Chapter 42.2
“ကျွန်တော်ညစ်ပတ်သွားပြီ”
သို့သော် ခေတ်သစ်တည်းခိုခန်းမှာ ပထမဆုံးအကြိမ်နေရခြင်းက အလုံးစုံဆန်းသစ်သော အတွေ့အကြုံတစ်ခုဖြစ်ပြီး သူအရင်က တည်းခိုခန်းမှာနေဖူးသည်။ သူက အခန်းကောင်းမှာနေခဲ့သော်လည််း အစေခံများက အိပ်ရာခင်းနှင့် အိပ်ရာလဲပေးဖို့လိုသည်။ မဟုတ်ရင် အနံ့အသက်ဆိုးများ ရှိနေမည်ဖြစ်သည်။
ရှန်းယုဟန်က သူ့ခင်ပွန်းအလုပ်ခရီးထွက်စဥ်က ဟိုတယ်ကုတင်ကို ဗီဒီယိုထဲမှမြင်ဖူးပြီး သူတို့အားလုံးက ဖြူဖွေးနေသည်။ သူက ထိုအကြောင်းမေးချင်တာ ကြာပြီဖြစ်ပေမယ့် ထိုအချိန်က ဗီဒီယိုခေါ်တာက အဖိုးတန်တာကြောင့် သူက ဘာမှမပြောခဲ့ပေ။
ယခုအခါ သူက သဂြိုလ်ခန်းမနှင့်တူနေသော တည်းခိုခန်းကုတင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့ပြီး သူက မနေနိုင်တော့ပဲ ထပ်တွေးမိသွားသည်။
ရှန်ချီဟွမ်းက ခရီးဆောင်အိတ်ကိုအောက်ချကာ လှည့်ကြည့်လိုက်တော့ ကုတင်ကိုငေးနေပြီး နားမလည်နိုင်သလို မျက်မှောင်ကြုတ်နေသော ရှန်းယုဟန်ကို တွေ့လိုက်ရသည်။
“မင်းကုတင်ကိုဘာလို့ကြည့်နေတာလဲ?”
ရှန်းယုဟန်က နှုတ်ခမ်းဖိကာ သူ့စိတ်ထဲရှိတာ ပြောချလိုက်သည်။ “ယောကျာ်း၊ ဒီကုတင်က သဂြိုလ်ခန်းမနဲ့မတူဘူးလား? ဟိုတယ်တွေက အိပ်ရာခင်းအဖြူရောင် ဘာလို့သုံးတာလဲ?”
ဟိုတယ်များမှာ မကြာခဏနေခဲ့သော ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုကြည့်ပြီးနောက် ကုတင်ကိုပြန်ကြည့်ပြီး ပါးစပ်ပွင့်ကာ ခဏလောက် ပြောစရာစကားမရှိဖြစ်သွားသည်။ “......”
သူက ရှန်းယုဟန်၏စိတ်က ကွဲပြားလွန်း၍ အဆုံးထိ အယူသီးမယ်လို့ မမျှော်လင့်ထားပဲ ထိုစကားကြားတော့ ဒီအဖြူရောင်ကုတင်က သက်တောင့်သက်သာမရှိဖြစ်လာသည်။
သူပိုကြည့်လေ သဂြိုလ်ခန်းမနဲ့တူတာလေ….
ရှန်ချီဟွမ်းက ရွေးချယ်စရာမရှိတော့ပဲ ရှန်းယုဟန်ကို ပြတင်းပေါက်နား ဆွဲခေါ်လိုက်သည်။ “ရှုခင်းကိုအရင်ကြည့်ပြီး စိတ်ထဲကအတွေးတွေကိုရှင်းလိုက်၊ ငါတို့ဒီမှာ နှစ်ညနေရမယ်။” သူတို့ကောင်းကောင်းအိပ်နိုင်ပါဦးမလား?
ဟိုတယ်က နက်ရှိုင်းပြီး ဝေးလံခေါင်းသီသော တောင်တန်းများနှင့် သစ်တောများအတွင်းမှာ တည်ရှိပြီး သဂြိုလ်ခန်းမလိုပြင်ဆင်ထားသည်။ သူဘယ်လိုတွေးတွေး သူ့တစ်ကိုယ်လုံးမှာ ကြက်သီးထလာစေသည်။
ရှန်းယုဟန်က ရွေးချယ်စရာမရှိတော့ပဲ ရှန်ချီဟွမ်း၏ ညွှန်ကြားချက်ကိုလိုက်နာကာ ထိုင်ခုံပေါ်မှာထိုင်ပြီး သူ့ကိုမော့ကြည့်လိုက်သည်။ “ဒီအဖြူရောင်အိပ်ရာခင်းတွေက ကံမကောင်းဘူးလို့ ခင်ဗျားတကယ်မထင်ဘူးလား?”
ရှန်ချီဟွမ်းက ထပ်ပြောလိုက်သည်။ “ရှန်းယုဟန်…အယူမသီးနဲ့။” မေးခွန်းက ရေပူစမ်းဗီလာကို ကြောက်စရာကောင်းတယ်လို့ ခံစားရစေသည်။
အာရုံထွေပြားနေသော ရှန်းယုဟန်က ငြင်းလိုက်သည်။ “ဒါပေမယ့် ဒါကအမှန်တရားလေ”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းကိုပြောခွင့်မပြုဘူး။” ရှန်ချီဟွမ်းက သူ့ကြောင့်ရူးတော့မလိုပင်၊ သူကတော့ ဘာမှမထိခိုက်သောအပြုအမူနှင့် အဆက်မပြတ်ပြောဆိုနေသည်။
ရှန်းယုဟန်က သူ့ခင်ပွန်းရှေ့မှာ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောလေ့ရှိသည်။ “ယောကျာ်း၊ ခင်ဗျားလည်းကြောက်လို့လား?”
ရှန်ချီဟွမ်းက အလေးအနက်ပြောလိုက်သည်။ “ဘာကိုကြောက်ရမှာလဲ၊ ငါက မင်းကို အယူမသီးဖို့ပဲပြောနေတာ။”
“ဟုတ်ပါပြီ” ရှန်းယုဟန်က နာခံစွာခေါင်းညိတ်လိုက်သည်။ သူက မင်္ဂလာပွဲမှာ အဖြူဝတ်သည့် တီဗီဇာတ်လမ်းတွဲများကိုလည်း ကြည့်ဖူးတာကြောင့် ခတ်သစ်က လူနေမှုဘဝကို ညှိယူရမည်။
ပထမဆုံးအကြိမ်အဖြစ် ရှန်ချီဟွမ်းက သူ့ကိုစကားမပြောဖို့ မျှော်လင့်နေပြီး သူက ပါးစပ်ဖွင့်လိုက်စဥ်မှာ အနည်းငယ်ကြောက်နေမိသည်။
ရှန်းယုဟန်က နာခံမှုရှိပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်တော့ အခန်းထဲမှာ ရေနွေးငွေ့ဆူပွက်နေသော ရေပူစမ်းကန်တစ်ခုရှိနေသည််။
အခန်းထဲက ရေပူစမ်းမှာ တိုက်ရိုက်စိမ်လိုက်ဖို့ ဖြစ်နိုင်ပါ့မလား?
သူက သူ့ပျော်ရွှင်မှုကို သိသိသာသာမပြရဲပဲ သူ့ခင်ပွန်း သံသယဝင်မှာကြောက်နေသည်။
ထို့အပြင် အခန်းထဲမှာ လက်ဖက်ခြောက်၊ သရေစာများနှင့် ရေခဲသေတ္တာအသေးတစ်လုံးရှိနေပြီး နောက်ဆုံးအကြိမ် ရဲစခန်းမှာ လက်ထောက်ချွီဝယ်လာပေးသော Coke ဘူးကို တွေ့လိုက်ရသည်။
သူက သံဘူးတစ်ဘူးကိုထုတ်ပြီး ရှန်ချီဟွမ်းဆီပြေးသွားသည်။ “ယော်ကျာ်း၊ ဖွင့်ပေးဦး”
အခန်းအပူချိန်က မြင့်ပြီး ဆောင်းရာသီမှာ အအေးသောက်တာက မကောင်းသော်လည်း ဒါက ရှန်းယုဟန်အတွက်သာဖြစ်သည်။
“မဖွင့်ပေးဘူး။” ရှန်ချီဟွမ်းက ဖြေလိုက်သည်။ သူက အမှန်ကိုပြောပြီး ဟန်ဆောင်မနေတော့ပဲ Cokeဘူးကို ရေခဲသေတ္တာထဲပြန်ထည့်လိုက်သည်။ “မင်းသောက်လို့မရဘူး။ အရမ်းအေးတယ်။”
ရှန်းယုဟန်က ခေတ်သစ်လူသားများ၏ အနှစ်သက်ဆုံးဖြစ်သော အရာတစ်ခုမှာ Coke ဖြစ်တာကို သတိရသွားပြီး ရှန်းယုဟန်က အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဖြစ်တာကြောင့် သောက်လို့ရပေမယ့် သူ့ခင်ပွန်းက မသောက်ခိုင်းတော့ လောလောဆယ်တော့ မသောက်တော့ပေ။ သူ့ခင်ပွန်းအလုပ်သွားမှ အပြင်မှာဝယ်သောက်လိုက်မည်။
“ငါ့နောက်ကွယ်မှာသောက်ဖို့ မကြိုးစားနဲ့၊ မင်းက လက်တွေခြေတွေ ဒီလောက်အေးစက်နေတာတောင် အအေးသောက်ချင်သေးတာလား” ရှန်ချီဟွမ်းက သူ့မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားတာကို တွေ့လိုက်ရပြီး သူ့စိတ်ထဲမှာ တစ်ခုခုတွေးနေတာကို သူသိလိုက်သည်။ သူ့မျက်လုံးများက လောဘနှင့်ပြည့်နေသည်။
ရှန်းယုဟန်က Cokeဘူး သိမ်းထားသော ရေခဲသေတ္တာကိုကြည့်ကာ နှမြောတသပြောလိုက်သည်။ “အို၊ ဒါဆိုလည်း မသောက်တော့ပါဘူး။”
ရှန်ချီဟွမ်းက သူ့ကိုဘာမှမလုပ်နိုင်တော့သဖြင့် ဖုန်းက နာရီကိုကြည့်ကာ ပြောလိုက်သည်။ “သွားရအောင်၊ နေ့လည်စာအရင်သွားစားမယ်၊ ပြီးရင် ရေပူစိမ်းသွားစိမ်လို့ရပြီ။”
ရှန်းယုဟန်က သူ့ခင်ပွန်း၏အတွေးကို နားထောင်ကာ သူ့စကားကိုတုပပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်အအေးကြောက်လို့ အခန်းထဲမှာပဲ စိတ်လိုက်မယ်။”
ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်ပြီး သူက သူစိမ်းတွေကြားမှာ ရှက်ရွံ့နေတယ်လို့တွေးပြီး မှားနေတယ်လို့ မခံစားခဲ့ရပေ။
ရှန်းယုဟန်က တိတ်တဆိတ်ဝမ်းသာနေသည်၊ ကံကောင်းလို့ သူ့ခင်ပွန်းအများကြီးမတွေးလို့ပေါ့။
သူတို့နှစ်ယောက်ထွက်သွားတာနဲ့ ရှန်ချီဟွမ်းက လျှိုထန်ဆီက ဖုန်းတစ်ကောလ် ရခဲ့ပြီး တစ်ဖက်လူက သူဗီလာမှာရောက်နေ၍ သူ့ကိုအပြင်ထွက်ပြီး နေ့လည်စာအတူစားဖို့ ပြောနေသည်။
မူလက နှစ်ယောက်ကမ္ဘာတည်ချင်ပေမယ့် သူက ဒီတစ်ကြိမ်မှာမငြင်းနိုင်တော့ချေ။
“ငါတို့ကိုဖိတ်ခဲ့တဲ့သူငယ်ချင်းက ဒီရောက်နေတယ်၊ သူနဲ့နေ့လည်စာစားကြမလား?”
“အင်း၊ ယောကျာ်းမှာ သူငယ်ချင်းအများကြီးရှိတာပဲ”
“မဆိုးပါဘူး။” ရှန်ချီဟွမ်းကပြောလိုက်သည်။ “တကယ်ရင်းနှီးတဲ့ သူငယ်ချင်းတော့ သိပ်မရှိဘူး။”
“နားလည်ပေးလို့ရပါတယ်။ ကျွန်တော့်မှာလည်း အရင်က သူငယ်ချင်းအများကြီးမရှိဘူး။” ရှန်းယုဟန်က သူစကားပြောနိုင်သော သူငယ်ချင်းနှစ်ဦးသာရှိခဲ့ပြီး တခြားသူများကို သူ့ကိုရည်ရွယ်ချက်ရှိရှိ ချဥ်းကပ်ခဲ့ကြတာဖြစ်သည်။ သူတို့က သူ့အစ်ကိုသုံးယောက်ကို လက်ထပ်ချင်လို့ ဒါမှမဟုတ် သူတို့အစ်ကိုတွေနဲ့ သူ့ကို အောင်သွယ်ပေးဖို့ စသဖြင့် ရည်ရွယ်ချက်က မသန့်ရှင်းတော့ သူက သူငယ်ချင်းအသစ်မရချင်ခဲ့သဖြင့် သူငယ်ချင်းနှစ်ယောက်တည်းရှိတာက လုံလောက်ခဲ့သည်။
အတိတ်က ရှန်းယုဟန်၏သူငယ်ချင်းများနဲ့ ပတ်သတ်ပြီး ရှန်ချီဟွမ်းက ဘာပြောရမှန်းမသိပေ။
“အနာဂတ်မှာ သူငယ်ချင်းအများကြီးဖွဲ့ပါ။” သူက သူ့ကို ဒီနည်းနဲ့သာ နှစ်သိမ့်နိုင်သည်။
“အွန်း..အွန်း” အဲ့လိုလုပ်ဖို့လိုသည်။ သူက ခေတ်သစ်မှာ စကားပြောစရာ သူငယ်ချင်းတစ်ယောက်မှ မရှိသေးပေ။
သူတို့နှစ်ယောက်က စားသောက်ဆိုင်ကို ရောက်တော့ ရှန်ချီဟွမ်းက ရုတ်တရက် ဗိုက်အောင့်လာပြီး သန့်စင်ခန်းကိုသွားချင်သဖြင့် သူက ရှန်းယုဟန်ကို ခဏစောင့်ဖို့ပြောခဲ့သည်။
ရှန်းယုဟန်က ဧည့်ခန်းရှိဆိုဖာပေါ်တွင်ထိုင်ကာ သူ့ကိုစောင့်နေသည်။
သူထိုင်လိုက်တာနဲ့ သူတို့ ဗီလာကိုဝင်လာတုန်းက တွေ့ခဲ့ရသည့် ဧည့်ခန်းဆိုဖာပေါ်က လူတွေကို တွေ့လိုက်ရသည်။
စုစုပေါင်းငါးဦးရှိပြီး အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။
မိန်းကလေးထဲက တစ်ယောက်က သူမဘေးက လူငယ်ကိုပြောလိုက်သည်။ “အဲဒါက ဥက္ကဋ္ဌရှန်ခေါ်လာတဲ့ ကောင်လေးမလား? ဘာလို့တစ်ယောက်တည်းထိုင်နေတာလဲ? သနားစရာပဲ၊ ငါတို့နဲ့ကစားဖို့ ခေါ်လိုက်ရမလား?”
လူငယ်က ရယ်မောကာပြောလိုက်သည်။ “ဥက္ကဋ္ဌရှန် စိတ်ဆိုးသွားမှာ မကြောက်ဘူးလား”
မိန်းကလေးကပြောသည်။ “ဥက္ကဋ္ဌရှန်က ဘယ်သူ့အတွက်မှ ခံစားချက်မရှိဘူးလို့ပြောကြတယ်။ ဒီကောင်လေးကလည်း အချစ်စစ်မဖြစ်နိုင်ဘူး၊ သူက ကလပ်ဟောက်စ်ကလာတာ ဖြစ်နိုင်မလား၊ အဲ့ဒီမှာအရင်က ထိပ်တန်းကျောင်းသားရှိတယ်မလား? သူက သူနဲ့တူတယ်။”
လူငယ်: “အဲ့ကိုသွားမေးကြည့်မလား”
အများစုက သဘောတူပြသည်၊ မေးခွန်းတစ်ခုပဲမဟုတ်လား..
ရှန်းယုဟန်က သူ့ဖုန်းကိုထုတ်ကာ ခေတ်သစ်လူသားတွေ ရေပူစမ်းဘယ်လိုစိမ်လဲ သိချင်နေသည်။ သူက ဝဘ်ဆိုက် (website) ကိုမဖွင့်နိုင်မှာ မနီးမဝေးမှလူတွေ သူ့ဆီလျှောက်လာတာကို တွေ့လိုက်ရပြီး သူ့ဘေးကဆိုဖာမှာ လာထိုင်ကြသည်။
ရှန်းယုဟန်သည် တခြားသူများက အကြောင်းမရှိ သူ့ကိုချဥ်းကပ်လာတာကို မကြိုက်ပေမယ့် သူက ဘာမှမပြောနိုင်ပေ။
အမျိုးသားထဲက တစ်ယောက်က လက်သီးတစ်ဆုပ်စာသာဝေးသော သူ့ဘေးမှာထိုင်လိုက်သည်။
ရှန်းယုဟန်က ထိတ်လန့်ကာ မတ်တပ်ထရပ်လိုက်ပြီး သူက သူတို့ကို အာရုံမစိုက်ချင်ပေ။
သို့သော် ထိုလူတွေက ပါးစပ်ဖွင့်လာသည်။
အညိုရောင်ဆံပင်ကောက်ရှိသော ယောကျာ်းတစ်ယောက်က သူ့လေဖောင်းဂျာကင်ထောင့်ကို ရုတ်တရက်ဆွဲကာ ပရော်ပရည်လုပ်လာသည်။ “ဟေး၊ ကောင်ချောလေး၊ အလျင်မလိုပါနဲ့၊ ဥက္ကဋ္ဌလျန်က ဘာကြိုက်လဲပြောပြပေး၊ သူက မင်းအပေါ်ကောင်းလား? သူတကယ်ကောင်းလား မကောင်းဘူးလား? ကလပ်ထဲမှာ မင်းလိုအလှလေးတွေ ရှိသေးရင် ငါနဲ့မိတ်ဆက်ပေးပါ။”
ရှန်းယုဟန်၏မျက်နှာက တင်းမာသွားသည်၊ ဒီဆန်ကုန်မြေလေးတွေက သူ့ကိုလာစနေတာပဲ အရှက်မရှိလိုက်တာ!
သူက လှည့်ပတ်ကြည့်လိုက်ပေမယ့် တခြားဘယ်သူ့ကိုမှမတွေ့တော့ အနည်းငယ်ကြောက်နေခဲ့ပြီး နေရခက်နေသည်။ သူ့အဝတ်အစားထောင့်ကို သူစိမ်းတစ်ယောက်က ဆွဲထားတယ်!
သို့သော် ထိုအချိန်မှာ သူက တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “လွှတ်ပါ၊ ငါမင်းတို့ကိုမသိဘူး။”
ဆံပင်အညိုရောင်ရှိသော အမျိုးသားက အဝါရောင်သွားများကို ဖြဲပြကာ ပြောလိုက်သည်။ “ခဏထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်ကြမယ်၊ ငါတို့က မင်းနဲ့သူငယ်ချင်းဖြစ်ချင်ရုံပါ။”
ရှန်းယုဟန်က အော်ဂလီဆန်နေသည်။ “ငါမင်းတို့နဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး”
ရှန်းယုဟန်၏ ဂျာကင်ကိုဆွဲထားသော အမျိုးသားက သူ့ကံကိုစွန့်စားကာ ရှန်းယုဟန်၏လက်ကိုကိုင်ဖို့ ကြိုးစားနေပြီး ကံကောင်းစွာပင် ရှန်းယုဟန်က အမြန်နောက်ဆုတ်ပြီး ရှောင်တိမ်းလိုက်သည်။
“သိက္ခာရှိရှိပြုမူပါ!” ရှန်းယုဟန်က ဒေါသထွက်သွားသည်။ ဒီလူတွေက နေ့ခင်းကြောင်တောင် ဘာလုပ်ချင်တာလဲ?
ဆံပင်အညိုရောင်အမျိုးသားက ထပ်ပြောလိုက်သည်။ “တကယ်ကို သူငယ်ချင်းဖြစ်ချင်ရုံပါ၊ မင်းဆေးလိပ်သောက်ပြီး နတ်သားတစ်ပါးလို ပျော်ချင်လား?”
ရှန်းယုဟန်၏ မျက်လုံးများက အနည်းငယ် နက်မှောင်သွားသည်။ “ကျေးဇူးပြုပြီး သွားကြပါတော့။”
အညိုရောင်ဆံပင်အမျိုးသားက လှောင်ပြောင်လိုက်သည်။ “သူက ကလပ်ဟောက်စ်ကမဟုတ်ဘူးလား၊ ယောကျာ်းတစ်ယောက်နဲ့အိပ်ပြီး မြင့်မြတ်သလိုလုပ်နေတယ်။ ကောင်ချောလေး၊ အကိုဖူကို မျက်နှာသာမပေးဘူးလား? အရမ်းရှက်စရာကောင်းတာပဲ၊ ငါနဲ့လိုက်ခဲ့ပါလား၊ မင်းတစ်ဘဝလုံးကောင်းစားဖို့ အာမခံပေးနိုင်ပါတယ်။”
ရှန်းယုဟန်၏ မျက်လုံးများက ထိုလူ၏အရှက်မဲ့သောစကားများကြောင့် နီရဲလာသည်။ ရွံစရာကောင်းလိုက်တာ!
ထိုအချိန်မှာ လူတစ်စုက သူ့ရှေ့ရောက်လာပြီး ရှန်းယုဟန်က သူတို့နဲ့အတူ သူ့ခင်ပွန်းပါလာတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးများက နီရဲနေပြီး သူက သူ့ဂျာကင်ကိုဆွဲထားသော အညိုရောင်ဆံပင်ရှိသည့် လူ၏လက်မှ အားနဲ့ရုန်းထွက်လိုက်ပြီး သူ့ခင်ပွန်းဆီပြေးသွားခဲ့သည်။ “ယောကျာ်း!”
ရှန်ချီဟွမ်းက ရှန်းယုဟန်အပေါ် အမှားလုပ်တာကို လုံးဝသည်းမခံနိုင်ပေ၊ သူရောက်လာတော့ ဒီလူတွေ ပါးစပ်ဖွင့်ပြီး သူ့ဇနီးကိုအရှက်ခွဲဖို့ ညစ်ညမ်းသော စကားလုံးများပြောနေတာကို ကြားလိုက်ရပြီး ရှန်းယုဟန်တင် ဒေါသထွက်နေတာမဟုတ်ပဲ သူကလည်း ဒေါသထွက်နေခဲ့သည်။ သူက ရှန်းယုဟန်ကို ဖမ်းပြီးနောက် သူ့နောက်ကျောကို ပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။ ထို့နောက် အမြန်ရှေ့တိုးကာ အညိုရောင်ဆံပင်နဲ့လူ၏ ဗိုက်ကိုကန်ပစ်လိုက်သည်။
“ဘယ်လိုခွေးစကားပြောပြီီး..ငါ့ဇနီးကိုထိရဲတာလဲ!!”
အညိုရောင်ဆံပင်အမျိုးသားက မြေပြင်ပေါ် တွန်းချခံလိုက်ရပြီး တခြားလူများစွာက မမျှော်လင့်ထားသော ကန်ချက်ကြောင့် ထိတ်လန့်သွားကာ ဖြူဖျော့သွားပြီး အညိုရောင်ဆံပင်ရှိသောလူကို မကူညီရဲကြပေ။
ရှန်ချီဟွမ်းနှင့် ယခုလေးတင်တွေ့ခဲ့ပြီး အတူလိုက်လာသော လျှိုထန်နဲ့ တခြားသူငယ်ချင်းနှစ်ယောက်က ရုတ်တရက် လန့်ဖျပ်သွားခဲ့သည်။
ရှန်ချီဟွမ်းက လူတစ်ယောက်အတွက် ဒီလောက်ဒေါသထွက်တာ သူတို့ဘယ်တုန်းကမြင်ဖူးလို့လဲ!
လူငယ်ထဲကတစ်ယောက်က အလွန်ကြောက်လန့်နေသည်။ “ဥက္ကဋ္ဌရှန်၊ ကျွန်တော်တို့ တမင်လုပ်တာမဟုတ်ပါဘူး…”
ရှန်ချီဟွမ်းကို လျှိုထန်က ဖိတ်ခဲ့တာဖြစ်ပြီး သူက သူ့သူငယ်ချင်းကောင်းလည်းဖြစ်သည်။ ဒါကြောင့် သဘာဝဆန်စွာ လျှိုထန်က သူငယ်ချင်းဘက်က ရပ်တည်ပေးပြီး အနည်းငယ်အရှက်ရနေခဲ့သည်။ ဒါတွေကဘာတွေလဲ…. “မင်းတို့ကိုဘယ်သူအထဲဝင်ခွင့်ပေးခဲ့တာလဲ၊ ဗီလာကနေချက်ချင်းထွက်သွား၊ ပြီးတော့ မင်းတို့ကို ဒီမှာ ထပ်မမြင်ရစေနဲ့!”
“လျှို၊ ဥက္ကဋ္ဌလျှို!”
လျှိုထန်ကလည်း ခွေးမသားကို ထပ်ကန်လိုက်သည်။ “ထွက်သွား”
ထိုမှသာ ဒီလူတွေက ပျားအုံကို တုတ်နဲ့ထိုးမိမှန်းသိသွားခဲ့ပြီး ဒီနေရာကို ခေါ်ခံလာရသူများက ဧည့်သည်များကို ဧည့်ခံနေသောလူကို တကယ်တွေ့လိုက်ရပြီး ဒီထက်ဆိုးတာဘာမှမရှိတော့ပေ။
လူငါးယောက်က စိတ်ပျက်အားငယ်စွာ လူးလိမ့်ထွက်သွားကြပေမယ့် ရှန်းယုဟန်က မသက်မသာဖြစ်နေပြီး သူက ရှန်ချီဟွမ်း၏ ကုတ်အင်္ကျီကို ကိုင်ကာ သူ့လက်မောင်းထဲမှာ အသက်ရှူမဝအောင် ငိုနေသည်။ သူက အလွန်ဝမ်းနည်းစွာ ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်…ကျွန်တော်ညစ်ပတ်သွားပြီ…..”