Chapter 43.1
“မအေးပါဘူး။”
ရှန်းယုဟန်ကိုနှစ်သိမ့်ရင်း အလုပ်ရှုပ်နေသော ရှန်ချီဟွမ်းက သူနားကြားမှာတာလို့ထင်ပြီး ပြန်မေးလိုက်သည်။ “မညစ်ပတ်ပါဘူး။ ဘယ်နေရာညစ်ပတ်တာလဲ?”
ရှန်းယုဟန်က ရှိုက်ကာပြောလိုက်သည်။ “ကုတ်အင်္ကျီ” သူက အရမ်းလန့်နေတာကြောင့် ကုတ်ဆိုသောစကားကိုမေ့သွားသည်။ အရှက်မရှိသော လူယုတ်မာကောင်က သူ့အဝတ်အစားထောင့်ကို ယခုလေးတင်ထိသွားခဲ့ပြီး သူက အဝတ်အစားညစ်ပတ်သွားပြီလို့ ခံစားခဲ့ရပြီး ထပ်မဝတ်ချင်တော့ပေ။ သူ့တစ်ကိုယ်လုံးမသက်မသာဖြစ်နေသည်!
ရှန်ချီဟွမ်းက ထိုလူ၏ ဝက်ဆားနယ်လက်ကို ခုတ်ထစ်ချင်ပြီး သူကန်လိုက်တာ မလုံလောက်ဘူးလို့ ခံစားလိုက်ရသည်။ သူရှေ့မှာ ရှန်းယုဟန်ကို အနိုင်ကျင့်တာက သေချင်နေတာပဲ!
သူ့စိတ်ထဲမှာ ပြန်သွားပြီး လျှိုထန်ကို တစ်ဖက်လူအား သင်ခန်းစာနောက်တစ်ခုပေးခိုင်းဖို့ တွေးထားပေမယ့် သူ့ပါးစပ်က ရှန်းယုဟန်ကို ညင်ညင်သာသာ ချော့လိုက်သည်။ “အစားထိုးလိုက်”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ရင်ဘတ်ပေါ်မှာ ခေါင်းမြှုပ်ထားပြီး ရှိုက်နေကာ တိုးတိုးလေးပြောလိုက်သည်။ “ဒါပေမယ့် ကျွန်တော်ကုတ်အပိုမယူလာမိဘူး။” သူက ထိုရွံစရာကောင်းသည့်လူ၏ အထိခံရပြီးနောက် သူ့အဝတ်အစားညစ်ပတ်သွားပြီဟုတွေးကာ ဆိုးဆိုးရွားရွား ခံစားနေရသည်။
ရှန်ချီဟွမ်းက သူ့နောက်ကျောကိုပုတ်ကာ သူဆက်ငိုနေရင် ရေနစ်တော့မည်။ “မင်းငါ့ကုတ်ကို ဝတ်ထားလိုက်ပါ။”
ထိုအချိန်မှာ အနီးနားမှာရပ်နေသော လျှိုထန်က မျက်မှန်ကိုချိုးလုနီးပါးဖြစ်ကာ ကြားဖြတ်ပြောလိုက်သည်။ “တင်းချွမ်နဲ့ သူ့ဇနီးက အခုထိထွက်မလာသေးဘူး။ ငါသူ့တို့ကို လေဖောင်းဂျာကင် အသစ်တစ်ထည်ယူလာဖို့ပြောလိုက်မယ်။
ရှန်ချီဟွမ်းက လျှိုထန်ကိုကြည့်ကာ သူ့သူငယ်ချင်း၏ပါးနပ်မှုကို သဘောကျသော အကြည့်တစ်ချက်ပေးခဲ့ပြီး ရှန်းယုဟန်ကိုပြောလိုက်သည်။ “သူတို့ယူလာရင် မင်းပြောင်းဝတ်လိုက်။”
“အွန်း” ရှန်းယုဟန်က တုံ့ဆိုင်းစွာလက်ခံခဲ့ပြီး သူ့တစ်ကိုယ်လုံးမသက်မသာဖြစ်နေလို့ သူက သူ့ခင်ပွန်းကို အားကိုးတကြီးမှီထားခဲ့သည်။
လျှိုထန်က သူတို့ကို သီးသန့်ခန်းကိုခေါ်သွားခဲ့ပြီး ရေပူစမ်းအပန်းဖြေစခန်းကို ငှားပြီးနောက် မီးဖိုချောင်လည်းပါဝင်ပြီး နောက်နှစ်ရက်အတွင်း ရေပူစမ်းတစ်ခုလုံးမှာ ဤဧည့်သည်အုပ်စုကိုသာ ဝန်ဆောင်မှုပေးမှာဖြစ်သည်။
လူအချို့ကထိုင်လိုက်ပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ဂျာကင်ကိုချွတ်ပေးလိုက်သည်။
အခန်းထဲမှာ အပူချိန်ရှိတာကြောင့် ကုတ်မဝတ်လည်း အဆင်ပြေသည်။ ရှန်းယုဟန်က ထိုအရာကိုတွေ့ကြုံပြီးနောက် တစ်ယောက်တည်းမနေရဲတော့ပဲ သူ့ခင်ပွန်းနောက် တကောက်ကောက်လိုက်နေသည်။
ရှန်ချီဟွမ်းသည် ရှန်းယုဟန် အရင်က ကျောင်းလူဆိုးဖြစ်ခဲ့ဖူးတာကိုသိပြီး အခုချိန်မှာ ဘာလို့အဲ့လောက်ရှက်နေရတာလဲလို့ တွေးနေပေမယ့် ထိုအရာက သူ့ရင်ထဲကကာကွယ်ချင်စိတ်ကို နှိုးဆွပေးခဲ့သည်။ သူ့မျက်လုံးနီရဲနေတာကိုတွေ့တော့ သူက ရှန်းယုဟန်၏ အတိတ်က ကြီးကျယ်သောအောင်မြင်မှုကို မတွေးတော့ပေ။ ထိုသည်မှာ ဟန်ဆောင်ခဲ့တာဖြစ်နိုင်ပြီး သူက သူ့ကို တခြားသူများနှင့် မထားခဲ့ရဲတော့ပေ။
ရှန်ချီဟွမ်းက ထိုခွေးမသားတွေကို တစ်စစီလုပ်ပစ်ချင်သည်။
သို့သော် အရေးကြီးဆုံးက ရှန်းယုဟန်၏အာရုံကို လွှဲဖို့ဖြစ်ပြီး ရှန်းယုဟန်က ထိုအမှိုက်များကြောင့် လန့်နေတာသိသာသည်။
ရှန်ချီဟွမ်းက မနေနိုင်တော့ပဲ လျှိုထန်ကိုကြည့်လိုက်သည်။ “မင်းဘာလို့ လူတကာကိုဖိတ်ထားတာလဲ?”
လျှိုထန်က နေရခက်စွာပြုံးလိုက်သည်။ “ငါက ဂရုထဲမှာကြေညာရုံပဲ၊ သူတို့ လူပေါင်းစုံကိုခေါ်လာမယ်ဆိုတာ ငါဘယ်လိုသိမှာလဲ၊ ငါက အဲ့ဒီလူရှုပ်တွေကို မောင်းထုတ်ဖို့ပြောလိုက်ပြီ၊ ရောက်မလာသေးတဲ့လူတွေကိုလည်း လူခေါ်မလာဖို့ပြောထားတယ်။”
ရှန်ချီဟွမ်းခေါ်ဆောင်လာသော သူငယ်ချင်းလေးကို တိုက်ရိုက်ထိတ်လန့်စေခဲ့တဲ့ ကျက်သရေမရှိတဲ့အရာဖြစ်လာမယ်လို့ ဘယ်သူကသိခဲ့မှာလဲ!
လျှိုထန်က သူ့ကိုအကြာကြီးကြည့်နေပေမယ့် ရှန်းယုဟန်ဘယ်သူလဲဆိုတာကို မမှတ်မိပေ။
ရှန်ချီဟွမ်းက မျက်ရည်သုတ်ပေးဖို့သာ ဂရုစိုက်နေပြီး သူတို့ကိုမိတ်မဆက်ပေးတာကြောင့် သူတို့သုံးယောက်က သိလိုစိတ်ပြင်းပြနေသည်။
“လောင်ရှန်၊ မင်းဘာလို့ သူ့ကိုငါတို့နဲ့ မိတ်မဆက်ပေးတာလဲ?” လျှိုထန်က အရှက်မရှိ သူ့ကိုယ်သူ ထိုးပြလိုက်သည်။
ရှန်ချီဟွမ်းက သူ့ကို ထိုသုံးယောက်နဲ့ အရင်မိတ်ဆက်ပေးလိုက်သည်။ တစ်ယောက်က လျှိုထန်၊ တခြားနှစ်ယောက်က အတူကစားလေ့ရှိသည့် လုဖုန်းနဲ့ ကျန်းရှောင်ဖြစ်သည်။ ထို့နောက် စိတ်မကြည်သလိုပြောလိုက်သည်။ “မင်းတို့ခယ်မ.. ရှန်းယုဟန်။”
ရှန်းယုဟန်က စိတ်မကြည်တာကြောင့် သူ့စကားကို သံယောင်လိုက်ကာ မေးလိုက်သည်။ “ခင်ဗျားက အခုထိ အလေးအနက်မထားဘူးလား?”
လူချော့နေသော ရှန်ချီဟွမ်းက ကမန်းကတန်းပြောလိုက်သည်။ “အဲ့လိုမဟုတ်ပါဘူ။ သူတို့က လေးနက်မှုမရှိတာ။”
ရှန်ချီဟွမ်း လူချော့တာကို ပထမဆုံးအကြိမ်တွေ့ရသော လျှိုထန်တို့သုံးယောက်က စိတ်ကူးယဥ်ဆန်တယ်လို့ တွေးလိုက်သည်။
“ခယ်မလေး၊ လောင်ရှန်က ငါတို့ကိုနောက်နေတာပါ။” ထိုမှသာ ရှန်းယုဟန်က လောင်ရှန်လက်ထပ်ထားသော တစ်ယောက်မှန်း လျှိုထန်ကသိသွားခဲ့သည်။ သူအနီးကပ်ကြည့်တော့ မင်္ဂလာပွဲနေ့ကတစ်ယောက်လို့ ပြောနိုင်ပေမယ့် နှစ်လအတွင်းမှာ ပြောင်းလဲမှုကကြီးနေသည်။ “ငါတို့က ခယ်မလေးကို မမှတ်မိလို့မဟုတ်ပါဘူး။”
ရှန်းယုဟန်က ငိုသာငိုနေပြီး ခယ်မတစ်ယောက်အနေနဲ့ ဂုဏ်သိက္ခာမရှိခဲ့ဘူးလို့ ခံစားမိတဲ့အတွက် ဘာမှမပြောတော့ပေ။
ချီတိုင်းပြည်မှာဆိုရင် သူက ခံစားချက်ကိုထိန်းညှိဖို့ ဘေးခန်းကိုသွားမှာဖြစ်ပေမယ့် လက်ရှိမှာ သူက ရှန်ချီဟွမ်း၏ သူငယ်ချင်းများဝန်းရံတာကိုခံလိုက်ရပြီး စိတ်မသက်မသာဖြစ်လာသည်။
ရှန်ချီဟွမ်းက သူ့စိတ်အခြေအနေကို ဂရုစိုက်ပေးပြီး ပြောလိုက်သည်။ “နေ့လည်မှာ သူငယ်ချင်းနောက်တစ်ယောက် လာဖို့ရှိတယ်၊ အဲ့အချိန်ကျရင် သူနဲ့တွေ့ဖို့ ခေါ်သွားပေးမယ်၊ သူက အရင်တစ်ခေါက်က ငါတို့နှစ်ယောက်အတွက် ပြပွဲလက်မှတ်ပေးခဲ့တာ။”
“အွန်း” ရှန်းယုဟန်က နာခံစွာခေါင်းညိတ်လိုက်ပြီး သူက ရှန်ချီဟွမ်းဘေးမှာထိုင်နေပြီး မလှုပ်တော့ချေ။
လျှိုထန်တို့သုံးယောက်က သူတို့မြင်ခဲ့ရတာကို အံ့အားသင့်နေကာ လောင်ရှန်၏ကြင်စဦးဇနီးက အားကိုးရာမဲ့နေသည့် ငှက်တစ်ကောင်နှင့်တူပြီး ထိုသည်မှာ လီရှီးမင်း၏ ဆိုရိုးစကား ‘နူးညံ့သိမ်မွေ့တဲ့ငှက်တစ်ကောင်ကို နူးညံ့စွာဆက်ဆံရမယ်'ကို သက်သေပြပေးနေသည်။
ဒီနေ့မတိုင်ခင်မှာ သူတို့က ပိုက်ဆံရှာဖို့ပဲစိတ်ဝင်စားသည့် ရှန်ချီဟွမ်းမှာ ဇနီးကျွန်အဖြစ် ပြုမူသောအခြမ်းရှိနေမယ်လို့ မထင်ထားခဲ့ပဲ ထိုကဲ့သို့ ကြင်နာပြီး စဥ်းစားပေးတတ်သည့်အပြုအမူက ဝိညာဥ်ပြောင်းသွားသော လူတစ်ဦးနှင့်တူသည်။ သူလက်မထပ်ခင်က ရှန်းယုဟန်က ရေထဲကျသွားပြီး ရေနစ်လုနီးပါးဖြစ်ခဲ့ပေမယ့် သူက လုံးဝမတုံ့ပြန်ခဲ့ပဲ လက်ထပ်ပြီးမှ ချစ်မိသွားခဲ့တာလား?
ရှန်းယုဟန်ရဲ့ဆွဲဆောင်မှုကဘာလဲ?
လျှိုထန်က ရှန်းယုဟန်အကြောင်း ကောင်းကောင်းသိပေမယ့် သူ့မှာ သံသယများလည်းရှိနေသည်။
လောင်ရှန်က သူအပြင်ထွက်ဖို့ ခေါ်ခဲ့စဥ်က သွားသောက်ဖို့တောင် ထွက်မလာတာပဲကြည့်တော့…. သူလာခဲ့ရင်တောင် ခဏလောက်ထိုင်ပြီး ပြန်သွားတာဖြစ်ပြီး လုံးဝမနေချင်ခဲ့ပေ။ အကြောင်းမှာ နွေးထွေးသောရနံ့ရှိသည့် သိမ်မွေ့သောကျောက်မျက်ရတနာက အိမ်မှာရှိနေလို့ဖြစ်သည်။
သူဝန်ခံရမှာက ရှန်းယုဟန်ကို အနီးကပ်ကြည့်တော့ သူ့မျက်နှာပေါက်က တကယ်ကိုပင် ဖော်မပြနိုင်လောက်အောင် နူးညံ့ပြီး သူ့မှာ လှပသောဖီးနစ်မျက်လုံးတစ်စုံရှိသည်။ ရှန်ချီဟွမ်းကို စကားပြောသော သူ့လေသံက ပျော့ပျောင်းပေမယ့် ပျော့ညံ့သည်ဟု မဆိုနိုင်ပဲ အမျိုးသားတစ်ယောက် ခံနိုင်ရည်မရှိသည့် မမြင်နိုင်သော ကလူကမြူသံနှင့်တူသည်။
လျှိုထန်က သိချင်နေသည်။ အရင်ကရှန်းယုဟန်လိုက်ခဲ့တဲ့ ရှန်ချီယွင်က သူ့ထိုးစစ်ကို ဘယ်လိုခံနိုင်ရည်ရှိခဲ့တာလဲ? သူကအရည်အချင်းမရှိလို့များလား? ဒါမှမဟုတ် ကန်းနေလို့လား?
ရှန်းယုဟန်ငိုပြီးနောက် သူ့တစ်ကိုယ်လုံးက အေးခဲနေသော ခရမ်းသီးအလား ညှိုးနွမ်းနေကာ ရှန်ချီဟွမ်းက သူ့ဇနီးကို ချော့တဲ့နေရာမှာ အတွေ့အကြုံရှိတာကြောင့် သူက အခန်းထဲက Coke ကိုသောက်ချင်ခဲ့တာကို မှတ်မိသွားပြီး စားပွဲထိုးကို ရေခဲမပါသည့် Coke တစ်ဘူးယူလာခိုင်းခဲ့သည်။
ထို့နောက် ရှန်ချီဟွမ်း၏ သူငယ်ချင်းသုံးယောက်က ရေစီးကဲ့သို့ လှုပ်ရှားသွားလာနေသည့် သူ့ကိုကြည့်နေသည်။ သူက Cokeဘူးကို ကျွမ်းကျွမ်းကျင်ကျင်ဖွင့်ပြီး ပိုက်တပ်ကာ ရှန်းယုဟန်ကို ကမ်းပေးလိုက်ပြီး အများကြီးမသောက်ဖို့ ဂရုတစိုက်ပြောနေသည်။
ရှန်ချီဟွမ်းက Cokeဘူးကိုခါယမ်းကာ အခန်းအပူချိန်ရှိလားကြည့်ဖို့ ကြိုးစားလိုက်သည်။ ဘာပြဿနာမှမရှိတာကိုတွေ့တော့ သူကရှန်းယုဟန်ကို ပေးလိုက်ပြီး “သုံးပုံတစ်ပုံပဲသောက်။”
“အိုကေ” ချိုမြိန်သောCokeဘူးကိုသောက်ကာ ယခုလေးတင် သွားရည်တစ်ဝက်ယိုနေသော ရှန်းယုဟန်၏မျက်လုံးများက ရုတ်တရက်တောက်ပလာပြီး သူက ရှန်ချီဟွမ်းကိုကြည့်ကာ ပြောလိုက်သည်။ “ကျေးဇူး..ယောကျာ်း”
လျှိုထန်တို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုဖြင့် ကြည့်လိုက်သည်။
သူတို့က လောင်ရှန်ကို နှစ်အတော်ကြာအောင် သိခဲ့ကြပြီး ဒီနေ့မှသာ သူဘယ်လိုမျိုးကိုကြိုက်တယ်ဆိုတာ သိခဲ့ရသည်!
သူက နူးညံ့သိမ်မွေ့သော အလှလေးကိုကြိုက်ပြီး ဘုရားသခင်က သူ့ကိုဂရုဏာသက်သွားလို့ တိုက်ရိုက်လက်ထပ်ပေးခဲ့သည်။
အရေးကြီးဆုံးက အလှလေးကလည်း လောင်ရှန်ကို အလုံးစုံမှီခိုပြီး သူ့ပါးစပ်ဖွင့်တိုင်း ယောကျာ်းဟုခေါ်နေ၏။ ဒါက လောင်ရှန်ကိုပျော်ရွှင်စေလို့ သူ့စိတ်နှလုံးမှာ ပန်းပွင့်သွားမှာကိုတောင် စိုးရိမ်မိသည်။
သူတို့အမြင်မှာ လောင်ရှန်က အချစ်မှာနစ်မွန်းနေပြီး ကယ်တင်လို့မရတော့ချေ။
လျှိုထန်က တကယ်ကိုစိတ်ပူနေပြီး တစ်ချိန်တည်းမှာ ပျော်လည်းပျော်သည်။
ရှန်းယုဟန်က Cokeတစ်ဝက်လောက်ကိုသောက်ပြီး စိတ်ကပိုကြည်လာသည်။ ရှန်ချီဟွမ်းက သူသောက်လို့ကုန်တော့မှာကိုတွေ့တော့ Cokeဘူးကိုယူပြီး စားပွဲပေါ်တင်လိုက်သည်။ ရှန်းယုဟန်က နှမြောတသကြည့်နေပြီး နောက်မှ ရှန်ချီဟွမ်းစကားပြောနေစဥ် နည်းနည်းလောက်ခိုးသောက်လိုက်မည်။ အဲ့ဒါကတကယ်ကိုအရသာရှိပြီး ခေတ်သစ်လူငယ်များ၏ အကြိုက်ဆုံးအအေးတစ်ခုဖြစ်သည်။ နောက်တစ်ခါကျရင် နို့လက်ဖက်ရည်သောက်ကြည့်ဦးမည်။ အဲ့ဒါက နေ့လည်သောက်ရင် ပိုကောင်းတယ်လို့ ကြားဖူးသည်။
လက်ရှိအပြင်လူတွေကိုရင်ဆိုင်ရာတွင် ရှန်းယုဟန်၏ စိတ်နေသဘောထားက သာမန်ပြန်ဖြစ်သွားပြီး သူက သူ့ခင်ပွန်းနှင့် အလွန်နီးကပ်စွာမနေတော့ပေမယ့် မတ်မတ်ထိုင်ပြီး စားပွဲထိုးက အစားအသောက်လာချပေးမှာကို မျှော်နေသည်။
သူက တခြားသူတွေရှေ့မှာ ကြွားချင်ပေမယ့် သူကြွားဖို့တောင် မလိုပေ။ သူ့ခင်ပွန်းက သူ့အတွက် ဟင်းပွဲများကို တိုက်ရိုက်ချပေးကာ သူစားချင်တာကိုယူပေးနေပြီး ထို့နောက် လျှိုထန်တို့နှင့် စကားပြောကာ ဝိုင်သောက်နေသည်။
လျှိုထန်က ရှန်းယုဟန်၏စိတ်ခံစားချက်များ အပြောင်းအလဲသိပ်မရှိတော့တာကို သတိထားမိပြီး ထိုမှသာ သူကမေးလိုက်သည်။ “ခယ်မလေး၊ ငါမင်းရဲ့လက်ရေးလှနဲ့ပန်းချီကို အင်တာနက်မှာတွေ့ခဲ့တယ်။ ငါစုဆောင်းဖို့ တစ်ခုလောက်ဆွဲပေးပါ။ နောက်ကျရင် ငါမတတ်နိုင်မှာကို စိုးရိမ်မိတယ်။”
သူတို့က ရှန်ချီဟွမ်း၏ သူငယ်ချင်းဖြစ်၍ ရှန်းယုဟန်က ပြောလိုက်သည်။ “ကျွန်တော့်လက်ရေးလှက သာမန်ပါပဲ။ စိတ်မရှိရင် ကျွန်တော်ခင်ဗျားအတွက် လက်ရေးလှတစ်စောင်ပေးပါမယ်။ ဒါမှမဟုတ် ခင်ဗျားလိုချင်တဲ့ ပန်းချီရှိလား?”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “သူ့အတွက် အလကားလုပ်ပေးစရာမလိုဘူး။ သူက ချို့တဲ့မနေဘူး။ မုန့်ဖိုးအပိုတချို့ရအောင် သူ့ကိုရောင်းလိုက်။” သူက ရှန်းယုဟန်အတွက် တစ်ခုခုရှာပေးချင်ပြီး လျှိုထန်က သူ့ကိုဖြည့်စွက်ပေးချင်သဖြင့် သူက ထိုအကြံကိုအဆင်သင့်ရခဲ့သည်။
ရှန်းယုဟန်က နာမည်ကြီးလက်ရေးလှ ပန်းချီဆရာမဟုတ်ဘူးဆိုတာ သူ့ကိုယ်သူ ဘာလို့မသိရမှာလဲ….ဒါကြောင့် သူ့ခင်ပွန်း၏သူငယ်ချင်းဆီမှ ပိုက်ဆံရှာတာ ရှက်စရာကောင်းပေမည်။
သို့သော် သူက လက်ရှိမှာ ပိုက်ဆံပြတ်လတ်နေသဖြင့် အခွင့်အရေးယူလို့တော့ရသည်။
“ဒါဆိုဘယ်အချိန်လိုချင်လဲ?”
“ဘယ်အချိန်ဖြစ်ဖြစ်ရတယ်၊ ဗီလာပိုင်ရှင်ကလည်း လက်ရေးလှနဲ့ပန်းချီကားကို သဘောကျတာ မှတ်မိသေးတယ်၊ သူ့မှာ စုတ်တံနဲ့မှင်ရှိလောက်တယ်။ နောက်နှစ်ရက်မှာ မင်းအားတဲ့အခါ ငါ့အတွက် စကားလုံးအနည်းငယ်လောက် ရေးပေးပါ။”
“ကောင်းပါပြီ၊ ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်။”
စားပွဲထိုးက လတ်လတ်ဆတ်ဆတ်ကင်ထားသော ခိုသားကို စားပွဲပေါ်လာချပေးပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းက ခိုကင်စားချင်လား?”.
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ “စားချင်တယ်”
ရှန်ချီဟွမ်းက သူ့ကို အမွှေးဆုံးနဲ့ အကြွပ်ဆုံး ခိုခြေထောက်ကိုပေးလိုက်သည်။
ရှန်းယုဟန်က ခိုကင်ကို အကြော့ရှင်းဆုံးနည်းဖြင့် စားဖို့ကြိုးစားခဲ့ပြီး ရှန်ချီဟွမ်းကိုတီးတိုးပြောလိုက်သည်။ “ယောကျာ်း၊ အရေပြားက အရသာအရှိဆုံးထင်တယ်၊ အသားက မီးနည်းနည်းကျွမ်းနေတယ်။”
ရှန်ချီဟွမ်းက တစ်ကိုက်မြည်းပြီး သဘောတူလိုက်သည်။ “တကယ်ပဲ”
လျှိုထန်တို့သုံးယောက်က ကျန်တဲ့ခိုကင်များကိုစားကာ အားလုံးကအရသာရှိနေသည်။
“ခယ်မလေး၊ ဒီက အစားအစာက သာမန်ပဲ၊ နောက်တစ်ခါ ငါမင်းကို သီးသန့်စားသောက်ဆိုင်တစ်ခုကို ခေါ်သွားပေးမယ်။ အဲ့ဒီက ခိုကင်က ပိုကောင်းတယ်။”
“ကောင်းပြီ” ရှန်းယုဟန်က ခတ်သစ်အစားအစာက အရသာမျိုးစုံရှိကြောင်းသိသွားခဲ့သည်။ ဒါပေါ့ သူက အရသာပိုရှိသည့် အစားအစာကို စားဖူးပေမယ့် သူတို့ကို ပြောပြလို့တော့မရပေ။
“ဘာကိုကောင်းပြီလဲ၊ သူများဖိတ်တိုင်း သွားမှာလား?” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မဆင်ခြင်သော အပြုအမူကို စိတ်မပူပဲ မနေနိုင်ပေ။
“ယောကျာ်းမသွားရင် ကျွန်တော်လည်းမသွားပါဘူး။ ခင်ဗျားသွားမှ ကျွန်တော်လိုက်မယ်။” ရှန်းယုဟန်က အပြုံးတစ်ခုနဲ့ပြောလိုက်ပြီး သူ့မျက်လုံးများက ငိုထားလို့ ရောင်နေဆဲဖြစ်ပြီး ပြုံးလိုက်တော့ သနားစရာပိုကောင်းနေပေမယ့် သူက ရှန်ချီဟွမ်းကို ချော့ရာမှာ အောင်မြင်ခဲ့သည်။
သူ့ခင်ပွန်းကခေါင်းညိတ်ကာ ပြောလာသည်။ “ဒီလိုမှပေါ့၊ မဟုတ်ရင် မင်းလှည့်ဖြားခံရရင်တောင် သိမှာမဟုတ်ဘူး။”
လျှိုထန်က ရင်ထဲကနေကျိန်ဆဲလိုက်သည်။ ငါက မင်းမိန်းမကို ဘာလို့လှည့်ဖြားရမှာလဲ!
လောင်ရှန်ဆိုတဲ့ ဒီဇနီးကျွန်အသစ်က တကယ်ကိုကြောက်ဖို့ကောင်းတာပဲ၊ သူက စကားတစ်ခွန်းနဲ့ အချော့ခံလိုက်ရတယ်၊ တကယ်လှည့်ဖြားခံနေရတာသူပဲ!
ဒါက လျှိုထန်ကိုယ်တိုင် သူ့အိပ်ရာပေါ်လွှတ်ပေးခဲ့တဲ့သူကို ထိဖို့ငြင်းဆိုခဲ့တဲ့ လောင်ရှန်လား? သူ့ဝိညာဥ်ကို တခြားတစ်ယောက်က ဝင်ပူးသွားတာလား? ဒါမှမဟုတ် ရှန်းယုဟန်ရဲ့ စိတ်ကြွဆေးပြားနဲ့ ဆေးခတ်တာကို ခံလိုက်ရတာလား?
သို့သော် ရှန်းယုဟန်က လှည့်ဖြားခံခဲ့ရလို့ သူ့ပိုက်ဆံတွေဆုံးရှုံးခဲ့ရတယ်ဆိုတာကို အားလုံးကသိသည်။
ဘယ်သူက အရင်ခြေလှမ်းခဲ့တာလဲ မသိနိုင်ပေ။