Chapter 44.1
“ရောင်စုံလိပ်ပြာ”
ရှန်းယုဟန်က ရေပူစမ်းမှာ ရေစိမ်းရင်း မေ့မြောသွားမယ်လို့ ဘယ်သူမှထင်မိမှာမဟုတ်ချေ။ ရှန်ချီဟွမ်းသာ စောစောရောက်မလာခဲ့ရင် အကျိုးဆက်က စဥ်းစားဖို့ပင် ကြောက်ဖို့ကောင်းလွန်းပြီး ယခုသူတွေးကြည့်တော့ အနည်းငယ်ကြောက်နေခဲ့သည်။
ရှန်ချီဟွမ်းက အဝတ်အစားကိုဝတ်နေစဥ် မိန်းမောနေပြီး ရှန်းယုဟန်နိုးလာသည့်အခါ ထိုအကြောင်းထပ်မတွေးဖို့ စိတ်ရင်းနဲ့မျှော်လင့်မိသည်။ ထိုသည်မှာ ရှက်စရာကလွဲ၍ တခြားမရှိပေ။
ရှန်းယုဟန်က နာရီဝက်ကြာပြီးနောက် နောက်ဆုံးမှာ အားပြန်ပြည့်လာပြီး သူ့စိတ်က ပြန်အလုပ်လုပ်လာသည်။
ယခုချိန်တွင် သူ့မျက်နှာတစ်ခုလုံးက စောင်ထဲမှာမြုပ်နေပြီး သူ့မျက်နှာက ပြုတ်ထားသောပုဇွန်လို ပိုနီလာခဲ့သည်။ ရှန်ချီဟွမ်းက သူ့ကို ကိုယ်လုံးတီးချွတ်ပေးပြီး သူက အောက်မှာဘာမှမဝတ်ထားပေ!
အဝတ်အစားဝတ်ပြီးနောက် ရှန်ချီဟွမ်းက လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်လိုက်ပြီး သူက ရှန်းယုဟန်မြင်နေကျ ရိုးဖြောင့်သောခင်ပွန်းဖြစ်ပြီး သူအဝတ်အစားချွတ်ပြီး ရေကူးဘောင်းဘီလဲခဲ့တာက လုံးဝမဖြစ်ဖူးခဲ့သလိုပင်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏မျက်နှာကို သူ့လက်ဖဝါးနှင့် နောက်ပြန်ကိုင်လိုက်သည်။ “ဘာလို့အဲ့လောက်ပူနေတာလဲ၊ ခုနက အေးခဲနေတာမဟုတ်ဘူးလား၊ မင်းခေါင်းမူးနေတုန်းလား?”
ရှန်းယုဟန်က ကုတင်အစွန်းမှာထိုင်နေသော ရှန်ချီဟွမ်းကို စေစေ့ကြည့်လိုက်သည်။ “ခေါင်းမမူးတော့ဘူး၊ ကျွန်တော်၊ ကျွန်တော် အဝတ်အစားဝတ်ချင်လို့”
“ဒါဆိုဝတ်လေ၊ ကုတင်ပေါ်မှာ တင်ထားတယ်။” ရှန်ချီဟွမ်းက ရှန်းယုဟန်၏ မျက်လုံးထဲက အရိပ်မမြွက်ကိုနားမလည်ပေ။
သူတို့နှစ်ယောက်အတူနေတာ နှစ်လကြာပြီဖြစ်ပေမယ့် ယနေ့လို ပွင့်လင်းရိုးသားမှုမရှိခဲ့။ ရှန်းယုဟန်က ရေချိုးပြီးနောက် ညအိပ်ဝတ်ကိုဝတ်ကာ ကြယ်သီးအကုန်တပ်ထားလေ့ရှိပြီး သူ့ခင်ပွန်း သူ့ကိုနမ်းနေစဥ် တစ်ခါတစ်ရံ ကြယ်သီးတစ်လုံးနှစ်လုံး ပြုတ်နေလေ့ရှိပြီး သူ့အပေါ်ပိုင်းနှင့် အောက်ပိုင်းကို စောင်အောက်မှာ အမြဲဖုံးထားသည်။
ရှန်းယုဟန်က ခဏလောက်တုံ့ဆိုင်းသွားပြီး စောင်ကို ညှပ်ရိုးထိဆွဲလိုက်သည်။ “ဒါဆို ခင်ဗျားဟိုဘက်အရင်လှည့်”
ရှန်ချီဟွမ်းက သူ့ကိုတစ်ချက်ကြည့်ကာ သူ့ညှပ်ရိုးပေါ်က မှဲ့နီလေးက ယဲ့ယဲ့လေးထင်ရှားနေသဖြင့် သူ့လည်စလုတ်က လှုပ်သွားကာ ပြောင်ပြောင်တင်းတင်း လိမ်ပြောလိုက်သည်။ “ငါမင်းကိုမစားနိုင်မှာကို စိုးရိမ်မိတယ်၊ ခန္ဓာကိုယ်က ပြားချပ်ပြီး ပိန်ညှောင်ခြောက်ကပ်နေတယ်၊ ကြည့်စရာဘာမှမရှိဘူး။”
ရှန်းယုဟန်က သူ့ခင်ပွန်း တမင်လုပ်နေမှန်းသိလို့ သူ့စောင်ကိုတွန်းကာ သေးကွေးပြီး အိစက်သော လက်မောင်းကိုဆန့်ပြီး ရှန်ချီဟွမ်း၏ခါးကိုတွန်းလိုက်သည်။ “လှည့်”
“မင်းက ရှက်နေသေးတယ်။” ရှန်ချီဟွမ်းက သူတို့အားလုံး အမျိုးသားတွေပဲလို့ ပြောချင်ပေမယ့် သူက ဒီလူနဲ့ပတ်သတ်သော အတွေးများကို စဥ်းစားမိသွားကာ ပြောမယ့်စကားကို မြိုချလိုက်ရသည်။
ရှန်ချီဟွမ်းက ဘေးကိုကြည့်ကာ သူက နေရာအားလုံးကိုကြည့်နိုင်ပေမယ့် နောက်ကိုတော့မကြည့်နိုင်၊ သူ့နောက်ကနေ အဝတ်အစားဝတ်နေသော အသံကိုသာကြားရသည်။ ရှန်းယုဟန်က အင်္ကျီဝတ်နေလား အတွင်းခံဝတ်နေလား စဥ်းစားမိသောအခါ ရှန်းယုဟန်ကို ရေချိုးခန်းထဲမှ မသယ်လာခင်က အချိန်ကိုပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
သူက သူ့လည်ပင်းကို ဘယ်ညာလှည့်ပြီး ခြောက်ဆယ်ဒီဂရီ ခေါင်းစောင်းလိုက်စဥ် ကုတင်ကိုမျက်နှာမူထားသော ဗီရိုမှန်ကိုတွေ့လိုက်ရပြီး ရှန်းယုဟန်၏ ဖြူဖွေးသောအသားအရေနှင့် ပိန်ပါးသော အပေါ်ပိုင်းကို အတွင်းကနေမြင်နေသည်။ သူက အင်္ကျီကိုဝတ်ပြီးနောက် ရှန်ချီဟွမ်းက မတတ်သာတော့ပဲ သက်ပြင်းချလိုက်သည်။ လှပတဲ့ရှုခင်းလေးပျောက်ကွယ်သွားပြီ။
ရှန်းယုဟန်က ရှန်ချီဟွမ်း လှည့်သွားတာကိုစောင့်ပြီး ကုတင်ပေါ်မှထကာ သူ့အဝတ်အစားများကို တစ်ထည်ချင်းဝတ်ဆင်လိုက်သည်။ သူက သူ့ခင်ပွန်း ဘေးစောင်းကြည့်နေတာကို သတိမထားမိခဲ့ပေ။
သူက အတွင်းခံဘောင်းဘီသေးသေးလေးကိုယူကာ ကုတင်ပေါ်တင်ဝတ်လိုက်၏။ ရှန်ချီဟွမ်းက သူအတွင်းခံဝတ်တာကိုမမြင်ပေမယ့် ရေကူးဘောင်းဘီချွတ်ခဲ့စဥ်က မြင်ကွင်းက သူ့စိတ်ထဲမှာပေါ်လာသည်၊ အကောင်ပေါက်လေးက အထဲမှာ တိတ်တဆိတ်လဲလျောင်းနေကာ အရောင်ကပန်းရောင်ဖြစ်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း မှန်ထောင့်ကနေ ငေးကြည့်နေပြီး မသိစိတ်က နှုတ်ခမ်းလျက်လိုက်တာကို မသိခဲ့ပေ။
သူက စောင်အောက်ကနေ ဘောင်းဘီကိုမဝတ်နိုင်တာကြောင့် စောင်ကိုတိုက်ရိုက်ဖွင့်ကာ ခြေတံနှစ်ချောင်းကိုဆန့်လိုက်ပြီး ကောဇောပေါ်မှာ ခြေချလိုက်သည်။ ဝါညိုနုရောင်ဘောင်းဘီရှည်က အနည်းငယ်ကွေးနေသော တင်ပါးကိုပတ်ထားသည်။ ဘောင်းဘီရှည်ဝတ်ပြီးနောက် မတ်တပ်ရပ်ကာ ရှည်တံရှည်ကို ဆန့်တန်းလိုက်ပြီး ဘောင်းဘီကြယ်သီးတပ်ပြီးနောက် ခေါင်းမေ့ာလာသည်။
ထိုအချိန်မှာ သူအံ့အားသင့်သွားခဲ့၏!
သူက သူ့ခင်ပွန်း၏မျက်နှာကို ကုတင်ဘေးကြည့်မှန်ကနေ မြင်လိုက်ပြီး ရှန်ချီဟွမ်း၏မျက်လုံးများ သူ့တစ်ကိုယ်လုံးပေါ်ရောက်နေတာကို တွေ့လိုက်ရသည်။
ရှန်းယုဟန်၏လက်က ဘောင်းဘီကြယ်သီးမှာရပ်သွားသည်။ “ယောကျာ်း…..ခင်ဗျား” သူ့မျက်လုံးများက ထိတ်လန့်သွားပြီး သူ့ခင်ပွန်းက သူက ပြားချပ်ပြီး ဆွဲဆောင်မှုမရှိဘူးလို့ ယခုလေးတင်ပြောခဲ့ပေမယ့် သူ့ကိုတစ်ချိန်လုံးကြည့်နေခဲ့သည်!
ရှန်းယုဟန်က “ခင်ဗျား” လို့သာ အတန်ကြာအောင်ပြောခဲ့ပြီး နောက်တစ်ခွန်းဘာပြောရမလဲမသိချေ!
ရှန်ချီဟွမ်းက အလွန်တည်ငြိမ်နေပြီး အပြစ်ရှိစိတ်လုံးဝမဝင်ပဲ ခိုင်လုံသောအကြောင်းပြချက်ကို ပြောလိုက်သည်။ “မှန်ကအဲ့မှာရှိနေလို့ပါ၊ ကြည့်စရာမလိုပါဘူး။ မင်းမှာလည်းရှိပြီး ငါ့မှာလည်းရှိတာကို ငါကြည့်လို့မရဘူးလား?”
ရှန်းယုဟန်က နှုတ်ခမ်းဖိပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူကစိတ်ဆိုးနေတာမဟုတ်ပဲ အနည်းငယ်ရှက်နေတာဖြစ်၏။ သူက ကွေးညွတ်နေသောမျက်တောင်ရှည်ကို အောက်ချကာ တိုးတိုးလေးပြောလိုက်သည်။ “ခင်ဗျားမကြည့်ပါဘူးလို့ ပြောခဲ့ပြီးတော့”
ရှန်ချီဟွမ်း လည်ချောင်းရှင်းလိုက်သည်။ “မင်းကိုကြည့်တော့ အသားပဲ့ပါသွားလို့လား၊ မင်းကိုကုတင်ပေါ်သယ်လာတုန်းကရော လုံလုံလောက်လောက် မကြည့်ခဲ့လို့လား? အရမ်းရှက်နေဖို့လိုလား?”
သူက ဆူပွက်မနေသောအိုးကို တကယ်ကောက်ကိုင်ခဲ့တာပဲ…. ရှန်းယုဟန်၏ မျက်လုံးများက ပိုနီသွားပြီး သူကသူ့ခြေထောက်ကိုပဲကြည့်ကာ ရှန်ချီဟွမ်းကိုမကြည့်ရဲတော့ပေ။
သူ့ခင်ပွန်းက ဘယ်လိုတောင် တည့်တိုးပြောနိုင်ရတာလဲ၊ အရမ်းရှက်စရာကောင်းတာပဲ!
သူက အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှာဆိုသော်ငြား သူ့ခန္ဓာကိုယ်က ကောနဲ့သိပ်မကွာတာကြောင့် သူ့ကိုယ်သူ တကယ့်အမျိုးသားလို အလုံးစုံဆက်ဆံလို့မရပေ။
သို့သော် သူ့ခင်ပွန်းက သာမန်အမျိုးသားများကိုကြည့်သလို သူ့ကိုကြည့်ခဲ့တာမဟုတ်ပဲ သူ့ကိုစားချင်သလို ကြည့်နေခဲ့သည်။
“ခင်ဗျားကိုမခေါ်တော့ဘူး။” ရှန်းယုဟန်က လှည့်ပြီး ခြေအိတ်ကိုရှာနေသည်။
ရှန်ချီဟွမ်းက သူနှင့် စကားများငြင်းခုံသည့် အလေ့အထထပ်ဖြစ်ခဲ့သည်ကို သိသွားသဖြင့် မတတ်သာတော့ပဲ ကုတင်ပေါ်မှာလှဲကာ သူ့ခါးကိုထိလိုက်သည်။
“ဟုတ်ပါပြီ၊ စိတ်မဆိုးပါနဲ့၊ ဒင်နာသွားစားကြမယ်။ ဒီနေ့မင်းအကြိုက် ဆောင်းမျှစ်ဆီပြန်ဟင်းရှိတယ်၊ သူတို့ကို တောင်ပေါ်ကနေ တိုက်ရိုက်တူးခဲ့တာလို့ကြားတယ်။ မင်းနောက်ကျရင် စားလို့မရတော့ပဲနေလိမ့်မယ်။”
ရှန်ချီဟွမ်းက သူ့အပြုအမူကို ချောချောမွေ့မွေ့ ပြောင်းလိုက်ပြီး လူချောသည့်နေရာမှာတော့ သူက အလွန်ရင်းနှီးသည်။
ရှန်းယုဟန်က ခါးကိုအထိခံလိုက်ရပြီး ယားတတ်သောနေရာကို မတော်တဆကလိထိုးမိသွားကာ စတင်ရယ်မောလာသည်။
သူလှည့်ကြည့်တော့ ရှန်ချီဟွမ်း၏ ဂနာမငြိမ်သော လက်ညိုးကိုတွေ့လိုက်ရသည်။ “ခါးကိုမထိုးနဲ့၊ ယားတယ်…ဟားဟားဟား”
ရှန်ချီဟွမ်းက မှောက်နေလျက် ရှန်းယုဟန်၏ခါးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး တခြားတစ်ဖက်ကို ခါးပေါ်တင်ကာ သူ့အနောက်က လက်ချောင်းကိုကွေးလိုက်ပြီး ရှန်းယုဟန်ကိုကြည့်ကာ ခြိမ်းခြောက်လိုက်သည်။ “ငါ့ကိုနမ်းရင်၊ လွှတ်ပေးမယ်။”
ရှန်းယုဟန်က သူ့ကိုအနိုင်မပေးချင်ပေမယ့် သူကဖိနပ်ဝတ်ဖို့ ကုတင်ပေါ်မှထချင်သည်။ သို့သော် ရှန်ချီဟွမ်းက သူ့ခါးကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားပြီး ရှန်းယုဟန်က တုံ့ပြန်မှုအားတစ်ခုကြောင့် နောက်ပြန်တွန်းခံလိုက်ပြီး ရှန်ချီဟွမ်းရင်ဘတ်ပေါ်မှာ လဲလျောင်းမိသွားသည်။ သူနဲ့မျက်နှာချင်းဆိုင်ရှိနေပြီး နှစ်ယောက်ကြားအကွာအဝေးက သုံးစင်တီမီတာထက် နည်းနေခဲ့သည်။
သူက သူ့ခင်ပွန်း၏နှုတ်ခမ်းကို အရင်က ရှင်ရှင်းလင်းလင်း မမြင်ဖူးပေ။ ပါးလည်းမပါး၊ နှုတ်ခမ်းပုံသဏ္ဍန်က အရမ်းလှပြီး ပန်းနုရောင်ရှိနေသည်။ ရှန်းယုဟန်က သူ့နှုတ်ခမ်းကိုကြည့်ကာ သူ့မျက်နှာက နီမြန်းနေဆဲဖြစ်ပြီး သူက ခေါင်းငုံ့ရန် သတ္တိကို စုဆောင်းလိုက်ပြီး နမ်းလိုက်သည်။
ရှန်ချီဟွမ်းက ခဏလောက်အံ့အားသင့်နေပြီး သူက အမြဲတမ်း ရှန်းယုဟန်ကို စနမ်းခဲ့သည့်သူသာဖြစ်ပြီး ဤပရော်ပရည်လုပ်တတ်လွန်းသည့် မြေခွေးလေးက ဗားရှင်း 4.0ကို မသိမသာပြောင်းလဲသွားခဲ့ပြီး သူ၏မြှူစွယ်နိုင်စွမ်းက ကိုယ်တိုင်သင်ယူခဲ့ရုံမကပဲ အထွတ်အထိပ်ကိုပါ ရောက်နေခဲ့သည်။
ဆန္ဒအလျောက် သူ့တံခါးဝကိုရောက်လာသော သိုးငယ်လေးကိုလွှတ်ပေးဖို့ အကြောင်းပြချက်မရှိတာကြောင့် သူ နောက်ပြန်မဆုတ်သွားစေရန် ခေါင်းအနောက်ကိုကိုင်ကာ တားလိုက်သည်။ ဧည့်သည်နှင့်အိမ်ရှင်က အခန်းကဏ္ဍလဲလိုက်ကြပြီး သူအသက်ရှူမဝဖြစ်သည်အထိ နမ်းပစ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရှန်းယုဟန်က စနမ်းခဲ့ပေမယ့် ပြန်အနမ်းခံရတော့ အသက်ရှူကြပ်လာသည်။ သူက သူသင်ယူထားသမျှကို အသုံးချနေပေမယ့် ရှန်ချီဟွမ်းက ပြန်လည်ဦးဆောင်လာပြီး ရှန်းယုဟန်၏ မြှူစွယ်တာခံခဲ့ရ၍ နောက်မဆုတ်နိုင်ချေ။ ထိုသည်မှာ အားနည်းသော ရှန်းယုဟန်က သူ့ကိုဆွဲဆောင်တာရပ်လိုက်ပြီး ဖွဲဖွဲကျနေသော အနမ်းက အဆုံးသတ်သွားသည်အထိဖြစ်သည်။
ရှန်ချီဟွမ်း၏ဖုန်းက ရုတ်တရက်မြည်လာပြီး ညစာအတွက် နှိုးဆော်ခဲ့သည်။
ဟာ…သူမပြီးသေးဘူးလေ။
သူတို့နှစ်ယောက်က အပြင်မထွက်ခင် အနည်းငယ်သန့်ရှင်းရေးလုပ်ခဲ့ကြသည်။
ရှန်းယုဟန်က တင်းချွမ်နှင့် သူ့ဇနီး ကျိုးစစ်ချင်ကိုတွေ့ခဲ့ရပြီး သူတို့နှစ်ယောက်က အတော်လေးလိုက်ဖက်ညီသည်။ သူတို့နှစ်ယောက်က စိတ်ထားကောင်းပြီး ရုပ်ရည်က ကောင်းချီးပေးခံရပုံပင်။ ရှန်ချီဟွမ်းအနားမှာ ခန့်ညားသောအမျိုးသားများနှင့် လှပသောအမျိုးသမီးများစွာကို တွေ့ခဲ့ရပြီး ထူးခြားကွဲပြားသော စုံတွဲတစ်တွဲကိုပါ ရုတ်တရုက်တွေ့ဆုံခဲ့ရတာကြောင့် သူက စိတ်အေးလက်အေးပိုရှိလာကာ နောက်ဆုံးမှာ အတွေးလွန်စရာမရှိခဲ့ပေ။
ထမင်းစားပြီးနောက် လူတိုင်းက ရေပူစမ်းကိုသွားခဲ့ကြပြီး ရှန်ချီဟွမ်းသည် ရှန်းယုဟန်က ယနေ့မှာ ငမိုက်သားတစ်ဦးကြောင့် ထိတ်လန့်ခဲ့ရပြီး ရေပူစမ်းမှာ မေ့မျောမလိုဖြစ်ခဲ့တာကို ထည့်စဥ်းစားကာ သူက အားလုံးနဲ့အတူမသွားဖို့ ဆုံးဖြတ်လိုက်ပြီး တောင်ပေါ်ဗီလာတွင် လမ်းလျှောက်ရန် သူ့ကိုခေါ်သွားခဲ့သည်။
အပြင်မှာ နှင်းနှင့်ရေခဲများ ဖုံးလွှမ်းနေပေမယ့် အခန်းထဲမှာ နွေရာသီလိုနွေးနေသည်။
သူတို့နှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်သောအခန်းမှာထိုင်ကာ လက်ဖက်ရည်သောက်နေပြီး ယင်းမှာ ညအချိန်ဖြစ်သော်လည်း ရေပူစမ်းဗီလာမှာ အလင်းရောင်လုံလုံလောက်လောက်ရှိပြီး ရှန်းယုဟန်က အပြင်ဘက်ရှိ ဝါးတောများကို မြင်တွေ့နေရဆဲဖစ်သည်။
ခဏလောက်ထိုင်ပြီးနောက် ရှန်ချီဟွမ်းက နေ့ခင်းတုန်းက လျှိုထန်၏အကြံပြချက်ကို သတိရသွားသည်။ “မင်းစာရေးချင်လား ဒါမှမဟုတ် ပန်းချီဆွဲချင်လား?” သူက ရှန်းယုဟန်၏ အရင်ကအတွေ့အကြုံကို သိပ်နားမလည်သော်လည်း လက်ရှိရှန်းယုဟန်က နားလည်ရလွယ်ကူပြီး တိတ်ဆိတ်နေသောအခါ ပန်းချီဆွဲကာ စာရေးလေ့ရှိသည်။
“စာရေးမယ်။ ကျွန်တော် ခင်ဗျားသူငယ်ချင်းအတွက် လက်ရေးလှတစ်စောင်ရေးပေးမယ်လို့ ကတိပေးထားတယ်။” ရှန်းယုဟန်က ခဏလောက်စဥ်းစားပြီး သူက ရေပူစမ်းမှာ ရေမစိမ်နိုင်သေးတာကြောင့် မုန့်ဖိုးအပိုရှာဖို့ ဆုံးဖြတ်လိုက်သည်။
“ပန်းချီမဆွဲဘူးလား?” ရှန်ချီဟွမ်းက သူ့ကိုမေးလိုက်သည်။
“ပန်းချီက အချိန်ယူရတယ်” ခက်ခဲကြမ်းတမ်းသောအလုပ်မဟုတ်ပေမယ့် ပန်းချီက ဖန်တီးဖို့ ဉဏ်ကွန့်မြူးမှုလိုသည်။
“ဘောပင်နဲ့မှင်ငှားလို့ရမလား စားပွဲထိုးကိုမေးလိုက်မယ်။” ရှန်ချီဟွမ်းက လျှိုထန်နှင့် တခြားသူများကို မနှောင့်ယှက်တော့ပဲ သူတို့က ယခုချိန်မှာ ရေပူစမ်းမှာရှိလောက်ပြီး သူတို့ဖုန်းကိုကြည့်ဖို့ အချိန်ရှိမှာမဟုတ်ပေ။
ရှန်ချီဟွမ်းက ဤအလွှာရှိ စားပွဲထိုးကိုခေါ်လိုက်ပြီး ထိုလူက ရွှမ်းစက္ကူစာရွက်၊ ဘောပင်နှင့် မှင်ကိုပြင်ပေးခဲ့သည်။
တိတ်ဆိတ်နေသောအခန်းထဲမှာ စာရေးစားပွဲတစ်ခုရှိသည်။
ရှန်းယုဟန်က ခဏလောက်လေ့ကျင့်နေပြီး စတင်ရေးခဲ့သည်။ သူက အမြန်ရေးကာ မကြာခင်မှာ တစ်ရွက်ပြီးသွားခဲ့သဖြင့် ရှန်ချီဟွမ်းက ပြီးသွားသောစာလုံးများကို သူငယ်ချင်းဂရုကိုပို့ပေးခဲ့သည်။
မူကမ်း: တစ်ယောက် တစ်ခု၊ အများကြီးမရဘူး။
လျှိုထန်က အပြစ်ရှိသလိုခံစားခဲ့ရပြီး ဂရုမက်ဆေ့ကိုတွေ့သောအခါ သူက ချက်ချင်းဖြေခဲ့သည်: တကယ်ကို ခယ်မလေးရေးထားတာပဲ၊ သူက ရိုးသားလွန်းတယ်။
မူကမ်း: အခကြေးငွေရှိတယ်။
လျှိုထန်: ငါသိပါတယ် ဒါပေမယ့် မင်းကိုတော့ မလွှဲဘူး။
မူကမ်း: ကောင်းပြီ
ရှန်ချီဟွန်းက ရှန်းယုဟန်ကိုလှည့်ကြည့်ကာ မေးလိုက်သည်။ “မင်း Alipay ငွေပေးချေမှုအတွက် ဖုန်းနံပါတ်သုံးထားလား?”
စကားလုံးအသစ်နှင့်ရင်ဆိုင်ရချိန် ကြောက်ရွံ့ခြင်းမရှိသော ရှန်းယုဟန်က သူ့ခင်ပွန်းကို ဖုန်းပေးလိုက်သည်။ “ကျွန်တော်မသုံးဘူး၊ ယောကျာ်း ဖွင့်ပေးလေ”
ဒါက သူ တောက်လျှောက်သင်ယူထားတဲ့ ဘုံသုံးစကားဖြစ်ပုံရသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်မှာ Alipay မရှိတာကိုတွေးနေခဲ့တာမဟုတ်ပဲ သူ့ဖုန်း တိုက်ရိုက်လာပေးတာကို တွေးနေတာဖြစ်သည်။ အမျိုးသားတစ်ယောက် မင်းကိုချစ်မချစ်က သူ့လက်ကိုင်ဖုန်းကို ပြလားဆိုသည့်အပေါ်မှာ မူတည်သည်ဟုပြောကြသည်။ ရှန်းယုဟန်က သူ့အပေါ် ချစ်မြတ်နိုးမှုကို ပြလာခဲ့ပြီး သူက တကယ်ကို ပရော်ပရည်လုပ်တတ်သော ဗားရှင်း 4.0 မြေခွေးလေးဖြစ်ဖို့ ထိုက်တန်သည်။
ထို့နောက် သူက ရှန်းယုဟန်၏ ဖုန်းပက်စဝေါ့နှင့် အကောင့်နံပါတ်ကို ရှင်ရှင်းလင်းလင်း သိခဲ့ရပြီး သူက သူ့ရှေ့မှာ လျှို့ဝှက်ချက်မထားရှိတာကို မမျှော်လင့်ပဲ သိခဲ့ရသည်။ သူက သူ့ကို အမှန်တကယ် ယုံကြည်လွန်းနေတာလား ဒါမှမဟုတ် တစ်ဘဝလုံးအတွက် သူ့ကိုမှီချင်တာလား?