Chapter 48.1
Viewers 978

Chapter 48.1


“ကျက်သရေမရှိဘူး”


ရှန်းမိသားစု၏ အိမ်နှစ်လုံးက ချမ်းသာသောဒေသမှာတည်ရှိပြီး အကြွေးဆပ်ဖို့အတွက် ရှန်းယုဟန်က ပေါက်စျေးထက် ယွမ်တစ်သန်းလျှော့ကာ ရောင်းချခဲ့ပြီး တစ်လုံးက ကျောင်းခရိုင်အတွင်းမှာဖြစ်ပြီး တစ်လုံးကတိုက်ခန်းဖြစ်သည်။ အိမ်ဟောင်းက ပထဝီဝင်မြေပြင်ပိုကောင်းမွန်သော တည်နေရာနှင့် ကျောင်းခရိုင်အတွင်းမှာ တည်ရှိသည်။ ပတ်ဝန်းကျင်ဧရိယာမှာ ကျန်းချန်ရှိ ပြည်နယ်ကျောင်းများရှိပြီး ရှန်းမိသားစု၏ အိမ်ရောင်းဖို့ဆုံးဖြတ်ချက်က ရှန်းယုဟန်၏ ပညာရေးအတွက် မျှော်လင့်ချက်ကြီးမားခဲ့လို့ဖြစ်သည်။ 



ရှန်ချီဟွမ်းက လျှိုထူကို အိမ်နှစ်လုံးဝယ်ဖို့ ပို့ခဲ့ပြီး လျှိုထူက သူ့အတွက် လျှို့ဝှက်ကိစ္စများကို အထူးလုပ်ပေးသည့် လူတစ်ယောက်ဖြစ်သည်။ သူ့အတွက် ကိစ္စများကိုလုပ်ပေးရာမှာ အဆင်ပြေသောသူများကို စုံစမ်းရင်း ဒီလူက ဖြောင့်မတ်ပြီး ရိုးသားပုံရကာ အသက်သုံးဆယ့်ငါးအရွယ်ဖြစ်ပြီး သာမန်ရုပ်ရည်ရှိကာ သူလမ်းပေါ်ဖြတ်လျှောက်လျှင် ဘယ်သူမှသူ့ကို သတိထားမိမှာမဟုတ်ပေ။ 


လျှိုထူက အနက်ရောင်လက်ဆွဲအိတ်အထူကိုကိုင်ကာ နယ်မြေတစ်ခု၏ဝင်ပေါက်မှာ ရှန်ချီဟွမ်းကိုစောင့်နေသည်။


“ဥက္ကဋ္ဌရှန်၊ နယ်မြေထဲကိုသာမောင်းလိုက်ပါ။ မစ္စတာရှန်း၏အိမ်က ပါကင်ထိုးလို့ရပြီး ကျွန်တော်ခင်ဗျားအတွက် ဝယ်ပေးထားတာပါ။ ကျွန်တော် အထဲခေါ်သွားပေးပါမယ်။”


လျှိုထူ၏ညွှန်ကြားချက်ဖြင့် ရှန်ချီဟွမ်း၏ဒရိုက်ဘာက အဆင်ပြေသောကားပါကင်တစ်ခုကို အမြန်ရှာတွေ့ခဲ့ပြီး ယင်းက အောက်ထပ်မှာ ရှိနေသည်။


ထို့နောက် သူက လျှိုထူဆီက အိမ်သော့ကိုရခဲ့ပြီး အပေါ်တက်သွားခဲ့သည်။


အိမ်၏ စျေးနှုန်းက အကြောင်းမရှိပဲ မြင့်နေတာမဟုတ်ပေ။ ဤနေရာမှာ ရှားပါးဓာတ်လှေကားအခန်းလည်းရှိသည်။


လျှိုထူက လမ်းလျှောက်ရင်း အိမ်၏လက်ရှိအခြေအနေအကြောင်းကို ပြောပြခဲ့သည်။


“ဥက္ကဋ္ဌရှန်၊ ဒီအိမ်က ရောင်းပြီးတည်းက ပိုင်ရှင်က ဘာမှမလုပ်ပဲထားခဲ့တာ။ အတွင်းကပရိဘောဂတွေကို မထိရသေးဘူး။ ဒါပေမယ့် တန်ဖိုးကြီးပစ္စည်းကို ဖယ်ထားခဲ့လားတော့ ကျွန်တော်မသိဘူး။ အရင်က အိမ်ရဲ့ဓာတ်ပုံလည်းမရှိတော့ စာချုပ်မှာ လက်မှတ်ထိုးထားပေမယ့် ပရိဘောဂအကြောင်း အသေးစိတ်မပါဘူး။”


ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ကိစ္စမရှိဘူး။ ငါက အိမ်ရဲ့မူလအပြင်အဆင်ကို ကြည့်ချင်ရုံပဲ။”


လျှိုထူ: “ကောင်းပါပြီ၊ ကျွန်တော်အပြင်ကစောင့်နေပါမယ်။”


ရှန်ချီဟွမ်းက ခေါင်းညိတ်လိုက်သည်။ “အင်း”




သူက ရှေးဆန်သည့် သံတံခါးကိုဖွင့်ကာ အိမ်ထဲမဝင်မီ ဒုတိယသံတံခါးကိုဖွင့်လိုက်သည်။


ရှန်းယုဟန်က အိမ်ကိုရောင်းဖို့ အလျင်လိုနေခဲ့ပြီး အရေးကြီး စာရွက်စာတမ်းကလွဲရင် အိမ်ထဲက ပရိဘောဂအားလုံးကို ထားခဲ့တာဖြစ်ပြီး နောက်ပိုင်းပိုင်ရှင်က ပရိဘောဂများကို ဖုန်မပေအောင် ပိတ်စနဲ့အုပ်ထားပြီး ပရိဘောဂ၏အရည်အသွေးက မဆိုးဘူးလို့ ခန့်မှန်းလို့ရသည်။


ရှန်ချီဟွမ်းဝင်လာပြီး အိမ်ကို တရုတ်စတိုင်နှင့် ပြင်ဆင်ထားတာကို တွေ့လိုက်ရသည်။ အရောင်က နက်မှောင်တောက်ပနေပေမယ့် အိမ်ကို ကောင်းကောင်းထိန်းသိမ်းခဲ့တာကို မြင်နိုင်သည်။ 



သူက ဖုန်မှုန့်များကို မတိုက်မိစေရန် ပရိဘောဂကိုအုပ်ထားသော ပိတ်စကို ဖြည်းဖြည်းချင်းမလိုက်သည်။


ဆိုဖာ​ပေါ်က ဖုန်ကာပိတ်စက အလိုအလျောက် ချော်ထွက်သွားပြီး နောက်ဆုံးမှာ ပရိဘောဂ၏ စစ်မှန်သောအသွင်အပြင်ကို တွေ့လိုက်ရပြီး ထိုသည်မှာ မြင့်မြတ်သောမင်းသမီးပုံစံဖြင့် ထွင်းထားသော တရုတ်ပရိဘောဂအစုံဖြစ်သည်။ သူ့နောက်ကနံရံမှာ မှင်ပန်းချီနောက်ခံဖြင့် ကာထားပြီး ထမင်းစားခန်းက စားပွဲနှင့်ကုလားထိုင်က သစ်သားဖြစ်ပြီး ဘေးခုံများမှာလည်း တစ်ထပ်တည်းတူသည်။



ရှန်းယုဟန်၏ ရှေးဆန်သောအလှဆင်မှုက သူတို့အိမ်၏ မူလအပြင်အဆင်နဲ့ အမှန်တကယ် သက်ဆိုင်နေလားဆိုတာကို သိဖို့မခက်ခဲပေ။


ရှန်ချီဟွမ်းက အိမ်ကိုပတ်ကြည့်လိုက်ပြီး တစ်အိမ်လုံး၏ အပြင်အဆင်မှာ တူညီပြီး ကုတင်ကိုတောင် သစ်သားဖြင့် ပြုလုပ်ထားတာကို တွေ့ခဲ့ရသည်။



အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းနှစ်ခန်းပါရှိပြီး ဧရိယာစတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်းတာကို သူဖြတ်လျှောက်သွားတာနဲ့ တွေ့ခဲ့ရသည်။

အခန်းထဲက ပိုင်ဆိုင်မှုများမှာ ရှင်းလင်းထားတာကြောင့် ဘယ်အခန်းက ရှန်းယုဟန်ပိုင်ပြီး ဘယ်အခန်းက အဘိုးရှန်းပိုင်တယ်ဆိုတာကိုပြောဖို့ခက်သည်။ ရှန်ချီဟွမ်းက ချင်စားပွဲကိုလည်း မတွေ့ခဲ့ရပေ။ အိမ်ကိုဝယ်ခဲ့သူက ဖယ်ရှားပစ်ခဲ့တာလည်း ဖြစ်နိုင်သည်။ အကြောင်းမှာ လမ်းတစ်လျှောက်မှာ ကုတင်၊ အသုံးအဆောင်များနှင့် ပရိဘောဂသာ ချန်ထားလို့ဖြစ်သည်။


ရှန်ချီဟွမ်းက ရှန်းယုဟန်ကိုပိုသိနိုင်ဖို့ သူနေခဲ့သည့် အိမ်နှစ်လုံးကိုဝယ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုက ​အေးစက်လွန်းပုံရပြီး သူက သူ့အတိတ်ကို ကိုယ်တွေ့မခံစားနိုင်ပေ။ ရှန်းယုဟန် အရင်အ​ခြေအနေ ပြန်ရောက်သွားမှာကို သူအနည်းငယ်စိတ်ပူနေပြီး သူ၏ကြီးပြင်းမှုပတ်ဝန်းကျင်ကို နက်နဲစွာ နားလည်သဘောပေါက်ဖို့က သူထိန်းချုပ်လို့ရသည့်အရာမဟုတ်ပေ။ သူခန့်မှန်းတာမှန်သည်။ ရှန်းယုဟန်၏ အကျင့်စရိုက်က  မိသားစုဝင်လျော့နည်းမှုကြောင့် နောက်ပိုင်းမှာ လွန်ကဲစွာပြောင်းလဲသွားခဲ့ပြီး ဤအိမ်၏အပြင်အဆင်ကိုကြည့်ပြီးနောက် ရှန်းယုဟန်က ယခုချိန်မှာ မူလစိတ်အနေအထားကို ပြန်ရောက်လာခဲ့ကြောင်း သူနားလည်လိုက်သည်။


အိမ်ထဲမှာ ရှန်းမိသားစုနှင့်ပတ်သတ်သော အမှတ်တရပစ္စည်းများ မကျန်တော့တာကြောင့် ရှန်ချီဟွမ်းက ဆက်မကြည့်တော့ပေ။ သူကြည့်ပြီးရင်တောင် ရှန်းယုဟန်၏အရှေ့မှာ ဘာမှပြောနိုင်မှာမဟုတ်။ အတိတ်မှာ အမှတ်တရကောင်းများ မရှိတာကြောင့် သူ၏ဝမ်းနည်းစရာ အမှတ်တရများကို နှိုးဆွဖို့မလိုအပ်ပေ၊ ယခုဆိုရင် သူက ရှန်းယုဟန် နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် ပြုံးနေတာကိုသာမြင်ချင်သည်။


သူ့စိတ်ထဲရှိ ထူးဆန်းသောအတွေးများကတော့ အားလုံးက ရှန်းယုဟန်ကို မယုံကြည်မှု​ကြောင့် ဖြစ်လာတာဖြစ်ပြီး သူက အနာဂတ်မှာ ပိုယုံ​ကြည်ပေးရမည်။


ရှန်ချီဟွမ်း အိမ်ကထွက်ခွာသွားသည်။

.


လျှိုထူက တံခါးအပြင်မှာစောင့်ကာ သူ့ကိုမေးလိုက်သည်။ “ဥက္ကဋ္ဌရှန်၊ နောက်အိမ်တစ်လုံးကို ကြည့်ချင်သေးလား?”

ရှန်ချီဟွမ်းက ပြောလိုက်သည်။ “ငါ့မှာ လုပ်စရာရှိသေးလို့ မကြည့်တော့ဘူး။ သော့ပဲပေးလိုက်တော့။”


လျှိုထူက သူဘာကြောင့် အိမ်နှစ်လုံးဝယ်ခဲ့လဲမမေးပဲ သော့ပေးပြီးနောက် သူတို့နှစ်ယောက်က အောက်ထပ်ဆင်းကာ လမ်းခွဲလိုက်ကြသည်။


ကားပေါ်ပြန်ရောက်လာသော ရှန်ချီဟွမ်းက မနက်က ရှန်းယုဟန် သူနဲ့အပြင်ထွက်တော့ သူ့ကို ခပ်ချွဲချွဲပြုမူခဲ့တာကို တွေးမိသွားပြီး သူ့ပါးစပ်ထောင့်က အနည်းငယ်ကြွတက်လာသည်။


အိမ်နှစ်လုံး၏သော့ကိုပေးဖို့ အချိန်ကောင်းကို သူရှာမည်။ သူအိမ်ကို အမှတ်တရအ​နေနဲ့ သိမ်းထားချင်ရင် သိမ်းထားလို့ရသည်။ မလိုအပ်ဘူးဆိုရင်တော့ ဖယ်ရှားပစ်လိုက်မည်။ ယင်းကအခက်အခဲမဖြစ်စေပေ။


သူက ရှန်းယုဟန်ကို မက်ဆေ့တစ်စောင် ပို့ချင်ပေမယ့် သူပန်းချီဆွဲနေစဥ်မှာ ဘယ်လောက််အာရုံစိုက်တတ်လဲဆိုတာ တွေးမိသွား၍ ရှန်ချီဟွမ်းက ဖုန်းကိုချကာ သူ့ကိုလောလောဆယ်လွှတ်ပေးထားတာ ပိုကောင်းမည်။


ရှန်းယုဟန်က ရှန်ချီဟွမ်းနှင့် လမ်းခွဲပြီးနောက် သူက သခင်ကြီးလျှိုကိုတွေ့ဖို့ လျှိုထန်နဲ့အတူ လိုက်လာသည်။

သခင်ကြီးလျှိုက ကြီးမားသောအ​ပြောင်းအလဲတစ်ခုကို တစ်ခါမှမကြုံဖူးပဲ သူတွေ့ဖူးသော လူများက မြစ်ကိုကျော်ဖြတ်နေသော ငါးကြင်း*နှင့်တူပြီး ရှန်းယုဟန်နှင့် စကားပြောပြီးသောအခါ ဤကလေးက စကားပြောကောင်းပြီး မွေးရကျိုးမနပ်သော သူ့သားလျှိုထန်ထက် သက်တောင့်သက်သာပိုရှိတာကို တွေ့လိုက်ရသည်။ 

(***နာမည်ကြီတဲ့လူတွေကိုပြောတာပါ။)


“ရှောင်ရှန်း၊ ဒီကောင် လျှိုထန်က ဒီနေ့ပွဲနဲ့ပတ်သတ်ပြီး မင်းကိုသေချာမပြောပြထားဘူးထင်တယ်။ ငါတို့အဘိုးကြီးတွေက ဆုတစ်ချို့ကိုပေးပြီး မင်းတို့ လူငယ်တွေက အချိန်တစ်ခုအတွင်းမှာ ရေးဆွဲရမှာ၊ ပန်းချီ theme ကတော့ ငါတို့အားလုံး အစည်းအဝေးမှာ ဆုံးဖြတ်ပြီးပြီ။ မင်းတို့ကို ပန်းချီနယ်ပယ်က ဆရာတွေက အဆင့်သတ်မှတ်ပေးမှာ။ မင်းစိတ်မရှိဖို့မျှော်လင့်တယ်။ အိမ်ဆောက်ဂိမ်းတစ်ခုကို ကစားနေသလိုသာ သဘောထားလိုက်။”

လျှိုထန်က ထပ်နားမထောင်နိုင်တော့ပဲ မကျေမနပ်ပြောလိုက်သည်။ “အဲ့ဒါက အိမ်ဆောက်ဂိမ်းဆိုတာ ခင်ဗျားလည်းသိပါတယ်။ စကားတစ်ခွန်းနှစ်ခွန်းလောက်နဲ့ လှုံ့ဆော်ခံလိုက်ရလို့ မိသားစုရဲ့ ဘဏ္ဍာကိုတောင် ပေးပစ်ခဲ့တာလေ။”

“မင်းကဘာသိလို့လဲ?” သခင်ကြီးလျှိုက သူ့ကိုအကြည့်တစ်ချက်ပေးလိုက်သည်။ “မင်းမှာ ငါမျက်နှာရအောင် လုပ်ပေးနိုင်တဲ့ အဆင့်ရှိရင် ငါဒီလို လှုံ့ဆော်ခံရပါ့မလား?”


သူ့ဖခင်က သူစက်ဆုပ်မုန်းတီးသော စကားကိုပြောဖို့ ပြင်နေတာကို တွေ့လိုက်ရသော လျှိုထန်က ချက်ချင်းတားလိုက်သည်။ “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ကျွန်တော်က ခင်ဗျားမျှော်လင့်ထားသလို ဖြစ်မလာပါဘူး။ ဒါပေမယ့် ရှန်းယုဟန်က ရှန်ချီဟွမ်းရဲ့ ရတနာလေးနော်။ အဖေ သူ့ကိုဂရုစိုက်ရမယ်။ မဟုတ်ရင် နောက်တစ်ခါ သူက သူ့လူကို ငှားတော့မှာမဟုတ်ဘူး။”

သခင်ကြီးလျှိုက ပြောလိုက်သည်။ “သူမငှားရင် ငါက ရှောင်ရှန်းဆီ တိုက်ရိုက်သွားမှာပေါ့၊ ရှောင်ရှန်းက ရွေးချယ်ခွင့်မရှိလို့လား? ဟုတ််တယ်မလား ရှောင်ရှန်း။”


ရှန်းယုဟန်က ပြုံးကာ သူ့ကိုအရွှန်းဖောက်လိုက်သည်။ “အန်ကယ်လျှိုရဲ့ ရတနာတွေကို ပြန်ရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါမယ်။ 


“ဟားဟားဟား… မင်းဘာကြိုက်လဲ အန်ကယ်လျှိုကိုပြောလိုက်၊ ဒါပေမယ့် အခုတော့ မင်းရဲ့အန်ကယ်လျှိုကို သူ့နေရာသူပြန်ရအောင် ကူညီပါ။” သူက စာအုပ်စင်အ​နောက် ညာဘက်ထောင့်က ထန်ရိုးရာဝတ်စုံဝတ်ထားသော အဘိုးကြီးကို လက်ညိုးထိုးပြသည်။ “သူက ငါ့ရဲ့မဟာရန်သူပဲ။ ငါက သူ့လောက်မတော်ဘူးတို့ ငါ့ပန်းချီက သူ့လောက်မကောင်းဘူးတို့….သူက အဲ့လိုအမြဲပြော​နေတာ။ သူက ငါ့ကိုမြင်တိုင်း ကဲ့ရဲ့တယ်၊ ဒီနေ့လည်း သူနဲ့အတူ အရမ်းတော်တဲ့လူငယ်လေးတစ်ယောက်ကို ခေါ်လာတယ်။ သူက လျှိုထန်ကိုလည်း ညံ့ဖျင်းတယ်လို့လှောင်ဖူးတယ်။ မင်းက သူခေါ်လာတဲ့ လူငယ်နဲ့ ပြိုင်ရမယ်နော်”


ရှန်းယုဟန်က အာမမခံရဲပေ။ ဤသည်မှာ လူအိုကြီးများကြားမှ မထိခိုက်စေသော အငြင်းပွားမှုသာဖြစ်ပြီး လက်ရေးလှနဲ့ ပန်းချီကလည်း အမြင်ကွဲပြားမှုရှိတာကြောင့် သူက သိပ်မပြောရဲပေ။


“ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်။ ကျွန်တော်ဒီနေ့ လက်ရေးလှမလေ့ကျင့်ခဲ့ရလို့ အရင်ဆုံး ခဏလောက် လေ့ကျင့်လိုက်ရမလား?”


သခင်ကြီးလျှိုက ပြောလိုက်သည်။ “ကောင်းပြီ၊ လူတွေလည်းမရောက်သေးတော့ မင်းစိတ်ခံစားချက်အရင်ရှာသင့်တယ်။”


ဒီလိုသေးငယ်သော ပြည်တွင်းပြိုင်ပွဲက ကိုယ်ပိုင်လုပ်ငန်းစဥ်များရှိသည််။ ဆုတွေအားလုံးကို ဤအကြံဉာဏ်ကိုပေးခဲ့သော အဖွဲ့ဝင်များက ထောက်ပံ့ထားတာဖြစ်ပြီး ငွေသားနဲ့ ရှေးဟောင်းပစ္စည်းများပါဝင်သလို အကဲအဖြတ်အဖွဲ့ကလည်း အဆင့်မြင့်လူတန်းစားနဲ့ ဖွဲ့စည်းထားတာဖြစ်သည်။


ရှန်းယုဟန်က သူ့နေရာမှာ မတ်တပ်ရပ်ကာ ပန်းချီနှင့် လက်ရေးလှမြင်ကွင်းအစုံကို စတင်ကြည့်ရှုလိုက်သည်။


သူတို့က စုစုပေါင်းစားပွဲသုံးတန်းနှင့် စားပွဲရှည် နှစ်ဆယ်သုံးဆယ်ကျော်ရှိသော ဟိုတယ်အစည်းအဝေးခန်းကို အသုံးပြုခဲ့ကြသော်လည်း လူအများကြီးမလာတာဖြစ်နိုင်သည်။ ရှေ့တန်းမှာ နာမည်မရေးထားပဲ နောက်တန်းက ထိုင်ခုံတစ်ခုစီမှာ တူညီသောနာမည်များကို ရေးထားကာ အကဲဖြတ်ဒိုင်များနှင့် သခင်ကြီးလျှိုနှင့် တခြားသူများအတွက်လို့ ယူဆလို့ရသည်။

ရှန်းယုဟန်က နေရာတစ်ခုကို ကျပန်းရွေးချယ်ကာ လက်ရေးလှစကျင့်နေသည်။


သူက အိမ်ကမှင်ချောင်းကိုအသုံးပြုပြီး ရေးနေစဥ် မှင်ဖြည့်ဖို့လိုသည်။ ဤသည်မှာ အရှိန်အဟုန်မြင့်သော ပြိုင်ပွဲတစ်ခုဖြစ်ပုံရပြီး ခေတ်မီသောမှင်ကိုအသုံးပြုကာ ရှန်းယုဟန်က ဤမှင်အမျိုးအစားကို သိပ်မကြိုက်ပေ။ သုံး​နေစဥ် ဘာမှမခံစားရပဲ ပန်းချီ၏ မျက်နှာပြင်က အရမ်းမကောင်းပေ။


ထိုအချိန်မှာ သူယူလာသော အိတ်ကိုဖွင့်ပြီး ဘောပင်၊ မှင်နှင့် စာရွက်များကို သူ့အကျင့်အတိုင်း စားပွဲပေါ်တင်လိုက်သည်။

သူက လျှိုထန်ကို လက်ယမ်းပြတော့ လျှိုထန်ကရောက်လာခဲ့သည်။

ရှန်းယုဟန်က သူ့ကိုမေးလိုက်သည်။ “ခင်ဗျားမှင်ကြိတ်နည်းသိလား? ခဏလောက် ကျွန်တော့်ရဲ့ စာအုပ်ကောင်လေး*** လုပ်ပေးပါ။”

(*** အရင်ခေတ်က ကျောင်းသားတွေအတွက်သီးသန့် လက်တိုလက်တောင်း အမှုထမ်းရတဲ့ အစေခံ)


“စာအုပ်ကောင်လေး?” လျှိုထန်က သူ့အဖေကို ခဏအဖော်ပြုပေးနေပေမယ့် ဒီမှာ အလုပ်လုပ်ဖို့ ဆွဲခေါ်ခံရမယ်လို့ မထင်ထားပေ။ “ကောင်းပြီ၊ ငါငယ်ငယ်တုန်းက အဖေ့ကို မှင်ကြိတ်ပေးလေ့ရှိတယ်။ ဒါကြောင့် ရင်းနှီးနေတာ၊ မှင်ကြိတ်တာက အဖေနဲ့ထိုင်ပြီး သူတို့ပြိုင်နေတာကို နားထောင်ရတာထက် ပိုကောင်းတယ်။”


ရှန်းယုဟန်က ပြုံးပြီး နားထောင်နေသည့် ပရိသတ်တစ်ယောက်သာလုပ်နေပြီး ဘာမှမပြော​ခဲ့ပေ။ သူက အပြင်မှာ သူ့အပြောအဆိုနဲ့အမူအရာကို အမြဲသတိထားပြီး ယင်းမှာ သူ့မိသားစု ဒုက္ခမရောက်စေဖို့ဖြစ်ခဲ့သည်။ ဤနေရာမှာလည်း တူတူပဲဖြစ်သည်။ အမှားသေးသေးလေးလုပ်မိရင် သူ့ခင်ပွန်းကို ဒုက္ခပေးမိမှာစိုးသည်။ 


သူက သူသဘောကျသော ဘောပင်ကိုရွေးကာ ခံစားချက်ရှာဖွေဖို့ စတင်လိုက်သည်။