Chapter 42.1
“ကျွန်တော်ညစ်ပတ်သွားပြီ”
ရှန်းယုဟန်နှင့် ရှန်ချီဟွမ်း ဆေးရုံမှထွက်လာသောအခါ နှင်းကျတာရပ်သွားပေမယ့် အိမ်ပြန်ရောက်တော့ နှင်းပွင့်များ ထပ်မံကျဆင်းလာသည်။ ရှန်းယုဟန် ညစာစားပြီးနောက် သူတို့နှစ်ယောက်က မျက်နှာကျက်ကြမ်းပြင်ဆက် ပြတင်းပေါ်ရှေ့က ကော်ဇောဖြူပေါ်မှာ နှင်းကျတာကို ကြည့်နေခဲ့သည်။
သူတို့ မနက်ခင်းအပြင်မထွက်ခင်မှာ ရှန်ချီဟွမ်းက အန်တီဝမ်ကို ကော်ဇောခင်းဖို့ တိတ်တဆိတ်မှာထားပြီး ထိုအပေါ်မှာ လေးထောင့်စားပွဲသေးတစ်ခုရှိကာ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ရှန်းယုဟန်က သူ့မေးစေ့ကိုကိုင်ကာ နှင်းကျတာကိုကြည့်နေစဥ် ရှန်ချီဟွမ်းက ကွန်ပျူတာသုံးကာ အီးမေးလ်စာပြန်နေသည်။
ယခင်နှစ်များ၏ ဆောင်းရာသီမှာ သူက ညဆိုအိပ်ရာပေါ်မှာသာ ကွေးနိုင်ခဲ့သည်။ အိမ်ထဲမှာ မီးလင်းဖိုသုံးလုံးထည့်ထားရင်တောင် သူက ခိုက်ခိုက်တုန်နေဆဲဖစ်ပြီး ပိုနွေးအောင် စောင်နှစ်လွှာခြုံထားခဲ့ရသည်။ ထို့အပြင် ညသန်းခေါင်မှာ နိုးလာပြီး နှင်းကျတာကို ပြေးကြည့်ဖို့လည်း မဖြစ်နိုင်ပေ၊ လေအေးက လူကိုအေးခဲသွားစေနိုင်ပြီး တီဗီဇာတ်လမ်းတွဲမှာ ပြသလို နှင်းပွင့်များကို လက်နှစ်ဖက်နဲ့ဖမ်းရန် ပြတင်းပေါက်မှာ ထိုင်နေဖို့ကလည်း မဖြစ်နိုင်ချေ။
ရှန်းယုဟန်က သူ့လက်ဖက်ရည်ခွက်ကိုချကာ ဖြူဖွေးသောလက်ဖဝါးကိုကြည့်လိုက်သည်။ ယခင်နှစ်များမှာ နှင်းကိုက်နာဖြစ်သော်လည်း ဒီဆောင်းကတော့ နွေးထွေးကာ နှင်းကိုက်နာဖြစ်ဖို့ အရိပ်အယောင်မရှိပေ။
ခေတ်သစ်က အရမ်းကောင်းတယ်လို့ သူခံစားမိပြီး အနည်းဆုံးတော့ ဆောင်းရာသီအအေးဒဏ်ကို ကြောက်စရာမလိုပေ။
သူက ခွက်ထဲက လက်ဖက်ခြောက်ကိုမှုတ်လိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်သည်။
ရှန်ချီဟွမ်းက အီးမေလ်ကိစ္စ ကိုင်တွယ်ပြီးသောအခါ သူ့ဝေ့ပေါ်အကောင့်ကိုဝင်ပြီး ရှန်းယုဟန်၏ ပန်းချီကားကို ကြော်ညာပေးဖို့ တွေးခဲ့ပေမယ့် မူရင်းပန်းချီ (ဆောင်းယဥ်စွန်းချိန်)က လူငယ်တွေကြား ရေပန်းစားနေပြီးသားဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သူ့ဝေ့ပေါ်အကောင့်က စျေးကွက်စီးပွားရေးသမားများ၏ Follow လုပ်ခြင်းကို ခံရတာကြောင့် သူတင်လိုက်တာနဲ့ ချက်ချင်းပင် နေရာအနှံ့ပျံ့နှံ့သွားပြီး ကွန်းမန့်က Followers များက ဒီနေ့လည်း trending ဖြစ်နေကြောင်း ပြောလာခဲ့သည်။
သို့သော် ထိုအချိန်မှာ ရှန်းယုဟန်၏ပန်းချီကားက Hot Search ဝင်သွားခဲ့သည်။
#လူငယ်လေးရဲ့ပန်းချီကိုဆောင်းယဥ်စွန်းချိန်လို့နာမည်ပြန်ပေးခဲ့တယ်#
#ဆောင်းယဥ်စွန်းချိန်ပန်းချီဆရာရဲ့ လက်ရာအသစ်နွေဦးစတင်ချိန်#
#ဆောင်းယဥ်စွန်းချိန်ပန်းချီဆရာကရှန်ချီဟွမ်းရဲ့ချစ်သူလား?#
သူ့ဝေ့ပေါ်မှာ သက်ဆိုင်သော Hot Search သုံးခုရှိနေပြီး Top Search မဝယ်သော Blogger တစ်ယောက်အနေနဲ့ ဒါက သူနဲ့ရှန်းယုဟန်ကို အခမဲ့ကြောညာပေးဖို့ လုံလောက်ခဲ့သည်။
ရှန်ချီဟွမ်းသည် ရှန်းယုဟန်၏ပန်းချီက ဒီလောက်လွှမ်းမိုးမှုရှိမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ ဤတစ်ခုမှာ သူ၏ဒုတိယမြောက်ပန်းချီသာဖြစ်ပေမယ့် ဖန်တွေစုဆောင်းဖို့ လုံလောက်ခဲ့သည်။ ထို့အပြင် သူ့ပန်းချီကားက ကိုယ်ပိုင်ပုံစံတစ်ခု တည်ဆောက်ထားပြီး တစ်ချိန်တည်းမှာ ချစ်ဖို့ကောင်းသလို စွဲမက်ဖွယ်လည်းကောင်းသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သတင်းကောင်းပြောပြခဲ့ပြီး သူ့နောက်ခံကို သံသယဝင်နေသော လူများ၏ မကောင်းသောကွန်းမန့်များကိုတော့ မပြောပြခဲ့ပေ။ ထိုသည်မှာ အလေအလွင့်သား၊ ကောလိပ်ကျောင်းထွက်၊ စသဖြင့်ပြောဆိုနေကြ၍ သူက သူတို့ကို တိုက်ရိုက်ဘလော့လိုက်သည်။ ရှန်းယုဟန်က ဘာပဲလုပ်ခဲ့ပါစေ သူ့မှာ ကိုယ်ပိုင်အကြောင်းပြချက်ရှိတယ်လို့ ရှန်ချီဟွမ်းက ယုံကြည်သည်။
“မင်းအတွက်ဝေ့ပေါ်မှာတင်ပေးခဲ့တဲ့ပန်းချီက ဒီနေ့ Hot Search ဝင်နေတယ်။”
ရှန်းယုဟန်က ရှုပ်ထွေးသွားသည်။ Hot Search ကဘာလဲ? သူက ဝေ့ပေါ်ကို သေချာမလေ့လာရသေးချေ။
သူက နားမလည်သဖြင့် အပြုံးလေးနဲ့တုံ့ပြန့်ကာ သူ့ခင်ပွန်းကိုမေးလိုက်သည်။ “အဲဲဒါဆိုးတာလား၊ ကောင်းတာလား?”
ရှန်ချီဟွမ်းသည် ရှန်းယုဟန်က သူ့ပန်းချီကားကို သံသယဝင်နေသော လူအချို့ရှိတာကို သိနေတယ်လို့ တွေးမိသွား၏။ “ဆိုးတာကိုလျစ်လျူရှုလိုက်၊ အင်တာနက်သုံးစွဲသူ တော်တော်များများက အရည်အချင်းမရှိဘူး။”
ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။
ထိုအချိန်မှာ ရှန်ချီဟွမ်းက လျှိုထန်ဆီက အသံခေါ်ဆိုမှုရရှိခဲ့သည်။
ရှန်ချီဟွမ်းက ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး ကိုင်လိုက်သည်။ “လောင်ရှန်၊ ကျန်းချန်မှာနှင်းကျနေပြီ၊ မင်းရေပူစမ်းသွားချင်လား?”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အကောင်းဆုံးပေးဖို့ ကြိုးစားနေစဥ် လျှိုထန်က အကြံကောင်းတစ်ခုကို ယူလာခဲ့သည်။
“ကောင်းပြီ၊ ငါက အခုမှ အလုပ်ခရီးက ပြန်ရောက်တာဆိုတော့ အချိန်နဲ့နေရာကိုပြောပြ။”
“နှစ်ရက်ထဲပါ၊ ငါမနှစ်ကမှ ဒီရေပူစမ်းဗီလာကိုငှားပြီး မင်းအတွက် အကောင်းဆုံးရှုခင်းရှိတဲ့ ဟိုတယ်ခန်းကို ချန်ပေးထားတယ်။”
“ကောင်းပြီ” လျှိုထန်က ပထမဆုံးအကြိမ် အသုံးဝင်လာခဲ့ပြီဟု ရှန်ချီဟွမ်းက တွေးမိလိုက်သည်။ ရှန်ချီဟွမ်းက သူ့ဖခင်ဆီကို နေ့တိုင်းသွားလည်စရာမလိုပဲ သူ့ဖခင်က ဒဏ်ရာရနေသော သူ့ခြေထောက်ကို ပြန်လည်ကျန်းမာလာအောင် လုပ်ဖို့သာလိုသည်။ သူ ရှန်းယုဟန်ကို နှစ်ရက်လောက် အပြင်ခေါ်သွားလည်း ကိစ္စမရှိချေ။ ရေပူစမ်းဗီလာကို လျှိုထန်က စင်းလုံးငှားထားသဖြင့် သူတို့ကိုနှောင့်ယှက်ဖို့ သတင်းထောက်လည်း ရှိနိုင်မှာမဟုတ်ချေ။
သူဖုန်းချလိုက်တာနဲ့ လှည့်ကြည့်ကာ ရှန်းယုဟန်၏အမြင်ကို မေးလိုက်သည်။ “နှင်းကျတဲ့ရက်တွေက ရေပူစမ်းအတွက်သင့်တော်တယ်။ မင်းသွားချင်လား?”
ရှန်းယုဟန်က တွေးနေသည်။ ရေပူစမ်းက ရေပူစမ်းမှာ စိမ်တာမျိုးလား?
“သွားချင်တယ်” သူ့မှာငြင်းဖို့အကြောင်းပြချက်မရှိ၊ အတိတ်မှာ သူက ရေပူစမ်းမှာ ရေချိုးချင်ပေမယ့် ရေပူစမ်းရေသည် ကောတစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်ကို ထိခိုက်ပြီး အိမ်ထောင်ကျပြီးရင် ကိုယ်ဝန်မဆောင်နိုင်တာမျိုး ဖြစ်နိုင်သည်။ အတိတ်မှာ သူ့အစ်ကိုနဲ့ အစ်မများက သူ့အဖေနောက်ကိုလိုက်ကာ ရေပူစမ်းမှာ ရေချိုးနိုင်ပေမယ့် သူကတော့ စံအိမ်မှာ လက်ဖက်ရည်ဖျော်ကာ ချင်တီးခတ်ခဲ့ရသည်။
ရေပူစမ်းကိုသွားတာက ခရီးထွက်တာပဲ။
ရှန်းယုဟန်က နှင်းကျနေစဥ် သူ့ခင်ပွန်း သူ့ကို အပြင်ခေါ်သွားမယ်လို့ မမျှော်လင့်ခဲ့ပေ။
နေ့လည်စာစားပြီး အိမ်တန်းပြန်သည့် ခရီးမဟုတ်တာကြောင့် သူတို့က ခရီးဆောင်အိတ်ပြင်ရမည်။ နှစ်ရက်နေမှာဖြစ်တာကြောင့် သူ့ကိုပိုပြီးစိတ်လှုပ်ရှားစေသည်။
ထိုသည်မှာ သူ့အတွက် ပထမဆုံးခရီးဖြစ်ပြီး ရှန်းယုဟန်က အနည်းငယ်စိတ်လှုပ်ရှားနေသည်။ ညရောက်တော့ သူက ရှန်ချီဟွမ်းကို ရေပူစမ်းကနွေးလား မနွေးဘူးလား ဆက်တိုက်မေးနေခဲ့သည်။
ရှန်ချီဟွမ်းက နွေးတယ်လို့ပြောခဲ့သည်။
ရှန်းယုဟန်က ထပ်မေးလိုက်သည်။ ရေပူစမ်းကဝေးလား? စောစောသွားလို့ရောလား?
ရှန်ချီဟွမ်းက ဘယ်လောက်ထိ အစောကြီးသွားချင်လဲဟု ပြန်မေးလာသည်။
ရှန်းယုဟန်က မနက်ဖြန်မနက်၈နာရီရလားလို့ မေးခဲ့သည်။
ရှန်ချီဟွမ်းက ထိုရက်မှာ သူအလုပ်သွားစရာမလိုဟု တွေးနေသည်။ ဒါပေမယ့် သူက ၈နာရီဘယ်လိုထနိုင်မှာလဲ? သူက ရှန်းယုဟန်ကို ရေပူစမ်းအကြောင်း မတွေးနိုင်တော့သည်အထိ နမ်းပစ်လိုက်သည်။ ဒါပေါ့ ရှန်းယုဟန်က သူ့ခင်ပွန်း ဒီနေ့ညမှာ သူတို့အိမ်ထောင်ရေး၏ နောက်ဆုံးစည်းကို မချိုးဖောက်တာကြောင့် စိတ်ပျက်နေသည်။
သူက သူ့မော့မော့ပြောတာကို ကြားဖူးသည်။ ယောကျာ်းတွေက သူတို့ကိုယ်သူတို့ မဖြေလျော့ရင် နေရခက်လိမ့်မယ်…..သူ့ခင်ပွန်းကရော နေရမခက်ဘူးလား?
နောက်နေ့မနက်မှာ သူတို့နှစ်ယောက်က အိတ်တွေကို ထုပ်ပိုးပြီး အပြင်ထွက်ခဲ့ကြသည်။
ရှန်းယုဟန်က ရေကူးဘောင်းဘီမရှိတာကြောင့် သူတို့နှစ်ယောက်က ရေကူးဘောင်းဘီဝယ်ဖို့ ကုန်တိုက်ကိုသွားခဲ့သည်။ ရှန်းယုဟန်က အကြာကြီးကြည့်နေပြီး မရွေးနိုင်ခဲ့ချေ။
သူက အတွင်းခံနှင့်တူသော အမျိုးသားရေကူးဘောင်းဘီများကိုကြည့်ကာ အံ့သြပြီး ရှုပ်ထွေးနေသည်။
ဘောင်းဘီပဲပါပြီး အင်္ကျီမပါဘူးလား?
ရှန်ချီဟွမ်းက သူရုန်းကန်နေတာကိုတွေ့တော့ သူ့မှာ ရွေးချယ်မှုစိတ်ရောဂါရှိနေတယ်လို့ တွေးလိုက်ပြီး သူကပဲ သူ့အတွက် ကိုယ်ကျပ်ဘောင်းဘီအစုံလိုက်ကိုယူကာ ငွေချေပြီးနောက် လူကိုဆွဲခေါ်သွားခဲ့သည်။
ရှန်းယုဟန်က ရေကူးဘောင်းဘီပါသည့် အိတ်သေးသေးလေးကိုကိုင်ကာ ရုန်းကန်နေပြီး သူက မျက်ရည်ကျလုမတတ်ပင်။ သူက ခေတ်သစ်လူသားတွေကို အတုယူပြီး တခြားယောကျာ်းတွေနဲ့ မျက်နှာချင်းဆိုင် ကိုယ်လုံးတီး ရေစိမ်ရမှာလား?
ဒါမှမဟုတ် သူ့ခင်ပွန်းနဲ့ မျက်နှာချင်းဆိုင်လား?
တခြားယောကျာ်းများနှင့် ကိုယ်လုံးတီးနေရမယ်ဆိုသည့် အတွေးကြောင့် သူ့မျက်နှာက ဖြူဖျော့လာပြီး ရေပူစမ်းအကြောင်း အတွေးများပျောက်ကွယ်သွားကာ မနေ့ညက စိတ်လှုပ်ရှားမှုက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
တခြားယောကျာ်းတွေနဲ့ ကိုယ်လုံးတီးနေခိုင်းတာနဲ့ သူ့ကိုသေခိုင်းတာက ဘာကွာလဲ?
အိမ်ပြန်ပြီး ချင်တီးခတ်ဖို့ နောက်ကျသွားပြီလား?
ထိုပူပန်မှုများနှင့်အတူ စိတ်ရှုပ်နေသော ရှန်းယုဟန်က ရှန်းချီဟွမ်းကိုတောင် ကားပေါ်မှာစကားမပြောခဲ့ပေ။
ကားက လမ်းမပေါ်မောင်းထွက်သွားတာနဲ့ ရှန်ချီဟွမ်းက စားပွဲအသေးလေးကို ဆွဲဖွင့်ကာ ကွန်ပျူတာပေါ်မှာ အလုပ်အကြောင်းဆွေးနွေးနေသည်။ လက်ရှိမှာ သူက ရှန်းယုဟန်၏ မူမမှန်မှုကို သတိမထားမိခဲ့ပေ။ အကြောင်းမှာ သူအလုပ်လုပ်နေစဥ် ရှန်းယုဟန်က တိတ်ဆိတ်နေလေ့ရှိပြီး သူ့ကိုသိပ်မနှောင့်ယှက်လို့ဖြစ်သည်။
ရေပူစမ်း၏အကွာအဝေးက တဖြည်းဖြည်းနီးလာသောအခါ ရှန်းယုဟန်၏ စိုးရိမ်မှုနဲ့ မသက်မသာမှုက ပိုပိုပြီးသိသာလာသည်။
သူဒါကိုစိတ်ပူနေတာ သူ့ခင်ပွန်းသိရင် သူက ခေတ်သစ်လူသားတွေနဲ့ ကွဲပြားနေတာကို ထုတ်ဖော်လိုက်သလို ဖြစ်နေမလား၊ သူသာ တခြားယောကျာ်းတွေနဲ့ ရေကူးကန်တစ်ခုထဲမှာ အတူရှိရရင် အဲ့ဒါကို ရှောင်ရှားဖို့ ဘယ်လိုဆင်ခြေပေးရမလဲ?
ရေပူစမ်းသည် နှစ်နာရီထက်ပိုဝေးသော ကျန်းချန်က တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရှန်းယုဟန်က လမ်းတစ်လျှောက် အဆောက်အဦးအများအပြားကို တွေ့ရှိခဲ့ရပြီး ထိုသည်မှာ နောက်ထပ်ရှုခင်းတစ်ခုနှင့်တူကာ နေထိုင်သူများ၏ အဝတ်အစားများက သူတိုမြို့နဲ့ သိပ်မကွာခြားပေ။
ဒီကရွာသားတွေဟာ နှစ်စဥ်အစိုးရဆီက အမြတ်ဝေစုရပြီး ဆက်ဆံရေးက မဆိုးတာကြောင့် သူတို့က မြို့ထဲကလူတွေထက် ပိုပျော်စရာကောင်းသည့်ဘဝကို နေထိုင်ရကြောင်း ရှန်းယုဟန်ကို ဦးလေးလီကပြောပြခဲ့သည်။
ဦးလေးလီက ဒေသ၏ထုံးထမ်းဓလေ့အချို့ကို ပြောပြခဲ့ပြီး ရှန်းယုဟန်က စိုးရိမ်မှုမရှိတော့ချေ။ သူက နွားနှင့်သိုးများကို မောင်းနှင်လာသောလူများကို တွေ့ခဲ့ရပြီး တောင်တန်းက မနေ့ညက နှင်းပွင့်များနဲ့ ဖုံးလွှမ်းထားပေမယ့် လမ်းက ကားအသွားအလာကြောင့် ချောမွေ့နေသည်။ ဦးလေးလီက အတွေ့အကြုံရှိသော ဒရိုက်ဘာတစ်ဦးဖြစ်တာကြောင့် လမ်းခရီးက ချောမွေ့နေသည်။
လှပသောရှုခင်းများက လူကိုလန်းဆန်းစေပြီး ရှန်းယုဟန်က ဆွတ်ဆွတ်ဖြူနေသော ဤနှင်းအရောင်ကို သဘောကျသည်။
ရှန်ချီဟွမ်း၏အလုပ်က ပြီးခါနီးနေပြီး ဦးလေးလီက သူတို့ကို ရေပူစမ်းသို့ လုံလုံခြုံခြုံပို့ပေးခဲ့သည်။
ရေပူစမ်းဗီလာက တောင်စောင်းအလယ်မှာတည်ရှိပြီး သူတို့က ဗီလာတစ်ခုကိုသွားကာ ဗီလာအနားက နှင်းများကို ရှင်းလင်းထားသော်လည်း နှင်းရှင်းထားသော ရှုခင်းကို မြင်နေရဆဲဖြစ်ပြီး သစ်ပင်များ၏ အကိုင်းအခက်များမှ ရေခဲတုံးလေးများ ကျဆင်းလာပုံက တကယ်ကိုလှပသည်။
သို့သော် ရှန်းယုဟန်က ချီတိုင်းပြည်မှာနေခဲ့တာကြောင့် အပြင်ရှုခင်းက ဒီနေရာနှင့်တူသဖြင့် သူက မအံ့သြပဲ ရင်ထဲမှာ မှတ်သားနေသည်။
ကားပေါ်ကဆင်းပြီးနောက် သူက ရေပူစမ်းဗီလာက ရှုပ်ထွေးသော အဆောက်အဦးကြီးကို တွေ့လိုက်ရသည်။ သူ့အသွင်အပြင်နဲ့ အပြင်အဆင်က အလွန်လှပပြီး ခေတ်သစ်လူသားတွေက ဘယ်နေရာမှာမဆို အိမ်ဆောက်နိုင်လေသည်။
ရှန်ချီဟွမ်းနှင့် ရှန်းယုဟန်က ဒီက ပထမဆုံးဧည့်သည်များမဟုတ်ချေ။
သူတို့ဧည့်ခန်းထဲရောက်တော့ ဧည့်ခန်းထဲမှာ စကားပြောနေကြသော လူများရှိနေပြီဖြစ်သည်။
သူတို့က ရှန်ချီဟွမ်းဝင်လာတာကိုတွေ့တော့ ထိုလူများ၏အသံက တိတ်ဆိတ်သွားခဲ့သည်။
သူတို့က ဒီတစ်ကြိမ်မှာ ရှန်ချီဟွမ်းကို တကယ်တွေ့လိုက်ရတာဖြစ်ပေမယ့် သူ့အနားမှာ အရင်က ဘယ်သူမှမရှိဖူးပေ။ သို့သော် ဒီတစ်ကြိမ်မှာ သူက ခြုံထည်ပုဝါမှာ မျက်နှာတစ်ဝက်လောက် မြုပ်ထားသည့် လူငယ်လေးတစ်ယောက်ကို ခေါ်လာခဲ့ပြီး မျက်နှာတစ်ဝက်သာမြင်နိုင်သော်လည်း သူ့ရုပ်ရည်က မဆိုးဘူးဆိုတာကို သူတို့၏ ပါးနပ်သော မျက်လုံးများက ပြောနိုင်သည်။
တချို့လူတွေက ရှန်ချီဟွမ်းကိုမိတ်ဆက်ဖို့ လာခဲ့ပြီး ရှန်ချီဟွမ်းက ခေါင်းညိတ်ကာ ခပ်ပြတ်ပြတ်တုံ့ပြန်ခဲ့သည်။ သူက သူတို့နဲ့မရင်းနှီးသလို အဆက်အဆံလည်း သိပ်မရှိတာကြောင့် ရှန်းယုဟန်ကို သူတို့နဲ့မိတ်ဆက်ပေးဖို့ မစီစဥ်ထားပေ။ အကြောင်းမှာ သူကိုယ်တိုင်က သူတို့နာမည်ကို မမှတ်မိတာကြောင့်ဖြစ်သည်။
ကောင်တာမှာစာရင်းသွင်းပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်ကို သီးသန့်အဆောက်အဦးရှိ တည်းခိုခန်းကို တိုက်ရိုက်ခေါ်သွားခဲ့သည်။
လမ်းတစ်လျှောက်သူတွေ့ခဲ့သော ဝန်ထမ်းများက အလုပ်ဝတ်စုံများကို ဝတ်ထားကြပြီး ရှန်းယုဟန်က သူတို့အဝတ်အစားကို သိချင်နေပြီး ရှေးခတ်အဝတ်အစားများကို အလုပ်ဝတ်စုံအဖြစ် သုံးထားခြင်းက တကယ်ကိုစိတ်ဝင်စားစရာကောင်းသည်။
သူတို့နေသော အခန်းကိုရောက်ဖို့ ကော်ရီဒါတစ်ခုကို ဖြတ်လျှောက်သွားဖို့လိုပေမယ့် ယင်းမှာ ပိတ်ထားသောအခန်းဖြစ်၍ လုံးဝမအေးပေ။
ထိုမှသာ ရှန်းယုဟန်က တိတ်တဆိတ် ခြုံပုဝါကိုချွတ်လိုက်ပြီး သူက ထိုလူတွေ သူ့ကိုကြည့်နေသောပုံစံကို မကြိုက်ပေ၊ သူ့က မကောင်းသောရည်ရွယ်ချက်ရှိသူများကို အမြဲခံစားမိခဲ့ပြီး သူတို့မှာ သူနားမလည်နိုင်အောင် ထူးဆန်းသော အမူအရာတချို့လည်း ရှိနေခဲ့သည်။