Chapter 37.1
Viewers 1k

Chapter 37.1



“သတင်းဆိုးတစ်ခု”


ရှန်းယုဟန်က ရှန်ချီယွင်ဆီက လွတ်လာပြီးနောက် သူက ဦးလေးလီကို အိမ်တန်းပို့ပေးဖို့ပြောခဲ့သည်။



ရှန်ချီယွင်က သူ့ကိုတားဖို့ စန္ဒယားသင်တန်းကို အထူးတလည်လာပြီး သူက ရှန်းယုဟန်ကို ရှိနေစဥ်က တန်ဖိုးမထားခဲ့ပေမယ့် အသိပြန်ဝင်လာတော့ သူ့ရှေ့မှာ တဝဲလည်လည်လုပ်ခဲ့သော ရှန်းယုဟန်မရှိတော့သဖြင့် စိတ်မသက်မသာဖြစ်နေတာပင်။



ဒါပေမယ့် ဒါက သူနဲ့ဘာဆိုင်လို့လဲ ..ရှန်ချီယွင်က မနာလိုစိတ်ကြောင့် သူများအောင်မြင်မှုကို သည်းမခံနိုင်ဖြစ်နေတာပင်။


တကယ်တမ်းက ယင်းမှာ သူနဲ့ရှန်ချီဟွမ်းကြားက ပြိုင်ဆိုင်မှုဖြစ်ပြီး မယားငယ်တစ်ယောက်ကမွေးသော ကလေးက မယားကြီးကမွေးသော ကလေးကို အမြဲအနိုင်ရချင်ကြသည်။ ချီတိုင်းပြည်မှာရှိခဲ့စဥ်က သူက ထိုကဲ့သို့လူမျိုးများစွာကို တွေ့ဖူးသည်။ အထူးသဖြင့် မယားငယ်၏ကလေးက မယားကြီး၏ကလေးကို မနာလိုဖြစ်ပြီး မယားကြီး၏ကလေးက မယားငယ်၏ကလေးကို အထင်သေးနှိမ့်ချတတ်သည်။



သူက ဒီကိစ္စများကို မအံ့သြသော်လည်း ရှန်ချီယွင်က ယင်ကောင်လိုပင် စိတ်ပျက်ဖို့ကောင်းသည်။ မူလရှန်းယုဟန်က သူ့ကိုလူကို ဘယ်လိုကြိုက်ခဲ့တာလဲ? အပြင်ပိုင်းမှာ လူကောင်းလို့ထင်ရပေမယ့် မူလရှန်းယုဟန်ကို နှိမ်ခဲ့မှာကို စိုးရိမ်မိသည်။

ရှန်းယုဟန်က ဒေါသထွက်နေဆဲဖြစ်ပြီး သူက စန္ဒယားသင်တန်းပြီးတော့ အပြင်ထွက်စားပြီး သူ့လေ့လာမှုရလဒ်ကို လေ့ကျင့်ဖို့ စီစဥ်ထားပေမယ့် အခွင့်အရေးကိုဆုံးရှုံးခဲ့ရသည်။ မနက်ဖြန်အတန်းမရှိ၍ အပြင်ထွက်ဖို့အခွင့်အရေးမရှိပေ။ သူက တကယ်ကို လျှောက်သွားမနေချင်သလို သူ့ခင်ပွန်းကလည်း အိမ်မှာမရှိသဖြင့် သူပျောက်သွားရင် ဘယ်သူမှလာရှာနိုင်မှာမဟုတ်ပေ။


သူက နေ့လည်မှာ ထမင်းစားဖို့ပြန်မလာကြောင်း အန်တီဝမ်ကို မနက်ကပြောခဲ့သဖြင့် အခုတော့ သူ့နေ့လည်စာကို သူကိုယ်တိုင်ပြင်ရတော့မည်။


အိမ်ရောက်ပြီးတော့ ရှန်းယုဟန်က တံခါးဖွင့်ဖို့ လက်​ဗွေရာကိုသုံးပြီး သော့ကိုစကင်န်ဖတ်တိုင်း ခေတ်သစ်လူသားတို့၏ စွမ်းအားကို အံ့သြနေခဲ့သည်။


သူတံခါးဖွင့်ပြီး အထဲဝင်သွားတာနဲ့ ဖိနပ်မလဲနိုင်ခင်မှာ ကြမ်းပြင်ပေါ်က အရွယ်အစားကြီးသော ဖိနပ်တစ်ရံကိုတွေ့လိုက်ရသည်။ ယင်းမှာ သူ့ယောကျာ်းဖိနပ်ပုံစံမဟုတ်သလို သူလည်းမဝတ်ဖူးပေ။ သူ့ဖိနပ်အရောင်က ပုံမှန်အားဖြင့် ရိုးရှင်းပြီး ရည်မွန်ပေမယ့် ဒီဖိနပ်က အနီရောင်တောက်နေသည်။


နေ့ခင်းကြောင်တောင် အိမ်မှာသူခိုးရှိနေတာလား?


ရှန်းယုဟန် ချက်ချင်းစိတ်ပူသွားသည်!


သူ့ခင်ပွန်းခရီးသွားနေတာကို တစ်ယောက်ယောက်က သိသွားလို့ သူသင်တန်းသွားတဲ့အချိန် ပစ္စည်းခိုးဖို့လာခဲ့တာလား!



ဒီနယ်မြေက လုံခြုံရေးက အရမ်းကောင်းလို့ စိတ်ပူစရာမလိုဘူးဆိုပြီး သူ့ခင်ပွန်းပြောခဲ့တယ် မဟုတ်ဘူးလား?


အခုဘာလုပ်ရမလဲ?


ရှန်းယုဟန်က တိတ်တဆိတ်တံခါးဖွင့်ကာ အိမ်ထဲမဝင်ခင် တံမြက်စည်းယူရန် အပြင်ဘက်က ကိရိယာတန်ဆာပလာခန်းကို ပြေးသွားခဲ့သည်။


ခင်ပွန်းက အိမ်မှာမရှိလို့ သူ့ကိုယ်သူသာမှီခိုနိုင်ပြီး သူက သတ္တိပိုရှိလာသည်။


သူက ပထမထပ်ကို လှည့်လည်ကြည့်ရှုခဲ့ပေမယ့် ဘယ်သူ့ကိုမှမတွေ့ပေ။


ပထမထပ်မှာ တန်ဖိုးကြီးပစ္စည်းမရှိလို့ အပေါ်ထပ်မှာ သွားခိုးတာလား?


ဒုတိယထပ်က စာဖတ်ခန်းဖြစ်ပြီး သူ့စာဖတ်ခန်းက အတော်လေးပြောင်သလင်းခါနေပေမယ့် သူ့ခင်ပွန်း၏ စာဖတ်ခန်းမှာတော့ အရေးကြီးစာရွက်စာတန်းများရှိသည်။ သူ့ခင်ပွန်းရဲ့ရန်သူက စာရွက်စာတန်းတွေကို ခိုးဖို့လာခဲ့တာလား?


တတိယထပ်က သူနဲ့သူ့ခင်ပွန်း၏အိပ်ခန်းဖြစ်ပြီး သူ့ခင်ပွန်းအိပ်ခန်းထဲမှာ တန်ဖိုးကြီးပစ္စည်းများရှိသည်။ လက်ကြယ်သီးများကိုပင် ပိုက်ဆံအများကြီးတန်သည့် ကျောက်မျက်ရတနာများနှင့် စီခြယ်ထားပြီး ဒီလူက သူ့ခင်ပွန်း၏မျိုးရိုးကိုသိပုံရသည်။ ဖြစ်နိုင်တာက ပြစ်မှုကျူးလွန်ထားတဲ့ လူတစ်ယောက်ဖြစ်နိုင်ပြီး သူ့ခင်ပွန်း၏ အသိအကျွမ်းဖြစ်မည်!



ရှန်းယုဟန်က ပုန်းနေရင်း အပေါ်ထပ်ကို ဖြည်းဖြည်းချင်းတက်သွားပြီး အပေါ်ထပ်မှာ ဘာတွေဖြစ်နေလဲ အာရုံစိုက်နေသည်။ သူက စာဖတ်ခန်းနှစ်ခန်းကို အရင်သွားခဲ့ပြီး ဘယ်သူမှရှိပုံမရပေ။ ခြေရာတွေလည်းမရှိတာကြောင့် သူက ဒုတိယထပ်ကို မရောက်ခဲ့ပဲ စာဖတ်ခန်းကို တည့်တည့်သွားခဲ့သည်။

တတိယထပ်မှာ သူနဲ့သူ့ခင်ပွန်း၏အိပ်ခန်းရှိပြီး သူ့ခင်ပွန်း၏ အရင်ကအိပ်ခန်းနှင့် သိပ်မသုံးသော ဧည့်ခန်းတစ်ခန်းရှိသည်။



ရေကျသံတွေလာလို့ရှိနေတာလဲ? ရှန်းယုဟန်က ယောကျာ်းတစ်ယောက်၏ သီချင်းညည်းသံကိုလည်း ကြားလိုက်ရသည်။


ယောကျာ်းတစ်ယောက်လား? သူတို့အိမ်မှာတောင် ရေလာချိုးနေတယ်!


ဒီသူခိုးက တော်တော်အတင့်ရဲတာပဲ.. သူက သူများအိမ်မှာ ပစ္စည်းခိုးပြီး ထွက်မသွားခင် ရေတောင်ချိုးနေတယ်? လူမှုရေးသတင်းတွေက သူ့ကိုမလိမ်ခဲ့ဘူးပဲ.. ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဦးနှောက်ချို့ယွင်းနေတဲ့ သူခိုးတွေရှိပြီး အရင်က တီဗီမှာလည်းမြင်ဖူးသည်။ သူခိုးတစ်ယောက်က ပစ္စည်းခိုးဖို့ လူတစ်ယောက်ရဲ့အိမ်ကို ရိုက်ချိုးခဲ့ပြီး ပိုင်ရှင်ရဲ့အိပ်ရာပေါ်မှာတောင် အိပ်သွားသေးတယ်…ရယ်ရခက်..ငိုရခက်ပဲ


ရှန်းယုဟန်က ရဲကိုခေါ်ရမလား စဥ်းစားနေသည်။


အခန်းထဲက ရေကျသံကရပ်သွားပြီး အထဲကလူက သီချင်းဆိုနေကာ ရေချိုးခန်းတံခါးက ကလစ်ဆိုသော အသံနှင့်အတူ ပွင့်လာတာကို ကြားလိုက်ရသည်။


ရှန်းယုဟန်က ဘေးမှာ ကမန်းကတန်းပုန်းလိုက်ပြီး တံမြက်စည်းကိုကိုင်ထားကာ တစ်ဖက်လူ အဝတ်အစားလဲပြီး အခန်းထဲကထွက်လာရင် တံ​မြက်စည်းကျွေးဖို့ စောင့်နေသည်။ 


သို့သော် သူမမျှော်လင့်ထားတာက တစ်ဖက်လူက ဘောင်းဘီကိုသာဝတ်ထားပြီး သီချင်းညည်းကာ တက်တက်ကြွကြွ လျှောက်ထွက်လာတာကိုပင်။


တစ်ဖက်လူက အပေါ်ပိုင်းကိုဖော်ထားပြီး တံခါးနားရောက်လာတာနဲ့ ရှန်းယုဟန်က သူ့ကို တံမြက်စည်းနှင့် မိတ်ဆက်ပေးလိုက်သည်။


ရှန်းယုဟန်က ရိုက်နေစဥ် ကြိမ်းမောင်းလိုက်သေးသည်၊ ထိုအချိန်မှာ သူက အမျိုးသားတစ်ယောက်ဖြစ်နေလို့ ဝမ်းသာနေသည်။ သူ့အားက ကောဖြစ်ခဲ့စဥ်ကနဲ့ယှဥ်ရင် ပိုသန်မာသည်။ “သူခိုးကောင်…မင်းငါ့အိမ်ထဲကို ဘယ်လိုဝင်လာရဲတာလဲ! ကြည့်…ငါမင်းကိုသေအောင်ရိုက်ပြမယ်!”


“အား…တော်တော့…ရပ်ပါတော့…!” တစ်ဖက်လူက ခေါင်းကိုလက်နဲ့အုပ်ထားပြီး အော်ပြီးပြေးနေသည်။ “မရိုက်ပါနဲ့တော့! ကျွန်တော်ပါ! ကျွန်တော်ပါ! မရီး!”


မငြိမ်သက်မှုများကြားမှာ ရှန်းယုဟန်က တစ်ဖက်လူက အကူအညီတောင်းနေပြီး သူ့ကိုမရီးလို့ခေါ်တာကို ကြားလိုက်ရသည်။


ဒီအသံကို ရင်းနှီးသလိုပဲ…

ရှန်းယုဟန်က အန်တီဝမ် ခြံထဲမှာ လှည်းလေ့ရှိသည့် သူ့လက်ထဲက တံမြက်စည်းကို ရပ်ကာ ခေါင်းအုပ်ထားသော အမျိုးသားကိုမေးလိုက်သည်။ “မင်းဘယ်သူလဲ?”



ထိုမှသာ တစ်ဖက်လူက ခါးသီးသောမျက်နှာကို ပြလာသည်။ “မရီး…ကျွန်တော်ပါ…ရှန်ချီရှင်း!”


တစ်ဖက်လူ၏ကျောပေါ်က ကြက်ခြေခတ်ပုံစံ အမှတ်အသားကိုတွေ့သောအခါ… သူတွေးလိုက်သည်…အား…သူ..လူမှားရိုက်လိုက်တာလား?


ရှန်းယုဟန်က တံမြက်စည်းကို ချက်ချင်းဖယ်လိုက်ပြီး တစ်ဖက်လူ၏ ဗလာကျင်းနေသော အပေါ်ပိုင်းမှ မျက်နှာလွှဲလိုက်သည်။ သူက သူ့ခင်ပွန်းကိုပဲ ကြည့်ချင်တာ.. “ယောက်ဖ..ဘာလို့ဒီကိုရောက်နေတာလဲ..မင်းအိမ်ပြန်လာတာ ငါ့ကိုလည်းမပြောထားဘူး”


ရှန်ချီရှင်းက ရိုက်နှက်မှုကြောင့် ဒဏ်ရာရထားသော သူ့နောက်ကျောကိုပွတ်လိုက်သည်။ သူက သူ့ဘဝမှာ ဒီလောက်ထိ ဂုဏ်ပြုမခံရဖူးတာကြောင့် သူ့မျက်နှာက ရှုံ့တွနေသည်။


နှစ်ကြိမ်သာတွေ့ဖူးသည့် သူ့မရီးက တကယ်ကိုရက်စက်တဲ့လူပဲ.. နောက်ဆုံးအကြိမ်ကလည်း သူ့မန်နေဂျာကို ရေနဲ့ပက်ပြီး ဒီတစ်ကြိမ်မှာတော့ သူ့ကို တံမြက်စည်းနဲ့ ပြင်းပြင်းထန်ထန် ရိုက်ခဲ့သည်။ 



“မရီး..ခင်ဗျားလက်က တကယ်ရက်စက်တာပဲ.. ကျွန်တော့်နောက်ကျောကိုကြည့်ဦး၊ သွေးထွက်နေပြီလားမသိဘူး..သေအောင်နာတယ်ဗျ!”


“အဲ့ဒါက ငါမင်းလာမယ်ဆိုတာမသိလို့ ဖြစ်သွားတာ” ရှန်းယုဟန်က ယင်းမှာ မှားယွင်းသောအချက်ပေးသံဟု တွေးလိုက်သည်။ “မင်းအရင်အဝတ်စားဝတ်လိုက်ဦး.. အအေးမမိစေနဲ့..” သူက သူ့ယောက်ဖ၏နောက်ကျောကို ကြည့်မှာမဟုတ်ဘူး။


ရှန်ချီရှင်းက ညည်းတွားကာ ပြောလိုက်သည်။ “တတိယအစ်ကိုဘယ်မှာလဲ? ခင်ဗျားတို့နှစ်ယောက်လုံး ထွက်သွားတယ်ထင်တာ၊ မရီးက ဘာလို့ အိမ်မှာတစ်ယောက်တည်းရှိနေတာလဲ”


ရှန်းယုဟန်က အမှန်အတိုင်းပြောလိုက်သည်။ “သူက ဒီမနက် အလုပ်ခရီးအတွက် မြို့တော်ကိုသွားတယ်။”

ချောင်ချောင်အကြောင်းပြောနေရင်း ချောင်ချောင်ကရောက်လာသည်* ရှန်းယုဟန်၏ အိပ်ကပ်ထဲက ဖုန်းမြည်လာပြီး သူ့ခင်ပွန်းဆီက ဗီဒီယိုကောလ်ဖြစ်သည်။

(** လူတစ်ယောက်အကြောင်းပြောနေရင်း.. အဲ့လူက ရောက်ချလာတာကိုပြောတာပါ။)


သူ့ခင်ပွန်းက မြို့တော်ကို ဘေးကင်းစွာရောက်သွားပုံပေါ်သည်။ သူက တံမြက်စည်းကိုချထားပြီး ခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။


ရှန်းယုဟန်၏အသံက တက်ကြွနေသည်။ “ယောကျာ်း..ရောက်ပြီလား?”


ယောကျာ်းဆိုသောအသုံးအနှုန်းကို ကြားလိုက်ရစဥ် ဓာတ်ပုံကြောင့် ဒေါသထွက်နေသော ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဖုန်းထဲမှာ ယောကျာ်းတစ်ယောက်၏ ဗလာဖြစ်နေသော နောက်ကျောကိုမြင်လိုက်ရစဥ် ဒေါသပိုထွက်သွားခဲ့သည်။ ယင်းမှာ သူ့မျက်လုံးကိုနာကျင်စေရုံတင်မဟုတ်ပဲ သူ့အတွင်းအင်္ဂါများကိုပါ နာကျင်စေသည်။


သူက တုန်ယင်နေသော သူ့အသံကို အလွန်အမင်းထိန်းချုပ်ထားပြီး တင်းမာသောလေသံဖြင့် အေးစက်စွာပြောလိုက်သည်။ “ရှန်းယုဟန်..မင်းဘယ်သူနဲ့ရှိနေတာလဲ?” ထိုယောကျာ်း၏နောက်ကျောမှာ အမှတ်အသားလည်းရှိနေပြီး တစ်စုံတစ်ယောက် ကုတ်ခြစ်ထားသော ရမ္မက်ကြွစေသော အမှတ်အသားနှင့်တူနေသည်။


သူ့ရင်ဘတ်က တင်းကျပ်လာလို့ ရှန်းယုဟန်နှင့် ဒီဗီဒီယိုကောလ်ကို ခေါ်ခဲ့တာဖြစ်သည်။



ရှန်ချီရှင်းက နာကျင်နေသော သူ့ကျောပြင်ကို ပွတ်ကာ ငိုပြလိုက်သည်။ “တတိယအစ်ကို.. ကျွန်တော်ပါ…ကျွန်တော်.. ကျွန်တော့်မရီးက ကျွန်တော့်ကို အရေစုတ်အောင် ရိုက်ထားတာ!”


ဗီဒီယိုတစ်ဖက်ခြမ်းက ရှန်ချီဟွမ်းက ခဏရပ်ကာ သူက ရှန်ချီဟွမ်း၏အသံကို မှတ်မိသွားပြီး သူ့မျက်နှာနီးကပ်လာတာကို တွေ့လိုက်ရသည်။


သူ့ဒေါသကပျောက်ကွယ်သွားသည်…အဲ့ဒါက သူ့ညီဖြစ်နေတာကိုး…


အသိစိတ်ပြန်ဝင်လာသော ရှန်ချီဟွမ်းက ဒါသူ့အိမ်ဆိုတာကိုသိလိုက်ပြီး သူ့ဘေးက လှေကားလက်ရန်းက အရာအားကို ရှင်းပြခဲ့တာကြောင့် သူ့ရင်ထဲက စိတ်အနှောင့်ယှက်ဖြစ်စေသော အထုံးကို ဖယ်ချလိုက်သည်။ “မင်းက လုပ်စရာမရှိလို့ ငါ့အိမ်မှာ အဝတ်အစားလာချွတ်တာလား…၊ မင်းမရီးက မင်းကိုမှမရိုက်ဘူးဆိုရင် ဘယ်သူ့ကိုရိုက်ရတော့မလဲ?”

“ဘာကိုအဝတ်အစားချွတ်တာလဲ၊ ကျွန်တော်က ဧည့်ခန်းထဲမှာ ရေချိုးနေတာ၊ သူပြန်ရောက်လာတော့ မေးတောင်မမေးပဲ ကျွန်တော့်ကိုသူခိုးလိုဆက်ဆံပြီး ရိုက်ခဲ့တာ။ အား.. ကျွန်တော်ပုံပျက်သွားပြီလား၊ ကျွန်တော်က နောက်အပတ်မှာ နောက်ကျောဖော်ပြီး ရေထဲကျသွားတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ရမှာ….!”


ရှန်းယုဟန်က နေရခက်စွာပြုံးလိုက်သည်။ “မင်းဒီမှာရှိတာကို ငါမသိခဲ့ဘူး။ ငါက အိမ်ထဲမှာ သူခိုးရှိနေတယ်လို့ ထင်ခဲ့တာ။” သူက ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ယောကျာ်း…ကျွန်တော်အဲ့လိုလုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။”


“အွန်း..မင်းမရည်ရွယ်ခဲ့တာကိုသိတယ်၊ မင်းအခုမှဘာလို့ပြန်လာတာလဲ?” အကျိုးကြောင်းသင့်စွာ တွေးခေါ်ရရင် သူက အတန်းပြီးတာနဲ့ အိမ်ပြန်သင့်ပြီး ရှန်ချီဟွမ်း၏ နှလုံးသားက အစောက ဓာတ်ပုံကြောင့် မွမ်းကျပ်နေဆဲပင်။ သူက ရှန်းယုဟန်ကို ယုံပေးဖို့ကြိုးစားခဲ့သဖြင့် ဟိုတယ်ရောက်မှသာ သူ့ကို ဖုန်းခေါ်ခဲ့တာဖြစ်သည်။ 


“ကျွန်တော်ရှန်ချီယွင်နဲ့တွေ့ခဲ့တယ်၊ သူက ကျွန်တော့်လမ်းကိုပိတ်ပြီး စကား​ပြောချင်ခဲ့တာ။” ရှန်းယုဟန်က သူ့ခင်ပွန်းကို ဘာမှဖုံးကွယ်ထားစရာ မလိုဘူးလို့ တွေးလိုက်ပြီး ဖွင့်ပြောလိုက်သည်။


“အွန်း..သူ့ကိုနောက်တစ်ခါ လျစ်လျူရှုလိုက်” ရှန်ချီဟွမ်း၏ လေးလံနေသောစိတ်က ငြိမ်သက်သွားပြီး ကံကောင်းစွာပင် သူက သူ့လည်ပင်းကိုသာ ဖော်ပြထားပြီး ဖုန်းမျက်နှာပြင်အပေါ် ရောက်နေတာကြောင့် ရှန်းယုဟန်က သူစိတ်ဆိုးနေတာကို မသိခဲ့ပေ။ ရှန်းယုဟန်က သူ့ကို ရှန်ချီယွင်အကြောင်း အရင်ရှင်းပြခဲ့တာကြောင့် သူက ခေါင်းစဥ်ပြောင်းကာ ဖုန်းထဲက ရှန်ချီရှင်းကိုမေးလိုက်သည်။ “ရှန်ချီရှင်း…မင်းဒီတစ်ခါ ဘယ်လောက်ထိနေမှာလဲ?”


“ကျွန်တော် မနေ့က လူတစ်ယောက်နဲ့ အချစ်ရေးသတင်းထွက်ခဲ့လို့ ကျွန်တော့်အိမ်ရှေ့မှာ သတင်းထောက်တွေရှိနေတယ်။ လော​လောဆယ်တော့ ပြန်လို့မရဘူး၊ တတိယအစ်ကို…ကျွန်တော့်ကို နှစ်ရက်လောက်နေခွင့်ပေးပါ။” ရှန်ချီရှင်းက အရှက်မရှိပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ကောမှာ ကျွန်တော့်အတွက် အစားအသောက် ပြတ်လတ်မနေပါဘူး။”


“မင်းရဲ့မရီးကို ဒုက္ခမပေးမိစေနဲ့။” ရှန်ချီဟွမ်းက ဖိပြောလိုက်သည်။ “မြန်မြန်လုပ်၊ အဝတ်မြန်​မြန်ဝတ်..ဒါဘယ်လိုပုံစံမျိုးလဲ”


“အာ?” ဒါက မိန်းမရသွားလို့ ညီကိုမေ့သွားတဲ့ ပုံစံမျိုးမလား.. “အကုန်ယောကျာ်းလေးတွေပဲ….မြင်သွားတော့ဘာဖြစ်လဲ?”


ရှန်ချီရှင်းက ကိစ္စအသစ်တစ်ခုနဲ့ အာရုံပျက်ပြားစေခဲ့တာကြောင့် အထင်လွဲမှုက လေထုထဲကို ပျောက်ကွယ်သွားခဲ့သည်။ ရှန်ချီဟွမ်းက သက်ပြင်းချလိုက်ပေမယ့် သူက ရှန်းယုဟန်၏မျက်နှာကို မမြင်နိုင်သေးလို့ အနည်းငယ်စိတ်ပျက်နေသည်။


ရှန်းယုဟန်က ဗီဒီယိုထဲက ရှန်ချီဟွမ်းကိုပြောလိုက်သည်။ “ယောကျာ်း…ကျွန်တော် နေ့လည်စာသွားစားလိုက်ဦးမယ်၊ အန်တီက ကျွန်တော်ပြန်လာမစားဘူးထင်လို့ သူမက ဒီနေ့လည်မှာ မလာခဲ့ဘူး။”


ရှန်းယုဟန်၏ အချက်အပြုတ်စွမ်းရည်ကိုတွေးကြည့်တော့ သူက အကြိမ်အနည်းငယ်တောင် စားခွင့်မရခဲ့သဖြင့် ဒီတစ်ကြိမ်က သူ့ညီအတွက် စျေးပေါနေသည်။ 


“မင်းလုပ်ချင်တာလုပ်..ငါ့ညီက ချေးမများဘူး။” ရှန်းယုဟန်အရှေ့မှာ ရှန်ချီဟွမ်းက ဓာတ်ပုံရခဲ့သည့် အရိပ်အယောင်ကို လုံးဝမပြခဲ့ပေ။


ယင်းမှာ ရှန်မိသားစု၏ ဘယ်အိမ်တော်က ပို့ခဲ့တာလဲမသိပေမယ့် သူက သူ့ဇနီးကို အထင်လွဲလုနီးပါးဖြစ်ခဲ့သည်။


“အင်..ဒါဆိုဖုန်းချလိုက်တော့မယ်၊ ဗိုက်ဆာနေပြီ။” ရှန်းယုဟန်က ရှန်ချီဟွမ်းမျက်နှာကို မြင်လိုက်ရစဥ် စိတ်ကြည်နေပြီး ရှန်ချီယွင်ကြောင့် စိတ်အနှောင့်ယှက်ဖြစ်မှုက ပျောက်ကွယ်သွားခဲ့သည်။ 


“သွားတော့၊ ဗိုက်အဆာမခံနဲ့။” ရှန်ချီဟွမ်းက ပြောလိုက်သည်။ သူက ပုံမှန်ဆိုဗိုက်မဆာတတ်ပေ။


ရှန်းယုဟန်က တစ်နေ့မှာ သူ့ခင်ပွန်းမရှိစဥ် သူ့ယောက်ဖနဲ့ တစ်မိုးအောက်ထဲမှာ နေရမယ်လို့ တစ်ခါမှမတွေးဖူးပေ။ ချီတိုင်းပြည်မှာဆိုရင် သံသယတွေကို ရှောင်ရှားကိုလိုအပ်ပေမယ့် သူ့ခင်ပွန်းက ထိုအရာနဲ့ပတ်သတ်ပြီး သိပ်ဂရုမစိုက်တာကြောင့် ဘာမှမပြောခဲ့ပေ။


သူက လူတစ်ယောက်ကို ရိုက်မိလိုက်တာကြောင့် အလွန်အရှက်ရနေခဲ့သည်။




(Note - တစ်ဖက်လူက ရှန်းယုဟန်ကို ခေါ်တဲ့အခါမှာ etransအတိုင်း ယောင်းမ၊ မရီး၊ ခယ်မ၊ ချွေးမလို့ သုံးထားပေမယ့် ရှန်းယုဟန်ဘက်က သူများကိုခေါ်တဲ့အခါမှာတော့ ယောက်ဖလို့ပဲ သုံးထားပါတယ်။ ခဲအိုတို့ မတ်တို့သုံးဖို့က တစ်မျိုးလေးဖြစ်နေပြီး normal ဆန်သွားမှာစိုးလို့ပါနော်။”