Chapter 36.1
“မင်းအသက်ရှည်ရှည် နေထိုင်ရရင် အရာအားလုံးကို မြင်နိုင်လိမ့်မယ်”
သူနားမလည်တဲ့အရာတစ်ခုကို ကြုံရတဲ့အခါ ရှန်းယုဟန်က စိတ်ထကနေအရင်သင်ယူပြီး စီရီကိုနောက်မှမေးလေ့ရှိသည်။ ယခုအခါ အရေးကြီးဆုံးအရာမှာ ဘုရားကျောင်းက ဘိုးဘေးများကို သေသေချာချာ ပူဇော်ဖို့ဖြစ်သည်။
ကားက လမ်းမထဲကိုမောင်းထွက်သွားပြီး ရှန်းယုဟန်အတွက် ညဘက်မှာ ဒီလိုလူကြပ်သည့်နေရာကိုလာတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ကားထဲမှာထိုင်နေရင်းတောင် လမ်းသွားလမ်းလာများနဲ့ လက်တစ်ကမ်းပဲကွာတော့တယ်လို့ ခံစားမိပြီး လမ်းတစ်ဖက်တစ်ချက်စီမှာ ဆိုင်တန်းများရှိနေသည်။ ကိတ်ဆိုင်၊ သစ်သီးဆိုင်၊ ဘဲကင်ဆိုင်၊ သူတို့ကိုကြည့်နေစဥ်မှာ သရေယိုစေနိုင်သည်။
တချို့ဆိုင်များက ဆိုင်မျက်နှာစာအခန်းနှစ်ခန်းရှိပြီး ဝယ်သူနည်းသည်။ တချို့ဆိုင်များမှာ ရှည်လျားသောတန်းကြီးရှိနေပြီး တန်းစီနေသော ဖောက်သည်များက စည်းကမ်းကိုလိုက်နာကြသည်။ ဖြတ်သွားဖြတ်လာများက ကြည့်ဖို့တစ်ချက်ရပ်လိုက်ပေမယ့် တန်းကိုကြည့်ကာ နှမြောတသထွက်ခွာသွားကြသည်။
လမ်းဘေးသစ်ပင်အောက်မှာ နှစ်ဘီးကားများရှိနေပြီး တချို့လူတွေက လက်ကိုင်ဖုန်းကိုသုံးကာ ကားကိုအသုံးပြုကြပြီး တချို့တွေကတော့ ကားအခိုးခံမှာကိုမကြောက်ပဲ စိတ်ချလိုက်ချထားကာ ထွက်သွားကြသည်။ ခေတ်သစ်လူသားများက အရမ်းသတိရှိကြပြီး ဤသည်မှာ သူ့အစ်ကိုကြီး ပြောပြခဲ့ဖူးသော ချမ်းသာသောခေတ်လို့ ယူဆလို့ရသည်။
ထိုနေ့မှာ ရှန်းယုဟန်က ခြံဝန်းထဲမှာ သူ့အစ်ကိုကြီး တစ်ယောက်တည်းသောက်နေတာကို တွေ့လိုက်ရပြီး အနွေးထည်တစ်ထည် သွားပေးလိုက်တော့ သူ့အစ်ကိုကြီးက ပြောခဲ့သည်။ “ဓလေ့ထုံးတမ်းစာအုပ်မှာပြောထားတာက မဟာလမ်းစဥ်အနောက်ကိုလိုက်တဲ့အခါ ပြည်သူလူထုနဲ့ လူအများရဲ့စိတ်ဓာတ်ကို ကောင်းကင်တစ်ခုရဲ့အောက်မှာ အုပ်စိုးထားတယ်တဲ့။ သူတို့က အရည်အချင်း၊ သူတော်ကောင်းတရား၊စွမ်းဆောင်ရည်ရှိတဲ့ အမျိုးသားတွေကို ရွေးချယ်ကြပြီး သူတို့ကရိုးသားပြီး သူတို့မွေးမြူထားတဲ့ အလေ့အကျင့်က သဟဇာတဖြစ်တယ်။ ဒါကြောင့် အမျိုးသားတွေက သူတို့မိဘတွေကိုချစ်ပြီး သူတို့သားသမီးတွေကို ကောင်းကောင်းဆက်ဆံရုံတင်မကဘူး။ သူတို့အရည်အချင်းနဲ့ ရိက္ခာကို သေတဲ့အထိ အာမခံပေးထားကြတယ်။ အသက်ကြီးသူအတွက် အလုပ်အကိုင်၊ ငယ်ရွယ်သူတွေအတွက် ကြီးပြင်းလာစဥ်တစ်လျှောက် ဥစ္စာဓနအထောက်အပံ့။ သူတို့က မုဆိုးမ၊မိဘမဲ့ဘ၊ ကလေးမရတဲ့အမျိုးသားနှင့် ရောဂါဝေဒနာကြောင့် မသန်စွမ်းသူတွေကိုလည်း ကောင်းကောင်းမွန်မွန်နေနိုင်ဖို့ ကြင်နာမှုနဲ့ ဂရုဏာကိုပြပေးခဲ့တယ်။ အမျိုးသားတွေမှာ အလုပ်ကောင်းရှိသလို အမျိုးသမီးတွေမှာ အိမ်ကောင်းရှိတယ်။ သူတို့က တန်ဖိုးနဲ့ပတ်သတ်တဲ့ ဆောင်းပါးတွေကိုရေးကြပြီး မြေပြင်ပေါ်ပစ်ချခံရမှာကို မကြိုက်ကြပေမယ့် သူတို့ရဲ့ကျေနပ်မှုကိုတော့ မသိမ်းဆည်းထားနိုင်ကြဘူး။ သူတို့က သူတို့အင်အားနဲ့ လုပ်အားပေးကြပြီး လုံ့လမစိုက်ထုတ်မှာကို မကြိုက်ကြပေမယ့် သူတို့ကိုယ်ကျိုးအတွက် အမြင်တစ်ခုနဲ့ လုံ့လမစိုက်ထုတ်ကြဘူး။ ဒီလိုနဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကြံအစည်ကို ဖိနှိပ်ခဲ့ကြပြီး တိုးတက်မှုလည်းမတွေ့ခဲ့ဘူး။ ဓားပြ၊ ဖောက်ပြန်သူ၊ ပုန်ကုန်သူသစ္စာဖောက်တွေက သူတို့ကိုယ်သူတို့မပြရဲလို့ လူတွေက အပြင်တံခါးတွေကို ဖွင့်ထားရဲပြီး မပိတ်ထားခဲ့ကြဘူး။ (မှတ်စုတစ်) ဆိုတော့ မင်းနဲ့ငါက ဘယ်ချိန်မှာ အဲ့လိုကြွယ်ဝချမ်းသာတဲ့ခေတ်ကို တွေ့ရမှာလဲ၊ အဲ့ဒီလူအိုကြီးတွေရဲ့ အကုန်သိအကုန်တတ်တဲ့စကားတွေကို နေ့တိုင်းနားထောင်မယ့်အစား ငါတို့ဘဝမှာ အဲ့လိုခေတ်ကို တစ်ခါလောက်ကြုံဖူးရင် နောင်တမရပဲ သေလို့ရပြီ။”
ဒါပေါ့၊ ရှန်းယုဟန်က နားမလည်နိုင်တာကြောင့် သူက သိလိုစိတ်ပြင်းပြစွာမေးလိုက်သည်။ “အစ်ကိုကြီး၊ အဲ့လိုကြွယ်ဝချမ်းသာတဲ့ခေတ်ရှိလာပါ့မလား?”
သူ့အစ်ကိုကြီးကပြောခဲ့သည်။ “ငါတို့တစ်သက်လုံးမမြင်နိုင်တော့တာလည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် မင်းနဲ့ ငါ့ရဲ့ သားစဥ်မြေးဆက်တွေက အဲ့ဒီနေ့ကိုကြုံရလိမ့်မယ်။ နှစ်ရာကျော်ကြာနိုင်တယ် ဒါမှမဟုတ် နှစ်တစ်ထောင်လည်းကြာသွားနိုင်တယ်။”
အစ်ကိုကြီးက စည်းကမ်းတင်းကြပ်သူဖြစ်ပြီး သူက ထိုနေ့က ဒီစကားများကိုပြောခဲ့သည်မှာ လွမ်းဆွေးနေလို့ဖြစ်နိုင်သည်။ အကြောင်းမှာ ချီတိုင်းပြည်က တခြားတိုင်းပြည်များနှင့် နှစ်ပေါင်းများစွာ စစ်ပွဲဖြစ်နေခဲ့ပြီး တရားရုံးက အဖွဲ့များစွာ ကွဲထွက်သွားခဲ့တာက လက်တွေ့လုပ်ဆောင်နေသော လူငယ်များကို စိတ်ဓာတ်ကျကာ စိတ်ပျက်စေခဲ့သည်။
သို့သော် ယခုအခါ သူ့အစ်ကိုကြီးက ထိုကြွယ်ဝချမ်းသာသော ခေတ်ကိုမမြင်ခဲ့ရပေမယ့် သူကတော့ မြင်ခဲ့ရသည်။
အစ်ကိုကြီး၏စကားနှင့် အနည်းငယ်ကွာခြားသော်လည်း ယင်းမှာ ငြိမ်းချမ်းပြီး သာယာဝပြောသောနှစ်ဖြစ်သည်။
ရှန်ချီဟွမ်းက သူငယ်ချင်းတစ်ယောက်၏ ဖုန်းကိုဖြေပြီး ဖုန်းချလိုက်ပြီးနောက် သူက ရှန်းယုဟန် ပြတင်းပေါက်အပြင်ဘက်က ဖြတ်သွားဖြတ်လာများကိုကြည့်ရင်း မိန်းမောနေတာကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေပါလိမ့်
..
ရှန်ချီဟွမ်းက သူ့ပါးကိုဆွဲလိုက်သည်။ “ဘာတွေကြည့်နေတာလဲ?”
ရှန်းယုဟန်က ထိုအပြုအမူကြောင့် စိတ်အနှောင့်ယှက်ဖြစ်ပြီး သူက သူ့ခင်ပွန်း၏လက်ကိုဆွဲလိုက်သည်။ “ဘာလုပ်တာလဲ?” သူက သူတို့ချီတိုင်းပြည်၏ ဒေသိယစကားကို မတော်တဆထွက်မိသွားသည်။
“မင်း ဘယ်ဘာသာစကားကို ပြောနေတာလဲ” ရှန်ချီဟွမ်းက ထိုအသံက အတော်ကောင်းပြီး စုကျိုးနဲ့ ဟန်ကျိုးက နူးညံ့သောအသံထွက်နှင့်တူသည်ဟု တွေးလိုက်သည်။
“ကျွန်တော်တို့မွေးရပ်မြေရဲ့ဘာသာစကား၊ ခင်ဗျားကြားဖူးမှာမဟုတ်ဘူး။” ရှန်းယုဟန်က မန်ဒရင်းလို ကြည်လင်ချိုသာသောအသံနှင့် ပြောလိုက်သည်။ “ခင်ဗျားဖုန်းပြောပြီးပြီလား?”
“အွန်း၊ ကားထဲကထွက်ရအောင်” ရှန်ချီဟွမ်းက အဲ့ဒါက သူ့သူငယ်ချင်းဖြစ်ကြောင်း ပြောချင်ပေမယ့် ရှန်းယုဟန်၏ ဖုန်းက အလွန်တိတ်ဆိတ်နေပြီး အဆက်အသွယ် အနည်းငယ်သာရှိတာကို သိပြီးနောက် သူ့မှာ သူ့အပေါ်ရိုးသားသော သူငယ်ချင်းအများကြီး မရှိတာကိုသိလိုက်သည်။ သူ၏စုံစမ်းစစ်ဆေးမှုအရ ရှန်းယုဟန်မှာ မြေခွေးနှင့် ခွေးသူငယ်ချင်းများသာရှိပြီး အိမ်မှာတစ်ခုခုဖြစ်ရင် သူ့ကိုနှစ်သိမ့်ဖို့ ဘေးမှာနေပေးမယ့် လူတစ်ယောက်တောင်မရှိပေ။ ထိုသည်မှာ ဆိုးရွားလွန်းပြီး လက်ရှိမှာ ရှန်းယုဟန်လုပ်ဖို့လိုတာက သူငယ်ချင်းထပ်ရှာဖို့ဖြစ်သည်။
ဦးလေးလီက ကားကိုရပ်လိုက်ပြီး လမ်းက ကားပိတ်နေကာ ကားရွေ့လို့တောင်မရကြပေ။
ထိုသည်မှာ ရှန်ချီဟွမ်းသွားနေသော ဖက်ထုပ်ဆိုင်နှင့် မီတာတစ်ရာလောက်သာဝေးပြီး ရှန်ချီဟွမ်းက ကားထဲကထွက်ကာ လမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်သည်။
ဖြတ်သွားဖြတ်လာနှင့်ဆိုင်အများကြီးရှိသော်လည်း မြေပြင်က သန့်ရှင်းနေပြီး လူစည်းကားသောနေရာမှာ တာဝန်ကျယာဥ်ထိန်းရဲတွေရှိသည်။
ရှန်းယုဟန်က ဤကမ္ဘာပေါ်က ယူနီဖောင်းဝတ် ရဲသားများကို အထင်ကြီးပြီး မီးပွိုင့်နီနေစဥ် သူက လက်အိတ်ဖြူဝတ်ထားသော ယာဥ်ထိန်းရဲကို နှစ်ခါကြည့်လိုက်သည်။
ရှန်ချီဟွမ်းက သူ့ခေါင်းကို ညင်သာစွာလှည့်ပြီး ပြောလိုက်သည်။ “လမ်းကိုကြည့် လူတွေအများကြီးပဲ၊ ယာဥ်ထိန်းရဲက ဘယ်နေရာကြည့်ကောင်းလို့လဲ၊ မင်းအရင်က မမြင်ဖူးတာလည်းမဟုတ်ဘူး။”
ရှန်းယုဟန်က ရယ်မောလိုက်သည်။ သူက အဝေးကနေသာ နှစ်ကြိမ်မြင်ဖူးပြီး ဒီလောက်အနီးကပ်မမြင်ဖူးပေ။
“ကြည့်ကောင်းပါတယ်။”
“ဘယ်နေရာကြည့်ကောင်းလို့လဲ” သူ့တစ်ဝက်တောင်ကြည့်မကောင်းဘူး။
“ဟေး..ယောကျာ်း…ခင်ဗျားနားမလည်ပါဘူး”
ရှန်ချီဟွမ်းက သက်ပြင်းချကာ သူ့လက်ဖဝါးကိုညှစ်လိုက်သည်။ “ငါဘာကိုနားလည်ဖို့လိုတာလဲ?”
“နောက်မှပြောပြမယ်။” ရှန်းယုဟန်က လျှို့ဝှက်ထားဖို့ဆုံးဖြတ်လိုက်သည်။
လူစည်းကားပြီး လမ်းဟောင်းတစ်ခုဖြစ်သည့် မီးပွိုင့်လမ်းဆုံမှာ လူအများကြီးရှိပြီး လမ်းမျက်နှာပြင်က မညီမညာဖြစ်နေကာ ရှန်ချီဟွမ်းက ရှန်းယုဟန်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည်။
သူတို့နှစ်ယောက်က ဧည့်ခန်းထဲကထွက်လာပြီး ဒီလိုလမ်းမပေါ်ရောက်လာခဲ့သည်။ အင်္ကျီအထူကြီးဝတ်ထားသော်လည်း သူတို့ပုံစံက ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမဖြစ်ပဲ အရေးကြီးဆုံးအရာက သူတို့နှစ်ယောက်မှာ အလွန်အဖိုးတန်သောရုပ်ရည်ရှိနေသညိ။
ရှန်းယုဟန်က အပြင်ကမ္ဘာက ကိစ္စများကို စိတ်ဝင်စားနေပြီး သူက တွေ့သမျှကြားသမျှကို တစ်ခါတည်းမှတ်သားကာ ကြည့်ရတာဘယ်တော့မှမပျင်းပေ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူရခဲ့သော စိတ်ဓာတ်ကျမှုကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
ခေတ်သစ်လူသားများ၏ နေထိုင်ပုံကိုကြည့်ကာ သူကလည်း ခေတ်သစ်လူသားများ၏ လူနေမှုပုံစံကို ပိုနားလည်နိုင်ပြီး ဤလူ့အဖွဲ့အစည်းကို မဝင်ဆံ့ရင်တောင် ဘာမှမသိတာထက် ပိုကောင်းသေးသည်။
မီတာနှစ်ရာကသိပ်မရှည်ပေမယ့် ယင်းမှာ ဤလမ်း၏ သက်ဝင်လှုပ်ရှားနေသောနေရာဖြစ်နေတာကြောင့် ရှန်ချီဟွမ်းက သူ့ကို မှိန်ပြပြ လမ်းကြားတစ်ခုသို့ ခေါ်ဆောင်သွားပြီး သူတို့က ဖက်ထုပ်ရောင်းသောနေရာကို ရောက်လာသည်။
ရှန်းယုဟန်ဟာ ရှန်ချီဟွမ်းက သူ့ကို ဥယျာဥ်နှင့်တူသော စားသောက်ဆိုင်ကိုခေါ်သွားမယ်လို့ တွေးထားခဲ့ပြီး ရိုးရှင်းသောဆိုင်ကို ခေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဆိုင်ကဘယ်လောက်ပဲ အတွင်းရောက်နေပါစေ ဆိုင်ထဲက စားပွဲများမှာ လူအပြည့်ဖြစ်သည်။ ဆိုင်ပိုင်ရှင်နှင့် သူ၏ဇနီးက အလုပ်ရှုပ်နေပြီး သူတို့ကိုအာရုံစိုက်ဖို့ အချိန်လုံးဝမရှိပေ။
ရှန်ချီဟွမ်းက ခုံတစ်ခုကိုရှာကာ ထိုင်လိုက်ပြီး စားပွဲနှင့်ထိုင်ခုံ၏ ကွာခြားချက်က အရမ်းနီးသည်။ တကယ်တော့ ယင်းမှာ ခေတ်သစ်က သာမန်ဖက်ထုပ်ဆိုင်သာဖြစ်သည်။
ဆိုင်နာမည်က နိမိတ်ကောင်းဖြစ်ပြီး လူတွေနဲ့ သက်ဆိုင်သည်။ သူ့ကို နိမိတ်ကောင်းသည့်ဖက်ထုပ်ဆိုင်လို့ ခေါ်ကြသည်။
တိုက်ဆိုင်စွာပင် သူ့အဘွားနဲ့စားခဲ့သော ဖက်ထုပ်ဆိုင်ကလည်း နိမိတ်ကောင်းဖက်ထုပ်ဖြစ်သည်။
ရှန်းယုဟန်က ဆိုင်၏နံရံပေါ်က အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်သော မီနူးဘုတ်တစ်ခုကိုတွေ့လိုက်ရပြီး ဘေးမှာ ဆိုင်၏သမိုင်းကိုရေးထားသည်။ ဒီဆိုင်က နှစ်ပေါင်းများစွာတည်ရှိသော ဆိုင်ဟောင်းဖြစ်နိုင်ပြီး ဖက်ထုပ်စွပ်ပြုတ်က ဘိုးဘေးများဆင့်ကမ်းပေးခဲ့သော ချက်နည်းဖြင့် လုပ်ထားတာဖြစ်ပြီး အမှန်ပင် နှစ်ရာကျော်သောသမိုင်းကြောင်းရှိနေသည်။
သူက ဝီချက်ကျူအာကုဒ်ကို အသုံးပြုကာ အော်ဒါမှာနေသော ရှန်ချီဟွမ်းကိုမေးလိုက်သည်။ “ယောကျာ်း၊ ဒီဖက်ထုပ်ဆိုင်ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ?”
“ငါက ဒီကကျောင်းကိုတက်ခဲ့ဖူးတယ်၊ တစ်ရက်ဘောလုံးကစားပြီး ကဖေးမှာ စားစရာမရှိလို့ ငါ့သူငယ်ချင်းတွေနဲ့ တစ်ခုခုစားဖို့ အပြင်ထွက်ခဲ့ပြီး ဒီဆိုင်ကိုတွေ့ခဲ့တာပဲ။ အဲ့နေ့ကတည်းက ဒီဆိုင်ကိုအမြဲလာဖြစ်တယ်။” ရှန်ချီဟွမ်းက ပြောလို့ဆုံးတာနဲ့ သူဘာစားချင်လဲမေးလိုက်သည်။ “မင်းစားချင်တာကိုမှာလိုက်”
ရှန်းယုဟန်က နံရံပေါ်ကာ မီနူးဘုတ်ကိုကြည့်လိုက်သည်။ “ကျွန်တော် အထူးမီနူးဖြစ်တဲ့ ဖက်ထုပ်စွပ်ပြုတ်မှာချင်ပါတယ်။”
ရှန်ချီဟွမ်းက နေ့လည်မှာ ဘာမှမစားခဲ့သဖြင့် သူက အခုဗိုက်ဆာနေပြီး အော်ဒါအမြန်မှာလိုက်သည်။
ကောင်တာကမိန်းကလေးက အော်ဒါကိုအမြန်ရေးပြီး စားပွဲပေါ်တင်ကာ တခြားဝယ်သူများကို ဖက်ထုပ်ချပေးနေသည်။
“အရမ်းမြန်တာပဲ” ရှန်းယုဟန်က အံ့သြသွားသည်။
ရှန်ချီဟွမ်းက သူ့အမူအရာကြောင့် ရွှင်မြူးသွားပြီး စိတ်ရှည်ရှည်ပြောလိုက်သည်။ “သူတို့စီးပွားရေးက တကယ်ကောင်းတယ်၊ ဒါတောင် အထွတ်အထိပ်ကာလမဟုတ်သေးဘူး။ မဟုတ်ရင် မင်းတကယ်တန်းစီရလိမ့်မယ်။ ဆိုင်ကိုသေးတယ်လို့မထင်လိုက်နဲ့ ဖောက်သည်စီးဆင်းမှုက အရမ်းကြီးတယ်။”
ရှန်းယုဟန်က မနေနိုင်တော့ပဲ သူစားဖူးခဲ့သော ဖက်ထုပ်ဆိုင်အကြောင်းတွေးကာ သူ့ခင်ပွန်းကို ပြောပြချင်တာကြောင့် စကားစီလိုက်သည်။
“ကျွန်တော့်ဘိုးဘေးတွေ ၊ ကျွန်တော့်အဘွားက ကျွန်တော့်ကို ဖက်ထုပ်စားဖို့ ခေါ်သွားဖူးတယ်၊ အဲ့ဒီဖက်ထုပ်ဆိုင်ကိုလည်း နိမိတ်ကောင်းဖက်ထုပ်လို့ခေါ်တယ်။ အဲ့ဒါက ကျွန်တော်အပြင်မှာ ဖက်ထုပ်စားဖူးတဲ့ ပထမဆုံးအကြိမ်ပဲ။ အဲဲဒါက စွပ်ပြုတ်ဆိုရင်တောင် ဖက်ထုပ်အသားက ပါးပြီး အစာကပြည့်နေတာ။ အဲ့တုန်းက ဗိုက်ဆာနေလို့ အဝစားပစ်လိုက်ပြီး ကျွန်တော်စားဖူးသမျှထဲမှာ အရသာအရှိဆုံးအစားအစာပဲ၊ ဒါပေမယ့် အဲ့နောက်ပိုင်း ထပ်မစားဖြစ်ခဲ့ဘူး။”
ရှန်းယုဟန်က ဇာတ်လမ်းကိုပြောပြပြီးနောက် စိတ်သက်သာရာရသွားပြီး သူက ချီတိုင်းပြည်၏ နိမိတ်ကောင်းဖက်ထုပ်ကို ထပ်မစားနိုင်ရင်တောင် ခေတ်သစ်ကမ္ဘာက နာမည်တူဖက်ထုပ်ကို စားနိုင်သေးသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် သူနဲ့သူ့မိသားစုအကြောင်းကို အသေးစိတ်ပြောပြတာ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ထိုအချိန်မှာ သူ့မျက်လုံးကတောက်ပနေပေမယ့် သူ့စကားထဲမှာ ရှင်းပြလို့်မရသော ဝမ်းနည်းမှုတစ်ခုရှိနေကာ သူ့ဆွေမျိုးများကို လွမ်းနေသည်ဟုတွေးလိုက်သည်။
“အဲ့ဒီဆိုင်က ပိတ်သွားပြီလား?” ရှန်ချီဟွမ်းက ထိုဆိုင်က တွန်းလှည်းတစ်ခုနှင့်ရောင်းချသည့် ဆိုင်သေးလေးဖြစ်မယ်လို့ တွေးလိုက်သည်။
ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “အွန်း၊ ဆိုင်ပိုင်ရှင်နဲ့ သူ့ဇနီးက အသက်ကြီးလို့ ဆုံးသွားတာကြာပြီ။ ထပ်စားဖို့ မဖြစ်နိုင်တော့ဘူး။”
“မင်းရဲ့အဘွားဆုံးတာ ကြာပြီမလား ငါမှတ်မိတယ်။” ရှန်ချီဟွမ်းက သူပြောတာကိုကြားပြီး သူ့အဘွားဆုံးသွားတာကြာပြီလို့ တွေးမိသွားသည်။ “ဒါတွေက မင်းငယ်ငယ်တုန်းက အဖြစ်အပျက် ဟုတ်တယ်မလား?”
ရှန်းယုဟန်က ရင်ထဲကပြောလိုက်သည်။ သူ့အဘွားက သူထွက်လာစဥ်က ကျန်းကျန်းမာမာရှိနေပေမယ့် သူက ခေတ်သစ်ကိုရောက်လာတော့ ကွယ်လွန်သွားလောက်ပြီ။ ရှန်းမိသားစုကို ဘယ်မှာမြှုပ်နှံထားလဲမသိပေမယ့် ရှန်းမိသားစု၏ ဘိုးဘေးအုတ်ဂူက တစ်နေရာတည်းမှာ ရှိလောက်သည်။
သို့သော် ကမ္ဘာကြီးက အလွန်ပြောင်းလဲနေပြီး နှစ်ထောင်ကျော် ကြာခဲ့ပြီဖြစ်၍ သူက သူရှာချင်ရင်တောင် ရှာမတွေ့နိုင်မှာကို စိုးရိမ်မိသည်။
“အွန်း” ရှန်းယုဟန်က တိတ်ဆိတ်သွားသည်။
ရှန်ချီဟွမ်းက တိတ်တဆိတ်နောင်တရကာ သူ့ပါးစပ်ကို ပိတ်ထားလိုက်ချင်သည်။ သူက ဘယ်လိုလုပ်ပြောထွက်ခဲ့တာလဲ၊ သူ့မိသားစု မရှိတော့တာကို သတိပေးလိုက်တာက သူ့ကိုဝမ်းနည်းသွားစေပြီ။
စားပွဲထိုးက သူတို့အတွက် ဖက်ထုပ်လာချပေးသောအခါ သူတို့၏ ခဏတာကြေကွဲမှုက အဆုံးသတ်သွားသည်။ ရှန်ချီဟွမ်းက နူးညံ့သောလေသံနှင့် ရှန်းယုဟန်ကို မေးလိုက်သည်။ “မင်းငါ့ရဲ့ အရွက်နဲ့ဝက်သားဖက်ထုပ်ကို မြည်းချင်လား?”
ရှန်းယုဟန်က ခေါင်းညိတ်ကာ အပြုသဘောဖြင့်ပြောလိုက်သည်။ “ဒါဆို ခင်ဗျားရော ကျွန်တော့်ရဲ့ဝက်သားဖက်ထုပ်ကိုစားချင်လား?”
“ဒါဆိုနှစ်ခုလုံးစားရအောင်” ရှန်ချီဟွမ်းက သူ့မျက်လုံးထဲက အလင်းရောင်ကို ပြန်မြင်လိုက်ရတော့ စိတ်သက်သာရာရသွားသည်။ “နောက်တစ်ခါကျရင် အရသာမတူတာစားရအောင်။”
“ကျွန်တော် ဝက်အူအရသာစားချင်တယ်။” ရှန်းယုဟန်က စတင်စားနေပြီး ဖက်ထုပ်ပူပူလေးကိုမှုတ်ကာ တစ်ကိုက်ကိုက်လိုက်ပေမယ့် လျှာထိပ်ကလောင်သွားသည်။ “အရမ်းပူတာပဲ”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဟနေသောနှုတ်ခမ်းကိုကြည့်ကာ ဇွန်းထဲက ဝက်သားဖက်ထုပ်ကိုမှုတ်လိုက်ပြီး ပန်းရောင်လျှာကိုတွေ့တော့ တံတွေးမျိုချလိုက်သည်။ “အိုကေ”
သူအခုစားချင်တာက ဖက်ထုပ်ဖြစ်ပေမယ့် တခြားတစ်ခုကိုလည်း စားချင်နေသည်။
ဖက်ထုပ်ကမွှေးကြိုင်ပြီး အရသာက မှတ်ဉာဏ်ထဲမှာ ကျန်နေခဲ့သည်။