယုဟန်က သူ့ကိုမနှောင့်ယှက်တော့ပဲ သူ့အတန်းနောက်တစ်ချိန်ကလည်း စတော့မှာဖြစ်သည်။


သူက သူ့လက်များကိုသန့်ရှင်းဖို့ သန့်စင်ခန်းကိုသွားခဲ့ပေမယ့် အသက်ငါးဆယ်အမျိုးသမီးတစ်ယောက်က သူ့ကိုရုတ်တရက်လှမ်းဆွဲကာ သူမနောက်မှာတော့ ခက်ထန်သောအကြည့်များနှင့် အရပ်မြင့်မြင့် အမျိုးသားများရှိနေသည်။

အမျိုးသမီးက သူ့ကိုမေးလာသည်။ “ဖန့်ဟုန်ဘယ်မှာလဲသိလား?”


“ဖန့်ဟုန်လား?” ဒါက အဲ့ဒီညီမလှလှလေးရဲ့ နာမည်မလား?

ရှန်းယုဟန်မဖြေနိုင်ခင်မှာ အမျိုးသမီးက လူရှာဖို့ သူမလူတွေနဲ့အတူ အတန်းထဲကို ပြေးသွားခဲ့သည်။ 



ထိုသို့သော ရုန်းရင်းဆန်ခတ်မှုများက ဘာဖြစ်နေတာလဲနှင့် ဒီလူတွေအတန်းထဲ ဘာလို့ဝင်လာတာလဲမေးရန် အပြင်ထွက်လာသော သင်တန်းကျောင်း၏ ဝန်ထမ်းကို သဘာဝကျကျ ဆွဲဆောင်ခဲ့သည်။ 


ရွှေဆွဲကြိုးတစ်ကုံးဝတ်ဆင်ထားသော ခေါင်းဆောင်အမျိုးသားက ပြောလိုက်သည်။ “မင်းကိစ္စမဟုတ်ဘူး။ ငါတို့က လူတစ်ယောက်ကိုရှာနေတာ၊ ဖန့်ဟုန်ကိုဘယ်သူသိလဲ!”


ရှန်းယုဟန်က သူ့အရွယ်နှင့်မမျှတတာကြောင့် ဘာမှမလုပ်ရဲပဲ သူက ဘေးမှာငြိမ်ငြိမ်ရပ်နေပြီး အတန်းထဲပြန်မသွားခင် သူတို့ထွက်သွားတာကို မျှော်လင့်နေသည်။


သူက မယားကြီးက မယားငယ်ကိုတိုက်ခိုက်သော ခေတ်သစ်ဒရာမာတစ်ကားကို ကြည့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ပေ။


အမျိုးသမီးက ရည်ရွယ်ချက်ဆိုးနဲ့ လာခဲ့တာသိသာပေမယ့် သူက သူမ ဖန့်ဟုန်ကိုရှာတွေ့ခဲ့မယ်လို့ မမျှော်လင့်ထားပေ။ သူမက ဖန့်ဟုန်၏ မြင့်မားသောဆံထုံးကိုဆွဲကာ သူမဆံပင်ပေါ်က ဂရုတစိုက်ပန်ဆင်ထားသော ဆံပင်အသုံးအဆာင်များကို ဖြုတ်ချလိုက်ပြီး ဖန့်ဟုန်က နာကျင်စွာ ငို​ကြွေးနေသည်။

“ငါ့ကိုလွှတ်စမ်း!”


“လွှတ်ပေးရမယ်? အရှက်မရှိတဲ့ခွေးမ၊ နင်ကငါ့ယောကျာ်းကိုမြှူစွယ်ပြီး တစ်ပတ်ကိုယွမ်နှစ်သန်းလွှဲပေးဖို့ လှည့်ဖြားရဲသေးတယ်၊ ပြီးတော့ အဲ့ဒါက နင့်သောက်ချေးငွေကိုဆပ်ဖို့လေ၊ နင်ကငါ့ကို သက်သက်လွတ်သမားလို့ထင်နေတာလား?”


“ရှင်လူမှားနေတာ၊ ကျွန်မရှင့်ကိုမသိဘူး! ရှင့်ယောကျာ်းကိုလည်းမသိဘူး!”


“သောက်အဓိပ္ပါယ်မရှိတာ၊ နင့်မျက်နှာကို ငါကမှားရမှာလား? နင် ငါ့ယောကျာ်းနဲ့ ဓာတ်ပုံဗီဒီယိုတွေရိုက်ထားတာကို မေ့သွားတာလား? လုပ်ရဲပြီး ဝန်မခံရဲဘူးပေါ့လေ!”


သူမကဖန့်ဟုန်ကိုကြမ်းပြင်ပေါ်ဆွဲချကာ ကြိမ်းမောင်းရိုက်နှက်နေပြီး ရုတ်တရက်ဖြစ်နေ၍ ဖန့်ဟုန်မှာ ပြန်တိုက်ခိုက်ဖို့အားမရှိပဲ အော်ရုံသာတတ်နိုင်သည်။ ထို့အပြင် ထိုအမျိုးသမီးခေါ်လာသော အကူများစွာကလည်း ထိုပွဲကိုတားဆီးချင်သော ဝန်ထမ်းများကို ပိတ်ဆို့ထားသည်။


ရှန်းယုဟန်က အပြင်ထွက်ကြည့်ကြသော သင်တန်းသားများ၏ အတွန်းခံလိုက်ရသည်။


မြင်ကွင်းက ပရမ်းပတာဖြစ်ကာ ထိန်းချုပ်မှုကင်းမဲ့နေပြီး လူတစ်ယောက်က ရဲကိုတိုက်ရိုက်ခေါ်လိုက်တော့ မကြာခင်မှာ ရဲတွေက ပြဿနာရှာသူနှင့် ဖန့်ဟုန်ကို ရဲစခန်းခေါ်သွားကြသည်။ ထို့နောက် အားလုံးငြိမ်သက်သွားခဲ့သည်။



သူတို့အတန်းက ပန်းတွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေပြီး သန့်ရှင်းရေးလုပ်ရမည်။ သင်တန်းကျောင်း၏ မန်နေဂျာက ယနေ့အတွက် သူတို့သင်တန်းကို ခေတ္တရပ်နားလိုက်ပြီး စာသင်ဖို့အသုံးပြုခဲ့သော ပန်းများကိုပြန်စီကာ သင်တန်းသားများကို လျော်ကြေးအနေနဲ့ လက်ဆောင်ပေးမည်ဟု ဆိုခဲ့သည်။


ပြဿနာရှာသူထွက်သွားပြီးမှသာ သင်တန်းသားများက ထိုအကြောင်းကို စတင်ဆွေးနွေးခဲ့ကြသည်။


“ငါပြောသားပဲ၊ ဒီမိန်းမဖန့်ဟုန်က အကြံကြီးတယ်လို့၊ ငါ့ယောကျာ်းအကြောင်းကို ​အမြဲမေးနေတော့တာပဲ”


“ကံကောင်းတာက ငါက ငါ့မိသားစုအကြောင်းမပြောခဲ့လို့ပေါ့၊ မယားငယ်တွေက ဒီရက်တွေမှာ အရမ်းမောက်မာလာကြတယ်၊ တစ်ပတ်ကို ယွမ်နှစ်သန်းတောင် တောင်းတာ၊ ကြောက်စရာပဲ။”



“ငါ့အမြင်မှာ အဲ့ဒီယောကျာ်းကလည်း မကောင်းလောက်ဘူး၊ သူ့ကို ဝိညာဥ်တစ်ခုက ဝင်ပူးသွားလို့ တွေး​ခေါ်နိုင်စွမ်းကို ဆုံးရှုံးသွားတာဖြစ်ရမယ်။”


“လူနဲ့မျက်နှာကိုသိနိုင်ပေမယ့် အတွင်းစိတ်ကိုတော့ မသိနိုင်ဘူး။ မင်းတို့ယောကျာ်းသာ ဒီလိုပြဿနာမနဲ့တွေ့ခဲ့ရင် မင်းတို့ပိုပြီးသတိထားသင့်တယ်!”


ခဏလောက်နား​ထောင်ပြီးနောက် ရှန်းယုဟန်က ရှန်ချီဟွမ်းကို ဝီချက်မက်ဆေ့တိုက်ရိုက်ပို့လိုက်သည်။ ဒီနေ့သင်တန်းမှာဖြစ်ခဲ့တာကို ပြောပြခဲ့ပြီး အတန်းကိုဆိုင်းငံ့ထားလို့ သူ့ကုမ္ပဏီကို တိုက်ရိုက်လာမည်ဖြစ်ကြောင်းပြောခဲ့သည်။ 


ဆယ့်ငါးမိန်အကြာတွင် သူက ရှန်ချီဟွမ်း၏ကုမ္ပဏီကိုရောက်လာပြီး ကောင်တာဝန်ထမ်းက သူ့ကိုတွေ့တော့ ရင်းရင်းနှီးနှီးပြုံးပြကာ ရှန်းယုဟန်ကလည်း ပြန်ပြုံးပြလိုက်သည်။ သူက ဓာတ်လှေကားထဲ ဝင်သွားပြီးနောက် ကောင်တာကမိန်းကလေးနှစ်ယောက်က အလွန်စိတ်လှုပ်ရှားနေကြသည်!


“သူဌေးရဲ့ဇနီးက ငါတို့ကိုပြုံးပြတယ်!”




“သူကအရမ်းကြည့်ကောင်းတာပဲ၊ အရမ်းသိမ်မွေ့ပြီး ခြေလှမ်းတိုင်းကလည်း ညီနေတယ်!”


“သူဌေးဇနီးဖြစ်ဖို့ ထိုက်တန်လွန်းတယ်၊ ငါတို့က လူချမ်းသာမိသားစုရဲ့ ဇနီးတွေမဖြစ်နိုင်တာလဲမပြောနဲ့၊ သူ့ပုံစံနဲ့အပြုအမူကိုပဲကြည့်တော့”



“သူက လေဖောင်းဂျာကင်ဝတ်ထားတာကို နင်ကဘယ်လိုပြောနိုင်တာလဲ?”


“အမြင်လေကွာ နားလည်လား?”



တကယ်တော့ ရှန်းယုဟန်က အနက်ရောင်လေဖောင်းဂျာကင်ကြီးကို ဝတ်ထားပြီး သူ့မျက်နှာတစ်ဝက်က ထိုလေဖောင်းဂျာကင်ကြောင့် ကွယ်နေပေမယ့် သူ၏ဖြူသော အသားအရေကိုလည်း ပေါ်လွင်စေသည်။



ယခုချိန်မှာ ဓာတ်လှေကားစီးသော ဝန်ထမ်းသိပ်မရှိသဖြင့် ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရုံးခန်းကိုရောက်ဖို့ အချိန်သိပ်မကြာပေ။


သို့သော် သူစီးနေသော ဓာတ်လှေကားက ဆယ့်ငါးထပ်မှာ ရုတ်တရက်ရပ်သွားပြီး ဓာတ်လှေကားပွင်လာတော့ ရှန်းယုဟန်က သူ့ခင်ပွန်း၏ ခန့်ညားသောမျက်နှာကို တွေ့လိုက်ရပြီး ပါးစပ်က ယောကျာ်းလို့ခေါ်တော့မယ့်အချိန် သူ့ခင်ပွန်းက ခေါင်းကိုလှည့်သွားကာ သူ့ဘေးက လှပသောအမျိုးသမီးတစ်ယောက်ကို စကားပြောနေပြီး လူတစ်စုက အနောက်မှာရှိနေသည်။

သို့သော် ရှန်းယုဟန်က ထိုလှပသောအမျိုးသမီးကိုသာ အာရုံစိုက်နေပြီး သူမက သပ်ရပ်သောမိတ်ကပ်အပြင်အဆင်နှင့် ဆံပင်ကိုထုံးထားပြီး လှပပြီး စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ရှိနေသည်။ သူမ၏ ထူးခြားသော လူမှုဆက်ဆံရေးစကေးလ်က သူမအပြောအဆိုတွင် ပေါ်လွင်နေသည်။


ရှန်းယုဟန်အရှေ့မှာ လူတန်းကြီးရှိပြီး သူ့မျက်နှာတစ်ဝက်က လေဖောင်းဂျာကင်ထဲမှာ နစ်မြုပ်နေကာ ဝန်ထမ်း၏ပိတ်ဆို့မှုကို ခံထားရတာကြောင့် ရှန်ချီဟွမ်းက အမျိုးသမီးကို လူကြီးလူကောင်းဆန်သော အပြုအမူဖြင့် ဓာတ်လှေကားထဲဝင်စေခဲ့ပြီး နောက်မှာရပ်နေသော ရှန်းယုဟန်ကိုမတွေ့ခဲ့ပေ။


လှပသောအမျိုးသမီးက ရှန်ချီဟွမ်းနှင့် ဆက်ဆံရေးကောင်းပြီး သူမအသံက ပျော့ပျောင်းကာ သူမက ရှန်ချီဟွမ်းကို စီနီယာအကိုလို့ ချစ်ခင်စွာခေါ်ဆိုခဲ့သည်!


သူက ကျောင်းတွင်းအချစ်ဇာတ်လမ်းကို ကြည့်ထားတော့ စီနီယာအကိုနဲ့ ဂျူနီယာညီမက အမြဲတမ်းစုံတွဲဖြစ်တာကို သိခဲ့သည်!


သူ့ခင်ပွန်းက သူနောက်မှာရပ်နေတာကို လုံးဝမမြင်ပဲ သူ့မျက်လုံးများက ထိုအမျိုးသမီးနဲ့ပြည့်နေသည်။ သူက ယခုလေးတင် ထိုသင်တန်းသားများ ပြောဆိုခဲ့ကြသော စကားဝိုင်းကိုသတိရသွားသည်။


[မင်းတို့ခင်ပွန်း အဲ့လိုပြဿနာအမျိုးသမီးနဲ့တွေ့ခဲ့ရင် မင်းတို့ပိုပြီးသတိထားသင့်တယ်]


ထိုအချိန််တွင် ရှန်းယုဟန်က ဂျူနီယာညီမပြောနေတာကို ကြားလိုက်သည်။ “စီနီယာအကို၊ ကျွန်မတို့ အစကလုပ်ခဲ့တဲ့ ပရောဂျက်ကိုမှတ်မိသေးလား?”


သူက ရှန်ချီဟွမ်း၏ ရယ်မောသံနှင့် တုံ့ပြန်တာကို ကြားလိုက်ရသည်။ “မှတ်မိတယ်၊ ငါက ဒီပရောဂျက်အတွက် နောက်ကျတဲ့ထိ အလုပ်လုပ်ခဲ့တာ၊ ဒါပေမယ့် တစ်ယောက်ယောက်က ဆော့ဖ်ဝဲကို ငါ့ထက်မြန်အောင် တီထွင်ခဲ့တယ်။ သူတို့က စျေးကွက်မှာ နေရာအရင်ယူလိုက်တော့ ငါတို့ရဲ့ ကြိုးပမ်းမှုက အလဟသဖြစ်သွားတယ်။”

“ကံကောင်းတာက ကျွန်မတို့က ရှင့်ရဲ့အမြန်လှုပ်ရှားနည်းကို နားထောင်ပြီး အဲ့ဒီဆော့ဖ်ဝဲကို ရောင်းပစ်ခဲ့လို့ပေါ့၊ မဟုတ်ရင် ပိုက်ဆံတွေကိုပြန်ရနိုင်မှာမဟုတ်ဘူး။ အခု ကျွန်မတို့ဆော့ဖ်ဝဲက အလုပ်ဖြစ်နေဆဲဖြစ်ပြီး အဲ့ဒီကုမ္ပဏီက အဲ့အချိန်တုန်းက ကျွန်မကို သူတို့ရဲ့ ထုတ်လုပ်ရေးဒါရိုက်တာဖြစ်စေချင်တာ။”


“မင်းမသွားခဲ့ဘူးမလား၊ မဟုတ်ရင် မင်းကို ဒီနေ့တွေ့ရမှာမဟုတ်ဘူး။ မင်းငါ့ကုမ္ပဏီကိုလာပြီး ပူးပေါင်းဆောင်ရွက်ဖို့လာပြောမယ်လို့ မမျှော်လင့်ခဲ့ဘူး။”


ရှန်းယုဟန်က သူ့ခင်ပွန်း ဘယ်သူ့ကိုမှ ဒီလိုစကားပြောနေတာကို မတွေ့ဖူးခဲ့ပေ။ သူက အရင်အပတ်ပိတ်ရက်က ကျန်းလောလင်းနဲ့ ဝမ်းယန်ကိုတောင် ဒီလိုပုံစံစကားမပြောခဲ့ပဲ သူက ဒီမိန်းမငယ်လေးနှင့် ဖော်မပြနိုင်သော ရင်းနှီးမှုမျိုးရှိနေသည်။


သူတို့နှစ်ယောက်ရဲ့အမှတ်တရတွေကို လူထုကမသိကြပဲ သူတို့နှစ်ယောက်ကြားထဲက အမှတ်တရသာဖြစ်ပုံရသည်။


ရှန်းယုဟန်က နောက်မှာရပ်နေပြီး မသက်မသာဖြစ်လာသည်။ သူက ရှန်ချီဟွမ်းအနီးအနားရှိလူတွေလို ပညာမတတ်တာကိုသိပြီး သူ့အသိပညာက တိမ်မြှုပ်နေကာ အကျဥ်းချုံးသာ နားလည်နိုင်သည်။ သူက ဒီဂျူနီယာညီမလေးက ရှန်ချီဟွမ်းနဲ့ လိုက်ဖက်တယ်ဆိုတာကိုလည်းသိခဲ့သည်။



သူတို့က အလွန်ရင်းနှီးသောပုံစံဖြင့် စကားပြောနေကြပေမယ့် သူနဲ့ သူ့ခင်ပွန်းက အတူရှိနေစဥ် အချိန်အများစုမှာ စကားပြောဖို့ သီးသန့်ခေါင်းစဥ်မရှိကြပေ။ ယခုလို ပေါ့ပေါးသောအပြုံးနှင့် စိတ်အေးလက်အေး စကားပြောနေသော သူ့ခင်ပွန်းကိုတွေ့ရသည်မှာ ရှား၏။

ရှန်းယုဟန်က ဓာတ်လှေကားနောက်မှာရပ်နေပြီး သူက သူတို့၏ပြောစကားများကို နားမလည်နိုင်ပဲ သူက ဘောလုံးလို ကျုံးဝင်သွားဖို့ ဆုတောင်းနေသည်။ သူက သူ့ကိုယ်သူပိုယှဥ်လေ ပိုဝမ်းနည်းလာလေဖြစ်ပြီး သူဘယ်လောက်ပဲကြိုးစားပါစေ သူက ခေတ်သစ်လူသားတစ်ယောက် ဖြစ်မလာနိုင်ပေ။


“စီနီယာအကို၊ ဒီညနေအားလား? ထမင်းအတူတူစားကြမလား?”


ဂျူနီယာညီမက ရှန်ချီဟွမ်းကို ဖိတ်ခေါ်ခဲ့ပြီး ဓာတ်လှေကားကပွင့်သွားခဲ့သည်။ ရှန်းယုဟန်ရှေ့က လူနှစ်ယောက်က ဆင်းသွားခဲ့ပြီး သူ့ရှေ့မှာ ရပ်နေသောလူများရှိနေဆဲဖြစ်ပြီး သူတို့က အပေါ်ထပ်ကို တူတူသွားခဲ့ကြသည်။


အနောက်မှာရပ်နေသော ရှန်းယုဟန်က သက်ရှိလူသားများကြားမှာ ပိုပိုပြီး အရေးမပါသလိုခံစားလိုက်ရပြီး သူက ဒီကမ္ဘာကို ဘာလို့ရောက်လာရတာလဲ။


သူတို့က အပေါ်ဆုံးထပ်ကိုရောက်တော့ ရှန်ချီဟွမ်းနဲ့ ထိုလှပသော ဂျူနီယာညီမလေးက စောစောထွက်သွားပေမယ့် ရှန်းယုဟန်၏ခြေထောက်များက ခဲပြည့်နေသလိုပင် မမြှောက်နိုင်တော့ပဲ သူက ဓာတ်လှေကားထဲမှာ မလှုပ်မယှက်ဖြစ်ကာ သူ့ရှေ့ကလူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတာကိုကြည့်နေသည်။


သူသည် ရှန်ချီဟွမ်းက ထိုဂျူနီယာညီမလေးနှင့် နေ့လည်စာအတူစားဖို့ သဘောတူလိုက်ပြီး သူလာမယ်ဆိုတာကို မေ့သွားခဲ့ပြီလို့ ထင်နေခဲ့သည်။

မျက်လုံးထဲမှာ မျက်ရည်ဝဲနေပြီး နောက်စက္ကန့်မှာ ပေါက်ကွဲတော့မှာဖြစ်သည်။

ဓာတ်လှေကားပိတ်ခါနီးမှာ လက်တစ်ဖက်က ဓာတ်လှေကားတံခါးကို ရုတ်တရက်ဖိလိုက်သည်။

သူ့ခင်ပွန်း၏မျက်နှာက ရှန်းယုဟန်၏အရှေ့တွင်ပေါ်လာသည်။ “ရှန်းယုဟန်?” ရှန်ချီဟွမ်းက ဘာမှမပြောပဲ သူ့ကိုတစ်ချက်ကြည့်ပြီး ဓာတ်လှေကားထဲဝင်ကာ သူ့ခါးကိုဖက်လိုက်သည်။ “အထဲမှာဘာလို့အသံမထွက်တာလဲ?”

သူက ဓာတ်လှေကားထဲ စဝင်တုန်းက ရင်းနှီးသောရံနံ့ကိုရခဲ့ပြီး တွေးကြည့်လိုက်တော့ တခြားတစ်ယောက်က အထဲမှာရှိနေသည်။ ရှန်ချီဟွမ်းက စဥ်းစားစရာမလိုပဲ သူဘယ်လိုလဲသိခဲ့သည်။

ရှန်းယုဟန်က ပင့်သက်ရှိုက်ကာ သူ့လည်ချောင်းက ရှိုက်နေပြီး စကားမပြောနိုင်တော့ပဲ မျက်လုံးကနီရဲနေသည်။

သူ့ခင်ပွန်း၏ အဖက်ခံလိုက်ရစဥ် သူက မျက်ရည်ကိုပြန်ထိန်းကာ ခေါင်းမော့ပြီး ရှန်ချီဟွမ်းကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲက နီရဲမှုက ဘယ်သူ့ကိုမှလိမ်လို့မရပေ။


ရှန်ချီဟွမ်းက ရှန်းယုဟန် ထပ်ပြီးအထင်လွဲသွားတာလို့ တွေးမိပြီး သူက လေသံကိုလျှော့ကာ ညင်ညင်သာသာ ပြောလိုက်သည်။ “ဘာဖြစ်လို့လဲ?”


ဓာတ်လှေကားဆီက ခေါ်ဆောင်သွားခံရပြီးနောက် ရှန်းယုဟန်က နှုတ်ခမ်းကိုဖိကာ ဂျူနီယာညီမလေးကို တစ်ချက်ကြည့်ပြီး ရှန်ချီဟွမ်းကို တီးတိုးပြောလိုက်သည်။ “ပန်းအလှဆင်သင်တန်းမှာ မယားကြီးက မယားငယ်ကိုရှာဖို့ လူတွေကိုခေါ်လာပြီး မယားငယ်ကိုတွေ့တော့ ဆွဲခေါ်လာပြီး ရိုက်လိုက်လို့ ရဲတွေလည်းရောက်လာတယ်၊ ကျွန်တော် အဲ့ဒါကြောင့်လန့်သွားတာ”


ဂျူနီယာညီမလေး “....” အကိုချောလေး၊ ရှင်ကျွန်မကို ဘာလို့ကြည့်နေတာလဲ?