Chapter 47
“ချစ်ရတဲ့ကိုယ်လုပ်တော်ဟန်ဟန်”
ရှန်ချီဟွမ်းက တမင်တကာ ခက်ခက်ထန်ထန် ပြောလိုက်သည်။ “ရှန်းယုဟန်၊ ငါ့ကိုနေ့တိုင်းမြှူစွယ်ဖို့ မကြိုးစားနဲ့။ နောက်တစ်ခါဆို လွှတ်မပေးတော့ဘူး။”
ရှန်းယုဟန်၏လက်ဖနောင့်က ရှန်ချီဟွမ်း၏လည်ပင်းနောက်ကို ပွတ်သပ်နေသည်။ သူက ပြုံးနေသောမျက်နှာကို ရုတ်တရက်ဖယ်ရှားပစ်လိုက်ပြီး မကျေမနပ် နှုတ်ခမ်းကိုဖိကာ ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကိုမြှူစွယ်ဖို့မလိုပါဘူး။ ခင်ဗျားက ကျွန်တော့်ယောကျာ်း၊ ကျွန်တော်ပြောသမျှနဲ့ လုပ်သမျှက ရင်ထဲကလာတာ၊ ကျွန်တော့် ယောကျာ်းက ဘာလို့မယုံရတာလဲ?”
“ယုံပါတယ်၊ ယုံပါတယ်။” ရှန်ချီဟွမ်းက အခုချိန်ထိ ဘယ်လိုမယုံရဲမှာလဲ? သူက အတုယောင် ဟုတ်မဟုတ် ဘယ်လိုမမြင်နိုင်ရမှာလဲ? ရှန်းယုဟန်က သူ့ကို တကယ်အားကိုးတာဖြစ်သည်။
ရှန်းယုဟန်၏လက်ဖဝါးက အနည်းငယ်ပွန်းပဲ့သွားကာ လက်ငါးချောင်းက နှလုံးနဲ့ချိတ်ဆက်ထားတာကြောင့် သူက ရေကိုင်လို့မရသလို လက်နှစ်ဖက်ကိုလည်း သုံးလို့မရပဲ လှုပ်ရှားမှုတိုင်းက နာကျင်မှုကို ပိုကြီးစေသည်။
ထိုနေ့က ညစာကရှန်ချီဟွမ်းက ခွံ့ကျွေးခဲ့တာဖြစ်ပြီး ရှန်းယုဟန်က အရွက်ကိုတူနဲ့ယူဖို့ ကြိုးစားခဲ့ပေမယ့် နှစ်ခါကြိုးစားပြီးနောက် သူက ချွေးပျံလာကာ ပူနွေးသောစားစရာကို တစ်လုပ်တောင်မစားနိုင်ပဲ စားပွဲပေါ်မှာ အရွက်နှစ်ဖက်ပြုတ်ကျသွားခဲ့သည်။ ရှန်ချီဟွမ်းက ထမင်းစားခန်းကိုရောက်လာပြီး သူ့ဇနီးက သူ့ကိုယ်သူနှိပ်စက်နေတာကို တွေ့လိုက်ရသည်။
“လက်နာနေရင်မလှုပ်နဲ့၊ ငါကျွေးမယ်။” ရှန်ချီဟွမ်းက သူ့အကြိုက်ဆုံးဟင်းလျာကို နှိုက်ကာ “ဘယ်ဟာစားချင်လဲ”
“ယောကျာ်းကိုပဲ ဒုက္ခပေးရတော့မယ်၊ ကျွန်တော် အမဲမိုးခိုသားနဲ့ ငါးဆုပ်စားချင်တယ်။” ရှန်းယုဟန်က ဒုက္ခပေးမိပြီလို့ပြောခဲ့ပေမယ့် သူ့ခင်ပွန်းကိိုအသုံးချရတာကို အပြစ်ရှိစိတ်မဝင်ပေ။ သုံးဖို့အချိန်တန်ရင် သုံးကိုသုံးရမည်။
“မင်းက ငါ့ကိုခေါ်တဲ့နေရာမှာ ပိုတော်လာတာပဲ” ရှန်ချီဟွမ်းက အလွန်သတိရှိပြီး သူ့လှုပ်ရှားမှုများက မနှေးသလို ရှန်းယုဟန် တစ်လုပ်စားပြီးတာနဲ့ နောက်တစ်လုပ်က သူ့ပါးစပ်ထဲရောက်လာခဲ့သည်။
စားသောက်နေစဥ် ရှန်းယုဟန်က မကြုံစဖူး အများကြီးစားခဲ့တာကြောင့် ဗိုက်အနည်းငယ်ပြည့်နေခဲ့သည်။ “ယောကျာ်း၊ ကျွန်တော် ဗိုက်ပြည့်နေပြီ၊ ထပ်မစားနိုင်တော့ဘူး။”
သို့သော် ရှန်ချီဟွမ်းက ခွံ့ကျွေးတာကိုစွဲလမ်းနေသည်။ “ဒါက အရမ်းများလို့လား? နောက်တစ်လုပ်စားလိုက်ပါ၊ အရမ်းမများပါဘူး။ မင်းအသားက ပြည့်မလာတာလည်းမပြောနဲ့၊ မင်းစားတာအရမ်းနည်းတယ်။”
ရှန်းယုဟန်က သူကိုင်ထားသောတစ်လုပ်ကိုကြည့်ကာ နောက်ဆုတ်ပြီး ခေါင်းခါလိုက်သည်။ “မစားတော့ဘူး။ ယောကျာ်း၊ ခင်ဗျားမြန်မြန်စားပါ၊ အေးသွားလိမ့်မယ်။”
ရှန်ချီဟွမ်းက ရွေးချယ်စာမရှိတော့ပဲ ကိုယ့်ဘာကိုယ်စားလိုက်ပေမယ့် ရှန်းယုဟန်က သူဗိုက်ပြည့်သွားသော်လည်း ထွက်မသွားသေးပဲ မနက်က ပရိဘောဂအသစ်အကြောင်းကို ပြောပြနေသည်။
ရှန်းယုဟန်: “စာဖတ်ခန်းထဲကို ပရိဘောဂတွေ ရောက်နေပြီ၊ ယောကျာ်း အဲ့ဒါကို လိုက်ကြည့်မလား”
ရှန်ချီဟွမ်း: “ငါမေ့တောင်မေ့တော့မလို့၊ အဲ့ဒါက မင်းရဲ့စိတ်ကူးနဲ့ တစ်ထပ်တည်းလား?”
ရှန်းယုဟန်: “ကျွန်တော်အတော်လေးကြိုက်ပါတယ်။”
သူတို့နှစ်ယောက်က ညစာစားပြီးနောက် ရှန်ချီဟွမ်းက ရှန်းယုဟန်နောက်ကနေ စာဖတ်ခန်းကိုလိုက်သွားခဲ့သည်။
သူဝင်ပြီးပြီးချင်းမှာပဲ တခြားကမ္ဘာတစ်ခုကိုရောက်သွားသလို ခံစားလိုက်ရသည်။ မူလက ခေတ်မီစားပွဲနှင့် ကုလားထိုင်ကို ဖယ်ရှားထားပြီး အသစ်ကိုသာထည့်ထားသည်။ ရှေးဟောင်းပုံစံတစ်မျိုးဖြစ်ကာ သူအရင်က ဝယ်ပေးခဲ့သော ချင်ကို ချင်စားပွဲပေါ်မှာ တင်ထားပြီး ပြတင်းပေါက်အနားမှာ နေရာချထားသည်။
ရှန်ချီဟွမ်းက ရှန်းယုဟန် ဆိုဖာသေးသေးလေးမှာထိုင်နေပြီး သူ့ကိုပြုံးပြတာကိုတွေ့တော့ သူ့မှာ ဖော်ပြလို့မရသော ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်ပေါ်လာပြီး ရှန်းယုဟန်က သူသိခဲ့သော ရှန်းယုဟန်နှင့် အလုံးစုံကွဲပြားနေသည်။
ခေတ်မီပညာရေးကို သင်ယူခဲ့တဲ့ လူငယ်တစ်ယောက်က ဘာလို့ မျိုးဆက်ဟောင်းတွေသဘောကျတဲ့ ဒီလိုပစ္စည်းတွေကို ကြိုက်တာလဲ? သူကြိုက်လို့မရဘူးလို့ ပြောနေတာမဟုတ်ပေမယ့် သူသိသလောက် ရှန်းယုဟန် အရင်ကရောင်းခဲ့တဲ့ အိမ်နှစ်လုံးက ခေတ်မီစံအိမ်နဲ့ တိုက်ခန်းပဲမလား၊ သူစုံစမ်းထားတာ မှားနေတာလား?
သို့သော် အမှားဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လက်ရှိရှန်းယုဟန်က အလွန်စစ်မှန်ပြီး သူ့မျက်နှာအမူအရာတိုင်းက သူ့စိတ်ဝိညာဥ်ကို ထိစေသည်။
ရှန်ချီဟွမ်းက သူအတွေးလွန်နေတယ်ဆိုတာသိလိုက်ပြီး သူ့စိတ်ထဲက အတွေးများကို ဖယ်ရှားပစ်လိုက်သည်။ သူက ရှန်းယုဟန်ကို ယုံပေးမယ်လို့ ညနေကတင် ပြောခဲ့သည်။
သူ့မျက်လုံးမော့လိုက်တာနဲ့ ရှန်းယုဟန်၏မေးစေ့က သူ့လက်ဖမိုးပေါ်မှာ အနားယူနေပြီး ဆိုဖာအသေးလေးပေါ်က လေးထောင့်စားပွဲအသေးလေးကို မှီနေသည်။ သူ ယနေ့မှာ ဝတ်ထားသော ဆွယ်တာက အနည်းငယ်လျော့တိလျောရဲဖြစ်နေပြီး ဆံပင်ကလည်းရှည်လျားတာကြောင့် တစ်ချက်ကြည့်ရုံနဲ့ သူက ဤစာဖတ်ခန်းနဲ့လိုက်ဖက်နေသည်။
ရှေးခတ်မှာဆိုရင် သူ့ဇနီးက အလှဆုံးလေးဖြစ်နေမှာသေချာသည်။
ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ယောကျာ်း၊ ခင်ဗျား ကျွန်တော့်ရဲ့စာဖတ်ခန်းကို သဘောကျလား?”
ရှန်ချီဟွမ်းက စိတ်ရင်းဖြင့်ပြောလိုက်သည်။ “အွန်း၊ မဆိုးပါဘူး။ အပြင်အဆင်က ထူးခြားပြီး အရေးကြီးဆုံးက မင်းကြိုက်ဖို့ပဲ၊ ဒါပေမယ့်…..” သူက ရှန်းယုဟန်ဆီလျှောက်သွားကာ မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး သူက ရှေးခတ်ဇာတ်လမ်းတွဲထဲက ရိုမန်တစ်ဆန်သော ဧကရာဇ်၏အပြုံးကို အတုယူပြီး အလှလေး၏ နူးညံ့သောမေးစေ့ကို ပင့်မလိုက်သည်။ “ငါကတော့ ဒီချစ်ရတဲ့ ကိုယ်လုပ်တော် ဟန်ဟန်ကို အကြိုက်ဆုံးပဲ။”
သူက ရှန်ချီဟွမ်း၏ ရုတ်တရက်ဝန်ခံမှုကြောင့် လွှမ်းမိုးခံလိုက်ရပြီး သူက သူ့ခင်ပွန်းရှေ့မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတတ်သော်လည်း သူ့ခင်ပွန်းက သူ့ခံစားချက်အစစ်ကို ပြောပြတာရှား၏။ သူက ရှန်းယုဟန်ကို ကြိုက်တယ်လို့ ရုတ်တရက်ပြောလာတော့ ဘယ်ကိုကြည့်ရမှန်းမသိတော့ပေ။ သို့သော် ဧကရာဇ်က သူ့ခင်ပွန်းနဲ့တူရင် သူက နန်းတော်ထဲကို တုံ့ဆိုင်းစွာ ဝင်နိုင်သည်။ မဟုတ်ဘူး….မဟုတ်ဘူး….မဟုတ်ဘူး… သူက သူ့ခင်ပွန်းကို တခြားသူတွေနဲ့ မျှဝေမှာမဟုတ်ဘူး။
ရှန်းယုဟန်က သူ့ခင်ပွန်း သူ့ကိုနောက်နေတာလို့ ခံစားမိပေမယ့် ချီတိုင်းပြည်၏ ဧကရာဇ်အိုကြီးမျက်နှာက ရှန်းယုဟန်၏စိတ်ထဲမှာပေါ်လာသည်။
ချစ်ရတဲ့ကိုယ်လုပ်တော်ဟန်ဟန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ဧကရာဇ်တွေက အကုန်အဘိုးကြီးတွေပဲ၊ ခင်ဗျားနဲ့မတူပါဘူး။”
ရှန်ချီဟွမ်းက သူ့ကိုစချင်ရုံသာဖြစ်သည်။ “ဧကရာဇ်တိုင်းက တစ်ချိန်က ငယ်ဖူးကြတာပါပဲ။ ချစ်ရတဲ့ကိုယ်လုပ်တော်၊ မင်းကတော့ ကြည့်ကောင်းတယ်။”
ချစ်ရသောကိုယ်လုပ်တော်ဟန်ဟန်က ရှန်ချီဟွမ်းကိုတွန်းရန် သူ့လက်ချောင်းထိပ်များကို အသုံးပြုပြီး သူ့စကားကိုပြင်ပေးခဲ့သည်။ “ဧကရာဇ်တွေက ခင်ဗျားလောက် ပြက်ချော်ချော်မနိုင်ဘူး။ ခင်ဗျားက လူ့ပေါ်ကြော့လို ပြုမူနေတာ။”
“အဲ့ဒါကတော့ အဓိပ္ပါယ်ရှိတယ်။ ဧကရာဇ်က တစ်နှစ်ပတ်လုံး ကျင့်ဝတ်သိက္ခာနဲ့ နှစ်မြှုပ်ခံထားရတာ၊ သူက သူသဘောကျတဲ့ ကိုယ်လုပ်တော်ကိုလည်း လေးစားပြီး သူ့ခံစားချက်ကိုလည်း သိပ်မဖော်ပြဘူး။ အဲ့ဒါကိုမှတ်တမ်းတင်ဖို့ ဘေးမှာ သမိုင်းပညာရှင်တစ်ယောက်တောင် ရှိနိုင်တယ်။” ရှန်ချီဟွမ်းက ခေါင်းခါလိုက်သည်။ “ရှေးခတ်က ဧကရာဇ်တွေက တကယ်ကိုဘဝဆိုးတာ၊ သူတို့ဘာကိုမှလွတ်လွတ်လပ်လပ် လုပ်လို့မရဘူး။ အနောက်ဆောင်က ကိုယ်လုပ်တော်တွေကလည်း သူတို့ကြိုက်တဲ့သူတွေမဟုတ်လောက်ဘူး။”
ရှန်းယုဟန်က ခေါင်းညိတ်ကာ ဝမ်းနည်းနေသည်။ “အားလုံးက တော်ဝင်မိသားစုရဲ့ အကျိုးစီးပွားအတွက်ပဲ၊ ပြီးတော့ ဧကရာဇ်က ဝန်ကြီးတွေကိုတောင် ထိန်းချုပ်ထားချင်တာ။” လက်တလောမှာ လူ့အဖွဲ့အစည်းအသစ်၏ အချက်အလက်များစွာကို ရခဲ့လို့ဖြစ်မည်ထင်သည်။ ရှန်းယုဟန်က ချီတိုင်းပြည်၏ ဧကရာဇ်ကို တကယ်စာနာမိပြီး သူက အမျိုးသမီးများနှင့် ကောကြားမှာ လှည့်ပြောင်းစကားပြောရသည်။
–
သူတို့နှစ်ယောက်က စာဖတ်ခန်းမှာ ခဏလောက်နေပြီးတော့ ရှန်းယုဟန်က သူဝယ်လာသော tea set အသစ်ကို သတိရသွားသည်။ “အာ၊ ယောကျာ်း၊ ကျွန်တော်ရဲ့ tea set ၊ ကွဲသွားပြီလားကြည့်ပေးပါဦး”
အန်တီက သူတို့အတွက် ယူလာပေးပြီး သေတ္တာဘူးက ပါကင်မဖွင့်ရသေးပေ။
ရှန်ချီဟွမ်းက ဘူးအစွန်းမှာ ခြစ်ရာတွေ့တော့ ပြောလိုက်သည်။ “ကွဲသွားလားဆိုတာ အဲ့နေရာမှာတင်မကြည့်ခဲ့ဘူးလား? ကွဲသွားတယ်ဆိုရင် သူ့ကိုပြန်လျော်ခိုင်းရမှာပေါ့။” သူက စီးပွားရေးဆန်ဆန်ပြောလိုက်သည်။
ရှန်းယုဟန်က ဒီလိုမတွေးခဲ့ပေ၊ နေရာမှာတင်မဖွင့်ခဲ့တာ အကြောင်းရှိသည်။ သူဂရုစိုက်တာက tea set မဟုတ်ပဲ သူ့ခင်ပွန်းကို tea set အမြန်ဆုံး ပြချင်လို့ဖြစ်သည်။
သူက သူ၏စိတ်ကူးယဥ်ဆန်သော မျက်လုံးများကို အနည်းငယ်စောင်းကာ ရှန်ချီဟွမ်းကို ကြည့်ပြီး ပြောလိုက်သည်။ “ကျွန်တော်ရွေးခဲ့တဲ့ tea set ကို ယောကျာ်းကို အရင်ပြချင်ခဲ့တာ၊ ဒါကြောင့် မဖွင့်ခဲ့တာ”
ရှန်ချီဟွမ်း၏နှလုံးသားက လှုပ်ရှားသွားပြီး ရှန်းယုဟန်၏မျက်လုံးများနှင့် ရည်ရွယ်ချက်က မြှူစွယ်နိုင်လွန်းပြိး သူက tea set box ကို ဂရုတစိုက်ဖွင့်လိုက်သည်။
သူက tea set မပျက်စီးပါစေနဲ့လို့ မျှော်လင့်နေသည်။ မဟုတ်ရင် ရှန်းယုဟန်၏ မျက်လုံးလှလှလေးများက စိတ်ပျက်ခြင်းအပြည့် ဖြစ်နေပေမည်။ သူက ရှန်းယုဟန်ရှေ့မှာ အကောင်းသဘောဆောင်ချင်တာကြောင့် သတိထားနေခဲ့သည်။
ရှန်ချီဟွမ်းက အလွန်အဖိုးတန်ပြီး တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်ကိုဖွင့်နေသလိုပင် သူက ကတ်ထူဘူးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်ပြီး လက်ဖက်ရည်ခွက်လေးများကို ပတ်ထားသော စက္ကူကိုဖြည်လိုက်ပြီး လေးထောင့်စားပွဲလေးပေါ်မှာ တစ်ခုချင်းတင်လိုက်သည်။
ပထမတစ်ခွက်က ကွဲမနေပေ။
ဒုတိယတစ်ခွက်ကလည်း မကွဲပေ။
အားလုံးက နဂိုအတိုင်းဖြစ်သည်။
ဤခက်ခက်ခဲခဲရထားသော လက်ဆောင်ကိုဖွင့်ပြီးနောက် ရှန်ချီဟွမ်းက မသိစိတ်က သက်ပြင်းချလိုက်မိသည်။
ရှန်းယုဟန်ကလည်း စိတ်သက်သာရာရပြီး ပြုံးလိုက်သည်။ “ကံကောင်းတာပဲ။ လုံးဝကွဲမသွားဘူး။”
ရှန်ချီဟွမ်းက ပန်းတစ်ပွင့်လိုပြုံးနေသော သူ့ဇနီးလေးကိုကြည့်ကာ စက္ကန့်အနည်းငယ်လောက် ညှို့ယူခံလိုက်ရသည်။ “အွန်း”
အဲ့ဒါက သူ့အတွေးတွေကို ဘာလို့အဲ့လောက်နှိုးဆွပေးခဲ့တာလဲ? သူ့နှလုံးသားကို ပရမ်းပတာခုန်သွားစေတယ်။
–
အိပ်ရာဝင်ချိန်နီးလာသဖြင့် ရှန်းယုဟန်က သူ့ခင်ပွန်းကို ဒုက္ခထပ်ပေးရမယ်လို့ ခံစားမိပြီး သူ့လက်ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း သေစေနိုင်သောနေရာမှာရှိသည်။
သူက ညဆိုရေချိုးရမှာဖြစ်၍ ပြဿနာတက်နေသည်။ သူက အဝတ်အစားကို အကူအညီမယူပဲ မဝတ်နိုင်ပေ။
ယခုအချိန် ရှန်းယုဟန်အကြိုက်ဆုံးက ခေတ်သစ်ရေနွေးဖြစ်ပြီး သူ၏အကြိုက်ဆုံးနေ့စဥ်လှုပ်ရှားမှုက ရေချိုးတာဖြစ်သည်။
သို့သော် ဒီနေ့မှာ ရေချိုးဖို့ အတော်ခက်နေသည်။
သူက အခန်းထဲကို သူနဲ့အတူ ပြန်လိုက်လာသည့် ရှန်ချီဟွမ်းကိုကြည့်ကာ ခဏလောက် တုံ့ဆိုင်းနေပြီး တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်ရေချိုးချင်တယ်။”
ရှန်ချီဟွမ်းက တမင်တကာပြောလိုက်သည်။ “ဘာပြောလိုက်တာ?” ရှန်းယုဟန်က ရှက်နေတာကြောင့် ခေါင်းတစ်ခြမ်းစောင်းထားပြီး သူ့ကိုကြည့်မနေပေ။ ရှန်ချီဟွမ်းက သူ့စိတ်အပြောင်းအလဲကို ဖမ်းဆုပ်ထားပြီးသားဖြစ်သည်။
ရှန်းယုဟန်က ရှေ့တိုးကာ ပြောလိုက်သည်။ “ကျွန်တော်ရေချိုးချင်တယ်။”
ရှန်ချီဟွမ်းက ညင်ညင်သာသာ ရယ်မောကာ ပြောလိုက်သည်။ “ငါကြားတယ်၊ ဒီနေ့ ရေချိုးကန်ထဲမှာမစိမ်နဲ့ ရေပဲချိုးလိုက်… မင်းလက်ဖဝါးကို နည်းနည်းပတ်ထားချင်လား၊ ဒါမှရေစိုရင် မနာမှာ။”
ရှန်းယုဟန်က သူ့ကိုကြည့်ကာပြောလိုက်သည်။ “ယောကျာ်းရဲ့စကားကို နားထောင်ပါမယ်။”
ရှန်ချီဟွမ်းက ပလက်စတစ်အကြည်လိပ် (Plastic Wrap) ကိုရှာကာ သူ့ကို အရင်ရေရွတ်လိုက်သည်။ “ငါ့စကားနားထောင်မယ်သာပြောတာ။ တကယ်လုပ်ပေးရတာငါပဲမလား၊ ငါအရင်ဘဝက မင်းရဲ့အစေခံဖြစ်ခဲ့လားလို့ သံသယဝင်မိတယ်။”
ရှန်းယုဟန်က သူ့နောက်ကနေ ညင်ညင်သာသာ ရယ်မောကာ ပြောလိုက်သည်။ “ခင်ဗျားက ကျွန်တော့်အစေခံမဟုတ်ပါဘူး။ ကျွန်တော့်အစေခံက ခင်ဗျားလောက် ထွားကျိုင်းပြီး မသန်မာဘူး။” ဒါပေါ့ သူတို့က ခင်ဗျားလောက်လည်း မခန့်ညားဘူး။
ရှန်ချီဟွမ်းက သူ့ကို အဝတ်အစား တစ်ထပ်ချင်းချွတ်ဖို့ ကူညီပေးလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ဝက်က ဗလာကျင်းသွားတာကြောင့် သူက ဘောင်းဘီကြယ်သီးဖြုတ်နေစဥ် မျက်နှာက သွေးထွက်တော့မလို နီရဲလာပြီး ခင်ပွန်းသည်ကို မကြည့်ရဲလို့ မျက်နှာလွှဲသွားသည်။
ယခုအချိန်မှာ သူက သူ့ခင်ပွန်းအရှေ့မှာ ရပ်နေပြီး ခေါင်းတောင်မမော့ရဲပေ။ သူက သူ့ခြေထောက်ကိုသာ ကြည့်ရဲသည်။
ဒါပေါ့ တစ်ဖက်မှာ သူ့ခင်ပွန်းက သူ့ကိုပုံမှန်အတိုင်းဆက်ဆံနေတာကြောင့် သူက အနည်းငယ်စိတ်ပျက်မိပြီး တခြားတစ်ဖက်မှာတော့ သူ့ခင်ပွန်းက လူကြီးလူကောင်းဆန်လွန်းသည်။
သို့သော် ရှန်ချီဟွမ်းက ထိုအချိန်မှာ စကားတစ်ခွန်းမှမပြောပဲ ရှန်းယုဟန်ကို လေးလေးနက်နက် အဝတ်အစားချွတ်ပေးနေပြီး ဘေးကိုကြည့်မနေပေ။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏ ကြီးမားသောမျက်ဝန်းကြီးများနှင့် နေတိုင်းအကြည့်ခံရသဖြင့် သူက ဘယ်လို ဂရုမစိုက်ပဲနေနိုင်မှာလဲ။ သို့သော် သူက သူ့ကိုနာကျင်အောင်လုပ်မိမှာစိုး၍ ဘာမှမလုပ်ခဲ့ပေ။
သူက သူ့နှလုံးသားထဲမှာ ရက်စက်ကြမ်းကြုတ်သော ဝံပုလွေတစ်ကောင်ရှိတာကို ခံစားမိပြီး သူက ထိုအပေါ်မှာ လောင်စာထပ်လောင်းမိရင် သူ လူသားတစ်ယောက်ဖြစ်ချင်တော့မှာမဟုတ်ပေ။
သူက ရှန်းယုဟန်အပေါ်က နောက်ဆုံးကျန်နေသော အဝတ်အစားကိုချွတ်ပေးလိုက်သည်။
ရှန်းယုဟန်က အတော်လေးရှက်နေပြီး သူ့တစ်ကိုယ်လုံးက တောင့်တောင့်ကြီးဖြစ်နေကာ ဘာမှမလုပ်ရဲပဲ ရှန်ချီဟွမ်းကိုကြည့်ဖို့ဆိုရင် ဝေးသေးသည်။
ရှန်ချီဟွမ်းက တစ်ချိန်လုံးမျက်လုံးမှိတ်ထားသော သူ့ကို ရေချိုးခန်းထဲ ဆွဲခေါ်လာပြီး ရေပန်းကိုကိုင်ကာ ရေချိုးပေးနေသည်။
ရေနွေးနွေးလေးက ရှန်းယုဟန်၏ကိုယ်ပေါ် စီးဆင်းသွားပြီး သူက ရှန်ချီဟွမ်းကို ကျောပေးလိုက်ကာ သူ့မျက်နှာကနီရဲနေပြီး စကားမပြောရဲပေ။
ရေကျသံကလွဲရင် ရှန်းယုဟန်က သူ့ခင်ပွန်း၏ ပြင်းထန်သော အသက်ရှူသံကို ကြားနေရသည်။
ရှန်ချီဟွမ်း၏အသံက အနည်းငယ်အားစိုက်ထားကာ ရှန်းယုဟန်ကိုမေးလိုက်သည်။ “ဆပ်ပြာတိုက်ချင်လား?”
ရှန်းယုဟန်က ရှက်ရွံ့စွာ ခေါင်းညိတ်ပြသည်။ “အွန်း”
လူတစ်ယောက်ကို ရေချိုးဖို့ကူညီရာမှာ ရှန်ချီဟွမ်းက မကျွမ်းကျင်သည့်အပြင် သူ့ရင်ထဲမှာ ခုန်ထွက်တော့မည့် ဗိုက်ဆာနေသော ဝံပုလွေတစ်ကောင်ရှိနေသည်။ သူ့လက်ချောင်းထိပ်များက ဆပ်ပြာညှစ်နေစဥ် တုန်ယင်နေပြီး သူက ရှန်းယုဟန်၏နောက်ကျောကို ကြည့်လိုက်တော့ သူ့ကျောရိုးကနေ ရေအနည်းငယ်ကျဆင်းနေသည်မှာ လှပသော လိပ်ပြာကျောရိုးကနေ လက်တစ်ဖက်နဲ့ ဆုပ်ကိုင်ထားလို့ရသည့် ပိန်ပါးသော ခါးအထိဖြစ်သည်။
ရှန်ချီဟွမ်းက ရှန်းယုဟန်၏နောက်ကျောမှာ ရေချိုးဆပ်ပြာဂျယ်ကို လိမ်းပေးလိုက်ပြီး အမြှုပ်အဖြစ်ပြောင်းသွားတော့ သူ့ရင်ဘတ်ပေါ်က အမြှုပ်များကို ရေဖြင့်ဆေးကြောလိုက်သည်။ သူဘယ်လောက်ထိတောင့်ခံရဦးမှာလဲ?
ထိုအချိန်မှာ ရှန်းယုဟန်၏ခေါင်းက တစ်ဝက်ငုံ့ထားပြီး ရှန်းယုဟန်ကို ရေချိုးဆပ်ပြာဂျယ်လိမ်းပေးနေသောလက်က ခါးတစ်ဝိုက်ကနေရှေ့ကိုလှည့်လည်နေကာ သူ့အရေပြား၏ တစ်လက်မစီကို ဂရုစိုက်ပေးနေသည်။
ရှန်းယုဟန်က ရှန်ချီဟွမ်းကို အသံနက်ကြီးဖြင့်ခေါ်လိုက်သည်။ “ယောကျာ်း”
ရှန်ချီဟွမ်းက ရှန်းယုဟန်နှင့် နီးကပ်နေပြီးသားဖြစ်ပြီး သူ့လက်က သူ့ခါးပေါ်တင်ထားကာ ရှန်းယုဟန်၏တုံ့ပြန်မှုကိုကြည့်ဖို့ ခေါင်းငုံ့လိုက်ပြီး နားရွက်အပေါ်ကို နမ်းလိုက်သည်။
ရှန်ချီဟွမ်းက သူ့ကို တိုးတိုးလေးခေါ်လိုက်သည်။ “ရှန်းယုဟန်”
ရှန်းယုဟန်က သူ့လက်ကိုမြှောက်ကာ နောက်လှည့်လိုက်သည်။ “အွန်း?”
ရှန်ချီဟွမ်းက သူ့ကိုထပ်နမ်းကာ ပြောလိုက်သည်။ “မင်းကိုကူညီစေချင်လား”
ရှန်းယုဟန်၏ဦးနှောက်က အနမ်းကြောင့် ပြောင်းဆန်နေသည်။ “ဘာကိုလဲ?.
ရှန်ချီဟွမ်းကပြောလိုက်သည်။ “မင်းမသက်မသာဖြစ်မှာကို စိုးရိမ်တယ်။”
“ကျွန်တော်…..” ရှန်းယုဟန်က ထိုအချိန်မှာ ရှန်ချီဟွမ်း၏လက်မောင်းထဲမှာ တင်းတင်းကျပ်ကျပ် အဖက်ခံလိုက်ရပြီး သူက ရှန်ချီဟွမ်း၏ အကိုင်ခံထားရတာကြောင့် ရှက်သွေးဖြာပြီး ခေါင်းခါလိုက်သည်။ “ကျွန်တော်၊ ကျွန်တော်မသိဘူး။”
ရှန်းယုဟန်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ရှန်ချီဟွမ်းက သူ့ကိုကူညီပေးနေတာ ရပ်ဖို့မဖြစ်နိုင်တော့ပေ။
သူက ရှန်းယုဟန်၏ခန္ဓာကိုယ်ပေါ်မှ အမြှုပ်များကို အမြန်ဆေးပေးလိုက်ပြီး ရေချိုးသဘက်ယူကာ ခြုံပေးလိုက်သည်။ ထို့နောက် သူက သူ့ကို ဘေစင်ပေါ်ချီတင်ကာ ရှန်းယုဟန်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။
ရှန်းယုဟန်က မတူညီသောခင်ပွန်းကိုမြင်လိုက်ရပြီး သူ့မျက်လုံးများက အနည်းငယ်ခက်ထန်နေသည်။ ရှန်းယုဟန်က ယခုချိန်မှာ ပုန်ကန်မှုရှိနေဆဲဖြစ်ကာ သူ့ခင်ပွန်းကို တမင်တကာ နှိုးဆွလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် နည်းနည််း နေရခက်နေတယ်။”
“မကြာခင် သက်သာသွားမှာပါ။” သူက ခေါင်းငုံ့ကာ ရှန်းယုဟန််ကိုနမ်းလိုက်ပြီး နူးနူးညံ့ညံ့ ခေါ်လိုက်သည်။ “ရှန်းယုဟန်?”
ရှန်းယုဟန်က သူ့လည်ပင်းကို ရေနွေးငွေ့နဲ့တူသော လက်များနှင့် ဖက်တွယ်ထားပြီး လှပသော သူ့မျက်လုံးများက ရှုပ်ထွေးမှုနှင့်ပြည့်နေသည်။ “အွန်း?”
ရှန်ချီဟွမ်းက လေးနက်စွာပြုံးလိုက်သည်။ သူက ဘယ်လိုလုပ် အဲ့လောက် ဖြူစင်ရတာလဲ။
ရှန်းယုဟန်က မောဟိုက်နေသလို ကုတင်ပေါ်မှာ လဲလျောင်းလိုက်ပြီး သူက တစ်နာရီကြာအောင် ရေနှစ်ခါချိုးခဲ့သည်။
သူက ဒီနေ့ကြုံတွေ့ခဲ့ရသောအရာကို မတွေးရဲပဲ ဖြစ်စဥ်တစ်ခုလုံးမှာ သူ့ခြေထောက်များနှင့် လက်များက သူ့အပိုင်မဟုတ်မှန်းသိခဲ့ပြီး ဘယ်မှာထားရမလဲမသိခဲ့ပေ။ သူ့ခင်ပွန်းက ပြောတဲ့အတိုင်းလုပ်ခဲ့ပြီး ခံစားချက်အသစ်တစ်မျိုး ခံစားခွင့်ပေးခဲ့သည်။
အရင်ကအနမ်းတွေက အချစ်ရေးလုံးဝမဟုတ်ပေမယ့် ဒါကိုတော့ သတ်မှတ်လို့ရမလား?
သို့သော် သူ့ခင်ပွန်းက သူသာဒီနေ့ လက်ဒဏ်ရာမရခဲ့ရင် လွှတ်ပေးမှာမဟုတ်ဘူးလို့ပြောခဲ့သည်။ ရှန်းယုဟန်က သူ့ကိုနှစ်ကြိမ်ပွတ်သပ်ခဲ့သည့် သူ့ခင်ပွန်း၏တပည့်လေးအကြောင်း ခဏလောက်စဥ်းစားလိုက်ပြီး သူက နည်းနည်းကြောက်ပေမယ့် စောင့်လည်းစောင့်မျှော်နေသည်။ သူက ရိုးရှင်းသော ဝိရောဓိဖြစ်သည်။
ရေချိုးခန်းထဲက ရေကျသံက ရုတ်တရက်ရပ်သွားပြီး ရှန်းယုဟန်က ခေါင်းစခြေဆုံး ကိုယ်လုံးတီးဖြစ်နေသည်။ သူ့ခင်ပွန်းက သူ့ကိုရေခြောက်အောင် သုတ်ပေးပြီးနောက် အဝတ်အစားမဝတ်ပေးပဲ ကုတင်ပေါ်တင်ထားသည်။ ဤသည်မှာ သူ့အရေပြားက ပထဆုံးအကြိမ် စောင်နဲ့ထိတွေ့ဖူးတာဖြစ်ပြီး ထူးဆန်းတယ်လို့ ခံစားရသည်။
သူ့ခန္ဓာကိုယ်ကိုလှည့်ပတ်ကြည့်ရင်း သူက သူ့ခင်ပွန်း အဝတ်အစားမဝတ်ပဲ ထွက်လာတာကိုတွေ့လိုက်ရသည်။ သူက ဝတ်ဖို့အတွက် အတွင်းခံနှင့် ညအိပ်ဝတ်တစ်စုံကိုတွေ့သွားပြီး ရှန်းယုဟန်အတွက်လည်း ယူလာပေးကာ စကားတစ်ခွန်းမှမပြောပဲ ကူဝတ်ပေးလိုက်သည်။ သူက အရုပ်ကိုဝတ်ပေးနေတာလို့ သူကိုယ်သူပြောဖို့ကြိုးစားခဲ့သည်။
ရှန်းယုဟန်က သက်တောင့်သက်သာရှိသော ညအိပ်ဝတ်ကို ဝတ်ဆင်လိုက်ပြီး သူ့အရှက်က အနည်းငယ်လျော့ပါးသွားခဲ့သည်။
ဒီနေ့မှာ အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့ပြီး သူ့ခင်ပွန်းက ကုတင်ပေါ်တက်ကာ သူ့ကိုဖက်ထားစဥ် ရှန်းယုဟန်က အေးအေးလူလူ လဲလျောင်းလိုက်ပြီး ရှန်ချီဟွမ်း၏ရင်ဘတ်ပေါ်မှာမှီထားသည်။ သူက သူ့ခင်ပွန်း၏ခန္ဓာကိုယ်ပေါ်က အပူချိန်နှင့် ရင်ခုန်သံကို ခံစားမိသည်။
ရှန်းယုဟန်က သူ့ကို ညင်ညင်သာသာ ခေါ်လိုက်သည်။ “ယောကျာ်း”
“အင်း?” ရှန်ချီဟွမ်းက သူ့ခေါင်းအနောက်ကိုနမ်းလိုက်ပြီး သူဒီနေ့ အဆုံးထိမသွားခဲ့ရင်တောင် ဒီနေ့မှာ သက်တောင့်သက်သာခံစားခဲ့ရသည်။
“ခင်ဗျားချစ်ရတဲ့ ကိုယ်လုပ်တော်ဟန်ဟန်ကလည်း ခင်ဗျားကိုအရမ်းကြိုက်တယ်။” ရှန်းယုဟန်ကလည်း ရှန်ချီဟွမ်းနှင့်ပတ်သတ်သော အတွေးကိုဖွင့်ဟခဲ့ပြီး သူက ချီတိုင်းပြည်က ဝိညာဥ်တစ်ခုဖြစ်တာကို တိုက်ရိုက်ဖွင့်မပြောနိုင်သော်လည်း သူ့ခင်ပွန်းကို တခြားအရာအားလုံးပြောပြနိုင်သည်။
“မင်းမအိပ်သေးဘူးလား? မင်းက ပရော်ပရည်လုပ်တတ်တဲ့ မြေခွေးလေးလိုပဲ၊ ငါ့ကိုတစ်ဆုံးမြှူစွယ်နေတာ။” ရှန်ချီဟွမ်းက သူ့လက်ကိုအောက်ရွှေ့လိုက်ပြီး ရှန်းယုဟန်၏ဗိုက်ပေါ်မှာ တင်ကာ မွှေးကြိုင်နေသော သူ့လညပင်းအနောက်ကိုတောင် ကိုက်လိုက်သေးသည်။
“ယောကျာ်း၊ မကိုက်ပါနဲ့။” ရှန်းယုဟန်က သူ့ဒီလိုအကိုက်ခံရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲနားလည်သည်။ သူက သူ့မျက်နှာကို ရှန်ချီဟွမ်း၏လက်မောင်းနှင့် ပွတ်သပ်လိုက်သည်။ “ကျွန်တော်အိပ်တော့မယ်။”
ရှန်ချီဟွမ်းက သူ့အသက်ရှူသံ တဖြည်းဖြည်း ငြိမ်သက်သွားတာကိုနားထောင်နေပြီး သက်ပြင်းချလိုက်သည်။ သူဒီလိုဆက်လုပ်နေရင် ဒီလိုမဆုတ်မနစ်ကြိုးပမ်းနေသော ဇနီးလေး၏ ညှို့ဓာတ်ကြောင့် အနှေးနဲ့အမြန်သေလိမ့်မည်။ အရင်ဘဝက ရှန်းယုဟန်က ဆွဲဆောင်မှုအတတ်ပညာများစွာရှိသည့် မိန်းမလှလေးဖြစ်နိုင်လောက်သည်။
–
ရှန်းယုဟန်က လက်ပြန်ကောင်းဖို့ အချိန်တစ်ပတ်ယူခဲ့ရပေမယ့် တတိယမြောက်နေ့မှာ ကိုယ့်ဘာကိုယ်ရေချိုးနိုင်ခဲ့သည်။ သူ့ခင်ပွန်းရေချိုးပေးတာကိုသာ ထပ်ခံရရင် ကျောက်ကပ်ချို့တဲ့သည်အထိ ဆေးကြောပေးခံရမှာဖြစ်သည်။
ဒီရက်တွေမှာ သူက ဘယ်မှာမသွားခဲ့ပေ။
သူ့အတွက် ယခုချိန်မှာ အရေးကြီးဆုံးက သူ့နားက ခေတ်သစ်ဗဟုသုတမျိုးစုံကို နားလည်ဖို့ဖြစ်ပြီး ထိုသည်မှာ ဘတ်စ်ကားစီးနည်း…စသဖြင့်ဖြစ်ပေသည်။ ဘတ်စ်ကားနဲ့ မြေအောက်ရထားက ဘာလဲဆိုတာတောင် သူမသိရင် အရမ်းနောက်ကျသွားပေမည်။ အနာဂတ်မှာအပြင်ထွက်သောအခါ သူ့မှာအချိန်ရှိရင် ထိုအရာများကို သုံးဖို့ကြိုးစားရမည်။
သူက ကွန်ပျူတာလည်းလိုအပ်နေသည်။ အချိန်ကောင်းရောက်ရင် သူ့ခင်ပွန်းကို ဝယ်ပေးခိုင်းမည်။
ရှန်းယုဟန်က ဗဟုသုတအသစ်များကို စုပ်ယူရင်း အလုပ်ရှုပ်နေစဥ် ရှန်ချီဟွမ်းက သူ့ကိုယ်စား လက်ရေးလှဝါသနာရှင်တစ်ဦးဆီက ဖိတ်ခေါ်မှုတစ်ခုကိုရရှိခဲ့သည်။ ဖိတ်ခေါ်သူမှာ လျှိုထန်၏ဖခင်ဖြစ်သည်။
လျှိုထန်က နောက်ဆုံးအကြိမ် ရှန်းယုဟန် သူ့ကိုပေးခဲ့သည့် လက်ရေးလှပန်းချီကို အိမ်ယူလာစဥ် သူ့အဖေက အမှတ်မထင်မြင်သွားပြီး သူ့ပန်းချီက မဆိုးကြောင်း လျှိုထန်ဆီမှကြားရသောအခါ သူက အလွန်စိတ်ဝင်စားသွားခဲ့သည်။ သူ့အဖေက ကျန်းချန်လက်ရေးလှနှင့် ပန်းချီအသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဒီတစ်ကြိမ်မှာ အသင်းက လှုပ်ရှားမှုတစ်ခုကို စီစဥ်ထားသည်။ ထိုသည်မှာ နာမည်ကြီး လက်ရေးလှနှင့် ပန်းချီဆရာများ၏ တွေ့ဆုံပွဲဖြစ်ပြီး စိတ်ကူးတစ်ခုစဥ်းစားကာ လက်ရေးလှ၊ပန်းချီ စသည်တို့ကို ရေးဆွဲကြမှာဖြစ်သည်။
ဤပွဲအတွက် အသင်းဝင်များအားလုံးကို သေချာအသိပေးခဲ့ပြီး တတ်ကျွမ်းသော ဆရာကြီးများလည်း လာကြမှာဖြစ်သည်။ ဒီတစ်ကြိမ်မှာ လူငယ်မျိုးဆက်သစ်များကို ခေါ်လာဖို့ လူတိုင်းက သဘောတူခဲ့ကြပေမယ့် သူ့ဖခင်၏မျက်လုံးထဲမှာ လျှိုထန်က စာပေနှင့်အနုပညာဗီဇမရှိပဲ သာမန်သာဖြစ်တာကြောင့် ရှန်းယုဟန်၏ လက်ရေးလှနှင့်ပန်းချီက သူ့အကြိုက်ဆိုတာ သိသွားပြီးနောက် သူက ရှန်းယုဟန်ကို သူနဲ့အတူခေါ်လာပေးဖို့ တိုက်တွန်းခဲ့သည်။
လျှိုထန်က ရှန်ချီဟွမ်းကို ဒီကိစ္စပြောပြခဲ့ပြီး ရှန်ချီဟွမ်းက ရှန်းယုဟန်၏အမြင်ကို အရင်မေးကာ ရှန်းယုဟန်က လက်ခံပေမယ့် ယင်းမှာ ရှန်ချီဟွမ်းကို စိတ်မသက်မသာဖြစ်စေသည်။ ရှန်းယုဟန်၏လက်က ပြန်ကောင်းလာစဖြစ်ပြီး သူက ထပ်ပြီးတော့ ထွက်ပြေးဦးမည်။ သို့သော် သူက ရှန်းယုဟန် သူငယ်ချင်းဖွဲ့ဖို့ အပြင်ထွက်တာကို မတားဆီးနိုင်ပေ။ သူဖွဲ့ခဲ့သော သူငယ်ချင်းများက အဘိုးကြီးတွေဆိုပေမယ့်လည်းလေ……
ထားလိုက်ပါတော့၊ သွားခွင့်ပေးလိုက်မယ်..
သူအပြင်သွားသည့်နေ့မှာ ရှန်းယုဟန်က ခေါင်းစခြေဆုံး သိမ်သိမ်မွေ့မွေ့ ဝတ်ဆင်ထားပြီး သူ့ဆံပင်က အနည်းငယ်ရှည်နေသည်။
ရှန်ချီဟွမ်းက သူ နားကပ်နှင့် လက်ကောက်ကြိုးကိုတပ်ပြီး ဆံပင်ကို သပ်နေတာကို ကြည့်နေသည်။ “မင်းဆံပင်က နှစ်ရက်အတွင်း ညှိဖို့လိုတယ်။”
“အိုခေ၊ ယောကျာ်းက ဆံပင်ညှပ်ဖို့ခေါ်သွားပေးပါ။” ရှန်းယုဟန်က သူ့ခါးကို လက်မောင်းနဲ့ဖက်လိုက်သည်။
“မင်းဘာလုပ်နေတာလဲ?” ရှန်ချီဟွမ်းက သူ့ကိုမေးလာသည်။
ရှန်းယုဟန်က ခေါင်းမော့ကာ သူ့ကိုကြည့်လိုက်သည်။ “ကျွန်တော်ခင်ဗျားကို တစ်နေ့လုံးတွေ့ရမှာမဟုတ်ဘူး။ ဒါကြောင့်ဖက်ထားချင်လို့။”
ရှန်ချီဟွမ်းက သူ့ခါးနားမှာ လက်တင်လိုက်ပြီး သူ့ကိုအပေါ်ဆွဲထူလိုက်သည်။ သူတို့နှစ်ယောက်က နီးကပ်နေပြီး သူက ခေါင်းငုံ့ကာ ရှန်းယုဟန်၏ အဖြူအနက်မျက်လုံးများကို နမ်းလိုက်သည်။ ထို့နောက် နှာခေါင်းထိပ်ကိုနမ်းကာ နှုတ်ခမ်းကိုကိုက်လိုက်သည်။ နမ်းပြီးတော့ သူက ရှန်းယုဟန်ကိုမေးလိုက်သည်။ “မင်းအပြင်သွားဦးမှာလား?”
အသက်ရှူမဝအောင် အနမ်းခံလိုက်ရသော ရှန်းယုဟန်က သူ့မျက်လုံးထဲမှာ တောက်ပသော အလင်းရောင်တစ်ခုထွက်ပေါ်လာပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။ “သွားမယ်”
ရှန်ချီဟွမ်းက ရှန်းယုဟန်ကို လက်ရေးလှနှင့် ပန်းချီအသင်း၏ ဖလှယ်ရေးပွဲသို့ အရင်ပို့ပေးခဲ့ပြီး ရှန်းယုဟန်ကို သူ့အဖေနှင့် မိတ်ဆက်ပေးခဲ့သော လျှိုထန်ကို အပ်လိုက်သည်။ လျှိုထန်ရှိနေတော့ သူက စိတ်သက်သာရာရသွားပေမယ့် သူက ရှန်းယုဟန်ကို ငါးမိနစ်ကြာအောင် သတိပေးနေဆဲဖြစ်သည်။
သူတို့ခန်းမထဲဝင်သွားတာကိုကြည့်ပြီး ရှန်ချီဟွမ်းက ဒရိုက်ဘာကို ကားမောင်းခိုင်းကာ ဖုန်းတစ်ကောလ်ခေါ်လိုက်သည်။
ရှန်ချီဟွမ်းက ထိုင်ခုံမှာမှီကာ မေးလိုက်သည်။ “ငါမင်းကို စုံစမ်းခိုင်းခဲ့တဲ့ ကိစ္စကဘယ်လိုလဲ?”
တစ်ဖက်လူကပြောလာသည်။ “ဥက္ကဋ္ဌရှန်၊ ခင်ဗျားစုံစမ်းခိုင်းခဲ့တဲ့ အသေးစိတ်အချက်အလက်ကို မေးလ်ထဲပို့ထားပါတယ်။ မစ္စတာရှန်းရောင်းခဲ့တဲ့ အိမ်နှစ်လုံးကို ခင်ဗျားရဲ့ညွှန်ကြားချက်အတိုင်း ယူလာပြီး မစ္စတာရှန်းအိမ်က ပရိဘောဂတွေက အကောင်းပကတိရှိနေပါတယ်။”
“ကောင်းပြီ၊ ငါလာခဲ့မယ်။”