Chapter 55.2
“အဖိုးတန်ဇနီးလေး”
ရှန်ချီရှင်းက သူ့တတိယအစ်ကို မဆင်မခြင်လုပ်နေမယ်လို့ ဘယ်လိုသိခဲ့မှာလဲ၊ ဒဏ်ရာရထားတာတောင် သူ့မရီးကို ဖိထားနိုင်သေးတယ်!
ရှန်ချီဟွမ်းက သူ့ကိုလျစ်လျူရှုကာ သူ့နောက်မှာ ရပ်နေသော ရှန်ချီယွမ်နှင့် ရှန်ချီပင်းကိုမေးလိုက်သည်။ “အစ်ကိုကြီး၊ အစ်မလတ်၊ ဘာလို့ အပင်ပန်းခံပြီး လာခဲ့တာလဲ၊ ကျွန်တော့်ဒဏ်ရာက အသေးအမွှားလေးပါ။”
ရှန်းယုဟန်က သူ့စိတ်ခံစားချက်ကို စုစည်းလိုက်ပြီး ပါးကိုပုတ်ကာ နောက်လှည့်ပြီး ခေါ်လိုက်သည်။ “အစ်ကိုကြီး၊အစ်မလတ်..”
အစ်ကိုကြီးနှင့် အစ်မလတ်က ရှန်းယုဟန်၏ ရှက်သွေးဖြာနေသောမျက်နှာကိုတွေ့သွားပြီး ရှန်ချီဟွမ်း၏ဒဏ်ရာက အပြင်ကသတင်းလို မပြင်းထန်ပဲ အသေးအမွှားဆိုတာကို နှစ်ယောက်လုံးက သိသွားခဲ့သည်။
ရှန်ချီရှင်းက ရှန်ချီဟွမ်းအတွက် ဆန်ပြုတ်ကိုယူလာပေးပြီး ရှန်းယုဟန်က သူ့ကိုခွံ့ကျွေးကာ သူတို့သုံးယောက်က ဘေးမှာစကားပြောနေကြသည်။
အစ်ကိုကြီးနှင့် အစ်မလတ်တို့က ဒီကိုလာဖို့မလွယ်ခဲ့ပေ။ သူတို့က ပုံမှန်ဆိုရင် အလုပ်ရှုပ်နေကြပြီး မောင်နှမလေးယောက်က အတူရှိပြီး မကြာခဏဆုံနိုင်ဖို့က ရှားပေမယ့် သူတို့က နောက်ဆုံးမှာ အတူရှိနေပြီဖြစ်၍ စကားစမြည်ပြောဖို့ တုံ့ဆိုင်းမနေကြပေ။
သူတို့က ရှန်ချီဟွမ်း၏ ဒဏ်ရာအကြောင်းမပြောခဲ့ပေ။ ထိုသည်မှာ အသေးအမွှားကိစ္စသာဖြစ်၏။
ရှန်းယုဟန်၏အရှက်ရမှုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး သူက အစ်ကိုကြီးမှာ သားနှစ်ယောက်ရှိပြီး တစ်ယောက်က ကျောင်းတက်နေကာ နောက်တစ်ယောက်က မူကြိုပဲရှိသေးပြီး အစ်မလတ်၏မိသားစုမှာ ချစ်စရာကောင်းသော အမြွှာမိန်းကလေးနှစ်ယောက်ရှိကြောင်း သိခဲ့ရသည်။
သူတို့ကလေးများအကြောင်း စိတ်ဝင်စားစရာဇာတ်လမ်းများကို နားထောင်ကာ သူက ဒီလိုမိသားစုဘဝကို မတောင့်တပဲမနေနိုင်ပေ။
အစ်မလတ်က ရှန်းယုဟန်ကို ရုတ်တရက်မေးလိုက်သည်။ “ယုဟန်၊ မင်းကလေးချစ်လား?”
ရှန်းယုဟန်က ခေါင်းညိတ်ပြသည်။ “ချစ်ပါတယ်။” သူက ယခုချိန်မှာ တစ်ရာရာခိုင်နှုန်း အမျိုးသားဖြစ်ပြီး ကလေးမမွေးနိုင်တာကိုတွေးမိတော့ သူ့နှလုံးသားက ချဥ်စူးကာ အလွန်ပူဆွေးနေသည်။
အစ်မလတ်က ပြုံးလိုက်သည်။ “မင်းတို့နှစ်ယောက်က လက်ထပ်ထားတာ လအနည်းငယ်ကြာပြီ။ ဒီအရူးလေးရှန်ချီဟွမ်းက ငါ့အိမ်မှာ ညစာစားဖို့တောင် မင်းကိုခေါ်မလာဘူး”
ရှန်ချီဟွမ်းက သူတို့ဆက်ဆံရေး အရင်က မတည်ငြိမ်ကြောင်း မပြောရဲပေမယ့် အခုတော့ ပိုကောင်းလာပြီဖြစ်သည်။ “ဘာများလဲလို့၊ ကျွန်တော်တို့အိမ်ပြန်ရောက်ရင် ရှောင်ဟန်ကို အစ်မလတ်ရဲ့အိမ်မှာ နေ့တိုင်းထမင်းစားဖို့ ခေါ်လာပါ့မယ်။ ပြီးတော့ ကုန်းနဲ့ပင်လယ်က ထူးခြားဆန်းပြားတဲ့အရသာတွေကို မြည်းဦးမှာ။” သူက ရှန်းယုဟန်ကို တိုးတိုးလေးရှင်းပြလိုက်သည်။ “ငါ့ယောက်ဖက အစားအသောက်ကုမ္ပဏီတစ်ခုထောင်ထားပြီး ပင်လယ်စာတွေကို လေကြောင်းနဲ့သယ်တာလေ။”
“မိုက်လိုက်တာ။” ရှန်းယုဟန်က ပြောရင်း ဗိုက်ဆာတယ်လို့ ခံစားလိုက်ရသည်။
ရှန်းယုဟန်က ဒီည သူ့ကိုစောင့်ရှောက်ဖို့ လူနာဆောင်မှာမနေရင် ညနေ၈နာရီမတိုင်ခင်ထွက်ခွာရမည်။ ဒါက လူနာမိသားစု အလည်လာဖို့ ဆေးရုံ၏စည်းမျဥ်းဖြစ်သည်။
ရှန်ချီဟွမ်းက တကယ်တော့ သူ့ဇနီးကိုဖက်အိပ်ချင်ပေမယ့် ရှန်းယုဟန် အရမ်းပင်ပန်းနေတာကိုသိသည်။ သူက ဆေးသောက်ဖို့ကူညီရသည်၊ ရေချိုးဖို့ကူညီရသည်၊ သန့်စင်ခန်းသွားဖို့ကူညီရသည်၊ ဒီလိုနဲ့ သူအရမ်းပင်ပန်းနေပြီး အနားယူဖို့လိုအပ်သည်။
ရှန်းယုဟန်က ပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော် ဟိုတယ်အရင်ပြန်ပြီး မနက်ပြန်လာခဲ့မယ်။”
“အင်း၊ မင်းကိုယ်မင်းဂရုစိုက်ပါ။”
–
အချိန်ကျပြီဖြစ်၍ အစ်ကိုကြီးနဲ့အစ်မလတ်က အရင်ထွက်သွားပြီး သူတို့က လူကြီးတစ်ယောက်ဆီ သွားလည်ဖို့ရှိသေးသဖြင့် ရှန်းယုဟန်နှင့် ဝင်ပေါက်မှာလမ်းခွဲလိုက်ကြသည်။
ရှန်ချီယွမ်နှင့် ရှန်ချီပင်းက ကားပေါ်ရောက်တော့ စကားခဏပြောခဲ့ကြသည်။
ရှန်ချီယွမ်က ပြောလိုက်သည်။ “ချီဟွမ်းနှင့် ယုဟန်က တော်တော်အဆင်ပြေကြပုံပဲ။”
ရှန်ချီပင်းက သက်ပြင်းချလိုက်သည်။ “အမှန်ပဲ။ သူ့မျက်လုံးထဲက စိုးရိမ်တဲ့အကြည့်ကို တွေ့လိုက်လား။ သူ တခြားတစ်ယောက်ကို အဲ့လောက်ဂရုစိုက်တာ တစ်ခါမှမမြင်ဖူးဘူး။”
ရှန်ချီယွမ်: “အဘိုးကြီးက ကောင်းတာတစ်ခုတော့လုပ်ခဲ့သားပဲ၊ သူတို့နှစ်ယောက်ကို ပေးစားခဲ့တာလေ။”
ရှန်ချီပင်း: “အဘိုးကြီးရဲ့ရောဂါကို အတည်ပြုပြီးပြီလား?”
ရှန်ချီဟွမ်း “အတည်ပြုပြီးပြီ၊ အလယ်အလတ်အဆင့်ပဲ။”
–
ရှန်းယုဟန် ဟိုတယ်ကိုရောက်တာနဲ့ ရှန်ချီဟွမ်းက ခေါ်လိုက်သည်။
ရှန်ချီဟွမ်း: “မင်းဟိုတယ်ကိုရောက်ပြီလား?”
ရှန်းယုဟန်: “ယောကျာ်း၊ ကျွန်တော်ရောက်ပြီ၊ ကျွန်တော်ကအခုကောင်တာမှာ အခန်းထဲရောက်ရင်ခေါ်လိုက်မယ်။”
ရှန်ချီဟွမ်း: “အင်း”
ရှန်ချီဟွမ်းက နေ့တိုင်း သူ့ဇနီး သူ့ကိုဂရုစိုက်ပေးတာကို ခံချင်ပေမယ့် သူ့ဇနီးမှာက နှလုံးသားအပြည့်ရှိပြီး အားသိပ်မရှိတာကြောင့် သူက တစ်ခုပြီးတစ်ခုရေးချကာ သူပြန်ကောင်းတာနဲ့ ရှန်းယုဟန်မြည်းစမ်းကြည့်နိုင်ဖို့ စောင့်ဆိုင်းရမည်။
အသားစစားခါစအမျိုးသားတစ်ယောက်အတွက် မြင်သာမြင်ပြီး မစားရတာ ရက်စက်သောနှိပ်စက်နည်း တစ်မျိုးပင်။
ရှန်းယုဟန်ထွက်သွားတော့ ရှန်ချီဟွမ်းက လူနာဆောင်တံခါးကိုသာကြည့်နေပြီး သူ့ဇနီးကိုထွက်မသွားစေချင်ပေ။
သူအပြင်သွားတိုင်း ရှန်းယုဟန် ဘာလို့ဝမ်းနည်းတာလဲဆိုတာ သူအခုနားလည်လာခဲ့သည်။ သူက လက်ရှိမှာ ထိုအတိုင်းတွေးနေခဲ့ပြီး ရှန်းယုဟန်နဲ့ လုံးဝမခွဲချင်ပေ။
ရှန်ချီရှင်းကတော့ ဒီတစ်ကြိမ်မှာ သူ့အစ်ကိုဖော်ပြနေသော ခံစားချက်ကို တကယ်နားလည်နိုင်သည်။ “တတိယအစ်ကို၊ မနက်ဖြန် မရီးကိုတွေ့ရမှာပါ။ ခင်ဗျားကြည့်ရတာ အထီးကျန်ပြီး နာကျည်းနေတဲ့ အဆောင်ကအမျိုးသမီးတစ်ယောက်နဲ့တူတယ်။”
ရှန်ချီဟွမ်းက ရှန်ချီရှင်းကို စိုက်ကြည့်သည်။ “မင်းစကားဘယ်လိုပြောရမလဲမသိရင် မပြောနဲ့။”
ဘော်ဒီဂတ်က ရှန်းယုဟန်ကို ဟိုတယ်ပို့ပေးပြီး ထွက်သွားခဲ့သည်။ သူက ကောင်တာကို အိုင်ဒီကတ်ပေးပြီး check in ဝင်လိုက်သည်။
Check In လုပ်နေတုန်းမှာ သူက ကောင်တာကိုမေးလိုက်သည်။
“ကျွန်တော် ချက်ပြုတ်လို့ရတဲ့ အခန်းပေးလို့ရမလား?”
“ကျွန်မတို့ဟိုတယ်မှာ ချက်ပြုတ်လို့ရတဲ့ အခန်းတစ်ခန်းရှိပါတယ်။ အဆင့်မြှင့်ချင်ရင်တော့ လက်ရှိမှာတစ်ခန်းရှိပါမယ်။”
“ဒါဆို အခန်းပုံစံအဆင့်မြှင့်ဖို့ ကူညီပေးပါ။”
သူက စျေးနှုန်းကော်လံရှိ ကိန်းဂဏန်းများက အရမ်းမကြီးဘူးလို့ တွေးမိခဲ့ပြီး ဝီချက်နှင့် Alipay ရှိ သူ့မုန့်ဖိုးက ထိုပမာဏကိုပေးနိုင်လောက်သည်။
အသီးအရွက် ဒါမှမဟုတ် တစ်ခုခုလိုအပ်လို့ ဝန်ဆောင်မှုစင်တာကို ဖုန်းခေါ်ရင် သူတို့လာပို့ပေးပါမယ်လို့ ကောင်တာကပြောခဲ့သည်။
ရှန်းယုဟန်က ခေါင်းညိတ်လိုက်သည်။ သူက သူ၏ရုတ်တရက်ပေါ်လာသော အတွေးက တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားပဲ သူ့ခင်ပွန်းက မနက်ဖြန် အပြင်စာစားစရာမလိုတော့ပေ။ သူက အသားဆန်ပြုတ်ချက်ပြီး ယူသွားပေးလို့ရသည်။ အပြင်က ဆန်ပြုတ်က နည်းလွန်းပြီး သူ့ခင်ပွန်းစားလို့မလောက်နိုင်ပေ။
အခုသိပ်မနောက်သေးတာကြောင့် ရှန်းယုဟန်က အခန်းထဲရောက်တာနဲ့ သူ့ခင်ပွန်းသင်ပေးသည့်အတိုင်း ဟိုတယ်ကနေ အစားအစာအချို့ကို မှာစားလိုက်ပြီး သူရေချိုးပြီးနောက် သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဂွတ်နိုက်အသံမက်ဆေ့ပို့ကာ အနားယူလိုက်ကြသည်။
ရှန်းယုဟန်က ကုတင်ပေါ်မှာလှဲနေပြီး ဖုန်းဖွင့်ကာ မနက်ဖြန်အတွက် ဘယ်လိုဆန်ပြုတ်ပြုတ်ရင်ကောင်းမလဲ လေ့လာလိုက်ပြီး သူကကြည့်ရင်းနဲ့ ပင်ပန်းလာကာ အိပ်ပျော်လုနီးပါးပင်။
သူက ဒီခေတ်သစ်ကမ္ဘာကို ရောက်လာတာကြာပြီဖြစ်ပေမယ့် တစ်ရက်တည်းနဲ့ ဒီလောက်မပင်ပန်းဖူးပေ။
တစ်ရက်တည်းမှာ သူက စိုးရိမ်ပူပန်မှု၊ ထိတ်လန့်မှုနှင့် အံ့အားသင့်မှုစသဖြင့် ခံစားချက်အတက်အကျများကို ကြုံတွေ့ခဲ့ရသည်။
ဒါပေါ့ ယင်းက အလွန်ပြည့်စုံသောနေ့လည်းဖြစ်၏။
ရှန်းယုဟန်က တကယ်အိပ်ချင်နေတာကြောင့် သူကဖုန်းကိုချကာ သူ့ခင်ပွန်းသင်ပေးသည့်အတိုင်း ဟိုတယ်အခန်းတံခါးကို ပက်စဝေါ့နှင့် လော့ချလိုက်ပြီး စောင်ကိုဖက်ကာ အိပ်ပျော်သွားသည်။ ဤသည်မှာ ဟိုတယ်တွင်ပထမဆုံးနေဖူးတာဖြစ်ပြီး အံ့သြဖို့ကောင်းတာကတော့ သူကလုံးဝကြောက်မနေပဲ ယင်းမှာ သူ့ခင်ပွန်း၏ထိခိုက်ဒဏ်ရာကို တွေးမိလို့ဖြစ်မည်။
နောက်နေ့မနက်တွင် ရှန်ချီဟွမ်းက ရှန်းယုဟန် ဟိုတယ်မှာချက်ပေးခဲ့သော ဆန်ပြုတ်ကို သောက်ခဲ့ရသည်။ ၎င်းမှာ မွှေးကြိုင်ကာ အရသာရှိသလို အိမ်အရသာနှင့်တူ၏။
သူ့အူနှင့်အစာအိမ်ကို ထိန်းညှိပေးကာ သူက ရှန်းယုဟန် ညနေပိုင်းမှာ လှီးပေးသည့် အသီးများကိုစားလိုက်သည်။
ရှန်ချီရှင်းက ရက်အနည်းငယ်အနားယူပြီး အခုတော့ သူက အဖွဲ့ထဲကို ပြန်ပြေးရမှာကြောင့် ဆေးရုံမှာ ရှန်ချီဟွမ်းကိုစောင့်ရှောက်ဖို့ ရှန်းယုဟန်နဲ့သာ လွှတ်ထားလိုက်သည်။
မွန်းလွဲပိုင်းမှာ ရှန်ချီယွမ်နှင့် ရှန်ချီပင်းက ထပ်လာခဲ့ပြီး သူတို့က သူတို့လူကြီးများဆီကိုလည်း လည်ပတ်ပြီး ကျန်းချန်ကိုပြန်သွားရမည်။
သူတို့ကိုပြန်ပို့ပြီးနောက် ရှန်းယုဟန်က သူတို့လာတာ သူ့ဒဏ်ရာကြောင့်လားလို့ ရှန်ချီဟွမ်းကိုမေးခဲ့သည်။
ရှန်ချီဟွမ်းက သူ့ကိုဖုံးကွယ်ထားဖို့ မရည်ရွယ်ထားပေ။ “ဟုတ်တယ်၊ ဒီမှာတစ်ခုခုပြောပေးနိုင်တဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဒီကိစ္စကို အသေးစိတ်စစ်ဆေးနိုင်ဖို့ မျှော်လင့်တယ်။ ဒါကိုဒီတိုင်းလွှတ်မပေးနိုင်ဘူး။ ငါ့ကိုတစ်ယောက်ယောက်က တိုက်ခဲ့တာသေချာပေမယ့် နောက်ကွယ်မှာဘယ်သူရှိမှန်း မသိသေးဘူး။”
ရှန်းယုဟန်က ရှန်ချီဟွမ်းထက် ပိုပြီးစိုးရိမ်နေတယ်။ “ရလဒ်ဘယ်တော့ထွက်မှာလဲ?”
ရှန်ချီဟွမ်း: “မကြာခင်ပေါ့၊ ပြစ်မှုကျူးလွန်သူရဲ့ ငွေလွှဲမှတ်တမ်းနဲ့ မိသားစုကို စစ်ဆေးထားတယ်။ ရုတ်တရက် ငွေအများကြီး လက်ခံထားတဲ့သူက ပေါ်လာမှာပဲ။ ကြိုးကိုထပ်ဆွဲလိုက်ရင် ငွေပေးတဲ့သူကို ရှာလို့ရပြီ။”
ရှန်းယုဟန်က ရေရှည်ပြဿနာများကို အမြဲတွေးသည်။ “ဒါဆို တစ်ဖက်လူက သူတို့မလုပ်ဘူးလို့ ငြင်းရင် ဘယ်လိုလုပ်မလဲ?”
ရှန်ချီဟွမ်းက တည်ငြိမ်နေသည်။ “တခြားနည်းလမ်းတွေ ရှိတယ်။” သူ့ဇနီး သူ့အတွက် စိတ်ပူနေတာကိုတွေ့တော့ သူ့နှလုံးသားက နွေးထွေးသွားသည်။
တကယ်တော့ နောက်တစ်ခုရှိသေးသည်။ ရှန်ချီဟွမ်းက ဤမတော်တဆမှုကို သူ့အစ်ကိုအစားခံခဲ့ရတယ်ဆိုတာ ရှန်းယုဟန်ကို မပြောပြခဲ့ပေ။ ဒါကြောင့် သူ့အစ်ကိုက ခရီးဝေးကနေ ဒီကိုရောက်လာခဲ့တာပင်။
ရှန်မိသားစုရှိ အငြင်းပွားမှုများက ပိုပြင်းထန်လာသည်။ ရှန်ချီယွမ်က တခြားအိမ်တော်သုံးအိမ်၏ အကျိုးစီးပွားကို ထိခိုက်စေမည့် ဌာနနှစ်ခုကိုဖြတ်တောက်ခဲ့တာကြောင့် ဘာမဆိုလုပ်နိုင်သော လူရမ်းကားများက သူတို့အာရုံကို ရှန်ချီဟွမ်းအပေါ် ပစ်မှတ်ထားခဲ့တာဖြစ်သည်။
ရှန်ဂရုရှိ ရှန်ချီယွမ်၏ရာထူးက အတော်လေးတည်မြဲပြီး ဤသည်မှာ ရှန်ချီဟွမ်းက နောက်ကွယ်က ထောက်ပံ့ပေးထားလို့ဖြစ်ကာ သူတို့က ရှန်ချီဟွမ်းကို အရင်ဖယ်ရှားချင်ပြီး ရှန်ဂရုရှိ ရှန်ချီယွမ်၏အာဏာကို ဖျက်စီးချင်နေသည်။ ယင်းမှာ မိုက်မဲသောမျှော်လင့်ချက်သာဖြစ်၏။
ထိုညမှာ ရှန်းယုဟန်က သူ့ကိုစောင့်ပေးဖို့ လူနာဆောင်မှာနေခဲ့၏။
အတွင်းလူနာဌာနရှိ အလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ရှန်ချီဟွမ်းက သူ့အိပ်ရာကို ပုတ်လိုက်သည်။ “ရှန်းယုဟန်၊ ဒီကိုလာ”
ရှန်းယုဟန်က သူ့ကိုကြည့်လိုက်သည်။ “ယောကျာ်း၊ ခင်ဗျားဒဏ်ရာရထားတယ်လေ၊ ကျွန်တော်ဒီမှာပဲအိပ်ပါ့မယ်။” သူက ရှန်ချီဟွမ်းဘေးရှိ ခေါက်ကုတင်ကို ညွှန်ပြလိုက်သည်။
ရှန်ချီဟွမ်းက သူ့ကို သွေးဆောင်ခဲ့သည်။ “ခေါက်ကုတင်က အိပ်ရတာ သက်တောင့်သက်သာမရှိဘူး။”
ရှန်းယုဟန်က ငြင်းလိုက်သည်။ “ကုတင်က လူနှစ်ယောက်အိပ်ဖို့ သေးလွန်းတယ်။”
ရှန်ချီဟွမ်းက သူ၏ကြီးမားသောလှုပ်ရှားမှုကို စွန့်လွှတ်ကာ အားနည်းချက်ကို တမင်တကာပြလိုက်သည်။ “ဒါပေမယ့် ကိုယ်မင်းကို ဖက်ထားချင်လို့”
ရှန်းယုဟန်က လူတိုင်းကို ခက်ထန်နိုင်ပေမယ့် သူက သူ့ခင်ပွန်းကိုတော့ ထိုသို့မလုပ်နိုင်ပေ။ “ဟုတ်ပါပြီ၊ ဒါဆို ခဏလောက် ဖက်ထားလို့ရပါတယ်။”
“အွန်း” ရှန်ချီဟွမ်းက ကတိပေးလိုက်သည်။
ရှန်းယုဟန်က ရှန်ချီဟွမ်း၏ဒဏ်ရာမရသော လက်မောင်းပေါ်မှာ သူ့ခေါင်းအုံးကို ဂရုတစိုက်ထားလိုက်ပြီး သူတို့နှစ်ယောက်က ဆေးရုံကုတင်လေးမှာ ပြွတ်သိပ်အိပ်နေသည်မှာ အနည်းငယ်ထူးဆန်းလှသည်။
“ယောကျာ်း၊ ခင်ဗျား…..” ရှန်းယုဟန်နှင့် သူ့ခင်ပွန်း၏ တင်းမာပြီးဖိခံထားရသည့် အစိတ်အပိုင်းက တောင့်တင်းပြီး ပူနွေးနေသည်။
“ကိုယ်မင်းကိုလွမ်းနေတာလို့ပြောသားပဲ” ရှန်ချီဟွမ်းက သူ့လည်ပင်းကို ရှူရှိုက်ကာ သူ့ကိုယ်က ပိုပြီးထကြွနေကာ သူက ရှန်းယုဟန်၏လည်ပင်းကို ကိုက်လိုက်သည်။
ရှန်းယုဟန်က သူ့ခင်ပွန်း၏အဝတ်အစားက သူ့ခြေထောက်ကိုဖိထားတာကို ခံစားမိပြီး သူ့မျက်နှာက ပူနွေးနေကာ သူက သူ့မော့မော့သင်ပေးခဲ့သောအရာကို သတိရသွားသည်။
သူက သူ့ခင်ပွန်း လွမ်းနေတယ်ဆိုတာ ဒီလိုတွေးနေမှန်း မမျှော်လင့်ထားသဖြင့် ရှက်သွားသည်။
ဘာပဲဖြစ်ဖြစ် မီးက ပိတ်ထားတာကြောင့် အဆင်ပြေလောက်သည်။
ရှန်းယုဟန်၏မျက်နှာက ပုဇွန်ပြုတ်အလားနီရဲနေပြီး သူက ရှန်ချီဟွမ်းကို မျက်နှာချင်းဆိုင်ရန် သတ္တိကိုစုဆောင်းလိုက်ပြီး သူ့လက်ကိုအောက်လျှောကာ ရှန်ချီဟွမ်း၏ခါးပတ်ကိုကိုင်လိုက်သည်။
ရှန်ချီဟွမ်းက အနည်းငယ်အံ့သြသွားပြီး သူ့ကို အသံနက်ကြီးဖြင့်မေးလိုက်၏။ “ရှန်းယုဟန်၊ ဘာလုပ်နေတာလဲ?”
ရှန်ယုဟန်၏မျက်နှာတစ်ဝက်က အရိပ်ထဲမှာ ဖုံးကွယ်နေတာကြောင့် သူက သေချာမမြင်ရပဲ ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။ “ယောကျာ်း၊ ကျွန်တော်…ကျွန်တော်လုပ်နိုင်ပါတယ်။”
ပထမဆုံးအကြိမ်အဖြစ် သူ့ခေါင်းကို မဆင်မခြင်အသုံးမပြုနိုင်သော ရှန်ချီဟွမ်းက ညစ်ညမ်းစကားများကို ဖွင့်ထုတ်လိုက်ချင်သည်။
သူတို့နှစ်ယောက်က အရင်းနှီးဆုံးအရာကို လုပ်နေတာ သိသာနေသည်။ ဒီတော့ ပရော်ပရည်လုပ်တတ်လွန်းတဲ့ မြေခွေးလေးက ဘာတွေဆက်လုပ်နိုင်သေးလဲ?
သူက သူ့ဇနီးလေး၏ ကြင်နာမှုမှာ နစ်မြှုပ်လုနီးပါးဖြစ်သွားခဲ့သည်!
အချိန်အတော်ကြာပြီးနောက် ရှန်ချီဟွမ်းက တိုးတိုးလေးခေါ်လိုက်သည်။ “ရှန်းယုဟန်” သူ့ရဲ့ အဖိုးတန်ဇနီးလေး….