Chapter 46
“နောက်တစ်ခါမဖြစ်စေရပါဘူး။”
ရောက်လာသောပရိဘောဂများမှာ ရှန်းယုဟန်၏ စိတ်ကြိုက်လုပ်ထားတာဖြစ်ပြီး ချီတိုင်းပြည်က သူသုံးခဲ့သော ပစ္စည်းများနှင့်တူပြီး အသစ်စက်စက်ဖြစ်တာကြောင့် စာဖတ်ခန်းကို ချက်ချင်းပြောင်းခဲ့သည်။
ရိုးရှင်းစွာအလှဆင်ထားသော စာရေးတစ်ပွဲတစ်လုံး၊ ထိုင်ပြီးအိပ်လို့ရသော ကုတင်တစ်လုံး၊ နံရံပြည့် စာအုပ်စင်တစ်ခုနှင့် အထူးပြုလုပ်ထားသောထိုင်ခုံ စသဖြင့်ပါရှိသည်။ တစ်ယောက်ယောက်က ရုတ်တရက်ဝင်လာရင် သူတို့က လူကြီးတစ်ယောက်သာ ကြိုက်လောက်မည့် အလှရသလို့သာ တွေးကြလိမ့်မည်။
တကယ်တော့ ၎င်းက ရိုးရှင်းသောအပြင်အဆင်ဖြစ်ပြီး ညဘက်မှာ လက်လုပ်အဖြူရောင် ကြွေပုလင်းနှစ်လုံးရှိပြီး သူ့အပေါ်မှာ ရှန်းယုဟန်၏ မကြာသေးမီက ရေးဆွဲထားသော ပန်းချီရှိသည်။ ၎င်းက လွန်ခဲ့သောနှစ်ရက်က အပြန်လမ်းမှာ ရှေးဟောင်းပစ္စည်းဆိုင်ကိုဖြတ်သွားရင်း ဝယ်ခဲ့တာဖြစ်သည်။ သူက ဤရိုးရှင်းသောခေတ်မီလက်ရာကို တစ်ချက်ကြည့်ကာ ကြိုက်သွားခဲ့ပြီး အရမ်းလှတယ်လို့ထင်ခဲ့သည်။
ဒီနေ့ ဒီနေရာမှာ အသစ်လုပ်ထားသော ပရိဘောဂနှင့်အတူချိတ်ပြီးနောက် အရင်က စာဖတ်ခန်းပုံစံနှင့် တူသွားခဲ့သည်။
စာဖတ်ခန်းကိုလှည့်ပတ်ပြီးနောက် ရှန်းယုဟန်က ပန်းစိုက်အခန်းကို ပြန်သွားကာ သူမှာထားသော လက်ဖက်ရည်စားပွဲကို ပြင်ဆင်ထားသောနေရာမှာချလိုက်သည်။ တစ်ဖက်တစ်ချက်စီမှာ ကူရှင်ရှိပြီး ကျန်ကူရှင်အားလုံးကို သူ့ဘေးမှာချလိုက်သည်။
သူတောင့်တခဲ့သော လက်ဖက်ရည်ပါတီက စီစဥ်လို့ရပြီဖြစ်သည်။ လက်ဖက်ရည်သောက်နေစဥ် နှင်းကျတာကိုကြည့်ခြင်းက အရမ်းလှပလွန်းတဲ့အရာလို့ မထင်ဘူးလား?
ရှန်းယုဟန်က Tea Set ဝယ်ဖို့ လိုနေသေးတယ်လို့တွေးလိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က သူဝယ်ခဲ့သော လက်လုပ်အဖြူရောင်ကြွေအိုးက လှပပြီး လက်တွေ့ကျနေသရွေ့ ဂရုစိုက်စရာမလိုတော့ပေ။ သို့သော် လက်ဖက်ရည်ခွက်က ဧည့်သည်များကို ဧည့်ခံရန် သုံးရမှာဖြစ်၍ မလွဲမသွေလက်ရာမြောက်ရမည်။ ဒါမှ ဧည့်သည်က ခွက်ကို ထင်ရာမြင်ရာ ရွေးချယ်စရာမလိုတော့ပဲ လက်ဖက်ရည်သောက်ပြီး ပျော်ရွှင်နိုင်သည်။
ထိုအချိန်မှာ ရှန်းချီဟွမ်းက ရှန်ဂရုက အကြီးတန်းအမှုဆောင်များနှင့် ပူပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပြီး သူတို့က တူညီသောမိသားစုက မိသားစုဝင်များဖြစ်သော်ငြား ညီအစ်ကိုများက စာရင်းရှင်းဖို့ကျန်နေသေးသည်။ ကံကောင်းစွာပင် ဤပရောဂျက်၏တာဝန်ခံက တခြားအိမ်တော်သုံးအိမ်က မဟုတ်ခဲ့ပေ။ မဟုတ်ရင် ရှန်ချီဟွမ်းက လုံးဝလက်ခံမှာမဟုတ်ပဲ ရှန်ထျန်းဖုန်း သူ့ကိုပြဿနာရှာဖို့ ကြိုးစားနေတာလို့ တွေးမိမှာဖြစ်သည်။
သူတို့က အစည်းအဝေးခန်းထဲမှာ နှစ်နာရီကျော်ကြာအောင် စကားပြောခဲ့ပြီး နေ့လည်မှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ဆီက မက်ဆေ့တစ်စောင်ရခဲ့သည်။
ဇနီးလေး: ယောကျာ်း၊ ကျွန်တော် tea set တစ်စုံဝယ်ချင်တယ်။
(**လက်ဖက်ရည်ကြမ်းသောက် ကြွေပန်းကန် set အစုံ)
မူကမ်း: ငါ့ကို မင်းနဲ့အတူလိုက်စေချင်လား?
ဇနီးလေး: ခင်ဗျားအားလား မအားလားအပေါ် မူတည်တယ်၊ ကျွန်တော်က ညနေသွားမှာ။ ခင်ဗျားမအားရင် ထားလိုက်ပါတော့။
မူကမ်း: ငါ့အစ်ကိုကြီးက သူနဲ့နေလည်စာစားဖို့ ပြောထားတယ်။ ဒီတော့ နေ့လည်စာစားပြီး ဘာကိစ္စမှမရှိရင် မင်းနဲ့အတူလိုက်ခဲ့ပေးမယ်။
ဇနီးလေး: အိုကေ
သို့သော် ရှန်ချီဟွမ်းက ရှန်ချီယွမ်နဲ့ နေ့လည်စာစားပြီးရင် ဆွေးနွေးစရာ အရေးကြီးကိစ္စရှိခဲ့သည်။ သူက ရှန်းယုဟန်ကို အပြင်လိုက်ပို့ဖို့ အချိန်မရှိတာကြောင့် သူ့ကိုအပြင်ခေါ်သွားဖို့ ဦးလေးလီကိုပြောခဲ့သည်။ သို့သော် သူက လက်ဖက်ရည်ခွက်အစုံဝယ်နိုင်သည့် ဆိုင်လိပ်စာကိုပို့ပေးခဲ့တာကြောင့် ရှန်းယုဟန်က အရည်အသွေးမကောင်းသော ထုတ်ကုန်များကို မဝယ်မိတော့ပေ။
ဒါကရှန်းယုဟန် အပြင်ထွက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ၊ သူက သူစိမ်းတွေကို မကြောက်တော့သလို ဝီချက်ငွေပေးချေနည်းကိုလည်း သင်ယူခဲ့သည်။ ယခုဆိုရင် သူ့မှာ Alipay အကောင့်ပါ ထပ်ဆောင်းရှိနေပြီး ယင်းမှာ သူ့ကို ယုံကြည်မှုပိုရှိလာစေသည်။
ယနေ့ကျန်းချန်မှာ နေသာနေပေမယ့် ရာသီဥတုက နှင်းကျတာထက် နိမ့်သည်။ ရှန်းယုဟန် ကားပေါ်ကဆင်းလာပြီးနောက် လေစိမ်းတိုက်ခံလိုက်ရပြီး သူက သူ့နဖူးပေါ်လက်တင်ကာ လေကိုကာထားလိုက်သည်။ အနည်းငယ်မျက်စိကျိန်းသော်လည်း မျက်စိဖွင့်လို့မရလောက်သည်အထိတော့ မဟုတ်ပေ။
Tea Set ဆိုင်က ကျဥ်းမြောင်းသောလမ်းပေါ်မှာတည်ရှိပြီး ဦးလေးလီက ဤလမ်းမှာ ကားပါကင်မထိုးနိုင်ပဲ တခြားကားပါကင်ကိုပဲ ရှာနိုင်ခဲ့သည်။ ရှန်းယုဟန်က လမ်းဖြောင့်ပြီး ဝင်ပေါက်က ရှာရလွယ်တာကို တွေ့လိုက်တာကြောင့် သူက ဦးလေးလီကို လမ်းလျှာက်သွားမယ်လို့ပြောကာ အနီးအနားမှာ စောင့်ခိုင်းပြီး ဝယ်ပြီးရင် ခေါ်လိုက်မယ်လို့ ပြောခဲ့သည်။
Tea Set ဆိုင်မှာ အလွန်ရှာဖွေရလွယ်ကူသည်။ တကယ်တော့ အိမ်မှာ အိမ်သုံးလက်ဖက်ရည်ခွက်ရှိပေမယ့် ရှန်းယုဟန်က အသစ်ဝယ်ချင်ခဲ့သည်။ ဆိုင်ကိုဝင်သွားတော့ ပိုင်ရှင်ကသူ့ကိုတွေ့သွားပြီး ရှန်းယုဟန်ကို ဒီဇိုင်းများ ပြပေးကာ သူကြိုက်သည့် နမူနာကိုကြည့်ခိုင်းလိုက်သည်။
ရှန်းယုဟန်က နောက်ဆုံးမှာ ဆင်စွယ်အဖြူရောင် Ru Kiln tea set တစ်စုံကို ရွေးချယ်ခဲ့သည်။
ပုံမှန်ဆိုရင် သူ့ခင်ပွန်းက ဇီးရိုးငါးလုံးတန်ဖိုးရှိသည့် ပစ္စည်းများကို ဝယ်ပေးလေ့ရှိပြီး ဒီတစ်ကြိမ်မှာ သူက ရှစ်နဲ့စပြီး ကဏန်းလေးလုံးသာပါသည့် ပစ္စည်းကိုဝယ်ခဲ့သဖြင့် စျေးပေါတယ်လို့ထင်နေသည်။
ငွေချေပြီးနောက် ရှန်းယုဟန်က လက်ထဲက သေတ္တာဘူးတစ်ဘူးနှင့်အတူ tea set ဆိုင်မှ ထွက်လာခဲ့သည်။
ဤနေရာက စည်ကားသိုက်မြိုက်သော စီးပွားရေးလမ်းဖြစ်ပြီး လူစီးဆင်းမှုက အရမ်းများတယ်လို့ ပြောလို့မရပဲ ဗိသုကာလက်ရာက အတော်ထူးခြားသည်။ ဆိုင်အပြင်အဆင်များက သစ်လွင်နေသော်လည်း ဆိုင်နောက်ကအိမ်မှာ အတော်လေးဟောင်းနေကာ လွန်ခဲ့သည့်နှစ်၂၀က သံတိုင်များကာထားသည့် လသာဆောင်ကို ယခုထိ အသုံးပြုနေသေးသည်။ သို့သော် ရှန်းယုဟန်၏အာရုံကို အပြင်မှာ လူအများကြီးတန်းစီနေသော ဆိုင်တစ်ဆိုင်က ဖမ်းစားသွားသည်။ သူက စပ်စုကြည့်တော့ ရောင်စုံရနံ့မွှေးလက်ဖက်ရည်လို့ ခေါ်သော နို့လက်ဖက်ရည်ဆိုင်ကို တွေ့လိုက်ရသည်။
ရှန်းယုဟန်က ခေတ်သစ်လူသားများ သောက်လေ့ရှိသည့် နို့လက်ဖက်ရည်ကို မြည်းချင်နေပြီး သူက လူကူးမျဥ်းကြားမှ တခြားတစ်ဖက်ကို လမ်းလျှောက်ချင်နေသည်။ သူက အနည်းငယ် ကတိုက်ကရိုက်လျှောက်နေမိတာကြောင့် စက်ဘီးလမ်းကိုရောက်သောအခါ ဘေးကနေ သူ့ဘက်ကို အမြန်ပြေးလာကာ ရုတ်တရက် ဘရိတ်အုပ်လိုက်သော စက်ဘီးတစ်စီးကို သတိမထားမိပဲ တိုက်မိသွားခဲ့သည်။
ဤကမ္ဘာကိုရောက်ကတည်းက တစ်ခါမှပြုတ်မကျဖူးသည့် ရှန်းယုဟန်က မြေပြင်နဲ့မိတ်ဆက်မိဖို့ အချိန်တစ်ခဏသာ ကြာခဲ့ပြီး တုံ့ပြန်ဖို့အချိန်မရှိခဲ့ပေ။
သူက လက်ဖက်ရည်ခွက်ဆိုင်ကို ဒီတိုင်းဝင်သွားခဲ့ပြီး လက်ဖက်ရည်ခွက်၏ ကြွေသားကိိုကိုင်ကြည့်ကာ လက်အိတ်သုံးစရာမလိုခဲ့တာကြောင့် ယခုချိန်မှာ သူ့လက်က ကြမ်းပြင်နှင့်ပွတ်မိကာ အရမ်းနာသွားသည်။
သူ့ခြေထောက်ကို ဖိထားသော စက်ဘီးနှင့်လူက အမြန်ထရပ်လိုက်ပြီး စက်ဘီးကို လမ်းဘေးမှာရပ်လိုက်သည်။ လေဖောင်းဂျာကင်အရှည်ကို ဝတ်ထားသောလူငယ်လေးက သူ့ရှေ့မှာတုန်လှုပ်နေသည်။
လူငယ်က စိုးရိမ်မှုကြောင့် လူကိုဘယ်လိုကူညီရမလဲမသိပေ။ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ မင်းအဆင်ပြေရဲ့လား? ငါ နင်းတာမြန်သွားလို့ ဘရိတ်မမိလိုက်ဘူး! ဘယ်နားနာသွားသေးလဲ?”
ရှန်းယုဟန်က သူ့လက်ထဲမှာ tea set ကိုကိုင်ထားပြီး ကျိုးပြီးလာတော့မသိပေမယ့် သူ့လက်ဖဝါးက အတော်နာပြီး သူ့ခါးက ကြမ်းပြင်နဲ့ရိုက်မိသွားတာကြောင့် အတော်နာနေသည်။
လူငယ်က သူ့လက်ဖဝါးကသွေးကိုကြည့်ပြီး ထိတ်လန့်သွားသည်။ “တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ငါ နမောနမဲ့နိုင်တာပါ၊ ဆေးခန်းကိုခေါ်သွားပေးပါရစေ။”
ရှန်းယုဟန်က သူ့ကိုတိုက်မိသောသူကိုကြည့်ဖို့ ခေါင်းမော့ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ငါထနိုင်ပါတယ်၊ ကူညီစရာမလိုဘူး။”
“ကောင်းပြီ၊ မင်းလက်က ဒဏ်ရာရနေတယ်။” လူငယ်က ရှန်းယုဟန်၏ အသွင်အပြင်ကိုတွေ့ကာ အံ့သြသွားသည်။ “ဆေးခန်းသွားပြရအောင်။”
“ကောင်းပြီ” ရှန်းယုဟန်က နေ့ခင်းကြောင်တောင်မှာ ဒီလိုမဖြစ်သင့်ဘူးလို့တွေးလိုက်သည်။ ပြီးတော့ ဖြစ်သွားတာက မြန်လွန်းတာကြောင့် ပရိယာယ်အကြောင်းကိုမတွေးနိုင်ပဲ ထိုနေရာမှာ ဆေးခန်းတကယ်ရှိနေခဲ့သည်။
လူငယ်က မြေပြင်ပေါ်ကျသွားသော tea set ဘူးကို ကူသယ်ပေးလိုက်ပြီး သူပြဿနာအကြီးကြီး တက်ပြီလားဟု တွေးမိသွားကာ စိတ်ပူလာသည်။ “မင်းရဲ့ဒီပစ္စည်းက မကွဲလောက်ပါဘူးနော်?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ငါမသိဘူး။”
သူတို့နှစ်ယောက်က ဆေးခန်းကိုရောက်လာပြီး နေရာကအရမ်းမကျယ်သလို ဆရာဝန်တစ်ယောက်သာရှိသည်။
ရှန်းယုဟန်၏ လက်များကသဲနှင့် ကျောက်စရစ်ပေနေတာကိုတွေ့တော့ သူက အကြောင်းရင်းကို ချက်ချင်းသိလိုက်တာကြောင့် သူ့ပွန်းပဲ့ဒဏ်ရာကို ကုသဖို့ ပိုးသတ်ဆေးကိုသုံးလိုက်သည်။
ဖြစ်စဥ်တစ်လျှောက်မှာ ရှန်းယုဟန်က သူ့ဒဏ်ရာနာတာကိုသာ ခံစားမိပြီး သူက အံကြိတ်ကာ အော်မငိုပဲ သည်းခံနေသည်။ အကြောင်းမှာ ဤနေရာက အပြင်မှာဖြစ်ပြီး သူ့ခင်ပွန်းရှေ့မဟုတ်လို့ပင်။
ဆရာဝန်က ကုလို့ပြီးတော့ ဆေးတစ်ဘူးပေးကာ အိမ်ပြန်ရင်လိမ်းဖို့ မှာခဲ့သည်။
ရှန်းယုဟန်ကို တိုက်မိသောလူငယ်က ငွေပေးချေခဲ့သည်။
ရှန်းယုဟန်က အရုပ်ဆိုးသောသူ့လက်ဖဝါးကိုကြည့်ကာ သူက ချင်မတီးခတ်နိုင်တော့ပေ။
ဆေးခန်းထဲကထွက်လာတော့ လူငယ်လေးက အရပ်ရှည်ကာ ခန့်ညားပြီး တောက်ပသောအပြုံးရှိကာ စကားအရမ်းများတာကို သိလိုက်ရသည်။
“တခြားနေရာထိမိသေးလား၊ မင်းငါ့ကိုဝီချက်မှာ အက်ဒ်လိုက်၊ တစ်ခုခုဆိုရင် ငါ့ကိုရှာလို့ရတယ်၊”
ရှန်းယုဟန်က သူစိမ်းတစ်ယောက်၏ ဝီချက်ကို မအက်ဒ်ချင်သဖြင့် သူက ခေါင်းခါကာပြောလိုက်သည်။ “မလိုပါဘူး။”
“စကားမစပ်၊ ငါ့နာမည်က ဝမ်းယိုပါ၊ မင်းကိုငါ့ဖုန်းနံပါတ်ပေးထားမယ်။ ဝီချက်မအက်ဒ်လည်း ကိစ္စမရှိဘူး။ တစ်ခုခုလိုရင် ဖုန်းခေါ်လိုက်ပါ။”
ဝမ်းယိုက သူ့အိတ်ထဲက မှတ်စုစာအုပ်နဲ့ ဘောပင်ကိုထုတ်ကာ ရေးချပြီး ရှန်းယုဟန်ကိုပေးလိုက်သည်။
ရှန်းယုဟန်က သူ့ကိုတစ်ချက်ကြည့်ကာ ခေါင်းခါလိုက်သည်။ “မလိုပါဘူး။”
ဝမ်းယိုကပြောလာသည်။ “ငါပြစ်မှုကျူးလွန်သူမဖြစ်ချင်ဘူး။ မင်းယူထားတာပိုကောင်းမယ်။” ရှန်းယုဟန်၏အိတ်ကပ်ထဲ စာရွက်ကိုထည့်ပေးလိုက်သည်။ “မင်းရဲ့ လက်ဖက်ရည်ခွက်က ကွဲသွားပြီလားမသိဘူး။ ကွဲသွားရင် နောက်မှပြန်လျော်ပေးပါမယ်။”
“ရပါတယ်” ရှန်းယုဟန်က tea set က အရေးကြီးနေဆဲလို့ တွေးလိုက်သည်။
သူက ယခုလေးတင် နို့လက်ဖက်ရည်ဝယ်ချင်ခဲ့ပေမယ့် သောက်လို့မရတော့ပုံပဲ။
ဝမ်းယိုက ရှန်းယုဟန်ကိုပြောလိုက်သည်။ “မင်းအခုဘယ်သွားမှာလဲ? ငါမင်းအတွက် တက္ကစီငှားပေးရမလား၊ မင်း ဒါကို ဒီတိုင်းသယ်သွားဖို့ အဆင်မပြေလောက်ဘူးမလား?။”
ရှန်းယုဟန်က ပစ္စည်းအလေးကြီးသယ်ဖို့ အဆင်မပြေတာကြောင့် ခေါင်းညိတ်လိုက်သည်။ “ရပါတယ်”
ဝမ်းယိုက သူ လမ်းတစ်ဖက်က နို့လက်ဖက်ရည်ဆိုင်ကို စိုက်ကြည့်နေတာ သတိထားမိသည်။ “မင်းနို့လက်ဖက်ရည်သောက်ချင်လား?”
“သောက်ချင်တယ်။” ရှန်းယုဟန်က သူသိသွားတာကြောင့် ဝန်ခံလိုက်သည်။ “ဒါပေမယ့် လူအများကြီးပဲ”
“ဒါဆို မင်းအလျင်မလိုရင် ငါမင်းအတွက် တန်းစီပြီးဝယ်ပေးမယ်။” ဝမ်းယိုက အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။
“ရပါတယ်။ နောက်တစ်ခါ အပြင်ထွက်မှ ဝယ်လိုက်ပါမယ်။” ရှန်းယုဟန် သူများကို အနှောင့်အယှက်မပေးချင်ပေ။ ပြီးတော့ သူက သူစိမ်းတစ်ယောက်ဖြစ်သည်။
“ရတယ်၊ ငါအလျင်မလိုဘူး။ မင်းအတွက်တန်းစီပေးမယ်။ မင်းဆိုင်ထဲမှာခဏထိုင်နေ။” ဝမ်းယိုက ထိုမျှလောက် လှပသောကောင်လေးကို တစ်ခါမှမမြင်ဖူးပေ၊ စကားပြောတာနူးညံ့ပြီး နတ်သူငယ်နှင့်တူသည်။ အထူးသဖြင့်ချစ်ဖို့ကောင်းပြီး ကြည်လင်သော မျက်လုံးများရှိသည်။ သူက သူ့ကို တိုက်မိခဲ့တာကြောင့် သူလိုအပ်တာကို မဖြည့်ဆည်းပေးနိုင်ရင် အပြစ်ရှိသလို ခံစားရပေမည်။
သူပြောလို့ပြီးတာနှင့် ဝမ်းယိုက လမ်းဖြတ်ကူးပြီး တစ်ဖက်မှာတန်းစီဖို့ပြေးသွားသည်။ သူက ရှန်းယုဟန်၏ tea set ကိုကိုင်ထားဆဲဖြစ်သည်။ ရှန်းယုဟန်က ခဏလောက်စဥ်းစားပြီး လိုက်သွားကာ သူကလည်း နို့လက်ဖက်ရည်သောက်ချင်နေသည်။ အပြင်ထွက်ဖို့က မလွယ်သလို နောက်ဆုံးအကြိမ် Coke သောက်ပြီးကတည်းက သူ့ခင်ပွန်းက ထပ်သောက်ခွင့်မပြုတော့ပေ။ နို့လက်ဖက်ရည်လည်း ဒီလိုဖြစ်မှာစိုးရိမ်သည်။ ပြီးတော့ ဝမ်းယိုက လူဆိုးတစ်ယောက်မဖြစ်နိုင်လောက်ပေ။
ရှန်းယုဟန်က ဝမ်းယိုဆီကို ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဝမ်းယိုက သူကြိုက်သည့်အရသာကိုမေးလာသည်။ ရှန်းယုဟန်က ဆိုင်းဘုတ်က သူမသောက်ဖူးတာကို ထိုးပြလိုက်သည်။ “အထူးစပယ်ရှယ် နို့လက်ဖက်ရည်။”
သူက ဆိုင်ထဲဝင်သွားပြီး အထဲမှာလူအများကြီးနှင့် ခုံအများကြီးရှိနေတာကို တွေ့လိုက်ရပြီး သူငယ်ချင်းတွေက နှစ်ယောက်သုံးယောက် အတူထိုင်နေကြသည်။ ရှန်းယုဟန်က ထိုင်ဖို့ခုံတစ်ခုံတွေ့သွားပြီး သူ၏ချောမောသောရုပ်ရည်ကြောင့် ခုံရှာနေစဥ်မှာ လူတွေက သူ့ကိုနှစ်ကြိမ်ကြည့်ခဲ့ကြသည်။
သူက ခေတ်သစ်လူ့အဖွဲ့အစည်းကို အနှေးနဲ့အမြန် ရင်ဆိုင်ရမယ်လို့တွေးထားခဲ့ပြီး ဒါကိုကျင့်သားရအောင်လုပ်ရမည်။
ဆယ်မိနစ်စောင့်ပြီးနောက် ဝမ်းယိုက နို့လက်ဖက်ရည်နှစ်ခွက်ယူလာကာ ရှန်းယုဟန်ကို ရှာတွေ့သွားသည်။
“မင်းရဲ့နို့လက်ဖက်ရည်” ဝမ်းယိုက သူ့အတွက် ပိုက်တပ်ပေးလိုက်သည်။ “မင်းလက်နဲ့ကိုင်စရာမလိုအောင် စားပွဲပေါ်မှာတင်ပေးမယ်”
“ ကျေးဇူးပါ” ရှန်းယုဟန်က ခေါင်းငုံ့ပြီးသောက်နိုင်သော်လည်း ဤအမူအရာက မလျောက်ပတ်ဘူးလို့ သူထင်မိသည်။ ဒါက ဒီနေ့ခတ်လူငယ်တွေ သောက်လေ့ရှိသည့်ပုံစံဖြစ်ပုံရသည်။ ထို့အပြင် ဆိုင်မှာထိုင်နေသော လူများက လူငယ်တွေသာဖြစ်ပြီး သူလည်း သူတို့လို တူညီသည့်အရာမျိုးလုပ်မိရင် ဘာမှမှားယွင်းခြင်းမရှိဘူးလို့ထင်မိသည်။
ထိုအချိန် ရှန်းယုဟန်က သူနို့လက်ဖက်ရည်ကို စောင့်နေသည့်ဆယ်မိနစ်အတွင်း သူ့ကိုဓာတ်ပုံရိုက်နေသော မိန်းကလေးများစွာရှိသည်ကို မသိခဲ့ပေ။
ဝမ်းယိုက ရောက်လာသောအခါ ဒီကောင်လေးနှစ်ယောက်က ကိုယ်ပိုင်စရိုက်လက္ခဏာရှိပြီး တစ်ယောက်က သပ်ရပ်လွန်းပြီး တစ်ယောက်က ချောမောတာကြောင့် လိုက်ဖက်လွန်းသည်ဟု သူတို့ကတွေးနေကြပြီး သူတို့က အတွဲများလားဟူ၍ သိချင်နေကြသည်။
နို့လက်ဖက်ရည်သောက်ပြီးနောက် ရှန်းယုဟန်က Cokeနှင့်မတူသော ချိုမြိန်သောအရသာကို မြည်းစမ်းကြည့်ခဲ့ရပြီး နို့အရသာနှင့် လက်ဖက်ရည်အရသာကို ရောစပ်ထားတာက လူတွေကို သောက်ရမခက်စေခဲ့ပဲ သွားနဲ့နှုတ်ခမ်းပေါ်မှာ အနံ့လေးတောင် ချန်ထားခဲ့ပြီး အနက်ရောင်ပုလဲနှင့်တူသော အနက်ရောင် ဘောလုံးသေးသေးလေးများပါဝင်ပြီး ယင်းက ဝါးလိုက်သောအခါ စေးကပ်စေသည်။
သူတို့နှစ်ယောက်က ဤနေရာမှာ ထိုင်နေရတာ ငြီးငွေ့နေပြီး ဝမ်းယိုက တက်ကြွပြီး စကားများသူဖြစ်တာကြောင့် သူက မေးလာသည်။ “မင်းကဘယ်ကျောင်းကလဲ?”
ရှန်းယုဟန်က ခေါင်းခါကာ ပြောလိုက်သည်။ “ငါဆက်မတက်တော့ဘူး။”
“အိုကေ” ဝမ်းယိုက လူတစ်ယောက်၏အနာကို ထိလိုက်မိတယ်လို့ တွေးမိသွားသဖြင့် ဆက်မမေးတော့ပေ။
ရှန်းယုဟန်က တစ်ဝက်သောက်ပြီးနောက် ဗိုက်နည်းနည်းပြည့်သွားပေမယ့် နို့လက်ဖက်ရည်ခွက်က မကြီးတာကြောင့် ခဏလောက်သောက်ပြီးနောက် ကုန်သွားခဲ့သည်။
ဝမ်းယိုက သူ့အတွက်သူ သစ်သီးလက်ဖက်ရည်ယူလာပြီး ရှန်းယုဟန်ထက်အရင် ကုန်အောင်သောက်ခဲ့သည်။
အပြင်မှာအချိန်းဖြုန်းမိပြီလို့ တွေးမိသွားသော ရှန်းယုဟန်က သောက်လို့ပြီးသွားတော့ ထွက်သွားဖို့အသင့်ဖြစ်နေသည်။
သူက ဝမ်းယိုကို ယဥ်ယဥ်ကျေးကျေး ကျေးဇူးတင်လိုက်သည်။ “နို့လက်ဖက်ရည်သောက်ဖို့ ဖိတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ငါပြန်ရတော့မယ်။”
ဝမ်းယိုက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ “မင်းကိုတိုက်မိခဲ့လို့တောင်းပန်ပါတယ်။ မင်းအတွက် တက္ကစီငှားပေးပါမယ်။”
“မလိုပါဘူး။ ငါ့ကိုဒရိုက်ဘာလာကြိုမှာမို့ပါ။” ရှန်းယုဟန်က ပြောပြီး အိတ်ကပ်ထဲက ဖုန်းကိုထုတ်ဖို့ ဒဏ်ရာမရထားသော လက်ချောင်းများကိုသုံးပြီး ဂရုတစိုက်ကိုင်ကာ ဦးလေးလီကို ဖုန်းဆက်ဖို့အသင့်ဖြစ်နေသည်။
သူနှိပ်မလို့လုပ်ခါနီး သူ့ဖုန်းက ရုတ်တရက်မြည်လာပြီး ထိုသည်မှာ သူ့ခင်ပွန်းဖြစ်တာကြောင့် သူက ဖြေလိုက်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းပြန်ရောက်ပြီလား?”
ရှန်းယုဟန်က သူ့ခင်ပွန်းအသံကိုကြားတော့ တင်းမာနေသော အာရုံကြောက ပြေလျော့သွားသည်။ “မရောက်သေးဘူး။ လမ်းပေါ်မှာပဲရှိသေးတယ်။ ခင်ဗျားပြောတဲ့ဆိုင်ရဲ့ ဆန့်ကျင်ဘက်မှာ။”
ရှန်ချီဟွမ်းကပြောလိုက်သည်။ “ငါမင်းရဲ့လမ်းကိုရောက်နေပြီ။ မင်းကိုလာကြိုမယ်၊စောင့်နေ။”
ရှန်းယုဟန်: “အွန်း၊ ဘယ်လောက်ကြာမှာလဲ?”
ရှန်ချီဟွမ်း: “သုံးဆယ်မိနစ်”
ရှန်းယုဟန်က အေးနေလို့ နှာရှုပ်လိုက်သည်။ “ကျွန်တော်က အပြင်မှာ၊ ခင်ဗျားကိုစောင့်နေမယ်။”
ရှန်ချီဟွမ်း: “အင်း”
ရှန်းယုဟန် ဖုန်းချပြီးတော့ ဝမ်းယိုက မေးလာသည်။ “မင်းကိုလာကြိုမယ့်ဒရိုက်ဘာလား?”
ရှန်းယုဟန်က ခေါင်းခါလိုက်သည်။ “ငါ့မိသားစုပါ၊ ငါ့ကို သေတ္တာဘူးပေးတော့၊ ငါဒီမှာ ခဏစောင့်လိုက်ဦးမယ်”
“ငါမင်းကို ကူစောင့်ပေးမယ်၊ မင်းတစ်ယောက်တည်း သယ်ဖို့မလွယ်ဘူး။ ငါမင်းရဲ့နာမည်ကိုလည်း မသိရသေးဘူး။ ငါတို့သူငယ်ချင်းဖြစ်လို့ရလား?” ထိုမှသာ ဝမ်းယိုက သူရှန်းယုဟန်၏နာမည်ကို မသိရသေးမှန်းသတိရသွားသည်။
ရှန်းယုဟန်က ခဏလောက်တွေးလိုက်ပြီး သူက အခုအမျိုးသားတစ်ယောက်ဖြစ်ပေမယ့် အနာဂတ်မှာ တစ်ဖက်လူနဲ့ ပတ်သတ်ဖို့မရှိတာကြောင့် ပြုံးရုံသာပြုံးပြလိုက်သည်။
ဝမ်းယိုက သူ့အပြုံးကြောင့် ဖမ်းစားခံလိုက်ရပြီး ခေါင်းကိုကုတ်ကာပြောလိုက်သည်။ “အဆင်မပြေလည်း ကိစ္စမရှိပါဘူး။” ဒါက အလှလေးကို ရိုင်းပြမိတဲ့ ခံစားချက်ပဲ။
နှစ်မိနစ်စောင့်ပြီးတော့ ဇိမ်ခံကားတစ်စီးက သူတို့ရှေ့မှာရပ်လာပြီး နောက်တံခါးက ပွင့်လာကာ ရှန်းယုဟန်က ကားထဲအရင်ဝင်လိုက်ပြီးမှ ဝမ်းယိုက သူ့ကိုဘူးပေးလိုက်သည်။
“မင်းရဲ့ tea set တစ်ခုခုဖြစ်သွားရင် ငါ့ကိုခေါ်ဖို့မမေ့နဲ့!”
ရှန်းယုဟန်က ခေါင်းညိတ်ပြပြီး တံခါးပိတ်လိုက်သည်။ သူ့လှည့်ကြည့်လိုက်တော့ သူ့ခင်ပွန်း၏မျက်နှာ နက်မှောင်နေတာကို တွေ့လိုက်ရသည်။
သူ ခိုးသောက်ခဲ့သည့် နို့လက်ဖက်ရည်ကိုတွေးကာ အပြစ်ရှိသလိုခံစားရပြီး ခေါ်လိုက်သည်။ “ယောကျာ်း”
ရှန်ချီဟွမ်းက ရှန်းယုဟန်ဘေးမှာ ရပ်နေသူက ဘယ်သူမှန်းမသိသော်လည်း သူက ရှန်းယုဟန်လက်ပေါ်က ဆေးကိုတွေ့လိုက်ရသည်။
သူကမျက်ခုံးတွန့်လိုက်သည်။ “မင်းထွက်လာတုန်းက လက်မှာ ဒဏ်ရာရခဲ့တာလား? ဘယ်လိုပြုတ်ကျသွားတာလဲ”
ရှန်းယုဟန်က သူပြောပြလိုက်ရင် သူ့ခင်ပွန်းစိတ်ဆိုးမှာကို သိတာကြောင့် သူက သူ့ကိုအရင်ဆုံးမှီလိုက်သည်။ “နည်းနည်းနာနေတယ်၊ ကျွန်တော်ပြောပြရင် ယောကျာ်းစိတ်မဆိုးရဘူးနော်။”
“ပြော၊ ငါစိတ်မဆိုးဘူး။” သူစိတ်ဆိုးချင်ရင်တောင် သူက ရှန်းယုဟန်ကို နာကျင်အောင်လုပ်ခဲ့သော လူ၊ မြေကြီးနှင့် လမ်းပေါ်ကကျောက်တုံးများကို စိတ်ဆိုးမှာဖြစ်သည်။
“ကျွန်တော် စက်ဘီးတိုက်ခံရပြီး ပြုတ်ကျသွားလို့ ဒဏ်ရာရသွားတယ်” ရှန်းယုဟန်က နာခံစွာရှင်းပြလိုက်ပြီး သူ့ခင်ပွန်း၏မျက်နှာ ပိုဆိုးလာတာကိုတွေ့လိုက်ရသည်။ “ခင်ဗျားပြောတော့ စိတ်မဆိုးဘူးဆို”
“အဲ့ဒါ မင်းကို သေတ္တာဘူးကမ်းပေးခဲ့တဲ့ လူငယ်လား?”
ရှန်းယုဟန်က ခေါင်းညိတ်ကာ သူစိမ်းတစ်ယောက်နဲ့ ရှိခဲ့စဥ်ကထက် စကားပြောနေသည်။ “ကျွန်တော့်ကိုတိုက်ခဲ့တာသူပဲ ဒါပေမယ့် သူကဆေးခန်းခေါ်သွားပြီး ဒေါက်တာကို ဆေးပေးခိုင်းခဲ့တယ်။ လက်ကဒဏ်ရာကိုလည်း သန့်ရှင်းပေးခဲ့တယ်။ သူကလူကောင်းပါ။ ကျွန်တော့်ကိုတိုက်ပြီးထွက်မပြေးခဲ့ပါဘူး။”
“သူကလူကောင်း?” ရှန်ချီဟွမ်းက စိတ်ဆိုးလွန်းလို့ ဒရိုက်ဘာကို ကားပြန်လှည့်ခိုင်းလိုက်သည်။ ရှန်းယုဟန်ကို တစ်ယောက်ယောက်တိုက်သွားခဲ့တာ သူသိခဲ့ရင် သူအဲ့ကလေးကို အရင်ထိုးပစ်ခဲ့လောက်သည်။
ရှန်းယုဟန်က တီဗီမှာကြားဖူးသော စကားတစ်ခွန်းကို သတိရသွားသည်။ “အနည်းဆုံးတော့ တိုက်ပြီးထွက်ပြေးသွားတဲ့လူ မဟုတ်ဘူးလေ”
ရှန်ချီဟွမ်းက မျက်လုံးလှိမ့်ပြလိုက်သည်။ “မင်းအတိုက်ခံရတုန်းက ဘာလို့ဖုန်းမခေါ်တာလဲ?”
“ကျွန်တော့်လက်နာနေလို့” ထို့အပြင် သူက ဆေးကိုချက်ချင်းလိမ်းပြီး ကိုယ့်ဘာကိုယ် ကိုင်တွယ်နိုင်တယ်လို့ တွေးခဲ့လို့ပင်။ “ပြီးတော့၊ ခင်ဗျားအစည်းအဝေးကို နှောင့်ယှက်မိမှာကြောက်လို့။”
“နောက်တစ်ခါ၊ မတုံးအနဲ့၊ ငါ့ကိုတိုက်ရိုက်ခေါ်လိုက်၊ ကြားလား?” ရှန်ချီဟွမ်း၏အမူအရာက အနည်းငယ်ခက်ထန်နေသည်။ “မင်းအပြင်ထွက်ရင် ပြက္ခဒိန်ကြည့်ဖို့လိုမယ်ထင်တယ်။ ဘယ်လိုလုပ်အရာအားလုံး မင်းဆီမှာဖြစ်နေရတာလဲ”
နောက်ဆုံးအကြိမ် ရှန်ချီရှင်းနှင့် ဘုရားကျောင်းသွားတုန်းက ပရိသတ်များဝန်းရံတာကို ခံရပြီး ဒီတစ်ကြိမ်မှာ tea set သွားဝယ်တော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်မိသည်။
ရှန်းယုဟန်က သူ့စကားနှင့် အထိုက်အလျောက် အလေးအနက်ပြောလိုက်သည်။ “ပြက္ခဒိန်ကြည့်ဖို့လိုအပ်တယ်၊ ဘုရားကျောင်းမှာ ဆုတောင်းဖို့ ထပ်သွားကြမလား?”
ရှန်ချီဟွမ်းက သူ့ကိုစိုက်ကြည့်လိုက်သည်။ “သွားတာမကြာသေးဘူးလေ၊ တကယ်အသုံးဝင်ရင် မင်းပြုတ်ကျပါ့မလား?”
“ကျွန်တော်က ခင်ဗျားအတွက် ငြိမ်းချမ်းရေးအဆောင်ပဲတောင်းခဲ့တာ၊ ကိုယ့်အတွက်ကိုယ်တောင်းဖို့မေ့သွားတယ်” သူ့ခင်ပွန်းက ဗုဒ္ဓကို မလေးမစားလုပ်နေတာကို တွေးမိတော့ သူက ထပ်ပြောလိုက်သည်။ “ဖက်ဖက်ဖက်….ယောကျာ်း…ဗုဒ္ဓမြတ်စွာဘုရားကိုမပြောပါနဲ့ သူကြားသွားလိမ့်မယ်။”
ရှန်ချီဟွမ်းက မျက်လုံးလှိမ့်ပြရုံသာ တတ်နိုင်တော့သည်။ ဗုဒ္ဓက သူ့ကိုကောင်းချီးပေးနိုင်ရင် သူဒီလိုဆိုးဆိုးရွာရွား ပြုတ်ကျခဲ့မှာမဟုတ်ဘူး။
အိမ်ရောက်တော့ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို အခန်းထဲဆွဲခေါ်သွားပြီး ခက်ထန်သောမျက်နှာဖြင့် ပြောလိုက်သည်။ “မင်းအဝတ်အစားချွတ်လိုက်၊ ဘယ်နေရာထိသွားသေးလဲကြည့်မယ်။”
ထိုမှသာ ရှန်းယုဟန်က သူ့တစ်ကိုယ်လုံး မသက်မသာဖြစ်နေတာကို သိသွားပြီး သူဘယ်ဘက်ခါးကို အုပ်လိုက်သည်။ “ကျွန်တော့်ခါးလည်း ထိသွားပုံပဲ။”
ရှန်ချီဟွမ်းက သူ့ကုတ်ကို ချွတ်ပေးလိုက်သည်။ “ငါ့ကိုကြည့်ခွင့်ပေး။” သူက ရှန်းယုဟန်၏ ဆွယ်တာထောင့်ကို မလိုက်သည်။
ရှန်းယုဟန်က ရှက်သွေးဖြာနေပေမယ့် မငြင်းခဲ့ပေ။
ရှန်ချီဟွမ်းက သူ့ခါးဒဏ်ရာကို သေချာကြည့်ကာ ညင်ညင်သာသာ ဖိလိုက်သည်။ ရှန်းယုဟန်က ခါးကိုတွန့်လိမ်ပြီး အော်ငိုလိုက်သည်။ “ယောကျာ်း၊ နာတယ်”
ရှန်ချီဟွမ်းက သူ့နောက်ကျောပေါ်က ထိတ်လန့်စရာကောင်းသော ခရမ်းရောင်ဒဏ်ရာကိုတွေ့သွားပြီး သူ့လည်ချောင်းက ဆို့နင်သွားကာ အဝတ်ကိုပြန်ဆွဲချပြီးပြောလိုက်သည်။ “ဒဏ်ရာလေးပါပဲ။ မင်းအတွက် ဆေးလိမ်းပေးမယ်။ ငါ ဆေးအဆီသွားယူဦးမယ်။ ဒီမှာလှဲနေ။”
ရှန်းယုဟန်က ဟုတ်ကဲ့လို့ပြောကာ ရှန်ချီဟွမ်းက ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။
သူအပြင်ထွက်တာနဲ့ ပြဿနာအသေးစားက အမြဲပေါ်လာတတ်တယ်…တကယ်ကို စိတ်မချရတာပဲ။
မိနစ်အနည်းငယ်အကြာမှာ ရှန်ချီဟွမ်းက ရှန်းယုဟန်ကို ဆေးလိမ်းပေးပြီး သူ့လှုပ်ရှားမှုက ညင်သာနေကာ သူက အားသိပ်မသုံးရဲပေ။
သူက ရှန်းယုဟန်အပေါ်မှာ ရေခဲတုံးကပ်ပေးလိုက်ပေမယ့် ဆောင်းတွင်းမှာ အအေးမိသွားမှာစိုး၍ တကယ်ကို ညင်သာနေသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ ပူနွေးသောလက်ဖဝါးဖြင့် အဖိခံလိုက်ရသဖြင့် အတော်လေးနေရခက်နေပြီး အစပိုင်းမှာနာကျင်ပေမယ့် နောက်တော့ ဘာမှမခံစားမိတော့ပေ။
သူအိပ်ပျော်ခါနီးမှာ ရှန်ချီဟွမ်းက သူ့ကိုရုတ်တရက်မေးလာသည်။ “ရှန်းယုဟန်၊ မင်းငါ့ကုမ္ပဏီမှာ အလုပ်လုပ်ချင်လား?
ရှန်းယုဟန်က အလုပ်ဆိုသောစကားကြောင့် နှိုးဆွခံလိုက်ရပြီး အဓိကအားဖြင့် ထိတ်လန့်သွားတာဖြစ်သည်။
သို့သော် ကံကောင်းစွာပင် သူ့ခင်ပွန်းက သူ့လက်ရှိမျက်နှာကို ကြည့်မနေသဖြင့် သူက စဥ်းစားချင်ယောင်ဆောင်ကာ ငြင်းဖို့ဆုံးဖြတ်လိုက်သည်။ “မလုပ်ချင်ဘူး၊ ယောကျာ်း ကျွန်တော့်ကိုထောက်ပံ့ပေးပါ၊ ကျွန်တော် ယောကျာ်းကို အခက်မတွေ့စေရပါဘူး။”
ရှန်ချီဟွမ်းက သူ့အဝတ်အစားကို ပြန်ဆွဲချလိုက်ပြီး ရှန်းယုဟန်က လှည့်ကြည့်လိုက်တော့ သူ့ခင်ပွန်းက သူ့ကိုကြည့်ကာ ပြုံးပြီးပြောလာသည်။ “အဲ့တာ အပျင်းထူတာပဲ… မင်းကျတော့ ငါ့ကိုပျင်းတယ်ပြောပြီး တကယ်ပျင်းတာမင်းမလား….”
ရှန်းယုဟန်က ရှန်ချီဟွမ်း၏လည်ပင်းမှာ သူ့လက်ကိုချိတ်လိုက်ပြီး အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။ “ယောကျာ်း…ဆွဲထူပေးပါ။”
ရှန်ချီဟွမ်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။ “မထူပေးဘူး။ ကိုယ့်ဘာကိုယ်ထ၊ ဒါမှ အမှတ်ရှိမှာ။”
ရှန်းယုဟန်က သူ့ကိုစေစေ့ကြည့်လိုက်သည်။ “နောက်တစ်ခါမဖြစ်စေပါဘူး။”
“ချွဲနေလည်း အသုံးမဝင်ဘူး။” ရှန်းယုဟန်၏မျက်လုံးများက ဆွဲဆောင်မှုရှိတယ်လို့ ရှန်ချီဟွမ်းက ခံစားမိသွားသည်။ “နောက်တစ်ကြိမ်ဖြစ်ချင်သေးလား?”
ရှန်းယုဟန်က ခေါင်းမော့ကာ သူ့ပါးစပ်ထောင့်ကို အမြန်နမ်းလိုက်သည်။ “နောက်တစ်ကြိမ်မရှိစေရပါဘူး။”
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ နုနယ်သော နောက်ကျောဖြူဖြူလေးကို သတိရသွားကာ သူ့မျက်လုံးများက အနည်းငယ် မှောင်မိုက်သွားသည်။